အချစ်ဦး (အခ်စ္ဦး) (Complete...

By shanemann622

57.9K 5.4K 337

အချစ်ဦး သို့မဟုတ် ငယ်ချစ်ဦး အခ်စ္ဦး သို႔မဟုတ္ ငယ္ခ်စ္ဦး More

part 1(z+u)
part 2(z+u)
part 3(z+u)
part 4(z+u)
part 6(z+u)
part 7(z+u)
part8(z+u)
part 9(z+u)
part10(z+u)
part 11(z+u)
part 12(z+u)
part 13(z+u)
part 14(z+u)
part 15(z+u)
ကျေးဇူးတင်လွှာ
Extra
Extra (z+u)

part 5(z+u)

2.7K 331 46
By shanemann622

ညနေ ၃နာရီ ကျောင်းဆင်းပြီမို့ ဒီဇင်ဘာသည် ဆိုင်ကယ်လေးစီးကာ အိမ်သို့ ပြန်လာခဲ့၏။ ခြံဝသို့ ရောက်သောအခါ ခြံဝိုင်းထဲ၌ ခြင်းခတ်နေသည့် သော်စစ်ကို ဦးစွာ လှမ်းမြင်လိုက်လေသည်။

" ဝေ့.....ကျောင်းဆရာလေး ပြန်လာပြီလားဗျ။ လာဗျာ အညောင်းအညာပြေ ခြင်းဝင်ခတ်ပါအုံး "



ကာလသားခေါင်းခွန်​ထွန်းအောင်က သူ့ကိုမြင်သည်နှင့် နှုတ်ဆက်ဆော်သြလိုက်သည်။ ခွန်ထွန်းအောင်၏ စကားကြောင့် သူ့အား ကျောခိုင်းလျက် ခြင်းခတ်နေသည့် သော်စစ်က လှည့်ကြည့်လာ၏။ညနေစောင်းခါနီးအချိန်မို့ အအေးဓာတ်ရှိသော်လည်း သော်စစ်၏ မျက်နှာတွင် ချွေးစေးများထွက်နေပြီး ဖြူဖွေးသည့် ပေါင်တံနှင့် ခြေသလုံးသွယ်သွယ်တို့ကို ပုဆိုးခါးတောင်းကျိုက်ထားသဖြင့် မြင်တွေ့နေရသည်။ အမွှေးအမျှင်နည်းသည့် ခြေသလုံးမွှေးများနှင့် ကြွက်သားအနည်းငယ်ရှိပေါင်တံတို့ကိုကြည့်ရင်း သူသည် မသိမသာပင် တံတွေးမျိုချလိုက်ရသည်။  ချွေးစက်တို့ဖြင့်အရောင်လဲ့လဲ့ မျက်နှာဝင်းဝင်းလေးကို ဒီဇင်ဘာကြည့်ရင်း ပြုံးလိုက်မိသည်။ ချွေးထွက်နေတဲ့ မျက်နှာကတောင်  လွန်စွာဆွဲဆောင်မှုရှိလွန်းလှသည်။ သူ့အပြုံးကိုမြင်လျှင် သော်စစ်က မိမိအား ပြုံးပြသည်အထင်နှင့် ပြန်ပြုံးပြ၍ ထိုသို့ စကားဆိုလိုက်၏။


" ဆိုင်ကယ်ကို အဖီအောက်မှာပဲ ထိုးထားလိုက်လေ။ မင်းပင်ပန်းနေရင် ရေစောစောချိုးပြီး နားပေါ့ "


" ရပါတယ် ။ ငါလည်း ခြင်းခတ်အုံးမှာ ပြီးမှပဲ ရေချိုးတော့မယ် "


သူ၏ စကားကို သော်စစ်က မျက်မှောင် အနည်းငယ်ကျုံ့၍

" တော်ကြာနေ အေးလာတော့မှာ မင်းမချိုးနိုင်ပဲနေမယ် "

" ရပါတယ် "

သူက ဆိုင်ကယ်ကို သော်စစ်ပြောသည့် နေရာတွင်ရပ်ကာ ပါလာသည့် ထမင်းချိုင့်နှင့် လွယ်အိတ်လေးကို အိမ်ထဲတွင် ကပျာကယာသွားတင်ကာ အဝတ်အစား ခပ်သွက်သွက်လဲလိုက်သည်။ သူပြန်ထွက်လာတော့ ခွန်ထွန်းအောင်၏ စကားသံကိုကြားလိုက်ရ၏။


" ဆရာလေးနဲ့ ကျောင်းဆရာက အတော်ရင်းနှီးသွားပြီထင်ပ "


ခွန်ထွန်းအောင် က သူတို့နှစ်ယောက် ရင်းရင်းနှီးနှီးပင် စကားပြောဆိုနေကြသည်ကို အကဲခတ်ကြည့်ကာ သိလိုဟန်ဖြင့် ဆိုလေသည်။ ပုံမှန်ဆိုလျှင် မနေ့ တနေ့ကမှသိကျွမ်းသည့် သူစိမ်းနှစ်ယောက်က ဤသို့ မင်းတွေ ၊ ငါတွေနဲ့ စကားပြောကြမည်မဟုတ်။သို့ပေမယ့် သူတို့နှစ်ယောက်၏ အပြန်အလှန်စကားပြောဆိုကြပုံကို မြင်ရကြားရသောအခါ ခွန်ထွန်းအောင်နှင့် တကွ ခြင်းခေတ်နေကြသည့် ကာလသားများကလည်း အထူးအဆန်းပင်ဖြစ်နေတော့သည်။


" ကျွန်တော်တို့က ရန်ကုန်မှာကျောင်းနေဖတ်တွေပါ "

ခွန်ထွန်းအောင်၏ အမေးကို သော်စစ်က စက္ကန့်အနည်းငယ်မျှတွန့်ဆိုင်းပြီးမှ ဖြေတာဖြစ်သည်။



" ပြီးတော့ ငယ်သူငယ်ချင်းတွေဆိုတာလည်း ထည့်ပြောသင့်တာပေါ့ သော်စစ်ရဲ့ "

သြသြရှရှ အသံက သူတို့၏ စကားဝိုင်းလေးအတွင်း တည်တည်ငြိမ်ငြိမ်ပင် ဝင်ရောက်လာတာမို့ အကုန်လုံးက အသံလာရာကို ကြည့်လိုက်ကြသည်။ ထိုအခါ ဒီဇင်ဘာသည် ကျောင်းအင်္ကျီလဲထား၍ တီရှပ်အပြာရင့်ရင့်ကိုဝတ်ကာ ပုဆိုးကို သော်စစ်ကဲ့သို့ပင် ခါးတောင်းကျိုက်ထားသည်။တောင့်တင်းခိုင်မာသည့် ခြေသလုံးကြွက်သားများနှင့် ပေါင်တံစင်းစင်းရှိ ကြွက်သားများကို မြင်တွေ့နေရသည်။ နဂိုကပင် အသားဖြူသူမို့ ဖုံးကွယ်ထားလေ့ရှိသော ခြေလုံးနှင့် ပေါင်မှာနို့နှစ်ရောင်ကဲ့သို့ပင်။ အမွှေးအမျှင်များသည်လည်းအညိုဖျော့ဖျော့သန်းနေသလို။



ငယ်သူငယ်ချင်းဆိုသည့် နေရာတွင် အသံဖိ၍ ဒီဇင်ဘာက တမင်ပြောသည်။ တကယ်တမ်း သူပြောချင်သည်မှာ " ငယ်ချစ်ဦး " ဆိုသည့်စကားလုံးဖြစ်သည်ကို သော်စစ်က ရိပ်မိဟန်ရှိသည်။ ထို့ကြောင့် ဟန်မပျက်စေရန် ပြုံးကာ ခေါင်းငြိမ့်ထောက်ခံလိုက်သည်။

" ဟုတ်ပါတယ် "

" ဒါဖြင့်ဆိုတော့လည်း အားကြီးခင်ကြမှာပေါ့ ။ ကဲကဲ.....လာဗျာ ကျောင်းဆရာလေးပါပါလာပြီဆိုတော့ တို့တွေ ၆ယောက်ပြည့်သွားပြီ ။ ပိုက်ကျော်ခြင်း ခတ်ကြရအောင် "

