The Stranger I love (System)

By khunsin

402K 43.4K 1.3K

လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... More

မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14

Arc 4.2

3K 401 33
By khunsin

မှတ်ဥာဏ်များ လက်ခံရရှိပြီးပြီမို့ ဇက်ခရွန်ရဲ့ နျူးကလိယပ်စ်ကို စမ်းသပ်ဖို့ လိုအပ်သည်ကို နားလည်လိုက်သည်။ ထို့ကြောင့် နေသန် က စောစောက တိုက်ခိုက်ခဲ့တဲ့ ဇက်ခရွန်နားသွားပြီး နျူးကလိယက်စ်ကို ယူကာ သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်သည်။

'ဟူး ဒီရွံစရာကောင်းတဲ့အကောင်တွေနဲ့ ငါနဲ့တော့ ဒုက္ခပဲ'
နေသန်က နီးစပ်ရာမြို့တမြို့သို့ သွားရန် ဆုံးဖြတ်လိုက်သည်။

'ရှင်း .. ဒီအသွင်ပြောင်းလူသား ဇက်ခရွန်တွေက ရန်လိုတယ် ဆိုတာတော့ ဟုတ်ပါပြီ။ လူတွေရဲ့ အသွေးအသားကို ဆာလောင်တတ်တယ်ဆိုတော့ ပုံမှန်လူတွေလိုရော စဉ်းစားနိုင်သေးလား'
'သူတို့နည်း သူတို့ဟန်နဲ့တော့ စဉ်းစားနိုင်တယ်။ ဒါပေမယ့် သာမာန်လူတွေလိုတော့ မဟုတ်ဖူး'

'ဒါဆို သူတို့က ကျင့်ဝတ်တွေ စာနာမှုတွေ မိသားစုတွေဆိုတာမျိုးရော သိသေးလား'
'ငါ သိပ်မသေချာဘူး။ အသိစိတ်ရှိကောင်း ရှိနိုင်တယ်။ ဒါပေမယ့် ဆာလောင်တဲ့စိတ်က လွှမ်းမိုးသွားလိမ့်မယ်လို့ ယူဆတယ်။ အဲ့တာက မင်းရှာဖွေလေ့လာရမယ့် အပိုင်းပဲ"
'အွန်း ငါနားလည်ပြီ'

နေသန်က သိုလှောင်အိတ်ထဲက ပစ္စည်းများနဲ့ လွှဲပြောင်းရယူထားတဲ့ စွမ်းအင်များကို စစ်ဆေးလိုက်သည်။

1. Hikari Shou ရဲ့ Game Character မှ လွှဲပြောင်း၍ ပါလာဟန်တူသော ရေစွမ်းအင် Hydro၊ 

2. ရှောင်ရိမင် ခေါ် Sekki ဓားမှ ရလာဟန်တူသော လျှပ်စီးစွမ်းအင်Electro နှင့်

3. မူရင်းနေသန်ကိုယ်တိုင် မသိပေမယ့် ခန္ဓာကိုယ်ထဲ ခိုအောင်းနေသော သွေးစွမ်းအင် Haemo တို့ကို ပိုင်ဆိုင်သည်။

ကိရိယာအားဖြင့် Tsuki ဆံထိုးက Smart Terminal Watch အဆင့်မြင့်နာရီသဏ္ဍာန် ဆက်သွယ်ရေး ကိရိယာအဖြစ် ပြောင်းသွားပြီး Sekki ဓားက မူလအတိုင်းပဲ ကျန်ရှိသည်။

'ရှင်း မြေပုံရနိုင်မလား'
'ရတယ် point 200'
'စျေးကြီးလိုက်တာ'

'မြို့ အကုန်လုံးပါတယ်လေ ဒါပေမယ့် အရမ်းကြီးသွားတော့ စာရွက်နဲ့မရဘူး။ terminal ထဲ ထည့်ပေးမယ်'

'Terminalက ဘာလဲ'

'Smart Phone တလုံးထက် / Computer တလုံးထက် ပိုတဲ့ စွမ်းဆောင်ရည်တွေ ရှိတယ်။ လူတိုင်းမှာ ကိုယ်ပိုင် Terminal ရှိတယ်။ ဒီကမ္ဘာမှာ Terminal ရဲ့ ID ကို မှတ်ပုံတင်အနေနဲ့ သုံးတယ်။ ဒါပေမယ့် မူလနေသန်က ထွက်ပြေးနေတာကြောင့် သူ့Terminal ကို စွန့်ပစ်ခဲ့တယ်။ လောလောဆယ် မင်းရဲ့ Tsuki က ဒီကမ္ဘာပေါ်မှာ အကောင်းဆုံး up to date အဖြစ်ဆုံး terminal ပဲ။

'အွန်း .. Tsuki ထဲကို မြေပုံ ထည့်ပေး'
'Transferring Map Data .. 3 .. 2 .. 1 completed'

နေသန်က မြေပုံကို စစ်ဆေးရန် Terminal ကို ဖွင့်လိုက်သည်။ 3D Dimensions တစ်ခု အလင်းများ ဖြာထွက်လာပြီး မြေပုံက မျက်စိရှေ့မှာ ပုံဖော်ထားသကဲ့သို့ မြင်လိုက်ရသည်။

"Wow .. သောက်ရမ်းမိုက်တယ်"

ရှင်းနဲ့ ပြောလျှင် စိတ်ထဲကပဲ ဆက်သွယ်တာ ဖြစ်ပေမယ့် အသံထွက်ပြီး အော်မိလိုက်သည်အထိ စိတ်လှုပ်ရှားသွားသည်။

စက်ပစ္စည်းများကို နားလည်လွယ်တဲ့ ဖေးရဲ့၏ ပင်ကိုယ်အရည်အချင်းကြောင့် တခဏအတွင်းမှာ Terminal နှင့် ရင်းနှီးသွားတော့သည်။

Terminal ကို 3D အလင်းပေါ်တွင် လက်နဲ့ (သို့မဟုတ်) အသံဖြင့် command ပေးနိုင်သည်။ Terminal ID ကို စစ်ကြည့်တဲ့အခါ Nathan Clark အမည်နှင့် သုံးထားသည်ကို တွေ့ရသည်။ နေသန်က သူ့ရဲ့ Hacking စွမ်းရည်ကို စမ်းကြည့်သည့် အနေဖြင့် ပုံမှန်အခြေအနေမှာ ပြောင်းခွင့် လုံးဝမရှိတဲ့ ID ထဲက အမည်ကို Nathan Kris Clark အဖြစ် ပြောင်းလိုက်သည်။

'မင်း အဲ့နာမည်ကို ကြိုက်လို့လား။ ဘာလို့ မင်းရဲ့ နာမည် ရင်း မထည့်လဲ'
'ဒီအတိုင်း နေသန့်အဖေရဲ့ နစ်နာခံ ကြိုးစားမှုကို ငါ့အနေနဲ့ မှတ်တမ်းတင်ဂုဏ်ပြုပေးချင်ရုံလေးပဲ။ ငါ့နာမည်ရင်းထည့်လည်း ဒီကမ္ဘာနဲ့ အပ်စပ်မယ် မထင်လို့'

နေသန်က မြေပုံထဲကို ကြည့်ပြီး သုံးနေရာလောက် အမှတ်အသားလုပ်လိုက်သည်။ ထို့နောက် အနီးဆုံး မြို့ကို သွားရန် ဆုံးဖြတ်၍ ဦးတည်လမ်းလျှောက်သည်။ နေဝင်ခါနီးပြီ ဖြစ်၍ ခပ်သွက်သွက်လျှောက်လိုက်သည်။ သို့ရတွင် နောက်ကျောမှ တစုံတခုကို အာရုံခံမိလိုက်တာကြောင့် ငုံ့၍ ရှောင်လိုက်သည်။ ခေါင်းပေါ်မှ သစ်မြစ်အကိုင်းတစ်ခု ဖြတ်သွားသည်။ နေသန် လှည့်ကြည့်လိုက်သည်။

"ဪ မင်းပဲကိုး"
"အကို ကျနော်နဲ့ လိုက်ခဲ့မှ ရမယ်"
"ဘာလို့ လိုက်ရမှာလဲ"
စကားသာ ပြောနေကြပေမယ့် လက်များက တိုက်ခိုက်နှင့် နေပြီ ဖြစ်သည်။

"အကို့ကို ဖမ်းဖို့ ကျနော် တာဝန်ယူထားတယ်"
"မင်းက ဘာလဲ။ ဘယ်အဖွဲ့ကလဲ"

"ကျနော်က ဒီနားက မြို့က အထူးတပ်ဖွဲ့ဝင်ပဲ ဆိုပါတော့ အကို့ကို မေးမြန်းစရာရှိလို့ ခေါင်းဆောင်က ရှာခိုင်းထားတာ။ ကျနော်တို့ လိုက်ရှာနေတာ အတော်ကြာနေပြီ။ တွေ့မယ့် တွေ့တော့လည်း အကိုကရေချိုးနေတာမို့ စောင့်ပေးနေတာ။ အကိုက ထွက်ပြေးသွားတယ်"
"ဟမ်း မင်းအဖမ်းခံဖို့ပဲ ငါက ထိုင်စောင့်နေရဦးမယ်"

