ပုလဲတို့ဖြင့်ဖွဲ့သီသော ( Comp...

Par TAIN_YAN_THWAY

227K 22.6K 2.3K

"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ" Plus

Part 1 ( Unicode )
Part 1 ( Zawgyi )
Part_2 ( Unicode )
Part_2 ( Zawgyi )
Part 3 ( Unicode )
Part 3 ( Zawgyi )
Part 4 ( Unicode )
Part 4 ( Zawgyi )
Part 5 ( Unicode )
Part 5 (Zawgyi)
Part 6 ( Unicode )
Part 6 ( Zawgyi )
Part 7 ( Unicode )
Part 7 ( Zawgyi )
Part 8 ( Unicode )
Part 8 ( Zawgyi )
Part 9 ( Unicode )
Part 9 ( Zawgyi)
Part 10( Unicode )
Part 10 ( Zawgyi )
Part 11 ( Unicode )
Part 11 ( Zawgyi )
Part 12 ( Unicode )
Part 12 ( Zawgyi )
Part 13 ( Unicode )
Part 13 ( Zawgyi )
Part 14 ( Unicode )
Part 14 ( Zawgyi )
Part 15 ( Unicode )
Part 15 ( Zawgyi )
Part 16 ( Unicode )
Part 16 ( Zawgyi )
Part 17 ( Unicode )
Part 17 ( Zawgyi )
Part 18 ( Unicode)
Part 18 ( Zawgyi )
Part 19 ( Unicode)
Part 19 ( Zawgyi)
Part 20 ( Unicode )
Part 20 ( Zawgyi)
Part 21 ( Unicode )
Part 21 (Zawgyi )
Part 22 ( Unicode )
Part 22 ( Zawgyi)
Part 23 ( Unicode)
Part 23 (Zawgyi)
Part 24 (Unicode)
Part 24 ( Zawgyi )
Part 25 ( Unicode )
Part 25 ( Zawgyi )
Part 26 ( Unicode )
Part 26 ( Zawgyi )
Part 27 ( Unicode )
Part -27 ( Zawgyi )
Part 28 ( Zawgyi)
Part 29 ( Unicode)
Part 29 ( Zawgyi)
Part 30 ( Unicode)
Part 30 ( Zawgyi)
Part 31 ( Unicode)
Part 31 ( Zawgyi)
Part 32 ( Unicode)
Part 32 ( Zawgyi)
Part 33 ( Unicode)
Part 33 ( Zawgyi)
Part 34 ( Unicode)
Part 34 ( Zawgyi)
Part 35 ( Unicode)
Part 35 ( Zawgyi )
Part 36 ( Final )
Part 36 - Final ( Zawgyi)
Extra Final
Extra Final ( Zawgyi)

Part 28 ( Unicode )

2.4K 351 15
Par TAIN_YAN_THWAY

ဘုန်းကြီးကျောင်းရှိ ဆွမ်းစားဆောင် အနီးတွင် ကာလသား ၊ ကာလသမီးတို့သည် အိုးကြီး အိုးငယ်များဖြင့် ချက်ပြုတ် ပြင်ဆင်နေကြသည်။

အထွန်းက ဘုန်းကြီးကျောင်းသို့ ရောက်ရောက်ချင်းတွင်ပင် ထက်အောင် ကို ရှာသည်။
ဖိနပ်ကို လက်တစ်ဖက်က ကိုင် ၊ ထီးကို တစ်ဖက်က ကိုင်ရင်း လမ်းလျှောက်လာသော အထွန်းကို ထက်အောင်ကတော့ အဝေးမှပင် လှမ်းမြင်ရပါသည်။

"အထွန်း အစောကြီးပဲရောက်လာတာလား"

"လကွယ်နေ့ ဈေးပိတ်တယ် ဆိုတော့ ကူလုပ်စရာများရှိမလားလို့"

"ကူလုပ်ပေးစရာတော့ မရှိပါဘူး ၊ အပျိုလူပျို အဖွဲ့တွေက ဆွမ်းကျွေးတာဝန်ယူပေးထားတာပဲ "

"ဒါဆို အထွန်း ကူလုပ်စရာမရှိဘူးပေါ့"

"လောလောဆယ်တော့ နားပါဦး ၊ အခု ဇရပ်ကို သွားကြမယ်"

ထက်အောင်က အထွန်းထံမှ ထီးကိုလှမ်းယူသည်။

"ထီးပေး ၊ အကို ကိုင်ပေးမယ် "

အထွန်းက ခေါင်းညိတ်ကာ ထီးအောက်ဝင်ရင်း ထက်အောင်နောက်သို့လိုက်သည်။ ဇရပ်သို့ရောက်သော အခါ ထက်အောင်က ထီးကို အသာအယာ ပိတ်သည်။ ထို့နောက် ထီးကို တံခါးဘောင်တွင်ချိတ်ရင်းအထွန်းလက်ထဲမှ ဖိနပ်ကို လှမ်းယူသည်။

