အတိတ်မေ့နေသောကျောင်းလူဆိုးလေး...

By Cora0411

402K 38.9K 1.2K

This is just Translation. ✨All credits to original author and english translator. Start date-12.1.2021 End da... More

//Description//
//Chapter 1//
//Chapter 2//
//Chapter 3//
//Chapter 4//
//Chapter 5//
//Chapter 6//
//Chapter 8.1//
//Chapter 8.2//
//Chapter 9.1//
//Chapter 9.2//
//Chapter 10.1//
//Chapter 10.2//
//Chapter 11.1//
//Chapter 11.2//
//Chapter 12.1//
//Chapter 12.2//
//Chapter 13.1//
//Chapter 13.2//
//Chapter 14//
//Chapter 15//
//Chapter 16//
//Chapter 17//
//Chapter 18//
//Chapter 19//
//Chapter 20//
//Chapter 21.1//
//Chapter 21.2//
//Chapter 22//
//Chapter 23//
//Chapter 24//

//Chapter 7//

6.7K 1.3K 62
By Cora0411

Unicode

အတန်းပြီးသွားတဲ့အချိန် ဒီလိုသုံးသပ်စာရေးတာက ကျန်းယွမ်ပိုင်အတွက်တော့ ဤသည်ကပထမဆုံးအကြိမ်ပင်။

သူက ရှီပုဖန်နဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေတာပင်။ ရှီပုဖန်ကတော့ သည်းကြီးမည်းကြီးဖြင့် စတင်ရေးနေလေပြီ။ ကျန်းယွမ်ပိုင်က အခုချိန်ထိမလှုပ်ရသေးပေမဲ့ ရှီပုဖန်ကတော့ စာမျက်နှာတစ်ဝက်လောက်ရေးပြီးနေလေပြီ။

သူ ဒီအကြောင်းကိုပိုပြီးတွေးလေလေ သူရှီပုဖန်ကိုလိမ်နေတာက မတန်ဘူးလို့ ပိုတွေးမိလေလေပင်။

ရှီပုဖန်၏သူငယ်ချင်းကောင်းဆိုတာက သူနဲ့အတူတူ ရန်ပွဲတွေမှာပါဝင်ပြီး ခံဝန်သုံးသပ်ချက်တူတူရေးတာမျိုးဆိုတာကို အစောကတည်းကသိခဲ့ရင် သူရှီပုဖန်ကို လိမ်ခဲ့မှာမဟုတ်ဘူး။

ကျန်းယွမ်ပိုင် စိုက်ကြည့်နေတာကို ရှီပုဖန်သတိထားမိတော့ ခေါင်းမော့ကြည့်လာသည်။

“ မင်းရဲ့ရှီကောက အရမ်းခံ့ညားတာပဲလို့ တွေးနေတာလား? ”

သူ ဘာလို့ဒီလောက်တောင် အထင်ကြီးနေရတာလဲ?

ကျန်းယွမ်ပိုင် တစ်စက္ကန့်လောက်ရှုပ်ထွေးသွားပြီးနောက် စကားဆိုလိုက်၏
“ ဟုတ်တယ်... မင်းက အတော်လေးချောတယ် ”

ရှီပုဖန်သူ့မျက်လုံးကို မှေးလိုက်ပြီး
“ ငါ့ပုံစံကြောင့် ညို့ယူဖမ်းစားခံလိုက်ရတာလား? ဘာလို့ အခုထိတစ်လုံးမှ မရေးရသေးတာလဲ? ”

ကျန်းယွမ်ပိုင် ခေါင်းငုံ့ထားမြဲငုံ့ထားပေမဲ့ သူ့နှလုံးသားထဲမှာတော့ ထူးဆန်းသလို ခံစားလိုက်ရသည်။
ဘာလို့ ရှီပုဖန်က ဒီလိုအပေါစားပုံစံနဲ့ …စကားပြောနေရတာလဲ?

သူ့လက်ထဲမှာ ဘောပင်ကို ခဏကြာ ကိုင်ထားပေမဲ့ အဆုံးမှာတော့ “ ခံဝန်သုံးသပ်စာ” ဆိုတာကိုသာ ရေးနိုင်လေ၏။ ရှီပုဖန်က လျင်မြန်စွာပဲ စာမျက်နှာတစ်ခုလုံး အမြောက်အမြားရေးလို့ပြီးသွားတဲ့အခါမှာ ကျန်းယွမ်ပိုင်ကို ပျင်းရိပျင်းတွဲစိုက်ကြည့်လိုက်၍ ပြောလာသည်
“ ဘာလဲ? ဘယ်လိုရေးရမယ်မှန်း မင်းမသိဘူးလား? ”

“အမ်း...” ကျန်းယွမ်ပိုင်စိတ်ပျက်အားလျော့စွာပြောလိုက်သည်။
“ ငါဘာအမှားလုပ်ခဲ့မှန်း ငါမသိဘူး ”

သူဘာအမှားလုပ်ခဲ့မိလို့လဲ? သူဘာမှတောင် မသိဘူးလေ။ လင်ခွမ်းက ရန်ပွဲကိုစတင်ခဲ့သူဖြစ်ပြီးတော့ ရှီပုဖန်ကတော့ လင်ခွမ်းကိုရိုက်ခဲ့တယ်လေ။ သူကသာ အနိုင်ကျင့်ခံရတဲ့သူလေ။ သူခွန်းတုံ့ပြန်ပြီးလည်းမပြောခဲ့သလို ပြန်ပြီးလည်းမချခဲ့ဘူးလေ...အဲ့ဒါကို သူက ဘာလို့ခံဝန်သုံးသပ်စာရေးဖို့ လိုရတာလဲ?

ရှီပုဖန်က မေးစေ့ကိုလက်နဲ့ထောက်၍ လက်ချောင်းတွေကိုကွေးလိုက်ကာ ကျန်းယွမ်ပိုင်ကို လာဖို့ လက်ဟန်အမူအရာပြလိုက်သည်။

“ ငါ့ကိုပေး။ ငါ မင်းအတွက် ရေးပေးမယ် ”

“ ငါတို့လက်ရေးတွေကမတူဘူးလေ ”

“ ငါမင်းအတွက်တစ်ခုရေးပေးပြီးတော့ မင်းက အဲ့ဒါကိုပြန်ကူးလိုက်မယ်ဆိုရင်ရော? ”
ရှီပုဖန်က စာရွက်တစ်ရွက်ကို ဆွဲယူလိုက်တော့ ကျန်းယွမ်ပိုင် တစ်မုဟုတ်ချင်းပင် ဘောပင်ထိပ်ဖျားအား ကြည့်လိုက်၏။

ဘောပင်ထိပ်ဖျားက စာရွက်နဲ့ထိသွားပြီးတော့ အလျင်အမြန်ပဲ စာလုံးအနည်းငယ်ပေါ်ထွက်လာသည်:

ကျွန်တော်က ခံဝန်သုံးသပ်စာကိုရေးနေတာပါ။ ကျွန်တော်က အရမ်းမတော်သင့်တဲ့အပြင် အဆင့်တွေလဲ မကောင်းသင့်ပါဘူး။ အခြားအတန်းက လောင်ရှီးတွေက ကျွန်တော့်ကိုစံပြကျောင်းသားအနေနဲ့ အသုံးပြုတာကိုလဲ ကျွန်တော်တားဆီးသင့်ပါတယ်။ ကျွန်တော့်အနေနဲ့ လောင်ရှီးကို ကျွန်တော်ဘယ်လောက်တော်ကြောင်း ဒါမှမဟုတ် ကျွန်တော့်အဆင့်တွေ ဘယ်လောက်ကောင်းကြောင်း ကြွားခွင့်မပေးထားသင့်ပါဘူး။ ဒါပေမဲ့ ကျွန်တော်အဓိကမှားတဲ့အရာကတော့ ဒီကျောင်းကိုလျှောက်ခဲ့ပြီး ဝင်ခွင့်ရခဲ့တာပါပဲ။ ကျောင်းက အခြားကျောင်းသားတွေကို လာတက်အောင် ဆွဲဆောင်ဖို့ ကျွန်တော့်နာမည်သုံးတာကို ကျွန်တော်ခွင့်မပြုထားသင့်ပါဘူး။

ကျွန်တော်က အရမ်းထူးချွန်ပြီး အဆင့်ကောင်းတွေရှိတာကြောင့်သာ မဟုတ်ရင် ကျွန်တော်ကဘာလို့ အခြားသူတွေရဲ့ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်းကို ခံရမှာလဲ? ဘာလို့ သူတို့က ကျွန်တော့်ကို ရိုင်းပျတဲ့နာမည်ပြောင် ပေးမှာလဲ? ဒါမှမဟုတ် ဒီလိုပရမ်းပတာရှုပ်ထွေးမှုတွေကြားမှာ ပါဝင်တာကို ကျွန်တော်အဆုံးသတ်လိုက်ရင်ရော ဘယ်လိုပါလဲခင်ဗျ။

သူ ဒါကိုရေးနေတုန်း ကျန်းယွမ်ပိုင်က စာကိုကြည့်ဖို့အတွက် အနားကို သွားလိုက်၏။ သူ တခစ်ခစ်ရယ်မောတာကို မထိန်းနိုင်တော့ ရှီပုဖန်ကခေါင်းမော့ကာ မျက်ခုံးပင့်လိုက်၏။ သူပြောလိုက်သည်
“ ဘယ်လိုနေလဲ။ မင်းအခုဘယ်လိုရေးရမယ်မှန်း သိပြီလား? ”

ကျန်းယွမ်ပိုင်ရဲ့မျက်နှာက အနည်းငယ်နီရဲသွားကာ ပြောလိုက်သည်။
“ မင်းက အတော်ကိုအရှက်မရှိတာပဲ။ ငါအဲ့ပုံစံအတိုင်းရေးလိုက်ရင် ...လောင်ရှီးက ငါသူ့ကိုရန်စနေတယ်လို့ထင်သွားမှာပေါ့ ”

ရှီပုဖန်က ထိုအကြောင်းတွေးကြည့်ကာ မေးလိုက်၏
“ ဒါဆို ဒီဟာအပြင် မင်းအခြားဘာအမှားတွေ လုပ်ထားသေးလို့လဲ?”

ကျန်းယွမ်ပိုင် သူနဲ့ အကြည့်ချင်းဆုံသွားတော့ သူ့နှုတ်ခမ်းကိုကိုက်၍ ဖြည်းညင်းစွာ ခေါင်းယမ်းပြလိုက်သည်။

ရှီပုဖန် သူရေးထားတဲ့ ခံဝန်သုံးသပ်စာကို ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။
“ ဒါကို ကူးလိုက် ”

ကျန်းယွမ်ပိုင် သူ့ဘောပင်ကို တုံ့ဆိုင်းစွာကောက်ကိုင်လိုက်တော့ ရှီပုဖန်က တစ်ခုခုအား လှန်လှောရှာနေတာကို တွေ့လိုက်ရရာ သူအမေးဆိုလိုက်မိသည်
“ မင်းဘာလုပ်နေတာလဲ?”

