{Zawgyi}
“သခင္ေလးေမာ့ နင္က တကယ္ပဲဒီမွာကိုး!” ႏုႏုနယ္နယ္မရင္းႏွီးလွတဲ့မိန္းကေလးတစ္ေယာက္ရဲ႕အသံက ေမာ့က်ဴးခ်န္ကို ၾကားဝင္ျဖတ္လာတယ္။
အသံဆုံးသြားတာနဲ႔ ခုနကေလးတင္ ျဖတ္သြားျဖတ္လာတစ္ေယာက္မွ မရွိတဲ့လမ္းၾကားေလးထဲကို ႐ုတ္တရက္ဆိုသလို လူေပါင္းမ်ားစြာ ေလွ်ာက္လာၾကတယ္။ ထိုလူေတြထဲမွာ ေက်ာင္းဝတ္စုံနဲ႔ ခပ္ေခ်ာေခ်ာေကာင္မေလးလည္းပါတယ္။
သူမမွာ ထူထဲေျဖာင့္စင္းကာ နက္ေမွာင္ေနတဲ့ဆံႏြယ္ေတြရွိၿပီး သူမခါးေလာက္ထိ စင္းက်ေနတယ္။ မ်က္ႏွာက်ေလးကလည္း ႏွစ္လိုဖြယ္ေကာင္းကာ မ်က္ႏွာေသးေသးေလးက လက္ဖဝါးႀကီးတစ္ခုစာေလာက္ပဲရွိတယ္။ လူေတြတစ္ခ်က္ၾကည့္လိုက္႐ုံနဲ႔တင္ စပ်စ္သီးလိုမ်က္လုံးဝိုင္းနက္နက္ႀကီးေတြကို ေသခ်ာေပါက္ သတိျပဳမိၾကလိမ့္မယ္။
လင္ရွန္း ထိုခပ္ေခ်ာေခ်ာေကာင္မေလးကို ၾကည့္ေနတုန္း စိတ္ထဲမွာ သူ႔အလိုလိုတစ္ဖက္လူရဲ႕နာမည္ထြက္ေပၚလာတယ္။ ရွင္းဆန္းအထက္တန္းေက်ာင္း စီနီယာတတိယႏွစ္ လက္ေ႐ြးစင္အတန္းကေက်ာင္းသူ လုေျမာင္ေျမာင္။ အေကာင္းဆုံးအမွတ္ေတြနဲ႔ ေက်ာင္းရဲ႕ပန္းကေလး။ သူမက ရႈေထာင့္ေပါင္းစုံကေနကို ၿပီးျပည့္စုံေနတဲ့ ေကာင္မေလးျဖစ္တယ္။
သို႔ေပမယ့္ ၀တၳဳထဲမွာေတာ့ သူမက သူမရဲ႕မိန္းကေလးၿပိဳင္ဘက္ စုတ်န္းတ်န္းကို အတင္းအက်ပ္နမ္းဖို႔ လင္ရွန္းကို ၫႊန္ၾကားခဲ့တဲ့တစ္ေယာက္လည္း ျဖစ္တယ္။
အခုေျပာလိုက္တာက လုေျမာင္ေျမာင္မဟုတ္ဘဲ သူမေဘးက ေနာက္ထပ္လွတပတေကာင္မေလး လင္းဝမ္နင္ျဖစ္တယ္။ သူမမ်က္လုံးေတြက ျပဴးက်ယ္ေနၿပီး သူတို႔ကို အျပစ္ကင္းတဲ့ကေလးလိုဟန္ေလးနဲ႔ ၾကည့္ေနတယ္ “နင့္ကားက ေက်ာင္းထဲမွာ ပါကင္ထိုးထားတုန္းဆိုတာကို ငါေတြ႕ခဲ့ေသးတယ္ေလ၊ အဲ့တာေၾကာင့္မို႔လို႔ နင္ အိမ္ျပန္မေရာက္ေလာက္ေသးဘူးဆိုတာ သိေနတာ”
လင္းဝမ္နင္ရဲ႕ႏႈတ္ခမ္းေထာင့္ေတြ ေကာ့တက္သြားၿပီး ၿပီးျပည့္စုံတဲ့အၿပဳံးေလးတစ္ခု ျဖစ္ေပၚလာကာ ေမာ့က်ဴးခ်န္ကို ခ်ိဳခ်ိဳသာသာအမူအယာနဲ႔ “ေျမာင္ေျမာင္နဲ႔ငါက နင့္ကိုေစာင့္ေနၾကတာ” သူမ ရပ္ၿပီး ထပ္ေျပာလိုက္တယ္ “နင္ေမ့ေနတာလည္း ျဖစ္ႏိုင္တယ္၊ ဒါေပမယ့္ ဒီေန႔က ေျမာင္ေျမာင့္ရဲ႕ေမြးေန႔၊ နင့္ကိုလည္း ဖိတ္ထားၿပီးသား…”
“ငါသြားမယ္လို႔ ကတိေပးခဲ့လား?” ေမာ့က်ဴးခ်န္ ခပ္မတ္မတ္ရပ္လိုက္တယ္။ နံရံေပၚမွာ ေထာက္ထားတဲ့လက္ကို ျပန္႐ုတ္ၿပီး ေက်ာင္းလြယ္အိတ္ႀကိဳးကို လက္တစ္ဖက္နဲ႔ ဆြဲထားလိုက္တယ္။ သူ႔ကိုယ္ကို လွည့္ကာ လမ္းၾကားဝင္ေပါက္မွာ ပိတ္ေနၾကတဲ့ ေယာက်ာ္းေလးမိန္းကေလးေတြကို အလ်င္အျမန္ေဝ့ဝဲၾကည့္ကာ “ဒီည ငါသခ်ၤာသီးသန႔္ေလ့က်င့္ခန္း လုပ္မလို႔”
