ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ င...

By Kay_Wine

553K 103K 4.1K

Title - I Only Lived for Three Chapters in A Campus Romance Novel Author - Tang Shan Yue (糖山月) Total Chapter... More

Description
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈ [ Zawgyi ]
အပိုင်း - ၂၈ [ Unicode ]
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆.၁
အပိုင်း - ၃၆.၂
အပိုင်း - ၃၇.၁
အပိုင်း - ၃၇.၂
အပိုင်း - ၃၈.၁
အပိုင်း - ၃၈.၂
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၈.၂
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉

အပိုင်း - ၂၀

9.2K 1.7K 14
By Kay_Wine

{Zawgyi}

လင္ရွန္း “…”

ေမာ့က်ဴးခ်န္က ပါးစပ္ဟလိုက္တာနဲ႔ အေတာ္ေလးစိတ္ပ်က္စရာေကာင္းတာကေတာ့ ႏွေျမာစရာပဲ။

သူ႔မ်က္ႏွာႀကီးေမွာင္က်သြားကာ ေခါင္းလွည့္ၿပီး ထြက္လာလိုက္တယ္။

လင္ရွန္း အေပါက္၀နားေရာက္ေရာင္းခ်င္းမွာပဲ လင္ယြမ္ရဲ႕ကားက သူ႔ေရွ႕မွာလာရပ္တယ္။

ေပၚေပၚထင္ထင္သိပ္မရွိတဲ့ လုပ္ငန္းသုံးကားအနက္ေရာင္ေလးက ေမာ့က်ဴးခ်န္ရဲ႕ကားနဲ႔ေတာ့ မယွဥ္သာဘူး။

“ရွန္းရွန္း!” လင္ယြမ္က ကားမွန္ကိုခ်ကာ သူ႔ကိုၿပဳံးျပလာတယ္။ “ေစာင့္ရတာ ၾကာသြားၿပီလား?” သူက ေျပာရင္းဆိုရင္း ကားတံခါးဖြင့္ကာ ထြက္လာဖို႔ျပင္ေတာ့တယ္။

“ေကာ!” လင္ရွန္း လက္ဆန႔္ကာ ကားတံခါးကို ျပန္တြန္းထားလိုက္တယ္ “မဆင္းပါနဲ႔ေတာ့” ေျပာၿပီးတာနဲ႔ ကားေမာင္းတဲ့သူေဘးက ထိုင္ခုံကို အျမန္ေျပးသြားလိုက္တယ္။ လင္ရွန္း ကားတံခါးဖြင့္ကာ သူ႔ဘာသာဝင္လိုက္ၿပီး ေခါင္းငုံ႔ကာ ခါးပတ္အျမန္ပတ္လိုက္တယ္။ ခုေလးတင္ လင္ယြမ္က ကားေပၚကဆင္းဖို႔လုပ္ေနတယ္ဆိုတာ အသိသာႀကီး။ ဘာလုပ္ဖို႔ ဆင္းေနမွာလဲ? လူႀကီးလူေကာင္းတစ္ေယာက္လိုမ်ိဳး သူ႔အတြက္ တံခါးဖြင့္ေပးမလို႔လား?

___ေဝါင္း… သူ႔အစ္ကိုႀကီးက ဘာလို႔ဒီေလာက္ေတာင္ ေကာင္းေပးႏိုင္ရတာလဲ?! တကယ္တမ္းေတာ့ ဒါက တစ္စုံတစ္ေယာက္ရဲ႕အစ္ကိုႀကီးသာျဖစ္တယ္! ထက္ျမက္တယ္၊ လူႀကီးလူေကာင္းပီသတယ္၊ သိမ္ေမြ႕တယ္ ၿပီးေတာ့ ညီျဖစ္သူေတြကိုလည္း ေလးစားတယ္…

လင္ရွန္း ေခါင္းလွည့္ကာ သူ႔အစ္ကိုႀကီးကို ၾကည့္ေနရင္း အေတြးထဲနစ္ေနတယ္။ မူလခႏၶာကိုယ္ပိုင္ရွင္ရဲ႕မိသားစုနဲ႔ ဘယ္လိုဆက္ဆံတယ္ဆိုတဲ့ မွတ္ဉာဏ္ေတြ သူ႔မွာတစ္ခုမွမရွိဘူး ၿပီးေတာ့ ညီအစ္ကိုေတြၾကားမွာ ဘယ္လိုမ်ိဳးရွိတယ္ဆိုတာလည္း သူမသိဘူး။ ဒါေပမယ့္ ေငြလႊဲထားတဲ့မွတ္တမ္းရွည္ႀကီးကိုၾကည့္လိုက္တာနဲ႔တင္ လင္ယြမ္က သူ႔ညီကို သည္းသည္းလႈပ္မွန္း သိသာတယ္။

WeChat က ေငြလႊဲမွတ္တမ္းေတြကို ေတြးမိျပန္ေတာ့ လင္ရွန္း နာက်င္လာတယ္!

“ရွန္းရွန္း” သူ႔မွာ နာလို႔ေတာင္မၿပီးေသးခင္ လင္ယြမ္က သူ႔ကိုအပူခံဘူးအေသးေလး ကမ္းေပးလာတယ္။ “ဂုံးနဲ႔ပုစြန္ဆန္ျပဳတ္” သူ႔ညီေလးကို ထပ္ၿပဳံးျပၿပီး “အတန္းေဖာ္ေတြနဲ႔ အၾကာႀကီးစာလုပ္လိုက္ရတယ္ဆိုေတာ့ ဗိုက္ဆာေနလိမ့္မယ္၊ ပူတုန္းေလး ေသာက္လိုက္”

အပူခံဘူးေလးကို ဖြင့္လိုက္တဲ့အခါ လတ္ဆတ္တဲ့အေမႊးနံ႔ေလးထြက္ေပၚလာတယ္။ ပူပူေႏြးေႏြးအေငြ႕ေတြ ကားထဲမွာျပည့္သြားၿပီး လင္ရွန္းျမင္ကြင္းေတာင္ အနည္းငယ္ဝါးတားတားျဖစ္သြားတယ္။ ေဘးနားက ဇြန္းကိုေကာက္ယူကာ အနည္းငယ္ပါးစပ္ထဲသြင္းၿပီး ေျဖးေျဖးခ်င္းဝါးလိုက္တယ္။ ပုစြန္နဲ႔ဂုံးရဲ႕ခ်ိဳၿမိန္တဲ့အရသာက ထမင္းတစ္ေစ့ခ်င္းစီတိုင္းနဲ႔ ေပါင္းစပ္လိုက္ခ်ိန္မွာ လိုက္ဖက္လြန္းလွတယ္။ သူ႔ရဲ႕လွ်ာဖ်ားနဲ႔ထိမိလိုက္တယ္ဆိုရင္ပဲ လင္ရွန္းရဲ႕အရသာခံဖုေလးေတြေပၚ ေဖ်ာ့ေတာ့တဲ့အငန္အရသာေလး တင္က်န္ေနေတာ့တယ္။

“ဘယ္လိုလဲ?” လင္ယြမ္က ကားစထြက္ေနၿပီျဖစ္တယ္။ “အရမ္းေအးေနၿပီလား?”

