Love is you | DOUBLE J
By SunMura_J
21.9K 2.1K 249
" မယုံကြည်ခဲ့မိလို့တောင်းပန်ပါတယ်" Jay More
~ 2 ~
~ 3 ~
~ 4 ~
~5~
~6~
~7~
~8~
~9~
~10~
~ 11 ~
~ 12 ~
~ 13 ~
~ 14 ~
~ 15 ~
~ 16 ~
~ 17 ~
~ 18 ~
~ 19 ~ [ Final ]
♡︎
Knock Knock
~ 1 ~
3.6K 215 11
By SunMura_J
အချစ်ဆိုတဲ့အရာက ဘာလဲ!?
ကိုယ့်အတွက်တော့ မင်းဟာ အချစ်ဘဲ
" ဂျယ်ယွန်း ရှီး  ဂျယ်ယွန်းမှတ်လား"
" အာ ဟုတ် ဟုတ်ပါတယ်"
ဘယ်သူမှန်းမသိတဲ့ ကောင်မလေး တစ်ယောက်က သူ့က်ု ချောကလတ်နဲ့ နှင်းဆီပန်းလေး တစ်ပွင့်လာပေးတော့ ကြောင်အမ်းအမ်းနဲ့
" ယူလိုက်ပါနော် ဒီနေ့က Valentine's Day လေ"
" အာ ဟုတ် ကျေးဇူးပါနော်"
ကောင်မလေးပေးတဲ့ နှင်းဆီပန်းတစ်ပွင့်နဲ့ ချောကလတ်လေးကို ယူလိုက်တော့ ချောကလတ် ဘူးရဲ့ အနောက်မှာ ကပ်ထားတဲ့ စာရွက်လေးကို တွေ့သွားသည်။
စာရွက်ထဲမှာ ရေးထားတာက Love is You ဆိုတဲ့ စကားလုံး သုံးလုံး။
နောက်တော့ အောက်နားလေးမှာ ဖုန်းနံပါတ်လေး လည်းပါတော့ ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားတဲ့ သူ့ရဲ့ ဖုန်းကို ထုတ်ပြီး ဂဏန်းတစ်ခုချင်းဆီကို ရိုက်ပြီး ဖုန်းဆက်လိုက်သည်။
" ဟလို "
" စောင့်နေခဲ့တာ အခုတော့ ဆက်ပြီပေါ့ ယွန်းလေး "
ဖုန်းထဲက ထွက်ပေါ်လာတဲ့ အသံ စာရွက်မှာရေးထားတဲ့ ဖုန်းနံပါတ်ရဲ့ ပိုင်ရှင်က ခုနက ‌သူ့ကို ဒီပစ္စည်းတွေပေးသွားတဲ့ ကောင်မလေးရဲ့ အသံမဟုတ်ဘဲ ယောကျာ်းတစ်ယောက် အသံ
" ဟင် ဖုန်းမှားသွားပြီ ထင်တယ် ခုနက ကောင်မလေး ဖုန်းမဟုတ်ဘူးလား"
" ဟားဟား မဟုတ်ဘူး ဖုန်းမှားနေတာလည်းမဟူတ်ဘူး ဒါကိုယ့်ဖုန်း ညနေကျရင် ကျောင်းအရှေ့မှာ စောင့်နေမှာမို့ မင်းငါ့ကို တွေ့မယ်လို့ ထင်တယ် ဒါပဲနော် ယွန်းလေး "
ပြောပြောဆိုဆိုနဲ့ သူ့စကားသူပြောပြီ ဖုန်းချသွားတာ ထိုသူပြောလိုက်တဲ့ စကားတွေကို ဂျယ်ယွန်းတစ်ယောက် နားမလည်ဖြစ်နေသည်။ သူ့ကိုလည်း ယွန်းလေးလို့ ခေါ်သည်။
အနက်‌‌ေရာင်ဆံနွယ်လေးတွေကို အသာဖွရင်း အော်လိုက်မိသည်။
" အားးးးးးး ဘာတွေလဲ"
~~~~~~~~~~
