โ„‚โ„๐•€๐•„๐•€โ„•๐”ธ๐•ƒ๐•ค โžน

By zcriyoongi

38K 3.9K 880

Love is like the perfect CRIME ! -Yoonmin -Kooktae [27.4.2021] More

1 - First Meet
2 - Can U ?
3 - Passion
4 - Oh No !
5 - BEGINNING
6 - LIE To ME
7 - STRAT
8 - Killing
9 - Bec: Of U
11 - Jeju _ Do
12 - JejuDo // 2
13 - Hurt!
14 - Coming Next
15 - UNTItLed
16 - Crime
_ ENDING _
_KuuTae_
_Mini Mini_

10 - A Plan

1.4K 163 22
By zcriyoongi


ျပတင္းေပါက္မွ တစ္ဆင့္ တိုက္႐ိုက္က်ေရာက္ေနတဲ့ ေနေရာင္ျခည္ ခပ္ေႏြးေႏြး
အိပ္ယာနဲ႔  ထိကပ္ခ်ိန္မ်ားလို႔ ေခြၽးစို႔ေနတဲ့ ေက်ာျပင္
ပင္ပန္းႏႈန္းေခြေနတဲ့ ေျခေတြ လက္ေတြႏွင့္အတူ
တစ္ဆစ္ဆစ္ကိုက္ခဲေနခဲ့တဲ့ ဦးေခါင္း

နီးကပ္လာတဲ့ အသက္႐ႈသံျပင္းျပင္းတစ္ခုရယ္ နဖူးျပင္ေပၚက်ေရာက္ေနက် ရင္းႏွီးၿပီးသား ေႏြးေထြးမႈရယ္ေၾကာင့္
ဖြင့္ျကည့္ဖို ့တြန္းအားေပးခံေနရတဲ့ မ်က္လံုးေတြကပင္ ေလးလံလို႔ေနေလရဲ႕

" ႏိုးေနရင္ ထေတာ့
ၿပီးရင္ ေဆးေသာက္ရမယ္  "

နားထဲတိုးတိုးေလးေျပာလာတဲ့ ထိုသူ႔ရဲ႕ အသံက ၾကက္သီးထစရာပင္
ရြဲ ့သလို မလႈက္မယွက္ေနရင္း မ်က္လံုးတို႔ကိုပါ အတင္းဖိပိတ္ထားမိသည္

" အဲ့လို ဆက္အိပ္ေနရင္
ေခါင္းကိုက္လြန္းလို႔ ဦးေႏွာက္ေတြ
အရည္ ေပ်ာ္က်လာလိမ့္မယ္ ..ေဘဘီ... "

ဒါက ေျခာက္ေျပာ ေျပာေနတာလား.... ?
ဒီလူႀကီးက အူေၾကာင္ေၾကာင္စကားေတြ အျမဲ ေျပာတတ္ေပမယ့္   တစ္ခါတစ္ေလေတာ့လည္း ရီစရာေကာင္းလြန္းျပန္သည္

တကယ္လည္း မေနႏိုင္ေအာင္ ေခါင္းက ထိုး ကိုက္လာသည္မို႔ မထခ်င္ ထခ်င္ျဖင့္ သူကမ္းေပးလာသည့္ ေဆးတစ္လံုးကို ေသာက္ခ်လိုက္သည္

ျပံဳးျပံဳးႀကီး ထိုင္ၾကည့္ေနတဲ့ ထိုသူ႔ မ်က္ႏွာႏွင့္အတူ မုန္းစရာေကာင္းလြန္းသည့္ မွတ္မိေနေသးေသာ ညက အျဖစ္အပ်က္ေၾကာင့္ ေစာင္ကို ျပန္ဆြဲျခံဳကာ မေက်မနပ္ျဖင့္ ျပန္အိပ္ေနလိုက္သည္

" ကိုယ့္ကို ေက်းဇူးတင္ေၾကာင္းေတာင္
မေျပာဘဲ ဆက္အိပ္မလို႔လား "

" ခင္ဗ်ားက ဘယ္အခ်ိန္ထိ
လိုက္ကူညီေပးႏိုင္မွာမို႔လို႔လဲ "

ေစာင္ကို မဖယ္ပဲေျပာေတာ့ မ်က္ႏွာနားကို နီးကပ္လာကာ
ေခါင္းအထိျခံဳထားသည့္ ေစာင္ကို အတင္းဆြဲဖယ္ျပန္သည္

"အျမဲတမ္းေပါ့
မင္းက ကိုယ့္ ေဘဘီေလး မဟုတ္လား "

" က်ေနာ္က ငါးႏွစ္သားလား "

"မဟုတ္ဘူး
မင္းက အၾကံအစည္ေတြ အျပည့္နဲ႔
ကိုယ့္ကို အေသသတ္မယ့္ အေကာင္ေပါက္ေလး"

ထိုသူ ​ေပါ့ေပါ့ပါးပါး​ေျပာထြက္လာတဲ့ စကားလံုးေတြက က်ေနာ့္အတြက္ အ႐ိႈက္ကိုမွ တည့္တည့္ထိမိသလို ျပန္လည္ေခ်ပေျပာစရာစကားေတာင္ ေပ်ာက္႐ွသြားခဲ့သည္

" အမ်ားႀကီး ေလ်ွာက္ေတြးေနတာလား
ကိုယ္က မင္းကိုယံုၾကည္ၿပီးသား
အခြင့္အေရးရရင္ေတာင္
မင္း ကိုယ့္ကို သတ္မွာ မဟုတ္ဘူး "

မတည္မၿငိမ္ျဖစ္ေနေသးတဲ့ ရင္ဘတ္အစံု ကို ဖံုးကြယ္ရင္းနဲ႔
ေပ်ာ့ညံ ့​ေစဖို့ ရည္ရြယ္​ေနတဲ့ စကားလံုး​ေတြ ​ေျကာင့္ ေစာင္ထူထူၾကားထဲ ပုန္းကြယ္ေနမိခဲ့သည္

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

▪▪▪▪▪▪▪▪▪▪▪

အျဖစ္အပ်က္တစ္ခ်ိဳ႕ကို ေကာင္းေကာင္းႀကီးမွတ္မိေသးတဲ့ အရြယ္မဟုတ္ေပမယ့္

ဓာတ္ပံုတစ္ပံုရယ္ ယံုၾကည္ထားရမည့္ သူတစ္ဦး၏ ေျပာျပခ်က္အရ ကိုယ္သေဘာက်မိခဲ့တဲ့ ပထမဦးဆံုးေသာသူကို အမုန္းႀကီးမုန္းခဲ့မိသည္

အဆံုးသတ္ျပီးသားဖိုင္တြဲတစ္ခု၏ၾကားထဲမွ ေဝဝါးကာေဆးတစ္ခ်ိဳ႕ပင္ ပ်က္ျပယ္ေနၿပီျဖစ္တဲ့ နြမ္းလ်လ်ဓာတ္ပံုတစ္ပံုက အမုန္းတို႔ကိုသာ ဆက္လက္႐ွင္သန္ေနေစဖို႔ တြန္းအားေပးေနျပန္တယ္

ဓာတ္ပံုထဲမွ လူလတ္ပိုင္း အရြယ္႐ွိေနၿပီျဖစ္တဲ့ အရင္းနီးဆံုးလူႏွစ္ေယာက္
တစ္ေယာက္ကေတာ့ ပူေလာင္စြာဘဝကိုအဆံုးသတ္လိုက္ခဲ့ရၿပီျဖစ္ေပမယ့္ တစ္ေယာက္ကေတာ့ ဘဝႀကီးကို ႀကီးက်ယ္ခမ္းနားစြာ ႐ွင္သန္ေနေသးသည္

Park Jo Ham & Min Seung Jae

အလြယ္တကူပဲမွတ္မိႏိုင္လြန္းတဲ့ အရင္းနီးဆံုးပံုရိပ္ႏွင့္ ထပ္တူက်စြာ တူညီေနခဲ့တဲ့ ထိုသူ႔၏ ပံုကို ၾကည့္မိလိုက္တိုင္း
ေဆးရံုကုတင္ထက္မွာ ဒုကၡိတ ဘဝျဖင့္ လပိုင္းအနည္းငယ္ေလာက္သာ ႐ွင္သန္ေနထိုင္ခဲ့ရတဲ့ အေမျဖစ္သူ၏ မ်က္ႏွာႏွင့္ ေက်ာ္ျဖတ္ခဲ့ရတဲ့ ခက္ခဲလြန္းခဲ့တဲ့ ေန႔ရက္တစ္ခ်ိဳ႕ ေၾကာင့္ ရင္ထဲက တစ္ဆစ္ဆစ္နာက်င္ေနတုန္းပင္

" Min Seung Jae! 
ရြံမုန္းစရာေကာင္းလြန္းတဲ့
ခင္ဗ်ားတို႔သားအဖကို
က်ေနာ့္ အေဖနဲ႔အေမ အတြက္ လက္စားေခ်မယ္ "

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

CRIMINALs

▪▪▪▪▪▪▪▪▪▪▪


မနက္ ​ေက်ာင္းလာကထဲက စလို႔ ေက်ာင္းဆင္းခ်ိန္ ေရာက္တဲ့အခ်ိန္ထိ ရင္ထဲ တစ္ခုခုက တင္းခံေနျပန္သည္

ႀကိဳေျပာထားၿပီးသားျဖစ္ေပမယ့္
အျမဲလိုလိုပြေယာင္းေနတတ္တဲ့ ဆံပင္႐ွည္တစ္ခ်ိဳ႕
လက္ေမာင္းရင္းမွတိုင္လက္ဖ်ားထိပ္အထိ ထင္း ေနေသာ ေဆးမွင္ေၾကာင္ ေတြရယ္
ေခတ္ဆန္လြန္းလွေနတဲ့ ထိုေကာင္ေလးပံုစံေၾကာင့္ အေဖနဲ႔အေမ မ်က္စိဆံပင္ေမႊးစူးမည္ကို စိုးရိမ္ေနျခင္းပင္

အို.......အိမ္ေထာင္ဖက္ေရြးတာမွ မဟုတ္တာ
စာသင္ေပးဖိုိ႔ အိမ္ေခၚလာတာပဲ မိဘေတြက နားလည္ေပးႏိုင္မွာပါ

တစ္ခါတစ္ေလေတာ့လည္း အရာအားလံုးကို လႊတ္ခ်ၿပီး
စြန္႔စားၾကည့္သင့္သည္ မဟုတ္လား 

သက္ျပင္းသာ အႀကိမ္ႀကိမ္ခ်ရင္းမွ အသက္ခပ္ဝဝ႐ႈကာ
ထိုေကာင္ေလးေ႐ွ႕မွ တံခါးဖြင့္ကာ ေျခလွမ္းတို႔ကို စတင္လိုက္သည္

" သားေလးျပန္ေရာက္ၿပီလား ....အိုး.."