“မေအးပါဘူး” လင္ရွန္း ဗလုံးဗေထြးျပန္ေျဖလိုက္တယ္။ သူေနာက္ထပ္ ဇြန္းအျပည့္တစ္လုတ္ထပ္စားလိုက္တယ္။ ႏူးညံ့ေပ်ာ့အိေနတဲ့ပုစြန္ေတြက အရမ္းကိုလတ္ဆတ္တယ္။ ညေနပိုင္းမွာ စာေလ့လာၿပီးေနာက္ တစ္စုံတစ္ေယာက္က သူ႔အတြက္ဆိုၿပီး အထူးတလည္နဲ႔ ညလယ္စာျပင္ေပးတာမ်ိဳးကို အရင္တုန္းက တစ္ခါမွမႀကဳံဖူးဘူး။ အိပ္မက္ထဲမွာေတာင္ ဒါကို တစ္ခါမွ စိတ္မကူးရဲခဲ့ဘူး။

ပူပူေႏြးေႏြးဆန္ျပဳတ္က လင္ရွန္းရဲ႕မ်က္ေတာင္ေတြကို စိုစြတ္သြားေစတယ္။ သူ႔ေခါင္းကို ငုံ႔ကာ အပူခံဘူးကို မၿပီး တရႈးရႈးနဲ႔ ဆန္ျပဳတ္တစ္ခြက္လုံးကို အားပါးတရေမာ့ေသာက္ပစ္လိုက္တယ္။

“ေျဖးေျဖးေသာက္ပါကြာ” လင္ယြမ္က သူ႔ကိုၿပဳံးကာ ၾကည့္ၿပီး မႏိုင္ဘူးဆိုတဲ့ဟန္နဲ႔ ေခါင္းသာယမ္းေနတယ္ “အရမ္းဗိုက္ဆာေနတာလား? ညစာမစားရေသးဘူးလား?”

“စားၿပီးသြားပါၿပီ” လင္ရွန္း ဆန္ျပဳတ္ဘူးကို ခ်ကာ လင္ယြမ္ကို ၾကည့္လိုက္တယ္။ သူ႔အစ္ကိုကို ၾကည့္ေကာင္းတယ္လို႔ေျပာခ်င္တယ္ဆိုရင္ ေမာ့က်ဴးခ်န္ကေတာ့ ေသခ်ာေပါက္နတ္ဘုရားက မ်က္ႏွာသာေပးထားတာပဲျဖစ္ရမယ္။ ဒါေပမယ့္ လင္ယြမ္ရဲ႕ပုံပန္းသြင္ျပင္က အဲ့ဒီ့နာမည္ေက်ာ္အမ်ိဳးသားၾကယ္ပြင့္ေတြထက္ေတာ့ မေလ်ာ့ဘူး။ သိမ္ေမြ႕တဲ့စ႐ိုက္ေလးပါရွိေနေတာ့ အၿမဲလိုလိုလူေတြကို ေႏြဦးေလညႇင္းေလးလို ခံစားရေစတယ္။

လင္ရွန္းမ်က္လုံးထဲမွာေတာ့ ကားကိုအာ႐ုံစိုက္ၿပီး ေမာင္းေနတဲ့အသြင္နဲ႔တင္ ေမာ့က်ဴးခ်န္ကို အႀကိမ္ေပါင္းတစ္ေသာင္းေလာက္ နင္းေျခပစ္လို႔ရတယ္!

“ေကာ…” သူ႔အၾကည့္ကို ျပန္႐ုတ္သိမ္းၿပီး အပူခံဘူးရဲ႕အဖုံးကို ပိတ္ကာ အသံတိုးတိုးဆိုမိတယ္။

“ဘာျဖစ္လို႔လဲ?”

“ဒီတိုင္း ေကာက အရမ္းၾကင္နာတာပဲလို႔ ခံစားမိလို႔!” လင္ရွန္း ေလသံေလးနဲ႔ ေျပာလိုက္တယ္။ သူအခု တကယ္သိခ်င္မိတယ္။ ဒီေလာက္ေကာင္းတဲ့အစ္ကို၊ ဒီေလာက္ ေႏြးေထြးတဲ့မိသားစုမွာမွ မူလခႏၶာကိုယ္ပိုင္ရွင္က လင္ယြမ္နဲ႔လင္ခ်ီတို႔နဲ႔ဘာလို႔ လုံး၀ႀကီးကြဲျပားေနရတာလဲ?

စာေမးပြဲေျဖဆိုတိုင္းမွာ ဘိတ္ေခ်းျဖစ္ေန႐ုံတင္မကဘူး လုေျမာင္ေျမာင္နဲ႔ေတာင္မွ ဒီလိုကိစၥမ်ိဳးေတြကို ေပါင္းႀကံလိုက္ေသးတယ္။ လင္ရွန္း မ်က္ေမွာင္ႀကီးၾကဳတ္ေနတယ္။

“အ႐ူးေလး!” မီးပြိဳင့္နီေနတာေၾကာင့္ လင္ယြမ္ကားကို ရပ္ထားၿပီး ဆံပင္ေတြကို ဖြလိုက္တယ္။ “အစ္ကိုႀကီးက ညီအေပၚေကာင္းေပးတာေလ၊ မမွန္လို႔လား?” သူလင္ရွန္းကို ၿပဳံးၿပဳံးေလးေျပာလိုက္တယ္။

“ဒါေပမယ့္ ခုတေလာ ေမာ့က်ဴးခ်န္ရဲ႕အရမ္းရင္းႏွီးေနသလိုပဲေနာ္?” မီးပြိဳင့္စိမ္းသြားေတာ့ လင္ယြမ္ ကားဆက္ေမာင္းလိုက္တယ္ “ခုပဲ သူနဲ႔ စာေလ့လာတာလား?”

“အင္း” လင္ရွန္း ေခါင္းၿငိတ္ျပလိုက္တယ္။

ခ်က္ခ်င္းဆိုသလို သူ႔မ်က္ႏွာႀကီးရဲတက္လာတယ္။ လင္ယြမ္က ေမာ့က်ဴးခ်န္အေၾကာင္း ေျပာလိုက္ခ်ိန္မွာ သူ႔အစ္ကိုႀကီးကိုယ္တိုင္ ဖ်က္ခဲ့ရတဲ့ ေက်ာင္းဖိုရမ္ေပၚက အလြန္တရာရွက္ဖြယ္လိလိpostေတြကို သတိျပန္ရသြားေတာ့တယ္! တျခားသူေတြ သူ႔ကိုဘာႀကီးပဲထင္ထင္ ကိစၥမရွိဘူး! လင္ယြမ္သာ တကယ္ႀကီးယုံသြားလို႔ကေတာ့ သူ…

“ခုေခတ္ေက်ာင္းသားေလးေတြက တကယ္မယုံႏိုင္စရာပဲ!” လင္ရွန္း သူဘယ္လိုျဖစ္ေနလဲဆိုတာကို မေတြးႏိုင္ေသးခင္ သူ႔အစ္ကိုႀကီး ဆက္ေျပာမယ့္စကားကို နားေထာင္ေနလိုက္တယ္ “ ‘ဗိုလ္က်လြန္းတဲ့ေက်ာင္းျမက္ႀကီးရဲ႕ဇနီးေလး’… Puff…”

လင္ယြမ္ မေနႏိုင္ေတာ့ဘဲ အက်ယ္ႀကီးေအာ္ရယ္မိတယ္။

“ေကာ!” လင္ရွန္း မ်က္ႏွာက ပိုေတာင္ နီရဲလာတယ္။ ရွက္လြန္းလို႔ သူ႔ကိုယ္သူသတ္ေသမိေတာ့မယ္ ဟုတ္ၿပီလား?!