႐ုတ္တရက္ဆိုသလို လုေျမာင္ေျမာင္မ်က္လုံးထဲမွာ မ်က္ရည္ေတြျပည့္လာကာ နီရဲကုန္ေတာ့တယ္။
လင္ရွန္းရဲ႕ခ်ဥ္းကပ္လာတဲ့ဆင္ေျခက ဆိုး႐ြားလြန္းတယ္လို႔ ေမာ့က်ဴးခ်န္ခံစားရသလိုပဲ… လုေျမာင္ေျမာင္လည္း ေမာ့က်ဴးခ်န္ရဲ႕ဆင္ေျခက တကယ္ႀကီးဆိုး႐ြားလြန္းတယ္လို႔ ေသခ်ာေပါက္ခံစားမိတယ္။
သခ်ၤာသီးသန႔္ေလ့က်င့္ခန္း?! ဒါ ဘယ္လိုဟာသမ်ိဳးလဲ? ေမာ့က်ဴးခ်န္သာ သင္ယူလိုစိတ္ရွိရင္၊ ေလ့လာဖို႔အခ်ိန္ေလးသာထားခဲ့ရင္၊ စာေမးပြဲစာ႐ြက္ထဲမွာ ေမးခြန္းေတြကို ေျဖလိုစိတ္သာရွိခဲ့ရင္… အခုလို Fအခန္းမွာ ေနဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ဘူး။ Fအခန္းမွာ ေနမယ္ဆိုတာကလည္း သူ႔ရဲ႕ေတာင္းဆိုမႈေၾကာင့္ ဆိုေပမယ့္လို႔ေပါ့။
“သြား” ေမာ့က်ဴးခ်န္ လင္ရွန္းကို ေမးေငါ့ျပလိုက္တယ္။ ထို႔ေနာက္ လုေျမာင္ေျမာင္ကို တစ္ခ်က္ေလးေတာင္မၾကည့္ဘဲ လမ္းၾကားထဲက ထြက္သြားေတာ့တယ္။
လင္ရွန္း လုေျမာင္ေျမာင္ကို ၾကည့္လိုက္တယ္။ သူ႔စိတ္ထဲမွာ တစ္ညေနခင္းလုံး ေထြျပားေနၿပီး အခုမွသာ နည္းနည္းစိတ္ၿငိမ္လာတာျဖစ္တယ္။ သူေမာ့က်ဴးခ်န္ေနာက္က လိုက္လာကာ ျမန္ျမန္ေလးေလွ်ာက္လိုက္တယ္။
တစ္ဖက္လူျဖစ္ကတတ္ဆန္း ပါကင္ထိုးထားတဲ့ Rolls-Royce Phantomကားက ေက်ာင္းထဲမွာရွိေနတုန္းပဲ။
ဒါေပမယ့္ သူတို႔ေတြ ေက်ာင္းထဲကို ျပန္မသြားဘဲ လင္ရွန္းတစ္ႀကိမ္ေရာက္ဖူးတဲ့ တိုက္ခန္းဆီကိုပဲ တန္းလာလိုက္ၾကတယ္။
လင္ရွန္း တံခါးဖြင့္ကာ ဝင္တဲ့အထိေတာင္ သတိမရခဲ့ဘူး “စုတ်န္းတ်န္းေရာ? ငါတို႔ေတြ သူ႔ကိုေခၚဖို႔ ေမ့သြားၾကတာလား?!”
ေမာ့က်ဴးခ်န္ တံခါးကို ‘ဘန္း’ခနဲ ပိတ္လိုက္တယ္။
သူ႔လက္ကိုဆန႔္ကာ လင္ရွန္းလက္ေမာင္းကို ဆြဲလိုက္တယ္။ ဒါက သူ႔ရဲ႕ေနရာ တစ္ေယာက္မွ လာမရႈပ္ႏိုင္ေတာ့ဘူး။ သူမ်က္ႏွာေျပာင္တိုက္ၿပီး သူလုပ္ခ်င္တဲ့ဟာကို ဆက္လုပ္လို႔ရၿပီ။
“ေနအုံး” ေမာ့က်ဴးခ်န္ သူ႔ကို႐ုတ္တရက္ႀကီး လာကိုင္တာနဲ႔ လင္ရွန္းေျပာလိုက္တယ္။ ေနာက္ကိုတစ္လွမ္းဆုတ္ကာ တစ္ဖက္လူရဲ႕မ်က္ႏွာကိုၾကည့္ကာ အသက္ျပင္းျပင္းရႈလိုက္တယ္ “ေဆာတီးကြာ” လင္ရွန္းက အရင္ဦးေအာင္ ေတာင္းပန္လိုက္တယ္ “ခုနက ငါေတာင္းဆိုတာ အရမ္းမ်ားသြားတယ္”
သူမဲ့႐ြဲ႕ၿပီး ၿပဳံးျပမိတယ္။ ေန႔လည္တုန္းက ေငြလႊဲတဲ့စာေတြကို ျမင္ၿပီးေနာက္ လင္ရွန္း မျဖစ္စဖူးပရမ္းပတာေတြ ျဖစ္ကုန္တယ္။ ဒါမွမဟုတ္ အေစာပိုင္းတုန္းက ဖုန္းထဲကေန လင္ယြမ္ရဲ႕အသံကို ပထမဆုံးအႀကိမ္ ၾကားဖူးလိုက္တာေၾကာင့္လည္း ျဖစ္ႏိုင္တယ္။ လင္ရွန္းစိတ္ေတြ ကေယာင္ေျခာက္ျခားျဖစ္ေနတယ္။