"ရပါတယ် ဖိနပ်ကို အထွန်း သိမ်းပါ့မယ်"

"ပေးပါ အတူတူသိမ်းထားတော့ ပြန်တဲ့အခါ ရှာရမခက်တော့ဘူးပေါ့"

ထက်အောင်က ဖိနပ်ကိုယူကာ လှေကားထောင့်တစ်နေရာရှိ အိတ်တစ်အိတ်ထဲသို့ ထည့်ထားလိုက်သည်။

"ကဲ ရပြီ ၊ ဇရပ်မှာ ခဏနားဦး ၊ ဆယ်နာရီလောက်မှ ဥပုသ်သည်တွေ ဆင်းလာကြမှာ"

"ကိုထက်ကရော"

"အကိုက ဟိုဘက်မှာ လိုတာ သွားကြည့်ဦးမယ်လေ"

"အထွန်းလည်းလိုက်မယ်"

ထက်အောင်က ခေါင်းညိတ်ကာ အထွန်းကို လက်ကမ်းပေးသည်။
အထွန်းက ထီးကို ယူကာ ထက်အောင်၏ လက်ထဲသို့ ထည့်သည်။

"ထီးတောင်းတာ မဟုတ်ဘူးလေ အထွန်းရဲ့ "

"ဟင် ဘာတောင်းတာလဲ "

မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် နားမလည်သလို ကြည့်နေသော အထွန်းကို ထက်အောင် ရယ်ပြရင်း

"ဘာမှ မတောင်းတော့ဘူး "

"ဟင် သူပဲ လက်ပေးပြီးတော့ "

ဆူပုတ်ပုတ်ဖြင့် ပြောလာသော အထွန်းကို ကြည့်ကာ ထက်အောင်တစ်ယောက် ရယ်မိတော့သည်။

"ကဲပါ လာ သွားရအောင်"

ထက်အောင်က လက်ထဲသို့ အဆင်သင့်ရောက်နေသော ထီးကို ဖွင့်သည်။ ထို့နောက် အထွန်းဘက်သို့ ထီးမိုးကာ ဆွမ်းစားဆောင်သို့ ထွက်လာခဲ့တော့သည်။

အနောက်ဘက်တွင် မီးထည့်သူကထည့် ၊ ဟင်းချိုအိုးကို မွှေသူကမွှေ ၊ ဟင်းခပ်သူကခပ် ဖြင့် ကိုယ်စီအလုပ်များနေကြသည်။
ဆွမ်းစားဆောင်သည် မကျယ်ဝန်းလှသော်လည်း လူ တစ်ရာခန့်အတွက်တော့ အဆင်ပြေပါသည်။

"ကိုထက် ဥပုသ်သည်တွေ ဆွမ်းစားပြီးမှ စားကြမယ်နော်"

"အထွန်း ဗိုက်ဆာနေမှာပေါ့"

"မဆာပါဘူး ၊ ပြီးတော့မှ စားမယ်လေနော်"

"အင်းပါ ၊ ဒါဆိုလည်း အဲတော့မှ အတူတူစားကြတာပေါ့"

ကာလသားတို့သည် စားပွဲခုံဝိုင်းကြီးများကို လှိမ့်ကာ လှိမ့်ကာဖြင့် စီနေကြသည်။ ကာလသမီးတို့မှာမူ ဖျာချပ်များကို သယ်ကာ ဥပုသ်သည်များအတွက် နေရာထိုင်ခင်းပြင်နေကြလေသည်။

တစ်ယောက်ထိုင် ဖျာချပ်များ ချပြီးသောအခါ ပန်းကန်များကို စားပွဲပေါ်သို့ တင်ကြသည်။ တစ်ဝိုင်းသည် လူငါးယောက်ဆန့်သော စားပွဲဝိုင်းများ ဖြစ်သောကြောင့် ပန်းကန်ငါးပန်းကန် ၊ ဟင်းတစ်မျိုးအတွက် နှစ်ပန်းကန် နှင့် ဟင်းချို အတွက် သုံးပန်းကန် ကို ပြင်ဆင်သည်။ ထို့နောက် ပုံး ကိုယ်စီဖြင့် ထိုစားပွဲဝိုင်းများသို့ သွားပြီးလျှင် ဟင်းများခပ်ထည့်ကာ အဆင်သင့်ပြင်ထားကြတော့သည်။