“Sorry sorry…” လင္ယြမ္ ရယ္ခ်င္တာကို ထိန္းထားလိုက္တယ္ “သူတို႔ေလးေတြ ေရးထားတာက အရမ္းစိတ္ဝင္စားစရာေကာင္းတာေတြထင္လို႔ postေတြကို မဖ်က္ခင္ ေကာ္ပီသိမ္းထားတာေလးတစ္ခုရွိတယ္၊ ၾကည့္ခ်င္လား?”

“ေကာ!” လင္ရွန္း က်င္းတစ္က်င္းေလာက္သာ တူးပစ္လိုက္ခ်င္တယ္။ သူ႔မ်က္ႏွာက ပူလြန္းလို႔ ေလာင္ကြၽမ္းက်ေတာ့မလားလို႔ေတာင္ ထင္ရတယ္။ ဗိုလ္က်လြန္းတဲ့ျမက္ႀကီးရဲ႕ဇနီး?! postကိုေတာင္ အေရးတယူသိမ္းထားလိုက္ေသးတယ္!

ေကာ ေကာရဲ႕စ႐ိုက္က ယိုယြင္းေတာ့မလိုျဖစ္ေနၿပီေနာ္ ဟုတ္ၿပီလား?!

“ကြၽန္ေတာ္နဲ႔ ေမာ့က်ဴးခ်န္က အဲ့လိုမ်ိဳးမဟုတ္ဘူး” သူအႀကိမ္ေပါင္း အနည္းငယ္ေလာက္ အသက္ကိုျပင္းျပင္းရႈကာ ရွင္းျပဖို႔ သတၱိေမြးလိုက္တယ္ “အဲ့တာက အတန္းေဖာ္ေတြ အထင္လြဲသြားတာေလးတစ္ခုပဲ၊ စေနာက္တာပဲရွိတာ”

“Hmm”လင္ယြမ္ ေခါင္းၿငိတ္ျပလိုက္တယ္။ စကားေျပာေနရင္းနဲ႔ လင္ဗီလာေရွ႕မွာ ကားပါကင္ေတာင္ ထိုးၿပီးေနၿပီျဖစ္တယ္။ “ကိုႀကီးတို႔ေရာက္ၿပီ ရွန္းရွန္း”

“တကယ္ဘာမွမဟုတ္တာေနာ္” လင္ရွန္း ျပတ္ျပတ္သားသားထပ္ေျပာလိုက္တယ္ “ကြၽန္ေတာ္တို႔က အေၾကာင္းအရင္းတခ်ိဳ႕ေၾကာင့္ ေက်ာင္းဆင္းရင္ စာအတူေလ့လာတာမ်ိဳးပဲရွိတာ၊ ၿပီးေတာ့ သူနဲ႔ကြၽန္ေတာ္အျပင္ စုတ်န္းတ်န္းလည္းရွိတယ္” သူ႐ိုး႐ိုးရွင္းရွင္း ဆက္ေျပာလိုက္တယ္ “စုတ်န္းတ်န္းဆိုတာ ကြၽန္ေတာ္တို႔အတန္းထဲက အတန္းေဖာ္ပဲ၊ ၿပီးေတာ့ ေမာ့က်ဴးခ်န္က သူ႔ကိုႀကိဳက္ေနတာ”

သူတို႔ဘာေၾကာင့္ စာအတူေလ့လာေနၾကတာလဲဆိုတာရဲ႕ နက္ရႈိင္းတဲ့အေၾကာင္းျပခ်က္ေတြကိုေတာ့ ေသခ်ာေပါက္ လင္ယြမ့္ကို ေျပာမျပႏိုင္ဘူး။

လင္ရွန္းက ေျပာျပလို႔ၿပီးသြားတဲ့ေနာက္မွာ လင္ယြမ္ကို ၾကည္လင္ေနတဲ့မ်က္လုံးေလးေတြနဲ႔ ၾကည့္ေနလိုက္တယ္။

လင္ယြမ္ကလည္း သူ႔ကိုၾကည့္ေနတာျဖစ္တယ္။ လင္ရွန္းကို ခဏၾကာတဲ့အထိ စိုက္ၾကည့္ေနၿပီး သက္ျပင္းသာခ်ကာ ထိုင္ခုံခါးပတ္ျဖဳတ္ေပးဖို႔ ကိုယ္ကိုကိုင္းလိုက္တယ္။

လင္ယြမ္က “ကိုႀကီးက မင္းဘာကို ဆိုလိုခ်င္တာလဲဆိုတာကို သံသယမျဖစ္ေနပါဘူး” သူခါးကိုမတ္မတ္ထားၿပီး လင္ရွန္းဆံပင္ေတြကို ထိလိုက္တယ္ “ကိုႀကီးက မင္းရဲ႕သူငယ္ခ်င္းလုပ္တဲ့အျမင္ကို ယုံၾကည္တယ္၊ ၿပီးေတာ့ ကိစၥေတြကိုလုပ္တဲ့ေနမွာ မင္းမွာလည္းကိုယ္ပိုင္အေၾကာင္းျပခ်က္ေတြရွိတာ ယုံတယ္၊ ၿပီးေတာ့ ပိုၿပီးယုံၾကည္တာက…” သူလင္ရွန္းကို ၿပဳံးျပလိုက္တယ္ “ငါ့ညီေလးက လူဆိုးေကာင္ေလးမဟုတ္ဘူးဆိုတာပဲ”

“အေပၚတက္ေတာ့၊ ေရခ်ိဳးၿပီး ေစာေစာနား” လင္ယြမ္ သူ႔ကိုေျပာလိုက္တယ္ “မင္း ကိုႀကီးကို ေျပာစရာလိုတယ္ဆိုရင္လည္း ကိုႀကီးရဲ႕တံခါးက မင္းအတြက္ အၿမဲတမ္းဖြင့္ေပးထားတယ္”

ထိုညက လင္ရွန္းအိပ္ရာေပၚမွာသာ လူးလွိမ့္ေနၿပီး မနက္ႏွစ္နာရီေလာက္ထိေတာင္မွ အိပ္လို႔မေပ်ာ္ခဲ့ဘူး။ ေနာက္တစ္ေန႔က်ေတာ့ လုံး၀ကို အိပ္ရာထေနာက္က်ေတာ့တာပဲ။ လင္ရွန္းခမ်ာ မနက္စာစားခ်ိန္ေတာင္မရလိုက္ဘဲ ေက်ာင္းကို အသည္းအသန္ေျပးရေတာ့တယ္။

အခန္းထဲကို ေျခခ်မိတယ္ဆိုရင္ပဲ ေက်ာင္းေခါင္းေလာင္းျမည္သံ ထြက္ေပၚလာတယ္။ တတိယႏွစ္စီနီယာFခန္းရဲ႕ အတန္းပိုင္ဆရာဆို စင္ေပၚမွာေတာင္ ရပ္ေနၿပီး ေက်ာင္းသားေတြကို မနက္ပိုင္းစာဖတ္ၾကဖို႔ တိုက္တြန္းေနတယ္။

