သရဲအိမ္ထဲမွ ဖူးစာရွင္

Oleh MayKingMK119

180K 36.5K 1.2K

Genre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy Lebih Banyak

သရဲအိမ္ထဲက ဖူးစာရွင္ (Description )
သရဲအိမ္ထဲက ဖူးစာရွင္ အက်ဥ္း
Chapter (1) သရဲအိမ္၏က်ဆုံးခန္း
Chapter (1-2) - သရဲအိမ္ Game Application
Chapter (2) - ထူးဆန္းေသာ ေန႔စဥ္မစ္ရွင္မ်ား
Chapter (3) - ခက္ခဲတဲ့မစ္ရွင္
Chapter (4) - အံ့အားသင့္စရာဆု- အေလာင္းမိတ္ကပ္လိမ္းျခယ္ျခင္း
Chapter (5) :မွန္ထဲကလူ ဘယ္သူလဲ
Chapter (6) _ လူေသတစ္ေယာက္ရဲ႕ အလွတရား
Chapter (7) - မႈခင္းေက်ာင္းသားမ်ားနွင့္ တေစၦသတို႔သမီး
Chapter (8) - ၾကမၼာဆိုးဝင္သည့္ေသာႀကာေန႔
Chapter (9) - ထိတ္လန္႔မ်က္ရည္တို႔ ယိုစီးခ်ိန္
Chapter (10) - ေၾကးမံုျပင္၏ လွ်ိဳ႕ဝွက္ခ်က္
Chapter (11) - မင္း ညမွာ ဘယ္လိုအိပ္ေပ်ာ္ႏိုင္တာလဲ..?
Chapter (12) - ကံၾကမၼာဘီးလံုး
Chapter (13) - ကံေကာင္းျခင္းလား၊ က်ိန္စာလား
Chapter (14) လူေပ်ာက္ေၾကျငာ
Chapter (15) တိုက္ခန္းပိုင္ရွင္
Chapter (16) - ဒီမွာ ညမအိပ္နဲ႔
Chapter (17) - Fu An တိုက္ခန္း
Chapter (18) - Livestream - တိုက္႐ိုက္ထုတ္လႊင့္ျခင္း
Chapter (19) - လူႀကိဳက္မ်ားမႈ တိုးလာျခင္း
Chapter (20) - ရာဇဝတ္မႈျမင္ကြင္း
Chapter (21) - Party of more than one? တစ္ေယာက္ထက္ပိုတဲ့အဖြဲ႕
Chapter (22) - သန္းေခါင္ယံညမွ လူသတ္သမား
hapter (23) - Real Killer (လူသတ္သမားအစစ္)
Chapter (24) - လူသတ္သမားကို ဖမ္းမိၿပီ
Chapter (25) - ဇာတ္လမ္းသစ္ ပြင့္ေလၿပီ
Chapter (26) - ေဘာ့စ္.. ရွင္ TV ထဲမွာ ပါလာတယ္
Chapter (27) - ပစၥည္းအသစ္ ရရွိျခင္း
Chapter (28) - "မင္း ငါတို႔ကိုေျပာခဲ့တာနဲ႔ မတူပါလား.."
Chapter (29) - Xiao Wan - ေဒါက္တာအ႐ိုး၏ ေဆး႐ံုဂ်ဴတီဝတ္စံု
Chapter (30) - လူရွစ္ေယာက္
Chapter (31) - သူ.. ဘယ္သူလဲ..?
Chapter (32) - အ႐ုပ္မေတြ.. အ႐ုပ္မေတြ..
Chapter (33) - လူေပ်ာက္ေၾကျငာစာရြက္ကို မွန္ကန္စြာ အသံုးခ်ျခင္း
Chapter (34) - သရဲအိမ္၏နာမည္ေကာင္း (Zawgyi+Unicode)
Chapter (35) က်ိဳးပဲ့ေနေသာ ေၾကးမုံ
Chapter (36) - သရဲအိမ္ထဲက အႏၱရာယ္
Chapter (37) - သရဲအိမ္ကို တိုးခ်ဲ႕ျခင္း
Chapter (38) - ေျမေအာက္ကားပါကင္
Chapter (39) - တတိယထပ္မွ ေျခာက္ျခားစရာအသံမ်ား
Chapter (40) - ေနာက္ထပ္ ခက္ခဲေသာမစ္ရွင္
Chapter (41) - အသက္ေအာင့္ထားပါ
Chapter (42) - စကၠန္႔ ၆၀
Chapter (43) - မစ္ရွင္ ၿပီးဆံုးေအာင္ျမင္ၿပီ
Chapter (44) - ျပန္လည္သံုးသပ္ခ်က္
Chapter (45) - တစ္ေယာက္ေယာက္ ငါ့ကိုသတ္ဖို႔ ႀကိဳးစားေနတယ္
Chapter (46) - သံသယျဖစ္ဖြယ္လူသား
Chapter (47) - စိတ္ခံစားခ်က္ကင္းမဲ့တဲ့ လူသတ္သမား
Chapter (48) - "ငါ့ကိုလႊတ္ေပးပါ"
Chapter (49) - "ေရွာင္ခ်န္.. မင္း ဒဏ္ရာရသြားေသးလား"
Chapter (50) - ဂဏန္းမ်ား၏ အဓိပၸါယ္
Chapter (51+52) (Zawgyi+unicode )
Chapter (53+54+55) ( Zawgyi+unicode )
Chapter (56) - အမည္မရွိတဲ့ မိန္းကေလး (Zawgyi+Unicode)
Chapter (57+58) (Z+U)
Chapter (59+60)(Z+U)
Chapter (61) - က်န္းယာ့အတြက္ တရားမွ်တမႈ ရွာေပးျခင္း (z+U)
Chapter (62) - 4 Star Level Game (Zawgyi + Unicode)
Chapter (63) - အိမ္ထဲမွာ တစ္ေယာက္ေယာက္ရွိေနတယ္ (Zawgyi + Unicode)
မွန္ထဲက မေကာင္းဆိုးဝါးရဲ႕ နိဂံုး ဘယ္လိုျဖစ္မလဲ?
Chapter (64) - မွန္ထဲကမေကာင္းဆိုးဝါး အစားခံရျခင္း (Z+U)
Chapter (65+66)(zawgyi+unicode)
Chapter (67+68+69) (Z+U)
Chapter (70+71+72+73+74)(Z+U)
Chapter (75+76)(Z+U)
Chapter (77+78+89+80)
Chapter (81+82+83+84)(Z+U)
Chapter (85+86+87+88+89+90) (Z+U)
Chapter (91+92+93+94+95) - (Zawgyi)
Chapter (91+92+93+94+95)(Unicode)
Chapter (96+97)(Z+U)
Chapter (98+99+100+101)(z+u)
Chapter (102+103)(Z+U)
Chapter (104+105+106)(Z+U)
Chapter (107+108) (Z+U)
သရဲအိမ္ထဲက ဖူးစာရွင္ _Chapter (109+110)(U+Z)
Chapter (111+112) (Unicode+Zawgyi)
သရဲအိမ်ထဲက ဖူးစာရှင် /သရဲအိမ္ထဲက ဖူးစာရွင္ - Chapter (113+114)(U+Z)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (115+116) (unicode+Zawgy)
Chapter ( 117+118 )
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (119+120)
သရဲအိမ်မှဖူးစာရှင် /သရဲအိမ္မွဖူးစာရွင္- Chapter (121+122)
Chapter (123+124) - လွတ်မြောက်ခြင်း+အနီရောင်အငြိုးအတေး ဝိဉာဉ်
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (125+126)
သရဲအိမ်ထဲကဖူးစာရှင်- Chapter (129+130)
သရဲအိမ်ထဲက ဖူးစာရှင် Chapter (131+132)
သရဲအိမ်ထဲမှ ဖူးစာရှင် - Chapter (133+134)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (135+136)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (137+138)
Chapter (139+140)
Chapter (141+142)
Chapter (143+144+145)
Chapter (146) _ Live-stream လွှင့်မယ့်အချိန် ကိုအတည်ပြုခြင်း
(U+Z) Chapter (147) _ ကြောင်ဖြူလေး၏ထောက်ခံချက်
(U+Z) Chapter (148) _ လူနာကိုးယောက်၊ အခန်းဆယ်ခန်း
(U+Z) Chapter (149) _အန္တရာယ်အရှိဆုံးလူနာ
( U+Z) Chapter (150) - ဒုတိယကံစမ်းမဲ
Chapter (151) - သေချာပေါက်သေမယ်
(U+Z) Chapter (152) - ထူးခြားသော ဆွဲဆောင်မှု
Chapter (153) - ကျုတ်ကျန်း စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာ
Chapter (154) - ခွေးလှောင်ချိုင့်လား..?
Chapter (155) - တစ်ဦးထက်ပိုသော လူများ
Chapter (156) - ဘယ်သူ ငါ့နောက် လိုက်နေတာလဲ..
Chapter (157) - သားကောင်များ
Chapter (158) - ရေဇလုံ ၂လုံး
Chapter (159) - လူနာနံပါတ် 8
Chapter (160) - ဒါလူ အစစ်ပဲ..!
Chapter (161)_ ကြောက်စရာကောင်းသော တိုက်ရိုက်ထုတ်လွှင့်မှု
Chapter (162)_ရွှီထုံ
Chapter (163)_ ဝမ်ဟိုင်မင် ၏ လျှို့ဝှက်ချက်
Chapter (164) - မကောင်းဆိုးဝါးနှင့် အပေးအယူ လုပ်ခြင်း
Chapter (165)_ ဘယ်သူက ဆရာဝန်နေရာက ကစားတာလဲ။
Chapter (166)_ သူမ မသေဘူးလား။
Chapter (167) _ ဝတ်စုံ
Chapter (168) _ အခန်းသုံးထဲမှာ ရှိတဲ့ လူနာ
Chapter (169) - ပရလောကနှင့် ချိတ်ဆက်နေသည့် တံခါး!
Chapter (170)_ တစ်ခုတည်းသောဖြေရှင်းချက်
Chapter (171) - ချင်ကွမ်း တစ်ခုခုမှားနေပြီ
Chapter (172) - တံခါးနောက်ကွယ်က မကောင်းဆိုးဝါး
Chapter (173) _ သူ့ကိုနှိုးလိုက်...
Chapter (174) _ မကောင်းဆိုးဝါး ရဲ့ အားနည်းချက်
Chapter (175) - နောက်ဆုံးဝှက်ဖဲ
Chapter (176) - သတိရအောင် လုပ်ပါ....
Chapter (177) - သူက တံခါးအတွင်းမှာ ရှိနေတယ်....
Chapter (178) -မကောင်းဆိုးဝါးကို ကျန်းယာ့က လိုက်ဖမ်းခြင်း
Chapter (179) - အဓိကပုဂ္ဂိုလ်
Chapter (180) - သူ့မျက်စိက မြင်ရတဲ့ ကမ္ဘာကြီး
Chapter (181) - မင်းက မကောင်းဆိုးဝါးကို နှိုးလိုက်ပြီ....
Chapter (182) - ဒေါက်တာ ချန်
Chapter (183) - တံခါးအတွင်းမှ ပြန်ထွက်လာနိုင်ခြင်း
Chapter (184) - စိတ်ခံစားချက်ဖြင့် ထိန်းချုပ်နိုင်သည့် အဆင့်
Chapter (185) _ မင်းဦးနှောက်ထဲမှာ ခဲတွေနဲ့ ပြည့်နေလား။
Chapter (186) - ပြိုင်ဖက်အသစ်
Chapter (187) - ထျန်ထန် ဆေးကျောင်း
Chapter (188) _ တစ်ယောက်တည်းဆို လုံလောက်ပြီ
Chapter (189) - သရဲအိမ်ပိုင်ရှင်နှစ်ဦးကြားက ပြိုင်ဆိုင်မှု
Chapter (190) _ မကြောက်ပါနဲ့၊ ငါပါ...
Chapter (191) _ ဒီနေ့ မိတ်ကပ်လိမ်းဖို့ မေ့နေပြီလား
Chapter (192)_ မင်းက တကယ် သရဲလို လန့်စရာကောင်းသားပဲ.....
Chapter (193) _ စိတ်ဝင်စားဖွယ်ကောင်းလာခြင်း
Chapter (194+195+196)
Chapter (197) - ဧည့်သည်က အထဲမှာရှိသေးလား။
Chapter (198+199+200)
Chapter (201) - ရူးနေတဲ့ အမျိုးသမီး
Chapter (202+203+204)
Chapter (205) - သူမက ငါ့အမကြီးပါ
Chapter (206) _ သူမက ငါ့အမကြီးပါ-2
Chapter (207) _ အဖြူလား အနက်လား?
Chapter (208) _ အချစ်သီချင်း
Chapter (209) _ မင်းဘာလို့ဒီကိုထပ်ရောက်နေတာလဲ။
Chapter (210) - ရပ်တန့်ပြီး အနားယူပါ
Chapter (211+212) _ ကြောက်စရာကောင်းသော အရုပ်များ
Chapter (213+214) ဘော့စ်ချန်+ အနာဂါတ် ပန်းခြံ
Chapter (215+216) မျက်နှာမဲ့ သူနာပြုဝတ်စုံ+ ငါ့မှာ မကောင်းတဲ့ ခံစားချက်ရှိတယ်။
Chapter (217+218) -ဧည့်သည်များကို ဦးစွာဦးစားပေးခြင်း။
Chapter (219+220) အစစ်အမှန်နဲ့ တူလွန်းတယ်...