ကာလသားခေါင်းဆောင် ပြောသည့်စကားကို ကာလသားများကထောက်ခံကြ၍ သော်စစ်အိမ်၏ ခြံထောင့်တွင် ထောင်ထားသည့် ပိုက်ကြိုးတန်းကို ထုတ်လာကာ ခြင်းခတ်ကြလေသည်။ သော်စစ်အိမ်သည် ရွာအစွန်ပိုင်းတွင်ဖြစ်၍ မြေနေရာကျယ်သည့်အပြင် ညနေပိုင်းဆိုလျှင် ကလေးများနှင့် ကာလသားများ လာရောက် ဆော့ကစားကြသည့် ကွင်းပြင်လည်းရှိသည်။ ထိုကွင်းပြင်သည် မြေနေရာ ပြန့်ပြူးနေပြီး အမှိုက်က အစရှင်းနေသည်မှာ သော်စစ် ပျင်းတိုင်း ထိုနေရာကို တံမြတ်စည်းလှည်း ၊အမှိုက်အကောက်စသည်ဖြင့် ရှင်းလင်းနေခြင်းကြောင့်ဖြစ်သည်။ အရင်ကတော့ ကွင်းပြင်ပင်ဖြစ်သော်လည်း ယခုအခါမှာတော့ ဘောလုံးဂိုးတိုင်နှစ်ခုနှင့် ပိုက်ကျော်ခြင်းခတ်ရန်တိုင်ပါ ရှိနေပြီ။ ထိုအရာများက ကာလသားများက ပြုလုပ်ထားရှိတာဖြစ်သည်။ ထို့ကြောင့် ညနေပိုင်းအချိန်အခါလေးဆို သော်စစ် အိမ်နား၌ ကလေးများ၊ လူငယ်များဖြင့် စည်ကားလျက်ရှိသည်။



ခြင်းခတ်ပြီးသောအခါ ညနေ ၅နာရီပင်ထိုး၍ အမှောင်ထုသည်လည်း ကြီးစိုးလာလေပြီ။ ကစားပွဲအားလုံးကို ရပ်နားလိုက်ပြီး ကလေးများနှင့် ကာလသားတစ်စုသည်လည်း နေအိမ်သို့ အသီးသီးပြန်သွားကြသည်။ သော်စစ်သည် ချွေးထွက်နေသဖြင့် အနည်းငယ် ပူအိုက်နေသောကြောင့် အရင်ကလို ရေနွေးဖြင့် ရေမချိူးတော့ချေ။ အေးစက်နေသည့် ရေဖြင့်သာ ကပျာကယာလောင်း၍ ရေချိူးလိုက်သည်။ သူရေချိူးလို့ ပြီးသွားသည့်အခါတွင် ဒီဇင်ဘာက တံခါးနား၌ စောင့်နေ၍ သူ့အား ရေလဲ ပုဆိုး ကမ်းပေးလာ၏။ ထို့ကြောင့် ပုဆိုးမယူမိခဲ့သည်ကို သတိရ၍ အားနာသွားရသည်။


" ကျေးဇူးပဲ "

လေအေးတို့က တိုက်ခတ်လာသဖြင့် ရေစိုနေသည့် သော်စစ်၏ ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ်တုန်ရီလာတော့သည်။ သော်စစ်က ပုဆိုးရေလဲနေတုန်းပင် တစ်စုံတစ်ယောက်က မိမိအား ကြည့်နေသည်ကို ခံစားရ၍ နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူ့အား စူးရှတောက်ပသည့် ဇာမဏီမျက်လုံးဖြင့် စိုက်ကြည့်နေသော ဒီဇင်ဘာကို တွေ့လိုက်ရသည်။ ဒီဇင်ဘာရဲ့ မျက်လုံးများက သူ့ကျောပြင်နှင့် ခန္ဓာကိုယ်အနောက်ပိုင်းတစ်လျှောက်တွင် စုံချည်ဆန်ချည်ရွေ့လျားနေ၏။

" ဘာကြည့်တာလဲကွ "

သော်စစ်၏ ရန်ဆောင်သံ ခပ်လေးလေး ကြားတော့ ဒီဇင်ဘာက ပြုံးကာ ခေါင်းခါပြသည်။ ထို့နောက် အဝတ်ကင်းမဲ့နေသည့် သော်စစ်၏ ခါးသွယ်သွယ်တို့ကို စိုက်ကြည့်၍


" မင်းမှာ ခါးသေးသေးလေးရှိတာပဲ "


"ဘာပြောတာ? "


ထိုစကားကို ဒီဇင်ဘာက သူ့ကိုယ်သူပြောသလို တီးတိုရေရွတ်တာဖြစ်၍ သော်စစ်ကောင်းကောင်းမကြားလိုက်ပါ။ ဒါကြောင့် အဝတ်ရေညှစ်နေရင်း ​ပြန်မေးသည်။

" မင်း ဘာပြောလိုက်တာလဲ "

" ဘာမှမဟုတ်ပါဘူး။ အအေးပတ်မယ် မြန်မြန်လုပ် "



သော်စစ်ကသူ့အား ပေစောင်းစောင်းဖြင့်ကြည့်ကာ အပေါ်ထပ်သို့ တက်သွားလေသည်။ သူသည် သော်စစ်၏ခါးကို စိုက်ကြည့်ရင်း သူ၏အပြုံးတို့က ထူးဆန်းကာ အတွေးညစ်ညစ်များဖြင့် ပြည့်နေတော့သည်။

" လက်တစ်ပွေ့စာလေး "

ခပ်တိုးတိုးရေရွတ်လိုက်သည့် စကားက မျက်စိရှေ့မှပျောက်ကွယ်သွားသည့် ဝင်းဝါနေသည့် ခါးသွယ်သွယ်လေးကိုမြင်ယောင်ရင်း။


......................................

ညစာစားချိန်ရောက်သည့်အခါ ထမင်းဝိုင်းရှေ့တွင် ထိုင်နေသည့် သော်စစ်၏ မျက်လုံးများက အရောင်တောက်ပနေသည်မှာ ကြယ်တာရာများ စုထည့်ထားသလိုပင်။ သူက စားပွဲဝိုင်းပေါ်က သူ၏ ငယ်ချစ်ဟောင်းချက်သော ဟင်းပွဲများနှင့် ထမင်းပူပူလေးတို့ကိုကြည့်ရင်း စိတ်ကြည်နူးနေသည်။ အာလူးကိုကြက်ဥလေးနဲ့ကြော်ထားတာရယ် ၊ ဖရုံသီးအရည်သောက်လေးရယ် ၊ ကြက်ဥဆီပြန်ချဥ်စပ်လေးရယ်။ သော်စစ်သည် ထိုဟင်းများကို တစ်ခုပြီးတစ်ခုမြည်းကြည့်ရင်း မျက်နှာတွင် ပျော်ရွှင်ကျေနပ်မှုအပြည့်က ဖုံးဖိလို့ပင်မရ။ " အို....အသင်လောက ဒီလိုနတ်သုဒ္ဓါမျိုးကို နေ့တိုင်းစားပြီး ဝမ်းစည်းစိမ်ခံချင်ပါဘိ " ဟူ၍ စိတ်ထဲ၌ အော်ဟစ်ပြောဆိုလိုက်သည်။



သော်စစ်သည် အရင်က အစားအသောက်ကိုပင် ဖြစ်သလိုစား၏။ မနက်စာဆို ကော်ဖီတစ်ခွက်နဲ့ ပါမုန့်ကြမ်းတစ်ချက် ။ နေ့လည်စာဆို ကြက်ဥကြော်နှင့် အိမ်ကပို့ပေးထားသော ငံပြာရည်ကြော်။ ညစာဆိုလျှင် နေ့လည်က ကျန်သည့် ထမင်းကြမ်းခဲနှင့် ငါးခြောက်ဖုတ်ဆီစိမ်။ ဒီဒေသသည် ရာသီဥတုအေးလှသဖြင့် မသိုးထမင်း၊ မသိုးဟင်းများကိုပင် ဖြစ်သလို စားသောက်ရသည်မှာ နှစ်အတော်ကြာခဲ့ပြီ။ အခုတော့ သူ့ရဲ့ ခြောက်သွေ့နေသည့် အူလေးဟာ ငယ်ချစ်ဟောင်းကြီးကြောင့် ပြန်လည်စိုပြေလာလေပြီ။ အူစိုလာသဖြင့် စိတ်ခံစားချက်များကလည်း ပျော်ရွှင်ကျေနပ်မှုများဖြင့် ပြည့်အယ်နေ၏။


" မင်းက ဟင်းချက်သိပ်ကောင်းတာပဲ ။ ဒါမျိုးကို နေ့တိုင်းစားရရင်တော့ ငါ့နေ့ရက်တိုင်းက  စိုပြေနေမှာအမှန်ပဲ "