လင္က်န္း သက္ျပင္းခ်ကာ သူ႔ထိုင္ခုံဆီကို ေလွ်ာက္သြားၿပီး ထိုင္ခ်လိုက္တယ္။ သူပဲစိတ္ထင္ေယာင္ထင္မွား ျဖစ္ေနတာလား မေျပာတတ္ဘူး။ အေရွ႕တံခါးကေန သူ႔ထိုင္ခုံဆီကိုေလွ်ာက္လာတုန္းမွာ အတန္းထဲကေက်ာင္းသားေတြအားလုံး သူ႔ကိုအာ႐ုံစိုက္ေနသလိုျဖစ္ေနတယ္။

အျပည့္ေတြကိုက ၾကည္ညိဳမႈအျပည့္နဲ႔။ ၿပီးေတာ့ တိုင္းျပည္ကိုေစာင့္ေရွာက္ဖို႔အတြက္ စစ္ဆင္ေရးထြက္ရေတာ့မယ့္ စစ္သူႀကီးေတြကို ေလးစားသလိုမ်ိဳးေတြလည္း ေရာယွက္ပုံေပၚေနတယ္!

သူ သကၤာမကင္းနဲ႔ ခုံထဲ ေက်ာပိုးအိတ္ထိုးထည့္လိုက္တယ္။ သူထိုင္လိုက္တယ္ဆိုရင္ပဲ သူ႔ေဘးမွာထိုင္တဲ့ခ်င္မင္းမင္းက အနားကပ္လာတယ္။ “ရွန္းေကာ” ခ်င္မင္းမင္းက အေခၚအေဝၚေတြေတာင္ ေျပာင္းေနတယ္။ “ငါ အဲ့အေၾကာင္းၾကားၿပီးၿပီ!” သူ လင္ရွန္းကို မ်က္စိမွိတ္ျပကာ “ရွန္းေကာ မင္းက အရမ္းအံ့ဩစရာေကာင္းတာပဲ! ငါမင္းကို မဟားတရားေလးစားတယ္ကြာ… ဘာမွေျပာမေနနဲ႔ အခုကစၿပီး မင္းက ငါ့ရဲ႕အစ္ကိုႀကီးျဖစ္သြားၿပီ!”

“ငါကဘာ…” လင္ရွန္း ေျပာလို႔မၿပီးေသးခင္ ႐ုတ္တရက္ စိတ္ထဲမွာ ဆတ္ခနဲျဖစ္သြားတယ္။

မေန႔တုန္းက လုေျမာင္ေျမာင္နဲ႔ၿပိဳင္ဖို႔ လက္ခံခဲ့တာကို သတိရသြားတာျဖစ္တယ္။ ဒါေပမယ့္ ဒီလိုမ်ိဳးဟာကို သူမက ေသခ်ာေပါက္အႏိုင္ရေတာ့မယ့္လူလိုမ်ိဳး ေနရာတိုင္းမွာ လိုက္ေျပာမေနသင့္ဘူး! မဟုတ္လို႔ ရႈံးသြားၿပီဆိုရင္ မ်က္ႏွာကို ဘယ္ေနရာမွာ သြားထားေတာ့မလဲ…

“ၿပီးေတာ့…” ခ်င္မင္းမင္း ထပ္ေျပာျပန္တယ္။ “ရွန္းေကာ မင္းကတကယ္ကိုပဲ သခင္ေလးေမာ့ကို ဆြဲၿပီး လုေရွာင္ဟြား(လုေျမာင္ေျမာင္)နဲ႔ ရင္ဆိုင္ရဲတယ္ေနာ္… ဒီညီေလးက မင္းကိုတကယ္ႀကီး ေလးစားၿပီးေတာ့ ဝပ္စင္းေပးသင့္ၿပီ”

လင္ရွန္း “…”

“လဝက္အတြင္းမွာလုပ္မယ့္ ဘာသာေလးရပ္အိုလံပစ္ၿပိဳင္ပြဲမွာ လက္ေ႐ြးစင္တစ္ခန္းလုံးနဲ႔ တစ္ေယာက္တည္း ၿပိဳင္ဖို႔ေလာင္းထားတယ္လို႔လည္း ၾကားမိေသးတယ္၊ ၿပီးေတာ့ ရႈံးတဲ့လူက အလိုလိုေက်ာင္းထြက္ရမွာဆို!”

“ရွန္းေကာ!” ခ်င္မင္းမင္း လင္ရွန္းကို လက္မေထာင္ျပလိုက္တယ္ “မင္းက ငါတို႔ Fတန္းအတြက္ေတာ့ သူရဲေကာင္းႀကီးပါပဲ!”

“ခဏေလး” လင္ရွန္း အံ့ဩသြားတယ္ “ဘာလို႔ လက္ေ႐ြးစင္တစ္ခန္းလုံးလဲ?”

သူက လုေျမာင္ေျမာင္နဲ႔ပဲ ေလာင္းခဲ့တာ။ ၿပီးေတာ့ ေမာ့က်ဴးခ်န္ကို ဆြဲတယ္ဆိုတာကေရာ ဘာကိုဆိုလိုတာလဲ? သူက လုေျမာင္ေျမာင္နဲ႔ ေလာင္းၿပီးေတာ့ သူမကိုအႏိုင္ပိုင္းကာ ရွင္းဆန္းေက်ာင္းက ထြက္သြားေစခ်င္တာျဖစ္တယ္။

ဒါေပမယ့္လည္း အဲ့လိုလုပ္တာက ေမာ့က်ဴးခ်န္နဲ႔ စုတ်န္းတ်န္းတို႔ကို ဝင္ေႏွာင့္မယ့္ ၿပိဳင္ဘက္ကို ဟန႔္တားလိုက္႐ုံပဲရွိတာ။

ေနာက္ၿပီး သူမက ရွင္းဆန္းေက်ာင္းက ထြက္သြားရတယ္ဆိုရင္ေတာင္မွ လုေျမာင္ေျမာင္ရဲ႕မိသားစုေနာက္ခံနဲ႔ဆိုရင္ တျခားေကာင္းတဲ့ေက်ာင္းတစ္ခုကို သြားလို႔ရႏိုင္တယ္။

“ရွန္းေကာ” ခ်င္မင္းမင္းက လင္ရွန္းကို အေနာက္ခုံကို လွည့္ၾကည့္ပုံ ဟန္ပန္လုပ္ျပလိုက္တယ္။ ေမာ့က်ဴးခ်န္ထိုင္တဲ့ေနရာမွာ တစ္ေယာက္မွ ရွိမေနဘူး။ “မင္းက ဒီကိစၥမွာေတာ့ အႏိုင္ရၿပီးသားလို႔ထင္တယ္ အဲ့ေတာ့ လုေျမာင္ေျမာင္နဲ႔ ေလာင္းတာမ်ိဳး လုပ္ေနစရာေတာင္မလိုေတာ့ဘူး”

ခ်င္မင္းမင္းက ဆက္ေျပာတယ္ “မင္းေနာက္က်သြားလို႔ မေတြ႕လိုက္တာ၊ သခင္ေလးေမာ့က ခုနကေလးတင္ ဘယ္ေလာက္ေတာင္ ၾကည့္ေကာင္းလိုက္သလဲဆိုတာ!”