အိမ္အေပၚထပ္မွ ဆင္းလာသည့္ အေမျဖစ္သူက ေဂ်ာင္ကုကို တစ္ခ်က္ၾကည့္ၿပီး အံ ့ျသသြားဟန္ျပသည္
ထို႔ေနာက္ ပိုမိုနီးကပ္လာကာ ေဂ်ာင္ကု၏ မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ တစ္ယုတစ္ယကိုင္တြယ္ပြတ္သပ္ေနျပန္သည္

" ေတြ႔ရတာဝမ္းသာပါတယ္ အန္တီ
က်ေနာ္တို႔တစ္ခါေတြ႔ဖူးေသးတယ္
မွတ္မိရဲ႕လားေတာ့မသိဘူး
က်ေနာ့္နာမည္က Min Jung Kook ပါ "

ေဂ်ာင္ကုကို ၾကည့္​ေနတဲ့  အေမျဖစ္သူ၏ မ်က္ဝန္းထဲမွ ေဆြးေဆြးေျမ့ေျမ့အရိပ္အေယာင္ေၾကာင့္ စိတ္ထဲေလးေလးပင္ပင္ျဖစ္ေစသည္

" အဲ့တာေၾကာင့္ မင္းမ်က္ႏွာက ရင္းႏွီးသလို
ျဖစ္ေနတာ
အျပဳအမူေတြအတြက္ အန္တီေတာင္းပန္ပါတယ္ "

တုန္ယင္ေနၿပီျဖစ္တဲ့ Mrs . Kim ၏ အသံေတြနဲ႔ မ်က္ဝန္းထဲမွ မ်က္ရည္တစ္ခ်ိဳ႕ေၾကာင့္ ပူေဆြးမႈႏႈင့္ဝမ္းသာမႈတစ္ၿပိဳင္ထဲျဖစ္ေနေၾကာင္းသိသာလြန္းသည္

TV ၾကည့္ေနတဲ့ Mr. Kim မွ မေနသာပဲ လက္႐ွိအေျခအေနကို ဝင္ေရာက္ကိုင္တြယ္ေပးသည္

" ထယ္ေယာင္း...  သားေလး.......
မင္းအေမကို
အခန္းထဲလိုက္ပု႔ိေပးလိုက္ေတာ့
သူအနားယူဖို႔လိုအပ္ေနၿပီ
Jung Kook ဦးနဲ႔စကားခနေျပာရေအာင္ကြာ"

Mr.Kim ရဲ႕ ဖိတ္ေခၚခ်က္အရ အ႐ိုအေသေပးကာ ခံုတြင္ ဝင္ထိုင္မိသည္

" ဦးမိန္းမ အျပဳအမူေတြအတြက္ ေတာင္းပန္ပါတယ္
Taehyung ေျပာထားၿပီးသားလာေတာ့ မသိေပမယ့္
ဦးတို႔မွာ Kim Taehyung အျပင္
Kim Ji Hyung ဆိုတဲ့
သားငယ္ေလးတစ္ေယာက္႐ွိခဲ့ဖူးတယ္
သူ႔ပံုစံက မင္းနဲ႔ ခပ္ဆင္ဆင္ရယ္
ေထာင့္မက်ိဳးတဲ့ ပံုစံေလးေပါ့ "

လူႀကီးသူမျဖစ္ေပမယ့္ အေနရခက္မွာစိုးလို႔ ဦးစြာေတာင္းပန္ၿပီး စကားကို ေပါ့ေပါ့ပါးပါးသာ ေျပာတတ္တဲ့ Kim Family ဟာ တကယ္ ေႏြးေထြးမႈ အျပည့္႐ွိေနပါသည္

" တစ္ေန႔ေတာ့ ကံမေကာင္းစြာနဲ႔ပဲ
ဆံုးပါးသြားခဲ့တယ္ေလ
အခု မင္းကို ေတြ႔လိုက္ရေတာ့
သူရင္ထဲ တစ္မ်ိဳးတစ္ဖံု ခံစားသြားရတယ္ ထင္ရဲ႕ "

မ်က္မွန္ကို ခြၽတ္ကာ လက္ကိုင္ပုဝါတစ္ထည္ျဖင့္ မ်က္ႏွာကို ပြတ္သပ္ရင္း ေျပာလာတဲ့ 
Mr.Kim ရဲ႕ စကားလံုးေတြၾကားမွာ ေဂ်ာင္ကု၏ ေနာင္တရမႈေတြက ကပ္ပါေနေလမလား

ေသခ်ာသည္ကေတာ့ Kim Ji Hyung ဆိုသည့္ Kim Family ရဲ႕ အခ်စ္ခံေလးအတြက္

ျမတ္ႏိုးတန္ဖိုးထားရလြန္းတဲ့ Kim Taehyung အတြက္

ပူေဆြးေသာကေရာက္ခဲ့ရတဲ့ မိဘႏွစ္ပါးအတြက္ 

အတိတ္က မွားခဲ့ဖူးတဲ့ ေနာင္တရစရာအမွားတစ္ခုကို
ကာယကံ႐ွင္ေတြ နစ္နာသူေတြ လက္မခံသည္ ျဖစ္ေစ လက္ခံသည္ ျဖစ္ေစ က်ေနာ့္ရဲ ့ ႐ူးမိုက္မႈ​ေတြအတြက္ အဆံုးစြန္ထိ ေပးဆပ္သြားမည္

..............................

.................


The First Studying Night;

" ဒါက ပံုေသနည္းနဲ႔ တြက္ရမွာေလ
ဒီတိုင္း အေျဖ႐ွာထားတာလား "

စကားမဆံုးေသးခင္မွာပဲ ထယ္ေယာင္း၏ လက္ဟာ
ေဂ်ာင္ကုေခါင္းေပၚ ေရာက္ႏွင့္ၿပီးသား ျဖစ္သည္ ။

ေရဆာ၍ေအာက္ထပ္ခနဆင္းသြားသည့္အခ်ိန္မွာပဲ
ပုစ ၦာေတြကို တစ္လြဲလုပ္ထားသည့္ ေဂ်ာင္ကုေၾကာင့္ ေဒါသထြက္ေနရျပန္သည္

" သားေရ ~ ထယ္ေယာင္း
၉ နာရီထိုးေနၿပီ ေနာ္  "

အေဖက အခန္းအျပင္မွ အခ်ိန္လင့္ေနၿပီျဖစ္ေၾကာင္း သတိေပးလာတယိ
စာအုပ္ပံုၾကားနစ္ဝင္ေနတဲ့ ယုန္ဗလႀကီးဟာလည္း ကေလးမ်က္ႏွာေလးနဲ႔ ျပန္ေမာ့ၾကည့္ေနျပန္တယ္

" hyg က ျပန္ခိုင္းရင္ ျပန္မယ္
ဒါမွမဟုတ္
ဒီမွာ ပဲ စာဆက္လုပ္ဆို လုပ္မယ္ "

" မင္းရူးေနတာလား ဒါမွမဟုတ္
ဘယ္အမိႈက္ပံုမွာ ေနဖို႔ စိတ္ကူးထားတာလဲ "

႐ုတ္တရပ္ႀကီးေျပာခ်လာတဲ့ စကားဟာ
ဟိုးတစ္ေလာက တိုက္ခန္းေရာင္းပစ္လိုက္ၿပီဟူေသာ  ေၾကာင့္ ျဖစ္မည္

" အာ....ဟို...အေဆာင္မွာေန ပါတယ္
ဒါေပမယ့္... "

စားပြဲေသးေသးေလးေပၚမွာ ပြ႐ႈပ္ေနတဲ့ စာအုပ္အခ်ိဳ႕ကို ေသေသပ္သပ္ျပင္ဆင္ရင္း မွ

" ေအးေလ မင္းတိုက္ခန္းကလည္း ေရာင္းၿပီးၿပီဆို
အေဆာင္ေတြက ၆ နာရီဆို တံခါးပိတ္တာေလ
အဲ့တာကိုမင္းက အခုျပန္ေတာ့ ဘယ္ေခ်ာင္တိုးၿပီး
အိပ္ခ်င္လို႔လဲ "

စိုးရိမ္ပူပန္ စိတ္ ကို ဖံုးဖိကာ ေျပာလာတဲ့ အကိုေပါက္စေလးဟာ အသည္းယားစရာ အတိ ျဖင့္

အခုရက္ပိုင္းအတြင္း စိတ္ခ်မ္းသာတယ္ထင္ရဲ႕
ခပ္ျပည့္ျပည့္ပါးေလးေတြ ကိုက္ေဖာက္ပစ္လိုက္လ်ွင္
ဂ်ယ္လီလိုမ်ိဳး အစိတ္စိတ္အႁမႊာႁမႊာ ျဖစ္သြားေလမလား

" ထ ေလ !! "

ကိုယ့္အေတြးနဲ႔ကိုယ္ သေဘာက်ေနရင္း
ထယ္ေယာင္းေျပာသည့္ စကားမ်ား တစ္ခြန္းမွ မၾကားလိုက္ေပ

အကို​ေပါက္စေလးဟာ အခန္းတစ္ခုေ႐ွ႕သို႔ ေခၚေဆာင္လာေလသည္
ထိုအခန္းဟာ ေစာနက စာသင္​ေနသည့္ ထယ္ေယာင္းကိုယ္ပိုင္အခန္းေလးႏွင့္ ေဘးခ်င္းကပ္ရပ္အခန္းပင္ျဖစ္သည္

သာမာန္လူလတ္တန္းစား ရပ္ကြက္ေနအိမ္ျဖစ္လို႔ အရမ္းႀကီး မခမ္းနားေပမယ့္
သူ႔အခန္းႏွင့္သူ သူ႔ပစၥည္းႏွင့္သူ အရာအားလံုး က အရမ္း စည္းစနစ္က်လြန္းသည္

မိုးျပာေရာင္အခန္းတံခါးေလးကို ခတ္ထားသည့္ ေသာ့ခေလာက္ေလးကို ဖြင့္ရင္းမွ အခန္းအတြင္း သို႔ ထယ္ေယာင္းဟာ ဦးေဆာင္ ဝင္သြားေလသည္

ဘယ္သူ႔အခန္းလည္းဟု ေမးစရာမလိုေအာင္ ခံုေလးတစ္လံုးေပၚတြင္ ေကာင္ေလးတစ္ေယာက္၏ ပံုဟာ တင့္တယ္စြာ ႐ွိေနျပန္သည္

" Ji Hyung
မင္းသူငယ္ခ်င္းေလးကို ဒီအခန္းမွာ ခန ေပးအိပ္မယ္ေနာ္ "