ဘာေၾကာင့္လဲဆိုတာ သူသိေနတယ္။ သူ႔ရဲ႕မသိစိတ္က လင္ယြမ္ကို ယန္ရႈိ႕လို႔ တိတ္တဆိတ္မွတ္ယူေနလို႔ပဲျဖစ္တယ္။
သူတို႔ႏွစ္ေယာက္စလုံးက အရမ္းသိမ္ေမြ႕ၾကတယ္။ သူတို႔ေတြက သူ႔ကို ယုံၾကည္ေပးတယ္၊ ေလးစားေပးတယ္ ၿပီးေတာ့ သူလိုအပ္တဲ့အခ်ိန္မွာ လုံလုံေလာက္ေလာက္ေႏြးေထြးမႈေပးၾကတယ္။ ၿပီးေတာ့ ယန္ရႈိ႕နဲ႔ လင္ယြမ္ရဲ႕စိတ္ေနသေဘာထားက ဆင္တူလွတယ္။ သူတို႔က သန႔္ရွင္း၊ သိမ္ေမြ႕ၿပီး တင့္တယ္ကာ အားလုံးေကာင္းမြန္ေနတဲ့သူေတြ…
အဲ့အခ်ိန္မွာပဲ လုေျမာင္ေျမာင္ေပၚလာတယ္။ အဲ့ေတာ့မွ လင္ရွန္းအျမင္မွန္ရသြားတယ္။ သူ လုေျမာင္ေျမာင္ရဲ႕မ်က္ႏွာလွလွေလးကို ၾကည့္ၿပီး ႐ုတ္တရက္ဆိုသလို အရင္ကမျမင္ဖူးတာကို သတိျပဳမိသြားတယ္။
ငါက ၀တၳဳထဲမွာပဲ! လင္ယြမ္က ဘာမွေျပာတာမွမဟုတ္ဘဲ…
လင္ရွန္း ကိုယ့္ကိုယ္ကို အေတာ္ႀကီးစက္ဆုပ္မိသြားရတယ္!
ေမာ့က်ဴးခ်န္နဲ႔ စုတ်န္းတ်န္းတို႔အတူတြဲမိဖို႔ ဆက္ၿပီး လုပ္ေပးဖို႔လိုတယ္။ တတ္ႏိုင္သမွ် ဇာတ္ကြက္ကို အဆုံးသတ္ေစၿပီး ဇာတ္လမ္းဆုံးသြားတာနဲ႔ ျပန္လို႔ရမလားဆိုတာကို ၾကည့္လိုက္မယ္။ ျပန္မယ္… ယန္ရႈိ႕ကို ေတြ႕ရမယ္။
လင္ရွန္း အသက္ျပင္းျပင္းတစ္ခ်က္ရႈလိုက္တယ္။ ေခါင္းေမာ့ကာ ေမာ့က်ဴးခ်န္ကိုၾကည့္ၿပီး ထပ္ေျပာလိုက္တယ္ “ေတာင္းပန္ပါတယ္” သူအတည္အတံ့ ေတာင္းပန္လိုက္တယ္။ “အခုေတာင္းဆိုလိုက္တာက တကယ္ႀကီးမမွ်တဘူး”
ဒါက ရယ္စရာေကာင္းတယ္လို႔ ထင္မိတယ္။ အဲ့အခ်ိန္တုန္းက သူျပဳစားခံလိုက္ရတဲ့ပုံပဲ။ အဲ့ေငြလႊဲစာေတြေၾကာင့္ စိတ္ေတြေထြျပားသြားတာ။ မ်က္ႏွာေျပာင္တိုက္ၿပီး ေမာ့က်ဴးခ်န္ကိုေတာင္ သက္ကယ္ေကာက္႐ိုးအျဖစ္ သုံးခ်င္လိုက္ေသးတယ္။ သူ႔ဘက္က စာသင္ေပးဖို႔ကမ္းလွမ္းခဲ့ေပမယ့္ တစ္ဖက္လူကို ပိုက္ဆံေတာင္းမိတာ ရွက္ဖို႔ေကာင္းလွတယ္။
သူတကယ္ ပိုက္ဆံလိုေနလို႔ ႐ူးသြားတာပဲျဖစ္မယ္။
ဟုတ္တယ္! လင္ရွန္း သူ႔ကိုယ္သူ မတရားအထင္ေသးမိျပန္တယ္။
ထိုစကားေတြၾကားေတာ့ ေမာ့က်ဴးခ်န္က တည္တည္ၿငိမ္ၿငိမ္နဲ႔ မ်က္ခုံးသာပင့္လိုက္တယ္ “အိုး?” သူလည္း ေနာက္တစ္လွမ္းဆုတ္လိုက္တယ္။
သူတို႔ႏွစ္ေယာက္ ဧည့္ခန္းထဲေတာင္မဝင္ရေသးဘဲ နံရံတစ္ဖက္တစ္ခ်က္စီမွာ မွီၿပီးရပ္ေနၾကတယ္။ ေမာ့က်ဴးခ်န္က လက္ပိုက္ထားကာ လင္ရရွန္းကို အၿပဳံးမပ်က္ၾကည့္ေနတယ္ “အပိုသင္ခန္းစာေတြအတြက္ ပိုက္ဆံမယူေတာ့ဘူးေပါ့?”
