Falling In Love with Someone
By SSLY_MY
56.5K 2.5K 280
Author ရဲ့ Yuri Fic လေးပါ အချစ်မှာ ရင်ထဲထိ စူးနင့်နေအောင် ချစ်မိသွားဖို့က အချိန်မလိုအပ်ပါဘူး။ အချစ်မှာ အသက်... More
🦋 Falling In Love with 🦋
Part- 2 🦋 Falling In Love with
Part - 3 "Falling In Love with.."
Part 4 - "Falling In Love with.."
Part-5"Falling In Love with.."
Part - 6 "Falling In Love with"
Part-7"Falling In Love with.."
Part-8"Falling In Love with .. "
Part-9 " Falling In Love with ... "
Part-10 " Falling In Love with .. "
Part-11"Falling in love with Someone"
Part - 12 "Falling in love with Some1 "
Part_13 "Falling in love with Some1"
Part_14 "Falling In Love with Someone"
Part_15 " Falling in love with Some1 "
Part-1 "Falling In Love with.."
6.5K 237 1
By SSLY_MY
Part - 1 🦋 Falling In Love with Someone 💛
ခွန်းဆက်နွေနဲ့ ခက်မွန်တို့ တွေ့ဆုံမှုကတော့
ခွန်းဆက်တို့ရဲ့ ကျောင်းက Civil ကျောင်းသား ကျောင်းသူများ 1st yr. အောင်မြင်ပြီးဆုံးခြင်း
ဂုဏ်ပြုပွဲအခမ်းနားတွင်ဖြစ်သည်။
B.Tech ပါသူတွေရယ် Examမှာအမှတ်
အများဆုံးနဲ့ Roll 1 to 10ထိကို ဂုဏ်ပြုဆုနဲ့ Certificate ပေးအပ် ချီးမြင့်ပွဲကို ခက်မွန်တို့
အလုပ်လုပ်တဲ့ Paradise Hotel မှာ ပွဲလုပ်
ရင်းက ခက်မွန်ကျော်နဲ့ ခွန်းဆက်နွေ တို့ကို
စတွေ့ ဆုံစေပြီး ခက်မွန်ရဲ့ အနယ်ထိုင်တည်ငြိမ်
နေတဲ့ ရင်ဘတ်ကို လှိုင်းဂယက်ထအောင်
ခွန်းဆက်က လှုပ်ရှားစေခဲ့သူ တစ်ဦးပေါ့။
ခွန်းဆက်က Roll 2 ရ၍ ရှေ့ဆုံးတန်းမှာ ထိုင်နေကသည်။ ခွန်း ဝတ်ရုံကြီးခြုံထား ၍ Air Con
ခန်းမထဲပေမယ့် စိတ်အိုက်နေကသည်။ ပြီးတော့
သူမ မေမေ ဆင်ပေးတဲ့ မြန်မာဝမ်းဆက်နဲ့ အနေ
ရခက်နေသည်။ ခွန်းက မိန်းကလေးဆန်‌ဆန်
ချစ်ဖို့ကောင်းပေမယ့် သူမက အထက်တန်းရော
အခု Uni ကိုပါ Private Schoolနဲ့ Uni ပဲ
တက်ခဲ့တာမို့ Free Style လွတ်လွတ်လပ်လပ်
မျိုးသာ ဝတ်ဆင်ခဲ့သူဖြစ်သည်။
ခွန်းဆက်တို့ ပထမနှစ် အောင်မြင်ပြီးဆုံး
ကြောင်း လက်မှတ်ရော သူမ Roll 2 ရတဲ့
ဒုတိယ အမှတ်အများဆုံးဆုကိုရော ရရှိ
ခဲ့သည်။ ကျောင်းသား ကျောင်းသူတို့ကို
ချီးမြှင့်ပွဲပြီးတော့ ဒု ကျောင်းအုပ်က အမှာ
စကားပြောပြီး နေ့လည်စာ ဖြင့် တည်ခင်း
ဧည့်ခံသည်။
ခွန်းက သူတို့အုပ်စုဖြစ်တဲ့.. သဇင်‌ကျော် ၊