ညနေရောက်တော့ ကျောင်းဂိတ်အရှေ့မှာ ကားအနက်ရောင်ကို မှီပြီးစောင့်နေတဲ့ PJ Group က သားဖြစ်သူ ပတ်ဂျေး တစ်နည်းအားဖြင့်ပြောရရင် အမွေဆက်ဆံသူပေါ့
ကျောင်းထဲက ထွက်သွားတဲ့ ကျောင်းသူတွေအားလုံးကလည်း ဖုန်းတွေထုတ်ပြီး ဓာတ်ပုံတွေ ရိုက်ကြ
ပတ်ဂျေး ဆိုတဲ့ လူကို ကိုရီးယား တစ်နိုင်ငံလုံး မသိတဲ့သူမရှိဘူး‌ေလထိပ်တန်း သူငှေးသားတွေထဲ ပါဝင်တဲ့ သူတစ်ယောက် မိန်းကလေးတိုင်း လိုချင်ကြတဲ့ ယောကျာ်းကောင်းတစ်ယောက် ဆိုရင်လည်း မမှားဘူးပေါ့။
ပတ်ဂျေး ဆိုတဲ့ သူကတော့ သူ့ကို ဓာတ်ပုံရိုက်နေတဲ့သူတွေကိုလည်း ဂရုမစိုက် စိတ်မဝင်စား သူစိတ်ဝင်စားတာ ကျောင်းဝန်း ထဲက ‌ထွက်လာတဲ့ ကောင်လေး တစ်ယောက်ကိုဘဲ
အတွေးတွေ များစွာနဲ့ တစ်လှမ်းချင်း လျှောက်လာလိုက်တာ ကျောင်းဂိတ်ဝကိုတောင် ရောက်နေပြီ။ ဒီနေ့ က ခါတိုင်းလို့ အိမ်က ကားလာမက်ြုတော့ တစ်ယောက်ထဲ အိမ်ကို လမ်းလျှောက် ပြန်ရမှာ ဖြစ်သည်။
တစ်ယောက်ထဲ ဖြစ်တာကြောင့် လွယ်အိတ်ထဲ ထည့်ထားတဲ့ ဖုန်းကို ုတ် နားကြပ် တပ်ပြီး သီချင်းနားထောင် ပြန်မယ် စဉ်းစားလိုက်သည်။
ခေါင်းကို အောက်စိုက်ပြီး ဖုန်းထဲက သီချင်းကို ရွေးနေရင်း
" အ!!"
တစ်စုံတစ်ယောက်ရဲ့ ရင်ဘတ်နဲ့ သူ့ရဲ့ခေါင်း တိုက်မိသွားသည်။
" ကျွန် တော် တောင်းပန်ပါတယ်နော် မမြင်မိလို့ပါ"
" ဒီလိုတောင်းပန်လို့ ဘယ်ဖြစ်မလဲ မင်းကိုယ့်ကို နာအောင်လုပ်လိုက်တာလေ"
" အဲ့တာဆို ကျွန်တော် ဘာလုပ်ပေးရမလဲဟင်"
" ကိုယ်နဲ့ လိုက်ခဲ့ပေး"
" ဟမ်!??"
" ကျွန်တေ........."
စကားတောင်ပြီး‌အောင် မပြောလိုက်ရခင် ဂျယ်ယွန်းရဲ့ သေးသွယ်တဲ့ ခါးလေးတွေဆီ ရောက်လာတဲ့ လက်တစ်စုံ
တစ်ချက်ဆွဲခံလိုက်ရပြီး ဂျေးရဲ့ရင်ခွင်ထဲမြှုပ်သွားတဲ့ ရှင်းဂျယ်ယွန်းဆိုတဲ့ ကောင်လေး
ဘေးနားက ဖြတ်သွားတဲ့ သူတွေကလာ်း တီးတိုးတီးတိုးပြောတဲ့သူကပြောတာ ဓာတ်ပုံရိုက်တဲ့သူက ရိုက်နဲ့ စုံနေရောဘဲ
" လွတ်ပါ"
" လိုက်မှာလား လိုက်မယ်ဆိုတာ လွတ်မယ်"
" လိုက် - လိုက် - လိုက်ခဲ့ပါ့မယ် လူတွေကြည့်နေပြီ လွတ်ပေးပါတော့"
ဂျေးလည်း သူလိုချင်တဲ့ အဖြေကိုရပြီ ဆိုတော့ ဖက်ထားတဲ့ လက်တစ်စုံကို ဖယ်ပေးလိုက်တော့ သူ့ရှေ့က ကောင်လေးပိစိလေးက ကားတံခါးဖွင့်ထားတာကို မြင်တယ် ထင်ပါရဲ့ ချက်ချင်းဘဲ ကားပေါ် တက်သွားတော့သည်။
