အပိုင်း ၁၈

5K 338 6
                                    

တမ့်ဖွင့်ပြောပြီး နောက်နေ့ကတည်းက မိုးလေး အလုပ်မလာတော့ပါ တမ့်ကိုမကြိုက်၍ အတွေ့မခံချင်သောကြောင့်မလာတာလားမသိ ဒီလိုမှန်း သိရင် အစကတည်းက ဖွင့်မပြောခဲ့ဘူး ခုတော့ မနီးစပ်ခင် ဝေးသွားကြသည် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့လို့ ဂျက်တို့ထံ အကူအညီတောင်းရန် လာခဲ့သော်လည်း ထိုအတွဲမှာမိမိအရှေ့ပင်မရှောင် roနေကြသည်

"ဂျက် ကူညီပေးပါ ကွာ"

"မင်းကဘာဖြစ်တာလဲ အိုက်တမ့် ရာ"

"မိုးလေး သူအလုပ်မလာဘူး"

."အလုပ်မလာတာ နေမကောင်း လို့နေမှာပေါ့,"

"မဟုတ်ပါဘူး နွေဦး ညီလေး အစ်ကို ကိုကူပြောပေးပါကွာ"

"အစ်ကို တမ့် မဟုတ် မှ မိုးသဲ ကိုဖွင့်ပြောလိုက်တာလား"

"ဟုတ်တယ် ညီလေး ရာ ခုအလုပ်လည်း မလာဘူး ဖုန်း လည်း မကိုင်ဘူးး"

"ညနေ သူ့အိမ်ဝင်ကြည့်လိုက်ပါ့မယ်"

"အားကိုးပါတယ် ညီလေးရာ "

တမ့် မိုးလေးကို တွေ့ချင်နေမိသည် မိုးလေး ငြင်းမည်ဆိုလျှင်လည်း ခံနိုင်အောင်ကြိုးစားပါ့မည် ယခုလိုရှောင်နေရင်မနေတတ်ပါ

"လူကြီး ဒီနေ့အလုပ်စောဆင်းမယ်"

"ဟင်ကလေးကလည်း ကိုယ်နဲ့အကြာကြီးအတူမနေချင်ဘူးပေါ့"

"လူကြီးကလည်း အစ်ကိုတမ့်ကိုကူညီရမယ်လေ"

"အင်း.ဒါပေမယ့် "

"ဘာ ဒါပေမှမဲ့နဲ့ လူကြီးအလှည့်တုံးက အစ်ကိုတမ့်ကူညီပေးထားတယ်မလား"

"ကလေးက လည်း အခြေအနေမှမတူတာ"

"တူတူ မတူတူ လူကြီးလည်း ကျနော်နဲ့ တစ်ပတ်လောက်မတွေ့ဘဲ နေနိုင်လို့လား"

"တစ်ပတ်မပြောနဲ့ တစ်စက္ကန့်တောင်မခွဲချင်ဘူး"

"အဲ့တာ ဘဲလေလူကြီးကိုယ်ချင်းစာတတ်ပါ"

"ရတယ်လေ ဒါပေမဲ့ သဘောတူညီချက် တစ်ခု ရှိတယ် အဲဒါ လုပ်ပြီးမှ ခွင့်ပြုမယ် "

"ဘာလဲ "

"ကိုယ့်ကို လူကြီးလို့မခေါ်ဘဲ ကိုကိုလို့ပြောင်းခေါ်ရမယ်"

မာဖီးယားကိုကို(Completed)जहाँ कहानियाँ रहती हैं। अभी खोजें