မာဖီးယားကိုကို(Completed)

Από MayPhyoLwin

199K 11.1K 250

ထည်ဝါရှန် နွေဦးမောင် ထည်ဝါရှန် နွေဦးမောင် Περισσότερα

အပိုင်း ၁
အပိုင်း၂
အပိုင်း ၃
ကျေးဇူးတင်ခြင်း
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း(၈)
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၅
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၉
အပိုင်း ၂၀
😁

အပိုင်း ၁၈

5.1K 340 6
Από MayPhyoLwin


"ဂျက် ကူညီပေးပါ ကွာ"








"အားကိုးပါတယ် ညီလေးရာ "





"အင်း.ဒါပေမယ့် "

"ဘာ ဒါပေမှမဲ့နဲ့ လူကြီးအလှည့်တုံးက အစ်ကိုတမ့်ကူညီပေးထားတယ်မလား"






"ဘာလဲ "


"ဟင်"



"မကြားရဘူး "



"ကိုကို!"


"ရပြီမလား သွားတော့မယ် "




"ကလေး "



"လာပါအုံး … မွ!"

"ကလေးကို ချစ်တယ် "






"ဟာနွေဦး လာလေကွာ"










"ငါ...."


"မဟုတ်ပါဘူး နွေဦး ရာ"












"အင်းပါ "


"…"


"ကျေးဇူးပါ နွေဦး "




"အင်း"


Unicode

တမ့်ဖွင့်ပြောပြီး နောက်နေ့ကတည်းက မိုးလေး အလုပ်မလာတော့ပါ တမ့်ကိုမကြိုက်၍ အတွေ့မခံချင်သောကြောင့်မလာတာလားမသိ ဒီလိုမှန်း သိရင် အစကတည်းက ဖွင့်မပြောခဲ့ဘူး ခုတော့ မနီးစပ်ခင် ဝေးသွားကြသည် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့လို့ ဂျက်တို့ထံ အကူအညီတောင်းရန် လာခဲ့သော်လည်း ထိုအတွဲမှာမိမိအရှေ့ပင်မရှောင် roနေကြသည်

"ဂျက် ကူညီပေးပါ ကွာ"

"မင်းကဘာဖြစ်တာလဲ အိုက်တမ့် ရာ"

"မိုးလေး သူအလုပ်မလာဘူး"

."အလုပ်မလာတာ နေမကောင်း လို့နေမှာပေါ့,"

"မဟုတ်ပါဘူး နွေဦး ညီလေး အစ်ကို ကိုကူပြောပေးပါကွာ"

"အစ်ကို တမ့် မဟုတ် မှ မိုးသဲ ကိုဖွင့်ပြောလိုက်တာလား"

"ဟုတ်တယ် ညီလေး ရာ ခုအလုပ်လည်း မလာဘူး ဖုန်း လည်း မကိုင်ဘူးး"

"ညနေ သူ့အိမ်ဝင်ကြည့်လိုက်ပါ့မယ်"

"အားကိုးပါတယ် ညီလေးရာ "

တမ့် မိုးလေးကို တွေ့ချင်နေမိသည် မိုးလေး ငြင်းမည်ဆိုလျှင်လည်း ခံနိုင်အောင်ကြိုးစားပါ့မည် ယခုလိုရှောင်နေရင်မနေတတ်ပါ

"လူကြီး ဒီနေ့အလုပ်စောဆင်းမယ်"

"ဟင်ကလေးကလည်း ကိုယ်နဲ့အကြာကြီးအတူမနေချင်ဘူးပေါ့"

"လူကြီးကလည်း အစ်ကိုတမ့်ကိုကူညီရမယ်လေ"

"အင်း.ဒါပေမယ့် "

"ဘာ ဒါပေမှမဲ့န့ဲ လူကြီးအလှည့်တုံးက အစ်ကိုတမ့်ကူညီပေးထားတယ်မလား"

"ကလေးက လည်း အခြေအနေမှမတူတာ"

"တူတူ မတူတူ လူကြီးလည်း ကျနော်နဲ့ တစ်ပတ်လောက်မတွေ့ဘဲ နေနိုင်လို့လား"

"တစ်ပတ်မပြောနဲ့ တစ်စက္ကန့်တောင်မခွဲချင်ဘူး"

"အဲ့တာ ဘဲလေလူကြီးကိုယ်ချင်းစာတတ်ပါ"

"ရတယ်လေ ဒါပေမဲ့ သဘောတူညီချက် တစ်ခု ရှိတယ် အဲဒါ လုပ်ပြီးမှ ခွင့်ပြုမယ် "

"ဘာလဲ "

"ကိုယ့်ကို လူကြီးလို့မခေါ်ဘဲ ကိုကိုလ ို့ပြောင်းခေါ်ရမယ်"

"ဟင်"

"ဘာလဲ မခေါ်ဘူးလား မခေါ်ရင် မလွှတ်ဘူး"

"ခေါ်မယ်ဗျာ ကို… …ကို ရပြီလား "

"မကြားရဘူး "

နွေဦး အသံတိုးတိုးလေး ခေါ်တာ မဟုတ်ပါ ဒါကိုလူကြီးသပ်သပ်မကြားချင်ယောင်ဆောင်နေတာ တွေ့ဦးမယ် ဒီလူကြီး 

နွေဦး လူကြီးအနားကိုကပ်ကာ နားရွက်ကိုဆွဲ၍

"ကိုကို!"