“…ေတာင္းပန္ပါတယ္” လင္ရွန္း နည္းနည္းေတာ့ မ်က္ႏွာပူမိတယ္။
“တစ္ေယာက္ဝယ္ တစ္ေယာက္လက္ေဆာင္ကေရာ?” ေမာ့က်ဴးခ်န္ ပ်င္းတြဲတြဲၿပဳံးကာ ေမးလိုက္တယ္။
“ဖ်က္လိုက္ၿပီ ဖ်က္လိုက္ၿပီ!” လင္ရွန္း အသံအက်ယ္ႀကီးေျပာခ်လိုက္တယ္ “ဒါေပါ့ မင္းနဲ႔ စုတ်န္းတ်န္းအတြက္က အလကား”
“ha ha ha…” ေမာ့က်ဴးခ်န္ ႐ုတ္တရက္ ထရယ္တယ္။
သူရယ္ေလ ပိုေပ်ာ္လာေလျဖစ္ၿပီး ပုခုံးေတြေတာင္ အနည္းငယ္လႈပ္ေနတယ္။ စိတ္အေျခအေနတကယ္ေကာင္းေနမွန္း ျမင္သာတယ္။ ေမာ့က်ဴးခ်န္ အားပါးတရရယ္ေနေတာ့ လူႏွစ္ေယာက္တည္းသာရွိတဲ့ တိတ္ဆိတ္တဲ့တိုက္ခန္းေလးထဲမွာ အက်ယ္ႀကီးျဖစ္ေနတယ္။ လင္ရွန္း ေမာ့က်ဴးခ်န္ကို နားလည္ရခက္စြာၾကည့္ၿပီး သူေတာင္ နည္းနည္းရယ္ခ်င္လာတယ္။
အပိုေဆာင္းသင္ခန္းစာကို အလကားသင္ရမယ္ဆိုတာၾကားရေတာ့ အရမ္းေပ်ာ္ေနတာလား? ေမာ့က်ဴးခ်န္ဆိုတာက ကပ္ေစးနည္းတဲ့လူမျဖစ္သင့္ဘူးေလ!
ေမာ့က်ဴးခ်န္ ခဏေလာက္ရယ္ေမာေနၿပီးမွာ ေျဖးေျဖးခ်င္းအရယ္ရပ္လိုက္တယ္။ “မင္းက ခဏေတာ့ ဟန္မပ်က္ထိန္းထားအုံးမယ္လို႔ ထင္ထားတာ၊ ဆင္ေျခက ဆိုးဆိုးဝါးဝါးဆိုေပမယ့္ အနည္းဆုံးေတာ့ ဆင္ေျခတစ္ခုေပးႏိုင္ေသးတာပဲ” သူ႔ႏႈတ္ခမ္းေတြကို တြန႔္ခ်ိဳးကာ လင္ရွန္းကို ၿပဳံးၿပဳံးေလးၾကည့္လိုက္တယ္ “ဘာလို႔လဲ? အခု ပိုက္ဆံလိုေနတာမရွိေတာ့ဘူးလား၊ အစ္ကိုႀကီးပိုက္ဆံကို ျပန္ေပးစရာမလိုေတာ့ဘူးလား?”
“အဲ့တာက…” သူ လင္ရွန္း ေျပာလို႔ၿပီးတဲ့အထိေတာင္မေစာင့္ဘဲ သူ႔ဘာသာသူ ဆက္ေျပာေတာ့တယ္။
ေမာ့က်ဴးခ်န္က လက္ပိုက္ထားဆဲျဖစ္တယ္။ အၿပဳံးေဖ်ာ့ေဖ်ာ့က မ်က္ႏွာေပၚမွာ က်န္ရွိေနေသးၿပီး “ဒါေပမယ့္ ဒီေလာက္ေပ်ာ္ေပ်ာ္ႀကီးမရယ္ျဖစ္တာ အရမ္းအရမ္းၾကာေနၿပီဆိုတာေတာ့ အမွန္ပဲ” သူ လင္ရွန္းကို ၾကည့္ၿပီး ေျဖးေျဖးခ်င္းဆက္ေျပာတယ္။ အသံက အနည္းငယ္တိုးေဖ်ာ့ကာ ရယ္ၿပီးေနာက္ ေလးတိေလးကန္အသံေလးလည္းပါေနတယ္ “ရွန္းရွန္း မင္းက ငါ့ကိုေက်နပ္ေစတာပဲ”
ေမာ့က်ဴးခ်န္ရဲ႕ညႇာတာတယ္ဆိုတာက ဘယ္လိုမ်ိဳးဆိုတာကို ဒုတိယအဆင့္၀တၳဳထဲမွာ လင္ရွန္းျမင္ဖူးၿပီးသားျဖစ္ေပမယ့္ ဒီစကားလုံးေတြေၾကာင့္ သတိလြတ္မတတ္ေတာင္ျဖစ္သြားတယ္။ အသက္ကိုျပင္းျပင္းရႈကာ သူ႔ကိုယ္သူတည္ၿငိမ္ေစဖို႔ ႀကိဳးစားလိုက္တယ္။ ထို႔ေနာက္ ဖုန္းကိုထုတ္ကာ “ငါ စုတ်န္းတ်န္းကို ဖုန္းေခၚၿပီး အခုလာခဲ့ဖို႔ ေျပာလိုက္မယ္”
ေမာ့က်ဴးခ်န္ မ်က္ခုံးပင္ကာ တိတ္တိတ္ေနၿပီး လင္ရွန္းကို နင့္နင့္နဲနဲစိုက္ၾကည့္ေနလိုက္တယ္။ သူဘာစကားမွမေျပာေပမယ့္ သူ႔မ်က္လုံးေတြကေတာ့ ‘မင္းဆက္ၿပီး ဟန္ေဆာင္ေနေလ ငါအားတယ္’ဆိုၿပီး ေျပာေနသေယာင္။
အဲ့တာကို လင္ရွန္းျမင္ေတာ့ သူ႔ႏွလုံးသားက ပိုၿပီးစိုးထိတ္လာတယ္။ သူဖုန္းေခၚမလို႔လုပ္လိုက္ေပမယ့္ လုေျမာင္ေျမာင္က အရင္ဦးေအာင္ ေခၚလာတယ္။
သူတြန႔္ဆုတ္ဆုတ္နဲ႔ ေမာ့က်ဴးခ်န္ကို ၾကည့္ကာ ဖုန္းေျဖလိုက္တယ္။
“လင္ရွန္း!” လုေျမာင္ေျမာင္အသံက ေအးစက္လြန္းတယ္ “ငါနင္နဲ႔ ၿပိဳင္မယ္!”
