[Unicode]
နန်းရင်ပြင်ရဲ့ အလယ်နေရာ။
အဖြူရောင်နင်္ဂါးဝတ်ရုံတော်နဲ့ ရပ်နေသူဝမ်ဘုရင်မင်းမြတ်က မျက်နှာတော်တည်လို့။ဘေးမှာလည်း နန်းတွင်းအာဏာအကြီးဆုံးဖြစ်တဲ့ လျိုမိဖုရားနဲ့ အပေါင်းအပါ ကိုယ်လုပ်တော်တွေက ရပ်လို့ရယ်။
ကူစူးပြည်ထောင်ရဲ့ တစ်ဦးတည်းသော မင်းသားလေးရဲ့ အလောင်းတော်ကို ဦးညွှတ်နေကြရင်း နောက်ဆုံးအနေနဲ့ ငိုကြွေးနေတဲ့ အထိန်းတော်နဲ့ အပျိုတော်တွေ။
ဧကရာဇ်ကိုယ်တော်တိုင် ထင်းချောင်းကို ရေနံမီးဆွတ်လို့ သဂြိုဟ်နေတဲ့ အသက်ရှစ်နှစ်အရွယ် မင်းသားလေးအလောင်းက မီးကျွမ်းကျွမ်းလောင်မြိုက်လို့။အဲ့အချိန်မှာပဲ အရှေ့ဘက် သီးသန့်ကြင်ယာတော်နန်းဆောင်ကနေ ပြေးထွက်လာသူ ကြင်ယာတော်ရှောင်းက မျက်ရည်အသွယ်သွယ်ကျလို့ မီးပုံထဲတိုးဝင်ဖို့ လုပ်နေတယ်။
"သား....ရိကျန့်လေး မင်းကြီး မင်းကြီး သားတော်လေးက မသေသေးပါဘူး။ ရိကျန့်လေး မု့ချင်းကို ကတိပေးထားတယ်လေ သား!!!!"
ကြင်ယာတော့်အဖြစ်ကို ကြည့်ရင်း မင်းကြီးကိုယ်တော်တိုင်က မလှုပ်မယှက်ရပ်နေပေမဲ့ ရဲမက်တချို့က ဆွဲထားရတယ်။စိတ်ထားရင့်မာလှပါတယ်ဆိုတဲ့ ကိုယ်ရံတော်တွေနဲ့ အမတ်တွေဟာ မျက်ရည်တွေစီးလို့ရယ်။
ကြင်ယာတော့်ကို နည်းနည်းလေးတောင် လှည့်မကြည့်တဲ့ မင်းကြီးက နန်းဆောင်ကို ပြန်လည်ကြွချီဖို့ ပြင်နေတယ်။လျိုမိဖုရားကတော့ မင်းကြီးနောက်ကနေ မိဖုရားနန်းဆောင်ကို လှည့်ပြန်သွားပြီး ရင်ကွဲမတတ်အော်ငိုနေတဲ့ ကြင်ယာတော်နဲ့ အခြွေအရံတစ်သိုက်ရယ်၊ ရဲမက်တွေရယ်သာ ကျန်ရှိတယ်။
ဖြူလျော့နေတဲ့ ကြင်ယာတော်ဟာ မင်းသားလေးကို သေပြီလို့ သမားတော်ပြောပြီးတဲ့ နေ့ကတည်းက ဘာမှမစားမသောက်ပဲ ငိုနေတာကြောင့်ရယ်။
"သားလေး မယ်တော့်ကို မထားခဲ့ပါနဲ့ ရိကျန့်လေး....!! "
"မယ်မယ် ... မယ်မယ် သတိထားပါဦး မယ်မယ် မယ်မယ် သမားတော်အမြန်ခေါ်ခဲ့ကြ "
အားနည်းလွန်းတဲ့ မယ်မယ့်ရဲ့ ခန္ဓာကိုယ်က အပြင်ဘက်ဖိအားတွေကို မခံနိုင်၍ထင့်။အရုပ်ကြိုးပြတ်လဲကျသွားတဲ့ ကြင်ယာတော်မယ်မယ်။ကိုယ်ဝန်ရှိစဥ်ကတည်းက ဂဝုစိုက်ပြီး သည်းသည်းလှုပ်ချစ်ခဲ့ရတဲ့ မယ်မယ့်ရဲ့ ချစ်သည်းသက်ညှာလေးဖြစ်တဲ့ မင်းသားလေးဝမ်ရိကျန့်က မင်းကြီးရဲ့ အမိန့်တော်ကြောင့် အမဲလိုက်ပြိုင်ပွဲကို