ဒီသောက်ကလေးက အတိုက်အခိုက်ကျွမ်းကျင်လိုက်တာ။ သူမြန်မြန်ဖြတ်ချထားခဲ့မှ ရမယ်။ ဒီကလေးပြောပုံအရဆို သူ့ကို လူတွေ ဘယ်နှစ်ယောက်တောင် လိုက်နေလဲ မသိဘူး။

နေသန်က ရေလှိုင်းနှစ်ခု ရိုက်ချလိုက်သည်။ အိန်းဒရူးက မီးစွမ်းအင်ကို သုံးကာ ချက်ချင်းအငွေ့ပျံစေသည်။ ပြေးရင်းလွှားရင်း တိုက်ခိုက်ပြန်သည်။

"အကို ကျနော့်ကို မနိုင်ဘူး။ အဖမ်းခံလိုက်တာကောင်းမယ်နော်။ အကို့ကို နာကျင်အောင် မလုပ်ချင်ဘူး"
"ဟမ် .. ငါက မင်းကို ဘာကိစ္စမနိုင်ရမှာလဲ"

နေသန်က ရေစွမ်းအင်ကို ရေထုဓားနှစ်လက်အဖြစ် ပြောင်းလိုက်ပြီး တိုက်ခိုက်ရင်း ပြေးပေါက်ရှာသည်။  အိန်းဒရူးက နေသန့်ရည်ရွယ်ချက်ကို သိသည့်အလား ထွက်ပြေးနိုင်မယ့် နေရာတွေမှာ ကြိုရောက်နေပြီး မီးစွမ်းအင်ကို လှံအဖြစ်ပြောင်းကာ ပိတ်ဆို့ တိုက်ခိုက်သည်။

"အကိုက မဆိုးဘူးပဲ"
အိန်းဒရူး၏ မျက်ဝန်းများက အရောင်များတောက်လာနေသည်။

နေသန် စိတ်တိုလာသည်။ ဒီမလောက်လေးမလောက်စားကောင်လေးကို ဘာလို့ မနိုင်နေရတာလဲ။ Sekki ကို ဆင့်ခေါ်၍ ထုတ်သုံးလိုက်ပြီး လျှပ်စီးနှင့် အတူ ခုတ်ချလိုက်သည်။ အားအင်အပြည့်သုံးတာ မဟုတ်ပေမယ့် ရှေ့မတိုးလာစေရန် ဟန့်တားဖို့တော့ လုံလောက်သည်။ သို့သော် အိန်းဒရူးက နောက်မဆုတ်ပဲ တည့်တည့် ဝင်တိုးလာသည်။

နေသန် အံဩထိတ်လန့်သွားသည်။ သူသည် စစ်ပွဲများစွာနွှဲခဲ့ဖူးသည်။ တိုက်ပွဲများစွာ တိုက်ခဲ့ဖူးသည်။ Duel စီးချင်းများစွာ ထိုးခဲ့ဖူးသည်။ သူတွက်ချက်လိုက်သည်က အိန်းဒရူးက ခုတ်ချက်ကို ရှောင်လိမ့်မည် သို့မဟုတ် တခုခုနှင့် ကာလိမ့်မည်ဟု။ မတုန်မလှုပ် တည့်တည့်တိုးလာလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့။

"ဟာ"
နေသန်က အိန်းဒရူးကို ထိသွားမှာစိုး၍ အော်လိုက်ခြင်းဖြစ်သည်။ သို့သော် မထင်မှတ်ထားခဲ့သည်က ဓားသည် အိန်းဒရူးကို အနာတရ မဖြစ်ခဲ့။ လျှပ်စီးများက ခုန်ပေါက်မြူးတူးနေပေမယ့် ရှရာတောင် မရှိပဲ ရိုးရိုးတုတ်တစ်ချောင်းနှင့် ရိုက်လိုက်သကဲ့သို့ပင်။ သူအကြီးအကျယ် အံဩနေစဉ်မှာ အိန်းဒရူးက သူ့ကို ဖမ်းချုပ်လိုက်လေသည်။ သူရဲ့ ပေါ့ဆမှုအတွက် နောင်တရသွားသည်။ သို့ပေမယ့် အခုမှ သူတုန်လှုပ်နေလို့ မဖြစ်တော့။

"မင်း ..ဘာလို့... တည့်တိုးဝင် .. ဘာလို့ ဒဏ်ရာမရ.."
"ဟက် .. ကျနော်ရဲ့ နောက်စွမ်းအင်တမျိုးက Aero (လေစွမ်းအင်)လေ။ အဲ့တာကို ကျနော်က Advanced ထိ တက်ထားနိုင်တဲ့အတွက် Shield အကာ အနေနဲ့ သုံးလို့ရတယ်။ ပြောပါတယ်။ အကို ကျနော့ကို မနိုင်ပါဘူးလို့"

နေသန် မျက်မှောင်ကြုတ်သွားသည်။ Shield ကာထားသည်ဆိုသော်လည်း Sekki က သူ့ကို တခါမျှ စိတ်ပျက်စေခဲ့ခြင်း မရှိပေ။ သူကိုယ်တိုင်၏ လက်ဆကိုလည်း သိနေပါလျှက်နှင့်။ အိန်းဒရူးရဲ့ Shield က အရမ်းကောင်းလို့များလား။ နေသန် စိတ်ရှုပ်ထွေးသွားသည်။  ထိုစဉ် သူ့ တကိုယ်လုံးသို့ ကြိုးများသဖွယ် သစ်ခက်နွယ်များက ရစ်ပတ်လာသည်။

"ဒါလည်း နောက်ထပ် ကျနော့ Ability ပဲ။ ပထဝီမြေစွမ်းအင်ရဲ့ Advance စွမ်းအားပဲ။ Dendro (သစ်ပင်စွမ်းအင်) တဲ့ "

"အကို့ကို တာဝန်အရဖမ်းရပေမယ့် ဘာမှ မဖြစ်စေရဘူး စိတ်ချ"
ထို့နောက် အိန်းဒရူးက နေသန့်ကို ထမ်းရန် ပုခုံးပေါ်တင်လိုက်သည်။

"ငါ့ဘာသာ လမ်းလျှောက် လိုက်ခဲ့မယ်။ ဇောက်ထိုးဆို ငါမူးတတ်လို့"  ... အိန်းဒရူးက နေသန်တခါထွက်ပြေးဖူးသည်မို့ မသင်္ကာသလို ကြည့်သည်။

"တကယ်ပြောတာ။ ပုခုံးပေါ်အထမ်းခံရတာ နေလို့ကောင်းတာလည်း မဟုတ်ဖူး။ ပြီးတော့ငါတို့ အဝေးကြီးလည်းသွားရဦးမယ်မလား"

"သိပ်မဝေးပါဘူး။ ကျနော် အကို့ကို မယုံဘူး။ ထမ်းခေါ်လို့ မရလည်း ပွေ့သွားလို့ရတယ်"
"ဟာ ဟေ့ .. "
"အကို ပါးစပ်ကို ပိတ်ထားလိုက်တော့"
ပြောပြီးသည်နှင့် နွယ်ပင်မှ အရွက်များထွက်လာပြီး နေသန့်ပါးစပ်ကို ပိတ်ကာထားစေသည်။
"ဝူး ဝူး ဝူး"

"Sorry အကို .. သွားစို့"
အိန်းဒရူးက နေသန်ကို ပွေ့ချီပြီး Aero စွမ်းအင်အနည်းငယ်သုံးကာ အနီးဆုံးမြို့၏ အဆောက်အအုံတခုဆီသို့ ဦးတည် ခေါ်သွားသည်။ မိန်းကလေးတယောက်လို အလွယ်လေး ပွေ့ခေါ်သွားခြင်းခံရတာရော တခါမျှ မရှုံးဖူးတာရောကြောင့် နေသန် ခံရခက်နေသည်။

'ရှင်း .. ဒီအိန်းဒရူးဆိုတဲ့ကောင်က ဘာကောင်လဲကွာ'

'အိန်းဒရူးဝို့သ် ...
အသက် 19နှစ်။
မိဘတွေက ဇက်ခရွန်လက်ချက်နဲ့ ဆုံးသွားတယ်။
Vex အဖွဲ့ရဲ့ ခေါင်းဆောင်က ခေါ်ယူမွေးစားထားပြီး လက်စားချေချင်တဲ့စိတ် ပြင်းထန်တာကြောင့် တခြားသူတွေ Ability တစ်ခုပွင့်ဖို့တောင် တိုင်ပတ်နေတဲ့အချိန်မှာ သူက Ability သုံးမျိုး ပွင့်ထားတယ်။ မီး လေ မြေ(သစ်ပင်)။ အကုန်လုံးကို သေသေချာချာသုံးနိုင်တဲ့အပြင် Aero ရဲ့ နောက်တဆင့် Shield ဖွင့်နိုင်တဲ့ အထိပါ အဆင့်တက်ထားနိုင်တယ်။

