Find My Bearings | ဘာသာပြန် [...

By Nancy_Henituse

79.5K 10.4K 473

ဆော့ဖ်ဝဲလ် တီထွင်သူ Gong ချန်းကျို × မျက်မမြင် Shou ကျိရှောင်ပေ ဆော့ဖ်ဝဲလ် တီထွင်သူ Gong ချန်းကျို × မျက်မမြင... More

မိတ်ဆက် (U/Z)
1 (U)
1 (Z)
2 (U)
2 (Z)
3 (U)
3 (Z)
4 (U)
4 (Z)
5 (Z)
ကမ္ဘာလောကကြီးကနက်မှောင်နေပေမယ့် မင်းကတော့ပန်းရောင်သန်းတယ်
ပေ့ပေ့လေးအားစားခြင်း
Dessert 1 ~ 5 (Unicode)
Dessert 1 ~ 5 (Zawgyi)
Dessert 6 ~ 10 (Unicode)
Dessert 6 ~ 10 (Zawgyi)
Dessert 11 ~ 15 (Unicode)
Dessert 11 ~ 15 (Zawgyi)

5 (U)

4K 917 51
By Nancy_Henituse

Translator: youtiao

Editor: dounai & mantou

မည်သို့ပင်ဖြစ်စေကာမူ ဘဝကြီးကတော့ အရင်လိုပါပဲ။ ဘာပဲပြောပြော cz2046 မရှိပဲနဲ့တောင် လွန်ခဲ့တဲ့ငါးနှစ်လုံးကို ကျိရှောင်ပေတစ်ယောက်တည်း ဖြတ်သန်းခဲ့တာမဟုတ်လား။ ဒါတွေအကုန်ကျော်ဖြတ်နိုင်မှာပါလို့တွေးထားပေမယ့် အစပိုင်းမှာတော့ တော်တော်လေးအလူးအလဲဖြစ်ခဲ့ရတာပေါ့။

သူကအရင်ကဆိုအမြဲလိုလို ဖုန်းဆက်လာမှာကိုစောင့်မျှော်ပြီး နောက်လာမယ့်စကား​ဝိုင်းအတွက်စောင့်ဆိုင်းနေခဲ့ရတာ။ သူ့နှလုံးအိမ်ထဲ ခံစားချက်တွေနဲ့ မျှော်လင့်ချက်တွေစုပုံနေတာကြောင့် အချိန်ကုန်တာမြန်တယ်လို့ထင်ရတာပေါ့။ အခုကြတော့ မနက်ခင်းတိုင်းကို ဘာမျှော်လင့်ချက်မှမရှိပဲနိုးထလာရတာ။ တသွင်သွင်စီးနေတဲ့ရေဟာရေသေဖြစ်လာပုံပင် – လှုပ်ရှားမှုလည်းမရှိ စီးဆင်းမှုလည်းမရှိတော့။

'Be Your Eyes' ကိုဆက်လိုက်လျှင် 'BYE' ဖြစ်၏။

နေ့စဥ်နေ့တိုင်း ကျိရှောင်ပေသည် ဆိုဖာပေါ်ထိုင်ရင်ထိုင် မဟုတ်ရင် အိပ်ရာပေါ်လှဲနေလိမ့်မည်။ စားပွဲတင်နာရီကစက္ကန့်လက်တံရဲ့ ​ခပ်နှေးနှေးနှင့် လေးလေးပင်ပင်လည်နေတဲ့ မြည်သံတချက်ချက်ကို နားထောင်နေလိမ့်မည်။

ချောက် - ချက် ၊ ချောက် - ချက် ၊ ချောက် - ချက် ။

တစ်ခါတစ်ရံမှာ တစ်နေကုန်စိတ်ကူးယဥ်နေတတ်ပြီး တစ်ခါတစ်ရံကြ သူ့ရဲ့စိတ်အစဥ်က cz2046 ထံ လှည့်လည်နေလိမ့်မည်။