“ ခွက်ရှာနေတာ။ ငါရေဆာနေပြီ”

သူက ရုံးခန်းတစ်ခုလုံးကို သူ့အိမ်ကဲ့သို့ပင်သဘောထားကာ လှန်လှောရှာဖွေနေလေ၏။ ကျန်းယွမ်ပိုင် အလိုအလျောက် ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ပြီး မတ်တပ်ရပ်ကာ သူ့အတွက်စောင့်ပေးနေလိုက်၏။ ကျိယန့်ဖျင်က သူ့အကြည့်အောက်မှာ ခံဝန်သုံးသပ်စာရေးဖို့ သူတို့ကို ဖိအားမပေးလေဘူး။ သူထွက်သွားတဲ့အချိန် တံခါးကိုပိတ်ပေးခဲ့သည်။

အဲ့အချိန်မှာပဲ နောက်ဆုံးတော့ ရှီပုဖန်က တစ်ခါသုံးခွက်ကိုတွေ့သွားလေသည်။ သူ ရေသန့်စက်ဆီသွားလိုက်ပြီး ခွက်နှစ်ခွက်အား ရေနွေးဖြည့်လိုက်၏။ တစ်ခွက်ကို ကျန်းယွမ်ပိုင်ရှေ့ချပေးကာ ပြောလိုက်သည်။
“စာလေးတစ်စောင် ကူးရေးဖို့ကိုတောင် မင်း ဘာလို့  အဲ့လောက်အချိန်ယူနေရတာလဲ? ”

ကျန်းယွမ်ပိုင် အနည်းငယ်ရှက်သွားသည်။
“ ငါထင်တာကတော့...ဒီဟာကရေးဖို့ သိပ်မကောင်းသလိုပဲ”

ရှီပုဖန်က မေးထောက်ကာ မျက်မှောင်ကျုံ့လိုက်သည်။
“ မင်းဒါကိုမရေးချင်ဘူးဆိုရင် ငါပြန်တော့မယ်။ မင်း ဘာသာဒီမှာနေခဲ့ပြီး မင်းလိုချင်တာကိုရတဲ့အထိ စဉ်းစားနေ”

ကျန်းယွမ်ပိုင်ကြောက်လန့်သွားသည်။

အကယ်၍ သူလောင်ရှီးရဲ့ရုံးခန်းထဲမှာ ခံဝန်သုံးသပ်စာရေးနေတာကို တွေ့သွားကြရင် သူမျက်နှာပျက်ရလိမ့်မယ်။

ရှီပုဖန်သူ့အတွက်ရေးပေးထားတဲ့မူကြမ်းကို သူစိုက်ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ ယင်းကို သည်းသည်းမည်းမည်းစတင်ကူးရေးလိုက်၏။ သူစကားလုံးအနည်းငယ်ရေးပြီးသွားတဲ့အချိန်မှာ သူထပ်မရယ်ပဲမနေနိုင်ပြန်ဘူး။ သူ့နှလုံးသားထဲကနေ ဒုက္ခတွင်းမှပျော်ရွှင်မှုဆိုတဲ့ခံစားချက်တစ်ခုက ဖူးပွင့်လာသည်။ သူ ရှီပုဖန်အား ခိုးကြည့်လိုက်တော့ တစ်ဖက်လူက နှုတ်ခမ်းတို့တွန့်ကွေးကာ မေးစေ့ကိုပင့်ရင်း သူ့အား မြန်မြန်ကူးဖို့အချက်ပြနေလေသည်။

သူစာရေးပြီးသွားချိန် ရယ်ချင်စိတ်ကိုထိန်းထားရသည်။ ရှီပုဖန်က အနားကိုရောက်လာပြီး ခံဝန်သုံးသပ်စာနှစ်ခုကိုယူကာ ကျိယန့်ဖျင်၏ရုံးစားပွဲပေါ်ရှိ ဖန်ခွက်အောက်၌ထားလိုက်သည်။ အဲ့နောက်သူပြောလာ၏
“ သွားကြစို့ ”

“ လောင်ရှီးက အခုထိပြန်မရောက်သေးဘူးလေ...”

“ အဲဒါဆို မင်းဒီမှာနေခဲ့ပြီးစောင့်ပေါ။ ငါကတော့ အခုသွားတော့မယ် ”

ရှီပုဖန်က တံခါးကိုဖွင့်ကာ အပြင်ကိုထွက်သွားသည်။ ကျန်းယွမ်ပိုင် ထိုင်နေပြီး တစ်ခဏလောက်စောင့်နေသေး၏။ လက်ရှိ,ရှိနေတဲ့သူက သူတစ်ယောက်တည်းဆိုတာ သိပြီးတဲ့နောက်မှာတော့ သူ့နှလုံးသားတွင်းဝယ် ဝိရောဓိဖြစ်နေပြီး နောက်ဆုံးမှာတော့ သူအလျင်စလိုမတ်တပ်ရပ်ကာ အပြင်ကိုထွက်သွားလိုက်သည်။

“ ရှီ...ရှီပုဖန်? ”
သူ့ကိုဘယ်မှာမှ မတွေ့လေတော့ဘူး။ ကျန်းယွမ်ပိုင်နည်းနည်းကြောက်လာမိသည်။ ယခင်က သူဒီလိုအရာမျိုး တစ်ခါမှမလုပ်ဖူးပေ။ သူ့ဘာသာ ကြောက်လန့်နေမိကာ လောင်ရှီးရဲ့ရုံးခန်းဆီပြန်မို့တွေးနေတဲ့အချိန်မှာပဲ ရှီပုဖန်ကထောင့်တစ်ထောင့်ကနေ ရုတ်ခြည်းပေါ်လာသည်။

“ ငါ ဒီမှာ ”

ကျန်းယွမ်ပိုင် သက်ပြင်းချကာ မေးလိုက်၏။
“ ဒါဆို ငါတို့အခုအိမ်ပြန်ကြမှာလား? ”

“ မင်းအိမ်ပြန်ချင်လို့လား? ”
အပြုသဘောဆောင်တဲ့အဖြေကို ရပြီးတဲ့အခါမှာတော့ ရှီပုဖန်ပြောလိုက်သည်။
“ ကောင်းပြီ။ ငါမင်းကို အိမ်ပြန်လိုက်ပို့ပေးမယ် ”

“ ငါတို့ ဒီတိုင်းပြန်လိုက်ရင် တကယ်အဆင်ပြေမှာလား?”

သူက တူညီတဲ့မေးခွန်းကိုပဲ ထပ်ခါထပ်ခါမေးနေပေမဲ့ ရှီပုဖန်က ကြုံတောင့်ကြုံခဲ စိတ်ရှည်နေလေသည်။

“ ဘာပြဿနာမှ မဖြစ်လောက်ပါဘူး ”

ကျန်းယွမ်ပိုင် သူ့ကျောပိုးအိတ်ကိုယူဖို့ ရှီပုဖန်နောက်ကလိုက်ကာ အတန်းကိုပြန်နေလေရင်း စိတ်ထဲအနည်းငယ်မလုံမလဲဖြစ်သလို ခံစားလိုက်ရသည်။ သူတို့ထောင့်တစ်နေရာကိုရောက်တဲ့အခါ တစ်ဖက်က လမ်းလျှောက်လာတဲ့ကျိယန့်ဖျင်အား ရုတ်ခြည်းတွေ့လိုက်ရ၏။ ရှီပုဖန်ကတော့ တည်တည်ငြိမ်ငြိမ်ပဲဆက်လက်ရှိနေစဉ် ကျန်းယွမ်ပိုင်ကတော့ တုန်ယင်နေလျက်။ သူ့လက်တွေဟာ ချွေးစေးတွေနှင့် ပြည့်နှက်နေခဲ့သည်။

ကျိယန့်ဖျင်ကလည်း သူတို့ကိုမြင်လိုက်တဲ့အတွက်မေးလေသည်။
“ မင်းတို့နှစ်ယောက် ခံဝန်သုံးသပ်စာတွေ ရေးလို့ပြီးသွားပြီလား? ”

“ အင်း ” ရှီပုဖန်ပြန်ဖြေလိုက်သည်။
“ ကျွန်တော် အဲ့ဒါကို ခွက်အောက်မှာထားခဲ့တယ် ”

ကျန်းယွမ်ပိုင်ကတော့ ရှီပုဖန်နောက်မှာပုန်းနေလေ၏။ ကျိယန့်ဖျင်က သူ့ကိုတစ်ခုခုမေးချင်နေပေမဲ့ မေးဖို့ရန်သတ္တိရှိမနေခဲ့။

မူလကတည်းက ကျန်းယွမ်ပိုင်က ဒီကိစ္စမှာ အပြစ်ကင်းလေသည်။ သို့သော်ငြားလည်း လင်ခွမ်းရဲ့အတန်းပိုင်လောင်ရှီးက သူ့ကိုပါ ခံဝန်သုံးသပ်စာရေးဖို့ တောင်းဆိုလာခဲ့သည်။ ကျိယန့်ဖျင် မျက်မမြင်တစ်ယောက်လိုသာ နေဖို့ဆုံးဖြတ်လိုက်ကာ ပြောလိုက်သည်။
“ ကောင်းပြီ။ မင်းတို့အခုပြန်လို့ရပြီ လမ်းမှာလည်း ဂရုစိုက်ကြအုံး”

“ ဘိုင့် လောင်ရှီး”

ယဉ်ယဉ်ကျေးကျေး ပြန်နှုတ်ဆက်လိုက်တာကတော့ သေချာပေါက်ကျန်းယွမ်ပိုင်ပင်။ ကျိယန့်ဖျင်က သူတို့နှစ်ယောက်နောက်ကိုလိုက်ကြည့်နေရင်း မျက်ခုံးတို့တွန့်ချိုးသွားသည်။ ရှီပုဖန်က ကျန်းယွမ်ပိုင်ဘက်ကနေရပ်တည်ပေးတာဟာ ကောင်းတယ်လို့ သူမထင်ပေမယ့်လည်း နည်းနည်းလည်းစိုးရိမ်နေမိသည်။ တကယ်လို့ ကျန်းယွမ်ပိုင်ကို ရှီပုဖန်ရဲ့အပြုအမူတွေက လွှမ်းမိုးသွားရင် ဘယ်လိုလုပ်မလဲ?

ကျောင်းကို သူတို့ရဲ့လျှပ်စစ်စက်ဘီးတွေနဲ့လာကြတဲ့ အထက်တန်းကျောင်းသားအများအပြားရှိလေသည်။ ရှီပုဖန် အောက်ထပ်ကို ဆင်းကာ ကျန်းယွမ်ပိုင်အားမေးလိုက်သည်။
“ မင်းစက်ဘီးက ဘယ်မှာလဲ? ”

ကျန်းယွမ်ပိုင်ကတော့ လောင်ရှီးက သူ့ခံဝန်သုံးသပ်စာကိုတွေ့ပြီးရင် ဘယ်လိုတွေးမလဲဆိုတာကိုသာ စဉ်းစားနေဆဲဖြစ်တဲ့အတွက် သူသာမန်ကာလျှံကာသာ ပြန်ဖြေလိုက်၏
“ ငါဒီနေ့ မစီးလာဘူး ”

ရှီပုဖန် သူ့မျက်ခုံးကိုပင့်လိုက်ပြီး
“ ဘာလို့မစီးလာတာလဲ? ”

“လူတွေက အဲ့ဒါကိုဖျက်ဆီးလိမ့်မယ်”

ကျန်းယွမ်ပိုင် ကျောင်းကို စက်ဘီးစီးမလာရဲပေ။ ဘာလို့လဲဆိုတော့ သူအလယ်တန်းကျောင်းမှာတုန်းက သူ့စက်ဘီးက အကြိမ်အနည်းငယ် ဖျက်ဆီးခံရဖူးသည်။ ကျန်းယွမ်ပိုင်က အဲ့အကြောင်းတွေကို လောင်ရှီးတွေအား ပြန်မတိုင်မှန်း ရှင်းနေတာပဲ။ အကြိမ်အများစုမှာ သူ့စက်ဘီးကိုပြန်ပြင်ဖို့အတွက် သူ့စုထားတဲ့ငွေကိုတောင် ခိုးသုံးလေ့ရှိ၏။ အဲ့နောက်မှာတော့ သူကျောင်းကို စက်ဘီးစီးမသွားဖို့သာ ဆုံးဖြတ်လိုက်သည်။ အဆုံးမှာတော့ သူ့မိဘတွေအသစ်ဝယ်လိုက်တဲ့အိမ်ကလည်း ကျောင်းနဲ့သိပ်မဝေးဘဲ ကျောင်းကိုဘတ်စ်ကားစီးသွားရင် အများဆုံးမှ နာရီဝက်လောက်သာကြာလေသည်။

ရှီပုဖန် စိတ်မကောင်းဖြစ်မိသွားသည်။
“ မင်းစက်ဘီးကို ဘယ်သူဖျက်ဆီးတာလဲ? မနက်က လင်ခွမ်းဆိုတဲ့ကောင်လား ?”