အခန္း၏မူလပိုင္႐ွင္ျဖစ္တဲ့ Jihyungအားခြင့္ေတာင္းၿပီး က်ေနာ့္အား ဒီအခန္းတြင္ အိပ္ေစရန္ေျပာလာသည္

" တစ္ျခား မဆိုင္တဲ့ ဘာပစၥည္းကိုမွ မကိုင္နဲ႔
ထိလည္း မထိနဲ႔
အိပ္တဲ့ အခ်ိန္ကလြဲရင္ အျပင္မွာပဲေန "

"ဟုတ္ကဲ့
က်ေနာ္က hyg နဲ႔ အတူတူအိပ္ရမယ္ထင္တာ "

စပ္ျဖဲျဖဲမ်က္ႏွာျဖင့္ ေဂ်ာင္ကုေျပာလာတဲ့စကားေတြေၾကာင့္
ေက်ာ႐ိုးထဲအထိ စိမ့္ခနဲ
ေဘာင္းဘီတို ဝတ္ၿပီး ကုတင္ေပၚမွာ ထိုင္ေနတာေၾကာင့္
ေပၚေနတဲ့ ေပါင္သားခပ္ေဖြးေဖြးကို ဆြဲစိတ္လိုက္သည္

" အာ့... hyg! "

ေဘာင္းဘီတိုကို အနည္းငယ္ ဆြဲတင္လိုက္ကာ ဆြဲစိတ္ခံလိုက္သည့္ ေနရာကို အကဲပိုကာ ဟန္လုပ္ရင္း ျပဴးျပဲ ၾကည့္ေနေတာ့ က်ေနာ္ပါ ေရာေယာင္ၿပီး ၾကည့္လိုက္မိသည္

ျမင္လိုက္ရသည္က ေပါင္တံျဖဴျဖဴေပၚမွာ ဓားသြားဒဏ္ရာေတြ က နည္းနည္းေနာေနာ မဟုတ္ေပ

တစ္ခ်ိဳ႕ ဒဏ္ရာေတြက အမာရြတ္ျဖစ္ေနျပီဆိုေပမယ့္
တစ္ခ်ိဳ႕ကေတာ့ နီရဲကာေသြးစတို႔ပင္ စြန္းေပေနတုန္းပင္

"Jung Kook !
မင္း ေပါင္က ဘာျဖစ္တာလဲ "

ခ်က္ခ်င္းဆိုသလို မတ္တပ္ရပ္ကာ မလံုမလဲ ဖံုးဖိေနတဲ့ Jung Kook ပံုစံက ကို႔႐ို႔ကားယား

" ဟို... ဘာ..ဘာမွမျဖစ္ပါဘူး.....
မနက္ ေက်ာင္းသြားရမယ္မဟုတ္လား
Hyg သြား ...သြား..အိပ္ေတာ့ေလ "

မ်က္လံုးေတြကလည္း ဟိုၾကည့္ ဒီၾကည့္ ျဖင့္ ဂဏာမၿငိမ္
စကားလံုး​ေတြဟာလည္း အထစ္အထစ္အေငါ့ေငါ့ျဖင့္ ဟန္မေဆာင္တတ္လြန္းတဲ့ေကာင္ေလး၏ပါးႏွစ္ဖက္ကို လက္ျဖင့္ ထိန္းကိုင္ရင္း

" Jung Kook!
ငါ့မ်က္လံုးေတြကိုၾကည့္ၿပီးေျပာ
ဘာျဖစ္ခဲ့တာလည္း "

" က်ေနာ့္ဘာသာ လုပ္ထားတာ
Hyg ကို ေတြ႔လိုက္တိုင္း ကိုယ့္ကိုကိ္ုယ္ ထိန္းလို႔မရမွာစိုးလို႔
တကယ္လည္း ထိန္းခ်ဳပ္ရခက္လို႔
ဒီလိုနည္းလမ္းက အေကာင္းဆံုးပဲ
ဟိုမိုးရြာတဲ့ေန႔တုန္းကလိုမ်ိဳး hyg ဆီက အမုန္းေတြ
ေနာက္ ဘယ္ေတာ့မွ လက္မခံခ်င္ဘူး "

အလိမ္အညာ မပါဘဲ ေျပာထြက္လာတဲ့ ေကာင္ေလး၏ စကားလံုးေတြက က်ေနာ့္ကို ဆြံ ့အ ေစခဲ့သည္
က်​ေနာ့္ေျပာစကားကို နား​ေထာင္ျပီး ႀကိဳးစားျပဳျပင္ခဲ့သလို ကတိလည္း တည္ခဲ့သည္ မဟုတ္လား

" ငါ အိပ္ခ်င္ေနၿပီ
မီးဖြင့္ထားေပးခဲ့မယ္ "

လက္႐ွိအေျခအေနကို ရင္ဆိုင္ဖို႔ သတိၱ မ႐ွိေသးတာေၾကာင့္
စကားလမ္းေၾကာင္းေျပာင္းကာ ထိုအခန္းထဲမွ ထြက္လာမိသည္

ဒီေန႔ က်ေနာ္ေ႐ွ႕မွာ ရပ္ေနခဲ့တဲ့ ေကာင္ေလးဟာ
လြန္ခဲ့တဲ့ လပိုင္းအခ်ိဳ႕က မ်က္စိဆံပင္ေမႊးစူးတာထက္
ရြံမုန္းစရာပင္ ေကာင္းလြန္းေနတဲ့ ေကာင္ေလး Justin ပါလို႔ ေျပာရမည္ကို အံ ့အားသင့္ေစခဲ့ၿပီ

........................................

အတိတ္က လုပ္ရပ္ တစ္ခ်ိဳ႕ေၾကာင့္ ကိုယ္ကိုကိုယ္ သတ္ပစ္ခ်င္ေလာက္သည္အထိ ထယ္ေယာင္းကို ခ်စ္ပါသည္

ဘယ္လိုအေျခအေနမ်ိဳးမွာမဆို သူျပံဳးရီေနရင္ က်ေနာ္ကိုယ္တိုင္ကပါ အလိုလိုျပံဳးရီေပးႏိုင္သည္

သူဝမ္းနည္းေနလ်ွင္လည္း က်ေနာ့္ရင္ထဲ အသည္းထဲ ထိ တိုင္ေအာင္ နာက်င္မႈမ်ိဳးကို ထပ္တူ ခံစားရျပန္သည္

တစ္ခါတစ္ေလမွာ က်ေနာ္တို႔ အားလံုးက ခ်စ္ျခင္းတရား ကို နားလည္သလိုဟန္ေဆာင္တတ္ၾကေပမယ့္
တစ္စံုတစ္ဦးကမ်ွ ထို အတိမ္အနက္ကို တိတိက်က် ေျပာဆိုျခင္း မ႐ွိေသးေပ

က်ေနာ့္အတြက္ အခ်စ္ဆိုတဲ့အရာကို လိုရင္းတိုရင္းေျပာရမယ္ဆိုရင္ တစ္ဦးထဲေသာ  ကင္မ္ထယ္ေယာင္းပါပဲ

Note ; Once in a lifetime, you meet someone who changes everything.

..........................

ထိုေကာင္စုတ္ေလးကို စာသင္ေပးျဖစ္တာ ဒီေန႔နဲ႔ဆိုရင္
ေလးရက္ေျမာက္ခဲ့ၿပီ

စာေမးပြဲ မေျဖခင္ကာလအတြင္း က်ေနာ့္အိမ္မွာပဲ ေခၚတင္ထားလိုက္သည္ လစာနဲ႔ ေခၚတင္ထားျခင္းသာ
ေက်ာင္းစာကိုသာ အာရံုစိုက္ေနသည့္္ခ်ိန္ေၾကာင့္ ေဂ်ာင္ကု၏ လစာေပးျခင္းစနစ္က အိမ္အလုပ္တာဝန္ကို ဝိုင္းကူလုပ္ျခင္း

သို႔ေပမယ့္
ေလးရက္အတြင္းမွာပဲ မယံုၾကည္ႏိုင္ေလာက္ေအာင္ လိမၼာအပိုးက်ိဳးေနတဲ့ ေကာင္ေလးဟာ
Appa နဲ႔ေရာ Omma နဲ႔ပါ ရင္းနီးမႈ ရေနလို႔
မိဘႏွစ္ပါးကပင္ သားအရင္းျဖစ္တဲ့ က်ေနာ့္ကို ေမ့ေနၿပီျဖစ္သည္

" သားေလး Jung
ထယ္ေယာင္းနဲ႔ အဆင္ေျပရဲ႕လား
သူ အႏိုင္က်င့္ရင္ အန္တီတို႔ကို ေျပာလို႔ရတယ္ေနာ္  "

"ဟုတ္ကဲ့ အဆင္ေျပပါတယ္ "

ေက်ာင္းက ျပန္ေရာက္ေရာက္ခ်င္း ႏႈတ္ဆက္ေနက် အေမကိုပင္ လုယူခံလိုက္သလို
ခံစားခ်က္ႀကီးက မနာလိုစရာေကာင္းလိုက္တာ

" ထယ္ေယာင္း..... အေဖ့ကို
ေရတစ္ခြက္ေလာက္ယူေပးစမ္းပါ
ၿပီးရင္ မီးဖိုေခ်ာင္ကို နည္းနည္း႐ွင္းထား
ထမင္းစားၾကမယ္"

ေနပါဦး မီးဖိုေခ်ာင္႐ွင္းလင္းတာက ေဂ်ာင္ကုအလုပ္မဟုတ္ဘူးလား
ဘာလို႔ က်ေနာ့္ကိုလည္း..... ?

" Jung Kook မင္းသြား႐ွင္းလိုက္ "

" အာ..မရဘူး..
ေဂ်ာင္ကုကို အေမ ေခၚသြားစရာ႐ွိေနလို႔ "

" ......အား......
ေလာကႀကီးက မတရားလိုက္တာ "

အေဖနဲ႔အေမၾကားမွာ ထိုင္ေနတဲ့ ယုန္ မုန္လာဥရသလို မ်က္ႏွာေပးနဲ႔ ေကာင္ကို မေက်နပ္စြာ ေအာ္ဟစ္ၿငီးျငဴးရင္းမွ
အခ်စ္ေတာ္ေလး Tannie ကို ေပြ႔ခ်ီကာ ထိုေ႐ွ႕က ထြက္လာလိုက္သည္

..........................