ထည်ဝါ နားအူသွားတော့သည် ဒီကလေး ထည်ဝါ ကို သပ်သပ်အပြစ်ပေးတာ နောက်မှ ဆုံးမရမယ်

"ရပြီမလား သွားတော့မယ် "

"ကလေး တစ်ခုခု မေ့နေတယ် မထင်ဘူးလား"

နွေဦး လူကြီးပြောတာကို သဘောပေါက် ပါသည် သူ့ကို အနမ်းပေးမသွား၍ လှမ်းသတိပေးနေသော နွေဦးရဲ့ နှစ်ယောက်မရှိသောလူကြီး

"မမေ့ပါဘူး နွေဦး ပစ္စည်းတွေ အကုန်စုံတယ်"

"ကလေး "

"ဟုတ်ပါပြီ စိတ်မဆိုးနဲ့ ချစ်လို့စတာ "

ထိုစကား ကိုကြားမှ ဦးထည်ဝါမျက်နှာသည် ပျားသကာကဲ့သို ချိုမြန်သွားပါတော့သည်

"လာပါအုံး … မွ!"

"ကလေးကို ချစ်တယ် "

"ကလေးလည်း ကိုကို့ ကို ချစ်တယ် "

နွေဦး ပြောပြီးတန်းကနဲ ပြေးထွက်သွား တော့သည် ရုံးခန်းထဲမှာတော့ ထည်ဝါမှာအသည်းယားရင်းကျန်နေခဲ့သည်

"ဒီ ကလေး တစ်နေ့တစ်ခြားပိုချစ်ဖို့ကောင်းလာတယ်"

နွေဦး  မိုးသဲ တို့အိမ်ရောက်သွားတော့ အမောင်မိုးသဲမှာ အပင်တွေရေလောင်းနေသည်
မိုးသဲ တို့အိမ်က အလယ်အလတ်တန်းစားမျိုးဖြစ်သည် မိုးသဲကတစ်ဦးတည်းသော သားလည်းဖြစ်တာကြောင့်အချစ်ပိုပြီး စည်းကမ်းတင်းကြပ်ကြသည်

"မိုးသဲ မင်းဘာလို့အလုပ်မလာတာလဲ"

"ဟာနွေဦး လာလေကွာ"

မိုးသဲ လုပ်လက်စအလုပ်ရပ်ကာ နွေဦး အား ခံအတွင်းရှိဒန်းပေါ်ခေါ်သွားလေသည်
နှစ်ယောက် သားဒန်းပေါ်ထိုင်ပြီး မိုးသဲအလုပ်ပျက်သောကိစ္စအား ဆွေးနွေးနေကြသည်

"ပြောပါအုံး မင်းကဘာလို့အလုပ်ကိုမလာတာလဲ"

"အကြောင်းရှိလို့ပါကွာ"

"မင်းအလုပ်ကထွက်မလို့လား"

"အင်းစဉ်းစားထားတယ် မင်းအိမ်ကလည်း အစ်ကိုထည်ဝါ နဲ့သိနေပြီဆိုတော့ ငါမလိုတော့ဘူးလေ"

"မဆိုင်ပါဘူးကွာ မင်းအစ်ကိုတမ့်ကိုရှောင်နေတာမလား"

"မဟုတ်ပါဘူး ဒီတိုင်း..မလုပ်ချင်တော့လို့ပါကွာ"

မိုးသဲ ဘယ်လိုပင်ငြင်းနေပါစေ မိုးသဲ မျက်နှာတွင် အစ်ကိုတမ့်ကိုချစ်နေကြောင်းဝန်ခံနေသည်
မျက်နှာ ကလည်းအနည်းငယ်ပျက်နေသည်

"မိုးသဲ မင်းဘာဖြစ်ဖြစ် ငါ့ကိုပွင့်ပွင့်လင်းလင်းတိုင်ပင်သင့်တယ်"

"ငါ...."