သူက App ကိုစမ်းသုံးရင်း cz2046 ဆီမှာ ရှက်ဖွယ်ကောင်းလောက်အောင် အချိန်ကြာကြာငြိတွယ်ခဲ့တာ ၊ cz2046ကို သာမန် user အထင်နှင့်ဆက်ဆံခဲ့ပြီး သူ၏သဘောကောင်းမှု နူးညံ့ကြင်နာမှုတွေကို အစစ်အမှန်လို့မှတ်ထင်ခဲ့တာ ၊ cz2046က သူ့ကို ရုပ်ရှင်ရုံမှာမှတ်မိနေသည့်တိုင် နှုတ်ဆိတ်နေခဲ့တာ စတာတွေကိုပြန်တွေးနေ၏။ သူကမြင်လည်းမမြင်နိုင် ဘာတွေဖြစ်နေမှန်းလည်းမသိနိုင်သည့် သူ့ကိုစနောက်ပြီးအရူးလုပ်ရတာ ပျော်စရာများကောင်းနေသလား?

သူက အိမ်ထဲမှာပဲတသီးတခြားခွဲနေပြီး အပြင်ထွက်ရမှာကိုငြင်းဆန်လာသည်။ အပြင်ထွက်ခဲ့တာဆိုလို့ နှစ်မကူးခင်ညမှာ ဒေါ်လေးက ညစာစားရန်လာကြိုပြီး ဒေါ်လေးအမျိုးသားက ပြန်လိုက်ပို့ပေးခဲ့သည့်တစ်ကြိမ်သာ။

ထိုနေ့က ကျိရှောင်ပေသည် ကြုံတောင့်ကြုံခဲ TVဖွင့်ကာ ဆူဆူညံညံအသံများ ပျော်ရွှင်မြူးတူးအသံများကို နားထောင်ခဲ့၏ – နွေဦးရာသီပွဲတော်ပင်။ သန်းခေါင်ယံ Countdown ပြီးသည့်အခါ ပြတင်းပေါက်အပြင်မှ နားအူမတက်ဆူညံသော မီးရှူးမီးပန်းအသံများထွက်လာသည်။ သူလက်ကိုဆန့်ကာအိပ်ရာပေါ်စမ်းရင်း နောက်ဆုံးမှာ TV ရီမုကိုရှာတွေ့သွားသည်။ TVကိုပိတ်ပြီး စောင်ဖြင့်ကိုယ်ကိုရစ်ပတ်ခြုံကာ အိပ်လိုက်တော့သည်။

တရုတ်နှစ်သစ်ကူးရဲ့ပထမဆုံးနေ့ဟာ သူ့အတွက် ထူးထူးခြားခြားမဟုတ်ခဲ့ – ဒီအတိုင်း ပုံမှန်နေ့လေးတစ်နေ့သာ။

သို့သော်လည်း အိမ်အောက်တွင် တစ်စုံတစ်ဦးက အချိန်တော်တော်ကြာမတ်တပ်ရပ်နေခဲ့သည်ကို ကျိရှောင်ပေမသိခဲ့ချေ။ ထိုပုဂ္ဂိုလ်က လက်ထဲတွင်ဖုန်းကိုင်ပြီး မျက်လုံးပုံသင်္ကေတနှင့် Appကို ဖွင့်လိုက်သည်။ ပေ့ပေ့ကိုဆက်သွယ်ရန် ထပ်ခါတလဲလဲ ကြိုးစားခဲ့သော်ငြား သူပြန်ရခဲ့သည်မှာ ဖော်ရွေပျူငှာမှုမရှိသည့် အသိပေးသံကိုသာ "Close friend လိုင်းပေါ်တွင်မရှိပါ ၊ နောက်တစ်ကြိမ်ထပ်မံကြိုးစားခေါ်ဆိုပါ" ...။

ချန်းကျိုသည် ခေါင်းမော့လိုက်ပြီး ဘယ်တစ်ခုက ပေ့ပေ့ဆီကမှန်းမသိရသည့် မီးရောင်မှိန်ဖျဖျများကို ငေးကြည့်နေ၏။ ဆောင်းည၏ အေးခဲလှသည့် လေ​ပြည်ညင်းများကြားတွင်ရပ်နေသည်။ အအေးဓာတ်ကြောင့်လက်များထုံကျင်လာပြီး နည်းနည်းကြာအောင်ဆက်နေပါက ဖုန်းကိုပင်သေချာဆုပ်ကိုင်နိုင်မည်မဟုတ်တော့။