ဥပုသ်သည်များ ရောက်လာသောအခါ ကူလုပ်ချင်လှသော အထွန်းသည် ဟင်းချိုထည့်ထားသော ရေခဲပုံးအပြာရောင်ကို လက်ကဆွဲသည် ။ ထို့နောက် ဟင်းချိုလျော့သွားသော ပန်းကန်လုံးများထဲသို့ လိုက်ဖြည့်နေတော့သည်။

ဟင်းချို ခပ်ထည့်ပြီးသော အခါတွင်တော့ လက်ဆေးသည့်နေရာသို့သွားပြန်သည်။ ထို့နောက် ရေ ၊ ဆပ်ပြာ နှင့် လက်သုတ်ပုဝါတို့ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်သည်။

ပန်းကန်ဆေး၊ အိုးတိုက် သည့်နေရာသို့ လှမ်းကြည့်မိသော်လည်း အပျို ၊ လူပျို အဖွဲ့ရှိနေသောကြောင့် အထွန်းမှာ ကူညီစရာမရှိ။

"အထွန်း စားကြတော့မလား လာ "

"ဟုတ်"

အထွန်းက ထက်အောင်ဘေးတွင် ထိုင်ပြီးလျှင် ကြက်သားတစ်တုံးကို ဦးချသည်။

အနည်းငယ် ပင်ပန်းနေပုံရသော ကိုထက်သည် ထမင်းစားပွဲတွင် ငြိမ်ငြိမ်သက်သက်ရှိနေပြန်သည်။

"ကိုထက်"

"အင်း"

"စိတ်မကောင်းဖြစ်နေလို့လားဟင်"

"မဟုတ်ပါဘူး အထွန်းရယ် "

"အန်တီက ကောင်းရာမွန်ရာ ရောက်မှာပါ"

လူကြီးလေးလို ပြောနေသော အထွန်းကို ထက်အောင်က ကြည့်ရင်း ပြုံးသည်။

"အင်း မေမေက အရမ်းအေးချမ်းတာ ၊ အခုလည်း အေးချမ်းနေမှာပါ "

********

အစီအရီပေါက်နေသော ဝါးပင်တို့သည် စိမ်းစိမ်းစိုစို ရှိနေသည်။ အစိမ်းရင့်ရောင်ဝါးပင်တွင် အစိမ်းဖျော့ရောင် ဝါးရွက်တို့ကာ ခပ်စိပ်စိပ်။ ဝါးပင်အချို့မှာ အပေါ်သို့ထောင်မတ်နေကြပြီး အချို့မှာမူ အဖျားဆီမှ ကွေးညွတ်ကာ ခပ်ကိုင်းကိုင်းရှိနေသည်။ ဖြန့်ကျက်ထားသကဲ့သို့ ရှိနေသော ဝါးရွက်တို့သည် နေမထိုးအောင် ကာကွယ်ပေးထားသော အမိုးအကာနှင့်ပင် တူနေလေသည်။

ဘုန်းကြီးကျောင်းခြံဝန်းရှိ ဝါးရုံတောကို ဖြတ်ပြီးသောအခါ စေတီသို့ သွားကြပြန်သည်။ ဘုရားပေါ်သို့ရောက်ရောက်ချင်းပင် အေးချမ်းမှုကို စတင်ခံစားရသည်။ ဆည်းလည်းသံတို့ကလည်း ကြည်လင်သောစိတ်ကို ဖြစ်စေသည်။ ခေါင်းလောင်းထိုးသံတို့ကလည်း ကြည်နူးသော စိတ်အစုံကို ဖြစ်စေပြန်သည်။

ကျေးငှက်တို့က ရင်ပြင်အနားတွင် ပျံသန်းနေကြသလို ဥပုသ်သည်တို့ကလည်း တရားမှတ်နေကြသည်။

အထွန်းသည် ဗုဒ္ဓရုပ်ပွား‌တော်ရှေ့တွင် ဆီမီး ၊ အမွှေးတိုင်များ ထွန်းညှိ ပူဇော်ပြီးသောအခါ ဘုရားရှိခိုးပြီး ဆုတောင်းသည်။

"ကိုမိုး ကျန်းမာပါစေ ၊ အထွန်းဆီကို မြန်မြန်ပြန်လာပါစေ"

*****

မီးဖိုထဲမှ မီးသွေးခဲတို့သည် ရဲရဲတောက်နေသည်။ အထွန်းက ထိုမီးခဲတို့ကို မီးညှပ်ဖြင့် ယူကာ သံမီးပူထဲသို့ထည့်သည်။ ထို့နောက် စနစ်တကျပင် ပြန်ပိတ်ကာ သစ်သား လက်ကိုင်မှ ကိုင်ရင်း အိမ်ရှေ့သို့ ထွက်လာသည်။