ပါရမီရှင်အဖြစ် လူသိများပြီး ဒီတကမ္ဘာလုံးမှာရှိတဲ့ စွမ်းအားရှင်ထဲမှာ အတော်ဆုံးသူလို့ ပြောလို့ရတယ်။ သူ့ကို လက်ရည်တူ ယှဉ်နိုင်တဲ့သူမရှိသလောက်ပဲ။

Vex အဖွဲ့ရဲ့ခေါင်းဆောင်က အခကြေးငွေယူပြီး မြို့ရဲ့ လုံခြုံရေးနဲ့ စီးပွါးရေးကို လက်ဝါးကြီးအုပ်ထားတယ်။ ဒါကို အိန်းဒရူးက မသိဘူး။ လူတွေကို ကူညီပေးနေတာလို့ပဲ မြင်တယ်။ နောက်ကွယ်မှာ ငွေညှစ် အခကြေးငွေယူပြီး နိုင်စားတဲ့ကိစ္စတွေကို Vex ခေါင်းဆောင်က အိန်းဒရူးကို ဖုံးထားတယ်။

(Cassiofia) ကာစီအိုဖီးရား မြို့ကလူတွေကတော့ Vex က အမြတ်ထုတ်နေမှန်း သိပေမယ့် လောလောဆယ်အတွက် လုံခြုံမှုနဲ့ အခြားလိုအပ်ချက်တွေအရ သူတို့ အဖွဲ့အစည်းကို မှီခိုနေရတာမို့ မြို့နေလူထုက သူတို့ခိုင်းတာ လုပ်ပေးရတဲ့ အခြေအနေပဲ။

အိန်းဒရူးက သူမိဘတွေရဲ့ သေဆုံးမှုကို ကိုယ်တိုင် မြင်တွေ့ခဲ့ပြီး စိတ်ရဲ့ လှုံဆော်မှုကြောင့် မီးစွမ်းအင် Ability ပွင့်လာခဲ့တယ်။ နေရာမှာတင် ဇက်ခရွန်နှစ်ကောင်ကို ပြာကျသေစေတယ်။ Vex အဖွဲ့ ရောက်လာတဲ့အချိန်မှာ အိန်းဒရူးရဲ့ အစွမ်းတွေ ကို မြင်လိုက်ရတယ်။

ဒါပေမယ့် အိန်းဒရူးက စွမ်းရည်ပွင့်ပွင့်ချင်း အကုန်ထုတ်သုံးပစ်လိုက်ရတဲ့အတွက် Breakdown ဖြစ်ပြီး မေ့မြောသွားတယ်။ Vex ရဲ့ ခေါင်းဆောင်က အိန်ဒရူးရဲ့ အရည်အချင်းကို မြင်ပြီး တချိန်မှာ အသုံးဝင်လာနိုင်တဲ့သူမို့ ခေါ်ယူမွေးစားခဲ့တယ်'

နေသန်က တမြေ့မြေ့လောင်နေတဲ့ စိတ်ကိုထိန်းလိုက်သည်။ အရာအားလုံးကို ခြုံငုံစဉ်းစားပြီးမှ သူတွေးမိသမျှကို ရှင်းအား ပြန်သုံးသပ်ပြသည်။ .. ..

'အိန်းဒရူးက တဇွတ်ထိုးဆန်ပုံရတယ်။ သူမှာ မိဘတွေ မျက်စိရှေ့မှာ ဆုံးသွားတော့ စိတ်ခံစားချက်အခံလည်း ရှိတယ်။ မိဘတွေမရှိတဲ့နောက် Vex ခေါင်းဆောင်ကိုလည်း ကျေးဇူးရှင် ဆရာအဖြစ် ယုံကြည်အားကိုးခဲ့မှာပဲ။ Vex က လူတွေကိူ ကူညီပေးနေတယ်လို့ပဲ တလျှောက်လုံး မြင်လာခဲ့တာကြောင့် သူ အသုံးချခံနေရတယ်လို့ ယုံမှာမဟုတ်ဘူး'

'ဟုတ်တယ် .. လူတွေကို ကယ်နေတာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခေါင်းဆောင် ခိုင်းသမျှ သူလုပ်ခဲ့တယ်။ ခေါင်းဆောင်ကို ကျေးဇူးရှင်လိုပဲ မိဘနဲ့ ထပ်တူထားပြီး ကိုးကွယ်တယ်'

'ဆိုတော့ ငါ့ရဲ့ လွတ်မြောက်မှုက ခေါင်းဆောင်ဆိုတဲ့သူပေါ်မှာ မူတည်သွားပြီပေါ့။  ဒီကောင်ကတော့ ငါ့ကို ဘယ်လိုမှ လွှတ်ပေးမယ်လို့ မထင်ဘူး။ တဇွတ်ထိုးဆန်ပြီး အမိန့်ကိုပဲ ကြည့်တဲ့ ဒီကောင်နဲ့ ညှိနှိုင်းလို့လည်း မရနိုင်ဘူး"

'သူကတော့ မင်းကို ဘာမှမဖြစ်စေရဘူးပြောတာပဲလေ .. မင်းကို သတ်တော့ မသတ်လောက်ပါဘူး'
ရှင်းအသံက လှောင်ပြောင်သံ စွက်နေပေမယ့် ဥပေက္ခာပြုကာ

'ဒါနဲ့ sekki က သူ့ရဲ့ Aero shield ကို တကယ်ပဲ မခွဲနိုင်ဘူးလား'
'.....'

'ရှင်း .. ? ရှင်း ...? '
'.....'
ရှင်း ဘာမှ မပြောပဲ နှုတ်ဆိတ်နေသည်။

__________

အိန်းဒရူးက အဆောက်အဦးတစ်ခုထဲသို့ ဝင်သွားသည်။ လမ်းမှာ တွေ့သမျှ သာမာန်လူများမှအစ စွမ်းအားရှင်များအဆုံး လူတိုင်းက အိန်းဒရူးကို ဖော်ဖော်ရွေရွေပဲ နှုတ်ဆက်ကြသည်ကို သတိထားမိသည်။ ဖမ်းဆီးပြီး ပွေ့ချီခေါ်ဆောင်ခံရသော သူ့ကိုတော့ စပ်စုသော မျက်လုံးများနဲ့ ကြည့်နေကြသည်ဟု ခံစားမိသည်။

အဆောက်အဦးထဲရောက်မှ သူ့ကို ကြမ်းပြင်ပေါ်ချပေးပြီး သစ်ရွက်များကို ဖယ်ရှားပေးသည်။ လက်ပြန်ချည်နှောင်ထားသည်ကိုတော့ ဖြည်မပေးပေ။ နေသန်က အဆောက်အဦးကို အကဲခတ်သည်။ ပတ်ဝန်းကျင်ကို အကဲခတ်သည်။ အိန်းဒရူးက နေသန့်ကို အကဲခတ်သည်။

"ဟက် .. အကို ကျနော့ကို ပါးစပ်ဖွင့်ဖွင့်ချင်း ဆဲလိမ့်မယ်လို့ ထင်ထားတာ။ မဆဲဘူးပဲ"
"...."

ဆဲတော့ရော မင်းကလွှတ်ပေးမှာမို့လား။ စိတ်ဆိုးပြေနေပြီကို လာဆွနေတယ်။

"အကို မေးစရာ မရှိဘူးလား။ ဘာကြောင့် ဖမ်းခေါ်လာတာလဲတို့ ။ ကျနော်ကရော ဘယ်လို လူစားမျိုးလဲတို့။ စောစောကတော့ မေးနေပြီး"
"...."
မင်းကိုမေးနေမလား ရှင်းကိုပဲ မေးတော့မှာပေါ့။

"စိတ်ဆိုးနေတဲ့ အကိုက ချစ်ဖို့ကောင်းလိုက်တာ"  စောစောက ဖမ်းခေါ်ခဲ့တာ သူမဟုတ်ခဲ့သလို ပေါ့ပေါ့ပါးပါးရယ်မောကာ စကားပြောနေသော ငနာလေးကို ထရိုက်ချင်လာသည်။
'ဒီ .. သောက်ကလေးတော့'

"ခေါင်းဆောင်"
အိန်းဒရူးအသံကြောင့်နေသန် နောက်မှ ဝင်လာတဲ့သူကို လှည့်ကြည့်လိုက်သည်။ ခေါင်းဆောင်ဆိုသူက နေသန့်ထက် အသက်ကြီးပုံရပြီး မျက်နှာမှာ တစုံတရာ ခန့်မှန်းရခက်သော အမူအရာမျိုးနှင့် အိန်းဒရူးကို ခေါင်းညိတ်အသိအမှတ်ပြုသည်။

နေသန့်ကိုမြင်တော့ ခြေလှမ်းအနည်းငယ် တုံဆိုင်းသွားပြီး မသိမသာ မျက်နှာမှာ အမူအရာတမျိုး ဖြတ်ပြေးသွားသည်။ မသိစိတ်က စေ့ဆော်မှုကြောင့် အိန်းဒရူးက နေသန့်ရှေ့သို့ ကွယ်ရပ်လိုက်သည်။ နေသန်ကတော့ လက်လှုပ်မရသည်မို့ နှစ်ယောက်လုံးကို သတိအနေအထားဖြင့်သာ အကဲခတ်နေသည်။