လိုက်ပါခဲ့ရတယ်။မင်းကြီးရဲ့ မျက်ကွယ်မှာ ထိမှန်ခဲ့တဲ့ မြှားတစ်စင်းကြောင့် မင်းသားလေးအဆိပ်မိခဲ့ပြီး ခုနစ်ရက်အကြာမှာပဲ အသက်ဆုံးခဲ့ရတယ်။အရူးမီးဝိုင်းသလို ရူးမတတ်ခံစားနေရရှာတဲ့ ကြင်ယာတော်ကို အိပ်မွေ့ချနံ့သာအိုးတွေနဲ့ စီမံထားခဲ့ပေပြီး အလောင်းကိုယူဆောင်ကာ မီးသဂြိုဟ်ခဲ့ရတယ်။ခုနစ်ရက်တိတိအိပ်ပျော်နေရမဲ့ ကြင်ယာတော်ဟာ နေ့တစ်ပိုင်းနဲ့တင် နိုးထလာခဲ့တယ်။အိပ်မွေ့ချနံ့သာအိုးတွေဟာလည်း မယ်မယ့်ကို အိပ်ပျော်ဖို့ရာ မစွမ်းနိုင်ခဲ့ဘူး။
သုံးရက်ခန့်ကြာပြီးနောက်
နန်းတော်တစ်ခုလုံး အေးချမ်းတိတ်ဆိတ်နေခဲ့တယ်။ဝမ်ဘုရင်မင်းမြတ်ဟာလည်း သားတော်သေဆုံးမှုအတွက် လုပ်ကြံသူကို ရှာဖွေနေရက်နဲ့တောင် အေးဆေးလွန်းတယ်။မင်းသားလေးရဲ့ ရယ်သံတွေနဲ့ ပြည့်နေရမဲ့ နန်းတော်ကြီးဟာ ခြောက်ကပ်ကပ်နိုင်တယ်။အဖြူရောင်ဝတ်ရုံတွေကို ထုံးတမ်းအစဥ်အလာအရ ဝတ်ဆင်ထားကြပေမဲ့ လူအားလုံးက မင်းသားလေးရဲ့ အရေးနဲ့ ပတ်သက်ပြီး ဘာမှမပြောကြတော့ဘူး။ဒါပေမဲ့ အရှေ့ဘက်က ကြင်ယာတော်ရဲ့ သီးသန့်နန်းဆောင်ကတော့ ကွဲပြားနေတယ်။
* ခွမ်း *
"ထွက်သွားစမ်း သွားကြ !!!"
"မယ်မယ် ဆေးသောက်ရပါမယ် အစာမစားတာ နှစ်ပတ်ပြည့်လုနီးနီးမို့....."
"ထွက်သွားလို့ ပြောနေတယ်လေ ထွက်သွား!!! "
အမြဲလိုလိုအေးချမ်းပြီး အပြုံးလေးနဲ့ နေတတ်တဲ့ ကြင်ယာတော်ဟာ မင်းသားလေးသေဆုံးပြီးနောက်ပိုင်း မျက်ရည်အသွယ်သွယ်နဲ့ရယ်။ခစားရတဲ့ အပျိုတော်တွေဟာလည်း မယ်မယ့်ရဲ့ ခံစားနေရပုံကို ကြည့်မနေနိုင်တော့ဘူး။အစာကို ချော့မော့ကျွေးလို့ ဆေးတိုက်ဖို့ ပြင်ပေမဲ့ အနားတောင် အကပ်မခံတဲ့ မယ်မယ်။
"ထွက်သွား ထွက်သွားပေးကြပါလို့ အင့် အီး ဟီး ရိကျန့်လေး...သားတော်!! "
နန်းဆောင်တံခါးကို ပိတ်လို့ ငိုကြွေးနေတဲ့ မယ်မယ်ကြောင့် အပြင်ဘက်က ရဲမက်တွေဟာလည်း အံကိုတင်းတင်းကြိတ်လို့ ကျလုဆဲဆဲ မျက်ရည်တွေကို ထိန်းချုပ်ထားရတယ်။
ထိုစဥ် ရုတ်တရက်တိတ်ဆိတ်သွားတဲ့ နန်းဆောင်အခြေအနေကြောင့် ရဲမက်တွေရော အပျိုတော်တွေပါ ပြာသွားရတယ်။ရဲမက်တွေပေါင်းလို့ နန်းဆောင်တံခါးကို ဖွင့်နေပေမဲ့ အတွင်းက တစ်ခုခုခံထားပုံရတဲ့ တံခါးဟာ ပွင့်မလာခဲ့ဘူး။
"မယ်မယ် တံခါးဖွင့်ပါဦး မယ်မယ်!!"