သူမေျပာလိုက္တယ္ “ေနာက္လ လပတ္စာေမးပြဲမွာ အဆင့္နိမ့္တဲ့လူက အလိုလို ေဖာင္ကိုျပန္သိမ္းၿပီး ရွင္းဆန္းအထက္တန္းေက်ာင္းကေန ထြက္သြားရမယ္!”
[ For Shwe Yee Win Htet ]
[ Kay : ဒီအတြက္ကို Ssလာျပတာ အခုညီမေလးက ေနာက္ဆုံးပါပဲ။ အဲ့တာေၾကာင့္ ဆက္ၿပီးမေစာင့္ေတာ့ဘဲ Idiotနဲ႔ တစ္လွည့္စီ ျပန္သြားပါေတာ့မယ္ ]
_______________________________________
{Unicode}
“သခင်လေးမော့ နင်က တကယ်ပဲဒီမှာကိုး!” နုနုနယ်နယ်မရင်းနှီးလှတဲ့မိန်းကလေးတစ်ယောက်ရဲ့အသံက မော့ကျူးချန်ကို ကြားဝင်ဖြတ်လာတယ်။
အသံဆုံးသွားတာနဲ့ ခုနကလေးတင် ဖြတ်သွားဖြတ်လာတစ်ယောက်မှ မရှိတဲ့လမ်းကြားလေးထဲကို ရုတ်တရက်ဆိုသလို လူပေါင်းများစွာ လျှောက်လာကြတယ်။ ထိုလူတွေထဲမှာ ကျောင်းဝတ်စုံနဲ့ ခပ်ချောချောကောင်မလေးလည်းပါတယ်။
သူမမှာ ထူထဲဖြောင့်စင်းကာ နက်မှောင်နေတဲ့ဆံနွယ်တွေရှိပြီး သူမခါးလောက်ထိ စင်းကျနေတယ်။ မျက်နှာကျလေးကလည်း နှစ်လိုဖွယ်ကောင်းကာ မျက်နှာသေးသေးလေးက လက်ဖဝါးကြီးတစ်ခုစာလောက်ပဲရှိတယ်။ လူတွေတစ်ချက်ကြည့်လိုက်ရုံနဲ့တင် စပျစ်သီးလိုမျက်လုံးဝိုင်းနက်နက်ကြီးတွေကို သေချာပေါက် သတိပြုမိကြလိမ့်မယ်။
လင်ရှန်း ထိုခပ်ချောချောကောင်မလေးကို ကြည့်နေတုန်း စိတ်ထဲမှာ သူ့အလိုလိုတစ်ဖက်လူရဲ့နာမည်ထွက်ပေါ်လာတယ်။ ရှင်းဆန်းအထက်တန်းကျောင်း စီနီယာတတိယနှစ် လက်ရွေးစင်အတန်းကကျောင်းသူ လုမြောင်မြောင်။ အကောင်းဆုံးအမှတ်တွေနဲ့ ကျောင်းရဲ့ပန်းကလေး။ သူမက ရှုထောင့်ပေါင်းစုံကနေကို ပြီးပြည့်စုံနေတဲ့ ကောင်မလေးဖြစ်တယ်။
သို့ပေမယ့် ၀တ္ထုထဲမှာတော့ သူမက သူမရဲ့မိန်းကလေးပြိုင်ဘက် စုတျန်းတျန်းကို အတင်းအကျပ်နမ်းဖို့ လင်ရှန်းကို ညွှန်ကြားခဲ့တဲ့တစ်ယောက်လည်း ဖြစ်တယ်။
အခုပြောလိုက်တာက လုမြောင်မြောင်မဟုတ်ဘဲ သူမဘေးက နောက်ထပ်လှတပတကောင်မလေး လင်းဝမ်နင်ဖြစ်တယ်။ သူမမျက်လုံးတွေက ပြူးကျယ်နေပြီး သူတို့ကို အပြစ်ကင်းတဲ့ကလေးလိုဟန်လေးနဲ့ ကြည့်နေတယ် “နင့်ကားက ကျောင်းထဲမှာ ပါကင်ထိုးထားတုန်းဆိုတာကို ငါတွေ့ခဲ့သေးတယ်လေ၊ အဲ့တာကြောင့်မို့လို့ နင် အိမ်ပြန်မရောက်လောက်သေးဘူးဆိုတာ သိနေတာ”
လင်းဝမ်နင်ရဲ့နှုတ်ခမ်းထောင့်တွေ ကော့တက်သွားပြီး ပြီးပြည့်စုံတဲ့အပြုံးလေးတစ်ခု ဖြစ်ပေါ်လာကာ မော့ကျူးချန်ကို ချိုချိုသာသာအမူအယာနဲ့ “မြောင်မြောင်နဲ့ငါက နင့်ကိုစောင့်နေကြတာ” သူမ ရပ်ပြီး ထပ်ပြောလိုက်တယ် “နင်မေ့နေတာလည်း ဖြစ်နိုင်တယ်၊ ဒါပေမယ့် ဒီနေ့က မြောင်မြောင့်ရဲ့မွေးနေ့၊ နင့်ကိုလည်း ဖိတ်ထားပြီးသား…”
“ငါသွားမယ်လို့ ကတိပေးခဲ့လား?” မော့ကျူးချန် ခပ်မတ်မတ်ရပ်လိုက်တယ်။ နံရံပေါ်မှာ ထောက်ထားတဲ့လက်ကို ပြန်ရုတ်ပြီး ကျောင်းလွယ်အိတ်ကြိုးကို လက်တစ်ဖက်နဲ့ ဆွဲထားလိုက်တယ်။ သူ့ကိုယ်ကို လှည့်ကာ လမ်းကြားဝင်ပေါက်မှာ ပိတ်နေကြတဲ့ ယောကျာ်းလေးမိန်းကလေးတွေကို အလျင်အမြန်ဝေ့ဝဲကြည့်ကာ “ဒီည ငါသင်္ချာသီးသန့်လေ့ကျင့်ခန်း လုပ်မလို့”