ညေနက အိမ္ျပန္ေရာက္ေရာက္ခ်င္း အေမ နဲ႔ အေဖက က်ေနာ့္ကို မ်က္ႏွာသာ ပိုေပးလို႔ ေဒါသထြက္ကာ ဆူေဆာင့္ေနတဲ့ အကိုေပါက္စေလးက ျပန္ေရာက္ကထဲ အခန္းထဲ ​ေအာင္းကာ ထမင္းလည္း ဆင္းမစားေပ

ဒီေန႔မွ ျဖစ္တဲ့ ျပသနာ ဆိုေပမယ့္ လြန္ခဲ့တဲ့ ေလးရက္ေလာက္ထဲက တင္းမာမႈက စတင္ခဲ့ျခင္းျဖစ္သည္

စာသင္ခ်ိန္ေရာက္လာလို႔ အေျခအေန ၾကည့္ကာ
တံခါးသြားေခါက္ေတာ့ အသာတၾကည္ ဖြင့္ေပးပါသည္

စားပြဲအေသးေလးမွာ ဝင္ထိုင္ရင္း အကဲခတ္မိေတာ့
ငိုထားသည္ထင္ရဲ႕ ႏွာေခါင္းထိပ္ေလးက နီရဲကာ မ်က္ေတာင္ေတြဟာလည္း အနည္းငယ္ စိုစြတ္သေယာင္႐ွိေနေလရဲ႕

ငါးႏွစ္သားကေလးမုန္႔မစားရလို႔ တရံွဳ႕႐ွံဳ႕ ငိုေနသည့္ ပံုႏွင့္ တူလွသည့္ အကိုေပါက္စေလးေၾကာင့္ ရီခ်င္စိတ္က ထိန္းမရ

ခြီးခနဲ ထရီမိေတာ့ အသံစြာစြာေလးႏွင့္ လွမ္း ေဟာက္ သည္

" ဘာရီတာလည္း "

အကိုေပါက္စေလးဟာ တစ္ျခားေနရာေတြမွာ က်ေနာ္တို႔ေတြထက္ အမ်ားႀကီး ရင့္က်က္ေပမယ့္
ခ်စ္ျခင္းေမတၱာမ်ားႏွင့္ ျပည့္ဝေနသည့္  မိသားစုေလးမွာေတာ့ အခုခ်ိန္ထိ ကေလးဆန္တုန္းပင္
ကင္မ္ထယ္ေယာင္းျဖစ္ေနသည့္အတြက္  ဒါကလည္းတစ္မ်ိဳးတစ္ဖံု ခ်စ္စရာေကာင္းေနတာပါပဲ

ေခါင္းကို ေအာက္စိုက္ထားကာ သူ႔စာ သူ ဖတ္ေနသည့္ ထယ္ေယာင္းေၾကာင့္ က်ေနာ္လည္း ရီခ်င္ေနတဲ့ မ်က္ႏွာပိုးကို သတ္ကာ ဘာစကားမွ မ ဟ ရဲေတာ့ပဲ  မေန႔က ပုဒ္စာေတြသာ က်ိတ္လုပ္ေနမိသည္

တစ္ခ်က္ တစ္ခ်က္ မသိမသာျဖင့္ သူ႔မ်က္ႏွာ လွလွေလးအား ခစားမိေတာ့
မ်က္ရည္ေပါက္ေလးေတြဟာ
ေျဖာင့္စင္းေနတဲ့ ႏွာတံမွ တစ္ဆင့္  တစ္စက္ တစ္စက္ျဖင့္ စာအုပ္ေပၚကို က်ေရာက္လို႔ေနေလရဲ႕

ၿငိမ္သက္ေနရာမွ ႐ုတ္တရပ္ ထငိုလိုက္တဲ့ ထယ္ေယာင္းေၾကာင့္ လန္႔ေတာ့ လန္႔သြားသည္
ဒီလို ဝမ္းနည္းမႈမ်ိဳးကို ထယ္ေယာင္းဆီမွာ မေတြ႔ရတာ ၾကာခဲ့ၿပီေလ

" အီး...ဟီး...ဟီး...
....ေခြးေကာင္ႀကီး....
ငါ့အိမ္မွာလည္း လာေနေသးတယ္
ငါ့မိဘေတြကိုလည္း လုသြားေသးတယ္"

ထယ္ေယာင္းမိဘေတြနဲ႔ က်ေနာ့္ၾကားမွာ အမွန္တကယ္လည္း အေၾကာင္းအရာတစ္ခ်ိဳ႕႐ွိေနပါေသးသည္

ကံပဲေကာင္းတယ္လို႔ ေျပာရမလား ေယာကၡမ ေယာကၡထီးကပဲ ျမင္ျမင္ခ်င္း သေဘာတူေနတယ္ ေျပာရမလား
ထယ္ေယာင္းအိမ္မွာ ေနျဖစ္သြားတဲ့ အေတာအတြင္း
က်ေနာ္တု႔ိႏွစ္ေယာက္ရဲ႕ ပတ္သက္မႈ အေျခအေန က ေစာင့္ၾကည့္ခံဘဝထဲ ေရာက္႐ွိသြားသည္

လြန္ခဲ့တဲ့ရက္က သူ႔မိဘေတြနဲ႔  စကားေျပာျဖစ္ေတာ့
အခုထိ ထယ္ေယာင္းက က်ေနာ့္ကို လက္မခံႏိုင္ေသးေၾကာင္းပါ ေျပာျပၿပီး သူ လက္ခံလ်ွင္ တစ္ခါထဲ မဂၤလာပါ ေဆာင္ မည္ ျဖစ္ေၾကာင္း ခပ္ျမန္ျမန္ဘဲ ေတာင္းရမ္းခဲ့သည္

ဘဝင္ေလဟပ္ရင္း ေျပာရရင္ေတာ့ ထယ္ေယာင္းကို အခ်စ္ႀကီးလြန္းၿပီး ကေလးတစ္ေယာက္လို ျပဳမူေနကာ jihyung နဲ႔ ခပ္ဆင္ဆင္ျဖစ္ေနတဲ့ သားမက္ေလး က်ေနာ့္ ကို သူ႔မိဘေတြက အေစာႀကီးကထဲ သေဘာတူၿပီးသားပင္

အခ်ိန္တိုတြင္းမွာ ပိုင္ဆိုင္ခြင့္ရေတာ့မွာ ေသခ်ာေနၿပီမို႔
အလြယ္ေလး လို႔ ထင္ေနတယ္မဟုတ္လား
.....ႏိုး ပါ....
သူ့မိဘေတြရဲ႕ စကားလံုးတစ္ခ်ိဳ႕က လြယ္သေယာင္နဲ႔ ခက္ခဲေနေၾကာင္းကို ေဖာ္ျပေနျပန္တယ္

မင္းဘယ္သူျဖစ္တယ္ ဘယ္သူျဖစ္ခဲ့ဖူးတယ္ဆိုတာက
အေရးမႀကီးပါဘူး
မင္းသူ႔ကို ဘယ္ေလာက္ထိ ဆက္ခ်စ္ႏိုင္မယ္
ဘယ္ေလာက္ထိ စိတ္ခ်မ္းသာေအာင္ ထားႏိုင္မယ္
ဆိုတာကပဲ အေရးႀကီးတယ္

ေလာေလာဆယ္ က်ေနာ့္ကို အျပည့္အဝ လက္မခံႏိုင္ေသးတဲ့ အကိုေပါက္စေလးေၾကာင့္ သူ႔ကို တစ္ဘဝလံုးစာ ပိုင္ဆိုင္ရဖို႔ အေရးမွာေတာ့ သူက တကယ့္ကို အခက္ေလး ပင္

ထိုကိစၥကို ထယ္ေယာင္းအား မသိေစခ်င္ေသးတာေၾကာင့္ သူ႔ကို ပထုတ္ကာ ဖံုးကြယ္ေနျခင္းျဖစ္သည္

ဒါကို ထယ္ေယာင္းက အျမင္ေစာင္းေနတာ ျဖစ္မည္

သို႔ေသာ္ အျဖစ္မွန္ကို သိလ်ွင္ မိုးမီးေလာင္သည္ထက္ပင္ဆိုးဝါးသြားႏိုင္သည္

" hyg.. မငိုပါနဲ႔
Hyg စိတ္ဆိုး စိတ္ေကာက္တာေလးက ခ်စ္ဖို႔ေကာင္းလို႔
ဒီလိုလုပ္မိတာပါ
Hyg ဆီက မိဘ​ေတြကို
လုယူတာမ်ိဳးလည္း မဟုတ္ပါဘူး "

" ဘာမွ လာမေျပာနဲ႔
...အက်င့္မေကာင္းတဲ့ေကာင္ႀကီး..."

ေပြ ့ဖက္ၿပီး ႏွစ္သိမ့္ေပးမည္ဟုေတြးလိုက္ေသာ္လည္း
အေတြးေတြကိုပါ အပိုင္စားရထားသည့္ ထယ္ေယာင္းဆီမွ
"အသားကို လာထိဖို႔ေတာင္ မစဥ္းစား နဲ႔ " ဟု အေျဖ တစ္ခုသာ ျပန္ရလိုက္ခဲ့သည္

သူ႔အမိန္႔ သူ႔အာဏာသာ တည္တံ ့ေစေသာ္ ဟူသည့္ စကားအတိုင္း တစ္ခြန္းမွ ထပ္မေျပာေတာ့ပဲ
ပုဒ္စာေတြဆီသာ စိတ္ႏွစ္ထားလိုက္သည္

အခ်ိန္တစ္ခုုၾကာတဲ့အခါဘာသံမွ မၾကားမိေတာ့လို႔ ေ႐ွ႕တည့္တည့္မွာ ထိုင္ေနတဲ့ ထယ္ေယာင္းကို ခိုးၾကည့္မိေတာ့
စားပြဲခံုေပၚ ေမွာက္ကာ အိပ္ေပ်ာ္ေနေလရဲ႕
ဝမ္းနည္းစိတ္နဲ႔ က်ိတ္ငိုရတာ ပင္ပန္းလြန္းလွပါတယ္ေလ

9 နာရီထုိးတဲ့အခါ အခြင့္ေကာင္းယူၿပီး အခန္းကိုပင္ ျပန္မအိပ္ေတာ့ပဲ စားပြဲခံုေပၚကို ထယ္ေယာင္းနည္းတူ ေခါင္းေမွာက္ခ်ကာ အိပ္စက္ခဲ့တယ္

မအိပ္စက္ခင္ စေတြ ့ကထဲက ၾကည့္မရ ၿပီး hyg အျမဲလိုလို ေပြ႔ဖက္နမ္း႐ွံဳ႕ေနတဲ့ ဟိုဖင္မဲေကာင္ေသးေသးေလးကိုေတာ့
အခန္းျပင္ ေမာင္းထုတ္ဖို႔ သတိရလိုက္ပါေသးသည္