" ဟ တော်တော် ချစ်ဖို့ကောင်းတာပဲ"
ဂျေးလည်း ကားပေါ်တက်ပြီး ဂျယ်ယွန်းရဲ့ အိမ်ကို မောင်းလာခဲ့သည်။
တစ်လမ်းလုံး ဘာစကားမှာ မပြောတဲ့ ကောင်လေးက သူ့အိမ်နား ရောက်ခါနည်းမှ စကားသံလေးထွက်လာသည်။
" ဟို ဘယ်လို လုပ် ကျွန်တော့ အိမ်ကို သိတာလဲ ပြီးတော့ ခင်ဗျားက ဘယ်သူလဲ ဘာကိစ္စကြောင့် ကျွန်တော့ကို အတင်းခေါ်လာရတာလဲ"
ပန်းနုရောင် နုတ်ခမ်းသားကနေ ထွက်လာလိုက်တဲ့ မေးခွန်းတွေဆိုတာ များရော်ဘဲ
" ဖြည်းဖြည်းမေးပါ ယွန်းလေးရယ် အများကြီးမေးတော့ ကိုယ်က ဘယ်လို ဖြေရမှာလဲ"
" ဟမ် ယွန်းလေး အဲ့တာဆို မနက်က ဖုန်းထဲက ခင်ဗျားလား"
အံ့ဩတကြီးနဲ့ ဂျေးရဲ့ ဘက်ကို လှည့်လာပြီး ပြောလာတဲ့ ဂျယ်ယွန်းက ဂျေးမျက်လူံးထဲမှာ တော်တော်ပင် ချစ်စရာကောင်းသည်။
ကျောင်းဝတ်စုံကို ကျကျနန ဝတ်ထားပြီး ဆံနွယ်လေးတွေက အုပ်အုပ်လေး ဖြစ်နေတာ တကယ် ချစ်စရာကောင်းလှသည်။
ဒါအပြင် မျက်လုံးပြူး မျက်စံပြူးပြီး လာမေးနေတော့ ဂျေးမှာ ဖက်မနမ်းရုံတစ်မယ် တော်တော်အသည်းယားနေသည်။
" အွန်း ဟုတ်တယ် အဲ့တာ က ကိုယ်ဘဲ ကျန်တာကတော့ နောက်ကျ သိရမှာပေါ့"
မျက်လူံး တစ်ဖက်မှိုတ်ပြီး ပြောလိုက်သည့် ဂျေး ဒီပုံရိပ်ကို ဂျယ်ယွန်းတစ်နေရာရာမှာ ရင်းရင်းနှီးနှီးကို မြင်ဖူးနေတာအမှန်
" အိမ်ရှေ့ရောက်ပြီလေ ဆင်းတော့"
ဘာမှလည်း ပြန်မပြောဘဲ မျက်စောင်းတစ်ချက် ပြစ်ကျွေးပြီး ကားပေါ်က ဆင်းလာခဲ့သည်။
အိမ်ထဲကို လှုပ်စိလှုပ်စိနဲ့ ဝင်သွားတဲ့ ဂျယ်ယွန်းကို ကြည့်ပြီး ကားထဲက ဂျေးကတော့ အတော်ပင် အသည်းယားနေတာအမှန်
ရုတ်တရက် အိမ်ထဲကို ဝင်ပြီး ပြန်ထွက်လာတဲ့ ဂျယ်ယွန်းက ကားမှန်ကို လာခေါက်သည်။
" ကျွန်တော် ခင်ဗျားအကြောင်း ရအောင် စုံစမ်းမှာ"
ဆိုပြီး နှုတ်ခမ်းလေး ဆူဆူနဲ့ ပြန်လာပြောပြီး အိမ်ထဲကို ပြန်ဝင်သွားတော့သည်။
" အော် ဒီကောင်လေး တော်တော် ခက်ပါလား မစုံစမ်ူလည်း အချိန်တန် သိ‌ရမှာကို ဟဟား"
~~~~~~~~~~~~~~~~~~~~~~~~~~~
ခဏလေးအတွင်းမှာဘဲ ဂျေးနဲ့ ဂျယ်ယွန်းရဲ့ ပုံတွေက လူမှုကွန်ရက်ပေါ်ကို ပြန့်သွားခဲ့သည်။