"နေသန်ကလက်ခ် ဟုတ်လား"
နေသန်က အိန်းဒရူးနောက်မှ ဘေးအနည်းငယ်ရွှေ့ကာ ခေါင်းဆောင်ဆိုသူနှင့် မျက်နှာချင်းဆိုင်လျှက် သူ့ မူပိုင် ခနဲ့ပြုံးလေးတခု ဖြစ်ပေါ်စေကာ
"နေသန် ခရစ် ကလက်ခ်ပါ။ ခင်ဗျားက ဘယ်သူလဲ။ ကျုပ်ကို တွေ့ချင်တာ ဘာအကြောင်းများလဲ"

ခေါင်းဆောင်ဆိုသူက နှုတ်ခမ်းတဖက်ကွေးတက်သွားသည်။

"သတ္တိခဲပဲ .. "
"ပြောပါ ပွင့်ပွင့်လင်းလင်းပေါ့"
ခေါင်းဆောင် ဖြစ်သူက မျက်လုံးကို မှေးကျဉ်းလိုက်ပြီး
"ငါလိုချင်တာ မင်းသိပါတယ်"

"ဟက် .. သိတယ်။ အဲ့တော့ ကျနော့အတွက် အကျိုးအမြတ် ဘာရှိမလဲ"
"ကြိုက်ပြီ ..မင်းဘာလိုချင်လဲ"
"ခင်ဗျားဘယ်လောက်ထိလိုချင်လဲ အရင်ပြောကြည့်"
"မင်းရဲ့အခြေအနေက အသာစီးက ညှိရမယ့် အခြေအနေမဟုတ်ဖူးထင်တယ်နော်"
"ဟက် .. ခင်ဗျားကျုပ်ကို ဘာမှမလုပ်ရဲပါဘူး။ အဲ့ဒီအစား ခင်ဗျားက ကျုပ်ကိုတောင် ကာကွယ်ပေးနေဦးမှာ"

"မင်းကိုယ်မင်း အထင်ကြီးလွန်းပြီထင်တယ်။ မင်းကို ဖြေဆေးကြောင့် သတ်လို့မရပေမယ့် နှိပ်စက်ပြီး ယူလို့ရတဲ့ အခွင့်အရေး ငါ့မှာရှိတယ်"

ထိုစဉ် အိန်းဒရူးက
"မရဘူး .. အကို့ကို မထိရဘူး။ ကျနော် ဘာမှမဖြစ်စေရဘူးလို့ ကတိပေးထားတယ်"

အိန်းဒရူး၏ ပြာပြာသလဲ ဝင်ရောက် ပြောဆိုမှုမှာ ကလေးငယ်က သူနှစ်သက်သော ကစားစရာကို ဖျက်စီးဟန့်တားဖို့ လုပ်နေတဲ့ ဖခင်အား ကျီကျရန်တွေ့နေသည်နှင့် တူနေသည်။ နေသန်လည်း အံဩသွားသည်။ ခေါင်းဆောင်က အလိုမကျစွာ အိန်းဒရူးကို ကြည့်လိုက်သည်။

'အိန်းဒရူး မင်းပြန်လို့ရပြီ'
အိန်းဒရူးက မကြားသလိုပဲ မလှုပ်မယှက်ရပ်နေသည်။
ခေါင်းဆောင်က အိန်းဒရူးကို ဒေါသဖြင့် ကြည့်သည်။ အိန်းဒရူးကလည်း မျက်နှာမလွှဲပဲ စေ့စေ့ပြန်ကြည့်သည်။

နေသန်လည်း ပွဲကြီးပွဲကောင်း လွတ်သွားမှာ စိုးသကဲ့သို့ စိတ်ဝင်တစားစောင့်နေလေသည်။ ထိုစဉ် ငယ်သားတယောက်ရောက်လာပြီး သတင်းပို့စရာရှိသည်ဟုဆိုသည်။

"နောက်နေ့မှ ဆွေးနွေးရအောင်။ အိန်းဒရူး Mr. Clark ကို ဧည့်ဆောင်ကို ခေါ်သွားပေးလိုက်"
"မဖြစ်ဖူး။ အကိုနောက်တခါထွက်ပြေးသွားရင် ပြန်ဖမ်းဖို့ခက်တယ်။ ခုတောင် မနည်းဖမ်းလာရတာ။ ကျနော့အခန်းမှာ အကျယ်ချုပ်ထားရင်ရော။ ကျနော်ကြည့်ပေးလို့ရတာပေါ့"

အိန်းဒရူးရဲ့ မှတ်ချက်ကြောင့် ခေါင်းဆောင်ရဲ့ မယုံကြည်နိုင်သော အကြည့်က နေသန့်ဆီရောက်လာသည်။ သို့သော် အားအင်ပြတ်လပ်နေပုံရသော နေသန့်ကိုကြည့်ကာ မဖြစ်နိုင်ဟု ယူဆလိုက်ပုံရပြီး အိန်းဒရူးက တမင်ကြံဖန်နေသည်ဟု အထင်ရောက်သွားကာ
"အဲ့တာဆို အချုပ်ခန်းထဲထည့်လိုက်" ဟု ဒေါသတကြီးပြောလေသည်။

ဟင် ... ရှေ့နေလိုက်မှ ထောင်လုံးလုံးကျပြီ။
နေသန်က အိန်းဒရူးကို မကျေမနပ် ကြည့်လိုက်သည်။ ထိုအကြည့်ကို သဘောက်ပေါက်စွာ ..
"အာ .. အကိုက ကျနော့ကို စိတ်ဆိုးရမှာ မဟုတ်ဖူးလေ။ ခေါင်းဆောင်ကလည်း သူက အပြစ်သားမှ မဟုတ်ပဲ။ ကျနော့အခန်းမှာ ဧည့်သည်အဖြစ်နဲ့ပဲ ထားမယ်လေ။ နော်"

ခေါင်းဆောင်က နှဖူးကို လက်မ လက်ညှိုးဖြင့် ထောက်ကာ သွား သွား ဟု လက်သာ ခါပြတော့သည်။

နေသန်က သူ့ကို ချည်နှောင်ထားသော နွယ်ကြိုးတွေကို မျက်စပစ်လိုက်ပြီး ခေါင်းဆောင်ကို ပြောလိုက်သည်။
"ခင်ဗျားက ကျနော်နဲ့ အကျိုးတူအလုပ်လုပ်ချင်တာဆိုရင်တော့ မနက်ဖြန် ဒီလိုမျိုး စကားမပြောရဖို့ မျှော်လင့်တာပဲ"
"အိုး ဟုတ်သားပဲ။ အိန်းဒရူး ဖြေပေးလိုက်ဦး"
"ဟင့်အင်း ကိုကို့ကို နောက်တခေါက် ဖမ်းရတာခက်တယ်"

အာ .. ဒီသောက်ကလေးတော့ ..
မင်းကငါ့ကို ကယ်နေတာလား ဒုက္ခပေးနေတာလား။

🟥🟥🟥🟥🟥

မွတ္ဥာဏ္မ်ား လက္ခံရရွိၿပီးၿပီမို႔ ဇက္ခ႐ြန္ရဲ႕ န်ဴးကလိယပ္စ္ကို စမ္းသပ္ဖို႔ လိုအပ္သည္ကို နားလည္လိုက္သည္။ ထို႔ေၾကာင့္ ေနသန္ က ေစာေစာက တိုက္ခိုက္ခဲ့တဲ့ ဇက္ခ႐ြန္နားသြားၿပီး န်ဴးကလိယက္စ္ကို ယူကာ သိုေလွာင္အိတ္ထဲသို႔ ပစ္ထည့္လိုက္သည္။

'ဟူး ဒီ႐ြံစရာေကာင္းတဲ့အေကာင္ေတြနဲ႔ ငါနဲ႔ေတာ့ ဒုကၡပဲ'
ေနသန္က နီးစပ္ရာၿမိဳ႕တၿမိဳ႕သို႔ သြားရန္ ဆုံးျဖတ္လိုက္သည္။

'ရွင္း .. ဒီအသြင္ေျပာင္းလူသား ဇက္ခ႐ြန္ေတြက ရန္လိုတယ္ ဆိုတာေတာ့ ဟုတ္ပါၿပီ။ လူေတြရဲ႕ အေသြးအသားကို ဆာေလာင္တတ္တယ္ဆိုေတာ့ ပုံမွန္လူေတြလိုေရာ စဥ္းစားႏိုင္ေသးလား'
'သူတို႔နည္း သူတို႔ဟန္နဲ႔ေတာ့ စဥ္းစားႏိုင္တယ္။ ဒါေပမယ့္ သာမာန္လူေတြလိုေတာ့ မဟုတ္ဖူး'

'ဒါဆို သူတို႔က က်င့္ဝတ္ေတြ စာနာမႈေတြ မိသားစုေတြဆိုတာမ်ိဳးေရာ သိေသးလား'
'ငါ သိပ္မေသခ်ာဘူး။ အသိစိတ္ရွိေကာင္း ရွိႏိုင္တယ္။ ဒါေပမယ့္ ဆာေလာင္တဲ့စိတ္က လႊမ္းမိုးသြားလိမ့္မယ္လို႔ ယူဆတယ္။ အဲ့တာက မင္းရွာေဖြေလ့လာရမယ့္ အပိုင္းပဲ"
'အြန္း ငါနားလည္ၿပီ'