သော်စစ်က ထမင်းစားဟန်ပြင်ရင်း လက်ဆေးလိုက်သည်။ အေးစက်လှသည့် ရေကြောင့် လက်တောင် အနည်းငယ်ကျင်သွားရ၏။ ထိုအရာကိုမြင်သည့် ဒီဇင်ဘာက ပြုံး၍ သော်စစ်ထမင်းပန်းကန်ကို ဆွဲယူလိုက်ကာ သူ၏ ပန်းကန်ထဲသို့ ပေါင်းထည့်လိုက်သည်။ ထိုအခါ သော်စစ်၏မျက်နှာသည် မဲမှောင်သွားတော့သည်။




" ဘာလုပ်တာလဲ ! "



အစာဖြတ်လုခံလိုက်ရသည့် ဝံပုလွေလိုသော်စစ်မျက်နှာက မာန်တောင်ဖီချင်ချင်ဖြစ်နေသည်။သော်စစ်မျက်နှာကို ကြည့်၍ ဒီဇင်ဘာက ပြုံးချင်သွားသည်။ ဒါကြောင့် သူက ဘာစကားမျှပြန်မပြောဘဲ ဟင်းများကို သေချာအကျအနထည့်လိုက်၏။ ထိုအခါဗိုက်အတော်ဆာနေပြီဖြစ်သည့် သော်စစ်၏ မျက်နှာသည် မည်းသတက်မည်း၍လာလေသည်။ ' ငါချက်ထားတာ မင်းမစားနဲ့ ' ဟူသည့်စကားကို ဒီဇင်ဘာက အသံတိတ်နှင့်ကလေးဆန်ဆန် ပြောနေသလို သော်စစ်ခံစားရသောကြောင့် သူ့နှလုံးသားဟာ ဟင်းပွဲတွေကြောင့် နာကျင်သွားရသည်။ သူအရမ်းကြိုက်တဲ့ ဟင်းလေးတွေမဟုတ်လား။ဟင်းတွေကိုကြည့်ရင်း နာကျင်လွန်းတာကြောင့် သော်စစ်က ဖန်ခွက်ထဲက ရေကို အံကြိတ်ကာမော့ချလိုက်၏ ။


" မျက်နှာကြီးမဲ့မထားပါနဲ့ကွာ ။ ငါကမင်းကိုခွံကျွေးမလို့ပါ ရော့ ပါးစပ်ဟ "



ပါးစပ်နားသို့ ရောက်လာသည့် ထမင်းလုတ်ကြောင့် သော်စစ်မျက်လုံးများ ဝိုင်းသွားရသည်။

" ပါးစပ်ဟလေ ငါလက်ညောင်းတယ် "

သော်စစ်ကနှုတ်ခမ်းနားတေ့ထားသည့် ထမင်းလုတ်ကိုကြည့်၍ ယောင်နနဖြင့် ခေါင်းနောက်ဆုတ်ကာ ရှောင်လိုက်၏။



" ငါ့ဟာငါစားတတ်တယ် ။ မင်းခွံ့ကျွေးစရာမှမလိုတာ "


"ငယ်ငယ်ကဆို မင်းအမေက မင်းကိုခွံ့ကျွေးနေကြပဲမဟုတ်လား။ ဘာတွေရှက်နေတာလဲ ပါးစပ်ဟပေးပြီး စားစမ်းပါ "


"မင်းက ငါ့အမေကမဟုတ်တာ "


သော်စစ်က ပက်ခနဲ ပြန်ပြောသည်။ငယ်ချစ်ဟောင်း ခွ့ံကျွေးသည့် ထမင်းကို စားရမှာ သူစိတ်မသက်မသာဖြစ်နေသည်။ သူ့ဘဝမှာ သူ့အမေခွံ့ကျွေးသည့် ထမင်းသာစားဖူးခဲ့တာမို့။


" ငါကမင်းအမေ မဟုတ်ပေမယ့် မင်းရဲ့ချစ်သူလေ "

ထိုစကားကြောင့် မျက်ဝန်းညိုညိုတစ်စုံဟာ ဒီဇင်ဘာကိုစူးရှစွာ စိုက်ကြည့်လာ၏။ သည်မျက်ဝန်းတွေက ဒီဇင်ဘာရဲ့အပြုံးတွေကို ပယ်ချလိုက်သည်။ထို့ကြောင့် ဒီဇင်ဘာက အလေးအနက်ထားသည့် မျက်လုံးများဖြင့်ကြည့်၍ တည်ငြိမ်စွာဆို၏။

" သော်စစ် ငါတို့အခုထိ လမ်းမခွဲရသေးဘူးလေ။ ငါတို့....ငါတို့အခုချိန်အထိ ချစ်သူတွေဖြစ်နေတုန်းပဲမဟုတ်လား "

မျှော်လင့်ချက်များပြည့်နေသည့်ဒီဇင်ဘာရဲ့ မျက်လုံးတွေကို သော်စစ်စိုက်ကြည့်ကာ ဘာစကားမျှမဆို။ အခုချိန်မှာ သော်စစ်ဘာတွေတွေးနေလဲဆိုတာ ဒီဇင်ဘာမသိပေမယ့် သူ့စိတ်ထဲတော့ သော်စစ်နဲ့အရင်လိုပြန်ဖြစ်ချင်သည်။ နူးနူးညံ့ညံ့မွှေးကြူခဲ့တဲ့ ပါးပြင်လေးကို နောက်တစ်ခါထပ်ပြီး မွှေးချင်သည်။ ရှက်ကိုးရှက်ကန်းဖြင့် ကိုင်ခဲ့သော လက်ချောင်းသွယ်သွယ်တို့ကို ဒီတစ်ခါတော့ ရဲတင်းစွာ ဆုပ်ကိုင်ချင်သည်။ ပြီးတော့ ထိုပယင်းရောင်မျက်ဝန်းတို့ကိုကြည့်ပြီး နှုတ်ခမ်းပါးရဲရဲလေးကိုလည်း နမ်းရှိုက်ချင်သေးသည်။ဒီထက်ပိုသည့် အရာများကိုလည်း သူလုပ်ကြည့်ချင်သည်။ သူ့အတွက်ခုန်နေတဲ့ ရင်ခုန်သံတိုးတိုးလေးကိုလည်းနောက်တစ်ခါ သူကပ်ပြီးနားထောင်ချင်ပြန်၏။


" ငါ .... ငါ "

ဒီဇင်ဘာက သော်စစ်ဖွင့်ဟလာမည့် စကားလုံးတို့ကို မျှော်လင့်ချက်ကြီးစွာကြည့်နေ၏။


" မင်းပြောကြည့် ။ ငါတို့က ချစ်သူတွေဖြစ်တုန်းပဲမဟုတ်လား "


ဒီဇင်ဘာက ယောက်ယက်ခပ်နေသော သော်စစ်ရဲ့မျက်ဝန်းတွေကို စိုက်ကြည့်ရင်း ဆိုသည်။သော်စစ်၏ ပယင်းရောင်ဖျော့နေသည့် မျက်စံလေးသည် ဘယ်ညာတလှုပ်လှုပ်ရွေ့ကာ နီရဲသည့် နှုတ်ခမ်းတို့က အနည်းငယ်ဟပြီးနောက် ပြန်၍စိသွားသည်။သူက သော်စစ်၏ မျက်နှာအမူအယာအသေးစိတ်ကို မျှော်လင့်ချက်လေးဖြင့် စိုက်ကြည့်ကာ နှုတ်ခမ်းဖျားမှထွက်လာမည့် စကားကို ရန်ခုန်စွာစောင့်ဆိုင်းနေ၏။

နောက်ဆုံးတွင် သော်စစ်သည် လှုပ်ရှားနေသည့်မျက်နှာအမူအရာအားလုံးငြိမ်သက်သွား၍ မျက်လွှာကိုအသာချသည်။ ထို့နောက် တည်တည်ငြိမ်ငြိမ်ပင်ပြန်ဖွင့်၍ ပြုံးကာ


" ငါဗိုက်ဆာနေပြီ ဒီဇင်ဘာ "


ထိုစကားကြောင့် ဒီဇင်ဘာက မျက်နှာမှိုင်ကျသွားသည်။သော်စစ်က သူ့မေးခွန်းကို မဖြေ။ သူ့မေးခွန်းအတွက် အဖြေမရှိသလို သော်စစ်က သူ့ကိုရှောင်ဖယ်နေတုန်းပင်။ အထူးသဖြင့် သူ့အချစ်ကို ရှောင်ဖယ်နေတုန်းပဲဖြစ်သည်။ဒါကြောင့် သူ့ရဲ့ ခုန်လှုပ်နေသည့် နှလုံးသားဟာ နာကျင်လျက် သူကပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။