"ပျော်ရွှင်ဖွယ်ရာနှစ်သစ်ကူးလေးပါ ပေ့ပေ့" ဆိုသည့်စကားလေးပဲပြောချင်ရုံပါ။

သူတို့နောက်တစ်ဖန်အဆက်အသွယ်ပြန်ရခဲ့သည်မှာ နောက်နှစ်လကြာပြီး နွေဦးသို့ရောက်၍ပန်းများပွင့်လန်းကြသည့်အချိန်၌ပင်။ ထိုနေ့က ကျိရှောင်ပေ ၏ညီမလေးမှ ချစ်သူကောင်လေးကိုအိမ်သို့ခေါ်လာပြီး သူ့မိသားစုနှင့်အတူ ထမင်းလက်ဆုံစားကြမည်ဖြစ်သည်။ ထို့ကြောင့် သပ်သပ်ရပ်ရပ်လေးဝတ်စားသွားချင်သည်။ သူ့ဒေါ်လေးနှင့်တခြားသူများက စားသောက်ဖို့ပြင်ဆင်ရင်းအလုပ်ရှုပ်နေကြသည့်အတွက် ဝတ်စုံရွေးဖို့ကိစ္စလေးလောက်နှင့် ထိုသူများကိုကရိကထမဖြစ်စေချင်။ သူခဏကြာတွေဝေနေပြီးနောက်ဆုံးမှာ Be Your Eyes ကို ပြန်ပြီး Install လုပ်ရန်ဆုံးဖြတ်လိုက်သည်။

"Be Your Eyes ကိုဖွင့်ပါ" ကျိရှောင်ပေ၏အသံမှာ အနည်းငယ်တုန်ယင်နေ၏။ App ပွင့်သွားသည့်အသံကိုကြားပြီးနောက် အမျိုးသားတစ်ဦး၏ အသံထွက်လာသည် "ကျွန်တော် လူတစ်ယောက်ကိုချစ်ခဲ့ပေမယ့်သူထွက်သွားတယ်။ သူကျွန်တော့်ကိုစောင့်နေလိမ့်မယ်ထင်ပြီး 2046 ကိုသွားခဲ့ပေမယ့်ကျွန်တော်ရှာမတွေ့ခဲ့ဘူး။ သူကျွန်တော့်ကိုချစ်ရဲ့လားဆိုတာ တကယ်ပဲသိချင်မိပေမယ့် ကျွန်တော်သူ့အဖြေကိုရနိုင်မှာမဟုတ်ဘူး။ သူ့အဖြေက ဘယ်သူမှမသိနိုင်တဲ့လျှို့ဝှက်ချက်တစ်ခုလိုပဲ"

ကျိရှောင်ပေ တောင့်တင်းသွား၏။ ဒါတွေဟာ '2046' ထဲကစာသားတွေဆိုတာသူသိသည်။

သို့တိုင် ခေါင်းကိုခါရမ်းလိုက်ပြီး ထိုအကြောင်းကို အများကြီးမတွေးရဲတော့။ App ပွင့်သွားသည့်အခါ အပြင် User များထံမှ အကူအညီတောင်းလိုက်ပြီး လျင်မြန်စွာပင် ကောင်မလေးတစ်ဦးနှင့် ချိတ်ဆက်သွားသည်။ ကျိရှောင်ပေသည် cz2046 ကလွဲပြီး တခြားသူများနှင့်မဆက်သွယ်ခဲ့ဖူး၍ အနည်းငယ်စိတ်လှုပ်ရှားနေသည်။

