Unicode
"ဝေါ...ဝေါ...ဝေါ......"
အဆက်မပြတ် ရွာသွန်းနေသော မိုးရေမိုးစက်များကြောင့် ပန်းနီရောင် သန်းနေသော သည်းငယ်၏ နီစွေးစွေးနှုတ်ခမ်းလေးပင် ပြာလဲ့လဲ့ဖြစ်လို့နေလေပြီ၊ ဒီအတိုင်းသာ ဆက်ထားအုံးမည်ဆိုလျှင်တော့
သေချာပါသည် ဒီပိကျိလေး သေချာပေါက်ဖျားနာတော့မည်။
အတော်လည်း အသည်းမာတဲ့ $ကလေးလေးပါလားကွာ.....
"ကလေး လေး မိုးတွေလည်းအရမ်းသည်းလာပြီကွာ ပြီးတော့ မင်းနှုတ်ခမ်းလေးတွေလည်း ပြာနေပြီ
ကိုတို့ပြန်ကြရအောင်လေနော်"
မိုးရေစက်များနှင့်အပြိုင် မျက်ရည်စတို့အား ရွာသွန်းနေသော ကလေးလေးရဲ့မျက်ဝန်းများကတော့ သိပ်ကိုမှေးမှိန်လို့နေလေသည်။
ဒဏ်ရာရ ကျားတစ်ကောင်ပမာ ခံစားနေရသော ကလေးငယ်ကတော့
သူပြောသမျှစကားတွေကို မျက်ကွယ်ချ ဥပေက္ခာပြုရင်း အသက်မဲ့နေသော မျက်ဝန်းများဖြင့်သာ အဝေးတစ်နေရာဆီသို့ ငေးကြည့်နေလျက်။
"ခင်ဗျားပြန်ချင်ပြန်လေ ကျတော်ကတော့မလိုက်တော့ဘူး"
"ကျွတ်...မလိုက်လို့ရမလားသည်းငယ်ရာ...မင်းကိုယ်မင်းလည်းပြန်ကြည့်အုံး တစ်ကိုယ်လုံး ဂိုက်ဂိုက်တုန်နေပြီ ခေါင်းမမာချင်စမ်းပါနဲ့ သည်းငယ်ရာ "
"ဟုတ်တယ် ကျတော်ကခေါင်းမာတယ်
အဲ့တော့ဘာဖြစ်လည်း အနည်းဆုံးတော့ ခင်ဗျားလို မလှည့်စားတတ်ဘူးမဟုတ် လား ဦးမုဏ်းစေတန်"
"သြော် ခင်ဗျား သိအောင်ကျတော် တစ်ခုပြောရအုံးမယ် အခု ခင်ဗျား အရှေ့မှာ ရပ်နေတဲ့ ကျတော်ကလေ အရင်လို ခင်ဗျားဘာပြောပြော တသွေမတိမ်း လိုက်နာတတ်တဲ့ပျော့ညံ့ညံ့အဆိုးမဟုတ်တော့ဘူး ၊ ခင်ဗျားပေးတဲ့ စိမ်းကားမှုတွေကြောင့် တော်တော်လေးကိုရင့်ကျက်သွားပြီဗျ"
ခပ်အက်အက် အသံလေးနှင့်အတူ သူ့ဆီသို့ရောက်လာသောမျက်ဝန်းများက ကြေကွဲစရာ အကြည့်များနှင့် ပြည့်နှက်လို့နေလေသည်။
"မဟုတ်ဘူးသည်းငယ်....ကိုပြော..."