ေနသန္က သိုေလွာင္အိတ္ထဲက ပစၥည္းမ်ားနဲ႔ လႊဲေျပာင္းရယူထားတဲ့ စြမ္းအင္မ်ားကို စစ္ေဆးလိုက္သည္။

1. Hikari Shou ရဲ႕ Game Character မွ လႊဲေျပာင္း၍ ပါလာဟန္တူေသာ ေရစြမ္းအင္ Hydro၊ 

2. ေရွာင္ရိမင္ ေခၚ Sekki ဓားမွ ရလာဟန္တူေသာ လွ်ပ္စီးစြမ္းအင္Electro ႏွင့္

3. မူရင္းေနသန္ကိုယ္တိုင္ မသိေပမယ့္ ခႏၶာကိုယ္ထဲ ခိုေအာင္းေနေသာ ေသြးစြမ္းအင္ Haemo တို႔ကို ပိုင္ဆိုင္သည္။

ကိရိယာအားျဖင့္ Tsuki ဆံထိုးက Smart Terminal Watch အဆင့္ျမင့္နာရီသ႑ာန္ ဆက္သြယ္ေရး ကိရိယာအျဖစ္ ေျပာင္းသြားၿပီး Sekki ဓားက မူလအတိုင္းပဲ က်န္ရွိသည္။

'ရွင္း ေျမပုံရႏိုင္မလား'
'ရတယ္ point 200'
'ေစ်းႀကီးလိုက္တာ'

'ၿမိဳ႕ အကုန္လုံးပါတယ္ေလ ဒါေပမယ့္ အရမ္းႀကီးသြားေတာ့ စာ႐ြက္နဲ႔မရဘူး။ terminal ထဲ ထည့္ေပးမယ္'

'Terminalက ဘာလဲ'

'Smart Phone တလုံးထက္ / Computer တလုံးထက္ ပိုတဲ့ စြမ္းေဆာင္ရည္ေတြ ရွိတယ္။ လူတိုင္းမွာ ကိုယ္ပိုင္ Terminal ရွိတယ္။ ဒီကမာၻမွာ Terminal ရဲ႕ ID ကို မွတ္ပုံတင္အေနနဲ႔ သုံးတယ္။ ဒါေပမယ့္ မူလေနသန္က ထြက္ေျပးေနတာေၾကာင့္ သူ႔Terminal ကို စြန္႔ပစ္ခဲ့တယ္။ ေလာေလာဆယ္ မင္းရဲ႕ Tsuki က ဒီကမာၻေပၚမွာ အေကာင္းဆုံး up to date အျဖစ္ဆုံး terminal ပဲ။

'အြန္း .. Tsuki ထဲကို ေျမပုံ ထည့္ေပး'
'Transferring Map Data .. 3 .. 2 .. 1 completed'

ေနသန္က ေျမပုံကို စစ္ေဆးရန္ Terminal ကို ဖြင့္လိုက္သည္။ 3D Dimensions တစ္ခု အလင္းမ်ား ျဖာထြက္လာၿပီး ေျမပုံက မ်က္စိေရွ႕မွာ ပုံေဖာ္ထားသကဲ့သို႔ ျမင္လိုက္ရသည္။

"Wow .. ေသာက္ရမ္းမိုက္တယ္"

ရွင္းနဲ႔ ေျပာလွ်င္ စိတ္ထဲကပဲ ဆက္သြယ္တာ ျဖစ္ေပမယ့္ အသံထြက္ၿပီး ေအာ္မိလိုက္သည္အထိ စိတ္လႈပ္ရွားသြားသည္။

စက္ပစၥည္းမ်ားကို နားလည္လြယ္တဲ့ ေဖးရဲ႕၏ ပင္ကိုယ္အရည္အခ်င္းေၾကာင့္ တခဏအတြင္းမွာ Terminal ႏွင့္ ရင္းႏွီးသြားေတာ့သည္။

Terminal ကို 3D အလင္းေပၚတြင္ လက္နဲ႔ (သို႔မဟုတ္) အသံျဖင့္ command ေပးႏိုင္သည္။ Terminal ID ကို စစ္ၾကည့္တဲ့အခါ Nathan Clark အမည္ႏွင့္ သုံးထားသည္ကို ေတြ႕ရသည္။ ေနသန္က သူ႔ရဲ႕ Hacking စြမ္းရည္ကို စမ္းၾကည့္သည့္ အေနျဖင့္ ပုံမွန္အေျခအေနမွာ ေျပာင္းခြင့္ လုံးဝမရွိတဲ့ ID ထဲက အမည္ကို Nathan Kris Clark အျဖစ္ ေျပာင္းလိုက္သည္။

'မင္း အဲ့နာမည္ကို ႀကိဳက္လို႔လား။ ဘာလို႔ မင္းရဲ႕ နာမည္ ရင္း မထည့္လဲ'
'ဒီအတိုင္း ေနသန္႔အေဖရဲ႕ နစ္နာခံ ႀကိဳးစားမႈကို ငါ့အေနနဲ႔ မွတ္တမ္းတင္ဂုဏ္ျပဳေပးခ်င္႐ုံေလးပဲ။ ငါ့နာမည္ရင္းထည့္လည္း ဒီကမာၻနဲ႔ အပ္စပ္မယ္ မထင္လို႔'

ေနသန္က ေျမပုံထဲကို ၾကည့္ၿပီး သုံးေနရာေလာက္ အမွတ္အသားလုပ္လိုက္သည္။ ထို႔ေနာက္ အနီးဆုံး ၿမိဳ႕ကို သြားရန္ ဆုံးျဖတ္၍ ဦးတည္လမ္းေလွ်ာက္သည္။ ေနဝင္ခါနီးၿပီ ျဖစ္၍ ခပ္သြက္သြက္ေလွ်ာက္လိုက္သည္။ သို႔ရတြင္ ေနာက္ေက်ာမွ တစုံတခုကို အာ႐ုံခံမိလိုက္တာေၾကာင့္ ငုံ႔၍ ေရွာင္လိုက္သည္။ ေခါင္းေပၚမွ သစ္ျမစ္အကိုင္းတစ္ခု ျဖတ္သြားသည္။ ေနသန္ လွည့္ၾကည့္လိုက္သည္။

"ဪ မင္းပဲကိုး"
"အကို က်ေနာ္နဲ႔ လိုက္ခဲ့မွ ရမယ္"
"ဘာလို႔ လိုက္ရမွာလဲ"
စကားသာ ေျပာေနၾကေပမယ့္ လက္မ်ားက တိုက္ခိုက္ႏွင့္ ေနၿပီ ျဖစ္သည္။

"အကို႔ကို ဖမ္းဖို႔ က်ေနာ္ တာဝန္ယူထားတယ္"
"မင္းက ဘာလဲ။ ဘယ္အဖြဲ႕ကလဲ"

"က်ေနာ္က ဒီနားက ၿမိဳ႕က အထူးတပ္ဖြဲ႕ဝင္ပဲ ဆိုပါေတာ့ အကို႔ကို ေမးျမန္းစရာရွိလို႔ ေခါင္းေဆာင္က ရွာခိုင္းထားတာ။ က်ေနာ္တို႔ လိုက္ရွာေနတာ အေတာ္ၾကာေနၿပီ။ ေတြ႕မယ့္ ေတြ႕ေတာ့လည္း အကိုကေရခ်ိဳးေနတာမို႔ ေစာင့္ေပးေနတာ။ အကိုက ထြက္ေျပးသြားတယ္"
"ဟမ္း မင္းအဖမ္းခံဖို႔ပဲ ငါက ထိုင္ေစာင့္ေနရဦးမယ္"

ဒီေသာက္ကေလးက အတိုက္အခိုက္ကြၽမ္းက်င္လိုက္တာ။ သူျမန္ျမန္ျဖတ္ခ်ထားခဲ့မွ ရမယ္။ ဒီကေလးေျပာပုံအရဆို သူ႔ကို လူေတြ ဘယ္ႏွစ္ေယာက္ေတာင္ လိုက္ေနလဲ မသိဘူး။

ေနသန္က ေရလႈိင္းႏွစ္ခု ႐ိုက္ခ်လိုက္သည္။ အိန္းဒ႐ူးက မီးစြမ္းအင္ကို သုံးကာ ခ်က္ခ်င္းအေငြ႕ပ်ံေစသည္။ ေျပးရင္းလႊားရင္း တိုက္ခိုက္ျပန္သည္။

"အကို က်ေနာ့္ကို မႏိုင္ဘူး။ အဖမ္းခံလိုက္တာေကာင္းမယ္ေနာ္။ အကို႔ကို နာက်င္ေအာင္ မလုပ္ခ်င္ဘူး"
"ဟမ္ .. ငါက မင္းကို ဘာကိစၥမႏိုင္ရမွာလဲ"