"ဒါဆိုလည်း စားကြတာပေါ့။ ငါခွံ့ကျွေးတာမစားချင်ရင် ဇွန်းနဲ့စားလေ ။ ကြည့်ရတာ မင်းလက်အဆစ်တွေရောင်နေသလားလို့ "



အနည်းငယ်ပင် ဖောင်းနေသည့် သော်စစ်၏ လက်အဆစ်တွေကိုကြည့်ရင်းသူကဆိုသည်။ သော်စစ်က ခေါင်းငြိမ့်ကာ ဇွန်းထယူလိုက်သည်။


" မင်း လေးဘက်နာပြန်ဖြစ်နေတာလား "


ဂရုတစိုက်ရှိလှသည့် မေးခွန်းနဲ့အတူ စိုးရိမ်သံတွေကလည်း တွဲနေသေးသည်။ ဒီဇင်လာ၏ မေးခွန်းကြောင့် သော်စစ်ရင်ထဲ နွေးခနဲ။ နှစ်တွေအများကြီးကြာတာတောင် ဒီဇင်ဘာက သူ့ရောဂါကိုမှတ်မိနေသေးသည်။


" အင်း ဟုတ်တယ် ။ ငါ မနက်က ခြံထဲမှာ အာလူးတူးရင်း အပင်ရှင်းတာကြာသွားတယ် ။ ပြီးတော့ ရေအေးတွေနဲ့ ချိုးလိုက်တာလည်း ပါမယ် "


သော်စစ်ဇွန်းယူလာသည့်အခါ ဒီဇင်ဘာက ထမင်းပန်းကန်သက်သက်ခွဲပေးသည်။ ထို့နောက် သူတို့ နှစ်ယောက်လုံး ထမင်းကို ငြိမ်သက်စွာစားလိုက်ကြသည်။ ညဘက်အိပ်ခါနီးမှာ သော်စစ်က မီးဖိုပေးသည်။ အအေးဓာတ်ကလွန်ကဲလာသဖြင့် သော်စစ်၏ ခြေအဆစ်လက်အဆစ်တို့က ကိုက်ခဲလာလေသည်။ သို့ပေမယ့် သော်စစ်က ကြိတ်မှိတ်ကာ စောင်ခြုံ၍ အိပ်ပျော်အောင်ကြိုးစားသည်။သူသောက်ကျဆေးကလည်းကုန်နေပြီး လိမ်းဆေးကလည်းအောက်ထပ်မှာ ဆင်းယူရမည်ဖြစ်၍ မယူချင်တော့။ ထို့ကြောင့် ပေတေပြီးသာ အိပ်နေလိုက်သည်။

သူအိပ်ပျော်လို့ဆဲဆဲမှာပင် အခန်းတံခါးခေါက်သံကြားလိုက်ရ၏။

ဒေါက်.....ဒေါက်.....ဒေါက်.....!!!


သော်စစ်မျက်လုံးတို့က ဖျက်ခနဲပွင့်လာ၍ အိပ်ယာပေါ်မှ ခပ်ဖြည်းဖြည်းကုန်းထသည်။ နောက်ထပ် တံခါးခေါက်သံ နှစ်ချက် ထပ်ထွက်လာပြီး စောင်းကဲ့သို့သောအသံသည်လည်း ခပ်အုပ်အုပ်ထွက်လာ၏။

" သော်စစ် မင်းအိပ်နေပြီလား သော်စစ် "



ဒီဇင်ဘာ၏အသံကြောင့် သော်စစ်က တံခါးနားသို့ ​ဖြည်းဖြည်းလျှောက်ကာ တံခါးဖွင့်လိုက်သည်။ ထိုအခါ မှိန်ပြပြ လရောင်အောက်တွင် ချောမောသည့် မျက်နှာကို သော်စစ်မြင်လိုက်ရ၏။

"တစ်ခုခုများဖြစ်လို့လား "

သော်စစ်၏မေးခွန်းကို ဒီဇင်ဘာက ခေါင်းအသာခါ၍ လက်ထဲမှဆေးဘူးကို မြှောက်ပြလိုက်သည်။


" ဆေးလိမ်းရအောင်လာပေးတာ ၊ ဒီဆေးကပူတော့ လိမ်းအိပ်လိုက်ရင် နေလို့ထိုင်လို့ကောင်းသွားမှာ ၊ ဒါနဲ့ မင်းဆေးလိမ်းပြီးပြီလား "


သော်စစ်က ခေါင်းခါပြ၍ ဒီဇင်လာလက်ထဲမှဆေးဘူးကို လှမ်းယူလိုက်သည်။ ထို့နောက် တစ်ဆက်တည်းမှာပဲ ကျေးဇူးတင်စကားဆို၏။

" ကျေးဇူးပဲ "


လိမ်းဆေးဘူး အောက်ဆင်းမယူချင်တာနှင့် အံကိုက်ဖြစ်သွားသည့် သော်စစ်က ဒီဇင်ဘာကို ပြုံးပြရင်း အခန်းတံခါး ပိတ်ဟန်ပြင်သည်။

" ဟို...ဟို...ငါလိမ်းပေးရအုံးမလား "


တံခါးမပိတ်ခင် ကတိုက်ကရိုက်ဖြင့် ထွက်လာသည့် သြရှရှအသံကြောင့် သော်စစ်သည် တံခါးကိုပြန်ဖွင့်ကာ မိမိရှေ့မှအမျိုးသားအား ကြည့်လိုက်၏။ ဒီဇင်ဘာ၏ မျက်နှာသည် လရောင်အောက်တွင် အနည်းငယ် နီနေသလိုဖြစ်ကာ မဝံ့မရဲဖြင့် သော်စစ်ကိုကြည့်နေသည်။ ဒီလိုဆိုတော့လည်း ချစ်ဖို့ကောင်းသားပဲ။

" ဟင့်အင်း ရပါတယ် ။ငါ့ဘာသာပဲလိမ်းလိုက်မယ်။ ဆေးအတွက် ကျေးဇူးနော်။ ညဥ့်နက်နေပြီ မင်းအိပ်တော့လေ "

"အင်း "

" ဒါဆို ကောင်းသောညပါ "

"အင်း မင်းရောပဲ "

တံခါးမပိတ်ခင်မြင်လိုက်ရသည့် အပြုံးချိုချိုလေးကို ဒီဇင်ဘာက မလွတ်တမ်းကြည့်ရင်း ကြည်နူးစွာပြုံးလိုက်သည်။ ထို့နောက် အခန်းပြန်ကာ အိပ်ယာထဲ၌ ထိုအပြုံးလေးကို ပုံဖော်ရင်း အိမ်မက်ထဲသို့ ယူဆောင်သွားလေသည်။

.................

#30/4/21



Zawgyi




ညေန ၃နာရီ ေက်ာင္းဆင္းၿပီမို႔ ဒီဇင္ဘာသည္ ဆိုင္ကယ္ေလးစီးကာ အိမ္သို႔ ျပန္လာခဲ့၏။ ၿခံဝသို႔ ေရာက္ေသာအခါ ၿခံဝိုင္းထဲ၌ ျခင္းခတ္ေနသည့္ ေသာ္စစ္ကို ဦးစြာ လွမ္းျမင္လိုက္ေလသည္။

" ေဝ့.....ေက်ာင္းဆရာေလး ျပန္လာၿပီလားဗ်။ လာဗ်ာ အေညာင္းအညာေျပ ျခင္းဝင္ခတ္ပါအုံး "



ကာလသားေခါင္းခြန္ထြန္းေအာင္က သူ႕ကိုျမင္သည္ႏွင့္ ႏႈတ္ဆက္ေဆာ္ၾသလိုက္သည္။ ခြန္ထြန္းေအာင္၏ စကားေၾကာင့္ သူ႕အား ေက်ာခိုင္းလ်က္ ျခင္းခတ္ေနသည့္ ေသာ္စစ္က လွည့္ၾကည့္လာ၏။ညေနေစာင္းခါနီးအခ်ိန္မို႔ အေအးဓာတ္ရွိေသာ္လည္း ေသာ္စစ္၏ မ်က္ႏွာတြင္ ေခြၽးေစးမ်ားထြက္ေနၿပီး ျဖဴေဖြးသည့္ ေပါင္တံႏွင့္ ေျခသလုံးသြယ္သြယ္တို႔ကို ပုဆိုးခါးေတာင္းက်ိဳက္ထားသျဖင့္ ျမင္ေတြ႕ေနရသည္။ အေမႊးအမွ်င္နည္းသည့္ ေျခသလုံးေမႊးမ်ားႏွင့္ ႂကြက္သားအနည္းငယ္ရွိေပါင္တံတို႔ကိုၾကည့္ရင္း သူသည္ မသိမသာပင္ တံေတြးမ်ိဳခ်လိဳက္ရသည္။  ေခြၽးစက္တို႔ျဖင့္အေရာင္လဲ့လဲ့ မ်က္ႏွာဝင္းဝင္းေလးကို ဒီဇင္ဘာၾကည့္ရင္း ၿပဳံးလိုက္မိသည္။ ေခြၽးထြက္ေနတဲ့ မ်က္ႏွာကေတာင္  လြန္စြာဆြဲေဆာင္မႈရွိလြန္းလွသည္။ သူ႕အၿပဳံးကိုျမင္လွ်င္ ေသာ္စစ္က မိမိအား ၿပဳံးျပသည္အထင္ႏွင့္ ျပန္ၿပဳံးျပ၍ ထိုသို႔ စကားဆိုလိုက္၏။