"ကျေးဇူးပြုပြီးတော့ ကျတော့ကို သည်းငယ်လို့မခေါ်ပါနဲ့ ဦးမုဏ်းစေတန်
ကျတော်က ခင်ဗျားရဲ့သည်းငယ်မဟုတ်ဘူး"
"ကလေးရာ ကိုဒီလောက်ထိတောင်းပန်နေတာတောင်အခုထိစိတ်ဆိုးမပြေသေးဘူးလားကွာ"
"ဟွန့်...စိတ်ဆိုးတယ်ဟုတ်လား..အဟက်...အတော်ရီစရာကောင်းပါလား ဦမုဏ်းစေတန်ရာ ကျတော်ကစိတ်မဆိုးပါဘူး စိတ်ပဲနာတာ ဘယ်လောက်ထိအောင်စိတ်နာလဲဆိုရင် ခင်ဗျားမျက်နှာကို နောက်ထပ်တစ်ခါ ထပ်မတွေ့ချင်လောက်အောင်ကိုစိတ်နာတာ"
နှုတ်ခမ်းထက်မှ မည်မျှပင်ရက်စက်ချင်နေကာမူ နှလုံးသားကတော့ ဆက်မိုက်ချင်နေသေးသည်။
မခုန်ချင်စမ်းပါနဲ့ နှလုံးသားလေးရယ် အချိန်တန်ရင် မင်းပဲနာကျင်ရလိမ့်မယ် ....
"ဟူး..."
လေပြင်းရှည်တစ်ချက်ကိုမှုတ်ထှုတ်လိုက်သောဦးကတော့ သူ့အားစိတ်ပျက်နေပြီထင်ပါရဲ့...
ဟုတ်ပါသည်လေ ဒီလိုစိတ်ပျက်လာအောင်လည်း သူတမင်ဖန်တီးခဲ့သည်မဟုတ်လား။
အချိန်ကြာလာလို့ ပိုခံစားရမဲ့အတူတူ အခုအချိန်ထဲက လမ်းခွဲကြတာဟာ နှစ်ယောက်ဆုံးအတွက်အကောင်းဆုံးပင်မဟုတ်ပါလား....
မနာကျင်ဘူးလားလို့မေးရင်တော့...မသေရုံတမယ် လေးပေါ့....
"အဲ့တာဆို သည်းငယ်ကျေနပ်အောင် ကိုဘာလုပ်ပေးရမလဲ... "
"သေလိုက်...လဲသေလိုက်...အီး...ဟင့်...ဟင့်"
သူ့အားပြောပြောဆိုဆိုနှင့်မိုးရေစက်များအကြားပြေးထွက်သွားတဲ့ကလေးငယ်အား အံ့သြစွာနှင့်ပင် ငေးမောစွာသူရပ်ကြည့်နေမိလေသည်။
မင်းကိုယ့်ကို အဲ့လောက်ထိတောင် နာကျည်းသွားပြီလားသည်းငယ်ရာ....
လောင်မြိုက်နေသော နှလုံးသားလေးအတွင်းမှ ဝေခွဲမရနိုင်သော အချစ်စိတ်တို့ကြောင့် မွန်းကျပ်စွာ ထွက်ပေါ်လာသော မျက်ရည်စများကိုတော့ ပါးပြင်တစ်လျောက်လွပ်လပ်စွာ ကျဆင်းခွင့်ပေးလိုက်လေသည်။
ဒီမျက်ရည်တွေကို မင်းတွေ့ရင်
ကို့အချစ်တွေကို မင်းနားလည်ပါလိမ့်မယ်သည်းငယ်....
"အီး....ဟင့်....ဟင့်....ဘာလို့လဲ....ဘာကြောင့်ကျတော့အပေါ်ဒီလိုရက်စက်နိုင်ရတာလဲဟင်...ဟင့်...ဟင့်..."
မွန်းကျပ်နေသော နှလုံးသားလေးအား
လွပ်လပ်အောင် သူ့အနားမှ ပြေးထွက်လာခဲ့ရာ ရွာအဝင်ဆီသို့ပင်ရောက်လို့နေလေပြီ။
"ဂွီ...ဂွီ...ဂွီ"
"အားရား....$သည်းကကွဲနေပါတယ်ဆိုခါမှ ဒီဗိုက်ကဆာလာသေးတယ်....ဟင့်...ဟင့်....."