အပြင်ဘက်က ဘယ်လောက်ထုထု ပွင့်မလာတဲ့တံခါးနဲ့ ပြန်ဖြေခြင်းမရှိတဲ့ ကြင်ယာတော်ကြောင့် အပျိုတော်တချို့ဟာ မင်းကြီးဆီသွားရောက်နေပြီ။အတွင်းဘက်က ကြင်ယာတော်ဟာဖြင့် အဆိပ်ပုလင်းအသေးလေးကို လက်ထဲကိုင်လို့ရယ်။ကျစ်နေအောင် ဖက်ထားတဲ့ မင်းသားလေးအတွက် ကိုယ်တိုင်ချုပ်ထည်တွေနဲ့။
" သား တော် နောက် ကို မု ချင်း လိုက် လာ ပြီ "
သွေးအန်လို့ မျက်လုံးစုံမှိတ်သွားတဲ့ ကြင်ယာတော်ဟာ အိပ်မက်ထဲမှာ မင်းသားလေးနဲ့များ တွေ့ဆုံနိုင်မလား။ကြင်ယာတော်လေး အနားယူခဲ့ပြီ။
အပျိုတော်နဲ့လိုက်ပါလာတဲ့ ဝမ်ဘုရင်မင်းမြတ်ဟာလည်း ကြင်ယာတော်ရဲ့ နောက်ဆုံး ထွက်သက်လေးကို မမှီတော့ပါဘူး။အဖြူရောင်ဝတ်ရုံလေးနဲ့ ကြင်ယာတော်ဟာ အေးချမ်းသွားပါပြီ။
_______________________________
Republic - 19 , June, 2021
[Zawgyi]
နန္းရင္ျပင္ရဲ႕ အလယ္ေနရာ။
အျဖဴေရာင္နဂၤါးဝတ္႐ုံေတာ္နဲ႔ ရပ္ေနသူဝမ္ဘုရင္မင္းျမတ္က မ်က္ႏွာေတာ္တည္လို႔။ေဘးမွာလည္း နန္းတြင္းအာဏာအႀကီးဆုံးျဖစ္တဲ့ လ်ိဳမိဖုရားနဲ႔ အေပါင္းအပါ ကိုယ္လုပ္ေတာ္ေတြက ရပ္လို႔ရယ္။
ကူစူးျပည္ေထာင္ရဲ႕ တစ္ဦးတည္းေသာ မင္းသားေလးရဲ႕ အေလာင္းေတာ္ကို ဦးၫႊတ္ေနၾကရင္း ေနာက္ဆုံးအေနနဲ႔ ငိုေႂကြးေနတဲ့ အထိန္းေတာ္နဲ႔ အပ်ိဳေတာ္ေတြ။
ဧကရာဇ္ကိုယ္ေတာ္တိုင္ ထင္းေခ်ာင္းကို ေရနံမီးဆြတ္လို႔ သၿဂိဳဟ္ေနတဲ့ အသက္ရွစ္ႏွစ္အ႐ြယ္ မင္းသားေလးအေလာင္းက မီးကြၽမ္းကြၽမ္းေလာင္ၿမိဳက္လို႔။အဲ့အခ်ိန္မွာပဲ အေရွ႕ဘက္ သီးသန္႔ၾကင္ယာေတာ္နန္းေဆာင္ကေန ေျပးထြက္လာသူ ၾကင္ယာေတာ္ေရွာင္းက မ်က္ရည္အသြယ္သြယ္က်လို႔ မီးပုံထဲတိုးဝင္ဖို႔ လုပ္ေနတယ္။
"သား....ရိက်န္႔ေလး မင္းႀကီး မင္းႀကီး သားေတာ္ေလးက မေသေသးပါဘူး။ ရိက်န္႔ေလး မု႔ခ်င္းကို ကတိေပးထားတယ္ေလ သား!!!!"