ထိုမိန်းကလေးသည်သူနှင့် ဆယ်မိနစ်​ကျော်ကြာအောင်စကားပြောခဲ့ပြီး မိသားစုတွေ့ဆုံပွဲအတွက်သင့်လျော်မည့်ဝတ်စုံတစ်စုံကိုလည်း သေချာလေးရွေးကူပေးခဲ့သည်။ ကျိရှောင်ပေက အလေးအနက်ကျေးဇူးတင်လိုက်ပြီး ဖုန်းမချခင်မှာ မိန်းကလေးက ရုတ်တရက်​ထပ်ပြောလိုက်၏ "သူ့ကို ခွင့်လွှတ်ပေးလိုက်ပါတော့... နော်?"။ ကျိရှောင်ပေ စိတ်ရှုပ်ထွေးသွားကာ နားကြားမှားသည်ဟုထင်လိုက်၏။

ထိုနေ့မှစ၍ ကျိရှောင်ပေသည် App ဖွင့်လိုက်တိုင်း ရုပ်ရှင်ကားထဲကစာသားများအား နောက်ခံရွတ်ဆိုပြသည်ကို သတိထားမိသွားပြီး ထိုကားများသည် မျက်မမြင်များအတွက်ရုပ်ရှင်ရုံမှ သူကြည့်ခဲ့သည့် ဇာတ်ကားများဖြစ်နေသည်။

"ကျွန်တော်ဘာပြောသင့်လဲမသိတော့ဘူး ၊ အခု ကျွန်တော်သူ့ကိုအရမ်းလွမ်းတာပဲ။ လူတစ်ယောက်က သူ့အသက်နှစ်ဆယ့်ခုနှစ်နှစ်မှာ မြင်မြင်ချင်းချစ်မိဖို့ဖြစ်နိုင်သေးရဲ့လားဆိုတာ ကျွန်တော်အမြဲပဲသိချင်ခဲ့ရတာ"

"ကိုယ့်ရဲ့လက်ဖဝါးပေါ်က နှလုံးသားရေးလမ်းကြောင်း ၊ အသက်လမ်းကြောင်းနဲ့ အလုပ်အကိုင်လမ်းကြောင်းတွေက မင်းနာမည်ရဲ့ အက္ခရာတွေနဲ့ဖြစ်တည်လာတာပါ"

"ကိုယ့်မှာ နောက်ထပ်လက်မှတ်တစ်စောင်သာရှိမယ်ဆိုရင် မင်းကိုယ်နဲ့အတူတူသွားမှာလား?"

"ကိုယ့်အပေါ်အများကြီးကောင်းမပေးပါနဲ့လား။ မင်းကိုယ့်ကို အရမ်းကောင်းကောင်းမွန်မွန်ဆက်ဆံပေးပြီး မင်းကိုယ့်အပေါ်မကောင်းနိုင်တော့တဲ့နေ့ရောက်တဲ့အခါ ကိုယ်ယူကျုံးမရဖြစ်ရလိမ့်မယ်"

"နောက်ဆုံးတော့လည်း ဒီတိုတောင်းလှတဲ့လူ့ဘဝထဲ ကျွန်တော်တို့တွေဟာ တစ်စုံတစ်ရာကိုဆုံးရှုံးရစမြဲပဲလေ။ မင်းပိုပြီးသတ္တိရှိလည်းဖြစ်တာပေါ့ – တစ်စုံတစ်ယောက်ကို ချစ်မလား ၊ တောင်တစ်တောင်ကို ​ကျော်လွှားမလား ၊ နောက်ပြီး အိမ်မက်တွေနောက်ကို လိုက်မလား"

ဒါတင်သာမက Volunteerတိုင်းက ဖုန်းချခါနီးမှာ ဖျောင်းဖျတိုက်တွန်းသည့်စကားတခွန်းကို အလေးအနက်ပြောသွားကြသည်  "မင်းသူ့ကို မြန်မြန်လေး ခွင့်လွှတ်ပေးသင့်ပြီ!" ၊ "သူမင်းကိုတကယ်လွမ်းနေတာ" ၊ "သူမင်းကိုတောင်းပန်ချင်နေတယ်"

ဒီအကြိမ်မှာတော့ နားကြားမှားတာမဟုတ်ကြောင်း ကျိရှောင်ပေသေချာသွား၏။ တစ်ရက်မှာ သတ္တိမွေးကာ ဘာတွေဖြစ်နေတာသလဲဆိုတာ မေးလိုက်သည်။