သူစိတ္လႈပ္ရွားစြာနဲ႔ ေျပာျပလိုက္တယ္ “ခုနေလးတင္ေလ လက္ေ႐ြးစင္အတန္းက အဲ့လုေျမာင္ေျမာင္ကို ပိုးပန္းေနတဲ့သူေတြက မင္း ရွင္းဆန္းေက်ာင္းက ထြက္သြားရေအာင္ မင္းဆီကို အႀကိတ္အနယ္ေရာက္ခ်လာတာေလ၊ မင္းလည္း ဒီမွာရွိမေနေတာ့ သခင္ေလးေမာ့ကပဲ မင္းကိုဝင္ကူညီလိုက္တာ”

“သူတို႔ဘယ္မွာလဲ?” ႐ုတ္တရက္ လင္ရွန္း ခံစားခ်က္ေတြမေကာင္းေတာ့ဘူး။

“သူတို႔ေတြ Gymကို သြားၾကတယ္!” ခ်င္မင္းမင္းေျပာလိုက္တယ္ “ေက်ာင္းက မိန္းကေလးထက္ဝက္ေလာက္ အဲ့မွာေရာက္ေနၾကမွာကိုေတာင္ စိုးရိမ္မိတယ္”

သူခပ္ဟဟရယ္ကာ “သခင္ေလးေမာ့က မင္းကို ကူညီဖို႔အတြက္ သူတို႔ေတြနဲ႔ သုံးေယာက္စီယွဥ္ဖို႔လုပ္ေနၿပီ!” [ T/N : basketballကို တစ္ဖက္သုံးေယာက္စီေဆာ့ၾကတာပါ ]


_______________________________________



{Unicode}

လင်ရှန်း “…”

မော့ကျူးချန်က ပါးစပ်ဟလိုက်တာနဲ့ အတော်လေးစိတ်ပျက်စရာကောင်းတာကတော့ နှမြောစရာပဲ။

သူ့မျက်နှာကြီးမှောင်ကျသွားကာ ခေါင်းလှည့်ပြီး ထွက်လာလိုက်တယ်။

လင်ရှန်း အပေါက်၀နားရောက်ရောင်းချင်းမှာပဲ လင်ယွမ်ရဲ့ကားက သူ့ရှေ့မှာလာရပ်တယ်။

ပေါ်ပေါ်ထင်ထင်သိပ်မရှိတဲ့ လုပ်ငန်းသုံးကားအနက်ရောင်လေးက မော့ကျူးချန်ရဲ့ကားနဲ့တော့ မယှဉ်သာဘူး။

“ရှန်းရှန်း!” လင်ယွမ်က ကားမှန်ကိုချကာ သူ့ကိုပြုံးပြလာတယ်။ “စောင့်ရတာ ကြာသွားပြီလား?” သူက ပြောရင်းဆိုရင်း ကားတံခါးဖွင့်ကာ ထွက်လာဖို့ပြင်တော့တယ်။

“ကော!” လင်ရှန်း လက်ဆန့်ကာ ကားတံခါးကို ပြန်တွန်းထားလိုက်တယ် “မဆင်းပါနဲ့တော့” ပြောပြီးတာနဲ့ ကားမောင်းတဲ့သူဘေးက ထိုင်ခုံကို အမြန်ပြေးသွားလိုက်တယ်။ လင်ရှန်း ကားတံခါးဖွင့်ကာ သူ့ဘာသာဝင်လိုက်ပြီး ခေါင်းငုံ့ကာ ခါးပတ်အမြန်ပတ်လိုက်တယ်။ ခုလေးတင် လင်ယွမ်က ကားပေါ်ကဆင်းဖို့လုပ်နေတယ်ဆိုတာ အသိသာကြီး။ ဘာလုပ်ဖို့ ဆင်းနေမှာလဲ? လူကြီးလူကောင်းတစ်ယောက်လိုမျိုး သူ့အတွက် တံခါးဖွင့်ပေးမလို့လား?

___ဝေါင်း… သူ့အစ်ကိုကြီးက ဘာလို့ဒီလောက်တောင် ကောင်းပေးနိုင်ရတာလဲ?! တကယ်တမ်းတော့ ဒါက တစ်စုံတစ်ယောက်ရဲ့အစ်ကိုကြီးသာဖြစ်တယ်! ထက်မြက်တယ်၊ လူကြီးလူကောင်းပီသတယ်၊ သိမ်မွေ့တယ် ပြီးတော့ ညီဖြစ်သူတွေကိုလည်း လေးစားတယ်…

လင်ရှန်း ခေါင်းလှည့်ကာ သူ့အစ်ကိုကြီးကို ကြည့်နေရင်း အတွေးထဲနစ်နေတယ်။ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့မိသားစုနဲ့ ဘယ်လိုဆက်ဆံတယ်ဆိုတဲ့ မှတ်ဉာဏ်တွေ သူ့မှာတစ်ခုမှမရှိဘူး ပြီးတော့ ညီအစ်ကိုတွေကြားမှာ ဘယ်လိုမျိုးရှိတယ်ဆိုတာလည်း သူမသိဘူး။ ဒါပေမယ့် ငွေလွှဲထားတဲ့မှတ်တမ်းရှည်ကြီးကိုကြည့်လိုက်တာနဲ့တင် လင်ယွမ်က သူ့ညီကို သည်းသည်းလှုပ်မှန်း သိသာတယ်။

WeChat က ငွေလွှဲမှတ်တမ်းတွေကို တွေးမိပြန်တော့ လင်ရှန်း နာကျင်လာတယ်!

“ရှန်းရှန်း” သူ့မှာ နာလို့တောင်မပြီးသေးခင် လင်ယွမ်က သူ့ကိုအပူခံဘူးအသေးလေး ကမ်းပေးလာတယ်။ “ဂုံးနဲ့ပုစွန်ဆန်ပြုတ်” သူ့ညီလေးကို ထပ်ပြုံးပြပြီး “အတန်းဖော်တွေနဲ့ အကြာကြီးစာလုပ်လိုက်ရတယ်ဆိုတော့ ဗိုက်ဆာနေလိမ့်မယ်၊ ပူတုန်းလေး သောက်လိုက်”

အပူခံဘူးလေးကို ဖွင့်လိုက်တဲ့အခါ လတ်ဆတ်တဲ့အမွှေးနံ့လေးထွက်ပေါ်လာတယ်။ ပူပူနွေးနွေးအငွေ့တွေ ကားထဲမှာပြည့်သွားပြီး လင်ရှန်းမြင်ကွင်းတောင် အနည်းငယ်ဝါးတားတားဖြစ်သွားတယ်။ ဘေးနားက ဇွန်းကိုကောက်ယူကာ အနည်းငယ်ပါးစပ်ထဲသွင်းပြီး ဖြေးဖြေးချင်းဝါးလိုက်တယ်။ ပုစွန်နဲ့ဂုံးရဲ့ချိုမြိန်တဲ့အရသာက ထမင်းတစ်စေ့ချင်းစီတိုင်းနဲ့ ပေါင်းစပ်လိုက်ချိန်မှာ လိုက်ဖက်လွန်းလှတယ်။ သူ့ရဲ့လျှာဖျားနဲ့ထိမိလိုက်တယ်ဆိုရင်ပဲ လင်ရှန်းရဲ့အရသာခံဖုလေးတွေပေါ် ဖျော့တော့တဲ့အငန်အရသာလေး တင်ကျန်နေတော့တယ်။

“ဘယ်လိုလဲ?” လင်ယွမ်က ကားစထွက်နေပြီဖြစ်တယ်။ “အရမ်းအေးနေပြီလား?”