ေနသန္က ေရစြမ္းအင္ကို ေရထုဓားႏွစ္လက္အျဖစ္ ေျပာင္းလိုက္ၿပီး တိုက္ခိုက္ရင္း ေျပးေပါက္ရွာသည္။  အိန္းဒ႐ူးက ေနသန္႔ရည္႐ြယ္ခ်က္ကို သိသည့္အလား ထြက္ေျပးႏိုင္မယ့္ ေနရာေတြမွာ ႀကိဳေရာက္ေနၿပီး မီးစြမ္းအင္ကို လွံအျဖစ္ေျပာင္းကာ ပိတ္ဆို႔ တိုက္ခိုက္သည္။

"အကိုက မဆိုးဘူးပဲ"
အိန္းဒ႐ူး၏ မ်က္ဝန္းမ်ားက အေရာင္မ်ားေတာက္လာေနသည္။

ေနသန္ စိတ္တိုလာသည္။ ဒီမေလာက္ေလးမေလာက္စားေကာင္ေလးကို ဘာလို႔ မႏိုင္ေနရတာလဲ။ Sekki ကို ဆင့္ေခၚ၍ ထုတ္သုံးလိုက္ၿပီး လွ်ပ္စီးႏွင့္ အတူ ခုတ္ခ်လိုက္သည္။ အားအင္အျပည့္သုံးတာ မဟုတ္ေပမယ့္ ေရွ႕မတိုးလာေစရန္ ဟန္႔တားဖို႔ေတာ့ လုံေလာက္သည္။ သို႔ေသာ္ အိန္းဒ႐ူးက ေနာက္မဆုတ္ပဲ တည့္တည့္ ဝင္တိုးလာသည္။

ေနသန္ အံဩထိတ္လန္႔သြားသည္။ သူသည္ စစ္ပြဲမ်ားစြာႏႊဲခဲ့ဖူးသည္။ တိုက္ပြဲမ်ားစြာ တိုက္ခဲ့ဖူးသည္။ Duel စီးခ်င္းမ်ားစြာ ထိုးခဲ့ဖူးသည္။ သူတြက္ခ်က္လိုက္သည္က အိန္းဒ႐ူးက ခုတ္ခ်က္ကို ေရွာင္လိမ့္မည္ သို႔မဟုတ္ တခုခုႏွင့္ ကာလိမ့္မည္ဟု။ မတုန္မလႈပ္ တည့္တည့္တိုးလာလိမ့္မည္ဟုေတာ့ မေမွ်ာ္လင့္ထားခဲ့။

"ဟာ"
ေနသန္က အိန္းဒ႐ူးကို ထိသြားမွာစိုး၍ ေအာ္လိုက္ျခင္းျဖစ္သည္။ သို႔ေသာ္ မထင္မွတ္ထားခဲ့သည္က ဓားသည္ အိန္းဒ႐ူးကို အနာတရ မျဖစ္ခဲ့။ လွ်ပ္စီးမ်ားက ခုန္ေပါက္ျမဴးတူးေနေပမယ့္ ရွရာေတာင္ မရွိပဲ ႐ိုး႐ိုးတုတ္တစ္ေခ်ာင္းႏွင့္ ႐ိုက္လိုက္သကဲ့သို႔ပင္။ သူအႀကီးအက်ယ္ အံဩေနစဥ္မွာ အိန္းဒ႐ူးက သူ႔ကို ဖမ္းခ်ဳပ္လိုက္ေလသည္။ သူရဲ႕ ေပါ့ဆမႈအတြက္ ေနာင္တရသြားသည္။ သို႔ေပမယ့္ အခုမွ သူတုန္လႈပ္ေနလို႔ မျဖစ္ေတာ့။

"မင္း ..ဘာလို႔... တည့္တိုးဝင္ .. ဘာလို႔ ဒဏ္ရာမရ.."
"ဟက္ .. က်ေနာ္ရဲ႕ ေနာက္စြမ္းအင္တမ်ိဳးက Aero (ေလစြမ္းအင္)ေလ။ အဲ့တာကို က်ေနာ္က Advanced ထိ တက္ထားႏိုင္တဲ့အတြက္ Shield အကာ အေနနဲ႔ သုံးလို႔ရတယ္။ ေျပာပါတယ္။ အကို က်ေနာ့ကို မႏိုင္ပါဘူးလို႔"

ေနသန္ မ်က္ေမွာင္ၾကဳတ္သြားသည္။ Shield ကာထားသည္ဆိုေသာ္လည္း Sekki က သူ႔ကို တခါမွ် စိတ္ပ်က္ေစခဲ့ျခင္း မရွိေပ။ သူကိုယ္တိုင္၏ လက္ဆကိုလည္း သိေနပါလွ်က္ႏွင့္။ အိန္းဒ႐ူးရဲ႕ Shield က အရမ္းေကာင္းလို႔မ်ားလား။ ေနသန္ စိတ္ရႈပ္ေထြးသြားသည္။  ထိုစဥ္ သူ႔ တကိုယ္လုံးသို႔ ႀကိဳးမ်ားသဖြယ္ သစ္ခက္ႏြယ္မ်ားက ရစ္ပတ္လာသည္။

"ဒါလည္း ေနာက္ထပ္ က်ေနာ့ Ability ပဲ။ ပထဝီေျမစြမ္းအင္ရဲ႕ Advance စြမ္းအားပဲ။ Dendro (သစ္ပင္စြမ္းအင္) တဲ့ "

"အကို႔ကို တာဝန္အရဖမ္းရေပမယ့္ ဘာမွ မျဖစ္ေစရဘူး စိတ္ခ်"
ထို႔ေနာက္ အိန္းဒ႐ူးက ေနသန္႔ကို ထမ္းရန္ ပုခုံးေပၚတင္လိုက္သည္။

"ငါ့ဘာသာ လမ္းေလွ်ာက္ လိုက္ခဲ့မယ္။ ေဇာက္ထိုးဆို ငါမူးတတ္လို႔"  ... အိန္းဒ႐ူးက ေနသန္တခါထြက္ေျပးဖူးသည္မို႔ မသကၤာသလို ၾကည့္သည္။

"တကယ္ေျပာတာ။ ပုခုံးေပၚအထမ္းခံရတာ ေနလို႔ေကာင္းတာလည္း မဟုတ္ဖူး။ ၿပီးေတာ့ငါတို႔ အေဝးႀကီးလည္းသြားရဦးမယ္မလား"

"သိပ္မေဝးပါဘူး။ က်ေနာ္ အကို႔ကို မယုံဘူး။ ထမ္းေခၚလို႔ မရလည္း ေပြ႕သြားလို႔ရတယ္"
"ဟာ ေဟ့ .. "
"အကို ပါးစပ္ကို ပိတ္ထားလိုက္ေတာ့"
ေျပာၿပီးသည္ႏွင့္ ႏြယ္ပင္မွ အ႐ြက္မ်ားထြက္လာၿပီး ေနသန္႔ပါးစပ္ကို ပိတ္ကာထားေစသည္။
"ဝူး ဝူး ဝူး"

"Sorry အကို .. သြားစို႔"
အိန္းဒ႐ူးက ေနသန္ကို ေပြ႕ခ်ီၿပီး Aero စြမ္းအင္အနည္းငယ္သုံးကာ အနီးဆုံးၿမိဳ႕၏ အေဆာက္အအုံတခုဆီသို႔ ဦးတည္ ေခၚသြားသည္။ မိန္းကေလးတေယာက္လို အလြယ္ေလး ေပြ႕ေခၚသြားျခင္းခံရတာေရာ တခါမွ် မရႈံးဖူးတာေရာေၾကာင့္ ေနသန္ ခံရခက္ေနသည္။

'ရွင္း .. ဒီအိန္းဒ႐ူးဆိုတဲ့ေကာင္က ဘာေကာင္လဲကြာ'

'အိန္းဒ႐ူးဝို႔သ္ ...
အသက္ 19ႏွစ္။
မိဘေတြက ဇက္ခ႐ြန္လက္ခ်က္နဲ႔ ဆုံးသြားတယ္။
Vex အဖြဲ႕ရဲ႕ ေခါင္းေဆာင္က ေခၚယူေမြးစားထားၿပီး လက္စားေခ်ခ်င္တဲ့စိတ္ ျပင္းထန္တာေၾကာင့္ တျခားသူေတြ Ability တစ္ခုပြင့္ဖို႔ေတာင္ တိုင္ပတ္ေနတဲ့အခ်ိန္မွာ သူက Ability သုံးမ်ိဳး ပြင့္ထားတယ္။ မီး ေလ ေျမ(သစ္ပင္)။ အကုန္လုံးကို ေသေသခ်ာခ်ာသုံးႏိုင္တဲ့အျပင္ Aero ရဲ႕ ေနာက္တဆင့္ Shield ဖြင့္ႏိုင္တဲ့ အထိပါ အဆင့္တက္ထားႏိုင္တယ္။

ပါရမီရွင္အျဖစ္ လူသိမ်ားၿပီး ဒီတကမာၻလုံးမွာရွိတဲ့ စြမ္းအားရွင္ထဲမွာ အေတာ္ဆုံးသူလို႔ ေျပာလို႔ရတယ္။ သူ႔ကို လက္ရည္တူ ယွဥ္ႏိုင္တဲ့သူမရွိသေလာက္ပဲ။