“ မဟုတ်ဘူး ”
ကျန်းယွမ်ပိုင် သူလူတွေကိုထပ်ရိုက်မှာအား ကြောက်မိသွားကာ သူ့လက်တွေကို အလျင်အမြန်ဝေ့ယမ်း၍ ရှင်းပြလိုက်သည်။
“ ငါလဲ ဘယ်သူမှန်းမသိပါဘူး။ အဲ့ဒါက အရင်တုန်းကပါ၊ ပြီးတော့ အခု ငါကျောင်းကို စက်ဘီးစီးပြီးမလာဖြစ်တာ နည်းနည်းတောင်ကြာပြီ ”

ရှီပုဖန် ပိုပိုပြီးစိတ်မကောင်းဖြစ်သွားရသည်။ သူတို့ဘတ်စ်ကားမှတ်တိုင်ကို လျှောက်သွားတဲ့အချိန် သူပြောလိုက်သည်။
“ အနာဂတ်မှာ မင်းလုပ်ချင်တာကို လုပ်လို့ရတယ်။ မင်းဘယ်သူ့ကိုမှ ကြောက်နေစရာမလိုဘူး  ဟုတ်ပြီလား? ”

တစ်စုံတစ်ယောက်က ကာကွယ်ပေးတာကို ကျန်းယွမ်ပိုင်တစ်ခါမှ မခံဖူးလေဘူး။ သူ့နှလုံးသားက လျင်မြန်စွာခုန်ပေါက်လာသည်။ ဤခိုးယူထားတဲ့ဆက်ဆံရေးက သူ့အားအနည်းငယ် ထိရှသွားစေလေသည်။

သူတို့ကျောင်းတံခါးအပြင်ကိုရောက်တဲ့အချိန်မှာပဲ ဘတ်စ်ကားက သူတို့ကိုဖြတ်သွားလေသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့စောင့်နေရမယ်ဆိုမှတော့ သူရှီပုဖန်ကိုခေါ်လိုက်သည်။
“ ငါမင်းအတွက် Milk teaသွားဝယ်ပေးမယ် ”

ရှီပုဖန် သူ့အားတစ်ချက်ကြည့်လိုက်ပြီး “ မင်းသောက်ချင်လို့လား? ”

“ အင်း ”

သူတို့ကျောင်းတံခါးရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ Milk tea ဆိုင်ကိုလမ်းလျှောက်သွားလိုက်သည်။ ကျန်းယွမ်ပိုင် ပြောလိုက်၏
“ Milk teaတစ်ခွက် သကြားလျှော့မယ် မင်းရောဘာသောက်ချင်လဲ? ”

“ မင်းလိုပဲ ”

ကျန်းယွမ်ပိုင် သူ့ဖုန်းအားထုတ်ကာ ငွေချေခါနီးတွင် သူ ဒင်ဆိုတဲ့အသံကို ကြားလိုက်ရသည်။ ရှီပုဖန်က မီနူးကိုယူထားပြီး ငွေပေးချေဖို့ရန် ကုတ်ကို scanဖတ်လိုက်ခြင်းပင်။ ဆိုင်ကဝန်ထမ်းတွေက သူတို့ကိုသိတဲ့အတွက် ရယ်ပြီးပြောလိုက်သည်။
“ ယွမ်ယွမ်က ဒီမှာအဖွဲ့ဝင်ထားတာလေ။ မင်းရှင်းလိုက်တော့ မင်းတို့ပဲနစ်နာသွားတာပေါ့ ”

ကျန်းယွမ်ပိုင်က အဆင့်တွေလည်းကောင်းသလို ကောင်းမွန်တဲ့ဂုဏ်သတင်းလေးရှိပေသည်။ ဒီနားတစ်ဝိုက်က စီးပွားရေးသမားတွေက သူ့ဆီကနေပိုက်ဆံနည်းနည်းသာယူဖို့ ပိုလို့တောင်ဆန္ဒရှိကြ၏။ အဖွဲ့ဝင်ကတ်ရှိတဲ့ဆိုင်တွေက သူ့အားအဖွဲ့ဝင်ကတ်ပေးကြသလို အဖွဲ့ဝင်ကတ်မရှိတဲ့ဆိုင်တွေက အလကားပေးကြသည်။ သူတို့က ရွှယ်ပါ့နဲ့ ရင်းနှီးမှုတည်ဆောက်ရင်း သူတို့ကလေးတွေဆီကို ကံကောင်းမှုတချို့ ဆောင်ကြဉ်းပေးချင်နေကြတာပင်။

ရှီပုဖန်က သူ့အား အံ့အားသင့်စွာကြည့်လိုက်သည်။ ကျန်းယွမ်ပိုင်က ထိုအကြောင်းတွေကို တစ်ခါမှမပြောဖူးလေဘူး။

သူက ဒီလူတွေကြားမှာ အဲ့လို အရေးပါအရာရောက်တဲ့သူတစ်ယောက်လို့ ဘယ်သူက ထင်ထားမှာလဲ ?

ကျန်းယွမ်ပိုင် နည်းနည်းရှက်သွားကာ ခေါင်းကိုပဲဆက်တိုက်ငုံ့ထားရင်း ရှီပုဖန်နဲ့အတူ ကားမှတ်တိုင်ဆီ လျှောက်သွားလိုက်၏။ ရှီပုဖန်မေးလိုက်သည်
“ အရင်တုန်းက မင်းရဲ့နာမည်က ကျန်းချုံးမင်လား ”

အဲ့နာမည်ကိုပြောလိုက်တဲ့အချိန်မှာ ကျန်းယွမ်ပိုင်ရဲ့အမူအရာက ဆိုးရွားသွား၏
“ ဟုတ်တယ် အတိတ်မှာတုန်းက မင်းက ‘ကျန်းရှာမောင့်’လို့တောင် ခေါ်ခဲ့တာလေ ”

ရှီပုဖန်က ကျန်းယွမ်ပိုင် ရုတ်တရက်ကြီး သူ့အား ဆူငေါက်လာလိမ့်မယ်လို့ မထင်ထားပေ။ သူမင်သက်သွားမိပြီး ကျန်းယွမ်ပိုင်က တစ်ဖက်ကိုလှည့်ကာ သူ့Milk teaကိုသာ စုပ်သောက်နေတော့ သူမျက်မှောင်ကျုံ့မိသွားသည်။

သူတို့နှစ်ယောက်က ရုတ်တရက်ကြီး ဘာလို့များ အရင်ကပဋိပက္ခတွေကို ပြန်လည်အစဖော်မိသွားတာလဲ? အဆုံးမှာတော့ ရှီပုဖန်မှာ ဘာမှတ်ဉာဏ်မှ မရှိလေဘူး။ ရုတ်ခြည်းကြိမ်းမောင်းခံလိုက်ရသော်ငြား သူ့မျက်နှာပေါ်မှာတော့ ဘာအမူအရာမှများများစားစား မရှိပေ။ သူမေးကြည့်လိုက်သည်
“ ငါတို့ဆက်ဆံရေးကို အတည်ပြုပြီးတဲ့နောက်မှာ အရင်ကမင်းရဲ့နာမည်ပြောင်ကို ငါမခေါ်တော့ပါဘူးလို့ ငါကတိမပေးခဲ့ဖူးဘူးလား?”

သေချာပေါက်မပေးဖူးဘူးပေါ့။ ကျန်းယွမ်ပိုင် ကြောင်တောင်တောင်အကြောင်းပြချက်အား ပေးလိုက်၏
“ ဒါပေမဲ့ မင်းက ဘာမှတောင် မမှတ်မိဘူးလေ”

“ ဒါဆို ငါအခုပဲမင်းကို ကတိပေးမယ်ဆိုရင်ရော ဘယ်လိုလဲ? ” အံံအားသင့်စရာကောင်းစွာ ရှီပုဖန်က ဒီကိစ္စနှင့်စပ်လျဉ်းပြီး အတော်လေးကောင်းမွန်တဲ့သဘောထားကို စွဲကိုင်ထားလေသည်
“ အနာဂတ်မှာ ငါ့အပေါ်စိတ်မဆိုးပါနဲ့တော့နော် ဟုတ်ပြီလား? ”

သူက ဒီလိုပြောလာမှတော့ ကျန်းယွမ်ပိုင်က ဆက်ပြီးမကျေမနပ်ဖြစ်နေရင် ကြည့်မကောင်းတော့ပေ၊ သူပြောလိုက်၏
“ပြီးရော”

ရှီပုဖန်က ရှန်းယီအထက်တန်းကျောင်းရဲ့ *တာ့ကောဖြစ်ထိုက်တယ်လို့ သူ သတိပြုလိုက်မိသည်။ သူက သူ့ “သူငယ်ချင်းတွေ”ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး “ ကျင်းဟူရဲ့စည်းမျဉ်း”တွေကိုလည်း နားလည်လေသည်။ သူက သူ့သူငယ်ချင်းတွေအတွက် သူ့ကိုယ်သူအနစ်နာခံပေးတတ်သည်။ အခုသူဒီအကြောင်းတွေးလိုက်မိတော့ အဆုံးမှာတော့ ရှီပုဖန်၌လည်း အင်အားအချို့ရှိနေပုံပင်။

[*တာ့ကော - အစ်ကိုကြီး]

ဘတ်စ်ကားရောက်လာတဲ့အခါမှာတော့ ကျန်းယွမ်ပိုင် နှုတ်ဆက်ကာ ကားထဲဝင်လိုက်သည်။ သို့တစေ ရှီပုဖန်ကလည်း ရုတ်တရက်ကြီး လိုက်ဝင်လာသည်။ သူ့နောက်က ခံစားလိုက်ရတဲ့ဖိအားကြောင့် ကျန်းယွမ်ပိုင် တစ်မုဟုတ်ချင်းပင် နောက်သို့လှည့်ကြည့်လိုက်သည်။
“ ဘာ..ဘာလို့ မင်းကကားပေါ်တက်လာရတာလဲ? ”

သူနဲ့ရှီပုဖန်က ဦးတည်ရာတူတယ်ဆိုတာကို သူမမှတ်မိပါဘူးနော်

“ ငါအားနေတယ်လေ။ ဒါကြောင့် မင်းကိုအိမ်ပြန်လိုက်ပို့မလို့”