သရဲအိမ်ထဲကဖူးစာရှင် - Chapter (127+128)

874 222 10
Oleh MayKingMK119

သရဲအိမ်ထဲကဖူးစာရှင် - Chapter (127) -
ပစ္စည်းကိရိယာများကိုအဆင့်မြှင့်တင်ခြင်း



ပန်းခြံဝင်ပေါက်မှာ တက္ကစီကို ရပ်တန့်လိုက်ပြီး ချန်ကောက အရုပ်ခေါင်းတွေကို ကူသယ်ပေးရန် ရွှီဝမ်ကို ဖုန်းဆက်ခေါ်လိုက်သည်။

 
"ဘော့စ် ဒီအတွင်းပိုင်း ဘာတွေလဲ၊ သူတို့က အရမ်းလေးလံနေတယ်။ "

"အရုပ်ခေါင်းတွေ...မင်းကြောက်တတ်ရင် ဖွင့်မကြည့်ကာ ကောင်းမယ်  "  

"နားလည်ပါပြီ"

သေတ္တာများကိုနေရာချပြီးနောက် ချန်ကောသည် ရွှီဝမ်ကို သရုပ်ဆောင်ရန် အဝတ်လဲခိုင်းပြီးသူက လက်မှတ်ရောက်မည့်နေရာမှာ ရပ်လိုက်သည်။

 
မနက်ဖြန် မုယန်အထက်တန်းကျောင်း ဆက်တင်ကို ဖွင့်လှစ်ဖို့ အရုပ်တွေကို ဆင်ရမှာဖြစ်လို့ ခုလို လက်မှတ်ရောင်းနေရင် အလုပ်တွင်မည် မဟုတ်ပေ။ လက်မှတ်ရောင်းသမားအတွက် လူတစ်ယောက်ဌားဖို့ ဒါရိုက်တာ လျှိုကို ဆောင်းဆိုရမည်ဟု တွေးလိုက်သည်။

 ထိုစဉ် အသက် ၃၀ လောက်ရှိပြီး ကြည့်ကောင်းတဲ့လူတစ်ယောက်က ချန်ကောကို လာနူတ်ဆက်လိုက်သည်။

  "မစ္စတာချန်။ နောက်ဆုံး ကျွန်တော် ခင်ဗျားကို တွေ့ပြီ"

ချန်ကောက ထိုလူကိုကြည့်လိုက်တယ်။ ထိုသူသည် သာမန် ပေါ့ပေါ့ပါးပါး ဝတ်စုံကို ၀ တ်ဆင်ပြီး အနက်ရောင် လက်ဆွဲသေတ္တာတစ်လုံးကိုင်ထားသည်။ သူ့မှာ တိုတိုညှပ်ထားတဲ့ ဆံပင်နှင့် တောက်ပသော အပြုံးတို့ပိုင်ဆိုင်ထားသည်။
 
"ခင်ဗျား ကျွန်တော့်ကို ဘာကြောင့် ရှာနေတာလဲ"

"ကျွန်တော်က ခင်ဗျားရဲ့ အမာခံပရိတ်သတ်ဖြစ်ပြီး ခင်ဗျားထုတ်လွှင့်တဲ့  live-streams တွေကို တစ်ခုမှ မလွတ်စေပဲ ကြည့်ရှုခဲ့သူပါ။ "

ထိုသူသည်ချီးမွမ်းခြင်းဖြင့်စတင်ခဲ့သည်၊ သို့သော် ချန်ကောသည် သူ့ live-streams တွေက အသံဖမ်း ကရိယာမပါလို့ အသံပိုင်းအားနည်းတာကို သူ သေချာသိသည်။  ဒါပေမယ့် သူ၏ ခေါင်းစဉ်နဲ့ တင်ဆက်မှု တွေက ထူးခြားနေလို့ မှတ်တမ်း တင်ခြင်းနှင့်  ကောင်းမွန်သော အသံဖမ်းကိရိယာများ မရှိပေမယ့် live-stream အတွေ့အကြုံကို တိုးတက်ကောင်းမွန်အောင်ပြုလုပ်နိုင်ခဲ့တာ ဖြစ်သည်။

"ခင်ဗျားက ချီးကျူးလွန်းနေပါပြီ။ခင်ဗျားက ကြည့်ရှုသူတစ်ဦးလား "

ချန်ကောသ ည်ထိုလူ ဘာကြောင့် ဒီနေရာကို ရောက်ရှိနေသည်ကို မသိရှိရသေးပါ။  

"ကျွန်တော်က ခင်ဗျားရဲ့ သစ္စာရှိပရိသတ်ပေါ့။ မင်းရဲ့ပထမဆုံး ဗွီဒီယိုဟာ သန်းခေါင်ယံမှာ လူကြိုက်များတဲ့အဆင့်ကို ရောက်ကတည်းက ကျွန်တော် ခင်ဗျားကို follow ထားလိုက်တယ်။ နောက်ပိုင်းမှာ ချင်ကွမ်းစတူဒီယိုက ခင်ဗျားတင်ဆက်တဲ့ အကြောင်းအရာတွေကို ကူးယူပြီးတဲ့နောက်မှာ၊ ခင်ဗျားရဲ့ဗွီဒီယိုကို ဖိုရမ်မှာ ကျွန်တော်တင်လိုက်ပြီး သူတို့က ခင်ဗျားုရဲ့ရိုက်ကွင်းရိုက်ကွက်ကို ခိုးယူပါတယ်ဆိုပြီး  plagiarism လုပ်ပြီး ကျွန်တော် ဖော်ထုတ်ခဲ့တယ်။"

 ထိုလူက သူသည် ချန်ကော၏သစ္စာရှိ ပရိသတ်ဖြစ် ကြောင်းပြောကြားခဲ့သည်။ သို့သော် သူသည် အလွန်အေးဆေးစွာနေပြီး သူ၏မျက်နှာပေါ်တွင် အပြုံးသည် ကျွမ်းကျင်သောအပြုံးဖြစ်သည်။ သူသည် သူ၏စံပြအိုင်ဒေါကို လာတွေ့ခြင်းထက် စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်နေသလို ချန်ကော ခံစားခဲ့ရသည်။

"ကျေးဇူးတင်ပါတယ်။"

ချန်ကောကသူ့ကိုအပြည့်အဝမယုံကြည်သော်လည်းထိုသူသည် ရန်လို မပေါ်ပါ။ အနည်းဆုံး သူက အမှားကနေအမှန်ကို သိလိုက်တယ်။

"ခင်ဗှားကပရိသတ်တစ် ဦး ဖြစ်လို့ လက်မှတ်ကို ၅၀% လျှော့ဈေးနဲ့ပေးပါလိမ့်မယ်။ "

"ခင်ဗျားရဲ့စီးပွားရေးကို အနှောင့်အယှက် မပေးချင်ဘူးဗျာ၊ ကျွန်တော့်နောက်ကလာတဲ့ ဧည့်သည်တွေကို အရင် လက်မှတ်ရောင်းပေးလိုက်ပါ။  "

သူက သူ့နောက်က သရဲအိမ်ထဲ ဝင်ဖို့ တန်းစီနေသူတွေ ကို ဖယ်ပေးလိုက်ပြီး  ပြောလိုက်သည်။

ချန်ကောသည် ဧည့်သည်များနှင့်စကားပြောပြီးနောက်  အားသွားမှ ထိုသူသည်  ရှေ့သို့တိုးခဲ့သည်။

"ချင်ကွမ်း စတူဒီယိုကလူတွေ ခင်ဗျားကို ဒုက္ခရောက် အောင် လာကြသေးတယ်လို့ ကျွန်တော် ကြားခဲ့တယ်၊ ဒါပေမဲ့ ခင်ဗျား သူတို့ကို သင်ခန်းစာပေးလိုက်တာလား  "


"ဒါက ကောလာဟလတွေပါပဲ။ ချင်ကွမ်းကလူတွေမှာ ကိုယ်ကျင့်တရားဆိုင်ရာအခြေခံမရှိကြဘူး။ စိတ်ပိုင်းဆိုင်ရာ မကျန်းမာတဲ့ လူနာနှစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိနဲ့လွှတ်လိုက်တယ်။ သရဲအိမ်ထဲကိုဝင်သွားပြီး ကျနော့်နာမည်ကို ဖျက်ဖို့ မတရားခံရတဲ့  သားကောင်ဖြစ်ဟန်ဆောင်ကြတယ်။"

ချန်ကောက အံကြိတ်ကာ ပြောလိုက်သည်။


ထိုသူက ဒါကို ကြားတော့ သူ့ရဲ့ အသုံးအနှုန်းပြောင်း လဲသွားသည်။ သူကပြုံးပြီးထပ်ပြောသည်။

 " သူတို့က ခင်ဗျားကို ရိုက်ချဖို့ ကြိုးစားနေတယ်လို့ ကျွန်တော် ထင်တယ်။ သရဲခြောက်တဲ့အိမ်ကို လာလည်ရုံနဲ့ ဘာကြောင့် သူတို့ဆေးရုံတက်ရတာလဲ။ ပိုကောင်းတဲ့ ဆင်ခြေပေးသင့်တယ်။ "

"သူတို့ကဆေးရုံ တက်ခဲ့ရတာလား"

"ဟုတ်ပါတယ်၊ သူတို့က ခင်ဗျားကို ကလဲ့စားချေမယ် လို့ ပြောခဲ့ပေမယ့် အခြား စတူဒီယိုက ဝင်တားပေးခဲ့တယ်။  "

ထိုလူသည်ချန်ကောကို ဆွဲဆောင်နေသည့် မြေခွေးတစ်ကောင်ကဲ့သို့ ကျယ်ပြန့်စွာပြုံး လိုက်သည်။

"တကယ်တော့ ရုပ်သံလွင့်တင်တဲ့ ပလက်ဖောင်း website ဆိုတာ လူတိုင်း တင်ခွင့်ရှိတယ်။ ချင်ကွမ်း တစ်ခုတည်းက ပိုင်တာ မဟုတ်ဘူး။  "

အဲဒီအချိန်ကစပြီး ချန်ကောဟာ အရာရာတိုင်းကိုသိပြီးသားပါ။ သူ့ရှေ့မှာရှိတဲ့ ဒီလူက အခြားစတူဒီယိုမှ လာခဲ့သူဖြစ်သည်။ သူတို့မှာ ချင်ကွမ်းစတူဒီယိုနဲ့ ပြသနာတက်ထားပုံရသည်။ ဒါမှမဟုတ် ချင်ကွမ်းက ကူးချတယ်ဆိုတာကို သိတော့ သူတို့က  ချန်ကောနှင့် တူညီသည့်ဘက်တွင် လိုက်ပါခဲ့တာဖြစ်နိုင်သည်။

ကြည့်ရှုသူက အကန့်အသတ်နဲ့ရှိလို့ ချင်ကွမ်း စတူဒီယိုကသာ လက်ဝါးကြီးအုပ်ထားရင် ကျန်တဲ့ စတူဒီရိုလေးတွေက ဘယ်လိုလုပ် တက်လမ်းရှိနိုင် ပါ့မလဲ။

 "ခင်ဗျားက ကျွန်တော်နဲ့ ပူးပေါင်းဖို့ ဒီကိုရောက်လာ တာပေါ့။ ကျွန်တော့ဘက်က ဘာလုပ်ပေးရမလဲ  "

ချန်ကောသည် ထိုလူ၏လက်ထဲမှ ခရီးဆောင်အိတ်ကို လေ့လာပြီး ငွေနှင့်ပြည့်နေမည်ဟု စိတ်ကူးယဉ်နေ မိသည်။

"တကယ်တော့ ကျွန်တော်လည်းပဲ အစီစဉ်တင်ဆက်သူပါ။ ကျွန်တော့်ကို လျှိုတောက်လို့ ခေါ်လို့ရပါတယ်"  

"လျှိုတောက်လား? ခင်ဗျားက ဘယ်လိုပူးပေါင်းတာမျိုး လုပ်ချင်တာလဲ"

 
"မကြာသေးမီက ခင်ဗျားလုပ်တဲ့ သဘာဝလွန် တိုက်ရိုက် ထုတ်လွှင့်မှုအစီအစဉ်က အရမ်းအံ့သြစရာ ကောင်းလောက် အောင် လူကြိုက်များ ခဲ့တယ်။ ကျွန်တော်တို့လည်း အဲ့ဒါကို  တစိတ်တပိုင်းပါဝင်ချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့၏စတူဒီယိုမှာ ဒီလိုစီမံကိန်းကို ဦး ဆောင်ဖို့ သင့်တော်တဲ့  ကိုယ်စားလှယ်မရှိဘူး။ တကယ်လို့ ကျွန်တော်တို့ရဲ့ အရင်းမြစ်အားလုံးကို ရွေးချယ်ထားတဲ့ အစီစဉ်တင်ဆက်သူပေါ် ပုံအောထောက်ပံ့ပေးလိုက်ရင် ချင်ကွမ်းရဲ့ ကျော်ကြားမှုအောက် ဘယ်လိုမှ မရောက်နိုင်ဘူး ။ ချင်ကွမ်းရဲ့ လုပ်ရိုးလုပ်စဉ်နှင့်ပတ်သက်ပြီး ကျင့်ဝတ်မညီဘူးဆိုပေမယ့် သူ့ဆီက တင်ဆက်တဲ့ပုံစံက  စိတ်ဝင်စားစရာကောင်းပြီး ရယ်စရာကောင်းတယ်။ အဲ့ဒီအစီစဉ်တင်ဆက်သူက ပရိတ်သတ်ကို လွှမ်းမိုးနိုင်တဲ့ သြဇာရှိသူဖြစ်တယ်။ "

"ဒါကြောင့် ချင်ကွမ်းနဲ့ပြိုင်နိုင်ဖို့ ခင်ဗျားက ကျွန်တော့်ကို ရှာတွေ့ခဲ့တာလား? ကျွန်တော့်လို သာမန်လူတစ်ယောက်ဟာ ချင်ကွမ်းက အစီစဉ် တင်ဆက်သူထက် ဆွဲဆောင်အားရှိတယ် ပေါ့လေ။ "

"ဒါ  မှားနေပြီ။ ခင်ဗျားရဲ့ live-stream ကို ကျွန်တော် ကြည့်ခဲ့တယ်။ ခင်ဗျားက ဒါကိုသတိထားမိမှာ မဟုတ်ဘူး၊ ဒါပေမယ့် ခင်ဗျားရဲ့ live-streams အတော်တော်များများက သူများနဲ့မတူဘူး"   