"မင်းငါ့ကို သူငယ်ချင်း လို့မသတ်မှတ်ဘူးလား"

"မဟုတ်ပါဘူး နွေဦး ရာ"

"အဲ့ ဆိုမင်းဘာဖြစ်နေတာလဲ"

"ဟိုနေ့က တမ့်ဘိုးတော်ငါ့ကိုဖွင့်ပြောတယ်"

"အင်း ဘာလဲမင်းကအစ်ကိုတမ့်အချစ်ကို လက်မခံချင်လို့ရှောင်နေတာလား"

မိုးသဲ မျက်နှာအတန်ငယ်ညိုးသွားသည်

"ငါက ငါ့မိသားစုရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်လေ နွေဦး ငါ့မိဘတွေ ဘယ်လောက် စည်းကမ်းကြီးလဲ မင်းသိသားနဲ့ ငါသာယောကျာ်းလေးတစ်ယောက်နဲ့ ကြိုက်နေရင် ငါ့မိဘတွေ ဘဲ စိတ်ဆင်းရဲ ရမှာ ငါ့ပျော်ရွှင်မှုအတွက် ငါ့မိသားစုကို လျစ်လျူ မရှုရဲဘူး"

မိုးသဲ စကားကို နွေဦး ကြားပြီးသည်နှင့် မိုးသဲကို စာနာမိသည် နွေဦး သည်ပင်လည်း ယခုထိတိုင် လူကြီး နှင့် ကိစ္စကို မိဘများကိုမပြောရဲပေ

"အဲ့တော့ မင်းဆိုလိုချင်တာက မင်းမိဘတွေ သဘောတူရင် အစ်ကိုတမ့် ကို လက်ခံမယ်ပေါ့"

"ငါ မိဘတွေကို စိတ်ချမ်းသာ စေချင်တယ် နွေဦး "

"ငါနားလည်တယ် ဒါပေမယ့် မင်း အစ်ကိုတမ့်ကို အကျိုးအကြောင်း ပြောသင့်တယ် ခုမင်းက သူဖုန်းဆက်တာလည်း မကိုင်တော့ အစ်ကိုတမ့် အရမ်းစိတ်ပူနေတယ် "

"ငါမပြောတော့ပါဘူး ဒီလကုန် အလုပ်ထွက်စာတင်မယ်လို့ စိတ်ကူးထားတယ် "

"အဲ့လောက် အလျင်ကြီး မဆုံးဖြတ်ပါနဲ့ ခေါင်းအေးအေးထားပါ"

"အင်းပါ "

"ငါပြန်လိုက်အုံးမယ် တကယ်လို့ မင်းသာ အစ်ကိုတမ့်ကို ချစ် ရင် သူ့ကို ယုံသင့်တယ်"

"…"

မိုးသဲ နွေဦး စကားကို ပြန်မပြောနိုင် မိမိသာ တစ်ဦးတည်းသော သားမဟုတ်ပါလျှင် မိုးသဲ တမ့်ဘိုးတော် ရဲ့အချစ်ကိုလက်ခံနိုင်သည် ယခုမူ မိဘများ၏စည်းကမ်းတင်းကျပ်မှု ရှေးရိုးဆန်မ ှုတို့ကြောင့် ဒီအကြောင်းသာ သိသွားလျှင် သားအဖြစ်မှ စွန့်ပစ် ကြလိမ့်မည် မိမိပျော်ရွှင်မှု တစ်ခုတည်း အတွက် မစွန့်စားရဲပေ

"ကျေးဇူးပါ နွေဦး "

"ရပါတယ ်အကိုတမ့် မိုးသဲ ကို သနားလို့ ပါ"

"အစ်ကို သူ့ကို စိတ်ချမ်းသာအောင် ထားမှာပါ "

"အစ်ကို့ တမ့်ကိုယုံပါတယ် မိုးသဲ လဲပျော်ရွှင်ရမှာပါ"

"အင်း"

တမ့် မိုးသဲ ကိုရရန် အစီစဉ် များရေးဆွဲနေသည် မိုးသဲ သူ့အား မချစ်ဖူးလို့ မငြင်းဘဲ သူ့မိဘတွေ ကြောင့် သာ လက်မခံတာ ဖြစ်ကြောင်း သိရ၍ပျော်မိသည် အချစ် ဆိုသော အရာသည် ဘယ်လို အခက်ခဲတွေ ဘဲရှိရှိ ကိုယ့်ချစ်သူက ကိုယ့်ကို ချစ်နေရင် အရာအားလုံး ဖြတ်ကျော်နိုင်စွမ်း ရှိသည် တမ့်လည်း ထိုအတိုင်းပင် မိုးသဲ ကို ပိုင်ဆိုင်နိုင်ရန် ဘယ်လိုအခက်ခဲရှိနေပါစေ အဆုံးတိုင် ကြိုးစားပြီး သစ္စာရှိရှိ ချစ်နေမည် (😁😁သသာလို FAတစ်သိုက် အားငယ်နေပါပြီ)

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

226K 13.9K 37
ကိုကြီးရဲ့ကောင်လေး 11/04/2020 "ငါ့ဘဝမှာငါ့ညီမကအရေးကြီးဆုံးဘဲ" "ကိုယ်မင်းကိုချစ်တယ်ကောင်လေး" "ဘာအခက်အခဲဘဲရှီရှီမင်းကိုကိုယ်မစွန့်လွှက်နိုင်ဘူးကလေး" ...
2.5K 68 5
A girl who's death was a mistake but she is given another chance to let her live, but plot twists he was reincarnated to the Harry Potter series, she...
36.3K 2.2K 52
A Supernatural AU with Fifth Harmony Seven kingdoms of immortal and powerful supernatural beings that have been at war for as long as the oldest of i...
3M 194K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...