လိုင်းတစ်ဖက်ရှိ volunteerသည် အငြိမ်းစားယူထားသော ဘာသာစကားသင်သည့်ဆရာမတစ်ဦးဖြစ်၏။ သူက ကျိရှောင်ပေနှင့် တစ်နာရီကျော်ကြာအောင် ဖြစ်သမျှအကြောင်းအလုံးစုံကို​ပြောပြလိုက်သည်။ ဒီ Appကို သူရဲ့သမီးလေးကသွင်းပေးထားတာဖြစ်​ကြောင်းနှင့် အားလပ်ချိန်တွေမှာလိုင်းပေါ်တက်ပြီး တခြားသူများကိုကူညီခြင်းအားဖြင့် ပင်စင်ယူပြီးလို့ကျန်ရှိနေသည့်အားအင်များကို ဒီမှာအသုံးချနိုင်ကြောင်း စသဖြင့်ပြန်လည်ပြောပြခဲ့သည်။

ဆရာမကြီးက သူ့မေးခွန်းကိုနားထောင်ပြီး အလွန်ကိုအံ့သြသွား၏ "ဒီလောက်တောင်ကြာလှပြီ မင်းအခုထိမသိသေးဘူးလား?  App ကိုဖွင့်လိုက်တိုင်း 'ပေ့ပေ့ဆိုသည့်အမည်နှင့် ကောင်လေးတစ်ယောက်မှ ဆက်သွယ်လာပါက ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့တောင်းပန်စကားကို ​စကားပါးပေးပါခင်ဗျာ' ဆိုတဲ့ အသိပေးသံထွက်လာတယ်လေ"

ကျိရှောင်ပေသည် အိမ်မက်များမက်သလားဟုတွေးမိသည်။ လက်မောင်းကိုဆိတ်ကြည့်ရာ နာကျင်မှုကိုခံစားရ၏။ "အန်တီ အခု စ,နေတာမဟုတ်လား…"

အန်တီကြီးမှာ ထိတ်ထိတ်ပျာပျာဖြစ်သွားတော့၏။ "တကယ်ပြောတာပါကွယ်! ဒီထဲမှာ Volunteer ငါးရာလောက်ရှိတယ် ၊ နောက်ပြီး မင်းကိုမသိတဲ့သူမရှိဘူးရယ်! မင်းမယုံရင်လည်း တခြားတစ်ယောက်ကိုမေးကြည့်လို့ရပါတယ်!"

ကျိရှောင်ပေကသူ့လိုပဲ ရက်အတန်ကြာသတ္တိမွေးပြီး နောက်ဆုံးမှာဆက်သွယ်ဖို့လုပ်နေသည့် တခြားတစ်ယောက်ရှိလိမ့်မည်လို့မသိခဲ့ချေ။ ဘေးနားရှိဖုန်းမှ ထပ်တလဲလဲအသံထွက်လာသည် "Close friend cz2046မှ ဆက်သွယ်ရန် တောင်းဆိုနေပါသည် ၊ Close friend cz2046မှ ဆက်သွယ်ရန် တောင်းဆိုနေပါသည်…"

အိပ်ရာထက်လဲလျောင်းနေရင်း ကျိရှောင်ပေက ခေါင်းအုံးကိုယူပြီး မျက်နှာပေါ်အုပ်လိုက်၏။ သူ့နှလုံးသားက ခပ်ပြင်းပြင်းမြန်မြန်ခုန်​နေပြီး အသက်ရှုတွေခက်ခဲလာသည်။ နောက်ဆုံးမှာတော့ ခပ်တိုးတိုးဝိုးတဝါးအသံလေးဖြင့် စကားတစ်ခွန်းပြောထွက်သွားသည် "လက်ခံတယ်…"

တိုက်ပွဲဝင်ဖို့အချိန်အတော်ကြာအသင့်ပြင်ထားသည့်ချန်းကျိုမှာ ပေ့ပေ့ကသူ့ရဲ့ပထမဆုံးခေါ်ဆိုမှုကို လက်ခံလိမ့်မည်ဟုလုံးဝမျှော်လင့်မထား။ ထိုသူ၏ "ဟယ်လို" ဆိုသည့် နူးညံ့ညင်သာသောအသံလေးကိုကြားလိုက်ရသည့်အခါ ပိုပြီးကြံ့ခိုင်သန်မာလာဖို့အတွက် လပေါင်းများစွာကြာသည့် စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုလေးမှာ အကုန်ပင်မြောင်းထဲရောက်သွားတော့သည်။