လျှိုတောက်ကပြုံးပြီးပြောလိုက်တယ်။

" တစ်ချက်တည်းကြည့်ရုံနဲ့ လူတွေက ပုံမှန် live-stream တွေက အတုဖြစ်ကြောင်းပြောနိုင်ပြီး ချင်ကွမ်း တင်ပြတဲ့အရာတွေလည်း အတူတူပဲ။  သဘာဝလွန် live-stream လို့ အမည်တပ်ထားပေမယ့် တကယ်တော့ သူတို့က အစီစဉ်တင်ဆက်သူ ပြောပြတဲ့  ပုံပြင်များကို နားထောင်ရုံသာဖြစ်တယ်။  ဒါပေမဲ့ ခင်ဗျားကတော့ လုံးဝ မတူဘူး။ တကယ့် အစစ်မှန်နေရာကို ကိုယ်တိုင်ရောက်သွားသလို ခံစားရစေပြီး ကြည့်ရှုသူကို
 ခြိမ်းခြောက်နိုင်တဲ့အန္တရာယ်တောထဲကို ရောက်သွားသလို ခံစားရစေတဲ့   live-stream ကို ခင်ဗျားက ထုတ်လွှင့်နိုင်ခဲ့တယ်။  ကြည့်ရှုသူတွေက ခင်ဗျားနဲ့အတူကြောက်ရွံ့ခြင်း ကိုခံစားကြရလိမ့်မယ်"


ဒါတွေအားလုံးက အစစ်အမှန်တွေကွ....လို့ ချန်ကောက လျှိုတောက်ကို အော်ပြောပြလိုက်ချင်သည်။
ဒါပေမယ့်  သူအမှန်တရားပြောရင်တောင်မှ သူ့ကို မယုံနိုင်ဘူးလို့ခံစားခဲ့ရတယ်။

"ဖြစ်ကောင်းဖြစ်နိုင်တာက ကျွန်တော်က သရုပ်ဆောင်ကောင်းလို့ဖြစ်မယ်   "

"ခင်ဗျားက ကိုယ့်ကိုယ်ကို အရမ်းနှိမ့်ချတယ်။ ရှင်ခြင်းနဲ့သေခြင်းကြားက လှုပ်ရှားရတဲ့ ခံစားချက်၊ အဲဒါဟာ ပရော်ဖက်ရှင်နယ်သရုပ်ဆောင်တွေတောင် ပေါ်လွင်အောင် သရုပ်မဆောင်နိုင်ဘူး  "

လျှိုတောက် သည် ချန်ကောကို  အလွန်လေးစားဟန် ရှိသည်။

"ခင်ဗျားရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ဗီဒီယိုတွေက ချင်ကွမ်းကို ကောင်းကောင်း ရိုက်ချပစ်နိုင်တယ်လို့ ကျွန်တော်  ခံစားရတယ်။ ကျွန်တော်တို့နဲ့ပူးပေါင်း ဆောင်ရွက်မယ်လို့ ကတိပေးမယ်ဆိုရင် အရင်းအမြစ်တွေပိုရဖို့ အတွက် ကျွန်တော်တို့ဘက်က အစွမ်းကုန် လုပ်ပေးပါ့မယ်။ "


"ဒါဆိုရင် ကျွန်တော်က ဘယ်လို ထောက်ပံ့ပေးရမလဲ"  

ပေးဆပ်ရတာနဲ့ ပြန်ရမည့် ဆုလာဘ်သဘောကို ချန်ကော ကောင်းကောင်းနားလည်သည်။

"ကျွန်တော်တို့က ကြောက်စရာကောင်းပြီး စွန့်ပစ်ခံရသည့်နေရာတွေကို ရှာမယ်။ ကြိုတင်ပြီး ကြောက်စရာမြင်ကွင်းတွေ ပေါ်လွင်စေမယ့်  ရှုဒေါင့်တွေမှာ ကင်မရာကို ကြိုတင်တပ်ဆင်ထားမယ်။ ပြိးရင် ခင်ဗျားက ဇာတ်ညွှန်းထဲက အတိုင်း ဒီနေရာကို တိုက်ရိုက်ထုတ်လွှင့်ပေးပြီး ကျွန်တော်တို့ စတူဒီယိုကို ကြိုကြားကြိုကြားညှပ်ပြီး ကြေငြာပေးပါ။ "

လျှိုတောက်က ချန်ကော ငြင်းလိုက်မှာကြောက်ပြီး အိတ်ထဲက ဇာတ်ညွှန်းတထပ်ကို ထုတ်ယူပြီး ကမ်းပေးကာ ဆက်ပြောလိုက်သည်။

   "ဒီဇာတ်ညွှန်းကို  ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ ဒီထဲမှာ ပြောရမယ့် စာသားလည်းပါမယ်။ ကျွန်တော်တို့ဟာ ၁၀ ရက်တစ်ကြိမ် သဘာဝလွန် တိုက်ရိုက်ထုတ်လွှင့်မှုကိုပြုလုပ်လိမ့်မယ်။ ဒါကချင်ကွမ်းစတူဒီယို လုပ်နေတဲ့ အစီအစဉ်နဲ့လည်းကိုက်ညီတယ်။   "

ဤလူများ့၏ရွေးချယ်မှုများနှင့် အလွန်ရှေးရိုးစွဲဆန်ကြသည်။  အချို့ နေရာတွေက လူနေအိမ်ဧရိယာ၏ဘေးတွင်ရှိသည်။ ကင်မရာကိုပြောင်းလိုက်တာနဲ့ သူတို့ကမြင်နိုင်လိမ့်မယ်။

"ဒီနေရာတချို့က မသင့်တော်ဘူးလို့ ခင်ဗျား ထင်နေလောက်တယ်။ စိတ်မပူပါနဲ့။ အဲ့ဒီနေရာမှာ လုံးဝလုံခြုံတယ်လို့ ကျွန်တော်တို့ ကတိပေးတယ်။ တည်နေရာတွေအားလုံးကို ကြိုတင်စစ်ဆေးပြီး ခင်ဗျားရဲ့ live-stream တလျှောက်လုံး ကင်မရာတလုံးက အော်တို နောက်ကနေ တောက်လျှောက်ရိုက်ကူး ပေးလိမ့်မယ် "

 
"ဒီအချက်တွေနဲ့ ချင်ကွမ်းကို နိုင်မယ်လို့ထင်လား"

ချန်ကာ ဝမ်းနည်းစွာညည်းတွားစွာပြောလိုက်ပြီး သူကဖိုင်ကို လျှိုတောက်ဆီကိုပြန်ပို့လိုက်တယ်။

"ဒီနေရာတွေထဲက တစ်ခုမှစိတ် ၀ င်စားစရာ မရှိပါဘူး။ scripts တွေကလည်းကြိုတင်ခန့်မှန်းလို့ ရတဲ့ဟာတွေချည်းပဲ။ ခင်ဗျားကို ကျွန်တော်က  နေရာတစ်ခုကို ထောက်ခံချက်ပေးလို့ရနိုင်မလား  "

"အဲဒါ ဘယ်နေရာလဲ?"

"တတိယဖျားနာဆောင်ခန်းမအကြောင်းကို ခင်ဗျားကြားဖူးလား"

ချန်ကောသည် သူ၏ဖုန်းကိုဖွင့ ်၍ ထိုနာမည်ကို ရိုက်  ထည့်ခဲ့သည်။ မကြာခင်မှာ လူတွေကပြောဆိုနေကြတဲ့ ကြောက်စရာကောင်းတဲ့၊ ရက်စက်ကြမ်းကြုတ်ပြီး ရူးသွပ်တဲ့ခေါင်းစဉ်တွေပေါ်လာတယ်။

 " လာမယ့် live- stream လမ်းကြောင်း ကျွန်တော် ဒီမှာကို သွားဖို့စီစဉ်ထားတယ်။ "

လျှိုတောက် ၏မျက်နှာပြင်ပေါ်ရှိမှာ ကြောက်လန့်သည့် ပုံရိပ်ပေါ်လာပြီး တံတွေးမြိုချလိုက်လို့ လည်ဇလုတ် နိမ့်လိုက်မြင့်လိုက်ဖြစ်သွားသည်။

 " ခင်ဗျား ဒီနေရာကို သွားမှာ သေချာလား။. အဲ့ဒါ သိပ်အလှမ်းဝေးလွန်းသွားပြီ မဟုတ်လား  ? "
**-**

Chapter (128) - လေလွင့်နေသော ကြောင်

 

"ဆေးရုံညွှန်ကြားရေးမှူးနှင့်လူနာများပျောက်ဆုံးခြင်း။ ဆေးရုံတွင်လူသေအလောင်းများကျန်ရှိနေသည်ဟု အမည်မဖော်လိုသောစာတစ်စောင်ကဆိုသည်။"

" ညသန်းခေါင်ယံမှာ ဆေးရုံရဲ့ တံခါးကို ပိတ်လိုက်သူက ဘယ်သူလဲ၊ တံခါးပိတ် ထားတဲ့အခန်းထဲမှ ညည်းသံများ"

"တစ်ညတည်းနဲ့ သူတို့ကိုရူးသွားအောင် ဘာက လုပ်နေတာလဲ။ လူနာက ဘယ်သူလဲ၊ ဆရာဝန်က ဘယ်သူလဲ"

"အော်ဟစ်ခြင်း၊ ဖြတ်တောက်ခြင်း၊  ချုပ်လုပ်ခြင်း၊ လူ့ကိုယ်အင်င်္ဂါအစိတ်အပိုင်းတွေကို ညစ်လိမ်လိုက်ခြင်း "

 လျှိုတောက်သည် အင်တာနက်ပေါ်က
ခေါင်းကြီးပိုင်းကိုသာကြည့်လိုက်သည်။ သို့သော် သူ၏နှလုံးသားသည် အရှိန်နှင့်ခုန်လာပြီး အသက်ရှုမမှန်ဖြစ်လာသည်။  

 "ခင်ဗျား အဲ့ကိုသွားမှာ သေချာလား?"

သူ ဒီကို မရောက်မီက တဖက်လူက လစာနှင့် ဘေးကင်းလုံခြုံသည့် နေရာကို အဓိက ပြောကာ ငြင်းမယ်လို့ထင်ထားပေမယ့် ချန်ကောက ထိုအချက်ကို လုံးဝမပြောပဲ သူတို့ ရွေးထားတဲ့ နေရာနဲ့ ဇာတ်ညွှန်းက အတုဖြစ်တယ်ဆိုတာကို အဓိက ပြောခဲ့သည်။ ပြီးတော့ သူက အင်တာနက်ပေါ်ကနာမည်ကြီးနေသည့် နေရာတစ်ခုကို ရွေးချယ်ကာ ထိုနေရာကို သွားမည်ဟု ပြောနေသည်။ ဒီလူက သူ့ဘေးကင်းလုံခြုံမှုကို လုံးဝ ထည့်မစဉ်းစားထားပေ။ ဒီလိုလူနဲ့တွေ့ရမယ်လို့ လျှိုတောက်လုံးဝ ထင်မထားမိပေ။

ချန်ကော ငြင်းမှာစိုးလို့ သူ တညလုံးကြိုတင်ပြင်ဆင် ထားတဲ့ သဘောတူညီချက် စာချုပ်က အလကားဖြစ်ရလေပြီ။ ပြီးတော့ ဒီလူက သူ ထိန်းချုပ်နိုင်သည့် နယ်ပယ်အတွင်းမှာ မရှိဘူးဆိုတာ လျှိုတောက် ကောင်းကောင်းနားလည်လိုက်သည်။

 သရဲအိမ်ပိုင်ရှင်က တကယ့်စွန့်ပစ်ဆေးရုံနေရာကို ကောက်ရွေးလိုက်သေးသည်။

ဒီလူ ရူးနေသလား။

လျှိုတောက်က ညှိနှိုင်းလိုသည့် အပြုံးဖြင့်ပြော လိုက်သည်။

 "မစ္စတာချန်၊ ကျွန်တော်တို့ စတူဒီယိုကလူတွေဟာ ခင်ဗျား ရွေးချယ်ထားတဲ့တည်နေရာကို ၀ င်ရောက်ပြီး ရိုက်ကူးဖို့သတ္တိရှိမှာမဟုတ်ကြဘူး။ တကယ်လို့ ညွှန်းညွှန်းက မသင့်တော်ရင် ကျွန်တော်တို့  အဲဒါကို တည်းဖြတ်လို့ ရပါတယ်"

"ဒါဟာ အဆင်ပြေပါတယ်။ "

ချန်ကောက သူ့ကိုပြောလိုက်သည်။

"မင်းရဲ့၏နားလည်မှုအတွက်ကျေးဇူးတင်ပါသည်၊ ကျွန်တော်တို့သည် ဇာတ်ညွှန်းကို ဆွေးနွေးတော့မလား။"

"ကျွန်တော့်နောက်ကို လိုက်ဖို့လူတွေကို မလိုဘူး။ ကျွနတော် တစ်ယောက်တည်းဝင်နိုင်တယ်"

 " ကျွန်တော်ပြောတာကို ခင်ဗျား နားလည်မှုလွဲသွား တာလား"

လျှိုတောက်က ချွေးသုတ်ရင်းထပ်မေးလိုက်သည်။

 " ညသန်းခေါင်မှာ အဲ့ဒီဆေးရုံထဲကို ခင်ဗျားတစ်ယောက်တည်း ဝင်ပြီး ရိုက်ကူးဖို့ တကယ်စီစဉ်နေတာလား  "  

"ဟုတ်တယ်။ ခင်ဗျားတို့ဘက်က ပြသနာရှိလို့လား?"