ရုတ်တရက်ဆိုသလို လုမြောင်မြောင်မျက်လုံးထဲမှာ မျက်ရည်တွေပြည့်လာကာ နီရဲကုန်တော့တယ်။
လင်ရှန်းရဲ့ချဉ်းကပ်လာတဲ့ဆင်ခြေက ဆိုးရွားလွန်းတယ်လို့ မော့ကျူးချန်ခံစားရသလိုပဲ… လုမြောင်မြောင်လည်း မော့ကျူးချန်ရဲ့ဆင်ခြေက တကယ်ကြီးဆိုးရွားလွန်းတယ်လို့ သေချာပေါက်ခံစားမိတယ်။
သင်္ချာသီးသန့်လေ့ကျင့်ခန်း?! ဒါ ဘယ်လိုဟာသမျိုးလဲ? မော့ကျူးချန်သာ သင်ယူလိုစိတ်ရှိရင်၊ လေ့လာဖို့အချိန်လေးသာထားခဲ့ရင်၊ စာမေးပွဲစာရွက်ထဲမှာ မေးခွန်းတွေကို ဖြေလိုစိတ်သာရှိခဲ့ရင်… အခုလို Fအခန်းမှာ နေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ Fအခန်းမှာ နေမယ်ဆိုတာကလည်း သူ့ရဲ့တောင်းဆိုမှုကြောင့် ဆိုပေမယ့်လို့ပေါ့။
“သွား” မော့ကျူးချန် လင်ရှန်းကို မေးငေါ့ပြလိုက်တယ်။ ထို့နောက် လုမြောင်မြောင်ကို တစ်ချက်လေးတောင်မကြည့်ဘဲ လမ်းကြားထဲက ထွက်သွားတော့တယ်။
လင်ရှန်း လုမြောင်မြောင်ကို ကြည့်လိုက်တယ်။ သူ့စိတ်ထဲမှာ တစ်ညနေခင်းလုံး ထွေပြားနေပြီး အခုမှသာ နည်းနည်းစိတ်ငြိမ်လာတာဖြစ်တယ်။ သူမော့ကျူးချန်နောက်က လိုက်လာကာ မြန်မြန်လေးလျှောက်လိုက်တယ်။
တစ်ဖက်လူဖြစ်ကတတ်ဆန်း ပါကင်ထိုးထားတဲ့ Rolls-Royce Phantomကားက ကျောင်းထဲမှာရှိနေတုန်းပဲ။
ဒါပေမယ့် သူတို့တွေ ကျောင်းထဲကို ပြန်မသွားဘဲ လင်ရှန်းတစ်ကြိမ်ရောက်ဖူးတဲ့ တိုက်ခန်းဆီကိုပဲ တန်းလာလိုက်ကြတယ်။
လင်ရှန်း တံခါးဖွင့်ကာ ဝင်တဲ့အထိတောင် သတိမရခဲ့ဘူး “စုတျန်းတျန်းရော? ငါတို့တွေ သူ့ကိုခေါ်ဖို့ မေ့သွားကြတာလား?!”
မော့ကျူးချန် တံခါးကို ‘ဘန်း’ခနဲ ပိတ်လိုက်တယ်။
သူ့လက်ကိုဆန့်ကာ လင်ရှန်းလက်မောင်းကို ဆွဲလိုက်တယ်။ ဒါက သူ့ရဲ့နေရာ တစ်ယောက်မှ လာမရှုပ်နိုင်တော့ဘူး။ သူမျက်နှာပြောင်တိုက်ပြီး သူလုပ်ချင်တဲ့ဟာကို ဆက်လုပ်လို့ရပြီ။
“နေအုံး” မော့ကျူးချန် သူ့ကိုရုတ်တရက်ကြီး လာကိုင်တာနဲ့ လင်ရှန်းပြောလိုက်တယ်။ နောက်ကိုတစ်လှမ်းဆုတ်ကာ တစ်ဖက်လူရဲ့မျက်နှာကိုကြည့်ကာ အသက်ပြင်းပြင်းရှုလိုက်တယ် “ဆောတီးကွာ” လင်ရှန်းက အရင်ဦးအောင် တောင်းပန်လိုက်တယ် “ခုနက ငါတောင်းဆိုတာ အရမ်းများသွားတယ်”
သူမဲ့ရွဲ့ပြီး ပြုံးပြမိတယ်။ နေ့လည်တုန်းက ငွေလွှဲတဲ့စာတွေကို မြင်ပြီးနောက် လင်ရှန်း မဖြစ်စဖူးပရမ်းပတာတွေ ဖြစ်ကုန်တယ်။ ဒါမှမဟုတ် အစောပိုင်းတုန်းက ဖုန်းထဲကနေ လင်ယွမ်ရဲ့အသံကို ပထမဆုံးအကြိမ် ကြားဖူးလိုက်တာကြောင့်လည်း ဖြစ်နိုင်တယ်။ လင်ရှန်းစိတ်တွေ ကယောင်ခြောက်ခြားဖြစ်နေတယ်။
ဘာကြောင့်လဲဆိုတာ သူသိနေတယ်။ သူ့ရဲ့မသိစိတ်က လင်ယွမ်ကို ယန်ရှို့လို့ တိတ်တဆိတ်မှတ်ယူနေလို့ပဲဖြစ်တယ်။
သူတို့နှစ်ယောက်စလုံးက အရမ်းသိမ်မွေ့ကြတယ်။ သူတို့တွေက သူ့ကို ယုံကြည်ပေးတယ်၊ လေးစားပေးတယ် ပြီးတော့ သူလိုအပ်တဲ့အချိန်မှာ လုံလုံလောက်လောက်နွေးထွေးမှုပေးကြတယ်။ ပြီးတော့ ယန်ရှို့နဲ့ လင်ယွမ်ရဲ့စိတ်နေသဘောထားက ဆင်တူလှတယ်။ သူတို့က သန့်ရှင်း၊ သိမ်မွေ့ပြီး တင့်တယ်ကာ အားလုံးကောင်းမွန်နေတဲ့သူတွေ…