မနက်ကတည်းက ဘာမှမစားလာခဲ့သောသူ့အတွက် ဆာလောင်မှုဆိုသော အရာကြီးက ကောင်းစွာ ဒုက္ခပေးလို့လာလေသည်။
ထိုအခိုက်.....
"ရွှတ်....ရွှတ်.....ရွှတ်....အမလေးလေး မွှေးလိုက်တဲ့ ကြက်ကြော်အနံ့လေး မှန်းစမ်းဘယ်သူ့အိမ်ကပါလိမ့်...."
ကြက်ကြော်အနံ့ကြောင့် ဘေးပတ်ဝန်းကျင်သို့လှမ်းမျှော်ကြည့်လိုက်ရာ တမ်းတွေ့သည့်အိမ်ကတော့ ပေါက်ကရအကုန်လုပ် ဒေါ်ရွှေဘုတ်တို့အိမ်ပင်။
" ကြည့်စမ်း ကြည့်စမ်း သူများတကာက အသည်းငယ်ကွဲနေပါတယ်ဆိုခါမှ ဒင်းတို့က ကြက်သားတွေတောင်ကြော်စားနေကြသေးတယ်...တွေ့မယ်...တွေ့မယ် အဆိုးအကြောင်းကောင်းကောင်းကြီးကို သိစေရမယ်"
"အား....ကျွတ်...ကျွတ်...သေပါပြီ"
ရန်တွေ့ချင်သည့်စိတ်ကြောင့် နမော်နမဲ့ဖြင့် ရှေ့မကြည့်နောက်မကြည့် လမ်းလျောက်လိုက်ရာ အရှေ့တွင်ထောင်နေသော
သစ်သားစကြီးက အဆိုးခြေထောက်အား တန်းမတ်စွာမိတ်ဆက်လိုက်လေသည်။
"သည်းငယ်....သည်းငယ်ဘာဖြစ်သွားသေးလဲ"
ဘယ်အချိန်ထဲက သူ့အနောက်ကို လိုက်လာမှန်းမသိလိုက်လာခဲ့သော ဦးကတော့ သူ့ဆီသို့အပြေးလာရင်း ပြာပြာသလဲဖြင့်သူ့ကိုယ်လေးအားထွေးပွေ့လို့နေလေသည်။
အမှန်ပြောရင်
ဒီလူကြီးနဲ့ ညားရပါစေရဲ့ ဒီလိုအချိန်မျိုးဆိုရင် ဦးကိုယ်ကြီးက အရမ်းကိုနွေးထွေးလွန်းလှပါသည်။
" မင်းကိုယ့်ရှေ့ကထွက်သွားကထဲက ဒီလိုဖြစ်လိမ့်မယ်လို့ ကိုထင်တယ် အဲ့တာကြောင့်လဲ မင်းအနောက်ကနေကိုမသိမသာလေးလိုက်လာတာ ခုကြည့်ထင်တဲ့အတိုင်း ဖြစ်ပြီ မင်းဟာလေ သိပ်ကိုနမော်နမဲ့နိုင်လွန်းတယ်ကွာ"
"တော်ပြီလား ဆက်ပြောပါအုံး...ဟွန့်...ကျတော်က ခင်ဗျားပြောချင်သလို ပရမ်းပတာလေးလေ အဲ့တော့ အခုလို ချော်လဲတာလောက်က အဆန်းမှမဟုတ်တာ...လာသည်းပြမနေနဲ့ မလွမ်းတတ်ဘူး...."
ကိုကစေတနာနှင့်ပြောလိုက်သော်လည်း သူ့အတွက် ဝေဒနာ သဘောမျိုးသက်ရောက်သွားသည်မို့
သူကိုယ်တိုင်ပင် အလျော့ပေးလိုက်လေသည်။
"ထားတော့ကွာ ကိုဘာမှမပြောတော့ဘူးဟုတ်ပြီလား....ထ ကိုနဲ့ပြန်လိုက်ခဲ့"
"နားလိုက်စမ်းပါဗျာ ခင်ဗျားလည်း ခင်ဗျားလမ်းခင်ဗျား သွား...ကျတော်လည်း ကျတော်လည်း ကျတော့လမ်းကျတော်သွားမယ်...ok"
"မိဘုတ်ရေ...မိဘုတ်..ငါချော်လဲသွားလို့.ငါ့ကိုလာတွဲအုံးဟ"
"မိဘုတ်...."