Hyg နဲ႔ အတူတူ ရွိခြင့္ရတဲ့ အခိုက္တန့္ေလးက ျမင္ရသူတိုင္းအားက်ရတဲ့အထိ Romantic မဆန္ခဲ့ေပမယ့္
က်ေနာ့္အတြက္ကေတာ့ အခ်ိန္ယႏၱရားႀကီးကို တစ္သက္လံုးအတြက္ ထိုအခ်ိန္ေလးမွာပဲ ရပ္တန္႔ပစ္ခ်င္ေလာက္တဲ့အထိ တန္ဖိုးႀကီးမားခဲ့ပါတယ္

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

▪▪▪▪▪▪▪▪▪▪▪▪▪

"ေဖႀကီးေရ လာၾကည့္ပါဦး
သားေလးတို႔ႏွစ္ေယာက္က
မလိုက္ဖက္လြန္းဘူးလား..ဟင္ "

"ဒါေပါ့ ေမႀကီးေရ "

ထိုသူႏွစ္ဦး စိတ္ဝင္စားေနတဲ့ အခန္းတြင္းမွ ၾကည္ႏူးစရာျမင္ကြင္းေလးမွာ
စားပြဲဝိုင္း အေသးေလးေပၚတြင္ ေခါင္းခ်င္းဆိုင္ကာ အိပ္ေပ်ာ္ေနခဲ့တဲ့ ေကာင္ငယ္ေလးႏွစ္ေယာက္
ေလဟာနယ္ပင္တိုးဝင္လို႔မရေတာ့သည္အထိ လက္ႏွစ္ဖက္ကို တင္းၾကပ္စြာ ဆုပ္ကိုင္ထားသည္က
ယေန႔အတြက္ အလွဆံုးေသာ ျမင္ကြင္းတစ္ခုဟုသာ တင္စားေခၚေဝၚေတာ့မည္

To Be Continued..............

MEOW

// wifi လည္း မရတာနဲ႔
ရတုန္း​ေလး အခု စုျပံဳ Up ေပးလိုက္ပါၿပီ //

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

........... Uni code .......

ပြတင်းပေါက်မှ တစ်ဆင့် တိုက်ရိုက်ကျရောက်နေတဲ့ နေရောင်ခြည် ခပ်နွေးနွေး
အိပ်ယာနဲ့  ထိကပ်ချိန်များလို့ ချွေးစို့နေတဲ့ ကျောပြင်
ပင်ပန်းနှုန်းခွေနေတဲ့ ခြေတွေ လက်တွေနှင့်အတူ
တစ်ဆစ်ဆစ်ကိုက်ခဲနေခဲ့တဲ့ ဦးခေါင်း

နီးကပ်လာတဲ့ အသက်ရှုသံပြင်းပြင်းတစ်ခုရယ် နဖူးပြင်ပေါ်ကျရောက်နေကျ ရင်းနှီးပြီးသား နွေးထွေးမှုရယ်ကြောင့်
ဖွင့်ကြည့်ဖို ့တွန်းအားပေးခံနေရတဲ့ မျက်လုံးတွေကပင် လေးလံလို့နေလေရဲ့

" နိုးနေရင် ထတော့
ပြီးရင် ဆေးသောက်ရမယ်  "

နားထဲတိုးတိုးလေးပြောလာတဲ့ ထိုသူ့ရဲ့ အသံက ကြက်သီးထစရာပင်
ရွဲ ့သလို မလှုက်မယှက်နေရင်း မျက်လုံးတို့ကိုပါ အတင်းဖိပိတ်ထားမိသည်

" အဲ့လို ဆက်အိပ်နေရင်
ခေါင်းကိုက်လွန်းလို့ ဦးနှောက်တွေ
အရည် ပျော်ကျလာလိမ့်မယ် ..ဘေဘီ... "

ဒါက ခြောက်ပြော ပြောနေတာလား.... ?
ဒီလူကြီးက အူကြောင်ကြောင်စကားတွေ အမြဲ ပြောတတ်ပေမယ့်   တစ်ခါတစ်လေတော့လည်း ရီစရာကောင်းလွန်းပြန်သည်

တကယ်လည်း မနေနိုင်အောင် ခေါင်းက ထိုး ကိုက်လာသည်မို့ မထချင် ထချင်ဖြင့် သူကမ်းပေးလာသည့် ဆေးတစ်လုံးကို သောက်ချလိုက်သည်

ပြုံးပြုံးကြီး ထိုင်ကြည့်နေတဲ့ ထိုသူ့ မျက်နှာနှင့်အတူ မုန်းစရာကောင်းလွန်းသည့် မှတ်မိနေသေးသော ညက အဖြစ်အပျက်ကြောင့် စောင်ကို ပြန်ဆွဲခြုံကာ မကျေမနပ်ဖြင့် ပြန်အိပ်နေလိုက်သည်

" ကိုယ့်ကို ကျေးဇူးတင်ကြောင်းတောင်
မပြောဘဲ ဆက်အိပ်မလို့လား "

" ခင်ဗျားက ဘယ်အချိန်ထိ
လိုက်ကူညီပေးနိုင်မှာမို့လို့လဲ "

စောင်ကို မဖယ်ပဲပြောတော့ မျက်နှာနားကို နီးကပ်လာကာ
ခေါင်းအထိခြုံထားသည့် စောင်ကို အတင်းဆွဲဖယ်ပြန်သည်

"အမြဲတမ်းပေါ့
မင်းက ကိုယ့် ဘေဘီလေး မဟုတ်လား "

" ကျနော်က ငါးနှစ်သားလား "

"မဟုတ်ဘူး
မင်းက အကြံအစည်တွေ အပြည့်နဲ့
ကိုယ့်ကို အသေသတ်မယ့် အကောင်ပေါက်လေး"

ထိုသူ ​ပေါ့ပေါ့ပါးပါး​ပြောထွက်လာတဲ့ စကားလုံးတွေက ကျနော့်အတွက် အရှိုက်ကိုမှ တည့်တည့်ထိမိသလို ပြန်လည်ချေပပြောစရာစကားတောင် ပျောက်ရှသွားခဲ့သည်

" အများကြီး လျှောက်တွေးနေတာလား
ကိုယ်က မင်းကိုယုံကြည်ပြီးသား
အခွင့်အရေးရရင်တောင်
မင်း ကိုယ့်ကို သတ်မှာ မဟုတ်ဘူး "

မတည်မငြိမ်ဖြစ်နေသေးတဲ့ ရင်ဘတ်အစုံ ကို ဖုံးကွယ်ရင်းနဲ့
ပျော့ညံ ့​စေဖို့ ရည်ရွယ်​နေတဲ့ စကားလုံး​တွေ ​ကြောင့် စောင်ထူထူကြားထဲ ပုန်းကွယ်နေမိခဲ့သည်

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

▪▪▪▪▪▪▪▪▪▪▪

အဖြစ်အပျက်တစ်ချို့ကို ကောင်းကောင်းကြီးမှတ်မိသေးတဲ့ အရွယ်မဟုတ်ပေမယ့်

ဓာတ်ပုံတစ်ပုံရယ် ယုံကြည်ထားရမည့် သူတစ်ဦး၏ ပြောပြချက်အရ ကိုယ်သဘောကျမိခဲ့တဲ့ ပထမဦးဆုံးသောသူကို အမုန်းကြီးမုန်းခဲ့မိသည်

အဆုံးသတ်ပြီးသားဖိုင်တွဲတစ်ခု၏ကြားထဲမှ ဝေဝါးကာဆေးတစ်ချို့ပင် ပျက်ပြယ်နေပြီဖြစ်တဲ့ နွမ်းလျလျဓာတ်ပုံတစ်ပုံက အမုန်းတို့ကိုသာ ဆက်လက်ရှင်သန်နေစေဖို့ တွန်းအားပေးနေပြန်တယ်

ဓာတ်ပုံထဲမှ လူလတ်ပိုင်း အရွယ်ရှိနေပြီဖြစ်တဲ့ အရင်းနီးဆုံးလူနှစ်ယောက်
တစ်ယောက်ကတော့ ပူလောင်စွာဘဝကိုအဆုံးသတ်လိုက်ခဲ့ရပြီဖြစ်ပေမယ့် တစ်ယောက်ကတော့ ဘဝကြီးကို ကြီးကျယ်ခမ်းနားစွာ ရှင်သန်နေသေးသည်

Park Jo Ham & Min Seung Jae

အလွယ်တကူပဲမှတ်မိနိုင်လွန်းတဲ့ အရင်းနီးဆုံးပုံရိပ်နှင့် ထပ်တူကျစွာ တူညီနေခဲ့တဲ့ ထိုသူ့၏ ပုံကို ကြည့်မိလိုက်တိုင်း
ဆေးရုံကုတင်ထက်မှာ ဒုက္ခိတ ဘဝဖြင့် လပိုင်းအနည်းငယ်လောက်သာ ရှင်သန်နေထိုင်ခဲ့ရတဲ့ အမေဖြစ်သူ၏ မျက်နှာနှင့် ကျော်ဖြတ်ခဲ့ရတဲ့ ခက်ခဲလွန်းခဲ့တဲ့ နေ့ရက်တစ်ချို့ ကြောင့် ရင်ထဲက တစ်ဆစ်ဆစ်နာကျင်နေတုန်းပင်

" Min Seung Jae! 
ရွံမုန်းစရာကောင်းလွန်းတဲ့
ခင်ဗျားတို့သားအဖကို
ကျနော့် အဖေနဲ့အမေ အတွက် လက်စားချေမယ် "

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

CRIMINALs

▪▪▪▪▪▪▪▪▪▪▪

မနက် ​ကျောင်းလာကထဲက စလို့ ကျောင်းဆင်းချိန် ရောက်တဲ့အချိန်ထိ ရင်ထဲ တစ်ခုခုက တင်းခံနေပြန်သည်

ကြိုပြောထားပြီးသားဖြစ်ပေမယ့်
အမြဲလိုလိုပွယောင်းနေတတ်တဲ့ ဆံပင်ရှည်တစ်ချို့
လက်မောင်းရင်းမှတိုင်လက်ဖျားထိပ်အထိ ထင်း နေသော ဆေးမှင်ကြောင် တွေရယ်
ခေတ်ဆန်လွန်းလှနေတဲ့ ထိုကောင်လေးပုံစံကြောင့် အဖေနဲ့အမေ မျက်စိဆံပင်မွှေးစူးမည်ကို စိုးရိမ်နေခြင်းပင်

အို.......အိမ်ထောင်ဖက်ရွေးတာမှ မဟုတ်တာ
စာသင်ပေးဖိို့ အိမ်ခေါ်လာတာပဲ မိဘတွေက နားလည်ပေးနိုင်မှာပါ

တစ်ခါတစ်လေတော့လည်း အရာအားလုံးကို လွှတ်ချပြီး
စွန့်စားကြည့်သင့်သည် မဟုတ်လား 

သက်ပြင်းသာ အကြိမ်ကြိမ်ချရင်းမှ အသက်ခပ်ဝဝရှုကာ
ထိုကောင်လေးရှေ့မှ တံခါးဖွင့်ကာ ခြေလှမ်းတို့ကို စတင်လိုက်သည်

" သားလေးပြန်ရောက်ပြီလား ....အိုး.."