သူတို့တွေက ခံဝန်သုံးသပ်စာကိုရေးနေရတဲ့အတွက် အစောကတည်းက ကျောင်းဆင်းချိန်ကို ကျော်သွားပြီးလေပြီ။ ကားထဲမှာ လူသိပ်မရှိလေတော့ ရှီပုဖန်က သူ့လက်ကောက်ဝတ်ကိုဆွဲကာ အနောက်ဘက်က ပြတင်းပေါက်နားရှိခုံဆီ ဆွဲခေါ်သွားလိုက်၏။ ကျန်းယွမ်ပိုင်၏ နှလုံးသားက အလျင်အမြန်ကို ခုန်ပေါက်နေသည်။ ချင်ယင်းက ခြိုးခြံချွေတာတတ်တဲ့သူမို့ အများအားဖြင့် အိမ်ကိုဘတ်စ်ကားနှင့်သာ ပြန်လာတတ်သည်။ တစ်ခါတရံ သူမက ကျန်းယွမ်ပိုင်နဲ့တောင် ဘတ်စ်ကားတစ်စီးတည်း ကျတတ်သေး၏။ သူ့ဖုန်းအား ထုတ်ကာ အချိန်ကိုကြည့်လိုက်တော့ ခုနှစ်နာရီ ထိုးခါနီးနေလေပြီ။ တကယ်လို့ ချင်ယင်းသာ ဈေးဝယ်စင်တာကို မသွားဘူးဆိုရင် သူတို့အချင်းချင်းဆုံနိုင်လေသည်။

ရှီပုဖန်ရဲ့နှုတ်ခမ်းထောင့်က ကွေးတက်သွားပြီး မေးလိုက်သည်။
“ ဘာလဲ? ငါမင်းကို အိမ်ပြန်လိုက်ပို့တာကို မင်းကမကြိုက်ဘူးလား? ”

သေချာပေါက် ငါမကြိုက်ဘူးပေါ့! ကျန်းယွမ်ပိုင် သူ့နှလုံးသားထဲ၌ အော်ဟစ်နေလိုက်သည်။ သို့ပေတည်း သူပြောလိုက်တာကတော့
“ မဟုတ်ပါဘူး”

ဘတ်စ်ကားက နောက်မှတ်တိုင်ကို စတင်ကြေညာလာ၏။ : XX ဈေးဝယ်စင်တာ။ ကျန်းယွမ်ပိုင် ချက်ချင်းရှေ့ထိုင်ခုံကို ဆုပ်ကိုင်ကာ လှမ်းကြည့်လိုက်သည်။ သူ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တဲ့အခိုက်မှာပဲ ရင်းနှီးနေတဲ့အသံတစ်သံအား ကြားလိုက်ရလေသည်။
“ အသားတွေက တစ်နေ့တစ်ခြား ဈေးပိုတက်လာတာပဲ ”

“ ဟုတ်ပါ့ အရင်ရက်တုန်းက ၁၀ယွမ်ကျော်ကျော်ပဲရှိသေးတယ်။ ဒီနေ့ ၂၂ယွမ်တောင်ဖြစ်သွားပြီ ”

ကျန်းယွမ်ပိုင် ရုတ်ခြည်းပင် သူ့ကျောပိုးအိတ်ကိုဆွဲဝူကာ သူ့မျက်နှာကိုရော၊ သူထိုင်နေတဲ့ခုံကိုပါ ကွယ်လိုက်သည်။ ရှီပုဖန် မော့ကြည့်လိုက်တော့ သူတို့အရှေ့မှာ သူမတို့၏စားသောက်ကုန်ပစ္စည်းတွေကို ကိုင်ထားကြတဲ့ အမျိုးသမီးနှစ်ယောက်အား တွေ့လိုက်ရသည်။ သူပြောလိုက်၏
“ ကြည့်ရတာ အရှေ့မှာ ခုံမရှိတော့လို့ထင်တယ်။ သူတို့ အခုအနောက်ဘက်ကို လာနေကြပြီ ”

ချင်ယင်း ထိုနေရာအား မယုံသင်္ကာဖြင့်လှမ်းကြည့်ကာ ပြောလိုက်သည်
“ ငါ ခုနတုန်းက ချုံးမင်ကိုတွေ့လိုက်ရတယ်လို့ ဘာလို့ထင်နေမိတာလဲ”

“ သူက အခုဆို အိမ်ပြန်ရောက်နေလောက်ပါပြီ ”

“သူ ဒီနေ့အိမ်ပြန်နောက်ကျမယ်ဆိုပြီး ငါ့ကိုစာပို့ထားတယ် ”

ချင်ယင်းက ပြောနေရင်းနှင့်ပင် အနောက်ဘက်ဆီသို့ လျှောက်သွားလိုက်၏။ ကျန်းယွမ်ပိုင် သူ့ထိုင်ခုံမှာ တုန်ယင်နေလျက် သူ့ကိုယ်တစ်ခုလုံးကိုလည်း ချွေးစေးတွေက လွှမ်းခြုံလာသည်။ သူ့နှလုံးသား လည်ချောင်းကနေတစ်ဆင့် အပြင်ကိုခုန်ထွက်တော့မတတ်ပင်။ အဲ့အချိန်မှာပဲ ကျောင်းဝတ်စုံတစ်ခုက သူ့မျက်နှာကိုရော သူ့ကျောပိုးအိတ်ကိုပါ ဖုံးအုပ်သွားသည်။ ရှီပုဖန်က ကျန်းယွမ်ပိုင်ရဲ့ခေါင်းကို သူ့လက်မောင်းထဲထည့်ထားလိုက်ကာ ထိုပုံစံက သူဟာကြီးမားတဲ့တိရိစ္ဆာန်အရုပ်ကြီးကိုဖက်ကာ အိပ်ဟန်ဆောင်နေသလိုပင်။

ဒီအရွယ်ကလေးတိုင်းက အများအားဖြင့် ကျောင်းဝတ်စုံကိုဝတ်ဆင်ကြလေရာ သူတို့ရဲ့မျက်နှာကိုအုပ်ပြီး ကျောပိုးအိတ်ပေါ်မှီလျက် အိပ်နေတဲ့အခါမှာတော့ သူတို့ဘယ်သူဆိုတာကိုမှတ်မိဖို့ ခဲယဉ်းလေ၏။ ချင်ယင်းရဲ့အကြည့်ဟာ ရှီပုဖန်၏တည်တင်းနေတဲ့မျက်နှာပေါ် တစ်ချက်ဝေ့ဝိုက်လို့သွားပြီးနောက် သူတို့အရှေ့ကခုံမှာ သူမသူငယ်ချင်းနှင့်အတူ ထိုင်လိုက်သည်။ ယင်းနောက် သူတို့တစ်ယောက်နဲ့တစ်ယောက်စတင်ပြီးတော့ စကားပြောတော့သည်
“ လပတ်စာမေးပွဲက လာတော့မယ်။ ရှန်းရှန်းရဲ့ အဆင့်တွေရောဘယ်လိုနေလဲ? ”

“ ချုံးမင်လောက်တော့ မကောင်းနိုင်တာ အသိသာကြီးပါ။ သူက အတန်းထဲမှာ အမြဲတမ်းတစ်ပဲလေ ”

မိဘတွေက စတင်ပြီးတော့ အခြားတစ်ယောက်ရဲ့ကလေးကို ကြွားဝါမြှောက်ပင့်တော့သည်။ ကျန်းယွမ်ပိုင်၏မျက်နှာက ဖုံးအုပ်ခံထားရပြီး ခဏလောက်အကြာမှာတော့ သူရှီပုဖန်ရဲ့အနံ့ကိုသာလျှင် ရတော့သည်။ သူ အလွန်ကြောက်လန့်နေမိ၏။ တကယ်လို့ သူရှီပုဖန်နဲ့အတူရှိနေတာကို သူ့အမေသာ တွေ့သွားရင် သူ့ကိုဘယ်လိုအပြစ်ပေးမလဲဆိုတာ ဘယ်သူသိမှာလဲ။

ရှီပုဖန် မျက်လုံးတစ်ဖက်ဖွင့်ကာ သူ့ရှေ့ကချင်ယင်းရဲ့ခေါင်းနောက်ခြမ်းကို တစ်ချက်ကြည့်ပြီးနောက် သူ့ကျောင်းဝတ်စုံနဲ့ဖုံးကွယ်ထားတဲ့ ကောင်လေးကိုကြည့်လိုက်သည်။ ကျန်းယွမ်ပိုင်က တကယ်ပင်စိတ်လှုပ်ရှားနေပြီး အသက်ပြင်းပြင်းရှူထုတ်မိလိုက်တော့ ကျောင်းဝတ်စုံအား မှုတ်ထုတ်မိသွားတာနှင့် အဆုံးသတ်သွားလေသည်။ ရှီပုဖန် သူ့အား တစ်ခဏလောက်စိုက်ကြည့်နေပြီးနောက်  ရုတ်တရက်ပင် ခေါင်းငုံ့ကာ ကောင်လေးကို ခပ်ဖွဖွနမ်းလိုက်သည်။

တစ်စက္ကန့်လောက်ကြာပြီးနောက် အဝေးကိုပြန်ရွှေ့ကာ သူ့နှုတ်ခမ်းကိုလျှက်လိုက်မိသည်။ သူတွေးလိုက်မိ၏ : သောက်ရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ

မျက်လုံးတွေက အနက်ရောင်ကိုသာ မြင်နိုင်တဲ့ကျန်းယွမ်ပိုင်ကတော့ စိတ်ရှုပ်ထွေးသွားရသည်။

**

စာရေးသူမှာပြောစရာရှိတယ် :

ရှီကော : ကျစ်

ယွမ်ယွမ် : ရှုပ်ထွေးနေသောမျက်နှာဆယ်ခုပါ.jpg

PS : Gongက Shouနဲ့ဆက်ဆံရေးကို ဘာလို့ ဒီလောက်လွယ်လွယ်လက်ခံလဲဆိုတာအတွက်က နောက်ကျရင် ရှင်းလင်းချက်ပါပါလိမ့်မယ်


ဒီလိုjpgမျိုးပါ၊ ဒါကတော့ မျက်နှာကိုးခုပါတာပေါ့၊ ဆယ်ခုကရှာမတွေ့လို့ရယ်

_________________________________

Zawgyi

အတန္းၿပီးသြားတဲ့အခ်ိန္ ဒီလိုသုံးသပ္စာေရးတာက က်န္းယြမ္ပိုင္အတြက္ေတာ့ ဤသည္ကပထမဆုံးအႀကိမ္ပင္။

သူက ရွီပုဖန္နဲ႕ မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနတာပင္။ ရွီပုဖန္ကေတာ့ သည္းႀကီးမည္းႀကီးျဖင့္ စတင္ေရးေနေလၿပီ။ က်န္းယြမ္ပိုင္က အခုခ်ိန္ထိမလႈပ္ရေသးေပမဲ့ ရွီပုဖန္ကေတာ့ စာမ်က္ႏွာတစ္ဝက္ေလာက္ေရးၿပီးေနေလၿပီ။

သူ ဒီအေၾကာင္းကိုပိုၿပီးေတြးေလေလ သူရွီပုဖန္ကိုလိမ္ေနတာက မတန္ဘူးလို႔ ပိုေတြးမိေလေလပင္။

ရွီပုဖန္၏သူငယ္ခ်င္းေကာင္းဆိုတာက သူနဲ႕အတူတူ ရန္ပြဲေတြမွာပါဝင္ၿပီး ခံဝန္သုံးသပ္ခ်က္တူတူေရးတာမ်ိဳးဆိုတာကို အေစာကတည္းကသိခဲ့ရင္ သူရွီပုဖန္ကို လိမ္ခဲ့မွာမဟုတ္ဘူး။

က်န္းယြမ္ပိုင္ စိုက္ၾကည့္ေနတာကို ရွီပုဖန္သတိထားမိေတာ့ ေခါင္းေမာ့ၾကည့္လာသည္။

“ မင္းရဲ႕ရွီေကာက အရမ္းခံ့ညားတာပဲလို႔ ေတြးေနတာလား? ”

သူ ဘာလို႔ဒီေလာက္ေတာင္ အထင္ႀကီးေနရတာလဲ?