သူ့အားရှိတယ်လို့မထင် တခြားသူအား
အားကိုးတကြီးနှင့် လှမ်းခေါ်နေသော ဒီ$သောက်ကလေးကြောင့်သူပင်အနည်းငယ်တင်းသွားရလေသည်။
ဘာလဲကွာ....ငါရှိနေရဲ့သားနဲ့ကို တခြားသူကို အော်ခေါ်နေတာ....မသိရင်ငါက နွားကြီးမို့လား...အဲ မဟုတ်ပါဘူး လူယုတ်မာကြီးမလို့လား....
"ဟော...ဟော ဟိုသေနာကျလေး လာပြန်ပြီ အမေရေ သမီးတို့ကို ဘာတွေလာမွှေအုံးမလဲမသိဘူး...ဗြဲ..."
အိမ်ရှေ့မှ အသံပြဲကြီးနှင့် အော်ခေါ်နေသော အဆိုးကြောင့် ဒေါ်ရွှေဘုတ်ခဗျာ ကြောက်ဒူးတွေပါတုန်နေရလေသည်။
မတုန်လို့လည်းမရပေ အဆိုးဆိုသည့်
အကောင်ပေါက်လေးက တစ်ခုခု မမွှေရမချင်း ပြန်တတ်သည့်လူမှမဟုတ်တာ။
ဟိုတစ်ခါက မုန့်ဟင်းခါး၊ ဒီတစ်ခါကျ ဘာမွှေပြန်အုံးမလဲမသိဘူး အဆိုးရေ ငါ့တော့ ဂျွမ်းသာ ပစ်လိုက်ချင်တော့တယ်ဟဲ့...အငီး...
"ဟဲ့.... မိဘုတ် ဟိုမှာအဆိုးခေါ်နေတယ်လေ ညည်း မသွားဘူးလား"
"မသွားချင်ပါဘူးတော်...အမေဘာသိလို့လဲ ကျုပ်သွားရင် ဒင်းမသာလေးက ကျုပ်ကိုမွှေအုံးမှာတော့"
"ရော....ဒီကလေးမနဲ့တော့ "
"နေနေ အမေသားပဲသွားလိုက်တော့မယ် "
"အေးအေး"
အနှစ်နှစ်အလလ ခွဲခွာခဲ့ရသော မျက်နှာဝိုင်းလေးဆီမှ ကိုကိုဆိုသော အသံကို ကြားချင်နေသည်မို့ ကိုကိုမောင်တစ်ယောက်အမေ့အရှေ့မှ အမြန်ပင်ထွက်လာခဲ့လိုက်သည်။
များမကြာမီ အချိန်လေးမှာတော့ ရွှံ့အိုင်ထဲတွင် ကျွဲပေါက်စလေးလို နွံ့လူးနေသော အကောင်ပေါက်လေး ကို ကိုကိုမောင် တွေ့ပါပြီလေ။
"အဆိုး...."