" ဆိုင္ကယ္ကို အဖီေအာက္မွာပဲ ထိုးထားလိုက္ေလ။ မင္းပင္ပန္းေနရင္ ေရေစာေစာခ်ိဳးၿပီး နားေပါ့ "


" ရပါတယ္ ။ ငါလည္း ျခင္းခတ္အုံးမွာ ၿပီးမွပဲ ေရခ်ိဳးေတာ့မယ္ "


သူ၏ စကားကို ေသာ္စစ္က မ်က္ေမွာင္ အနည္းငယ္က်ဳံ႕၍

" ေတာ္ၾကာေန ေအးလာေတာ့မွာ မင္းမခ်ိဳးနိုင္ပဲေနမယ္ "

" ရပါတယ္ "

သူက ဆိုင္ကယ္ကို ေသာ္စစ္ေျပာသည့္ ေနရာတြင္ရပ္ကာ ပါလာသည့္ ထမင္းခ်ိဳင့္ႏွင့္ လြယ္အိတ္ေလးကို အိမ္ထဲတြင္ ကပ်ာကယာသြားတင္ကာ အဝတ္အစား ခပ္သြက္သြက္လဲလိုက္သည္။ သူျပန္ထြက္လာေတာ့ ခြန္ထြန္းေအာင္၏ စကားသံကိုၾကားလိုက္ရ၏။


" ဆရာေလးနဲ႕ ေက်ာင္းဆရာက အေတာ္ရင္းႏွီးသြားၿပီထင္ပ "


ခြန္ထြန္းေအာင္ က သူတို႔ႏွစ္ေယာက္ ရင္းရင္းႏွီးႏွီးပင္ စကားေျပာဆိုေနၾကသည္ကို အကဲခတ္ၾကည့္ကာ သိလိုဟန္ျဖင့္ ဆိုေလသည္။ ပုံမွန္ဆိုလွ်င္ မေန႕ တေန႕ကမွသိကြၽမ္းသည့္ သူစိမ္းႏွစ္ေယာက္က ဤသို႔ မင္းေတြ ၊ ငါေတြနဲ႕ စကားေျပာၾကမည္မဟုတ္။သို႔ေပမယ့္ သူတို႔ႏွစ္ေယာက္၏ အျပန္အလွန္စကားေျပာဆိုၾကပုံကို ျမင္ရၾကားရေသာအခါ ခြန္ထြန္းေအာင္ႏွင့္ တကြ ျခင္းေခတ္ေနၾကသည့္ ကာလသားမ်ားကလည္း အထူးအဆန္းပင္ျဖစ္ေနေတာ့သည္။


" ကြၽန္ေတာ္တို႔က ရန္ကုန္မွာေက်ာင္းေနဖတ္ေတြပါ "

ခြန္ထြန္းေအာင္၏ အေမးကို ေသာ္စစ္က စကၠန့္အနည္းငယ္မွ်တြန့္ဆိုင္းၿပီးမွ ေျဖတာျဖစ္သည္။



" ၿပီးေတာ့ ငယ္သူငယ္ခ်င္းေတြဆိုတာလည္း ထည့္ေျပာသင့္တာေပါ့ ေသာ္စစ္ရဲ႕ "

ၾသၾသရွရွ အသံက သူတို႔၏ စကားဝိုင္းေလးအတြင္း တည္တည္ၿငိမ္ၿငိမ္ပင္ ဝင္ေရာက္လာတာမို႔ အကုန္လုံးက အသံလာရာကို ၾကည့္လိုက္ၾကသည္။ ထိုအခါ ဒီဇင္ဘာသည္ ေက်ာင္းအကၤ်ီလဲထား၍ တီရွပ္အျပာရင့္ရင့္ကိုဝတ္ကာ ပုဆိုးကို ေသာ္စစ္ကဲ့သို႔ပင္ ခါးေတာင္းက်ိဳက္ထားသည္။ေတာင့္တင္းခိုင္မာသည့္ ေျခသလုံးႂကြက္သားမ်ားႏွင့္ ေပါင္တံစင္းစင္းရွိ ႂကြက္သားမ်ားကို ျမင္ေတြ႕ေနရသည္။ နဂိုကပင္ အသားျဖဴသူမို႔ ဖုံးကြယ္ထားေလ့ရွိေသာ ေျခလုံးႏွင့္ ေပါင္မွာနို႔ႏွစ္ေရာင္ကဲ့သို႔ပင္။ အေမႊးအမွ်င္မ်ားသည္လည္းအညိုေဖ်ာ့ေဖ်ာ့သန္းေနသလို။



ငယ္သူငယ္ခ်င္းဆိုသည့္ ေနရာတြင္ အသံဖိ၍ ဒီဇင္ဘာက တမင္ေျပာသည္။ တကယ္တမ္း သူေျပာခ်င္သည္မွာ " ငယ္ခ်စ္ဦး " ဆိုသည့္စကားလုံးျဖစ္သည္ကို ေသာ္စစ္က ရိပ္မိဟန္ရွိသည္။ ထို႔ေၾကာင့္ ဟန္မပ်က္ေစရန္ ၿပဳံးကာ ေခါင္းၿငိမ့္ေထာက္ခံလိုက္သည္။

" ဟုတ္ပါတယ္ "

" ဒါျဖင့္ဆိုေတာ့လည္း အားႀကီးခင္ၾကမွာေပါ့ ။ ကဲကဲ.....လာဗ်ာ ေက်ာင္းဆရာေလးပါပါလာၿပီဆိုေတာ့ တို႔ေတြ ၆ေယာက္ျပည့္သြားၿပီ ။ ပိုက္ေက်ာ္ျခင္း ခတ္ၾကရေအာင္ "

ကာလသားေခါင္းေဆာင္ ေျပာသည့္စကားကို ကာလသားမ်ားကေထာက္ခံၾက၍ ေသာ္စစ္အိမ္၏ ၿခံေထာင့္တြင္ ေထာင္ထားသည့္ ပိုက္ႀကိဳးတန္းကို ထုတ္လာကာ ျခင္းခတ္ၾကေလသည္။ ေသာ္စစ္အိမ္သည္ ႐ြာအစြန္ပိုင္းတြင္ျဖစ္၍ ေျမေနရာက်ယ္သည့္အျပင္ ညေနပိုင္းဆိုလွ်င္ ကေလးမ်ားႏွင့္ ကာလသားမ်ား လာေရာက္ ေဆာ့ကစားၾကသည့္ ကြင္းျပင္လည္းရွိသည္။ ထိုကြင္းျပင္သည္ ေျမေနရာ ျပန့္ျပဴးေနၿပီး အမွိုက္က အစရွင္းေနသည္မွာ ေသာ္စစ္ ပ်င္းတိုင္း ထိုေနရာကို တံျမတ္စည္းလွည္း ၊အမွိုက္အေကာက္စသည္ျဖင့္ ရွင္းလင္းေနျခင္းေၾကာင့္ျဖစ္သည္။ အရင္ကေတာ့ ကြင္းျပင္ပင္ျဖစ္ေသာ္လည္း ယခုအခါမွာေတာ့ ေဘာလုံးဂိုးတိုင္ႏွစ္ခုႏွင့္ ပိုက္ေက်ာ္ျခင္းခတ္ရန္တိုင္ပါ ရွိေနၿပီ။ ထိုအရာမ်ားက ကာလသားမ်ားက ျပဳလုပ္ထားရွိတာျဖစ္သည္။ ထို႔ေၾကာင့္ ညေနပိုင္းအခ်ိန္အခါေလးဆို ေသာ္စစ္ အိမ္နား၌ ကေလးမ်ား၊ လူငယ္မ်ားျဖင့္ စည္ကားလ်က္ရွိသည္။