က်န္းယြမ္ပိုင္ တစ္စကၠန႔္ေလာက္ရႈပ္ေထြးသြားၿပီးေနာက္ စကားဆိုလိုက္၏
“ ဟုတ္တယ္... မင္းက အေတာ္ေလးေခ်ာတယ္ ”

ရွီပုဖန္သူ႕မ်က္လုံးကို ေမွးလိုက္ၿပီး
“ ငါ့ပုံစံေၾကာင့္ ညို႔ယူဖမ္းစားခံလိုက္ရတာလား? ဘာလို႔ အခုထိတစ္လုံးမွ မေရးရေသးတာလဲ? ”

က်န္းယြမ္ပိုင္ ေခါင္းငုံ႕ထားၿမဲငုံ႕ထားေပမဲ့ သူ႕ႏွလုံးသားထဲမွာေတာ့ ထူးဆန္းသလို ခံစားလိုက္ရသည္။
ဘာလို႔ ရွီပုဖန္က ဒီလိုအေပါစားပုံစံနဲ႕ …စကားေျပာေနရတာလဲ?

သူ႕လက္ထဲမွာ ေဘာပင္ကို ခဏၾကာ ကိုင္ထားေပမဲ့ အဆုံးမွာေတာ့ “ ခံဝန္သုံးသပ္စာ” ဆိုတာကိုသာ ေရးနိုင္ေလ၏။ ရွီပုဖန္က လ်င္ျမန္စြာပဲ စာမ်က္ႏွာတစ္ခုလုံး အေျမာက္အျမားေရးလို႔ၿပီးသြားတဲ့အခါမွာ က်န္းယြမ္ပိုင္ကို ပ်င္းရိပ်င္းတြဲစိုက္ၾကည့္လိုက္၍ ေျပာလာသည္
“ ဘာလဲ? ဘယ္လိုေရးရမယ္မွန္း မင္းမသိဘူးလား? ”

“အမ္း...” က်န္းယြမ္ပိုင္စိတ္ပ်က္အားေလ်ာ့စြာေျပာလိုက္သည္။
“ ငါဘာအမွားလုပ္ခဲ့မွန္း ငါမသိဘူး ”

သူဘာအမွားလုပ္ခဲ့မိလို႔လဲ? သူဘာမွေတာင္ မသိဘူးေလ။ လင္ခြမ္းက ရန္ပြဲကိုစတင္ခဲ့သူျဖစ္ၿပီးေတာ့ ရွီပုဖန္ကေတာ့ လင္ခြမ္းကိုရိုက္ခဲ့တယ္ေလ။ သူကသာ အနိုင္က်င့္ခံရတဲ့သူေလ။ သူခြန္းတုံ႕ျပန္ၿပီးလည္းမေျပာခဲ့သလို ျပန္ၿပီးလည္းမခ်ခဲ့ဘူးေလ...အဲ့ဒါကို သူက ဘာလို႔ခံဝန္သုံးသပ္စာေရးဖို႔ လိုရတာလဲ?

ရွီပုဖန္က ေမးေစ့ကိုလက္နဲ႕ေထာက္၍ လက္ေခ်ာင္းေတြကိုေကြးလိုက္ကာ က်န္းယြမ္ပိုင္ကို လာဖို႔ လက္ဟန္အမူအရာျပလိုက္သည္။

“ ငါ့ကိုေပး။ ငါ မင္းအတြက္ ေရးေပးမယ္ ”

“ ငါတို႔လက္ေရးေတြကမတူဘူးေလ ”

“ ငါမင္းအတြက္တစ္ခုေရးေပးၿပီးေတာ့ မင္းက အဲ့ဒါကိုျပန္ကူးလိုက္မယ္ဆိုရင္ေရာ? ”
ရွီပုဖန္က စာ႐ြက္တစ္႐ြက္ကို ဆြဲယူလိုက္ေတာ့ က်န္းယြမ္ပိုင္ တစ္မုဟုတ္ခ်င္းပင္ ေဘာပင္ထိပ္ဖ်ားအား ၾကည့္လိုက္၏။

ေဘာပင္ထိပ္ဖ်ားက စာ႐ြက္နဲ႕ထိသြားၿပီးေတာ့ အလ်င္အျမန္ပဲ စာလုံးအနည္းငယ္ေပၚထြက္လာသည္:

ကြၽန္ေတာ္က ခံဝန္သုံးသပ္စာကိုေရးေနတာပါ။ ကြၽန္ေတာ္က အရမ္းမေတာ္သင့္တဲ့အျပင္ အဆင့္ေတြလဲ မေကာင္းသင့္ပါဘူး။ အျခားအတန္းက ေလာင္ရွီးေတြက ကြၽန္ေတာ့္ကိုစံျပေက်ာင္းသားအေနနဲ႕ အသုံးျပဳတာကိုလဲ ကြၽန္ေတာ္တားဆီးသင့္ပါတယ္။ ကြၽန္ေတာ့္အေနနဲ႕ ေလာင္ရွီးက ကြၽန္ေတာ္ဘယ္ေလာက္ေတာ္ေၾကာင္း ဒါမွမဟုတ္ ကြၽန္ေတာ့္အဆင့္ေတြ ဘယ္ေလာက္ေကာင္းေၾကာင္း ႂကြားခြင့္မေပးထားသင့္ပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္အဓိကမွားတဲ့အရာကေတာ့ ဒီေက်ာင္းကိုေလွ်ာက္ခဲ့ၿပီး ဝင္ခြင့္ရခဲ့တာပါပဲ။ ေက်ာင္းက အျခားေက်ာင္းသားေတြကို လာတက္ရန္ဆြဲေဆာင္ဖို႔ ကြၽန္ေတာ့္နာမည္ကိုသုံးတာကို ကြၽန္ေတာ္ခြင့္မျပဳထားသင့္ပါဘူး။

ကြၽန္ေတာ္က အရမ္းထူးခြၽန္ၿပီး အဆင့္ေကာင္းေတြရွိတာေၾကာင့္သာ မဟုတ္ရင္ ကြၽန္ေတာ္ကဘာလို႔ အျခားသူေတြရဲ႕ရည္႐ြယ္ခ်က္ရွိရွိ ပစ္မွတ္ထားျခင္းကို ခံရမွာလဲ? ဘာလို႔ သူတို႔က ကြၽန္ေတာ့္ကို ရိုးပ်တဲ့နာမည္ေျပာင္ကို ေပးမွာလဲ? ဒါမွမဟုတ္ ဒီလိုပရမ္းပတာရႈပ္ေထြးမႈေတြၾကားမွာ ပါဝင္တာကို ကြၽန္ေတာ္အဆုံးသတ္လိုက္ရင္ေရာ ဘယ္လိုပါလဲခင္ဗ်။

သူ ဒါကိုေရးေနတုန္း က်န္းယြမ္ပိုင္က စာကိုၾကည့္ဖို႔အတြက္ အနားကို သြားလိုက္၏။ သူ တခစ္ခစ္ရယ္ေမာတာကို မထိန္းနိုင္ေတာ့ ရွီပုဖန္ကေခါင္းေမာ့ကာ မ်က္ခုံးပင့္လိုက္၏။ သူေျပာလိုက္သည္
“ ဘယ္လိုေနလဲ။ မင္းအခုဘယ္လိုေရးရမယ္မွန္း သိၿပီလား? ”

က်န္းယြမ္ပိုင္ရဲ႕မ်က္ႏွာက အနည္းငယ္နီရဲသြားကာ ေျပာလိုက္သည္။
“ မင္းက အေတာ္ကိုအရွက္မရွိတာပဲ။ ငါအဲ့ပုံစံအတိုင္းေရးလိုက္ရင္ ...ေလာင္ရွီးက ငါသူ႕ကိုရန္စေနတယ္လို႔ထင္သြားမွာေပါ့ ”

ရွီပုဖန္က ထိုအေၾကာင္းေတြးၾကည့္ကာ ေမးလိုက္၏
“ ဒါဆို ဒီဟာအျပင္ မင္းအျခားဘာအမွားေတြ လုပ္ထားေသးလို႔လဲ?”

က်န္းယြမ္ပိုင္ သူနဲ႕ အၾကည့္ခ်င္းဆုံသြားေတာ့ သူ႕ႏႈတ္ခမ္းကိုကိုက္၍ ျဖည္းညင္းစြာ ေခါင္းယမ္းျပလိုက္သည္။

ရွီပုဖန္ သူေရးထားတဲ့ ခံဝန္သုံးသပ္စာကို ကမ္းေပးလိုက္ၿပီး ေျပာလိုက္သည္။
“ ဒါကို ကူးလိုက္ ”

က်န္းယြမ္ပိုင္ သူ႕ေဘာပင္ကို တုံ႕ဆိုင္းစြာေကာက္ကိုင္လိုက္ေတာ့ ရွီပုဖန္က တစ္ခုခုအား လွန္ေလွာရွာေနတာကို ေတြ႕လိုက္ရရာ သူအေမးဆိုလိုက္မိသည္
“ မင္းဘာလုပ္ေနတာလဲ?”

“ ခြက္ရွာေနတာ။ ငါေရဆာေနၿပီ”

သူက ႐ုံးခန္းတစ္ခုလုံးကို သူ႕အိမ္ကဲ့သို႔ပင္သေဘာထားကာ လွန္ေလွာရွာေဖြေနေလ၏။ က်န္းယြမ္ပိုင္ အလိုအေလ်ာက္ ျပတင္းေပါက္အျပင္ဘက္ကို ၾကည့္လိုက္ၿပီး မတ္တပ္ရပ္ကာ သူ႕အတြက္ေစာင့္ေပးေနလိုက္၏။ က်ိယန႔္ဖ်င္က သူ႕အၾကည့္ေအာက္မွာ ခံဝန္သုံးသပ္စာေရးဖို႔ သူတို႔ကို ဖိအားမေပးေလဘူး။ သူထြက္သြားတဲ့အခ်ိန္ တံခါးကိုပိတ္ေပးခဲ့သည္။

အဲ့အခ်ိန္မွာပဲ ေနာက္ဆုံးေတာ့ ရွီပုဖန္က တစ္ခါသုံးခြက္ကိုေတြ႕သြားေလသည္။ သူ ေရသန႔္စက္ဆီသြားလိုက္ၿပီး ခြက္ႏွစ္ခြက္အား ေရေႏြးျဖည့္လိုက္၏။ တစ္ခြက္ကို က်န္းယြမ္ပိုင္ေရွ႕ခ်ေပးကာ ေျပာလိုက္သည္။
“စာေလးတစ္ေစာင္ ကူးေရးဖို႔ကိုေတာင္ မင္း ဘာလို႔  အဲ့ေလာက္အခ်ိန္ယူေနရတာလဲ? ”

က်န္းယြမ္ပိုင္ အနည္းငယ္ရွက္သြားသည္။
“ ငါထင္တာကေတာ့...ဒီဟာကေရးဖို႔ သိပ္မေကာင္းသလိုပဲ”

ရွီပုဖန္က ေမးေထာက္ကာ မ်က္ေမွာင္က်ဳံ႕လိုက္သည္။
“ မင္းဒါကိုမေရးခ်င္ဘူးဆိုရင္ ငါျပန္ေတာ့မယ္။ မင္း ဘာသာဒီမွာေနခဲ့ၿပီး မင္းလိုခ်င္တာကိုရတဲ့အထိ စဥ္းစားေန”

က်န္းယြမ္ပိုင္ေၾကာက္လန႔္သြားသည္။

အကယ္၍ သူေလာင္ရွီးရဲ႕႐ုံးခန္းထဲမွာ ခံဝန္သုံးသပ္စာေရးေနတာကို ေတြ႕သြားၾကရင္ သူမ်က္ႏွာပ်က္ရလိမ့္မယ္။