 "နိုး....မရှိပါဘူး။ ကျေးဇူးပြု၍ စာချုပ်ကိုကြည့်ပါ။ တောင်းဆိုစရာတစ်ခုခုရှိရင် ပြောပါ"  

သူသည်ခရီးဆောင်သေတ္တာမှ ယာယီစာချုပ်ကို ထုတ်ယူခဲ့သည်။ ချန်ကောက စစ်ဆေးကြည့်တော့ သဘောတူညီစာချုပ်က ယာယီသာလုပ်ထားပြီး သိပ်မတင်းကျပ်တာကို တွေ့ရသည်။ သူတို့ဘက်က ကြည့်ရင် သူ့ကို ဌားလို့ ဒီအစီစဉ်က တကယ်ပေါက်၊မပေါက်ကို ယတိပြတ်မပြောနိုင်လို့ ယာယီစာချုပ်သာ လုပ်ခဲ့တာကို ချန်ကော နားလည်သည်။

 
"မင်းရဲ့ livestream တွေကိုကြည့်ပြီးပြီ။ အကြောင်းအရာက ပြီးပြည့်စုံတယ်၊ ဒါပေမယ့် ပစ္စည်းက ပရော်ဖက်ရှင်နယ်သမားတွေ သုံးတဲ့ဟာတွေ မဟုတ်ဘူး။ "

 ချန်ကော  စာချုပ်ကိုဖတ်နေစဉ်တွင် လျှိုတောက်က  အနက်ရောင်ခရီးဆောင်သေတ္တာကိုပြန်ဖွင့်လိုက်သည်။ အထဲကအရာတို့ကိုထုတ်ယူကာ ရှင်းပြလိုက်သည်။

 "ဒါက  GoPro ရေစိုခံကင်မရာတစ်ခုဖြစ်တယ်။  ပုံမှန်ဆိုရင် ဒီလိုကင်မရာကို လေထီးခုန်၊ ရေနက်ထဲ ငုပ်တဲ့ အားကစားတွေမှာ မှတ်တမ်းတင်ရိုက်ကူးဖို့ သုံးလေ့ရှိတယ်။  ဒါ့အပြင် ရင်ဘတ်မှာ ချိတ်ထားလို့ ရတဲ့ကင်မရာနဲ့ လက်မောင်းတွေမှာ ကပ်ထားလို့ရတဲ့ ကင်မရာလည်းရှိတယ်။

 ဒါတွေကကြိုးမဲ့နားကြပ်တွေပါ။ Live- stream အတွက် အဆင်သင့်ဖြစ်ရင် ဗီဒီယိုကိုပြန်လည်ထုတ်လွှင့်ပေးဖို့ကျွမ်းကျင်သူတွေ ကူညီပေးပါလိမ့်မယ်။ ပြီးတော့ ထုတ်လွှင့်သမျှကို ခင်ဗျားရဲ့ ကိုယ်ပိုင်ဆဲလ်ဖုန်းကနေ တိုက်ရိုက်ကြည့်ရှုနိုင်တဲ့စနစ်ကိုထည့်သွင်းပေးလိမ့်မယ်  "

လျှိုတောက်ကပစ္စည်းများကိုခရီးဆောင်သေတ္တာထဲက ထုတ်ကာ မိတ်ဆက်ပေးခဲ့သည်။

"ခင်ဗျား မြန်မြန်နဲ့ တတ်နိုင်သမျှ  ကိရိယာတွေကို ရင်းနှီးအောင်လုပ်သင့်တယ် အကြံပေးချင်ပါတယ်။ ချင်ကွမ်း ရဲ့နောက်ထပ် livestream ကို မကြေငြာသေးဘူး၊ ဒါပေမယ့်နောက်သုံးရက် အတွင်းမှာပဲ ကျိန်းသေ ကြေငြာလိမ့်မယ်။ ရလဒ်ကတော့ ခင်ဗျားရဲ့ ရိုက်ချက်ပေါ်ကို လုံးဝ မူတည်နေတယ်  ။ "

နောက်ဆုံး ချင်ကွမ်းနှင့် သူတို့ စတူဒီယိုက ပြင်းထန်တဲ့ယှဉ်ပြိုင်မှု စတင်တော့မည်။ ချန်ကောဘက်က အောင်မြင်မလားဆိုတာတော့ မသိသေးလို့ ယာယီစာချုပ်ကိုသာပြင်ခဲ့သည်။

 ဒီ live-streamတခုလုပ်ပြီးရင် ချန်ကောနဲ့သူတိုကြားက သဘောတူညီချက်က ပျက်ပြယ်ပါလိမ့်မယ်။ ချန်ကော သည် စီးပွားရေးလုပ်ငန်းတစ်ခုက အရှုံးကို ရှောင်ချင်သည်ကို နားလည်သည်။ ဒါကြောင့်  စာချုပ်ကို ဘာမှ မပြောပဲ လက်မှတ်ထိုးလိုက်ပြီး လျှိုတောက်ထံမှ ခရီးဆောင်လက်ဆွဲသေတ္တာကို လက်ခံခဲ့သည်။

"ချင်ကွမ်းရဲ့ livestream အစီအစဉ်ကို ကျွနတော် အတည်ပြုတဲ့အခါ ခင်ဗျားကို ဆက်သွယ်ပါလိမ့်မယ်။ အဲဒီနောက် ခင်ဗျား အဆင်သင့်ဖြစ်မယ်လို မျှော်လင့်ပါတယ်။ ပျော်ရွှင်ဖွယ်ပူးပေါင်းမှုဖြစ်ပါစေ"

လျှိုတောက်က ချန်ကောကို လက်ဆွဲနူတ်ဆက်ကာ ပြန်သွားခဲ့သည်။ ချန်ကောက ထိုအခါမှ
သေတ္တာကို ယူပြိး  လက်မှတ်များရောင်းရန် တံခါးနားသို့ပြန်လာခဲ့သည်။ ကောင်းကင်က ရုတ်တရက်မှေးမှိန်လာပြီး ညနေ ၂ နာရီခန့်မှာ မိုးရွာလာတယ်။ ထိုမိုးကြောင့် ပန်းခြံထဲက ဧည့်သည်တွေ ပြန်ကုန်သည်။ သူ့သရဲအိမ်ကိုလာတဲ့ ဧည့်သည်တွေ တိုးတိုးလာပေမယ့် ပန်းခြံကိုလာတဲ့ ဧည့်သည်တွေကို တောက်လျှောက်ကျဆင်းနေသည်။ မကြာခင် ဒီပန်းခြံက ပြုတ်သွားနိုင်သည်။ အခုက မြို့မှာ ပြိုင်ဖက်မရှိလို့သာ သူတို့ပန်းခြံက ဆက်လက်ရပ်တည်နေနိုင်တာ ဖြစ်သည်။ မကြာခင် ပန်းခြံအသစ်လာတည်ဆောက်ရင် ဒီရာစုသစ် ပန်းခြံက လုံးဝပြုတ်သွားလိမ့်မည်။ ဒါဆိုရင် သူ့သရဲအိမ်လည်း ပိတ်လိုက်ရတော့မည်။

အခု သူ့သရဲအိမ်ထဲက ဆက်တင်တွေက ပန်းခြံကြီးတစ်ခုလုံးကို ဖြန့်ပြီးလုပ်ရအောင်လည်း မများသေးပေ။

 "ဘော့စ် ရှင် ဘာတွေးနေတာလဲ"

ရွှီဝမ်က ထီးဖြင့် ထွက်လာပြီး ချန်ကောနားမှာ ရပ်ကာ မေးလိုက်သည်။

 "ဘာမှ မဟုတ်ပါဘူးကွာ... ဒီနေ့ မင်း အလုပ်ဆင်းလို့ရပြီ။ ငါလည်း ဆက်တင်ထဲမှာ ဆင်ဖို့ အရုပ်လုပ်တဲ့နေရာကို သွားလိုက်ဦးမယ်။ "  

ရွှီဝမ်ပြန်သွားတော့ ချန်ကောက သရဲခြောက်သည့်အိမ်ကို သော့ခတ် အရုပ်လုပ်သည့်နေရာကို ထွက်လာသည်။

ဘော့စ်ချင်နဲ့အခြားလူတစ်ယောက်က အပြင်က စင်္ကြန်မှာ စကားပြောနေစဉ် ချန်ကောရောက်လာတာကို မြင်တွေ့ခဲ့သည်။

"ဘာလို့အပြင်မှာ ရပ်နေတာလဲ"

 "အစ်ကို, ခင်ဗျား အဆင့်မြင့် အရုပ်လုပ်ဖို့ မစဉ်းစားတော့ဘူးလား။ ခင်ဗျားက တကယ့်ကို SEX DOLL ဘုရင်ဖြစ်လာနိုင်တယ်နော်  "

"စိတ်မဝင်စားဘူး။ "

ချန်ကောက စကားစဖြတ်ကာ သူ့အရုပ်တွေကို အာရုံစိုက်လုပ်လိုက်သည်။ အရုပ်အားလုံးက ည 9 နာရီခွဲမှာ ပြီးသွားပြီး ကိုယ်ထည် 24 ခုကို တန်းစီရပ်ထားပုံက မြင်ရုံနဲ့ကြောက်စရာကောင်း လှသည်။


"သူတို့ကအရမ်းကို အစစ်အတိုင်းပဲ။ အကယ့်ကို အနုပညာလက်ရာမြောက်လှတယ်   "

" သူတို့ကို ငါ ဒီည အခြောက်ခံပြကီး  မနက်ဖြန်မနက်မှာ သူတို့ကိုခေါ်သွားမှာပါ။ "

ချန်ကောက သူဌေးချင်ရဲ့ ပခုံးပေါ်တွင်ပုတ်လိုက်သည်။

"အဝေးကသာစောင့်ကြည့်ပါ၊ ကျေးဇူးပြုပြီး သူတို့ကို မထိပါနဲ့။ "

နောက်ထပ်စကားများပြောပြီးနောက် ချန်ကောက  ထီးတလက်ဆောင်းကာ ထိုနေရာမှ ထွက်ခွာခဲ့သည်။ သူသည်အလုပ်ရုံမှထွက်လာပြီးနောက် မိုးသည်းထန်စွာ ရွာ နေဆဲဖြစ် သည်။

ငါ ပန်းခြံကို အရုပ် နှစ်ဆယ်လေးရုပ်ကို ဘယ်လိုသယ် ရမလဲ။ ဦးလေးရွှီကို အကူညီတောင်းရမယ်ထင်တယ်။

 သူက ထီးကိုဖွင့်ပြီးလမ်းပေါ်မှာလျှောက် သွားခဲ့တယ်။ လမ်းနှစ်ဖက်စလုံးမှ ဈေးဆိုင်များက သူတို့ပစ္စည်းများကို ထုပ်ပိုးသိမ်းဆည်းနေကြသည်။ ဆိုင်ပိုင်ရှင်တော်တော်များများက သူတို့ကလေးတွေကို အိမ်ကို ပြန်ဖို့ ခေါ်နေကြတယ်။

ချန်ကောသည်လမ်းမကြီးတစ်ခုကိုဖြတ်ကျော်ပြီး သတိမထားမိဘဲကလေးငယ်တစ် ဦး အော်သံကြားလိုက် ရသည်။ လူငယ်များစွာသည် ကျောက်တုံးများနှင့် ပုလင်းခွံတွေကို ကောက်ကာ လမ်းဒေါင့်တစ်နေရာကို ဝိုင်းပစ်နေသည်။ ။ ယောက်ျားလေးတစ် ဦး သည်သူ၏လက်ချောင်းများကို အုပ်ကာ ထိုဒေါင်းကို လက်ညှိုးထိုးပြပြီး ငိုနေသည်။

ဘေးနားက ထီလက်မှတ်အရောင်းဆိုင်၏အကြီးအကဲက လှမ်းအော်လိုက်သည်။

"ကျားမင်..ကျားပေါင်  ကစားတာကိုရပ်လိုက်တော့။ အိမ်ပြန်ဖို့အချိန်တန်ပြီ"  

"ဖေဖေ၊ ညီလေးကို လေလွှင့်နေတဲ့ ကြောင် ကုတ်လိုက်တယ်!"

ယောက်ျားလေးများထဲကတစ်ယောက်ကအော်ဟစ်လိုက်သည်။

"ကြောင်တစ်ကောင်ကုတ်ခြစ်လိုက်တာလား။ငါလာ ကြည့်မယ်"

ထိုသူသည်လမ်းကြားထဲသို့ပြေးဝင်လာသည်။  တွန့်ဆုတ်နေပြီးနောက် ချန်ကော သူတို့ နောက်သို့လိုက်ခဲ့သည်။ ထိုယောက်ျားကြီးသည် သူ၏ကောင်လေး၏လက်ချောင်းပေါ်ရှိ အနာကိုမြင်သောအခါ သူက ငိုနေသောကောင်လေးကို ဖက်ပြီးနှစ်သိမ့်ပေးသည်။ သူ့အဖေကိုတွေ့တော့ ကောင်လေးကပိုပြီးကျယ်လောင်စွာငိုနေခဲ့တယ်။

"မငိုနဲ့။ အဖေက မင်းကိုလက်စားချေနိုင်အောင် ကူညီပေးမယ်။ ဒီကြောင်က မင်းကို  ကုတ်လိုက်တာလား"

သူက အနီးအနားမှာရှိတဲ့အုတ်ခဲကိုကောက်ကိုင်ပြီး သနားစရာသတ္တဝါပေါ်ကိုပစ်ချလိုက်တယ်။ အုတ်ခဲသည် ထိုကြောင်လေးပေါ် မကျပဲ ချန်ေကော ဝင်ခံလိုက်သည့် ခြေသလုံးပေါ် ကျကာ အသံအုပ်အုပ်ထွက်လာသည်။

ချန်ကောသည် ခြေထောက်ဖြင့် လှမ်းပိတ်လိုက်ကာ ထိုကြောင်လေးဝင်နေသည့် စုတ်ပြတ်နေသည့်  စက္ကူဘူးလေးကိုကြည့်ရင်း လမ်းကြား အလယ်တွင် ရပ်နေသည်။ သေတ္တာထဲ၌ တကိုယ်လုံး သွေးထွက် ဒဏ်ရာများဖြင့် ဖုံးအုပ်နေသော အဖြူရောင်ကြောင်တစ်ကောင်ရှိ၏။ အဆိုပါကြောင် သည် ခေါင်းတွင် သွေးတွေစီးကျနေပြီး ခြေသည်းလက်သည်းကို ထုတ်ကာ မာန်ဖီနေပေမယ့် ထို  စာရွက်ထည့်သည့် သေတ္တာမှထွက်ရန်ငြင်းဆန်ခဲ့သည်။

"ဘာဖြစ်လို့  ဝေးဝေးပြေးမသွားမှာလဲ"

ချန်ကောသည် တလှမ်းတိုးကာ  ကြည့်လိုက်တော့ သတ္တာလေးထဲတွင် အသက်မရှုတော့သည့် ကြောင်ပေါက်စ လေးကောင်ကို တွေ့လိုက်ရသည်။

 ကောင်လေးတအုပ်က ဝိုင်းထုထားသည့် ပုလင်းခွံနှင့် ကျောက်ခဲတွေက ဘေးမှာ ရှုပ်ပွနေပေမယ့်  စက္ကူသေတ္တာအတွင်း၌သန့်ရှင်းနေသည်။

"မင်း ဘာလုပ်နေတာလဲ? ထွက်သွားစမ်း"

ထိုသူသည်တံမြက်စည်းကိုဆုပ်ကိုင်ကာ ချန်ကောကို ခပ်ကြမ်းကြမ်းတွန်းဖယ်လိုက်သည်။ ချန်ကောရဲ့ ခြေသလုံးက နာကျင်နေဆဲဖြစ်လို့ လူက ယိုင်သွား ခဲ့သည်။

ချန်ကောက အတွန်းခံလိုက်ရတာနဲ့ သူ့ကိုယ်ထဲက တခုခုက ထွက်လာသလို ခံစားလိုက်ရသည်။ သူက ထိုလူရဲ့လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး သူ့လက်တဖက် နဲ့ ထိုလူရဲ့ခေါင်းပေါ် ဖိကာ ရွှံရေတွေထဲ နစ်ချလိုက်သည်။

 ချန်ကောရဲ့သူငယ်အိမ်က  မယုံနိုင်လောက်အောင် ကြောက်စရာ ကောင်းလောက်အောင် ကျဉ်းမြောင်း နေသည်။ ချန်ကောနှင့် အကြည့်ချင်းဆုံလိုက်တော့ ထိုလူက ကျောထဲ စိမ့်ကာ ကြောက်သွားခဲ့သည်။


ဒါက ယင်ယန် မျက်လုံးပဲ...