"စိတ်ဆိုးနေသေးလား?" အချိန်အကြာကြီးကုန်သွားတော့မှ သူကစကားလုံးအနည်းငယ်​ကို ဖျစ်ညှစ်ထုတ်လိုက်နိုင်၏။

အစပိုင်းတွင် ချန်ကျိုးသည် ဘာတွေဘယ်လိုဖြစ်သွားမှန်းလုံးဝနားမလည်ခဲ့ချေ။ ရုတ်တရက်ကြီး ပေ့ပေ့ကသူ့ကိုလစ်လျူရှုသွားပြီး Appပေါ်လည်းလုံးဝလိုင်းတက်မလာတော့သလို ရုပ်ရှင်ရုံကိုလည်းဆက်ပြီးမလာတော့။ အချိန်နည်းနည်းကြာသွားမှ သူတို့နှစ်ဦးကြားနားလည်မှုလွဲသွားသည်ကိုသိလိုက်ရသော်လည်း ဘာဆက်လုပ်ရမှန်းမသိတော့ပေ။

သေချာပေါက် ချန်းကျိုက ပေ့ပေ့ဘယ်မှာနေလဲဆိုတာသိ၍ အချိန်မရွေးချည်းကပ်နိုင်သော်ငြား ထိုသူ့ကို လန့်သွားအောင်မလုပ်ချင်ခဲ့။ ပေ့ပေ့က Be Your Eyes ဆီပြန်လာမည်ကိုသာ စောင့်နေဖို့ရန်ရွေးချယ်လိုက်သည်။

"ပေ့ပေ့ ၊ ကိုယ်မင်းကိုစသိတဲ့အချိန်တုန်းက App ကို စမ်းသပ်ချင်ခဲ့တယ်ဆိုတာမှန်ပါတယ်"

"ကိုယ့်မှာက စမ်းသပ်ခံလူတွေအများကြီးရှိတယ်။ ဒါပေမယ့် မင်းကတော့ မတူဘူးလေ"

"ကိုယ် တခြားစမ်းသပ်ခံလူတွေနဲ့ နေ့တိုင်းတရက်မပျက်အချိန်မှန်မှန်ဆက်သွယ်တာတွေမလုပ်ခဲ့ဘူး"

"သူတို့ဆီကနေ 'Close Friend' ဆိုတဲ့ Function အသစ်ဖန်တီးဖို့ကိုလည်း အကြံရလာမှာမဟုတ်ဘူး"

"သူတို့နဲ့နီးစပ်ဖို့အတွက်လေးနဲ့ ရုပ်ရှင်ရုံမှာ volunteer သွားလုပ်မှာလည်းမဟုတ်ဘူး"

"သူတို့နဲ့တစ်ရက်လေးမဆက်သွယ်ရလို့ လွမ်းဆွတ်ပြီး နှလုံးသားရဲ့တစ်စိတ်တပိုင်းလစ်ဟာသွားသလိုမျိုး ဝေဒနာတွေခံစားရမှာမဟုတ်ဘူး"

ချန်းကျိုသည် သူ့ကိုယ်သူ ပါးစပ်ထဲတွေ့ရာတတွတ်တွတ်ပြောနေမိသည့်အဖြစ်ကို သတိမထားမိတော့။ ထိုစကားများသည် သူ့နှုတ်ဖျားမှ အလိုအလျောက်ထွက်ကျလာသည့်အလား။ နောက်ဆုံးတွင် သူကပြောလိုက်သည် "ပေ့ပေ့ တကယ်လို့ မင်းစိတ်မဆိုးတော့ဘူးဆိုရင်လေ ကိုယ်တို့ထပ်တွေ့နိုင်သေးလား? မင်းသဘောတူတယ်ဆိုရင် လာမယ့်စနေနေ့မှာ ကိုယ်မင်းကိုရုပ်ရှင်ရုံကနေစောင့်နေမယ်"