"ဟာ...ကိုကို... "
"ကိုကိုပြန်ရောက်နေတာလား ဟွန့်...သားဆီကို လာတောင်လာမလည်ဘူးနော်"
မိမိအား ရှိတယ်လို့ကိုမထင် ခြံထဲမှထွက်လာသော လူစိမ်းအား ကိုကို ကိုကိုနှင့် ရွှေကြို လုပ်နေသော ဒီ$ကလေးအား စေတန်ရိုက်သတ်ချင်နေမိလေသည်။
ကြည့်ပါအုံး မျက်နှာလေးက မချိုမချဥ်နဲ့ ဖြတ်ရိုက်ချင်စရာလေး.....နှာခေါင်းနဲ့နော် နှာခေါင်းနဲ့
"အဟား...ပူတူးကတော့ လုပ်ပြီ..ကိုကိုက လာမလည်တာမမဟုတ်ရပါဘူးကွာ ကိုကိုက ဒီမနက်မှပြန်ရောက်တာလေ အဲ့တာကြောင့်မို့ ပူတူးဆီ ကိုကိုမလာဖြစ်တာ"
"အော်...အာ့ဂလိုလား သိဘူးလေ "
သူ့အား သရော်သလို အကြည့်မျိုးနှင့်ကြည့်ရင်း ေကာင်းကောင်းကြီးလက်စားချေနေသော ကလေးငယ်ကတော့ ထိုလူစိမ်းအားပွေ့ဖက်နေလေရဲ့။
"တောက်...."
မိမိဆီမှ တောက်ခေါက်သံကြားမှသာ ကလေးနှင့်
ကိုယ်ချင်းခွာလိုက်သော ထိုလူစိမ်းက သူ့အားတချက်ကြည့်ရင်း။
"...ဒါနဲ့ သူက"
"ကျွန်တော်က..."
"သူ့ကိုတော့ထားလိုက်စမ်းပါ ကိုကိုရာ သူကဘာမှမဟုတ်ပါဘူး...."
ကြည့်စမ်း $ကလေးလေး ငါ့ကိုဘာမှမဟုတ်ဘူးတဲ့ တွေ့မယ် တွေ့မယ်
သူကရောဘယ်သူလဲ ဘာလို့ သည်းငယ်က သူ့ကို ကိုကိုလို့ခေါ်နေရတာလဲ...ကျွတ် သည်းငယ်ရာ မင်းနဲ့တော့ငါရူးတော့မယ်ကွာ
ကျေးဇူးပြုပြီးတော့ ကိုယ့်ကိုတော့မပြုစားပါနဲ့သည်းငယ်ရာ....
"အေးပါကွာ ...အာ့ဆိုလည်း ကိုကို့ကျောပေါ်တက် ကိုကို ပူတူးကို ကုန်းပိုးသွားမယ်"
"ရေး...ဒါမှ တို့ကိုကိုကွ"
ကိုကို့ကျောပေါ်သို့ တက်နေရင်းဦးဆီသို့ တချက်ဝေ့ကြည့်လိုက်တော့ သဝန်တိုမှုတွေကြောင့် ထွက်ပေါ်လာသည့် ညိုမဲပီး ဒေါသထွက်နေတဲ့ မျက်နှာကြီးက အတိုင်းသားပင်။
သေချာပါသည် ဦးတစ်ယောက် ကျတော်နှင့် ကိုကို့ကို သဝန်တွေတိုလို့နေလေသည်။
ခံလိုက်အုံးပေါ့....ဦးရယ်....ခံလိုက်အုံးပေါ့ အလှည့်ကျရင် မနွဲ့ကျစတမ်းပေါ့ မဟုတ်ဘူးလား ဟွန့်...
Zawgyi
"ေဝါ...ေဝါ...ေဝါ......"
"ဟူး..."
"ဂြီ...ဂြီ...ဂြီ"
ထိုအခိုက်.....
အမှန်ပြောရင်
"မိဘုတ်...."
"ရော....ဒီကလေးမနဲ့တော့ "
"အေးအေး"
"အဆိုး...."
"ဟာ...ကိုကို... "
သူ့အား သရော်သလို အကြည့်မျိုးနှင့်ကြည့်ရင်း ကောင်းကောင်းကြီးလက်စားချေနေသော ကလေးငယ်ကတော့ ထိုလူစိမ်းအားပွေ့ဖက်နေလေရဲ့။
"တောက်...."
"...ဒါနဲ့ သူက"
"ကျွန်တော်က..."
"ရေး...ဒါမှ တို့ကိုကိုကွ"