အဲ့အချိန်မှာပဲ လုမြောင်မြောင်ပေါ်လာတယ်။ အဲ့တော့မှ လင်ရှန်းအမြင်မှန်ရသွားတယ်။ သူ လုမြောင်မြောင်ရဲ့မျက်နှာလှလှလေးကို ကြည့်ပြီး ရုတ်တရက်ဆိုသလို အရင်ကမမြင်ဖူးတာကို သတိပြုမိသွားတယ်။
ငါက ၀တ္ထုထဲမှာပဲ! လင်ယွမ်က ဘာမှပြောတာမှမဟုတ်ဘဲ…
လင်ရှန်း ကိုယ့်ကိုယ်ကို အတော်ကြီးစက်ဆုပ်မိသွားရတယ်!
မော့ကျူးချန်နဲ့ စုတျန်းတျန်းတို့အတူတွဲမိဖို့ ဆက်ပြီး လုပ်ပေးဖို့လိုတယ်။ တတ်နိုင်သမျှ ဇာတ်ကွက်ကို အဆုံးသတ်စေပြီး ဇာတ်လမ်းဆုံးသွားတာနဲ့ ပြန်လို့ရမလားဆိုတာကို ကြည့်လိုက်မယ်။ ပြန်မယ်… ယန်ရှို့ကို တွေ့ရမယ်။
လင်ရှန်း အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်တယ်။ ခေါင်းမော့ကာ မော့ကျူးချန်ကိုကြည့်ပြီး ထပ်ပြောလိုက်တယ် “တောင်းပန်ပါတယ်” သူအတည်အတံ့ တောင်းပန်လိုက်တယ်။ “အခုတောင်းဆိုလိုက်တာက တကယ်ကြီးမမျှတဘူး”
ဒါက ရယ်စရာကောင်းတယ်လို့ ထင်မိတယ်။ အဲ့အချိန်တုန်းက သူပြုစားခံလိုက်ရတဲ့ပုံပဲ။ အဲ့ငွေလွှဲစာတွေကြောင့် စိတ်တွေထွေပြားသွားတာ။ မျက်နှာပြောင်တိုက်ပြီး မော့ကျူးချန်ကိုတောင် သက်ကယ်ကောက်ရိုးအဖြစ် သုံးချင်လိုက်သေးတယ်။ သူ့ဘက်က စာသင်ပေးဖို့ကမ်းလှမ်းခဲ့ပေမယ့် တစ်ဖက်လူကို ပိုက်ဆံတောင်းမိတာ ရှက်ဖို့ကောင်းလှတယ်။
သူတကယ် ပိုက်ဆံလိုနေလို့ ရူးသွားတာပဲဖြစ်မယ်။
ဟုတ်တယ်! လင်ရှန်း သူ့ကိုယ်သူ မတရားအထင်သေးမိပြန်တယ်။
ထိုစကားတွေကြားတော့ မော့ကျူးချန်က တည်တည်ငြိမ်ငြိမ်နဲ့ မျက်ခုံးသာပင့်လိုက်တယ် “အိုး?” သူလည်း နောက်တစ်လှမ်းဆုတ်လိုက်တယ်။
သူတို့နှစ်ယောက် ဧည့်ခန်းထဲတောင်မဝင်ရသေးဘဲ နံရံတစ်ဖက်တစ်ချက်စီမှာ မှီပြီးရပ်နေကြတယ်။ မော့ကျူးချန်က လက်ပိုက်ထားကာ လင်ရရှန်းကို အပြုံးမပျက်ကြည့်နေတယ် “အပိုသင်ခန်းစာတွေအတွက် ပိုက်ဆံမယူတော့ဘူးပေါ့?”
“…တောင်းပန်ပါတယ်” လင်ရှန်း နည်းနည်းတော့ မျက်နှာပူမိတယ်။
“တစ်ယောက်ဝယ် တစ်ယောက်လက်ဆောင်ကရော?” မော့ကျူးချန် ပျင်းတွဲတွဲပြုံးကာ မေးလိုက်တယ်။
“ဖျက်လိုက်ပြီ ဖျက်လိုက်ပြီ!” လင်ရှန်း အသံအကျယ်ကြီးပြောချလိုက်တယ် “ဒါပေါ့ မင်းနဲ့ စုတျန်းတျန်းအတွက်က အလကား”
“ha ha ha…” မော့ကျူးချန် ရုတ်တရက် ထရယ်တယ်။
သူရယ်လေ ပိုပျော်လာလေဖြစ်ပြီး ပုခုံးတွေတောင် အနည်းငယ်လှုပ်နေတယ်။ စိတ်အခြေအနေတကယ်ကောင်းနေမှန်း မြင်သာတယ်။ မော့ကျူးချန် အားပါးတရရယ်နေတော့ လူနှစ်ယောက်တည်းသာရှိတဲ့ တိတ်ဆိတ်တဲ့တိုက်ခန်းလေးထဲမှာ အကျယ်ကြီးဖြစ်နေတယ်။ လင်ရှန်း မော့ကျူးချန်ကို နားလည်ရခက်စွာကြည့်ပြီး သူတောင် နည်းနည်းရယ်ချင်လာတယ်။
အပိုဆောင်းသင်ခန်းစာကို အလကားသင်ရမယ်ဆိုတာကြားရတော့ အရမ်းပျော်နေတာလား? မော့ကျူးချန်ဆိုတာက ကပ်စေးနည်းတဲ့လူမဖြစ်သင့်ဘူးလေ!