ထိုနေ့တွင် ချန်းကျိုသည်သူ့အား ရုပ်ရှင်ရုံတွင်မစောင့်ခဲ့ပေ ၊ ထို့အစား သူက နေ့လယ် ၁၂နာရီမှ ၂ချက်အထိအိမ်အောက်တွင်စောင့်နေ၏။ ပေ့ပေ့ကသူ့ကိုနောက်တစ်ခါမတွေ့ချင်သေးဘူးဟုတွေးမိစဥ်မှာပင် တံခါးက 'ကလစ်' ခနဲ့ပွင့်သွားသည်။

ချန်းကျိုက ​ငေးမောကြည့်နေပြီးခဏအကြာတွင် ဖွင့်ထားသည့်တခါးအဟလေးကြားမှ လမ်းလျှောက်တုတ်ဖြူဖြူလေးထွက်လာ၏။ ပေ့ပေ့က သတိထားလျှောက်လာပြီး အရင်ကချစ်စရာဝက်ဝံခြေအိတ်လေးလည်းဝတ်ထားသည်။ သူက သွားရင်းနဲ့အလွန်ပင်စိတ်လှုပ်ရှားနေပြီး ချန်းကျိုက ကူပေးချင်သည့်အခါတိုင်း သူ့ကိုယ်သူထိန်းထားရသည်။

ကျိရှောင်ပေသည် ရုပ်ရှင်ရုံအဝင်ဝတွင်ရပ်ရင်း လက်ထဲတွင်ဖုန်းကိုကိုင်ထားသော်လည်း cz2046 ထံခေါ်ဆိုရန်သတ္တိမရှိသေး။ သူက ရုတ်တရက်လှည့်ပြန်သွားချင်စိတ်ပေါ်လာသည်။

သူပြန်လှည့်မည်အပြု တစ်စုံတစ်ယောက်က သူ့လက်ကိုတင်းကြပ်စွာဆွဲကိုင်လိုက်ပြီး "မင်းရောက်လာပြီးရင် လှည့်ပြန်သွားလို့မရဘူးလေ"

ထိုအသံမှာ ချန်းလောင်ရှစ်၏အသံတစ်ဖြစ်လဲ cz2046 ၏အသံဖြစ်ပေသည်။ ကျိရှောင်ပေ ၏နှလုံးသားမှာ လျှပ်စစ်ဗို့အားနဲ့အတို့ခံလိုက်ရသလို ကျင်တက်သွားပြန်သည်။ "ခင်… ခင်ဗျား ကျွန်တော့်နောက်ကလိုက်လာတာလား?"

ချန်းကျိုက လမ်းလျှောက်တုတ်အဖြူလေးကို ကိုင်ထားသည့်လက်အားပိုက်ထွေးလိုက်ရင်း ဖွင့်ဟ​ဝန်ခံလိုက်သည် "ကိုယ်က အမြဲလိုက်လာတာပါ ၊ ပြီးတော့ အမြဲပဲလိုက်နေအုံးမှာ ၊ တစ်ဘဝလုံး မင်းနဲ့အတူ လျှောက်လှမ်းသွားမှာ"

《Main Story End》

Continue Reading

You'll Also Like

181K 27.6K 65
Author : Bei Nan Status - 62 chapters+3extras I own nothing of this novel. This is just a fan translation. Full credit to the original author and art...
10.5K 1.4K 29
Original author_陈隐(Chén yǐn) Original title _我不可能喜欢他 Total chapters _63 chapters I don't own this story and this is just for fun translation. Credi...
231K 35.1K 112
အကြွေစေ့လေးတစ်စေ့ [၀ူးကျယ်]
26.5K 3.6K 6
Title - ဘာဖြစ်လို့များငါ့သူဌေးရှေ့မှာကိုယ့်ကိုကိုယ်အမြဲတမ်းအရှက်ကွဲအောင်လုပ်မိပါလိမ့်? Author - Bian Xiang Myanmar Translator - Jewel(Unicode and Zaw...