ရွီပုဖန္သူ႕အတြက္ေရးေပးထားတဲ့မူၾကမ္းကို သူစိုက္ၾကည့္လိုက္ၿပီးေနာက္ ေခါင္းငုံ႕ကာ ယင္းကို သည္းသည္းမည္းမည္းစတင္ကူးေရးလိုက္၏။ သူစကားလုံးအနည္းငယ္ေရးၿပီးသြားတဲ့အခ်ိန္မွာ သူထပ္မရယ္ပဲမေနနိုင္ျပန္ဘူး။ သူ႕ႏွလုံးသားထဲကေန ဒုကၡတြင္းမွေပ်ာ္႐ႊင္မႈဆိုတဲ့ခံစားခ်က္တစ္ခုက ဖူးပြင့္လာသည္။ သူ ရွီပုဖန္အား ခိုးၾကည့္လိုက္ေတာ့ တစ္ဖက္လူက ႏႈတ္ခမ္းတို႔တြန႔္ေကြးကာ ေမးေစ့ကိုပင့္ရင္း သူ႕အား ျမန္ျမန္ကူးဖို႔အခ်က္ျပေနေလသည္။

သူစာေရးၿပီးသြားခ်ိန္ ရယ္ခ်င္စိတ္ကိုထိန္းထားရသည္။ ရွီပုဖန္က အနားကိုေရာက္လာၿပီး ခံဝန္သုံးသပ္စာႏွစ္ခုကိုယူကာ က်ိယန႔္ဖ်င္၏႐ုံးစားပြဲေပၚရွိ ဖန္ခြက္ေအာက္၌ထားလိုက္သည္။ အဲ့ေနာက္သူေျပာလာ၏
“ သြားၾကစို႔ ”

“ ေလာင္ရွီးက အခုထိျပန္မေရာက္ေသးဘူးေလ...”

“ အဲဒါဆို မင္းဒီမွာေနခဲ့ၿပီးေစာင့္ေပါ။ ငါကေတာ့ အခုသြားေတာ့မယ္ ”

ရွီပုဖန္က တံခါးကိုဖြင့္ကာ အျပင္ကိုထြက္သြားသည္။ က်န္းယြမ္ပိုင္ ထိုင္ေနၿပီး တစ္ခဏေလာက္ေစာင့္ေနေသး၏။ လက္ရွိ,ရွိေနတဲ့သူက သူတစ္ေယာက္တည္းဆိုတာ သိၿပီးတဲ့ေနာက္မွာေတာ့ သူ႕ႏွလုံးသားတြင္းဝယ္ ဝိေရာဓိျဖစ္ေနၿပီး ေနာက္ဆုံးမွာေတာ့ သူအလ်င္စလိုမတ္တပ္ရပ္ကာ အျပင္ကိုထြက္သြားလိုက္သည္။

“ ရွီ...ရွီပုဖန္? ”
သူ႕ကိုဘယ္မွာမွ မေတြ႕ေလေတာ့ဘူး။ က်န္းယြမ္ပိုင္နည္းနည္းေၾကာက္လာမိသည္။ ယခင္က သူဒီလိုအရာမ်ိဳး တစ္ခါမွမလုပ္ဖူးေပ။ သူ႕ဘာသာ ေၾကာက္လန႔္ေနမိကာ ေလာင္ရွီးရဲ႕႐ုံးခန္းဆီျပန္မို႔ေတြးေနတဲ့အခ်ိန္မွာပဲ ရွီပုဖန္ကေထာင့္တစ္ေထာင့္ကေန ႐ုတ္ျခည္းေပၚလာသည္။

“ ငါ ဒီမွာ ”

က်န္းယြမ္ပိုင္ သက္ျပင္းခ်ကာ ေမးလိုက္၏။
“ ဒါဆို ငါတို႔အခုအိမ္ျပန္ၾကမွာလား? ”

“ မင္းအိမ္ျပန္ခ်င္လို႔လား? ”
အျပဳသေဘာေဆာင္တဲ့အေျဖကို ရၿပီးတဲ့အခါမွာေတာ့ ရွီပုဖန္ေျပာလိုက္သည္။
“ ေကာင္းၿပီ။ ငါမင္းကို အိမ္ျပန္လိုက္ပို႔ေပးမယ္ ”

“ ငါတို႔ ဒီတိုင္းျပန္လိုက္ရင္ တကယ္အဆင္ေျပမွာလား?”

သူက တူညီတဲ့ေမးခြန္းကိုပဲ ထပ္ခါထပ္ခါေမးေနေပမဲ့ ရွီပုဖန္က ႀကဳံေတာင့္ႀကဳံခဲ စိတ္ရွည္ေနေလသည္။

“ ဘာျပႆနာမွ မျဖစ္ေလာက္ပါဘူး ”

က်န္းယြမ္ပိုင္ သူ႕ေက်ာပိုးအိတ္ကိုယူဖို႔ ရွီပုဖန္ေနာက္ကလိုက္ကာ အတန္းကိုျပန္ေနေလရင္း စိတ္ထဲအနည္းငယ္မလုံမလဲျဖစ္သလို ခံစားလိုက္ရသည္။ သူတို႔ေထာင့္တစ္ေနရာကိုေရာက္တဲ့အခါ တစ္ဖက္က လမ္းေလွ်ာက္လာတဲ့က်ိယန႔္ဖ်င္အား ႐ုတ္ျခည္းေတြ႕လိုက္ရ၏။ ရွီပုဖန္ကေတာ့ တည္တည္ၿငိမ္ၿငိမ္ပဲဆက္လက္ရွိေနစဥ္ က်န္းယြမ္ပိုင္ကေတာ့ တုန္ယင္ေနလ်က္။ သူ႕လက္ေတြဟာ ေခြၽးေစးေတြႏွင့္ ျပည့္ႏွက္ေနခဲ့သည္။

က်ိယန႔္ဖ်င္ကလည္း သူတို႔ကိုျမင္လိုက္တဲ့အတြက္ေမးေလသည္။
“ မင္းတို႔ႏွစ္ေယာက္ ခံဝန္သုံးသပ္စာေတြ ေရးလို႔ၿပီးသြားၿပီလား? ”

“ အင္း ” ရွီပုဖန္ျပန္ေျဖလိုက္သည္။
“ ကြၽန္ေတာ္ အဲ့ဒါကို ခြက္ေအာက္မွာထားခဲ့တယ္ ”

က်န္းယြမ္ပိုင္ကေတာ့ ရွီပုဖန္ေနာက္မွာပုန္းေနေလ၏။ က်ိယန႔္ဖ်င္က သူ႕ကိုတစ္ခုခုေမးခ်င္ေနေပမဲ့ ေမးဖို႔ရန္သတၱိရွိမေနခဲ့။

မူလကတည္းက က်န္းယြမ္ပိုင္က ဒီကိစၥမွာ အျပစ္ကင္းေလသည္။ သို႔ေသာ္ျငားလည္း လင္ခြမ္းရဲ႕အတန္းပိုင္ေလာင္ရွီးက သူ႕ကိုပါ ခံဝန္သုံးသပ္စာေရးဖို႔ ေတာင္းဆိုလာခဲ့သည္။ က်ိယန႔္ဖ်င္ မ်က္မျမင္တစ္ေယာက္လိုသာ ေနဖို႔ဆုံးျဖတ္လိုက္ကာ ေျပာလိုက္သည္။
“ ေကာင္းၿပီ။ မင္းတို႔အခုျပန္လို႔ရၿပီ လမ္းမွာလည္း ဂ႐ုစိုက္ၾကအုံး”

“ ဘိုင့္ ေလာင္ရွီး”

ယဥ္ယဥ္ေက်းေက်း ျပန္ႏႈတ္ဆက္လိုက္တာကေတာ့ ေသခ်ာေပါက္က်န္းယြမ္ပိုင္ပင္။ က်ိယန႔္ဖ်င္က သူတို႔ႏွစ္ေယာက္ေနာက္ကိုလိုက္ၾကည့္ေနရင္း မ်က္ခုံးတို႔တြန႔္ခ်ိဳးသြားသည္။ ရွီပုဖန္က က်န္းယြမ္ပိုင္ဘက္ကေနရပ္တည္ေပးတာဟာ ေကာင္းတယ္လို႔ သူမထင္ေပမယ့္လည္း နည္းနည္းလည္းစိုးရိမ္ေနမိသည္။ တကယ္လို႔ က်န္းယြမ္ပိုင္ကို ရွီပုဖန္ရဲ႕အျပဳအမူေတြက လႊမ္းမိုးသြားရင္ ဘယ္လိုလုပ္မလဲ?

ေက်ာင္းကို သူတို႔ရဲ႕လွ်ပ္စစ္စက္ဘီးေတြနဲ႕လာၾကတဲ့ အထက္တန္းေက်ာင္းသားအမ်ားအျပားရွိေလသည္။ ရွီပုဖန္ ေအာက္ထပ္ကို ဆင္းကာ က်န္းယြမ္ပိုင္အားေမးလိုက္သည္။
“ မင္းစက္ဘီးက ဘယ္မွာလဲ? ”

က်န္းယြမ္ပိုင္ကေတာ့ ေလာင္ရွီးက သူ႕ခံဝန္သုံးသပ္စာကိုေတြ႕ၿပီးရင္ ဘယ္လိုေတြးမလဲဆိုတာကိုသာ စဥ္းစားေနဆဲျဖစ္တဲ့အတြက္ သူသာမန္ကာလွ်ံကာသာ ျပန္ေျဖလိုက္၏
“ ငါဒီေန႕ မစီးလာဘူး ”

ရွီပုဖန္ သူ႕မ်က္ခုံးကိုပင့္လိုက္ၿပီး
“ ဘာလို႔မစီးလာတာလဲ? ”

“လူေတြက အဲ့ဒါကိုဖ်က္ဆီးလိမ့္မယ္”

က်န္းယြမ္ပိုင္ ေက်ာင္းကို စက္ဘီးစီးမလာရဲေပ။ ဘာလို႔လဲဆိုေတာ့ သူအလယ္တန္းေက်ာင္းမွာတုန္းက သူ႕စက္ဘီးက အႀကိမ္အနည္းငယ္ ဖ်က္ဆီးခံရဖူးသည္။ က်န္းယြမ္ပိုင္က အဲ့အေၾကာင္းေတြကို ေလာင္ရွီးေတြအား ျပန္မတိုင္မွန္း ရွင္းေနတာပဲ။ အႀကိမ္အမ်ားစုမွာ သူ႕စက္ဘီးကိုျပန္ျပင္ဖို႔အတြက္ သူ႕စုထားတဲ့ေငြကိုေတာင္ ခိုးသုံးေလ့ရွိ၏။ အဲ့ေနာက္မွာေတာ့ သူေက်ာင္းကို စက္ဘီးစီးမသြားဖို႔သာ ဆုံးျဖတ္လိုက္သည္။ အဆုံးမွာေတာ့ သူ႕မိဘေတြအသစ္ဝယ္လိုက္တဲ့အိမ္ကလည္း ေက်ာင္းနဲ႕သိပ္မေဝးဘဲ ေက်ာင္းကိုဘတ္စ္ကားစီးသြားရင္ အမ်ားဆုံးမွ နာရီဝက္ေလာက္သာၾကာေလသည္။

ရွီပုဖန္ စိတ္မေကာင္းျဖစ္မိသြားသည္။
“ မင္းစက္ဘီးကို ဘယ္သူဖ်က္ဆီးတာလဲ? မနက္က လင္ခြမ္းဆိုတဲ့ေကာင္လား ?”