ၾကင္ယာေတာ့္အျဖစ္ကို ၾကည့္ရင္း မင္းႀကီးကိုယ္ေတာ္တိုင္က မလႈပ္မယွက္ရပ္ေနေပမဲ့ ရဲမက္တခ်ိဳ႕က ဆြဲထားရတယ္။စိတ္ထားရင့္မာလွပါတယ္ဆိုတဲ့ ကိုယ္ရံေတာ္ေတြနဲ႔ အမတ္ေတြဟာ မ်က္ရည္ေတြစီးလို႔ရယ္။
ၾကင္ယာေတာ့္ကို နည္းနည္းေလးေတာင္ လွည့္မၾကည့္တဲ့ မင္းႀကီးက နန္းေဆာင္ကို ျပန္လည္ႂကြခ်ီဖို႔ ျပင္ေနတယ္။လ်ိဳမိဖုရားကေတာ့ မင္းႀကီးေနာက္ကေန မိဖုရားနန္းေဆာင္ကို လွည့္ျပန္သြားၿပီး ရင္ကြဲမတတ္ေအာ္ငိုေနတဲ့ ၾကင္ယာေတာ္နဲ႔ အေႁခြအရံတစ္သိုက္ရယ္၊ ရဲမက္ေတြရယ္သာ က်န္ရွိတယ္။
ျဖဴေလ်ာ့ေနတဲ့ ၾကင္ယာေတာ္ဟာ မင္းသားေလးကို ေသၿပီလို႔ သမားေတာ္ေျပာၿပီးတဲ့ ေန႔ကတည္းက ဘာမွမစားမေသာက္ပဲ ငိုေနတာေၾကာင့္ရယ္။
"သားေလး မယ္ေတာ့္ကို မထားခဲ့ပါနဲ႔ ရိက်န္႔ေလး....!! "
"မယ္မယ္ ... မယ္မယ္ သတိထားပါဦး မယ္မယ္ မယ္မယ္ သမားေတာ္အျမန္ေခၚခဲ့ၾက "
အားနည္းလြန္းတဲ့ မယ္မယ့္ရဲ႕ ခႏၶာကိုယ္က အျပင္ဘက္ဖိအားေတြကို မခံႏိုင္၍ထင့္။အ႐ုပ္ႀကိဳးျပတ္လဲက်သြားတဲ့ ၾကင္ယာေတာ္မယ္မယ္။ကိုယ္ဝန္ရွိစဥ္ကတည္းက ဂဝုစိုက္ၿပီး သည္းသည္းလႈပ္ခ်စ္ခဲ့ရတဲ့ မယ္မယ့္ရဲ႕ ခ်စ္သည္းသက္ညႇာေလးျဖစ္တဲ့ မင္းသားေလးဝမ္ရိက်န္႔က မင္းႀကီးရဲ႕ အမိန္႔ေတာ္ေၾကာင့္ အမဲလိုက္ၿပိဳင္ပြဲကို လိုက္ပါခဲ့ရတယ္။မင္းႀကီးရဲ႕ မ်က္ကြယ္မွာ ထိမွန္ခဲ့တဲ့ ျမႇားတစ္စင္းေၾကာင့္ မင္းသားေလးအဆိပ္မိခဲ့ၿပီး ခုနစ္ရက္အၾကာမွာပဲ အသက္ဆုံးခဲ့ရတယ္။အ႐ူးမီးဝိုင္းသလို ႐ူးမတတ္ခံစားေနရရွာတဲ့ ၾကင္ယာေတာ္ကို အိပ္ေမြ႕ခ်နံ႔သာအိုးေတြနဲ႔ စီမံထားခဲ့ေပၿပီး အေလာင္းကိုယူေဆာင္ကာ မီးသၿဂိဳဟ္ခဲ့ရတယ္။ခုနစ္ရက္တိတိအိပ္ေပ်ာ္ေနရမဲ့ ၾကင္ယာေတာ္ဟာ ေန႔တစ္ပိုင္းနဲ႔တင္ ႏိုးထလာခဲ့တယ္။အိပ္ေမြ႕ခ်နံ႔သာအိုးေတြဟာလည္း မယ္မယ့္ကို အိပ္ေပ်ာ္ဖို႔ရာ မစြမ္းႏိုင္ခဲ့ဘူး။
သုံးရက္ခန္႔ၾကာၿပီးေနာက္
နန္းေတာ္တစ္ခုလုံး ေအးခ်မ္းတိတ္ဆိတ္ေနခဲ့တယ္။ဝမ္ဘုရင္မင္းျမတ္ဟာလည္း သားေတာ္ေသဆုံးမႈအတြက္ လုပ္ႀကံသူကို ရွာေဖြေနရက္နဲ႔ေတာင္ ေအးေဆးလြန္းတယ္။မင္းသားေလးရဲ႕ ရယ္သံေတြနဲ႔ ျပည့္ေနရမဲ့ နန္းေတာ္ႀကီးဟာ ေျခာက္ကပ္ကပ္ႏိုင္တယ္။အျဖဴေရာင္ဝတ္႐ုံေတြကို ထုံးတမ္းအစဥ္အလာအရ ဝတ္ဆင္ထားၾကေပမဲ့ လူအားလုံးက မင္းသားေလးရဲ႕ အေရးနဲ႔ ပတ္သက္ၿပီး ဘာမွမေျပာၾကေတာ့ဘူး။ဒါေပမဲ့ အေရွ႕ဘက္က ၾကင္ယာေတာ္ရဲ႕ သီးသန္႔နန္းေဆာင္ကေတာ့ ကြဲျပားေနတယ္။
* ခြမ္း *
"ထြက္သြားစမ္း သြားၾက !!!"