ထိုလူက ကြောက်ကြောက်နှင့် ပြောလိုက်သည်။
ထိုလူသည်အစပိုင်းတွင်ရုန်းကန်ရန်ကြိုးစားသော်လည်းချန်ကော၏မျက်နှာကိုတွေ့သောအခါ တစ်ကိုယ်လုံးအေးစက်သွားသည်။ သူ့သွားတွေလည်း တဂတ်ဂတ်တုန်ကာ စကားထစ်ကုန်သည်။

"အား...ငါတို့က စကားနဲ့ ပြောလို့ရပါတယ်။ "

ထိုသူသည်တံမြက်စည်းကိုပစ်ချလိုက်၏။ သူ၏မျက်နှာကိုမြေပေါ်သို့ဖိထားလိုက်ပြီး သူကတုန်လှုပ်နေသောအသံဖြင့် ပြောလိုက်သည်။

" ဒီဧရိယာတစ်လျှောက်လုံးမှာ စောင့်ကြည့် ကင်မရာ တွေ ရှိတယ်။ လေလွင့်နေတဲ့ကြောင်တစ်ကောင်ကြောင့် ရန်ဖြစ်ဖို့ မထိုက်တန်ပါဘူး။ ငါ ချက်ချင်းထွက်သွား ပါ့မယ်"

ချန်ကောက သူ့ကို တချက်ကြည့်လိုက်တော့ သူလည်း သူ့သားနှစ်ယောက်ကို ခေါ်တော့ မြန်မြန်ပြေးသွား ခဲ့သည်။

 ဆူညံနေသည့် လမ်းကြားက ချက်ချင်းငြိမ်းချမ်းသွား ခဲ့သည်။ ချန်ကောက လမ်းထောင့်ရှိ ကျိုးပဲ့နေသော စက္ကူသေတ္တာကိုကြည့်လိုက်သည်။ ဒဏ်ရာရနေသော အဖြူရောင်ကြောင်လေးနားကို တိုးကပ်သွားတော့ ကြောင်လေးက ကြောက်ရွံ့စွာဖြင့် ကြည့်ကာ တိုက်ခိုက်ရန်လုပ်နေသည်။ ကြောင်လေးက လူကို မကြောက်ပဲ သတိရှိနေပုံရသည်။ ချန်ကောက ကြောင်လေးကို ဘာမှမလုပ်တော့ပဲ သူ ဆောင်းထားတဲ့ ထီးနဲ့ ကြောင်လေးရဲ့   စက္ကူသေတ္တာပေါ် မိုးပေးခဲ့သည်။
***-***



သရဲအိမ္ထဲကဖူးစာရွင္ - Chapter (127) -
ပစၥည္းကိရိယာမ်ားကိုအဆင့္ျမႇင့္တင္ျခင္း



ပန္းၿခံဝင္ေပါက္မွာ တကၠစီကို ရပ္တန႔္လိုက္ၿပီး ခ်န္ေကာက အ႐ုပ္ေခါင္းေတြကို ကူသယ္ေပးရန္ ႐ႊီဝမ္ကို ဖုန္းဆက္ေခၚလိုက္သည္။

 
"ေဘာ့စ္ ဒီအတြင္းပိုင္း ဘာေတြလဲ၊ သူတို႔က အရမ္းေလးလံေနတယ္။ "

"အ႐ုပ္ေခါင္းေတြ...မင္းေၾကာက္တတ္ရင္ ဖြင့္မၾကည့္ကာ ေကာင္းမယ္  "  

"နားလည္ပါၿပီ"

ေသတၱာမ်ားကိုေနရာခ်ၿပီးေနာက္ ခ်န္ေကာသည္ ႐ႊီဝမ္ကို သ႐ုပ္ေဆာင္ရန္ အဝတ္လဲခိုင္းၿပီးသူက လက္မွတ္ေရာက္မည့္ေနရာမွာ ရပ္လိုက္သည္။

 
မနက္ျဖန္ မုယန္အထက္တန္းေက်ာင္း ဆက္တင္ကို ဖြင့္လွစ္ဖို႔ အ႐ုပ္ေတြကို ဆင္ရမွာျဖစ္လို႔ ခုလို လက္မွတ္ေရာင္းေနရင္ အလုပ္တြင္မည္ မဟုတ္ေပ။ လက္မွတ္ေရာင္းသမားအတြက္ လူတစ္ေယာက္ဌားဖို႔ ဒါ႐ိုက္တာ လွ်ိဳကို ေဆာင္းဆိုရမည္ဟု ေတြးလိုက္သည္။

 ထိုစဥ္ အသက္ ၃၀ ေလာက္ရွိၿပီး ၾကည့္ေကာင္းတဲ့လူတစ္ေယာက္က ခ်န္ေကာကို လာႏူတ္ဆက္လိုက္သည္။

  "မစၥတာခ်န္။ ေနာက္ဆုံး ကြၽန္ေတာ္ ခင္ဗ်ားကို ေတြ႕ၿပီ"

ခ်န္ေကာက ထိုလူကိုၾကည့္လိုက္တယ္။ ထိုသူသည္ သာမန္ ေပါ့ေပါ့ပါးပါး ဝတ္စုံကို ၀ တ္ဆင္ၿပီး အနက္ေရာင္ လက္ဆြဲေသတၱာတစ္လုံးကိုင္ထားသည္။ သူ႔မွာ တိုတိုညႇပ္ထားတဲ့ ဆံပင္ႏွင့္ ေတာက္ပေသာ အၿပဳံးတို႔ပိုင္ဆိုင္ထားသည္။
 
"ခင္ဗ်ား ကြၽန္ေတာ့္ကို ဘာေၾကာင့္ ရွာေနတာလဲ"

"ကြၽန္ေတာ္က ခင္ဗ်ားရဲ႕ အမာခံပရိတ္သတ္ျဖစ္ၿပီး ခင္ဗ်ားထုတ္လႊင့္တဲ့  live-streams ေတြကို တစ္ခုမွ မလြတ္ေစပဲ ၾကည့္ရႈခဲ့သူပါ။ "

ထိုသူသည္ခ်ီးမြမ္းျခင္းျဖင့္စတင္ခဲ့သည္၊ သို႔ေသာ္ ခ်န္ေကာသည္ သူ႔ live-streams ေတြက အသံဖမ္း ကရိယာမပါလို႔ အသံပိုင္းအားနည္းတာကို သူ ေသခ်ာသိသည္။  ဒါေပမယ့္ သူ၏ ေခါင္းစဥ္နဲ႔ တင္ဆက္မႈ ေတြက ထူးျခားေနလို႔ မွတ္တမ္း တင္ျခင္းႏွင့္  ေကာင္းမြန္ေသာ အသံဖမ္းကိရိယာမ်ား မရွိေပမယ့္ live-stream အေတြ႕အႀကဳံကို တိုးတက္ေကာင္းမြန္ေအာင္ျပဳလုပ္ႏိုင္ခဲ့တာ ျဖစ္သည္။

"ခင္ဗ်ားက ခ်ီးက်ဴးလြန္းေနပါၿပီ။ခင္ဗ်ားက ၾကည့္ရႈသူတစ္ဦးလား "

ခ်န္ေကာသ ည္ထိုလူ ဘာေၾကာင့္ ဒီေနရာကို ေရာက္ရွိေနသည္ကို မသိရွိရေသးပါ။  

"ကြၽန္ေတာ္က ခင္ဗ်ားရဲ႕ သစၥာရွိပရိသတ္ေပါ့။ မင္းရဲ႕ပထမဆုံး ဗြီဒီယိုဟာ သန္းေခါင္ယံမွာ လူႀကိဳက္မ်ားတဲ့အဆင့္ကို ေရာက္ကတည္းက ကြၽန္ေတာ္ ခင္ဗ်ားကို follow ထားလိုက္တယ္။ ေနာက္ပိုင္းမွာ ခ်င္ကြမ္းစတူဒီယိုက ခင္ဗ်ားတင္ဆက္တဲ့ အေၾကာင္းအရာေတြကို ကူးယူၿပီးတဲ့ေနာက္မွာ၊ ခင္ဗ်ားရဲ႕ဗြီဒီယိုကို ဖိုရမ္မွာ ကြၽန္ေတာ္တင္လိုက္ၿပီး သူတို႔က ခင္ဗ်ားုရဲ႕႐ိုက္ကြင္း႐ိုက္ကြက္ကို ခိုးယူပါတယ္ဆိုၿပီး  plagiarism လုပ္ၿပီး ကြၽန္ေတာ္ ေဖာ္ထုတ္ခဲ့တယ္။"

 ထိုလူက သူသည္ ခ်န္ေကာ၏သစၥာရွိ ပရိသတ္ျဖစ္ ေၾကာင္းေျပာၾကားခဲ့သည္။ သို႔ေသာ္ သူသည္ အလြန္ေအးေဆးစြာေနၿပီး သူ၏မ်က္ႏွာေပၚတြင္ အၿပဳံးသည္ ကြၽမ္းက်င္ေသာအၿပဳံးျဖစ္သည္။ သူသည္ သူ၏စံျပအိုင္ေဒါကို လာေတြ႕ျခင္းထက္ ေစ့စပ္ညႇိႏႈိင္းမႈတြင္ ပါဝင္ေနသလို ခ်န္ေကာ ခံစားခဲ့ရသည္။

"ေက်းဇူးတင္ပါတယ္။"

ခ်န္ေကာကသူ႔ကိုအျပည့္အဝမယုံၾကည္ေသာ္လည္းထိုသူသည္ ရန္လို မေပၚပါ။ အနည္းဆုံး သူက အမွားကေနအမွန္ကို သိလိုက္တယ္။

"ခင္ဗွားကပရိသတ္တစ္ ဦး ျဖစ္လို႔ လက္မွတ္ကို ၅၀% ေလွ်ာ့ေဈးနဲ႔ေပးပါလိမ့္မယ္။ "

"ခင္ဗ်ားရဲ႕စီးပြားေရးကို အေႏွာင့္အယွက္ မေပးခ်င္ဘူးဗ်ာ၊ ကြၽန္ေတာ့္ေနာက္ကလာတဲ့ ဧည့္သည္ေတြကို အရင္ လက္မွတ္ေရာင္းေပးလိုက္ပါ။  "

သူက သူ႔ေနာက္က သရဲအိမ္ထဲ ဝင္ဖို႔ တန္းစီေနသူေတြ ကို ဖယ္ေပးလိုက္ၿပီး  ေျပာလိုက္သည္။

ခ်န္ေကာသည္ ဧည့္သည္မ်ားႏွင့္စကားေျပာၿပီးေနာက္  အားသြားမွ ထိုသူသည္  ေရွ႕သို႔တိုးခဲ့သည္။

"ခ်င္ကြမ္း စတူဒီယိုကလူေတြ ခင္ဗ်ားကို ဒုကၡေရာက္ ေအာင္ လာၾကေသးတယ္လို႔ ကြၽန္ေတာ္ ၾကားခဲ့တယ္၊ ဒါေပမဲ့ ခင္ဗ်ား သူတို႔ကို သင္ခန္းစာေပးလိုက္တာလား  "


"ဒါက ေကာလာဟလေတြပါပဲ။ ခ်င္ကြမ္းကလူေတြမွာ ကိုယ္က်င့္တရားဆိုင္ရာအေျခခံမရွိၾကဘူး။ စိတ္ပိုင္းဆိုင္ရာ မက်န္းမာတဲ့ လူနာႏွစ္ေယာက္ကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔လႊတ္လိုက္တယ္။ သရဲအိမ္ထဲကိုဝင္သြားၿပီး က်ေနာ့္နာမည္ကို ဖ်က္ဖို႔ မတရားခံရတဲ့  သားေကာင္ျဖစ္ဟန္ေဆာင္ၾကတယ္။"

ခ်န္ေကာက အံႀကိတ္ကာ ေျပာလိုက္သည္။


ထိုသူက ဒါကို ၾကားေတာ့ သူ႔ရဲ႕ အသုံးအႏႈန္းေျပာင္း လဲသြားသည္။ သူကၿပဳံးၿပီးထပ္ေျပာသည္။

 " သူတို႔က ခင္ဗ်ားကို ႐ိုက္ခ်ဖို႔ ႀကိဳးစားေနတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သရဲေျခာက္တဲ့အိမ္ကို လာလည္႐ုံနဲ႔ ဘာေၾကာင့္ သူတို႔ေဆး႐ုံတက္ရတာလဲ။ ပိုေကာင္းတဲ့ ဆင္ေျခေပးသင့္တယ္။ "

"သူတို႔ကေဆး႐ုံ တက္ခဲ့ရတာလား"

"ဟုတ္ပါတယ္၊ သူတို႔က ခင္ဗ်ားကို ကလဲ့စားေခ်မယ္ လို႔ ေျပာခဲ့ေပမယ့္ အျခား စတူဒီယိုက ဝင္တားေပးခဲ့တယ္။  "

ထိုလူသည္ခ်န္ေကာကို ဆြဲေဆာင္ေနသည့္ ေျမေခြးတစ္ေကာင္ကဲ့သို႔ က်ယ္ျပန႔္စြာၿပဳံး လိုက္သည္။