“မအေးပါဘူး” လင်ရှန်း ဗလုံးဗထွေးပြန်ဖြေလိုက်တယ်။ သူနောက်ထပ် ဇွန်းအပြည့်တစ်လုတ်ထပ်စားလိုက်တယ်။ နူးညံ့ပျော့အိနေတဲ့ပုစွန်တွေက အရမ်းကိုလတ်ဆတ်တယ်။ ညနေပိုင်းမှာ စာလေ့လာပြီးနောက် တစ်စုံတစ်ယောက်က သူ့အတွက်ဆိုပြီး အထူးတလည်နဲ့ ညလယ်စာပြင်ပေးတာမျိုးကို အရင်တုန်းက တစ်ခါမှမကြုံဖူးဘူး။ အိပ်မက်ထဲမှာတောင် ဒါကို တစ်ခါမှ စိတ်မကူးရဲခဲ့ဘူး။

ပူပူနွေးနွေးဆန်ပြုတ်က လင်ရှန်းရဲ့မျက်တောင်တွေကို စိုစွတ်သွားစေတယ်။ သူ့ခေါင်းကို ငုံ့ကာ အပူခံဘူးကို မပြီး တရှုးရှုးနဲ့ ဆန်ပြုတ်တစ်ခွက်လုံးကို အားပါးတရမော့သောက်ပစ်လိုက်တယ်။

“ဖြေးဖြေးသောက်ပါကွာ” လင်ယွမ်က သူ့ကိုပြုံးကာ ကြည့်ပြီး မနိုင်ဘူးဆိုတဲ့ဟန်နဲ့ ခေါင်းသာယမ်းနေတယ် “အရမ်းဗိုက်ဆာနေတာလား? ညစာမစားရသေးဘူးလား?”

“စားပြီးသွားပါပြီ” လင်ရှန်း ဆန်ပြုတ်ဘူးကို ချကာ လင်ယွမ်ကို ကြည့်လိုက်တယ်။ သူ့အစ်ကိုကို ကြည့်ကောင်းတယ်လို့ပြောချင်တယ်ဆိုရင် မော့ကျူးချန်ကတော့ သေချာပေါက်နတ်ဘုရားက မျက်နှာသာပေးထားတာပဲဖြစ်ရမယ်။ ဒါပေမယ့် လင်ယွမ်ရဲ့ပုံပန်းသွင်ပြင်က အဲ့ဒီ့နာမည်ကျော်အမျိုးသားကြယ်ပွင့်တွေထက်တော့ မလျော့ဘူး။ သိမ်မွေ့တဲ့စရိုက်လေးပါရှိနေတော့ အမြဲလိုလိုလူတွေကို နွေဦးလေညှင်းလေးလို ခံစားရစေတယ်။

လင်ရှန်းမျက်လုံးထဲမှာတော့ ကားကိုအာရုံစိုက်ပြီး မောင်းနေတဲ့အသွင်နဲ့တင် မော့ကျူးချန်ကို အကြိမ်ပေါင်းတစ်သောင်းလောက် နင်းခြေပစ်လို့ရတယ်!

“ကော…” သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီး အပူခံဘူးရဲ့အဖုံးကို ပိတ်ကာ အသံတိုးတိုးဆိုမိတယ်။

“ဘာဖြစ်လို့လဲ?”

“ဒီတိုင်း ကောက အရမ်းကြင်နာတာပဲလို့ ခံစားမိလို့!” လင်ရှန်း လေသံလေးနဲ့ ပြောလိုက်တယ်။ သူအခု တကယ်သိချင်မိတယ်။ ဒီလောက်ကောင်းတဲ့အစ်ကို၊ ဒီလောက် နွေးထွေးတဲ့မိသားစုမှာမှ မူလခန္ဓာကိုယ်ပိုင်ရှင်က လင်ယွမ်နဲ့လင်ချီတို့နဲ့ဘာလို့ လုံး၀ကြီးကွဲပြားနေရတာလဲ?

စာမေးပွဲဖြေဆိုတိုင်းမှာ ဘိတ်ချေးဖြစ်နေရုံတင်မကဘူး လုမြောင်မြောင်နဲ့တောင်မှ ဒီလိုကိစ္စမျိုးတွေကို ပေါင်းကြံလိုက်သေးတယ်။ လင်ရှန်း မျက်မှောင်ကြီးကြုတ်နေတယ်။

“အရူးလေး!” မီးပွိုင့်နီနေတာကြောင့် လင်ယွမ်ကားကို ရပ်ထားပြီး ဆံပင်တွေကို ဖွလိုက်တယ်။ “အစ်ကိုကြီးက ညီအပေါ်ကောင်းပေးတာလေ၊ မမှန်လို့လား?” သူလင်ရှန်းကို ပြုံးပြုံးလေးပြောလိုက်တယ်။

“ဒါပေမယ့် ခုတလော မော့ကျူးချန်ရဲ့အရမ်းရင်းနှီးနေသလိုပဲနော်?” မီးပွိုင့်စိမ်းသွားတော့ လင်ယွမ် ကားဆက်မောင်းလိုက်တယ် “ခုပဲ သူနဲ့ စာလေ့လာတာလား?”

“အင်း” လင်ရှန်း ခေါင်းငြိတ်ပြလိုက်တယ်။

ချက်ချင်းဆိုသလို သူ့မျက်နှာကြီးရဲတက်လာတယ်။ လင်ယွမ်က မော့ကျူးချန်အကြောင်း ပြောလိုက်ချိန်မှာ သူ့အစ်ကိုကြီးကိုယ်တိုင် ဖျက်ခဲ့ရတဲ့ ကျောင်းဖိုရမ်ပေါ်က အလွန်တရာရှက်ဖွယ်လိလိpostတွေကို သတိပြန်ရသွားတော့တယ်! တခြားသူတွေ သူ့ကိုဘာကြီးပဲထင်ထင် ကိစ္စမရှိဘူး! လင်ယွမ်သာ တကယ်ကြီးယုံသွားလို့ကတော့ သူ…

“ခုခေတ်ကျောင်းသားလေးတွေက တကယ်မယုံနိုင်စရာပဲ!” လင်ရှန်း သူဘယ်လိုဖြစ်နေလဲဆိုတာကို မတွေးနိုင်သေးခင် သူ့အစ်ကိုကြီး ဆက်ပြောမယ့်စကားကို နားထောင်နေလိုက်တယ် “ ‘ဗိုလ်ကျလွန်းတဲ့ကျောင်းမြက်ကြီးရဲ့ဇနီးလေး’… Puff…”

လင်ယွမ် မနေနိုင်တော့ဘဲ အကျယ်ကြီးအော်ရယ်မိတယ်။

“ကော!” လင်ရှန်း မျက်နှာက ပိုတောင် နီရဲလာတယ်။ ရှက်လွန်းလို့ သူ့ကိုယ်သူသတ်သေမိတော့မယ် ဟုတ်ပြီလား?!