မော့ကျူးချန် ခဏလောက်ရယ်မောနေပြီးမှာ ဖြေးဖြေးချင်းအရယ်ရပ်လိုက်တယ်။ “မင်းက ခဏတော့ ဟန်မပျက်ထိန်းထားအုံးမယ်လို့ ထင်ထားတာ၊ ဆင်ခြေက ဆိုးဆိုးဝါးဝါးဆိုပေမယ့် အနည်းဆုံးတော့ ဆင်ခြေတစ်ခုပေးနိုင်သေးတာပဲ” သူ့နှုတ်ခမ်းတွေကို တွန့်ချိုးကာ လင်ရှန်းကို ပြုံးပြုံးလေးကြည့်လိုက်တယ် “ဘာလို့လဲ? အခု ပိုက်ဆံလိုနေတာမရှိတော့ဘူးလား၊ အစ်ကိုကြီးပိုက်ဆံကို ပြန်ပေးစရာမလိုတော့ဘူးလား?”
“အဲ့တာက…” သူ လင်ရှန်း ပြောလို့ပြီးတဲ့အထိတောင်မစောင့်ဘဲ သူ့ဘာသာသူ ဆက်ပြောတော့တယ်။
မော့ကျူးချန်က လက်ပိုက်ထားဆဲဖြစ်တယ်။ အပြုံးဖျော့ဖျော့က မျက်နှာပေါ်မှာ ကျန်ရှိနေသေးပြီး “ဒါပေမယ့် ဒီလောက်ပျော်ပျော်ကြီးမရယ်ဖြစ်တာ အရမ်းအရမ်းကြာနေပြီဆိုတာတော့ အမှန်ပဲ” သူ လင်ရှန်းကို ကြည့်ပြီး ဖြေးဖြေးချင်းဆက်ပြောတယ်။ အသံက အနည်းငယ်တိုးဖျော့ကာ ရယ်ပြီးနောက် လေးတိလေးကန်အသံလေးလည်းပါနေတယ် “ရှန်းရှန်း မင်းက ငါ့ကိုကျေနပ်စေတာပဲ”
မော့ကျူးချန်ရဲ့ညှာတာတယ်ဆိုတာက ဘယ်လိုမျိုးဆိုတာကို ဒုတိယအဆင့်၀တ္ထုထဲမှာ လင်ရှန်းမြင်ဖူးပြီးသားဖြစ်ပေမယ့် ဒီစကားလုံးတွေကြောင့် သတိလွတ်မတတ်တောင်ဖြစ်သွားတယ်။ အသက်ကိုပြင်းပြင်းရှုကာ သူ့ကိုယ်သူတည်ငြိမ်စေဖို့ ကြိုးစားလိုက်တယ်။ ထို့နောက် ဖုန်းကိုထုတ်ကာ “ငါ စုတျန်းတျန်းကို ဖုန်းခေါ်ပြီး အခုလာခဲ့ဖို့ ပြောလိုက်မယ်”
မော့ကျူးချန် မျက်ခုံးပင်ကာ တိတ်တိတ်နေပြီး လင်ရှန်းကို နင့်နင့်နဲနဲစိုက်ကြည့်နေလိုက်တယ်။ သူဘာစကားမှမပြောပေမယ့် သူ့မျက်လုံးတွေကတော့ ‘မင်းဆက်ပြီး ဟန်ဆောင်နေလေ ငါအားတယ်’ဆိုပြီး ပြောနေသယောင်။
အဲ့တာကို လင်ရှန်းမြင်တော့ သူ့နှလုံးသားက ပိုပြီးစိုးထိတ်လာတယ်။ သူဖုန်းခေါ်မလို့လုပ်လိုက်ပေမယ့် လုမြောင်မြောင်က အရင်ဦးအောင် ခေါ်လာတယ်။
သူတွန့်ဆုတ်ဆုတ်နဲ့ မော့ကျူးချန်ကို ကြည့်ကာ ဖုန်းဖြေလိုက်တယ်။
“လင်ရှန်း!” လုမြောင်မြောင်အသံက အေးစက်လွန်းတယ် “ငါနင်နဲ့ ပြိုင်မယ်!”
သူမပြောလိုက်တယ် “နောက်လ လပတ်စာမေးပွဲမှာ အဆင့်နိမ့်တဲ့လူက အလိုလို ဖောင်ကိုပြန်သိမ်းပြီး ရှင်းဆန်းအထက်တန်းကျောင်းကနေ ထွက်သွားရမယ်!”
[ For Shwe Yee Win Htet ]
[ Kay : ဒီအတွက်ကို Ssလာပြတာ အခုညီမလေးက နောက်ဆုံးပါပဲ။ အဲ့တာကြောင့် ဆက်ပြီးမစောင့်တော့ဘဲ Idiotနဲ့ တစ်လှည့်စီ ပြန်သွားပါတော့မယ် ]
_____
Thanks 🌹