"တကယ္ေတာ့ ႐ုပ္သံလြင့္တင္တဲ့ ပလက္ေဖာင္း website ဆိုတာ လူတိုင္း တင္ခြင့္ရွိတယ္။ ခ်င္ကြမ္း တစ္ခုတည္းက ပိုင္တာ မဟုတ္ဘူး။  "

အဲဒီအခ်ိန္ကစၿပီး ခ်န္ေကာဟာ အရာရာတိုင္းကိုသိၿပီးသားပါ။ သူ႔ေရွ႕မွာရွိတဲ့ ဒီလူက အျခားစတူဒီယိုမွ လာခဲ့သူျဖစ္သည္။ သူတို႔မွာ ခ်င္ကြမ္းစတူဒီယိုနဲ႔ ျပသနာတက္ထားပုံရသည္။ ဒါမွမဟုတ္ ခ်င္ကြမ္းက ကူးခ်တယ္ဆိုတာကို သိေတာ့ သူတို႔က  ခ်န္ေကာႏွင့္ တူညီသည့္ဘက္တြင္ လိုက္ပါခဲ့တာျဖစ္ႏိုင္သည္။

ၾကည့္ရႈသူက အကန႔္အသတ္နဲ႔ရွိလို႔ ခ်င္ကြမ္း စတူဒီယိုကသာ လက္ဝါးႀကီးအုပ္ထားရင္ က်န္တဲ့ စတူဒီ႐ိုေလးေတြက ဘယ္လိုလုပ္ တက္လမ္းရွိႏိုင္ ပါ့မလဲ။

 "ခင္ဗ်ားက ကြၽန္ေတာ္နဲ႔ ပူးေပါင္းဖို႔ ဒီကိုေရာက္လာ တာေပါ့။ ကြၽန္ေတာ့ဘက္က ဘာလုပ္ေပးရမလဲ  "

ခ်န္ေကာသည္ ထိုလူ၏လက္ထဲမွ ခရီးေဆာင္အိတ္ကို ေလ့လာၿပီး ေငြႏွင့္ျပည့္ေနမည္ဟု စိတ္ကူးယဥ္ေန မိသည္။

"တကယ္ေတာ့ ကြၽန္ေတာ္လည္းပဲ အစီစဥ္တင္ဆက္သူပါ။ ကြၽန္ေတာ့္ကို လွ်ိဳေတာက္လို႔ ေခၚလို႔ရပါတယ္"  

"လွ်ိဳေတာက္လား? ခင္ဗ်ားက ဘယ္လိုပူးေပါင္းတာမ်ိဳး လုပ္ခ်င္တာလဲ"

 
"မၾကာေသးမီက ခင္ဗ်ားလုပ္တဲ့ သဘာဝလြန္ တိုက္႐ိုက္ ထုတ္လႊင့္မႈအစီအစဥ္က အရမ္းအံ့ၾသစရာ ေကာင္းေလာက္ ေအာင္ လူႀကိဳက္မ်ား ခဲ့တယ္။ ကြၽန္ေတာ္တို႔လည္း အဲ့ဒါကို  တစိတ္တပိုင္းပါဝင္ခ်င္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔၏စတူဒီယိုမွာ ဒီလိုစီမံကိန္းကို ဦး ေဆာင္ဖို႔ သင့္ေတာ္တဲ့  ကိုယ္စားလွယ္မရွိဘူး။ တကယ္လို႔ ကြၽန္ေတာ္တို႔ရဲ႕ အရင္းျမစ္အားလုံးကို ေ႐ြးခ်ယ္ထားတဲ့ အစီစဥ္တင္ဆက္သူေပၚ ပုံေအာေထာက္ပံ့ေပးလိုက္ရင္ ခ်င္ကြမ္းရဲ႕ ေက်ာ္ၾကားမႈေအာက္ ဘယ္လိုမွ မေရာက္ႏိုင္ဘူး ။ ခ်င္ကြမ္းရဲ႕ လုပ္႐ိုးလုပ္စဥ္ႏွင့္ပတ္သက္ၿပီး က်င့္ဝတ္မညီဘူးဆိုေပမယ့္ သူ႔ဆီက တင္ဆက္တဲ့ပုံစံက  စိတ္ဝင္စားစရာေကာင္းၿပီး ရယ္စရာေကာင္းတယ္။ အဲ့ဒီအစီစဥ္တင္ဆက္သူက ပရိတ္သတ္ကို လႊမ္းမိုးႏိုင္တဲ့ ၾသဇာရွိသူျဖစ္တယ္။ "

"ဒါေၾကာင့္ ခ်င္ကြမ္းနဲ႔ၿပိဳင္ႏိုင္ဖို႔ ခင္ဗ်ားက ကြၽန္ေတာ့္ကို ရွာေတြ႕ခဲ့တာလား? ကြၽန္ေတာ့္လို သာမန္လူတစ္ေယာက္ဟာ ခ်င္ကြမ္းက အစီစဥ္ တင္ဆက္သူထက္ ဆြဲေဆာင္အားရွိတယ္ ေပါ့ေလ။ "

"ဒါ  မွားေနၿပီ။ ခင္ဗ်ားရဲ႕ live-stream ကို ကြၽန္ေတာ္ ၾကည့္ခဲ့တယ္။ ခင္ဗ်ားက ဒါကိုသတိထားမိမွာ မဟုတ္ဘူး၊ ဒါေပမယ့္ ခင္ဗ်ားရဲ႕ live-streams အေတာ္ေတာ္မ်ားမ်ားက သူမ်ားနဲ႔မတူဘူး"   

လွ်ိဳေတာက္ကၿပဳံးၿပီးေျပာလိုက္တယ္။

" တစ္ခ်က္တည္းၾကည့္႐ုံနဲ႔ လူေတြက ပုံမွန္ live-stream ေတြက အတုျဖစ္ေၾကာင္းေျပာႏိုင္ၿပီး ခ်င္ကြမ္း တင္ျပတဲ့အရာေတြလည္း အတူတူပဲ။  သဘာဝလြန္ live-stream လို႔ အမည္တပ္ထားေပမယ့္ တကယ္ေတာ့ သူတို႔က အစီစဥ္တင္ဆက္သူ ေျပာျပတဲ့  ပုံျပင္မ်ားကို နားေထာင္႐ုံသာျဖစ္တယ္။  ဒါေပမဲ့ ခင္ဗ်ားကေတာ့ လုံးဝ မတူဘူး။ တကယ့္ အစစ္မွန္ေနရာကို ကိုယ္တိုင္ေရာက္သြားသလို ခံစားရေစၿပီး ၾကည့္ရႈသူကို
 ၿခိမ္းေျခာက္ႏိုင္တဲ့အႏၲရာယ္ေတာထဲကို ေရာက္သြားသလို ခံစားရေစတဲ့   live-stream ကို ခင္ဗ်ားက ထုတ္လႊင့္ႏိုင္ခဲ့တယ္။  ၾကည့္ရႈသူေတြက ခင္ဗ်ားနဲ႔အတူေၾကာက္႐ြံ႕ျခင္း ကိုခံစားၾကရလိမ့္မယ္"


ဒါေတြအားလုံးက အစစ္အမွန္ေတြကြ....လို႔ ခ်န္ေကာက လွ်ိဳေတာက္ကို ေအာ္ေျပာျပလိုက္ခ်င္သည္။
ဒါေပမယ့္  သူအမွန္တရားေျပာရင္ေတာင္မွ သူ႔ကို မယုံႏိုင္ဘူးလို႔ခံစားခဲ့ရတယ္။

"ျဖစ္ေကာင္းျဖစ္ႏိုင္တာက ကြၽန္ေတာ္က သ႐ုပ္ေဆာင္ေကာင္းလို႔ျဖစ္မယ္   "

"ခင္ဗ်ားက ကိုယ့္ကိုယ္ကို အရမ္းႏွိမ့္ခ်တယ္။ ရွင္ျခင္းနဲ႔ေသျခင္းၾကားက လႈပ္ရွားရတဲ့ ခံစားခ်က္၊ အဲဒါဟာ ပေရာ္ဖက္ရွင္နယ္သ႐ုပ္ေဆာင္ေတြေတာင္ ေပၚလြင္ေအာင္ သ႐ုပ္မေဆာင္ႏိုင္ဘူး  "

လွ်ိဳေတာက္ သည္ ခ်န္ေကာကို  အလြန္ေလးစားဟန္ ရွိသည္။

"ခင္ဗ်ားရဲ႕ တိုက္႐ိုက္ထုတ္လႊင့္တဲ့ဗီဒီယိုေတြက ခ်င္ကြမ္းကို ေကာင္းေကာင္း ႐ိုက္ခ်ပစ္ႏိုင္တယ္လို႔ ကြၽန္ေတာ္  ခံစားရတယ္။ ကြၽန္ေတာ္တို႔နဲ႔ပူးေပါင္း ေဆာင္႐ြက္မယ္လို႔ ကတိေပးမယ္ဆိုရင္ အရင္းအျမစ္ေတြပိုရဖို႔ အတြက္ ကြၽန္ေတာ္တို႔ဘက္က အစြမ္းကုန္ လုပ္ေပးပါ့မယ္။ "


"ဒါဆိုရင္ ကြၽန္ေတာ္က ဘယ္လို ေထာက္ပံ့ေပးရမလဲ"  

ေပးဆပ္ရတာနဲ႔ ျပန္ရမည့္ ဆုလာဘ္သေဘာကို ခ်န္ေကာ ေကာင္းေကာင္းနားလည္သည္။

"ကြၽန္ေတာ္တို႔က ေၾကာက္စရာေကာင္းၿပီး စြန႔္ပစ္ခံရသည့္ေနရာေတြကို ရွာမယ္။ ႀကိဳတင္ၿပီး ေၾကာက္စရာျမင္ကြင္းေတြ ေပၚလြင္ေစမယ့္  ရႈေဒါင့္ေတြမွာ ကင္မရာကို ႀကိဳတင္တပ္ဆင္ထားမယ္။ ၿပိးရင္ ခင္ဗ်ားက ဇာတ္ၫႊန္းထဲက အတိုင္း ဒီေနရာကို တိုက္႐ိုက္ထုတ္လႊင့္ေပးၿပီး ကြၽန္ေတာ္တို႔ စတူဒီယိုကို ႀကိဳၾကားႀကိဳၾကားညႇပ္ၿပီး ေၾကျငာေပးပါ။ "

လွ်ိဳေတာက္က ခ်န္ေကာ ျငင္းလိုက္မွာေၾကာက္ၿပီး အိတ္ထဲက ဇာတ္ၫႊန္းတထပ္ကို ထုတ္ယူၿပီး ကမ္းေပးကာ ဆက္ေျပာလိုက္သည္။

   "ဒီဇာတ္ၫႊန္းကို  ႀကိဳတင္ျပင္ဆင္ထားဖို႔လိုတယ္။ ဒီထဲမွာ ေျပာရမယ့္ စာသားလည္းပါမယ္။ ကြၽန္ေတာ္တို႔ဟာ ၁၀ ရက္တစ္ႀကိမ္ သဘာဝလြန္ တိုက္႐ိုက္ထုတ္လႊင့္မႈကိုျပဳလုပ္လိမ့္မယ္။ ဒါကခ်င္ကြမ္းစတူဒီယို လုပ္ေနတဲ့ အစီအစဥ္နဲ႔လည္းကိုက္ညီတယ္။   "

ဤလူမ်ား့၏ေ႐ြးခ်ယ္မႈမ်ားႏွင့္ အလြန္ေရွး႐ိုးစြဲဆန္ၾကသည္။  အခ်ိဳ႕ ေနရာေတြက လူေနအိမ္ဧရိယာ၏ေဘးတြင္ရွိသည္။ ကင္မရာကိုေျပာင္းလိုက္တာနဲ႔ သူတို႔ကျမင္ႏိုင္လိမ့္မယ္။

"ဒီေနရာတခ်ိဳ႕က မသင့္ေတာ္ဘူးလို႔ ခင္ဗ်ား ထင္ေနေလာက္တယ္။ စိတ္မပူပါနဲ႔။ အဲ့ဒီေနရာမွာ လုံးဝလုံၿခဳံတယ္လို႔ ကြၽန္ေတာ္တို႔ ကတိေပးတယ္။ တည္ေနရာေတြအားလုံးကို ႀကိဳတင္စစ္ေဆးၿပီး ခင္ဗ်ားရဲ႕ live-stream တေလွ်ာက္လုံး ကင္မရာတလုံးက ေအာ္တို ေနာက္ကေန ေတာက္ေလွ်ာက္႐ိုက္ကူး ေပးလိမ့္မယ္ "

 
"ဒီအခ်က္ေတြနဲ႔ ခ်င္ကြမ္းကို ႏိုင္မယ္လို႔ထင္လား"

ခ်န္ကာ ဝမ္းနည္းစြာညည္းတြားစြာေျပာလိုက္ၿပီး သူကဖိုင္ကို လွ်ိဳေတာက္ဆီကိုျပန္ပို႔လိုက္တယ္။

"ဒီေနရာေတြထဲက တစ္ခုမွစိတ္ ၀ င္စားစရာ မရွိပါဘူး။ scripts ေတြကလည္းႀကိဳတင္ခန႔္မွန္းလို႔ ရတဲ့ဟာေတြခ်ည္းပဲ။ ခင္ဗ်ားကို ကြၽန္ေတာ္က  ေနရာတစ္ခုကို ေထာက္ခံခ်က္ေပးလို႔ရႏိုင္မလား  "

"အဲဒါ ဘယ္ေနရာလဲ?"