“ မဟုတ္ဘူး ”
က်န္းယြမ္ပိုင္ သူလူေတြကိုထပ္ရိုက္မွာအား ေၾကာက္မိသြားကာ သူ႕လက္ေတြကို အလ်င္အျမန္ေဝ့ယမ္း၍ ရွင္းျပလိုက္သည္။
“ ငါလဲ ဘယ္သူမွန္းမသိပါဘူး။ အဲ့ဒါက အရင္တုန္းကပါ၊ ၿပီးေတာ့ အခု ငါေက်ာင္းကို စက္ဘီးစီးၿပီးမလာျဖစ္တာ နည္းနည္းေတာင္ၾကာၿပီ ”

ရွီပုဖန္ ပိုပိုၿပီးစိတ္မေကာင္းျဖစ္သြားရသည္။ သူတို႔ဘတ္စ္ကားမွတ္တိုင္ကို ေလွ်ာက္သြားတဲ့အခ်ိန္ သူေျပာလိုက္သည္။
“ အနာဂတ္မွာ မင္းလုပ္ခ်င္တာကို လုပ္လို႔ရတယ္။ မင္းဘယ္သူ႕ကိုမွ ေၾကာက္ေနစရာမလိုဘူး  ဟုတ္ၿပီလား? ”

တစ္စုံတစ္ေယာက္က ကာကြယ္ေပးတာကို က်န္းယြမ္ပိုင္တစ္ခါမွ မခံဖူးေလဘူး။ သူ႕ႏွလုံးသားက လ်င္ျမန္စြာခုန္ေပါက္လာသည္။ ဤခိုးယူထားတဲ့ဆက္ဆံေရးက သူ႕အားအနည္းငယ္ ထိရွသြားေစေလသည္။

သူတို႔ေက်ာင္းတံခါးအျပင္ကိုေရာက္တဲ့အခ်ိန္မွာပဲ ဘတ္စ္ကားက သူတို႔ကိုျဖတ္သြားေလသည္။ ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔ေစာင့္ေနရမယ္ဆိုမွေတာ့ သူရွီပုဖန္ကိုေခၚလိုက္သည္။
“ ငါမင္းအတြက္ Milk teaသြားဝယ္ေပးမယ္ ”

ရွီပုဖန္ သူ႕အားတစ္ခ်က္ၾကည့္လိုက္ၿပီး “ မင္းေသာက္ခ်င္လို႔လား? ”

“ အင္း ”

သူတို႔ေက်ာင္းတံခါးရဲ႕ မ်က္ႏွာခ်င္းဆိုင္မွာရွိတဲ့ Milk tea ဆိုင္ကိုလမ္းေလွ်ာက္သြားလိုက္သည္။ က်န္းယြမ္ပိုင္ ေျပာလိုက္၏
“ Milk teaတစ္ခြက္ သၾကားေလွ်ာ့မယ္ မင္းေရာဘာေသာက္ခ်င္လဲ? ”

“ မင္းလိုပဲ ”

က်န္းယြမ္ပိုင္ သူ႕ဖုန္းအားထုတ္ကာ ေငြေခ်ခါနီးတြင္ သူ ဒင္ဆိုတဲ့အသံကို ၾကားလိုက္ရသည္။ ရွီပုဖန္က မီႏူးကိုယူထားၿပီး ေငြေပးေခ်ဖိဳ႕ရန္ ကုတ္ကို scanဖတ္လိုက္ျခင္းပင္။ ဆိုင္ကဝန္ထမ္းေတြက သူတို႔ကိုသိတဲ့အတြက္ ရယ္ၿပီးေျပာလိုက္သည္။
“ ယြမ္ယြမ္က ဒီမွာအဖြဲ႕ဝင္ထားတာေလ။ မင္းရွင္းလိုက္ေတာ့ မင္းတို႔ပဲနစ္နာသြားတာေပါ့ ”

က်န္းယြမ္ပိုင္က အဆင့္ေတြလည္းေကာင္းသလို ေကာင္းမြန္တဲ့ဂုဏ္သတင္းေလးရွိေပသည္။ ဒီနားတစ္ဝိုက္က စီးပြားေရးသမားေတြက သူ႕ဆီကေနပိုက္ဆံနည္းနည္းသာယူဖို႔ ပိုလို႔ေတာင္ဆႏၵရွိၾက၏။ အဖြဲ႕ဝင္ကတ္ရွိတဲ့ဆိုင္ေတြက သူ႕အားအဖြဲ႕ဝင္ကတ္ေပးၾကသလို အဖြဲ႕ဝင္ကတ္မရွိတဲ့ဆိုင္ေတြက အလကားေပးၾကသည္။ သူတို႔က ႐ႊယ္ပါ့နဲ႕ ရင္းႏွီးမႈတည္ေဆာက္ရင္း သူတို႔ကေလးေတြဆီကို ကံေကာင္းမႈတခ်ိဳ႕ ေဆာင္ၾကဥ္းေပးခ်င္ေနၾကတာပင္။

ရွီပုဖန္က သူ႕အား အံ့အားသင့္စြာၾကည့္လိုက္သည္။ က်န္းယြမ္ပိုင္က ထိုအေၾကာင္းေတြကို တစ္ခါမွမေျပာဖူးေလဘူး။

သူက ဒီလူေတြၾကားမွာ အဲ့လို အေရးပါအရာေရာက္တဲ့သူတစ္ေယာက္လို႔ ဘယ္သူက ထင္ထားမွာလဲ ?

က်န္းယြမ္ပိုင္ နည္းနည္းရွက္သြားကာ ေခါင္းကိုပဲဆက္တိုက္ငုံ႕ထားရင္း ရွီပုဖန္နဲ႕အတူ ကားမွတ္တိုင္ဆီ ေလွ်ာက္သြားလိုက္၏။ ရွီပုဖန္ေမးလိုက္သည္
“ အရင္တုန္းက မင္းရဲ႕နာမည္က က်န္းခ်ဳံးမင္လား ”

အဲ့နာမည္ကိုေျပာလိုက္တဲ့အခ်ိန္မွာ က်န္းယြမ္ပိုင္ရဲ႕အမူအရာက ဆိုး႐ြားသြား၏
“ ဟုတ္တယ္ အတိတ္မွာတုန္းက မင္းက ‘က်န္းရွာေမာင့္’လို႔ေတာင္ ေခၚခဲ့တာေလ ”

ရွီပုဖန္က က်န္းယြမ္ပိုင္ ႐ုတ္တရက္ႀကီး သူ႕အား ဆူေငါက္လာလိမ့္မယ္လို႔ မထင္ထားတာေပ။ သူမင္သက္သြားမိၿပီး က်န္းယြမ္ပိုင္က တစ္ဖက္ကိုလွည့္ကာ သူ႕Milk teaကိုသာ စုပ္ေသာက္ေနေတာ့ သူမ်က္ေမွာင္က်ဳံ႕မိသြားသည္။

သူတို႔ႏွစ္ေယာက္က ႐ုတ္တရက္ႀကီး ဘာလို႔မ်ား အရင္ကပဋိပကၡေတြကို ျပန္လည္အစေဖာ္မိသြားတာလဲ? အဆုံးမွာေတာ့ ရွီပုဖန္မွာ ဘာမွတ္ဉာဏ္မွ မရွိေလဘူး။ ႐ုတ္ျခည္းႀကိမ္းေမာင္းခံလိုက္ရေသာ္ျငား သူ႕မ်က္ႏွာေပၚမွာေတာ့ ဘာအမူအရာမွမ်ားမ်ားစားစား မရွိေပ။ သူေမးၾကည့္လိုက္သည္
“ ငါတို႔ဆက္ဆံေရးကို အတည္ျပဳၿပီးတဲ့ေနာက္မွာ အရင္ကမင္းရဲ႕နာမည္ေျပာင္ကို ငါမေခၚေတာ့ပါဘူးလို႔ ငါကတိမေပးခဲ့ဖူးဘူးလား?”

ေသခ်ာေပါက္မေပးဖူးဘူးေပါ့။ က်န္းယြမ္ပိုင္ ေၾကာင္ေတာင္ေတာင္အေၾကာင္းျပခ်က္အား ေပးလိုက္၏
“ ဒါေပမဲ့ မင္းက ဘာမွေတာင္ မမွတ္မိဘူးေလ”

“ ဒါဆို ငါအခုပဲမင္းကို ကတိေပးမယ္ဆိုရင္ေရာ ဘယ္လိုလဲ? ” အံံအားသင့္စရာေကာင္းစြာ ရွီပုဖန္က ဒီကိစၥႏွင့္စပ္လ်ဥ္းၿပီး အေတာ္ေလးေကာင္းမြန္တဲ့သေဘာထားကို စြဲကိုင္ထားေလသည္
“ အနာဂတ္မွာ ငါ့အေပၚစိတ္မဆိုးပါနဲ႕ေတာ့ေနာ္ ဟုတ္ၿပီလား? ”

သူက ဒီလိုေျပာလာမွေတာ့ က်န္းယြမ္ပိုင္က ဆက္ၿပီးမေက်မနပ္ျဖစ္ေနရင္ ၾကည့္မေကာင္းေတာ့ေပ၊ သူေျပာလိုက္၏
“ၿပီးေရာ”

ရွီပုဖန္က ရွန္းယီအထက္တန္းေက်ာင္းရဲ႕ *တာ့ေကာျဖစ္ထိုက္တယ္လို႔ သူ သတိျပဳလိုက္မိသည္။ သူက သူ႕ “သူငယ္ခ်င္းေတြ”ကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံၿပီး “ က်င္းဟူရဲ႕စည္းမ်ဥ္း”ေတြကိုလည္း နားလည္ေလသည္။ သူက သူ႕သူငယ္ခ်င္းေတြအတြက္ သူ႕ကိုယ္သူအနစ္နာခံေပးတတ္သည္။ အခုသူဒီအေၾကာင္းေတြးလိုက္မိေတာ့ အဆုံးမွာေတာ့ ရွီပုဖန္၌လည္း အင္အားအခ်ိဳ႕ရွိေနပုံပင္။

[*တာ့ေကာ - အစ္ကိုႀကီး]

ဘတ္စ္ကားေရာက္လာတဲ့အခါမွာေတာ့ က်န္းယြမ္ပိုင္ ႏႈတ္ဆက္ကာ ကားထဲဝင္လိုက္သည္။ သို႔တေစ ရွီပုဖန္ကလည္း ႐ုတ္တရက္ႀကီး လိုက္ဝင္လာသည္။ သူ႕ေနာက္က ခံစားလိုက္ရတဲ့ဖိအားေၾကာင့္ က်န္းယြမ္ပိုင္ တစ္မုဟုတ္ခ်င္းပင္ ေနာက္သို႔လွည့္ၾကည့္လိုက္သည္။
“ ဘာ..ဘာလို႔ မင္းကကားေပၚတက္လာရတာလဲ? ”

သူနဲ႕ရွီပုဖန္က ဦးတည္ရာတူတယ္ဆိုတာကို သူမမွတ္မိပါဘူးေနာ္

“ ငါအားေနတယ္ေလ။ ဒါေၾကာင့္ မင္းကိုအိမ္ျပန္လိုက္ပို႔မလို႔”