ျခင္းခတ္ၿပီးေသာအခါ ညေန ၅နာရီပင္ထိုး၍ အေမွာင္ထုသည္လည္း ႀကီးစိုးလာေလၿပီ။ ကစားပြဲအားလုံးကို ရပ္နားလိုက္ၿပီး ကေလးမ်ားႏွင့္ ကာလသားတစ္စုသည္လည္း ေနအိမ္သို႔ အသီးသီးျပန္သြားၾကသည္။ ေသာ္စစ္သည္ ေခြၽးထြက္ေနသျဖင့္ အနည္းငယ္ ပူအိုက္ေနေသာေၾကာင့္ အရင္ကလို ေရႏြေးျဖင့္ ေရမခ်ိဴးေတာ့ေခ်။ ေအးစက္ေနသည့္ ေရျဖင့္သာ ကပ်ာကယာေလာင္း၍ ေရခ်ိဴးလိုက္သည္။ သူေရခ်ိဴးလို႔ ၿပီးသြားသည့္အခါတြင္ ဒီဇင္ဘာက တံခါးနား၌ ေစာင့္ေန၍ သူ႕အား ေရလဲ ပုဆိုး ကမ္းေပးလာ၏။ ထို႔ေၾကာင့္ ပုဆိုးမယူမိခဲ့သည္ကို သတိရ၍ အားနာသြားရသည္။


" ေက်းဇူးပဲ "

ေလေအးတို႔က တိုက္ခတ္လာသျဖင့္ ေရစိုေနသည့္ ေသာ္စစ္၏ ခႏၶာကိုယ္တစ္ခုလုံး အနည္းငယ္တုန္ရီလာေတာ့သည္။ ေသာ္စစ္က ပုဆိုးေရလဲေနတုန္းပင္ တစ္စုံတစ္ေယာက္က မိမိအား ၾကည့္ေနသည္ကို ခံစားရ၍ ေနာက္သို႔ လွည့္ၾကည့္လိုက္ေသာအခါ သူ႕အား စူးရွေတာက္ပသည့္ ဇာမဏီမ်က္လုံးျဖင့္ စိုက္ၾကည့္ေနေသာ ဒီဇင္ဘာကို ေတြ႕လိုက္ရသည္။ ဒီဇင္ဘာရဲ႕ မ်က္လုံးမ်ားက သူ႕ေက်ာျပင္ႏွင့္ ခႏၶာကိုယ္အေနာက္ပိုင္းတစ္ေလွ်ာက္တြင္ စုံခ်ည္ဆန္ခ်ည္ေ႐ြ႕လ်ားေန၏။

" ဘာၾကည့္တာလဲကြ "

ေသာ္စစ္၏ ရန္ေဆာင္သံ ခပ္ေလးေလး ၾကားေတာ့ ဒီဇင္ဘာက ၿပဳံးကာ ေခါင္းခါျပသည္။ ထို႔ေနာက္ အဝတ္ကင္းမဲ့ေနသည့္ ေသာ္စစ္၏ ခါးသြယ္သြယ္တို႔ကို စိုက္ၾကည့္၍


" မင္းမွာ ခါးေသးေသးေလးရွိတာပဲ "


"ဘာေျပာတာ? "


ထိုစကားကို ဒီဇင္ဘာက သူ႕ကိုယ္သူေျပာသလို တီးတိုေရ႐ြတ္တာျဖစ္၍ ေသာ္စစ္ေကာင္းေကာင္းမၾကားလိုက္ပါ။ ဒါေၾကာင့္ အဝတ္ေရညွစ္ေနရင္း ျပန္ေမးသည္။

" မင္း ဘာေျပာလိုက္တာလဲ "

" ဘာမွမဟုတ္ပါဘူး။ အေအးပတ္မယ္ ျမန္ျမန္လုပ္ "



ေသာ္စစ္ကသူ႕အား ေပေစာင္းေစာင္းျဖင့္ၾကည့္ကာ အေပၚထပ္သို႔ တက္သြားေလသည္။ သူသည္ ေသာ္စစ္၏ခါးကို စိုက္ၾကည့္ရင္း သူ၏အၿပဳံးတို႔က ထူးဆန္းကာ အေတြးညစ္ညစ္မ်ားျဖင့္ ျပည့္ေနေတာ့သည္။

" လက္တစ္ေပြ႕စာေလး "

ခပ္တိုးတိုးေရ႐ြတ္လိုက္သည့္ စကားက မ်က္စိေရွ႕မွေပ်ာက္ကြယ္သြားသည့္ ဝင္းဝါေနသည့္ ခါးသြယ္သြယ္ေလးကိုျမင္ေယာင္ရင္း။


......................................

ညစာစားခ်ိန္ေရာက္သည့္အခါ ထမင္းဝိုင္းေရွ႕တြင္ ထိုင္ေနသည့္ ေသာ္စစ္၏ မ်က္လုံးမ်ားက အေရာင္ေတာက္ပေနသည္မွာ ၾကယ္တာရာမ်ား စုထည့္ထားသလိုပင္။ သူက စားပြဲဝိုင္းေပၚက သူ၏ ငယ္ခ်စ္ေဟာင္းခ်က္ေသာ ဟင္းပြဲမ်ားႏွင့္ ထမင္းပူပူေလးတို႔ကိုၾကည့္ရင္း စိတ္ၾကည္ႏူးေနသည္။ အာလူးကိုၾကက္ဥေလးနဲ႕ေၾကာ္ထားတာရယ္ ၊ ဖ႐ုံသီးအရည္ေသာက္ေလးရယ္ ၊ ၾကက္ဥဆီျပန္ခ်ဥ္စပ္ေလးရယ္။ ေသာ္စစ္သည္ ထိုဟင္းမ်ားကို တစ္ခုၿပီးတစ္ခုျမည္းၾကည့္ရင္း မ်က္ႏွာတြင္ ေပ်ာ္႐ႊင္ေက်နပ္မႈအျပည့္က ဖုံးဖိလို႔ပင္မရ။ " အို....အသင္ေလာက ဒီလိုနတ်သုဒ္ဓါမျိုးကို ေန႕တိုင္းစားၿပီး ဝမ္းစည္းစိမ္ခံခ်င္ပါဘိ " ဟူ၍ စိတ္ထဲ၌ ေအာ္ဟစ္ေျပာဆိုလိုက္သည္။



ေသာ္စစ္သည္ အရင္က အစားအေသာက္ကိုပင္ ျဖစ္သလိုစား၏။ မနက္စာဆို ေကာ္ဖီတစ္ခြက္နဲ႕ ပါမုန့္ၾကမ္းတစ္ခ်က္ ။ ေန႕လည္စာဆို ၾကက္ဥေၾကာ္ႏွင့္ အိမ္ကပို႔ေပးထားေသာ ငံျပာရည္ေၾကာ္။ ညစာဆိုလွ်င္ ေန႕လည္က က်န္သည့္ ထမင္းၾကမ္းခဲႏွင့္ ငါးေျခာက္ဖုတ္ဆီစိမ္။ ဒီေဒသသည္ ရာသီဥတုေအးလွသျဖင့္ မသိုးထမင္း၊ မသိုးဟင္းမ်ားကိုပင္ ျဖစ္သလို စားေသာက္ရသည္မွာ ႏွစ္အေတာ္ၾကာခဲ့ၿပီ။ အခုေတာ့ သူ႕ရဲ႕ ေျခာက္ေသြ႕ေနသည့္ အူေလးဟာ ငယ္ခ်စ္ေဟာင္းႀကီးေၾကာင့္ ျပန္လည္စိုေျပလာေလၿပီ။ အူစိုလာသျဖင့္ စိတ္ခံစားခ်က္မ်ားကလည္း ေပ်ာ္႐ႊင္ေက်နပ္မႈမ်ားျဖင့္ ျပည့္အယ္ေန၏။


" မင္းက ဟင္းခ်က္သိပ္ေကာင္းတာပဲ ။ ဒါမ်ိဳးကို ေန႕တိုင္းစားရရင္ေတာ့ ငါ့ေန႕ရက္တိုင္းက  စိုေျပေနမွာအမွန္ပဲ "