"တတိယဖ်ားနာေဆာင္ခန္းမအေၾကာင္းကို ခင္ဗ်ားၾကားဖူးလား"

ခ်န္ေကာသည္ သူ၏ဖုန္းကိုဖြင့ ္၍ ထိုနာမည္ကို ႐ိုက္  ထည့္ခဲ့သည္။ မၾကာခင္မွာ လူေတြကေျပာဆိုေနၾကတဲ့ ေၾကာက္စရာေကာင္းတဲ့၊ ရက္စက္ၾကမ္းၾကဳတ္ၿပီး ႐ူးသြပ္တဲ့ေခါင္းစဥ္ေတြေပၚလာတယ္။

 " လာမယ့္ live- stream လမ္းေၾကာင္း ကြၽန္ေတာ္ ဒီမွာကို သြားဖို႔စီစဥ္ထားတယ္။ "

လွ်ိဳေတာက္ ၏မ်က္ႏွာျပင္ေပၚရွိမွာ ေၾကာက္လန႔္သည့္ ပုံရိပ္ေပၚလာၿပီး တံေတြးၿမိဳခ်လိုက္လို႔ လည္ဇလုတ္ နိမ့္လိုက္ျမင့္လိုက္ျဖစ္သြားသည္။

 " ခင္ဗ်ား ဒီေနရာကို သြားမွာ ေသခ်ာလား။. အဲ့ဒါ သိပ္အလွမ္းေဝးလြန္းသြားၿပီ မဟုတ္လား  ? "
**-**

Chapter (128) - ေလလြင့္ေနေသာ ေၾကာင္

 

"ေဆး႐ုံၫႊန္ၾကားေရးမႉးႏွင့္လူနာမ်ားေပ်ာက္ဆုံးျခင္း။ ေဆး႐ုံတြင္လူေသအေလာင္းမ်ားက်န္ရွိေနသည္ဟု အမည္မေဖာ္လိုေသာစာတစ္ေစာင္ကဆိုသည္။"

" ညသန္းေခါင္ယံမွာ ေဆး႐ုံရဲ႕ တံခါးကို ပိတ္လိုက္သူက ဘယ္သူလဲ၊ တံခါးပိတ္ ထားတဲ့အခန္းထဲမွ ညည္းသံမ်ား"

"တစ္ညတည္းနဲ႔ သူတို႔ကို႐ူးသြားေအာင္ ဘာက လုပ္ေနတာလဲ။ လူနာက ဘယ္သူလဲ၊ ဆရာဝန္က ဘယ္သူလဲ"

"ေအာ္ဟစ္ျခင္း၊ ျဖတ္ေတာက္ျခင္း၊  ခ်ဳပ္လုပ္ျခင္း၊ လူ႔ကိုယ္အင္ဂၤါအစိတ္အပိုင္းေတြကို ညစ္လိမ္လိုက္ျခင္း "

 လွ်ိဳေတာက္သည္ အင္တာနက္ေပၚက
ေခါင္းႀကီးပိုင္းကိုသာၾကည့္လိုက္သည္။ သို႔ေသာ္ သူ၏ႏွလုံးသားသည္ အရွိန္ႏွင့္ခုန္လာၿပီး အသက္ရႈမမွန္ျဖစ္လာသည္။  

 "ခင္ဗ်ား အဲ့ကိုသြားမွာ ေသခ်ာလား?"

သူ ဒီကို မေရာက္မီက တဖက္လူက လစာႏွင့္ ေဘးကင္းလုံၿခဳံသည့္ ေနရာကို အဓိက ေျပာကာ ျငင္းမယ္လို႔ထင္ထားေပမယ့္ ခ်န္ေကာက ထိုအခ်က္ကို လုံးဝမေျပာပဲ သူတို႔ ေ႐ြးထားတဲ့ ေနရာနဲ႔ ဇာတ္ၫႊန္းက အတုျဖစ္တယ္ဆိုတာကို အဓိက ေျပာခဲ့သည္။ ၿပီးေတာ့ သူက အင္တာနက္ေပၚကနာမည္ႀကီးေနသည့္ ေနရာတစ္ခုကို ေ႐ြးခ်ယ္ကာ ထိုေနရာကို သြားမည္ဟု ေျပာေနသည္။ ဒီလူက သူ႔ေဘးကင္းလုံၿခဳံမႈကို လုံးဝ ထည့္မစဥ္းစားထားေပ။ ဒီလိုလူနဲ႔ေတြ႕ရမယ္လို႔ လွ်ိဳေတာက္လုံးဝ ထင္မထားမိေပ။

ခ်န္ေကာ ျငင္းမွာစိုးလို႔ သူ တညလုံးႀကိဳတင္ျပင္ဆင္ ထားတဲ့ သေဘာတူညီခ်က္ စာခ်ဳပ္က အလကားျဖစ္ရေလၿပီ။ ၿပီးေတာ့ ဒီလူက သူ ထိန္းခ်ဳပ္ႏိုင္သည့္ နယ္ပယ္အတြင္းမွာ မရွိဘူးဆိုတာ လွ်ိဳေတာက္ ေကာင္းေကာင္းနားလည္လိုက္သည္။

 သရဲအိမ္ပိုင္ရွင္က တကယ့္စြန႔္ပစ္ေဆး႐ုံေနရာကို ေကာက္ေ႐ြးလိုက္ေသးသည္။

ဒီလူ ႐ူးေနသလား။

လွ်ိဳေတာက္က ညႇိႏႈိင္းလိုသည့္ အၿပဳံးျဖင့္ေျပာ လိုက္သည္။

 "မစၥတာခ်န္၊ ကြၽန္ေတာ္တို႔ စတူဒီယိုကလူေတြဟာ ခင္ဗ်ား ေ႐ြးခ်ယ္ထားတဲ့တည္ေနရာကို ၀ င္ေရာက္ၿပီး ႐ိုက္ကူးဖို႔သတၱိရွိမွာမဟုတ္ၾကဘူး။ တကယ္လို႔ ၫႊန္းၫႊန္းက မသင့္ေတာ္ရင္ ကြၽန္ေတာ္တို႔  အဲဒါကို တည္းျဖတ္လို႔ ရပါတယ္"

"ဒါဟာ အဆင္ေျပပါတယ္။ "

ခ်န္ေကာက သူ႔ကိုေျပာလိုက္သည္။

"မင္းရဲ႕၏နားလည္မႈအတြက္ေက်းဇူးတင္ပါသည္၊ ကြၽန္ေတာ္တို႔သည္ ဇာတ္ၫႊန္းကို ေဆြးေႏြးေတာ့မလား။"

"ကြၽန္ေတာ့္ေနာက္ကို လိုက္ဖို႔လူေတြကို မလိုဘူး။ ကြၽနေတာ္ တစ္ေယာက္တည္းဝင္ႏိုင္တယ္"

 " ကြၽန္ေတာ္ေျပာတာကို ခင္ဗ်ား နားလည္မႈလြဲသြား တာလား"

လွ်ိဳေတာက္က ေခြၽးသုတ္ရင္းထပ္ေမးလိုက္သည္။

 " ညသန္းေခါင္မွာ အဲ့ဒီေဆး႐ုံထဲကို ခင္ဗ်ားတစ္ေယာက္တည္း ဝင္ၿပီး ႐ိုက္ကူးဖို႔ တကယ္စီစဥ္ေနတာလား  "  

"ဟုတ္တယ္။ ခင္ဗ်ားတို႔ဘက္က ျပသနာရွိလို႔လား?"

 "ႏိုး....မရွိပါဘူး။ ေက်းဇူးျပဳ၍ စာခ်ဳပ္ကိုၾကည့္ပါ။ ေတာင္းဆိုစရာတစ္ခုခုရွိရင္ ေျပာပါ"  

သူသည္ခရီးေဆာင္ေသတၱာမွ ယာယီစာခ်ဳပ္ကို ထုတ္ယူခဲ့သည္။ ခ်န္ေကာက စစ္ေဆးၾကည့္ေတာ့ သေဘာတူညီစာခ်ဳပ္က ယာယီသာလုပ္ထားၿပီး သိပ္မတင္းက်ပ္တာကို ေတြ႕ရသည္။ သူတို႔ဘက္က ၾကည့္ရင္ သူ႔ကို ဌားလို႔ ဒီအစီစဥ္က တကယ္ေပါက္၊မေပါက္ကို ယတိျပတ္မေျပာႏိုင္လို႔ ယာယီစာခ်ဳပ္သာ လုပ္ခဲ့တာကို ခ်န္ေကာ နားလည္သည္။

 
"မင္းရဲ႕ livestream ေတြကိုၾကည့္ၿပီးၿပီ။ အေၾကာင္းအရာက ၿပီးျပည့္စုံတယ္၊ ဒါေပမယ့္ ပစၥည္းက ပေရာ္ဖက္ရွင္နယ္သမားေတြ သုံးတဲ့ဟာေတြ မဟုတ္ဘူး။ "

 ခ်န္ေကာ  စာခ်ဳပ္ကိုဖတ္ေနစဥ္တြင္ လွ်ိဳေတာက္က  အနက္ေရာင္ခရီးေဆာင္ေသတၱာကိုျပန္ဖြင့္လိုက္သည္။ အထဲကအရာတို႔ကိုထုတ္ယူကာ ရွင္းျပလိုက္သည္။

 "ဒါက  GoPro ေရစိုခံကင္မရာတစ္ခုျဖစ္တယ္။  ပုံမွန္ဆိုရင္ ဒီလိုကင္မရာကို ေလထီးခုန္၊ ေရနက္ထဲ ငုပ္တဲ့ အားကစားေတြမွာ မွတ္တမ္းတင္႐ိုက္ကူးဖို႔ သုံးေလ့ရွိတယ္။  ဒါ့အျပင္ ရင္ဘတ္မွာ ခ်ိတ္ထားလို႔ ရတဲ့ကင္မရာနဲ႔ လက္ေမာင္းေတြမွာ ကပ္ထားလို႔ရတဲ့ ကင္မရာလည္းရွိတယ္။

 ဒါေတြကႀကိဳးမဲ့နားၾကပ္ေတြပါ။ Live- stream အတြက္ အဆင္သင့္ျဖစ္ရင္ ဗီဒီယိုကိုျပန္လည္ထုတ္လႊင့္ေပးဖို႔ကြၽမ္းက်င္သူေတြ ကူညီေပးပါလိမ့္မယ္။ ၿပီးေတာ့ ထုတ္လႊင့္သမွ်ကို ခင္ဗ်ားရဲ႕ ကိုယ္ပိုင္ဆဲလ္ဖုန္းကေန တိုက္႐ိုက္ၾကည့္ရႈႏိုင္တဲ့စနစ္ကိုထည့္သြင္းေပးလိမ့္မယ္  "

လွ်ိဳေတာက္ကပစၥည္းမ်ားကိုခရီးေဆာင္ေသတၱာထဲက ထုတ္ကာ မိတ္ဆက္ေပးခဲ့သည္။

"ခင္ဗ်ား ျမန္ျမန္နဲ႔ တတ္ႏိုင္သမွ်  ကိရိယာေတြကို ရင္းႏွီးေအာင္လုပ္သင့္တယ္ အႀကံေပးခ်င္ပါတယ္။ ခ်င္ကြမ္း ရဲ႕ေနာက္ထပ္ livestream ကို မေၾကျငာေသးဘူး၊ ဒါေပမယ့္ေနာက္သုံးရက္ အတြင္းမွာပဲ က်ိန္းေသ ေၾကျငာလိမ့္မယ္။ ရလဒ္ကေတာ့ ခင္ဗ်ားရဲ႕ ႐ိုက္ခ်က္ေပၚကို လုံးဝ မူတည္ေနတယ္  ။ "

ေနာက္ဆုံး ခ်င္ကြမ္းႏွင့္ သူတို႔ စတူဒီယိုက ျပင္းထန္တဲ့ယွဥ္ၿပိဳင္မႈ စတင္ေတာ့မည္။ ခ်န္ေကာဘက္က ေအာင္ျမင္မလားဆိုတာေတာ့ မသိေသးလို႔ ယာယီစာခ်ဳပ္ကိုသာျပင္ခဲ့သည္။

 ဒီ live-streamတခုလုပ္ၿပီးရင္ ခ်န္ေကာနဲ႔သူတိုၾကားက သေဘာတူညီခ်က္က ပ်က္ျပယ္ပါလိမ့္မယ္။ ခ်န္ေကာ သည္ စီးပြားေရးလုပ္ငန္းတစ္ခုက အရႈံးကို ေရွာင္ခ်င္သည္ကို နားလည္သည္။ ဒါေၾကာင့္  စာခ်ဳပ္ကို ဘာမွ မေျပာပဲ လက္မွတ္ထိုးလိုက္ၿပီး လွ်ိဳေတာက္ထံမွ ခရီးေဆာင္လက္ဆြဲေသတၱာကို လက္ခံခဲ့သည္။

"ခ်င္ကြမ္းရဲ႕ livestream အစီအစဥ္ကို ကြၽနေတာ္ အတည္ျပဳတဲ့အခါ ခင္ဗ်ားကို ဆက္သြယ္ပါလိမ့္မယ္။ အဲဒီေနာက္ ခင္ဗ်ား အဆင္သင့္ျဖစ္မယ္လို ေမွ်ာ္လင့္ပါတယ္။ ေပ်ာ္႐ႊင္ဖြယ္ပူးေပါင္းမႈျဖစ္ပါေစ"

လွ်ိဳေတာက္က ခ်န္ေကာကို လက္ဆြဲႏူတ္ဆက္ကာ ျပန္သြားခဲ့သည္။ ခ်န္ေကာက ထိုအခါမွ
ေသတၱာကို ယူၿပိး  လက္မွတ္မ်ားေရာင္းရန္ တံခါးနားသို႔ျပန္လာခဲ့သည္။ ေကာင္းကင္က ႐ုတ္တရက္ေမွးမွိန္လာၿပီး ညေန ၂ နာရီခန႔္မွာ မိုး႐ြာလာတယ္။ ထိုမိုးေၾကာင့္ ပန္းၿခံထဲက ဧည့္သည္ေတြ ျပန္ကုန္သည္။ သူ႔သရဲအိမ္ကိုလာတဲ့ ဧည့္သည္ေတြ တိုးတိုးလာေပမယ့္ ပန္းၿခံကိုလာတဲ့ ဧည့္သည္ေတြကို ေတာက္ေလွ်ာက္က်ဆင္းေနသည္။ မၾကာခင္ ဒီပန္းၿခံက ျပဳတ္သြားႏိုင္သည္။ အခုက ၿမိဳ႕မွာ ၿပိဳင္ဖက္မရွိလို႔သာ သူတို႔ပန္းၿခံက ဆက္လက္ရပ္တည္ေနႏိုင္တာ ျဖစ္သည္။ မၾကာခင္ ပန္းၿခံအသစ္လာတည္ေဆာက္ရင္ ဒီရာစုသစ္ ပန္းၿခံက လုံးဝျပဳတ္သြားလိမ့္မည္။ ဒါဆိုရင္ သူ႔သရဲအိမ္လည္း ပိတ္လိုက္ရေတာ့မည္။