သူတို႔ေတြက ခံဝန္သုံးသပ္စာကိုေရးေနရတဲ့အတြက္ အေစာကတည္းက ေက်ာင္းဆင္းခ်ိန္ကို ေက်ာ္သြားၿပီးေလၿပီ။ ကားထဲမွာ လူသိပ္မရွိေလေတာ့ ရွီပုဖန္က သူ႕လက္ေကာက္ဝတ္ကိုဆြဲကာ အေနာက္ဘက္က ျပတင္းေပါက္နားရွိခုံဆီ ဆြဲေခၚသြားလိုက္၏။ က်န္းယြမ္ပိုင္၏ ႏွလုံးသားက အလ်င္အျမန္ကို ခုန္ေပါက္ေနသည္။ ခ်င္ယင္းက ၿခိဳးၿခံေခြၽတာတတ္တဲ့သူမို႔ အမ်ားအားျဖင့္ အိမ္ကိုဘတ္စ္ကားႏွင့္သာ ျပန္လာတတ္သည္။ တစ္ခါတရံ သူမက က်န္းယြမ္ပိုင္နဲ႕ေတာင္ ဘတ္စ္ကားတစ္စီးတည္း က်တတ္ေသး၏။ သူ႕ဖုန္းအား ထုတ္ကာ အခ်ိန္ကိုၾကည့္လိုက္ေတာ့ ခုႏွစ္နာရီ ထိုးခါနီးေနေလၿပီ။ တကယ္လို႔ ခ်င္ယင္းသာ ေဈးဝယ္စင္တာကို မသြားဘူးဆိုရင္ သူတို႔အခ်င္းခ်င္းဆုံနိုင္ေလသည္။

ရွီပုဖန္ရဲ႕ႏႈတ္ခမ္းေထာင့္က ေကြးတက္သြားၿပီး ေမးလိုက္သည္။
“ ဘာလဲ? ငါမင္းကို အိမ္ျပန္လိုက္ပို႔တာကို မင္းကမႀကိဳက္ဘူးလား? ”

ေသခ်ာေပါက္ ငါမႀကိဳက္ဘူးေပါ့! က်န္းယြမ္ပိုင္ သူ႕ႏွလုံးသားထဲ၌ ေအာ္ဟစ္ေနလိုက္သည္။ သို႔ေပတည္း သူေျပာလိုက္တာကေတာ့
“ မဟုတ္ပါဘူး”

ဘတ္စ္ကားက ေနာက္မွတ္တိုင္ကို စတင္ေၾကညာလာ၏။ : XX ေဈးဝယ္စင္တာ။ က်န္းယြမ္ပိုင္ ခ်က္ခ်င္းေရွ႕ထိုင္ခုံကို ဆုပ္ကိုင္ကာ လွမ္းၾကည့္လိုက္သည္။ သူ စိတ္သက္သာရာရစြာ သက္ျပင္းခ်လိဳက္တဲ့အခိုက္မွာပဲ ရင္းႏွီးေနတဲ့အသံတစ္သံအား ၾကားလိုက္ရေလသည္။
“ အသားေတြက တစ္ေန႕တစ္ျခား ေဈးပိုတက္လာတာပဲ ”

“ ဟုတ္ပါ့ အရင္ရက္တုန္းက ၁၀ယြမ္ေက်ာ္ေက်ာ္ပဲရွိေသးတယ္။ ဒီေန႕ ၂၂ယြမ္ေတာင္ျဖစ္သြားၿပီ ”

က်န္းယြမ္ပိုင္ ႐ုတ္ျခည္းပင္ သူ႕ေက်ာပိုးအိတ္ကိုဆြဲဝူကာ သူ႕မ်က္ႏွာကိုေရာ၊ သူထိုင္ေနတဲ့ခုံကိုပါ ကြယ္လိုက္သည္။ ရွီပုဖန္ ေမာ့ၾကည့္လိုက္ေတာ့ သူတို႔အေရွ႕မွာ သူမတို႔၏စားေသာက္ကုန္ပစၥည္းေတြကို ကိုင္ထားၾကတဲ့ အမ်ိဳးသမီးႏွစ္ေယာက္အား ေတြ႕လိုက္ရသည္။ သူေျပာလိုက္၏
“ ၾကည့္ရတာ အေရွ႕မွာ ခုံမရွိေတာ့လို႔ထင္တယ္။ သူတို႔ အခုအေနာက္ဘက္ကို လာေနၾကၿပီ ”

ခ်င္ယင္း ထိုေနရာအား မယုံသကၤာျဖင့္လွမ္းၾကည့္ကာ ေျပာလိုက္သည္
“ ငါ ခုနတုန္းက ခ်ဳံးမင္ကိုေတြ႕လိုက္ရတယ္လို႔ ဘာလို႔ထင္ေနမိတာလဲ”

“ သူက အခုဆို အိမ္ျပန္ေရာက္ေနေလာက္ပါၿပီ ”

“သူ ဒီေန႕အိမ္ျပန္ေနာက္က်မယ္ဆိုၿပီး ငါ့ကိုစာပို႔ထားတယ္ ”

ခ်င္ယင္းက ေျပာေနရင္းႏွင့္ပင္ အေနာက္ဘက္ဆီသို႔ ေလွ်ာက္သြားလိုက္၏။ က်န္းယြမ္ပိုင္ သူ႕ထိုင္ခုံမွာ တုန္ယင္ေနလ်က္ သူ႕ကိုယ္တစ္ခုလုံးကိုလည္း ေခြၽးေစးေတြက လႊမ္းၿခဳံလာသည္။ သူ႕ႏွလုံးသား လည္ေခ်ာင္းကေနတစ္ဆင့္ အျပင္ကိုခုန္ထြက္ေတာ့မတတ္ပင္။ အဲ့အခ်ိန္မွာပဲ ေက်ာင္းဝတ္စုံတစ္ခုက သူ႕မ်က္ႏွာကိုေရာ သူ႕ေက်ာပိုးအိတ္ကိုပါ ဖုံးအုပ္သြားသည္။ ရွီပုဖန္က က်န္းယြမ္ပိုင္ရဲ႕ေခါင္းကို သူ႕လက္ေမာင္းထဲထည့္ထားလိုက္ကာ ထိုပုံစံက သူဟာႀကီးမားတဲ့တိရိစာၦန္အ႐ုပ္ႀကီးကိုဖက္ကာ အိပ္ဟန္ေဆာင္ေနသလိုပင္။

ဒီအ႐ြယ္ကေလးတိုင္းက အမ်ားအားျဖင့္ ေက်ာင္းဝတ္စုံကိုဝတ္ဆင္ၾကေလရာ သူတို႔ရဲ႕မ်က္ႏွာကိုအုပ္ၿပီး ေက်ာပိုးအိတ္ေပၚမွီလ်က္ အိပ္ေနတဲ့အခါမွာေတာ့ သူတို႔ဘယ္သူဆိုတာကိုမွတ္မိဖို႔ ခဲယဥ္းေလ၏။ ခ်င္ယင္းရဲ႕အၾကည့္ဟာ ရွီပုဖန္၏တည္တင္းေနတဲ့မ်က္ႏွာေပၚ တစ္ခ်က္ေဝ့ဝိုက္လို႔သြားၿပီးေနာက္ သူတို႔အေရွ႕ကခုံမွာ သူမသူငယ္ခ်င္းႏွင့္အတူ ထိုင္လိုက္သည္။ ယင္းေနာက္ သူတို႔တစ္ေယာက္နဲ႕တစ္ေယာက္စတင္ၿပီးေတာ့ စကားေျပာေတာ့သည္
“ လပတ္စာေမးပြဲက လာေတာ့မယ္။ ရွန္းရွန္းရဲ႕ အဆင့္ေတြေရာဘယ္လိုေနလဲ? ”

“ ခ်ဳံးမင္ေလာက္ေတာ့ မေကာင္းနိုင္တာ အသိသာႀကီးပါ။ သူက အတန္းထဲမွာ အၿမဲတမ္းတစ္ပဲေလ ”

မိဘေတြက စတင္ၿပီးေတာ့ အျခားတစ္ေယာက္ရဲ႕ကေလးကို ႂကြားဝါျမႇောက္ပင့္ေတာ့သည္။ က်န္းယြမ္ပိုင္၏မ်က္ႏွာက ဖုံးအုပ္ခံထားရၿပီး ခဏေလာက္အၾကာမွာေတာ့ သူရွီပုဖန္ရဲ႕အနံ႕ကိုသာလွ်င္ ရေတာ့သည္။ သူ အလြန္ေၾကာက္လန႔္ေနမိ၏။ တကယ္လို႔ သူရွီပုဖန္နဲ႕အတူရွိေနတာကို သူ႕အေမသာ ေတြ႕သြားရင္ သူ႕ကိုဘယ္လိုအျပစ္ေပးမလဲဆိုတာ ဘယ္သူသိမွာလဲ။

ရွီပုဖန္ မ်က္လုံးတစ္ဖက္ဖြင့္ကာ သူ႕ေရွ႕ကခ်င္ယင္းရဲ႕ေခါင္းေနာက္ျခမ္းကို တစ္ခ်က္ၾကည့္ၿပီးေနာက္ သူ႕ေက်ာင္းဝတ္စုံနဲ႕ဖုံးကြယ္ထားတဲ့ ေကာင္ေလးကိုၾကည့္လိုက္သည္။ က်န္းယြမ္ပိုင္က တကယ္ပင္စိတ္လႈပ္ရွားေနၿပီး အသက္ျပင္းျပင္းရႉထုတ္မိလိုက္ေတာ့ ေက်ာင္းဝတ္စုံအား မႈတ္ထုတ္မိသြားတာႏွင့္ အဆုံးသတ္သြားေလသည္။ ရွီပုဖန္ သူ႕အား တစ္ခဏေလာက္စိုက္ၾကည့္ေနၿပီးေနာက္  ႐ုတ္တရက္ပင္ ေခါင္းငုံ႕ကာ ေကာင္ေလးကို ခပ္ဖြဖြနမ္းလိုက္သည္။

တစ္စကၠန႔္ေလာက္ၾကာၿပီးေနာက္ အေဝးကိုျပန္ေ႐ႊ႕ကာ သူ႕ႏႈတ္ခမ္းကိုလွ်က္လိုက္မိသည္။ သူေတြးလိုက္မိ၏ : ေသာက္ရမ္းစိတ္လႈပ္ရွားဖို႔ေကာင္းတာပဲ

မ်က္လုံးေတြက အနက္ေရာင္ကိုသာ ျမင္နိုင္တဲ့က်န္းယြမ္ပိုင္ကေတာ့ စိတ္ရႈပ္ေထြးသြားရသည္။

**

စာေရးသူမွာေျပာစရာရွိတယ္ :

ရွီေကာ : က်စ္

ယြမ္ယြမ္ : ရႈပ္ေထြးေနေသာမ်က္ႏွာဆယ္ခုပါ.jpg

PS : Gongက Shouနဲ႕ဆက္ဆံေရးကို ဘာလို႔ ဒီေလာက္လြယ္လြယ္လက္ခံလဲဆိုတာအတြက္က ေနာက္က်ရင္ ရွင္းလင္းခ်က္ပါပါလိမ့္မယ္

ဒီလိုjpgမ်ိဳးပါ၊ ဒါကေတာ့ မ်က္ႏွာကိုးခုပါတာေပါ့၊ ဆယ္ခုကရွာမေတြ႕လို႔ရယ္

Continue Reading

You'll Also Like

1.7M 70K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
335K 54.5K 139
Title-刺猬与虎 Original Author-游目 Type-Web Novel 129 Chapters + 9 Extras Available in Both Unicode & Zawgyi I don't own the Story. I translate this from...
105K 12.8K 56
ကျောင်း၏idolများဖြစ်ကြသော ကောင်ချောလေးနှစ်ယောက်မှာ ရန်ဖက်များဖြစ်ကြသလို..အကြိုက်ချင်းကလည်းတူနေကြပြန်သေးသည်..တစ်နေ့သောအခါဝယ် ရုတ်တရက်ဆိုသလို best frie...
369K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."