အိမ်ရှေ့တွင် စောင်တစ်ထည်ကို နှစ်ခေါက်ခေါက်ကာ ခင်းပြီးသောအခါတွင်တော့ အထွန်းသည် သီချင်းတအေးအေးဖြင့် မီးပူတိုက်တော့သည်။

မိုးရာသီ ဖြစ်သောကြောင့် နေရောင်ရသည့်အချိန်သည် များများစားစားမရှိ။ ထို့ကြောင့် အထွန်းမရှိသည့်အချိန်တွင် အမေက အဝတ်အစားများကို လျှော်ဖွပ်ကာ လှမ်းထားတတ်လေသည်။ အထွန်းပြန်ရောက်သော အခါတွင်တော့ အဝတ်ရုတ်ကာ မီးပူတိုက်ရုံပင်။

အထွန်းက မီးပူတိုက်ရင်းမှ ကိုမိုးအကြောင်းကို တွေးမိပြန်သည်။

ကိုမိုးက အခုအချိန်ဆို စာကျက်နေမှာလား ၊ အိပ်နေလောက်ပြီလား ။ ဒါမှမဟုတ် အထွန်းကိုများ သတိရနေမှာလား ။

မီးပူတိုက်ပြီးသောအခါ အထွန်းသည် အိမ်ပြင်သို့ထွက်သည်။ ထို့နောက် ကွပ်ပျစ်ပေါ်တွင်ထိုင်ရင်းက ထိန်ထိန်သာနေသော လမင်းကို ကြည့်မိပြန်သည်။ လမင်းကို ကြည့်နေသော်လည်း ကြာကြာမကြည့်နိုင်။ ကိုမိုးမျက်နှာကိုသာ မြင်ယောင်လာလေသည်။

ကိုမိုးကို မြင်ယောင်လာလေလေ လွမ်းစိတ်က ကြီးလာလေလေမို့ အာရုံပြောင်းရန်အတွက် အထွန်းသည် အကျအန ထိုင်ကာ ကြယ်များကို ရေတွက်သည်။

တစ် ၊ နှစ် ၊ သုံး‌ ၊ လေး၊ ငါး ....၊ နှစ်ဆယ် ။ အင်း ..
ကိုမိုး အသက်က နှစ်ဆယ်ပြည့်တော့မှာပဲ။

အထွန်းက ခေါင်းကို ဆတ်ခနဲခါသည်။ ကိုမိုးအကြောင်း မေ့ထားချင်လို့ ကြယ်တွေကို ရေနေပါတယ်ဆို ။
ဒါပေမယ့်လည်းလေ အထွန်း ဘာပဲလုပ်လုပ် ကိုမိုးကို မေ့ထားလို့မှ မရတာ။

အထွန်းက ထိုင်ရာမှ ထကာ အိမ်ပေါ်သို့တက်သည်။ ဘုရားရှိခိုးပြီးသောအခါ အမေ့ကို ကန်တော့သည်။

အိပ်ရာဝင်သည်အထိ အထွန်းစိတ်တို့က မတည်မငြိမ်။
သင်ဖြူးဖျာပေါ်တွင် လူးကာ လိမ့်ကာဖြင့် အိမ်မပျော်နိုင်သော အထွန်းသည် ကိုမိုးကို တွေးမိပြန်သည်။

ကိုမိုးက အထွန်းဖုန်းခေါ်တိုင်း ဘာလို့များ မကိုင်ရတာလဲ။
ဝမ်းနည်းမိသော်လည်း အပြစ်တော့ မတင်မိပါ ။
ကိုမိုးကို သဘောကျတာက အပြစ်တင်ဖို့မှ မဟုတ်တာ။

ကိုမိုးဘယ်လိုနေနေ အထွန်းက သဘောကျမှာပါ။
အထွန်းကို ဂရုစိုက်စိုက် ၊ မစိုက်စိုက် အမြဲတမ်း သဘောကျမှာပါ။

နောက်ဆုံး အထွန်းနားက ထွက်သွားရင်တောင် တစ်သက်လုံး သဘောကျနေမှာပါ ။

**********








Continuer la Lecture

Vous Aimerez Aussi

7.6K 326 27
ေမာင်အားလုံးကိုခွင့်လွှတ်ပေးမှာမို့ ကျေးဇူးပြုပြဳး မောင့်အနားမှာပဲနေပေးပါငယ် 'နန္ဒမောင်' အစကတည်းကငယ...
3.2M 184K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
10.4K 193 17
ငယ်ရွယ်ချိန်မှာ ပေါက်ဖွားလာတဲ့ ဆယ်ကျော်သက်ကောင်လေးတွေရဲ့ အချစ်ကို ရသမျိုးစုံနဲ့ ပေါ်လွင်အောင်ရေးဖွဲ့ထားပါသည်။
40.6M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...