အခု သူ႔သရဲအိမ္ထဲက ဆက္တင္ေတြက ပန္းၿခံႀကီးတစ္ခုလုံးကို ျဖန႔္ၿပီးလုပ္ရေအာင္လည္း မမ်ားေသးေပ။

 "ေဘာ့စ္ ရွင္ ဘာေတြးေနတာလဲ"

႐ႊီဝမ္က ထီးျဖင့္ ထြက္လာၿပီး ခ်န္ေကာနားမွာ ရပ္ကာ ေမးလိုက္သည္။

 "ဘာမွ မဟုတ္ပါဘူးကြာ... ဒီေန႔ မင္း အလုပ္ဆင္းလို႔ရၿပီ။ ငါလည္း ဆက္တင္ထဲမွာ ဆင္ဖို႔ အ႐ုပ္လုပ္တဲ့ေနရာကို သြားလိုက္ဦးမယ္။ "  

႐ႊီဝမ္ျပန္သြားေတာ့ ခ်န္ေကာက သရဲေျခာက္သည့္အိမ္ကို ေသာ့ခတ္ အ႐ုပ္လုပ္သည့္ေနရာကို ထြက္လာသည္။

ေဘာ့စ္ခ်င္နဲ႔အျခားလူတစ္ေယာက္က အျပင္က စၾကၤန္မွာ စကားေျပာေနစဥ္ ခ်န္ေကာေရာက္လာတာကို ျမင္ေတြ႕ခဲ့သည္။

"ဘာလို႔အျပင္မွာ ရပ္ေနတာလဲ"

 "အစ္ကို, ခင္ဗ်ား အဆင့္ျမင့္ အ႐ုပ္လုပ္ဖို႔ မစဥ္းစားေတာ့ဘူးလား။ ခင္ဗ်ားက တကယ့္ကို SEX DOLL ဘုရင္ျဖစ္လာႏိုင္တယ္ေနာ္  "

"စိတ္မဝင္စားဘူး။ "

ခ်န္ေကာက စကားစျဖတ္ကာ သူ႔အ႐ုပ္ေတြကို အာ႐ုံစိုက္လုပ္လိုက္သည္။ အ႐ုပ္အားလုံးက ည 9 နာရီခြဲမွာ ၿပီးသြားၿပီး ကိုယ္ထည္ 24 ခုကို တန္းစီရပ္ထားပုံက ျမင္႐ုံနဲ႔ေၾကာက္စရာေကာင္း လွသည္။


"သူတို႔ကအရမ္းကို အစစ္အတိုင္းပဲ။ အကယ့္ကို အႏုပညာလက္ရာေျမာက္လွတယ္   "

" သူတို႔ကို ငါ ဒီည အေျခာက္ခံျပကီး  မနက္ျဖန္မနက္မွာ သူတို႔ကိုေခၚသြားမွာပါ။ "

ခ်န္ေကာက သူေဌးခ်င္ရဲ႕ ပခုံးေပၚတြင္ပုတ္လိုက္သည္။

"အေဝးကသာေစာင့္ၾကည့္ပါ၊ ေက်းဇူးျပဳၿပီး သူတို႔ကို မထိပါနဲ႔။ "

ေနာက္ထပ္စကားမ်ားေျပာၿပီးေနာက္ ခ်န္ေကာက  ထီးတလက္ေဆာင္းကာ ထိုေနရာမွ ထြက္ခြာခဲ့သည္။ သူသည္အလုပ္႐ုံမွထြက္လာၿပီးေနာက္ မိုးသည္းထန္စြာ ႐ြာ ေနဆဲျဖစ္ သည္။

ငါ ပန္းၿခံကို အ႐ုပ္ ႏွစ္ဆယ္ေလး႐ုပ္ကို ဘယ္လိုသယ္ ရမလဲ။ ဦးေလး႐ႊီကို အကူညီေတာင္းရမယ္ထင္တယ္။

 သူက ထီးကိုဖြင့္ၿပီးလမ္းေပၚမွာေလွ်ာက္ သြားခဲ့တယ္။ လမ္းႏွစ္ဖက္စလုံးမွ ေဈးဆိုင္မ်ားက သူတို႔ပစၥည္းမ်ားကို ထုပ္ပိုးသိမ္းဆည္းေနၾကသည္။ ဆိုင္ပိုင္ရွင္ေတာ္ေတာ္မ်ားမ်ားက သူတို႔ကေလးေတြကို အိမ္ကို ျပန္ဖို႔ ေခၚေနၾကတယ္။

ခ်န္ေကာသည္လမ္းမႀကီးတစ္ခုကိုျဖတ္ေက်ာ္ၿပီး သတိမထားမိဘဲကေလးငယ္တစ္ ဦး ေအာ္သံၾကားလိုက္ ရသည္။ လူငယ္မ်ားစြာသည္ ေက်ာက္တုံးမ်ားႏွင့္ ပုလင္းခြံေတြကို ေကာက္ကာ လမ္းေဒါင့္တစ္ေနရာကို ဝိုင္းပစ္ေနသည္။ ။ ေယာက္်ားေလးတစ္ ဦး သည္သူ၏လက္ေခ်ာင္းမ်ားကို အုပ္ကာ ထိုေဒါင္းကို လက္ညႇိဳးထိုးျပၿပီး ငိုေနသည္။

ေဘးနားက ထီလက္မွတ္အေရာင္းဆိုင္၏အႀကီးအကဲက လွမ္းေအာ္လိုက္သည္။

"က်ားမင္..က်ားေပါင္  ကစားတာကိုရပ္လိုက္ေတာ့။ အိမ္ျပန္ဖို႔အခ်ိန္တန္ၿပီ"  

"ေဖေဖ၊ ညီေလးကို ေလလႊင့္ေနတဲ့ ေၾကာင္ ကုတ္လိုက္တယ္!"

ေယာက္်ားေလးမ်ားထဲကတစ္ေယာက္ကေအာ္ဟစ္လိုက္သည္။

"ေၾကာင္တစ္ေကာင္ကုတ္ျခစ္လိုက္တာလား။ငါလာ ၾကည့္မယ္"

ထိုသူသည္လမ္းၾကားထဲသို႔ေျပးဝင္လာသည္။  တြန႔္ဆုတ္ေနၿပီးေနာက္ ခ်န္ေကာ သူတို႔ ေနာက္သို႔လိုက္ခဲ့သည္။ ထိုေယာက္်ားႀကီးသည္ သူ၏ေကာင္ေလး၏လက္ေခ်ာင္းေပၚရွိ အနာကိုျမင္ေသာအခါ သူက ငိုေနေသာေကာင္ေလးကို ဖက္ၿပီးႏွစ္သိမ့္ေပးသည္။ သူ႔အေဖကိုေတြ႕ေတာ့ ေကာင္ေလးကပိုၿပီးက်ယ္ေလာင္စြာငိုေနခဲ့တယ္။

"မငိုနဲ႔။ အေဖက မင္းကိုလက္စားေခ်ႏိုင္ေအာင္ ကူညီေပးမယ္။ ဒီေၾကာင္က မင္းကို  ကုတ္လိုက္တာလား"

သူက အနီးအနားမွာရွိတဲ့အုတ္ခဲကိုေကာက္ကိုင္ၿပီး သနားစရာသတၱဝါေပၚကိုပစ္ခ်လိုက္တယ္။ အုတ္ခဲသည္ ထိုေၾကာင္ေလးေပၚ မက်ပဲ ခ်န္ေေကာ ဝင္ခံလိုက္သည့္ ေျခသလုံးေပၚ က်ကာ အသံအုပ္အုပ္ထြက္လာသည္။

ခ်န္ေကာသည္ ေျခေထာက္ျဖင့္ လွမ္းပိတ္လိုက္ကာ ထိုေၾကာင္ေလးဝင္ေနသည့္ စုတ္ျပတ္ေနသည့္  စကၠဴဘူးေလးကိုၾကည့္ရင္း လမ္းၾကား အလယ္တြင္ ရပ္ေနသည္။ ေသတၱာထဲ၌ တကိုယ္လုံး ေသြးထြက္ ဒဏ္ရာမ်ားျဖင့္ ဖုံးအုပ္ေနေသာ အျဖဴေရာင္ေၾကာင္တစ္ေကာင္ရွိ၏။ အဆိုပါေၾကာင္ သည္ ေခါင္းတြင္ ေသြးေတြစီးက်ေနၿပီး ေျခသည္းလက္သည္းကို ထုတ္ကာ မာန္ဖီေနေပမယ့္ ထို  စာ႐ြက္ထည့္သည့္ ေသတၱာမွထြက္ရန္ျငင္းဆန္ခဲ့သည္။

"ဘာျဖစ္လို႔  ေဝးေဝးေျပးမသြားမွာလဲ"

ခ်န္ေကာသည္ တလွမ္းတိုးကာ  ၾကည့္လိုက္ေတာ့ သတၱာေလးထဲတြင္ အသက္မရႈေတာ့သည့္ ေၾကာင္ေပါက္စ ေလးေကာင္ကို ေတြ႕လိုက္ရသည္။

 ေကာင္ေလးတအုပ္က ဝိုင္းထုထားသည့္ ပုလင္းခြံႏွင့္ ေက်ာက္ခဲေတြက ေဘးမွာ ရႈပ္ပြေနေပမယ့္  စကၠဴေသတၱာအတြင္း၌သန႔္ရွင္းေနသည္။

"မင္း ဘာလုပ္ေနတာလဲ? ထြက္သြားစမ္း"

ထိုသူသည္တံျမက္စည္းကိုဆုပ္ကိုင္ကာ ခ်န္ေကာကို ခပ္ၾကမ္းၾကမ္းတြန္းဖယ္လိုက္သည္။ ခ်န္ေကာရဲ႕ ေျခသလုံးက နာက်င္ေနဆဲျဖစ္လို႔ လူက ယိုင္သြား ခဲ့သည္။

ခ်န္ေကာက အတြန္းခံလိုက္ရတာနဲ႔ သူ႔ကိုယ္ထဲက တခုခုက ထြက္လာသလို ခံစားလိုက္ရသည္။ သူက ထိုလူရဲ႕လက္ေမာင္းကို ဆုပ္ကိုင္လိုက္ၿပီး သူ႔လက္တဖက္ နဲ႔ ထိုလူရဲ႕ေခါင္းေပၚ ဖိကာ ႐ႊံေရေတြထဲ နစ္ခ်လိုက္သည္။

 ခ်န္ေကာရဲ႕သူငယ္အိမ္က  မယုံႏိုင္ေလာက္ေအာင္ ေၾကာက္စရာ ေကာင္းေလာက္ေအာင္ က်ဥ္းေျမာင္း ေနသည္။ ခ်န္ေကာႏွင့္ အၾကည့္ခ်င္းဆုံလိုက္ေတာ့ ထိုလူက ေက်ာထဲ စိမ့္ကာ ေၾကာက္သြားခဲ့သည္။


ဒါက ယင္ယန္ မ်က္လုံးပဲ...


ထိုလူက ေၾကာက္ေၾကာက္ႏွင့္ ေျပာလိုက္သည္။
ထိုလူသည္အစပိုင္းတြင္႐ုန္းကန္ရန္ႀကိဳးစားေသာ္လည္းခ်န္ေကာ၏မ်က္ႏွာကိုေတြ႕ေသာအခါ တစ္ကိုယ္လုံးေအးစက္သြားသည္။ သူ႔သြားေတြလည္း တဂတ္ဂတ္တုန္ကာ စကားထစ္ကုန္သည္။

"အား...ငါတို႔က စကားနဲ႔ ေျပာလို႔ရပါတယ္။ "

ထိုသူသည္တံျမက္စည္းကိုပစ္ခ်လိုက္၏။ သူ၏မ်က္ႏွာကိုေျမေပၚသို႔ဖိထားလိုက္ၿပီး သူကတုန္လႈပ္ေနေသာအသံျဖင့္ ေျပာလိုက္သည္။

" ဒီဧရိယာတစ္ေလွ်ာက္လုံးမွာ ေစာင့္ၾကည့္ ကင္မရာ ေတြ ရွိတယ္။ ေလလြင့္ေနတဲ့ေၾကာင္တစ္ေကာင္ေၾကာင့္ ရန္ျဖစ္ဖို႔ မထိုက္တန္ပါဘူး။ ငါ ခ်က္ခ်င္းထြက္သြား ပါ့မယ္"

ခ်န္ေကာက သူ႔ကို တခ်က္ၾကည့္လိုက္ေတာ့ သူလည္း သူ႔သားႏွစ္ေယာက္ကို ေခၚေတာ့ ျမန္ျမန္ေျပးသြား ခဲ့သည္။

 ဆူညံေနသည့္ လမ္းၾကားက ခ်က္ခ်င္းၿငိမ္းခ်မ္းသြား ခဲ့သည္။ ခ်န္ေကာက လမ္းေထာင့္ရွိ က်ိဳးပဲ့ေနေသာ စကၠဴေသတၱာကိုၾကည့္လိုက္သည္။ ဒဏ္ရာရေနေသာ အျဖဴေရာင္ေၾကာင္ေလးနားကို တိုးကပ္သြားေတာ့ ေၾကာင္ေလးက ေၾကာက္႐ြံ႕စြာျဖင့္ ၾကည့္ကာ တိုက္ခိုက္ရန္လုပ္ေနသည္။ ေၾကာင္ေလးက လူကို မေၾကာက္ပဲ သတိရွိေနပုံရသည္။ ခ်န္ေကာက ေၾကာင္ေလးကို ဘာမွမလုပ္ေတာ့ပဲ သူ ေဆာင္းထားတဲ့ ထီးနဲ႔ ေၾကာင္ေလးရဲ႕   စကၠဴေသတၱာေပၚ မိုးေပးခဲ့သည္။

 
**-**

Lanjutkan Membaca

Kamu Akan Menyukai Ini

33.6K 1.5K 199
(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်
276K 27.5K 27
"Daddy အတွက်ဒုတိယ ရတနာ လေးကိုယူလာပေးတာ ကျေးဇူးတင်တယ်နော် Angel " Lucas ''Daddy ကို အချစ်ဆုံး'' ...
180K 36.5K 159
Genre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy
257K 34.2K 131
ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်