အိမ်အပေါ်ထပ်မှ ဆင်းလာသည့် အမေဖြစ်သူက ဂျောင်ကုကို တစ်ချက်ကြည့်ပြီး အံ ့သြသွားဟန်ပြသည်
ထို့နောက် ပိုမိုနီးကပ်လာကာ ဂျောင်ကု၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် တစ်ယုတစ်ယကိုင်တွယ်ပွတ်သပ်နေပြန်သည်

" တွေ့ရတာဝမ်းသာပါတယ် အန်တီ
ကျနော်တို့တစ်ခါတွေ့ဖူးသေးတယ်
မှတ်မိရဲ့လားတော့မသိဘူး
ကျနော့်နာမည်က Min Jung Kook ပါ "

ဂျောင်ကုကို ကြည့်​နေတဲ့  အမေဖြစ်သူ၏ မျက်ဝန်းထဲမှ ဆွေးဆွေးမြေ့မြေ့အရိပ်အယောင်ကြောင့် စိတ်ထဲလေးလေးပင်ပင်ဖြစ်စေသည်

" အဲ့တာကြောင့် မင်းမျက်နှာက ရင်းနှီးသလို
ဖြစ်နေတာ
အပြုအမူတွေအတွက် အန်တီတောင်းပန်ပါတယ် "

တုန်ယင်နေပြီဖြစ်တဲ့ Mrs . Kim ၏ အသံတွေနဲ့ မျက်ဝန်းထဲမှ မျက်ရည်တစ်ချို့ကြောင့် ပူဆွေးမှုနှုင့်ဝမ်းသာမှုတစ်ပြိုင်ထဲဖြစ်နေကြောင်းသိသာလွန်းသည်

TV ကြည့်နေတဲ့ Mr. Kim မှ မနေသာပဲ လက်ရှိအခြေအနေကို ဝင်ရောက်ကိုင်တွယ်ပေးသည်

" ထယ်ယောင်း...  သားလေး.......
မင်းအမေကို
အခန်းထဲလိုက်ပု့ိပေးလိုက်တော့
သူအနားယူဖို့လိုအပ်နေပြီ
Jung Kook ဦးနဲ့စကားခနပြောရအောင်ကွာ"

Mr.Kim ရဲ့ ဖိတ်ခေါ်ချက်အရ အရိုအသေပေးကာ ခုံတွင် ဝင်ထိုင်မိသည်

" ဦးမိန်းမ အပြုအမူတွေအတွက် တောင်းပန်ပါတယ်
Taehyung ပြောထားပြီးသားလာတော့ မသိပေမယ့်
ဦးတို့မှာ Kim Taehyung အပြင်
Kim Ji Hyung ဆိုတဲ့
သားငယ်လေးတစ်ယောက်ရှိခဲ့ဖူးတယ်
သူ့ပုံစံက မင်းနဲ့ ခပ်ဆင်ဆင်ရယ်
ထောင့်မကျိုးတဲ့ ပုံစံလေးပေါ့ "

လူကြီးသူမဖြစ်ပေမယ့် အနေရခက်မှာစိုးလို့ ဦးစွာတောင်းပန်ပြီး စကားကို ပေါ့ပေါ့ပါးပါးသာ ပြောတတ်တဲ့ Kim Family ဟာ တကယ် နွေးထွေးမှု အပြည့်ရှိနေပါသည်

" တစ်နေ့တော့ ကံမကောင်းစွာနဲ့ပဲ
ဆုံးပါးသွားခဲ့တယ်လေ
အခု မင်းကို တွေ့လိုက်ရတော့
သူရင်ထဲ တစ်မျိုးတစ်ဖုံ ခံစားသွားရတယ် ထင်ရဲ့ "

မျက်မှန်ကို ချွတ်ကာ လက်ကိုင်ပုဝါတစ်ထည်ဖြင့် မျက်နှာကို ပွတ်သပ်ရင်း ပြောလာတဲ့ 
Mr.Kim ရဲ့ စကားလုံးတွေကြားမှာ ဂျောင်ကု၏ နောင်တရမှုတွေက ကပ်ပါနေလေမလား

သေချာသည်ကတော့ Kim Ji Hyung ဆိုသည့် Kim Family ရဲ့ အချစ်ခံလေးအတွက်

မြတ်နိုးတန်ဖိုးထားရလွန်းတဲ့ Kim Taehyung အတွက်

ပူဆွေးသောကရောက်ခဲ့ရတဲ့ မိဘနှစ်ပါးအတွက် 

အတိတ်က မှားခဲ့ဖူးတဲ့ နောင်တရစရာအမှားတစ်ခုကို
ကာယကံရှင်တွေ နစ်နာသူတွေ လက်မခံသည် ဖြစ်စေ လက်ခံသည် ဖြစ်စေ ကျနော့်ရဲ ့ ရူးမိုက်မှု​တွေအတွက် အဆုံးစွန်ထိ ပေးဆပ်သွားမည်

..............................

.................

The First Studying Night;

" ဒါက ပုံသေနည်းနဲ့ တွက်ရမှာလေ
ဒီတိုင်း အဖြေရှာထားတာလား "

စကားမဆုံးသေးခင်မှာပဲ ထယ်ယောင်း၏ လက်ဟာ
ဂျောင်ကုခေါင်းပေါ် ရောက်နှင့်ပြီးသား ဖြစ်သည် ။

ရေဆာ၍အောက်ထပ်ခနဆင်းသွားသည့်အချိန်မှာပဲ
ပုစ ၦာတွေကို တစ်လွဲလုပ်ထားသည့် ဂျောင်ကုကြောင့် ဒေါသထွက်နေရပြန်သည်

" သားရေ ~ ထယ်ယောင်း
၉ နာရီထိုးနေပြီ နော်  "

အဖေက အခန်းအပြင်မှ အချိန်လင့်နေပြီဖြစ်ကြောင်း သတိပေးလာတယိ
စာအုပ်ပုံကြားနစ်ဝင်နေတဲ့ ယုန်ဗလကြီးဟာလည်း ကလေးမျက်နှာလေးနဲ့ ပြန်မော့ကြည့်နေပြန်တယ်

" hyg က ပြန်ခိုင်းရင် ပြန်မယ်
ဒါမှမဟုတ်
ဒီမှာ ပဲ စာဆက်လုပ်ဆို လုပ်မယ် "

" မင်းရူးနေတာလား ဒါမှမဟုတ်
ဘယ်အမှိုက်ပုံမှာ နေဖို့ စိတ်ကူးထားတာလဲ "

ရုတ်တရပ်ကြီးပြောချလာတဲ့ စကားဟာ
ဟိုးတစ်လောက တိုက်ခန်းရောင်းပစ်လိုက်ပြီဟူသော  ကြောင့် ဖြစ်မည်

" အာ....ဟို...အဆောင်မှာနေ ပါတယ်
ဒါပေမယ့်... "

စားပွဲသေးသေးလေးပေါ်မှာ ပွရှုပ်နေတဲ့ စာအုပ်အချို့ကို သေသေပ်သပ်ပြင်ဆင်ရင်း မှ

" အေးလေ မင်းတိုက်ခန်းကလည်း ရောင်းပြီးပြီဆို
အဆောင်တွေက ၆ နာရီဆို တံခါးပိတ်တာလေ
အဲ့တာကိုမင်းက အခုပြန်တော့ ဘယ်ချောင်တိုးပြီး
အိပ်ချင်လို့လဲ "

စိုးရိမ်ပူပန် စိတ် ကို ဖုံးဖိကာ ပြောလာတဲ့ အကိုပေါက်စလေးဟာ အသည်းယားစရာ အတိ ဖြင့်

အခုရက်ပိုင်းအတွင်း စိတ်ချမ်းသာတယ်ထင်ရဲ့
ခပ်ပြည့်ပြည့်ပါးလေးတွေ ကိုက်ဖောက်ပစ်လိုက်လျှင်
ဂျယ်လီလိုမျိုး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားလေမလား

" ထ လေ !! "

ကိုယ့်အတွေးနဲ့ကိုယ် သဘောကျနေရင်း
ထယ်ယောင်းပြောသည့် စကားများ တစ်ခွန်းမှ မကြားလိုက်ပေ

အကို​ပေါက်စလေးဟာ အခန်းတစ်ခုရှေ့သို့ ခေါ်ဆောင်လာလေသည်
ထိုအခန်းဟာ စောနက စာသင်​နေသည့် ထယ်ယောင်းကိုယ်ပိုင်အခန်းလေးနှင့် ဘေးချင်းကပ်ရပ်အခန်းပင်ဖြစ်သည်

သာမာန်လူလတ်တန်းစား ရပ်ကွက်နေအိမ်ဖြစ်လို့ အရမ်းကြီး မခမ်းနားပေမယ့်
သူ့အခန်းနှင့်သူ သူ့ပစ္စည်းနှင့်သူ အရာအားလုံး က အရမ်း စည်းစနစ်ကျလွန်းသည်

မိုးပြာရောင်အခန်းတံခါးလေးကို ခတ်ထားသည့် သော့ခလောက်လေးကို ဖွင့်ရင်းမှ အခန်းအတွင်း သို့ ထယ်ယောင်းဟာ ဦးဆောင် ဝင်သွားလေသည်

ဘယ်သူ့အခန်းလည်းဟု မေးစရာမလိုအောင် ခုံလေးတစ်လုံးပေါ်တွင် ကောင်လေးတစ်ယောက်၏ ပုံဟာ တင့်တယ်စွာ ရှိနေပြန်သည်

" Ji Hyung
မင်းသူငယ်ချင်းလေးကို ဒီအခန်းမှာ ခန ပေးအိပ်မယ်နော် "

အခန်း၏မူလပိုင်ရှင်ဖြစ်တဲ့ Jihyungအားခွင့်တောင်းပြီး ကျနော့်အား ဒီအခန်းတွင် အိပ်စေရန်ပြောလာသည်

" တစ်ခြား မဆိုင်တဲ့ ဘာပစ္စည်းကိုမှ မကိုင်နဲ့
ထိလည်း မထိနဲ့
အိပ်တဲ့ အချိန်ကလွဲရင် အပြင်မှာပဲနေ "

"ဟုတ်ကဲ့
ကျနော်က hyg နဲ့ အတူတူအိပ်ရမယ်ထင်တာ "