ေသာ္စစ္က ထမင္းစားဟန္ျပင္ရင္း လက္ေဆးလိုက္သည္။ ေအးစက္လွသည့္ ေရေၾကာင့္ လက္ေတာင္ အနည္းငယ္က်င္သြားရ၏။ ထိုအရာကိုျမင္သည့္ ဒီဇင္ဘာက ၿပဳံး၍ ေသာ္စစ္ထမင္းပန္းကန္ကို ဆြဲယူလိုက္ကာ သူ၏ ပန္းကန္ထဲသို႔ ေပါင္းထည့္လိုက္သည္။ ထိုအခါ ေသာ္စစ္၏မ်က္ႏွာသည္ မဲေမွာင္သြားေတာ့သည္။




" ဘာလုပ္တာလဲ ! "



အစာျဖတ္လုခံလိုက္ရသည့္ ဝံပုေလြလိုေသာ္စစ္မ်က္ႏွာက မာန္ေတာင္ဖီခ်င္ခ်င္ျဖစ္ေနသည္။ေသာ္စစ္မ်က္ႏွာကို ၾကည့္၍ ဒီဇင္ဘာက ၿပဳံးခ်င္သြားသည္။ ဒါေၾကာင့္ သူက ဘာစကားမွ်ျပန္မေျပာဘဲ ဟင္းမ်ားကို ေသခ်ာအက်အနထည့္လိုက္၏။ ထိုအခါဗိုက္အေတာ္ဆာေနၿပီျဖစ္သည့္ ေသာ္စစ္၏ မ်က္ႏွာသည္ မည္းသတက္မည္း၍လာေလသည္။ ' ငါခ်က္ထားတာ မင္းမစားနဲ႕ ' ဟူသည့္စကားကို ဒီဇင္ဘာက အသံတိတ္ႏွင့္ကေလးဆန္ဆန္ ေျပာေနသလို ေသာ္စစ္ခံစားရေသာေၾကာင့္ သူ႕ႏွလုံးသားဟာ ဟင္းပြဲေတြေၾကာင့္ နာက်င္သြားရသည္။ သူအရမ္းႀကိဳက္တဲ့ ဟင္းေလးေတြမဟုတ္လား။ဟင္းေတြကိုၾကည့္ရင္း နာက်င္လြန္းတာေၾကာင့္ ေသာ္စစ္က ဖန္ခြက္ထဲက ေရကို အံႀကိတ္ကာေမာ့ခ်လိဳက္၏ ။


" မ်က္ႏွာႀကီးမဲ့မထားပါနဲ႕ကြာ ။ ငါကမင္းကိုခြံေကြၽးမလို႔ပါ ေရာ့ ပါးစပ္ဟ "



ပါးစပ္နားသို႔ ေရာက္လာသည့္ ထမင္းလုတ္ေၾကာင့္ ေသာ္စစ္မ်က္လုံးမ်ား ဝိုင္းသြားရသည္။

" ပါးစပ္ဟေလ ငါလက္ေညာင္းတယ္ "

ေသာ္စစ္ကႏႈတ္ခမ္းနားေတ့ထားသည့္ ထမင္းလုတ္ကိုၾကည့္၍ ေယာင္နနျဖင့္ ေခါင္းေနာက္ဆုတ္ကာ ေရွာင္လိုက္၏။



" ငါ့ဟာငါစားတတ္တယ္ ။ မင္းခြံ႕ေကြၽးစရာမွမလိုတာ "


"ငယ္ငယ္ကဆို မင္းအေမက မင္းကိုခြံ႕ေကြၽးေနၾကပဲမဟုတ္လား။ ဘာေတြရွက္ေနတာလဲ ပါးစပ္ဟေပးၿပီး စားစမ္းပါ "


"မင္းက ငါ့အေမကမဟုတ္တာ "


ေသာ္စစ္က ပက္ခနဲ ျပန္ေျပာသည္။ငယ္ခ်စ္ေဟာင္း ခြ႕ံေကြၽးသည့္ ထမင္းကို စားရမွာ သူစိတ္မသက္မသာျဖစ္ေနသည္။ သူ႕ဘဝမွာ သူ႕အေမခြံ႕ေကြၽးသည့္ ထမင္းသာစားဖူးခဲ့တာမို႔။


" ငါကမင္းအေမ မဟုတ္ေပမယ့္ မင္းရဲ႕ခ်စ္သူေလ "

ထိုစကားေၾကာင့္ မ်က္ဝန္းညိုညိုတစ္စုံဟာ ဒီဇင္ဘာကိုစူးရွစြာ စိုက္ၾကည့္လာ၏။ သည္မ်က္ဝန္းေတြက ဒီဇင္ဘာရဲ႕အၿပဳံးေတြကို ပယ္ခ်လိဳက္သည္။ထို႔ေၾကာင့္ ဒီဇင္ဘာက အေလးအနက္ထားသည့္ မ်က္လုံးမ်ားျဖင့္ၾကည့္၍ တည္ၿငိမ္စြာဆို၏။

" ေသာ္စစ္ ငါတို႔အခုထိ လမ္းမခြဲရေသးဘူးေလ။ ငါတို႔....ငါတို႔အခုခ်ိန္အထိ ခ်စ္သူေတြျဖစ္ေနတုန္းပဲမဟုတ္လား "

ေမွ်ာ္လင့္ခ်က္မ်ားျပည့္ေနသည့္ဒီဇင္ဘာရဲ႕ မ်က္လုံးေတြကို ေသာ္စစ္စိုက္ၾကည့္ကာ ဘာစကားမွ်မဆို။ အခုခ်ိန္မွာ ေသာ္စစ္ဘာေတြေတြးေနလဲဆိုတာ ဒီဇင္ဘာမသိေပမယ့္ သူ႕စိတ္ထဲေတာ့ ေသာ္စစ္နဲ႕အရင္လိုျပန္ျဖစ္ခ်င္သည္။ ႏူးႏူးညံ့ညံ့ေမႊးၾကဴခဲ့တဲ့ ပါးျပင္ေလးကို ေနာက္တစ္ခါထပ္ၿပီး ေမႊးခ်င္သည္။ ရွက္ကိုးရွက္ကန္းျဖင့္ ကိုင္ခဲ့ေသာ လက္ေခ်ာင္းသြယ္သြယ္တို႔ကို ဒီတစ္ခါေတာ့ ရဲတင္းစြာ ဆုပ္ကိုင္ခ်င္သည္။ ၿပီးေတာ့ ထိုပယင္းေရာင္မ်က္ဝန္းတို႔ကိုၾကည့္ၿပီး ႏႈတ္ခမ္းပါးရဲရဲေလးကိုလည္း နမ္းရွိုက္ခ်င္ေသးသည္။ဒီထက္ပိုသည့္ အရာမ်ားကိုလည္း သူလုပ္ၾကည့္ခ်င္သည္။ သူ႕အတြက္ခုန္ေနတဲ့ ရင္ခုန္သံတိုးတိုးေလးကိုလည္းေနာက္တစ္ခါ သူကပ္ၿပီးနားေထာင္ခ်င္ျပန္၏။


" ငါ .... ငါ "

ဒီဇင္ဘာက ေသာ္စစ္ဖြင့္ဟလာမည့္ စကားလုံးတို႔ကို ေမွ်ာ္လင့္ခ်က္ႀကီးစြာၾကည့္ေန၏။


" မင္းေျပာၾကည့္ ။ ငါတို႔က ခ်စ္သူေတြျဖစ္တုန္းပဲမဟုတ္လား "


ဒီဇင္ဘာက ေယာက္ယက္ခပ္ေနေသာ ေသာ္စစ္ရဲ႕မ်က္ဝန္းေတြကို စိုက္ၾကည့္ရင္း ဆိုသည္။ေသာ္စစ္၏ ပယင္းေရာင္ေဖ်ာ့ေနသည့္ မ်က္စံေလးသည္ ဘယ္ညာတလႈပ္လႈပ္ေ႐ြ႕ကာ နီရဲသည့္ ႏႈတ္ခမ္းတို႔က အနည္းငယ္ဟၿပီးေနာက္ ျပန္၍စိသြားသည္။သူက ေသာ္စစ္၏ မ်က္ႏွာအမူအယာအေသးစိတ္ကို ေမွ်ာ္လင့္ခ်က္ေလးျဖင့္ စိုက္ၾကည့္ကာ ႏႈတ္ခမ္းဖ်ားမွထြက္လာမည့္ စကားကို ရန္ခုန္စြာေစာင့္ဆိုင္းေန၏။

ေနာက္ဆုံးတြင္ ေသာ္စစ္သည္ လႈပ္ရွားေနသည့္မ်က္ႏွာအမူအရာအားလုံးၿငိမ္သက္သြား၍ မ်က္လႊာကိုအသာခ်သည္။ ထို႔ေနာက္ တည္တည္ၿငိမ္ၿငိမ္ပင္ျပန္ဖြင့္၍ ၿပဳံးကာ