“Sorry sorry…” လင်ယွမ် ရယ်ချင်တာကို ထိန်းထားလိုက်တယ် “သူတို့လေးတွေ ရေးထားတာက အရမ်းစိတ်ဝင်စားစရာကောင်းတာတွေထင်လို့ postတွေကို မဖျက်ခင် ကော်ပီသိမ်းထားတာလေးတစ်ခုရှိတယ်၊ ကြည့်ချင်လား?”

“ကော!” လင်ရှန်း ကျင်းတစ်ကျင်းလောက်သာ တူးပစ်လိုက်ချင်တယ်။ သူ့မျက်နှာက ပူလွန်းလို့ လောင်ကျွမ်းကျတော့မလားလို့တောင် ထင်ရတယ်။ ဗိုလ်ကျလွန်းတဲ့မြက်ကြီးရဲ့ဇနီး?! postကိုတောင် အရေးတယူသိမ်းထားလိုက်သေးတယ်!

ကော ကောရဲ့စရိုက်က ယိုယွင်းတော့မလိုဖြစ်နေပြီနော် ဟုတ်ပြီလား?!

“ကျွန်တော်နဲ့ မော့ကျူးချန်က အဲ့လိုမျိုးမဟုတ်ဘူး” သူအကြိမ်ပေါင်း အနည်းငယ်လောက် အသက်ကိုပြင်းပြင်းရှုကာ ရှင်းပြဖို့ သတ္တိမွေးလိုက်တယ် “အဲ့တာက အတန်းဖော်တွေ အထင်လွဲသွားတာလေးတစ်ခုပဲ၊ စနောက်တာပဲရှိတာ”

“Hmm”လင်ယွမ် ခေါင်းငြိတ်ပြလိုက်တယ်။ စကားပြောနေရင်းနဲ့ လင်ဗီလာရှေ့မှာ ကားပါကင်တောင် ထိုးပြီးနေပြီဖြစ်တယ်။ “ကိုကြီးတို့ရောက်ပြီ ရှန်းရှန်း”

“တကယ်ဘာမှမဟုတ်တာနော်” လင်ရှန်း ပြတ်ပြတ်သားသားထပ်ပြောလိုက်တယ် “ကျွန်တော်တို့က အကြောင်းအရင်းတချို့ကြောင့် ကျောင်းဆင်းရင် စာအတူလေ့လာတာမျိုးပဲရှိတာ၊ ပြီးတော့ သူနဲ့ကျွန်တော်အပြင် စုတျန်းတျန်းလည်းရှိတယ်” သူရိုးရိုးရှင်းရှင်း ဆက်ပြောလိုက်တယ် “စုတျန်းတျန်းဆိုတာ ကျွန်တော်တို့အတန်းထဲက အတန်းဖော်ပဲ၊ ပြီးတော့ မော့ကျူးချန်က သူ့ကိုကြိုက်နေတာ”

သူတို့ဘာကြောင့် စာအတူလေ့လာနေကြတာလဲဆိုတာရဲ့ နက်ရှိုင်းတဲ့အကြောင်းပြချက်တွေကိုတော့ သေချာပေါက် လင်ယွမ့်ကို ပြောမပြနိုင်ဘူး။

လင်ရှန်းက ပြောပြလို့ပြီးသွားတဲ့နောက်မှာ လင်ယွမ်ကို ကြည်လင်နေတဲ့မျက်လုံးလေးတွေနဲ့ ကြည့်နေလိုက်တယ်။

လင်ယွမ်ကလည်း သူ့ကိုကြည့်နေတာဖြစ်တယ်။ လင်ရှန်းကို ခဏကြာတဲ့အထိ စိုက်ကြည့်နေပြီး သက်ပြင်းသာချကာ ထိုင်ခုံခါးပတ်ဖြုတ်ပေးဖို့ ကိုယ်ကိုကိုင်းလိုက်တယ်။

လင်ယွမ်က “ကိုကြီးက မင်းဘာကို ဆိုလိုချင်တာလဲဆိုတာကို သံသယမဖြစ်နေပါဘူး” သူခါးကိုမတ်မတ်ထားပြီး လင်ရှန်းဆံပင်တွေကို ထိလိုက်တယ် “ကိုကြီးက မင်းရဲ့သူငယ်ချင်းလုပ်တဲ့အမြင်ကို ယုံကြည်တယ်၊ ပြီးတော့ ကိစ္စတွေကိုလုပ်တဲ့နေမှာ မင်းမှာလည်းကိုယ်ပိုင်အကြောင်းပြချက်တွေရှိတာ ယုံတယ်၊ ပြီးတော့ ပိုပြီးယုံကြည်တာက…” သူလင်ရှန်းကို ပြုံးပြလိုက်တယ် “ငါ့ညီလေးက လူဆိုးကောင်လေးမဟုတ်ဘူးဆိုတာပဲ”

“အပေါ်တက်တော့၊ ရေချိုးပြီး စောစောနား” လင်ယွမ် သူ့ကိုပြောလိုက်တယ် “မင်း ကိုကြီးကို ပြောစရာလိုတယ်ဆိုရင်လည်း ကိုကြီးရဲ့တံခါးက မင်းအတွက် အမြဲတမ်းဖွင့်ပေးထားတယ်”

ထိုညက လင်ရှန်းအိပ်ရာပေါ်မှာသာ လူးလှိမ့်နေပြီး မနက်နှစ်နာရီလောက်ထိတောင်မှ အိပ်လို့မပျော်ခဲ့ဘူး။ နောက်တစ်နေ့ကျတော့ လုံး၀ကို အိပ်ရာထနောက်ကျတော့တာပဲ။ လင်ရှန်းခမျာ မနက်စာစားချိန်တောင်မရလိုက်ဘဲ ကျောင်းကို အသည်းအသန်ပြေးရတော့တယ်။

အခန်းထဲကို ခြေချမိတယ်ဆိုရင်ပဲ ကျောင်းခေါင်းလောင်းမြည်သံ ထွက်ပေါ်လာတယ်။ တတိယနှစ်စီနီယာFခန်းရဲ့ အတန်းပိုင်ဆရာဆို စင်ပေါ်မှာတောင် ရပ်နေပြီး ကျောင်းသားတွေကို မနက်ပိုင်းစာဖတ်ကြဖို့ တိုက်တွန်းနေတယ်။

လင်ကျန်း သက်ပြင်းချကာ သူ့ထိုင်ခုံဆီကို လျှောက်သွားပြီး ထိုင်ချလိုက်တယ်။ သူပဲစိတ်ထင်ယောင်ထင်မှား ဖြစ်နေတာလား မပြောတတ်ဘူး။ အရှေ့တံခါးကနေ သူ့ထိုင်ခုံဆီကိုလျှောက်လာတုန်းမှာ အတန်းထဲကကျောင်းသားတွေအားလုံး သူ့ကိုအာရုံစိုက်နေသလိုဖြစ်နေတယ်။

အပြည့်တွေကိုက ကြည်ညိုမှုအပြည့်နဲ့။ ပြီးတော့ တိုင်းပြည်ကိုစောင့်ရှောက်ဖို့အတွက် စစ်ဆင်ရေးထွက်ရတော့မယ့် စစ်သူကြီးတွေကို လေးစားသလိုမျိုးတွေလည်း ရောယှက်ပုံပေါ်နေတယ်!