ဒီကိစ္စကို PJ Group က ဥက္ကဌ ကြီးဖြစ်သူ ဂျေးတဲ့ အဖေသည်လည်း သိသွားခဲ့သည်။
လူမှုကွန်ရက်ပေါ် တက်လာတဲ့ ပုံတွေ ကို မြင်တဲ့ ဥက္ကဌ ကြီးရဲ့ အတွင်းရေးမှူးသည်လည်း ထိပ်လှန့်တစ်ကြားနဲ့ အခန်းထဲ ပြေးဝင်လာပြီး
" ဥက္ကဌကြီး ဒီကိစ္စကို ဘယ်လို ဖြေရှင်းလိုက်ရမလဲ"
" ဘာလိုမှ မဖြေရှင်းနဲ့ ဒီတိုင်းထားလိုက်"
ပြုံးရွှင်စွာ ပြန်ပြောလာတဲ့ ဥက္ကဌကြီးကြောင့် အတွင်းရေးမှူးဖြစ်သူကလည်း နားမလည်နိုင်
" ဒီကောင် တော်တော်သွက်တဲ့ ကောင်ဘဲ ငါ့သားလို့မ‌ေပြာရဘူး ဟဟ"
|√|
အပ်ထားတဲ့ သူလေးရှိလို့ ရေးပေးတဲ့ Double J လေးပါ။
Feedback??
နှစ်ရက် တစ်ပိုင်း သူံးရက် တစ်ပိုင်းလောက်တော့ တင်ပေးပါ့မယ်နော်။ Love Himကိုလည်း ပြစ်မထားချင်လို့ပါ။
(Zawgyi)
အခ်စ္ဆိုတဲ့အရာက ဘာလဲ!?
" အာ ဟုတ် ဟုတ်ပါတယ်"
" အာ ဟုတ် ကျေးဇူးပါနော်"
" ဟလို "
အနက်‌‌ရောင်ဆံနွယ်လေးတွေကို အသာဖွရင်း အော်လိုက်မိသည်။
" အားးးးးးး ဘာတွေလဲ"
~~~~~~~~~~
ပတ်ဂျေး ဆိုတဲ့ လူကို ကိုရီးယား တစ်နိုင်ငံလုံး မသိတဲ့သူမရှိဘူး‌လေထိပ်တန်း သူငှေးသားတွေထဲ ပါဝင်တဲ့ သူတစ်ယောက် မိန်းကလေးတိုင်း လိုချင်ကြတဲ့ ယောကျာ်းကောင်းတစ်ယောက် ဆိုရင်လည်း မမှားဘူးပေါ့။
တစ်ယောက်ထဲ ဖြစ်တာကြောင့် လွယ်အိတ်ထဲ ထည့်ထားတဲ့ ဖုန်းကိုတ် နားကြပ် တပ်ပြီး သီချင်းနားထောင် ပြန်မယ် စဉ်းစားလိုက်သည်။
" အ!!"
" ကိုယ်နဲ့ လိုက်ခဲ့ပေး"
" ဟမ်!??"
" ကျွန်တေ........."
" လွတ်ပါ"
~~~~~~~~~~~~~~~~~~~~~~~~~~~
" ဒီကောင် တော်တော်သွက်တဲ့ ကောင်ဘဲ ငါ့သားလို့မ‌ပြောရဘူး ဟဟ"
|√|
Feedback??
Continue Reading
You'll Also Like
6.4K 593 7
EN-Fanfic Burmese Language For Donation
31.8K 3.3K 35
အချစ်ဆိုတာဘာနဲ့စလဲလာမေးရင်မင်းနဲ့စတယ်လို့ဖြေရမှာဘဲ Fourth #Gemini ငါမင်းကိုသိပ်ချစ်မိသွားတယ် ဒါပေမဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုထုတ်ပြောဖို့ငါသတ္တိမရ...
477 60 3
doyoungXyoshi stepbrother
1.1M 27.8K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...