Vex အဖြဲ႕ရဲ႕ေခါင္းေဆာင္က အခေၾကးေငြယူၿပီး ၿမိဳ႕ရဲ႕ လုံၿခဳံေရးနဲ႔ စီးပြါးေရးကို လက္ဝါးႀကီးအုပ္ထားတယ္။ ဒါကို အိန္းဒ႐ူးက မသိဘူး။ လူေတြကို ကူညီေပးေနတာလို႔ပဲ ျမင္တယ္။ ေနာက္ကြယ္မွာ ေငြညႇစ္ အခေၾကးေငြယူၿပီး ႏိုင္စားတဲ့ကိစၥေတြကို Vex ေခါင္းေဆာင္က အိန္းဒ႐ူးကို ဖုံးထားတယ္။

(Cassiofia) ကာစီအိုဖီးရား ၿမိဳ႕ကလူေတြကေတာ့ Vex က အျမတ္ထုတ္ေနမွန္း သိေပမယ့္ ေလာေလာဆယ္အတြက္ လုံၿခဳံမႈနဲ႔ အျခားလိုအပ္ခ်က္ေတြအရ သူတို႔ အဖြဲ႕အစည္းကို မွီခိုေနရတာမို႔ ၿမိဳ႕ေနလူထုက သူတို႔ခိုင္းတာ လုပ္ေပးရတဲ့ အေျခအေနပဲ။

အိန္းဒ႐ူးက သူမိဘေတြရဲ႕ ေသဆုံးမႈကို ကိုယ္တိုင္ ျမင္ေတြ႕ခဲ့ၿပီး စိတ္ရဲ႕ လႈံေဆာ္မႈေၾကာင့္ မီးစြမ္းအင္ Ability ပြင့္လာခဲ့တယ္။ ေနရာမွာတင္ ဇက္ခ႐ြန္ႏွစ္ေကာင္ကို ျပာက်ေသေစတယ္။ Vex အဖြဲ႕ ေရာက္လာတဲ့အခ်ိန္မွာ အိန္းဒ႐ူးရဲ႕ အစြမ္းေတြ ကို ျမင္လိုက္ရတယ္။

ဒါေပမယ့္ အိန္းဒ႐ူးက စြမ္းရည္ပြင့္ပြင့္ခ်င္း အကုန္ထုတ္သုံးပစ္လိုက္ရတဲ့အတြက္ Breakdown ျဖစ္ၿပီး ေမ့ေျမာသြားတယ္။ Vex ရဲ႕ ေခါင္းေဆာင္က အိန္ဒ႐ူးရဲ႕ အရည္အခ်င္းကို ျမင္ၿပီး တခ်ိန္မွာ အသုံးဝင္လာႏိုင္တဲ့သူမို႔ ေခၚယူေမြးစားခဲ့တယ္'

ေနသန္က တေျမ့ေျမ့ေလာင္ေနတဲ့ စိတ္ကိုထိန္းလိုက္သည္။ အရာအားလုံးကို ၿခဳံငုံစဥ္းစားၿပီးမွ သူေတြးမိသမွ်ကို ရွင္းအား ျပန္သုံးသပ္ျပသည္။ .. ..

'အိန္းဒ႐ူးက တဇြတ္ထိုးဆန္ပုံရတယ္။ သူမွာ မိဘေတြ မ်က္စိေရွ႕မွာ ဆုံးသြားေတာ့ စိတ္ခံစားခ်က္အခံလည္း ရွိတယ္။ မိဘေတြမရွိတဲ့ေနာက္ Vex ေခါင္းေဆာင္ကိုလည္း ေက်းဇူးရွင္ ဆရာအျဖစ္ ယုံၾကည္အားကိုးခဲ့မွာပဲ။ Vex က လူေတြကိူ ကူညီေပးေနတယ္လို႔ပဲ တေလွ်ာက္လုံး ျမင္လာခဲ့တာေၾကာင့္ သူ အသုံးခ်ခံေနရတယ္လို႔ ယုံမွာမဟုတ္ဘူး'

'ဟုတ္တယ္ .. လူေတြကို ကယ္ေနတာဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ ေခါင္းေဆာင္ ခိုင္းသမွ် သူလုပ္ခဲ့တယ္။ ေခါင္းေဆာင္ကို ေက်းဇူးရွင္လိုပဲ မိဘနဲ႔ ထပ္တူထားၿပီး ကိုးကြယ္တယ္'

'ဆိုေတာ့ ငါ့ရဲ႕ လြတ္ေျမာက္မႈက ေခါင္းေဆာင္ဆိုတဲ့သူေပၚမွာ မူတည္သြားၿပီေပါ့။  ဒီေကာင္ကေတာ့ ငါ့ကို ဘယ္လိုမွ လႊတ္ေပးမယ္လို႔ မထင္ဘူး။ တဇြတ္ထိုးဆန္ၿပီး အမိန္႔ကိုပဲ ၾကည့္တဲ့ ဒီေကာင္နဲ႔ ညႇိႏႈိင္းလို႔လည္း မရႏိုင္ဘူး"

'သူကေတာ့ မင္းကို ဘာမွမျဖစ္ေစရဘူးေျပာတာပဲေလ .. မင္းကို သတ္ေတာ့ မသတ္ေလာက္ပါဘူး'
ရွင္းအသံက ေလွာင္ေျပာင္သံ စြက္ေနေပမယ့္ ဥေပကၡာျပဳကာ

'ဒါနဲ႔ sekki က သူ႔ရဲ႕ Aero shield ကို တကယ္ပဲ မခြဲႏိုင္ဘူးလား'
'.....'

'ရွင္း .. ? ရွင္း ...? '
'.....'
ရွင္း ဘာမွ မေျပာပဲ ႏႈတ္ဆိတ္ေနသည္။

__________

အိန္းဒ႐ူးက အေဆာက္အဦးတစ္ခုထဲသို႔ ဝင္သြားသည္။ လမ္းမွာ ေတြ႕သမွ် သာမာန္လူမ်ားမွအစ စြမ္းအားရွင္မ်ားအဆုံး လူတိုင္းက အိန္းဒ႐ူးကို ေဖာ္ေဖာ္ေ႐ြေ႐ြပဲ ႏႈတ္ဆက္ၾကသည္ကို သတိထားမိသည္။ ဖမ္းဆီးၿပီး ေပြ႕ခ်ီေခၚေဆာင္ခံရေသာ သူ႔ကိုေတာ့ စပ္စုေသာ မ်က္လုံးမ်ားနဲ႔ ၾကည့္ေနၾကသည္ဟု ခံစားမိသည္။

အေဆာက္အဦးထဲေရာက္မွ သူ႔ကို ၾကမ္းျပင္ေပၚခ်ေပးၿပီး သစ္႐ြက္မ်ားကို ဖယ္ရွားေပးသည္။ လက္ျပန္ခ်ည္ေႏွာင္ထားသည္ကိုေတာ့ ျဖည္မေပးေပ။ ေနသန္က အေဆာက္အဦးကို အကဲခတ္သည္။ ပတ္ဝန္းက်င္ကို အကဲခတ္သည္။ အိန္းဒ႐ူးက ေနသန္႔ကို အကဲခတ္သည္။

"ဟက္ .. အကို က်ေနာ့ကို ပါးစပ္ဖြင့္ဖြင့္ခ်င္း ဆဲလိမ့္မယ္လို႔ ထင္ထားတာ။ မဆဲဘူးပဲ"
"...."

ဆဲေတာ့ေရာ မင္းကလႊတ္ေပးမွာမို႔လား။ စိတ္ဆိုးေျပေနၿပီကို လာဆြေနတယ္။

"အကို ေမးစရာ မရွိဘူးလား။ ဘာေၾကာင့္ ဖမ္းေခၚလာတာလဲတို႔ ။ က်ေနာ္ကေရာ ဘယ္လို လူစားမ်ိဳးလဲတို႔။ ေစာေစာကေတာ့ ေမးေနၿပီး"
"...."
မင္းကိုေမးေနမလား ရွင္းကိုပဲ ေမးေတာ့မွာေပါ့။

"စိတ္ဆိုးေနတဲ့ အကိုက ခ်စ္ဖို႔ေကာင္းလိုက္တာ" ေစာေစာက ဖမ္းေခၚခဲ့တာ သူမဟုတ္ခဲ့သလို ေပါ့ေပါ့ပါးပါးရယ္ေမာကာ စကားေျပာေနေသာ ငနာေလးကို ထ႐ိုက္ခ်င္လာသည္။
'ဒီ .. ေသာက္ကေလးေတာ့'

"ေခါင္းေဆာင္"
အိန္းဒ႐ူးအသံေၾကာင့္ေနသန္ ေနာက္မွ ဝင္လာတဲ့သူကို လွည့္ၾကည့္လိုက္သည္။ ေခါင္းေဆာင္ဆိုသူက ေနသန္႔ထက္ အသက္ႀကီးပုံရၿပီး မ်က္ႏွာမွာ တစုံတရာ ခန္႔မွန္းရခက္ေသာ အမူအရာမ်ိဳးႏွင့္ အိန္းဒ႐ူးကို ေခါင္းညိတ္အသိအမွတ္ျပဳသည္။