စပ်ဖြဲဖြဲမျက်နှာဖြင့် ဂျောင်ကုပြောလာတဲ့စကားတွေကြောင့်
ကျောရိုးထဲအထိ စိမ့်ခနဲ
ဘောင်းဘီတို ဝတ်ပြီး ကုတင်ပေါ်မှာ ထိုင်နေတာကြောင့်
ပေါ်နေတဲ့ ပေါင်သားခပ်ဖွေးဖွေးကို ဆွဲစိတ်လိုက်သည်

" အာ့... hyg! "

ဘောင်းဘီတိုကို အနည်းငယ် ဆွဲတင်လိုက်ကာ ဆွဲစိတ်ခံလိုက်သည့် နေရာကို အကဲပိုကာ ဟန်လုပ်ရင်း ပြူးပြဲ ကြည့်နေတော့ ကျနော်ပါ ရောယောင်ပြီး ကြည့်လိုက်မိသည်

မြင်လိုက်ရသည်က ပေါင်တံဖြူဖြူပေါ်မှာ ဓားသွားဒဏ်ရာတွေ က နည်းနည်းနောနော မဟုတ်ပေ

တစ်ချို့ ဒဏ်ရာတွေက အမာရွတ်ဖြစ်နေပြီဆိုပေမယ့်
တစ်ချို့ကတော့ နီရဲကာသွေးစတို့ပင် စွန်းပေနေတုန်းပင်

"Jung Kook !
မင်း ပေါင်က ဘာဖြစ်တာလဲ "

ချက်ချင်းဆိုသလို မတ်တပ်ရပ်ကာ မလုံမလဲ ဖုံးဖိနေတဲ့ Jung Kook ပုံစံက ကို့ရို့ကားယား

" ဟို... ဘာ..ဘာမှမဖြစ်ပါဘူး.....
မနက် ကျောင်းသွားရမယ်မဟုတ်လား
Hyg သွား ...သွား..အိပ်တော့လေ "

မျက်လုံးတွေကလည်း ဟိုကြည့် ဒီကြည့် ဖြင့် ဂဏာမငြိမ်
စကားလုံး​တွေဟာလည်း အထစ်အထစ်အငေါ့ငေါ့ဖြင့် ဟန်မဆောင်တတ်လွန်းတဲ့ကောင်လေး၏ပါးနှစ်ဖက်ကို လက်ဖြင့် ထိန်းကိုင်ရင်း

" Jung Kook!
ငါ့မျက်လုံးတွေကိုကြည့်ပြီးပြော
ဘာဖြစ်ခဲ့တာလည်း "

" ကျနော့်ဘာသာ လုပ်ထားတာ
Hyg ကို တွေ့လိုက်တိုင်း ကိုယ့်ကိုကိ်ုယ် ထိန်းလို့မရမှာစိုးလို့
တကယ်လည်း ထိန်းချုပ်ရခက်လို့
ဒီလိုနည်းလမ်းက အကောင်းဆုံးပဲ
ဟိုမိုးရွာတဲ့နေ့တုန်းကလိုမျိုး hyg ဆီက အမုန်းတွေ
နောက် ဘယ်တော့မှ လက်မခံချင်ဘူး "

အလိမ်အညာ မပါဘဲ ပြောထွက်လာတဲ့ ကောင်လေး၏ စကားလုံးတွေက ကျနော့်ကို ဆွံ ့အ စေခဲ့သည်
ကျ​နော့်ပြောစကားကို နား​ထောင်ပြီး ကြိုးစားပြုပြင်ခဲ့သလို ကတိလည်း တည်ခဲ့သည် မဟုတ်လား

" ငါ အိပ်ချင်နေပြီ
မီးဖွင့်ထားပေးခဲ့မယ် "

လက်ရှိအခြေအနေကို ရင်ဆိုင်ဖို့ သတိ္တ မရှိသေးတာကြောင့်
စကားလမ်းကြောင်းပြောင်းကာ ထိုအခန်းထဲမှ ထွက်လာမိသည်

ဒီနေ့ ကျနော်ရှေ့မှာ ရပ်နေခဲ့တဲ့ ကောင်လေးဟာ
လွန်ခဲ့တဲ့ လပိုင်းအချို့က မျက်စိဆံပင်မွှေးစူးတာထက်
ရွံမုန်းစရာပင် ကောင်းလွန်းနေတဲ့ ကောင်လေး Justin ပါလို့ ပြောရမည်ကို အံ ့အားသင့်စေခဲ့ပြီ

........................................

အတိတ်က လုပ်ရပ် တစ်ချို့ကြောင့် ကိုယ်ကိုကိုယ် သတ်ပစ်ချင်လောက်သည်အထိ ထယ်ယောင်းကို ချစ်ပါသည်

ဘယ်လိုအခြေအနေမျိုးမှာမဆို သူပြုံးရီနေရင် ကျနော်ကိုယ်တိုင်ကပါ အလိုလိုပြုံးရီပေးနိုင်သည်

သူဝမ်းနည်းနေလျှင်လည်း ကျနော့်ရင်ထဲ အသည်းထဲ ထိ တိုင်အောင် နာကျင်မှုမျိုးကို ထပ်တူ ခံစားရပြန်သည်

တစ်ခါတစ်လေမှာ ကျနော်တို့ အားလုံးက ချစ်ခြင်းတရား ကို နားလည်သလိုဟန်ဆောင်တတ်ကြပေမယ့်
တစ်စုံတစ်ဦးကမျှ ထို အတိမ်အနက်ကို တိတိကျကျ ပြောဆိုခြင်း မရှိသေးပေ

ကျနော့်အတွက် အချစ်ဆိုတဲ့အရာကို လိုရင်းတိုရင်းပြောရမယ်ဆိုရင် တစ်ဦးထဲသော  ကင်မ်ထယ်ယောင်းပါပဲ

Note ; Once in a lifetime, you meet someone who changes everything.

..........................

ထိုကောင်စုတ်လေးကို စာသင်ပေးဖြစ်တာ ဒီနေ့နဲ့ဆိုရင်
လေးရက်မြောက်ခဲ့ပြီ

စာမေးပွဲ မဖြေခင်ကာလအတွင်း ကျနော့်အိမ်မှာပဲ ခေါ်တင်ထားလိုက်သည် လစာနဲ့ ခေါ်တင်ထားခြင်းသာ
ကျောင်းစာကိုသာ အာရုံစိုက်နေသည့််ချိန်ကြောင့် ဂျောင်ကု၏ လစာပေးခြင်းစနစ်က အိမ်အလုပ်တာဝန်ကို ဝိုင်းကူလုပ်ခြင်း

သို့ပေမယ့်
လေးရက်အတွင်းမှာပဲ မယုံကြည်နိုင်လောက်အောင် လိမ္မာအပိုးကျိုးနေတဲ့ ကောင်လေးဟာ
Appa နဲ့ရော Omma နဲ့ပါ ရင်းနီးမှု ရနေလို့
မိဘနှစ်ပါးကပင် သားအရင်းဖြစ်တဲ့ ကျနော့်ကို မေ့နေပြီဖြစ်သည်

" သားလေး Jung
ထယ်ယောင်းနဲ့ အဆင်ပြေရဲ့လား
သူ အနိုင်ကျင့်ရင် အန်တီတို့ကို ပြောလို့ရတယ်နော်  "

"ဟုတ်ကဲ့ အဆင်ပြေပါတယ် "

ကျောင်းက ပြန်ရောက်ရောက်ချင်း နှုတ်ဆက်နေကျ အမေကိုပင် လုယူခံလိုက်သလို
ခံစားချက်ကြီးက မနာလိုစရာကောင်းလိုက်တာ

" ထယ်ယောင်း..... အဖေ့ကို
ရေတစ်ခွက်လောက်ယူပေးစမ်းပါ
ပြီးရင် မီးဖိုချောင်ကို နည်းနည်းရှင်းထား
ထမင်းစားကြမယ်"

နေပါဦး မီးဖိုချောင်ရှင်းလင်းတာက ဂျောင်ကုအလုပ်မဟုတ်ဘူးလား
ဘာလို့ ကျနော့်ကိုလည်း..... ?

" Jung Kook မင်းသွားရှင်းလိုက် "

" အာ..မရဘူး..
ဂျောင်ကုကို အမေ ခေါ်သွားစရာရှိနေလို့ "

" ......အား......
လောကကြီးက မတရားလိုက်တာ "

အဖေနဲ့အမေကြားမှာ ထိုင်နေတဲ့ ယုန် မုန်လာဥရသလို မျက်နှာပေးနဲ့ ကောင်ကို မကျေနပ်စွာ အော်ဟစ်ငြီးငြူးရင်းမှ
အချစ်တော်လေး Tannie ကို ပွေ့ချီကာ ထိုရှေ့က ထွက်လာလိုက်သည်

..........................

ညနေက အိမ်ပြန်ရောက်ရောက်ချင်း အမေ နဲ့ အဖေက ကျနော့်ကို မျက်နှာသာ ပိုပေးလို့ ဒေါသထွက်ကာ ဆူဆောင့်နေတဲ့ အကိုပေါက်စလေးက ပြန်ရောက်ကထဲ အခန်းထဲ ​အောင်းကာ ထမင်းလည်း ဆင်းမစားပေ

ဒီနေ့မှ ဖြစ်တဲ့ ပြသနာ ဆိုပေမယ့် လွန်ခဲ့တဲ့ လေးရက်လောက်ထဲက တင်းမာမှုက စတင်ခဲ့ခြင်းဖြစ်သည်

စာသင်ချိန်ရောက်လာလို့ အခြေအနေ ကြည့်ကာ
တံခါးသွားခေါက်တော့ အသာတကြည် ဖွင့်ပေးပါသည်

စားပွဲအသေးလေးမှာ ဝင်ထိုင်ရင်း အကဲခတ်မိတော့
ငိုထားသည်ထင်ရဲ့ နှာခေါင်းထိပ်လေးက နီရဲကာ မျက်တောင်တွေဟာလည်း အနည်းငယ် စိုစွတ်သယောင်ရှိနေလေရဲ့

ငါးနှစ်သားကလေးမုန့်မစားရလို့ တရံှု့ရှုံ့ ငိုနေသည့် ပုံနှင့် တူလှသည့် အကိုပေါက်စလေးကြောင့် ရီချင်စိတ်က ထိန်းမရ

ခွီးခနဲ ထရီမိတော့ အသံစွာစွာလေးနှင့် လှမ်း ဟောက် သည်

" ဘာရီတာလည်း "