သူ သင်္ကာမကင်းနဲ့ ခုံထဲ ကျောပိုးအိတ်ထိုးထည့်လိုက်တယ်။ သူထိုင်လိုက်တယ်ဆိုရင်ပဲ သူ့ဘေးမှာထိုင်တဲ့ချင်မင်းမင်းက အနားကပ်လာတယ်။ “ရှန်းကော” ချင်မင်းမင်းက အခေါ်အဝေါ်တွေတောင် ပြောင်းနေတယ်။ “ငါ အဲ့အကြောင်းကြားပြီးပြီ!” သူ လင်ရှန်းကို မျက်စိမှိတ်ပြကာ “ရှန်းကော မင်းက အရမ်းအံ့ဩစရာကောင်းတာပဲ! ငါမင်းကို မဟားတရားလေးစားတယ်ကွာ… ဘာမှပြောမနေနဲ့ အခုကစပြီး မင်းက ငါ့ရဲ့အစ်ကိုကြီးဖြစ်သွားပြီ!”

“ငါကဘာ…” လင်ရှန်း ပြောလို့မပြီးသေးခင် ရုတ်တရက် စိတ်ထဲမှာ ဆတ်ခနဲဖြစ်သွားတယ်။

မနေ့တုန်းက လုမြောင်မြောင်နဲ့ပြိုင်ဖို့ လက်ခံခဲ့တာကို သတိရသွားတာဖြစ်တယ်။ ဒါပေမယ့် ဒီလိုမျိုးဟာကို သူမက သေချာပေါက်အနိုင်ရတော့မယ့်လူလိုမျိုး နေရာတိုင်းမှာ လိုက်ပြောမနေသင့်ဘူး! မဟုတ်လို့ ရှုံးသွားပြီဆိုရင် မျက်နှာကို ဘယ်နေရာမှာ သွားထားတော့မလဲ…

“ပြီးတော့…” ချင်မင်းမင်း ထပ်ပြောပြန်တယ်။ “ရှန်းကော မင်းကတကယ်ကိုပဲ သခင်လေးမော့ကို ဆွဲပြီး လုရှောင်ဟွား(လုမြောင်မြောင်)နဲ့ ရင်ဆိုင်ရဲတယ်နော်… ဒီညီလေးက မင်းကိုတကယ်ကြီး လေးစားပြီးတော့ ဝပ်စင်းပေးသင့်ပြီ”

လင်ရှန်း “…”

“လဝက်အတွင်းမှာလုပ်မယ့် ဘာသာလေးရပ်အိုလံပစ်ပြိုင်ပွဲမှာ လက်ရွေးစင်တစ်ခန်းလုံးနဲ့ တစ်ယောက်တည်း ပြိုင်ဖို့လောင်းထားတယ်လို့လည်း ကြားမိသေးတယ်၊ ပြီးတော့ ရှုံးတဲ့လူက အလိုလိုကျောင်းထွက်ရမှာဆို!”

“ရှန်းကော!” ချင်မင်းမင်း လင်ရှန်းကို လက်မထောင်ပြလိုက်တယ် “မင်းက ငါတို့ Fတန်းအတွက်တော့ သူရဲကောင်းကြီးပါပဲ!”

“ခဏလေး” လင်ရှန်း အံ့ဩသွားတယ် “ဘာလို့ လက်ရွေးစင်တစ်ခန်းလုံးလဲ?”

သူက လုမြောင်မြောင်နဲ့ပဲ လောင်းခဲ့တာ။ ပြီးတော့ မော့ကျူးချန်ကို ဆွဲတယ်ဆိုတာကရော ဘာကိုဆိုလိုတာလဲ? သူက လုမြောင်မြောင်နဲ့ လောင်းပြီးတော့ သူမကိုအနိုင်ပိုင်းကာ ရှင်းဆန်းကျောင်းက ထွက်သွားစေချင်တာဖြစ်တယ်။

ဒါပေမယ့်လည်း အဲ့လိုလုပ်တာက မော့ကျူးချန်နဲ့ စုတျန်းတျန်းတို့ကို ဝင်နှောင့်မယ့် ပြိုင်ဘက်ကို ဟန့်တားလိုက်ရုံပဲရှိတာ။

နောက်ပြီး သူမက ရှင်းဆန်းကျောင်းက ထွက်သွားရတယ်ဆိုရင်တောင်မှ လုမြောင်မြောင်ရဲ့မိသားစုနောက်ခံနဲ့ဆိုရင် တခြားကောင်းတဲ့ကျောင်းတစ်ခုကို သွားလို့ရနိုင်တယ်။

“ရှန်းကော” ချင်မင်းမင်းက လင်ရှန်းကို အနောက်ခုံကို လှည့်ကြည့်ပုံ ဟန်ပန်လုပ်ပြလိုက်တယ်။ မော့ကျူးချန်ထိုင်တဲ့နေရာမှာ တစ်ယောက်မှ ရှိမနေဘူး။ “မင်းက ဒီကိစ္စမှာတော့ အနိုင်ရပြီးသားလို့ထင်တယ် အဲ့တော့ လုမြောင်မြောင်နဲ့ လောင်းတာမျိုး လုပ်နေစရာတောင်မလိုတော့ဘူး”

ချင်မင်းမင်းက ဆက်ပြောတယ် “မင်းနောက်ကျသွားလို့ မတွေ့လိုက်တာ၊ သခင်လေးမော့က ခုနကလေးတင် ဘယ်လောက်တောင် ကြည့်ကောင်းလိုက်သလဲဆိုတာ!”

သူစိတ်လှုပ်ရှားစွာနဲ့ ပြောပြလိုက်တယ် “ခုနလေးတင်လေ လက်ရွေးစင်အတန်းက အဲ့လုမြောင်မြောင်ကို ပိုးပန်းနေတဲ့သူတွေက မင်း ရှင်းဆန်းကျောင်းက ထွက်သွားရအောင် မင်းဆီကို အကြိတ်အနယ်ရောက်ချလာတာလေ၊ မင်းလည်း ဒီမှာရှိမနေတော့ သခင်လေးမော့ကပဲ မင်းကိုဝင်ကူညီလိုက်တာ”

“သူတို့ဘယ်မှာလဲ?” ရုတ်တရက် လင်ရှန်း ခံစားချက်တွေမကောင်းတော့ဘူး။

“သူတို့တွေ Gymကို သွားကြတယ်!” ချင်မင်းမင်းပြောလိုက်တယ် “ကျောင်းက မိန်းကလေးထက်ဝက်လောက် အဲ့မှာရောက်နေကြမှာကိုတောင် စိုးရိမ်မိတယ်”

သူခပ်ဟဟရယ်ကာ “သခင်လေးမော့က မင်းကို ကူညီဖို့အတွက် သူတို့တွေနဲ့ သုံးယောက်စီယှဉ်ဖို့လုပ်နေပြီ!” [ T/N : basketballကို တစ်ဖက်သုံးယောက်စီဆော့ကြတာပါ ]



_____

Thanks 🌹



Continue Reading

You'll Also Like

118K 15K 86
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
256K 41.1K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
257K 7.1K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
1.2M 64K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...