" ငါဗိုက္ဆာေနၿပီ ဒီဇင္ဘာ "


ထိုစကားေၾကာင့္ ဒီဇင္ဘာက မ်က္ႏွာမွိုင္က်သြားသည္။ေသာ္စစ္က သူ႕ေမးခြန္းကို မေျဖ။ သူ႕ေမးခြန္းအတြက္ အေျဖမရွိသလို ေသာ္စစ္က သူ႕ကိုေရွာင္ဖယ္ေနတုန္းပင္။ အထူးသျဖင့္ သူ႕အခ်စ္ကို ေရွာင္ဖယ္ေနတုန္းပဲျဖစ္သည္။ဒါေၾကာင့္ သူ႕ရဲ႕ ခုန္လႈပ္ေနသည့္ ႏွလုံးသားဟာ နာက်င္လ်က္ သူကၿပဳံး၍ ေခါင္းၿငိမ့္ျပလိုက္သည္။



"ဒါဆိုလည္း စားၾကတာေပါ့။ ငါခြံ႕ေကြၽးတာမစားခ်င္ရင္ ဇြန္းနဲ႕စားေလ ။ ၾကည့္ရတာ မင္းလက္အဆစ္ေတြေရာင္ေနသလားလို႔ "



အနည္းငယ္ပင္ ေဖာင္းေနသည့္ ေသာ္စစ္၏ လက္အဆစ္ေတြကိုၾကည့္ရင္းသူကဆိုသည္။ ေသာ္စစ္က ေခါင္းၿငိမ့္ကာ ဇြန္းထယူလိုက္သည္။


" မင္း ေလးဘက္နာျပန္ျဖစ္ေနတာလား "


ဂ႐ုတစိုက္ရွိလွသည့္ ေမးခြန္းနဲ႕အတူ စိုးရိမ္သံေတြကလည္း တြဲေနေသးသည္။ ဒီဇင္လာ၏ ေမးခြန္းေၾကာင့္ ေသာ္စစ္ရင္ထဲ ႏြေးခနဲ။ ႏွစ္ေတြအမ်ားႀကီးၾကာတာေတာင္ ဒီဇင္ဘာက သူ႕ေရာဂါကိုမွတ္မိေနေသးသည္။


" အင္း ဟုတ္တယ္ ။ ငါ မနက္က ၿခံထဲမွာ အာလူးတူးရင္း အပင္ရွင္းတာၾကာသြားတယ္ ။ ၿပီးေတာ့ ေရေအးေတြနဲ႕ ခ်ိဳးလိုက္တာလည္း ပါမယ္ "


ေသာ္စစ္ဇြန္းယူလာသည့္အခါ ဒီဇင္ဘာက ထမင္းပန္းကန္သက္သက္ခြဲေပးသည္။ ထို႔ေနာက္ သူတို႔ ႏွစ္ေယာက္လုံး ထမင္းကို ၿငိမ္သက္စြာစားလိုက္ၾကသည္။ ညဘက္အိပ္ခါနီးမွာ ေသာ္စစ္က မီးဖိုေပးသည္။ အေအးဓာတ္ကလြန္ကဲလာသျဖင့္ ေသာ္စစ္၏ ေျခအဆစ္လက္အဆစ္တို႔က ကိုက္ခဲလာေလသည္။ သို႔ေပမယ့္ ေသာ္စစ္က ႀကိတ္မွိတ္ကာ ေစာင္ၿခဳံ၍ အိပ္ေပ်ာ္ေအာင္ႀကိဳးစားသည္။သူေသာက္က်ေဆးကလည္းကုန္ေနၿပီး လိမ္းေဆးကလည္းေအာက္ထပ္မွာ ဆင္းယူရမည္ျဖစ္၍ မယူခ်င္ေတာ့။ ထို႔ေၾကာင့္ ေပေတၿပီးသာ အိပ္ေနလိုက္သည္။

သူအိပ္ေပ်ာ္လို႔ဆဲဆဲမွာပင္ အခန္းတံခါးေခါက္သံၾကားလိုက္ရ၏။

ေဒါက္.....ေဒါက္.....ေဒါက္.....!!!


ေသာ္စစ္မ်က္လုံးတို႔က ဖ်က္ခနဲပြင့္လာ၍ အိပ္ယာေပၚမွ ခပ္ျဖည္းျဖည္းကုန္းထသည္။ ေနာက္ထပ္ တံခါးေခါက္သံ ႏွစ္ခ်က္ ထပ္ထြက္လာၿပီး ေစာင္းကဲ့သို႔ေသာအသံသည္လည္း ခပ္အုပ္အုပ္ထြက္လာ၏။

" ေသာ္စစ္ မင္းအိပ္ေနၿပီလား ေသာ္စစ္ "



ဒီဇင္ဘာ၏အသံေၾကာင့္ ေသာ္စစ္က တံခါးနားသို႔ ျဖည္းျဖည္းေလွ်ာက္ကာ တံခါးဖြင့္လိုက္သည္။ ထိုအခါ မွိန္ျပျပ လေရာင္ေအာက္တြင္ ေခ်ာေမာသည့္ မ်က္ႏွာကို ေသာ္စစ္ျမင္လိုက္ရ၏။

"တစ္ခုခုမ်ားျဖစ္လို႔လား "

ေသာ္စစ္၏ေမးခြန္းကို ဒီဇင္ဘာက ေခါင္းအသာခါ၍ လက္ထဲမွေဆးဘူးကို ျမႇောက္ျပလိုက္သည္။


" ေဆးလိမ္းရေအာင္လာေပးတာ ၊ ဒီေဆးကပူေတာ့ လိမ္းအိပ္လိုက္ရင္ ေနလို႔ထိုင္လို႔ေကာင္းသြားမွာ ၊ ဒါနဲ႕ မင္းေဆးလိမ္းၿပီးၿပီလား "


ေသာ္စစ္က ေခါင္းခါျပ၍ ဒီဇင္လာလက္ထဲမွေဆးဘူးကို လွမ္းယူလိုက္သည္။ ထို႔ေနာက္ တစ္ဆက္တည္းမွာပဲ ေက်းဇူးတင္စကားဆို၏။

" ေက်းဇူးပဲ "


လိမ္းေဆးဘူး ေအာက္ဆင္းမယူခ်င္တာႏွင့္ အံကိုက္ျဖစ္သြားသည့္ ေသာ္စစ္က ဒီဇင္ဘာကို ၿပဳံးျပရင္း အခန္းတံခါး ပိတ္ဟန္ျပင္သည္။

" ဟို...ဟို...ငါလိမ္းေပးရအုံးမလား "


တံခါးမပိတ္ခင္ ကတိုက္ကရိုက္ျဖင့္ ထြက္လာသည့္ ၾသရွရွအသံေၾကာင့္ ေသာ္စစ္သည္ တံခါးကိုျပန္ဖြင့္ကာ မိမိေရွ႕မွအမ်ိဳးသားအား ၾကည့္လိုက္၏။ ဒီဇင္ဘာ၏ မ်က္ႏွာသည္ လေရာင္ေအာက္တြင္ အနည္းငယ္ နီေနသလိုျဖစ္ကာ မဝံ့မရဲျဖင့္ ေသာ္စစ္ကိုၾကည့္ေနသည္။ ဒီလိုဆိုေတာ့လည္း ခ်စ္ဖို႔ေကာင္းသားပဲ။

" ဟင့္အင္း ရပါတယ္ ။ငါ့ဘာသာပဲလိမ္းလိုက္မယ္။ ေဆးအတြက္ ေက်းဇူးေနာ္။ ညဥ့္နက္ေနၿပီ မင္းအိပ္ေတာ့ေလ "

"အင္း "

" ဒါဆို ေကာင္းေသာညပါ "

"အင္း မင္းေရာပဲ "

တံခါးမပိတ္ခင္ျမင္လိုက္ရသည့္ အၿပဳံးခ်ိဳခ်ိဳေလးကို ဒီဇင္ဘာက မလြတ္တမ္းၾကည့္ရင္း ၾကည္ႏူးစြာၿပဳံးလိုက္သည္။ ထို႔ေနာက္ အခန္းျပန္ကာ အိပ္ယာထဲ၌ ထိုအၿပဳံးေလးကို ပုံေဖာ္ရင္း အိမ္မက္ထဲသို႔ ယူေဆာင္သြားေလသည္။

.................

#30/4/21








Continue Reading

You'll Also Like

332K 34.4K 108
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
433K 26.5K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..
671K 7.1K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
534K 55K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...