အကိုပေါက်စလေးဟာ တစ်ခြားနေရာတွေမှာ ကျနော်တို့တွေထက် အများကြီး ရင့်ကျက်ပေမယ့်
ချစ်ခြင်းမေတ္တာများနှင့် ပြည့်ဝနေသည့်  မိသားစုလေးမှာတော့ အခုချိန်ထိ ကလေးဆန်တုန်းပင်
ကင်မ်ထယ်ယောင်းဖြစ်နေသည့်အတွက်  ဒါကလည်းတစ်မျိုးတစ်ဖုံ ချစ်စရာကောင်းနေတာပါပဲ

ခေါင်းကို အောက်စိုက်ထားကာ သူ့စာ သူ ဖတ်နေသည့် ထယ်ယောင်းကြောင့် ကျနော်လည်း ရီချင်နေတဲ့ မျက်နှာပိုးကို သတ်ကာ ဘာစကားမှ မ ဟ ရဲတော့ပဲ  မနေ့က ပုဒ်စာတွေသာ ကျိတ်လုပ်နေမိသည်

တစ်ချက် တစ်ချက် မသိမသာဖြင့် သူ့မျက်နှာ လှလှလေးအား ခစားမိတော့
မျက်ရည်ပေါက်လေးတွေဟာ
ဖြောင့်စင်းနေတဲ့ နှာတံမှ တစ်ဆင့်  တစ်စက် တစ်စက်ဖြင့် စာအုပ်ပေါ်ကို ကျရောက်လို့နေလေရဲ့

ငြိမ်သက်နေရာမှ ရုတ်တရပ် ထငိုလိုက်တဲ့ ထယ်ယောင်းကြောင့် လန့်တော့ လန့်သွားသည်
ဒီလို ဝမ်းနည်းမှုမျိုးကို ထယ်ယောင်းဆီမှာ မတွေ့ရတာ ကြာခဲ့ပြီလေ

" အီး...ဟီး...ဟီး...
....ခွေးကောင်ကြီး....
ငါ့အိမ်မှာလည်း လာနေသေးတယ်
ငါ့မိဘတွေကိုလည်း လုသွားသေးတယ်"

ထယ်ယောင်းမိဘတွေနဲ့ ကျနော့်ကြားမှာ အမှန်တကယ်လည်း အကြောင်းအရာတစ်ချို့ရှိနေပါသေးသည်

ကံပဲကောင်းတယ်လို့ ပြောရမလား ယောက္ခမ ယောက္ခထီးကပဲ မြင်မြင်ချင်း သဘောတူနေတယ် ပြောရမလား
ထယ်ယောင်းအိမ်မှာ နေဖြစ်သွားတဲ့ အတောအတွင်း
ကျနော်တု့ိနှစ်ယောက်ရဲ့ ပတ်သက်မှု အခြေအနေ က စောင့်ကြည့်ခံဘဝထဲ ရောက်ရှိသွားသည်

လွန်ခဲ့တဲ့ရက်က သူ့မိဘတွေနဲ့  စကားပြောဖြစ်တော့
အခုထိ ထယ်ယောင်းက ကျနော့်ကို လက်မခံနိုင်သေးကြောင်းပါ ပြောပြပြီး သူ လက်ခံလျှင် တစ်ခါထဲ မင်္ဂလာပါ ဆောင် မည် ဖြစ်ကြောင်း ခပ်မြန်မြန်ဘဲ တောင်းရမ်းခဲ့သည်

ဘဝင်လေဟပ်ရင်း ပြောရရင်တော့ ထယ်ယောင်းကို အချစ်ကြီးလွန်းပြီး ကလေးတစ်ယောက်လို ပြုမူနေကာ jihyung နဲ့ ခပ်ဆင်ဆင်ဖြစ်နေတဲ့ သားမက်လေး ကျနော့် ကို သူ့မိဘတွေက အစောကြီးကထဲ သဘောတူပြီးသားပင်

အချိန်တိုတွင်းမှာ ပိုင်ဆိုင်ခွင့်ရတော့မှာ သေချာနေပြီမို့
အလွယ်လေး လို့ ထင်နေတယ်မဟုတ်လား
.....နိုး ပါ....
သူ့မိဘတွေရဲ့ စကားလုံးတစ်ချို့က လွယ်သယောင်နဲ့ ခက်ခဲနေကြောင်းကို ဖော်ပြနေပြန်တယ်

မင်းဘယ်သူဖြစ်တယ် ဘယ်သူဖြစ်ခဲ့ဖူးတယ်ဆိုတာက
အရေးမကြီးပါဘူး
မင်းသူ့ကို ဘယ်လောက်ထိ ဆက်ချစ်နိုင်မယ်
ဘယ်လောက်ထိ စိတ်ချမ်းသာအောင် ထားနိုင်မယ်
ဆိုတာကပဲ အရေးကြီးတယ်

လောလောဆယ် ကျနော့်ကို အပြည့်အဝ လက်မခံနိုင်သေးတဲ့ အကိုပေါက်စလေးကြောင့် သူ့ကို တစ်ဘဝလုံးစာ ပိုင်ဆိုင်ရဖို့ အရေးမှာတော့ သူက တကယ့်ကို အခက်လေး ပင်

ထိုကိစ္စကို ထယ်ယောင်းအား မသိစေချင်သေးတာကြောင့် သူ့ကို ပထုတ်ကာ ဖုံးကွယ်နေခြင်းဖြစ်သည်

ဒါကို ထယ်ယောင်းက အမြင်စောင်းနေတာ ဖြစ်မည်

သို့သော် အဖြစ်မှန်ကို သိလျှင် မိုးမီးလောင်သည်ထက်ပင်ဆိုးဝါးသွားနိုင်သည်

" hyg.. မငိုပါနဲ့
Hyg စိတ်ဆိုး စိတ်ကောက်တာလေးက ချစ်ဖို့ကောင်းလို့
ဒီလိုလုပ်မိတာပါ
Hyg ဆီက မိဘ​တွေကို
လုယူတာမျိုးလည်း မဟုတ်ပါဘူး "

" ဘာမှ လာမပြောနဲ့
...အကျင့်မကောင်းတဲ့ကောင်ကြီး..."

ပွေ ့ဖက်ပြီး နှစ်သိမ့်ပေးမည်ဟုတွေးလိုက်သော်လည်း
အတွေးတွေကိုပါ အပိုင်စားရထားသည့် ထယ်ယောင်းဆီမှ
"အသားကို လာထိဖို့တောင် မစဉ်းစား နဲ့ " ဟု အဖြေ တစ်ခုသာ ပြန်ရလိုက်ခဲ့သည်

သူ့အမိန့် သူ့အာဏာသာ တည်တံ ့စေသော် ဟူသည့် စကားအတိုင်း တစ်ခွန်းမှ ထပ်မပြောတော့ပဲ
ပုဒ်စာတွေဆီသာ စိတ်နှစ်ထားလိုက်သည်

အချိန်တစ်ခုကြာတဲ့အခါဘာသံမှ မကြားမိတော့လို့ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ထယ်ယောင်းကို ခိုးကြည့်မိတော့
စားပွဲခုံပေါ် မှောက်ကာ အိပ်ပျော်နေလေရဲ့
ဝမ်းနည်းစိတ်နဲ့ ကျိတ်ငိုရတာ ပင်ပန်းလွန်းလှပါတယ်လေ

9 နာရီထိုးတဲ့အခါ အခွင့်ကောင်းယူပြီး အခန်းကိုပင် ပြန်မအိပ်တော့ပဲ စားပွဲခုံပေါ်ကို ထယ်ယောင်းနည်းတူ ခေါင်းမှောက်ချကာ အိပ်စက်ခဲ့တယ်

မအိပ်စက်ခင် စတွေ ့ကထဲက ကြည့်မရ ပြီး hyg အမြဲလိုလို ပွေ့ဖက်နမ်းရှုံ့နေတဲ့ ဟိုဖင်မဲကောင်သေးသေးလေးကိုတော့
အခန်းပြင် မောင်းထုတ်ဖို့ သတိရလိုက်ပါသေးသည်

Hyg နဲ့ အတူတူ ရှိခွင့်ရတဲ့ အခိုက်တန့်လေးက မြင်ရသူတိုင်းအားကျရတဲ့အထိ Romantic မဆန်ခဲ့ပေမယ့်
ကျနော့်အတွက်ကတော့ အချိန်ယန္တရားကြီးကို တစ်သက်လုံးအတွက် ထိုအချိန်လေးမှာပဲ ရပ်တန့်ပစ်ချင်လောက်တဲ့အထိ တန်ဖိုးကြီးမားခဲ့ပါတယ်

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

▪▪▪▪▪▪▪▪▪▪▪▪▪

"ဖေကြီးရေ လာကြည့်ပါဦး
သားလေးတို့နှစ်ယောက်က
မလိုက်ဖက်လွန်းဘူးလား..ဟင် "

"ဒါပေါ့ မေကြီးရေ "

ထိုသူနှစ်ဦး စိတ်ဝင်စားနေတဲ့ အခန်းတွင်းမှ ကြည်နူးစရာမြင်ကွင်းလေးမှာ
စားပွဲဝိုင်း အသေးလေးပေါ်တွင် ခေါင်းချင်းဆိုင်ကာ အိပ်ပျော်နေခဲ့တဲ့ ကောင်ငယ်လေးနှစ်ယောက်
လေဟာနယ်ပင်တိုးဝင်လို့မရတော့သည်အထိ လက်နှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်က
ယနေ့အတွက် အလှဆုံးသော မြင်ကွင်းတစ်ခုဟုသာ တင်စားခေါ်ဝေါ်တော့မည်

To Be Continued..............

MEOW

// wifi လည်း မရတာနဲ့
ရတုန်း​လေး အခု စုပြုံ Up ပေးလိုက်ပါပြီ //

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

........... Uni code .......

Continue Reading

You'll Also Like

1M 38.3K 90
๐—Ÿ๐—ผ๐˜ƒ๐—ถ๐—ป๐—ด ๐—ต๐—ฒ๐—ฟ ๐˜„๐—ฎ๐˜€ ๐—น๐—ถ๐—ธ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๐—ณ๐—ถ๐—ฟ๐—ฒ, ๐—น๐˜‚๐—ฐ๐—ธ๐—ถ๐—น๐˜† ๐—ณ๐—ผ๐—ฟ ๐—ต๐—ฒ๐—ฟ, ๐—”๐—ป๐˜๐—ฎ๐—ฟ๐—ฒ๐˜€ ๐—น๐—ผ๐˜ƒ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๏ฟฝ...
42.7K 2.3K 27
Taekook ,yoonmin, namjin ,j-hope& ARMY
310K 19.5K 50
Vkook Yoonmin Namjin Toptae Bottomkook Unicode & Zawgyi Start-2020 October [4] End-2021 January [9]
1M 18.7K 43
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...