အပိုင်း ၂၀

11.6K 422 13
                                    

မဖြိုး  ဒီနေ့ ထိုင်းကနေပြန်လာမည်ဆို၍ ထည်ဝါ နှင့်နွေဦးတူသွားကြိုကြသည် သို့သော် ကလေး အစ်မနှင့်အတူ ဒယ်ဒီ ကိုတွေ့လိုက်ရ၍ ထည်ဝါ လန့်သွားသည်

"ဒယ်ဒီ ဘယ်လိုရောက်လာတာလဲ"

"ကိစ္စ ရှိလို့ပါ ဂျက်ရာ ဘာလဲ မင်းက ဒယ်ဒီကို မြန်မာပြည် မလာစေချင်ဘူးလား"

"အဲ့လို မဟုတ်ပါဘူး ရုတ်တရက် ဆိုတော့ "

နွေဦး မဖြိုး နှင့်အတူ လူကြီးဒယ်ဒီကိုတွေ့လိုက်ရ၍ အံ့သြနေသည် လူကြီးကလည်း သူ့ဒယ်ဒီတွေ့တာ ဘာတွေ လန့်နေလဲမသိ

"မဖြိုး လူကြီးအဖေက ဘာကိစ္စနဲ့လိုက်လာတာလဲ"

နွေဦး မဖြိုး နဲ့နှစ်ကိုယ်ကြား ကပ်မေးလိုက်သည်

"အိမ်ရောက်ရင်သိမှာပေါ့ "

နွေဦး လည်း သိချင်စိတ်ကိုချိုးနှိမ်ကာ အိမ်ရောက်အောင် သည်းခံ နေရသည် လူကြီးကို ကြည့်လိုက်တော့ စိတ်နဲ့လူနဲ့ ကပ်ပုံမရ

အိမ်ရောက်တော့ မေမေက စီးကြိုလေသည်

"သမီး ပြန်လာပြီလား ဧည့်သည်ရော ပါလာတာဘဲ"

"ဟုတ်မေမေ ဖေဖေရော ရှိလား"

"ရှိတယ် သမီး ဧည့်ခန်းထဲမှာ နွေဦး ဧည့်သည် ရဲ့အထုပ်တွေသယ်ခဲ့ပေးပါအုံး"

"ဟုတ် မေမေ "

နွေဦး နဲ့ ထည်ဝါ အထုပ်တွေ သယ်ပြီး အိမ်ထဲသို့ ဝင်ခဲ့လေသည် ဧည့်ခန်းထဲတွင် လူကြီးအဖေ နွေဦး မိဘတွေနှင့် မဖြိုးတို့မျက်နှာချင်းဆိုင် ထိုင်နေကြသည်

နွေဦး တို့ ဝင်လာတော့ မဖြိုးကလက်ယက် ခေါ်တာကြောင့် အသာဝင်ထိုင်လိုက်သည်

"မေမေ ဒါက မေမေတို့သမီးနဲ့ လက်ထက်ပေးမယ့် ခွန်ဂျက်ရဲ့အဖေ"

"တိုက်ဆိုင်လိုက်တာ တွေ့ရတာ ဝမ်းသာပါတယ်ရှင်"

"ဟုတ်ကဲ့ ကျွန်တော် လည်း တွေ့ရတာ ဝမ်းသာပါတယ်"

နွေဦး လူကြီးကို လှမ်းကြည့်လိုက်ရာ လူကြီးလည်း သိပုံမရ မဖြိုးကြည့်လိုက်တော့လည်း မျက်စိ အသာမှိတ်ပြနေသည် ကြားထဲက နွေဦး ပင် ရူးချင်လာသည်

မာဖီးယားကိုကို(Completed)Where stories live. Discover now