ေနသန္႔ကိုျမင္ေတာ့ ေျခလွမ္းအနည္းငယ္ တုံဆိုင္းသြားၿပီး မသိမသာ မ်က္ႏွာမွာ အမူအရာတမ်ိဳး ျဖတ္ေျပးသြားသည္။ မသိစိတ္က ေစ့ေဆာ္မႈေၾကာင့္ အိန္းဒ႐ူးက ေနသန္႔ေရွ႕သို႔ ကြယ္ရပ္လိုက္သည္။ ေနသန္ကေတာ့ လက္လႈပ္မရသည္မို႔ ႏွစ္ေယာက္လုံးကို သတိအေနအထားျဖင့္သာ အကဲခတ္ေနသည္။

"ေနသန္ကလက္ခ္ ဟုတ္လား"
ေနသန္က အိန္းဒ႐ူးေနာက္မွ ေဘးအနည္းငယ္ေ႐ႊ႕ကာ ေခါင္းေဆာင္ဆိုသူႏွင့္ မ်က္ႏွာခ်င္းဆိုင္လွ်က္ သူ႔ မူပိုင္ ခနဲ႔ၿပဳံးေလးတခု ျဖစ္ေပၚေစကာ
"ေနသန္ ခရစ္ ကလက္ခ္ပါ။ ခင္ဗ်ားက ဘယ္သူလဲ။ က်ဳပ္ကို ေတြ႕ခ်င္တာ ဘာအေၾကာင္းမ်ားလဲ"

ေခါင္းေဆာင္ဆိုသူက ႏႈတ္ခမ္းတဖက္ေကြးတက္သြားသည္။

"သတၱိခဲပဲ .. "
"ေျပာပါ ပြင့္ပြင့္လင္းလင္းေပါ့"
ေခါင္းေဆာင္ ျဖစ္သူက မ်က္လုံးကို ေမွးက်ဥ္းလိုက္ၿပီး
"ငါလိုခ်င္တာ မင္းသိပါတယ္"

"ဟက္ .. သိတယ္။ အဲ့ေတာ့ က်ေနာ့အတြက္ အက်ိဳးအျမတ္ ဘာရွိမလဲ"
"ႀကိဳက္ၿပီ ..မင္းဘာလိုခ်င္လဲ"
"ခင္ဗ်ားဘယ္ေလာက္ထိလိုခ်င္လဲ အရင္ေျပာၾကည့္"
"မင္းရဲ႕အေျခအေနက အသာစီးက ညႇိရမယ့္ အေျခအေနမဟုတ္ဖူးထင္တယ္ေနာ္"
"ဟက္ .. ခင္ဗ်ားက်ဳပ္ကို ဘာမွမလုပ္ရဲပါဘူး။ အဲ့ဒီအစား ခင္ဗ်ားက က်ဳပ္ကိုေတာင္ ကာကြယ္ေပးေနဦးမွာ"

"မင္းကိုယ္မင္း အထင္ႀကီးလြန္းၿပီထင္တယ္။ မင္းကို ေျဖေဆးေၾကာင့္ သတ္လို႔မရေပမယ့္ ႏွိပ္စက္ၿပီး ယူလို႔ရတဲ့ အခြင့္အေရး ငါ့မွာရွိတယ္"

ထိုစဥ္ အိန္းဒ႐ူးက
"မရဘူး .. အကို႔ကို မထိရဘူး။ က်ေနာ္ ဘာမွမျဖစ္ေစရဘူးလို႔ ကတိေပးထားတယ္"

အိန္းဒ႐ူး၏ ျပာျပာသလဲ ဝင္ေရာက္ ေျပာဆိုမႈမွာ ကေလးငယ္က သူႏွစ္သက္ေသာ ကစားစရာကို ဖ်က္စီးဟန္႔တားဖို႔ လုပ္ေနတဲ့ ဖခင္အား က်ီက်ရန္ေတြ႕ေနသည္ႏွင့္ တူေနသည္။ ေနသန္လည္း အံဩသြားသည္။ ေခါင္းေဆာင္က အလိုမက်စြာ အိန္းဒ႐ူးကို ၾကည့္လိုက္သည္။

'အိန္းဒ႐ူး မင္းျပန္လို႔ရၿပီ'
အိန္းဒ႐ူးက မၾကားသလိုပဲ မလႈပ္မယွက္ရပ္ေနသည္။
ေခါင္းေဆာင္က အိန္းဒ႐ူးကို ေဒါသျဖင့္ ၾကည့္သည္။ အိန္းဒ႐ူးကလည္း မ်က္ႏွာမလႊဲပဲ ေစ့ေစ့ျပန္ၾကည့္သည္။

ေနသန္လည္း ပြဲႀကီးပြဲေကာင္း လြတ္သြားမွာ စိုးသကဲ့သို႔ စိတ္ဝင္တစားေစာင့္ေနေလသည္။ ထိုစဥ္ ငယ္သားတေယာက္ေရာက္လာၿပီး သတင္းပို႔စရာရွိသည္ဟုဆိုသည္။

"ေနာက္ေန႔မွ ေဆြးေႏြးရေအာင္။ အိန္းဒ႐ူး Mr. Clark ကို ဧည့္ေဆာင္ကို ေခၚသြားေပးလိုက္"
"မျဖစ္ဖူး။ အကိုေနာက္တခါထြက္ေျပးသြားရင္ ျပန္ဖမ္းဖို႔ခက္တယ္။ ခုေတာင္ မနည္းဖမ္းလာရတာ။ က်ေနာ့အခန္းမွာ အက်ယ္ခ်ဳပ္ထားရင္ေရာ။ က်ေနာ္ၾကည့္ေပးလို႔ရတာေပါ့"

အိန္းဒ႐ူးရဲ႕ မွတ္ခ်က္ေၾကာင့္ ေခါင္းေဆာင္ရဲ႕ မယုံၾကည္ႏိုင္ေသာ အၾကည့္က ေနသန္႔ဆီေရာက္လာသည္။ သို႔ေသာ္ အားအင္ျပတ္လပ္ေနပုံရေသာ ေနသန္႔ကိုၾကည့္ကာ မျဖစ္ႏိုင္ဟု ယူဆလိုက္ပုံရၿပီး အိန္းဒ႐ူးက တမင္ႀကံဖန္ေနသည္ဟု အထင္ေရာက္သြားကာ
"အဲ့တာဆို အခ်ဳပ္ခန္းထဲထည့္လိုက္" ဟု ေဒါသတႀကီးေျပာေလသည္။

ဟင္ ... ေရွ႕ေနလိုက္မွ ေထာင္လုံးလုံးက်ၿပီ။
ေနသန္က အိန္းဒ႐ူးကို မေက်မနပ္ ၾကည့္လိုက္သည္။ ထိုအၾကည့္ကို သေဘာက္ေပါက္စြာ ..
"အာ .. အကိုက က်ေနာ့ကို စိတ္ဆိုးရမွာ မဟုတ္ဖူးေလ။ ေခါင္းေဆာင္ကလည္း သူက အျပစ္သားမွ မဟုတ္ပဲ။ က်ေနာ့အခန္းမွာ ဧည့္သည္အျဖစ္နဲ႔ပဲ ထားမယ္ေလ။ ေနာ္"

ေခါင္းေဆာင္က ႏွဖူးကို လက္မ လက္ညႇိဳးျဖင့္ ေထာက္ကာ သြား သြား ဟု လက္သာ ခါျပေတာ့သည္။

ေနသန္က သူ႔ကို ခ်ည္ေႏွာင္ထားေသာ ႏြယ္ႀကိဳးေတြကို မ်က္စပစ္လိုက္ၿပီး ေခါင္းေဆာင္ကို ေျပာလိုက္သည္။
"ခင္ဗ်ားက က်ေနာ္နဲ႔ အက်ိဳးတူအလုပ္လုပ္ခ်င္တာဆိုရင္ေတာ့ မနက္ျဖန္ ဒီလိုမ်ိဳး စကားမေျပာရဖို႔ ေမွ်ာ္လင့္တာပဲ"
"အိုး ဟုတ္သားပဲ။ အိန္းဒ႐ူး ေျဖေပးလိုက္ဦး"
"ဟင့္အင္း ကိုကို႔ကို ေနာက္တေခါက္ ဖမ္းရတာခက္တယ္"

အာ .. ဒီေသာက္ကေလးေတာ့ ..
မင္းကငါ့ကို ကယ္ေနတာလား ဒုကၡေပးေနတာလား။

Continue Reading

You'll Also Like

318K 17.1K 53
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
136K 14.9K 116
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
137K 4.7K 34
၁၉၆၀ခုနှစ်နောက်ခံအိမ်ထောင်ရေးဇတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ရှင်။ ရှေးရိုးဆန်တဲ့မိသားစုကနေ အင်မတန်စည်းကမ်းတင်းကြပ်ခံရတဲ့မိန်းခလေးတစ်ယောက်ရဲ့ဘဝ၊အချစ်နဲ့အိမ်ထေ...
84.7K 7.4K 114
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...