"မယ္မယ္ ေဆးေသာက္ရပါမယ္ အစာမစားတာ ႏွစ္ပတ္ျပည့္လုနီးနီးမို႔....."
"ထြက္သြားလို႔ ေျပာေနတယ္ေလ ထြက္သြား!!! "
အၿမဲလိုလိုေအးခ်မ္းၿပီး အၿပဳံးေလးနဲ႔ ေနတတ္တဲ့ ၾကင္ယာေတာ္ဟာ မင္းသားေလးေသဆုံးၿပီးေနာက္ပိုင္း မ်က္ရည္အသြယ္သြယ္နဲ႔ရယ္။ခစားရတဲ့ အပ်ိဳေတာ္ေတြဟာလည္း မယ္မယ့္ရဲ႕ ခံစားေနရပုံကို ၾကည့္မေနႏိုင္ေတာ့ဘူး။အစာကို ေခ်ာ့ေမာ့ေကြၽးလို႔ ေဆးတိုက္ဖို႔ ျပင္ေပမဲ့ အနားေတာင္ အကပ္မခံတဲ့ မယ္မယ္။
"ထြက္သြား ထြက္သြားေပးၾကပါလို႔ အင့္ အီး ဟီး ရိက်န္႔ေလး...သားေတာ္!! "
နန္းေဆာင္တံခါးကို ပိတ္လို႔ ငိုေႂကြးေနတဲ့ မယ္မယ္ေၾကာင့္ အျပင္ဘက္က ရဲမက္ေတြဟာလည္း အံကိုတင္းတင္းႀကိတ္လို႔ က်လုဆဲဆဲ မ်က္ရည္ေတြကို ထိန္းခ်ဳပ္ထားရတယ္။
ထိုစဥ္ ႐ုတ္တရက္တိတ္ဆိတ္သြားတဲ့ နန္းေဆာင္အေျခအေနေၾကာင့္ ရဲမက္ေတြေရာ အပ်ိဳေတာ္ေတြပါ ျပာသြားရတယ္။ရဲမက္ေတြေပါင္းလို႔ နန္းေဆာင္တံခါးကို ဖြင့္ေနေပမဲ့ အတြင္းက တစ္ခုခုခံထားပုံရတဲ့ တံခါးဟာ ပြင့္မလာခဲ့ဘူး။
"မယ္မယ္ တံခါးဖြင့္ပါဦး မယ္မယ္!!"
အျပင္ဘက္က ဘယ္ေလာက္ထုထု ပြင့္မလာတဲ့တံခါးနဲ႔ ျပန္ေျဖျခင္းမရွိတဲ့ ၾကင္ယာေတာ္ေၾကာင့္ အပ်ိဳေတာ္တခ်ိဳ႕ဟာ မင္းႀကီးဆီသြားေရာက္ေနၿပီ။အတြင္းဘက္က ၾကင္ယာေတာ္ဟာျဖင့္ အဆိပ္ပုလင္းအေသးေလးကို လက္ထဲကိုင္လို႔ရယ္။က်စ္ေနေအာင္ ဖက္ထားတဲ့ မင္းသားေလးအတြက္ ကိုယ္တိုင္ခ်ဳပ္ထည္ေတြနဲ႔။
" သား ေတာ္ ေနာက္ ကို မု ခ်င္း လိုက္ လာ ၿပီ "
ေသြးအန္လို႔ မ်က္လုံးစုံမွိတ္သြားတဲ့ ၾကင္ယာေတာ္ဟာ အိပ္မက္ထဲမွာ မင္းသားေလးနဲ႔မ်ား ေတြ႕ဆုံႏိုင္မလား။ၾကင္ယာေတာ္ေလး အနားယူခဲ့ၿပီ။
အပ်ိဳေတာ္နဲ႔လိုက္ပါလာတဲ့ ဝမ္ဘုရင္မင္းျမတ္ဟာလည္း ၾကင္ယာေတာ္ရဲ႕ ေနာက္ဆုံး ထြက္သက္ေလးကို မမွီေတာ့ပါဘူး။အျဖဴေရာင္ဝတ္႐ုံေလးနဲ႔ ၾကင္ယာေတာ္ဟာ ေအးခ်မ္းသြားပါၿပီ။
_______________________________
Republic - 19 , June, 2021