ရွှေစင်ထွန်း ၊ ထူးဝေ ၊ သက်မင်း ၊ ဝဏ္ဏတို့နဲ့
အတူသီးသန့် တဝိုင်း ထိုင်လိုက်သည်။
ခွန်း ရဲ့ ဆုပေးပွဲအခမ်းနားကိုတော့ ခွန်း
မာမီနဲ့ ဒယ်ဒီက မလိုက်ချေ။ ရုံးမှာ အရေး
ကြီး ကိစ္စရှိသည် ဟုသည့် အကြောင်းပြ
ချက်နှင့်ပဲ သူမကို ကြီးကြီးနှင့်ဘဘတို့ကို
သူမ daddyက အကူညီတောင်းပြီး ဘဘ
တို့နဲ့သာ အတူ ထည့်၍ လွှတ်လိုက်သည်။
ကြီးကြီးနှင့် ဘဘကတော့ လူကြီးတွေဝိုင်း
မှာ သူတို့‌ ကျောင်းသူ/သား မိဘ လူကြီးချည်း
သီးသန့်ထိုင်နေတာဖြစ်သည်။
ခွန်း -- ဒီ ဟင်း Menu က ဘာလဲမသိဘူး
တော်တော် စားကောင်းတယ်နော်။
သဇင် -- ဒါလည်း ကောင်းတယ် ဝက်သားလိပ်ကို
ဘာနဲ့လိပ်ထားတာလဲမသိဘူး။
သက်မင်း -- ငါးခဲပတ်ကင်လည်း တော်တော်
ကောင်းတယ် အထဲကအနှစ်က စားဖူးနေကျ
ဟာတွေနဲ့မတူဘူး
ဝဏ္ဏ -- Paradise Hotelက နာမည်ကြီး
ဆိုတော့ အစားအသောက်ကလည်း
ရှယ်ပေါ့ဟ
ရွှေစင် -- မဆိုင်ဘူးဟ တချို့ Five Star
Hotel တွေ က အစားအသောက်တွေဆို
ထင်သလောက် အရသာမကောင်းဘူးဟ
ဒါက စာဖိုမှူးနဲ့ဆိုင်တာ စာဖိုမှူးတော်လို့ ..
ခွန်း -- ထမင်းစားနေ စကားမများနဲ့လေ
သဇင် -- နင်ပဲစလိုက်တာ ဒီစကားဝိုင်းက
ခွန်း -- ငါ Toilet ဒိုးလိုက်ဦးမယ်
သဇင် -- လိုက်ခဲ့ကမလား?
ခွန်း -- မလိုဘူး ..
သဇင် -- ဒါဆိုလဲ ဒိုး ..
ခွန်း Toilet ဘက်သို့ဝင်တော့ အောက်ထပ်
Toilet အထဲမှာ လူများနေတာကြောင့်
Lift နဲ့ 2nd Floor သို့တက်ခဲ့ပြီး 2nd Floor
က Toilet ထဲ ဝင်လိုက်သည်။ 2nd Floor
က Toilet ကကျ Hotelရဲ့ 2nd Floor က
ဝန်ထမ်း အများစု အသုံးပြုတာပါ ။
ခွန်းToilet ခန်းကနေ ပြန်ထွက်လာပြီး
လက်ဆေးနေတုန်း သူမရဲ့ ဘေးနားသို့
Chef ဝတ်စုံနှင့် တော်တော် ကြည့်၍
ကောင်းသော အမျိုးသမီး တဦးလာရပ်ပြီး
လက်ဆေးနေတာတွေ့ကသည်။
ခွန်း ဘေးတိုက်ငေးတော့ ထိုအမျိုးသမီးက
ဆံပင်ကို Pony Tail စီးထားသည်။
မျက်နှာလေးကလည်း ဖွေးဥနေသည်
ပါးလေးက ဖောင်းဖောင်းရဲရဲလေးနှင့်
မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်း မထူးမပါး
လေးတို့က စွဲမက်ဖွယ် ကောင်းသည်။
ခွန်းက သာမာန်မိန်းကလေးထက် အရပ်ရှည်တဲ့
အထဲပါသည်။ 5ပေ7 အရပ်နဲ့ သူမရဲ့ဘေးက
5ပေ 4‌သာသာပဲရှိတဲ့ ထိုအမျိုးသမီးကို
ဘေးတိုက် ငုံ့ကြည့်ကာ ငေးနေမိသည်။
ခက်မွန် -- ရေနဲ့ချည်းဆေးနေမှာလား?
ဆပ်ပြာ မသုံးတော့ဘူးလား?
ခွန်း -- အွန် သုံးမှာပေါ့
ခွန်း ဆပ်ပြာအစီထည့်ထားတဲ့ ခလုတ်လေးကို
နှိပ်၍လက်ကို ရေနဲ့ပြန်ဆေးနေတုန်း ..
ခက်မွန် -- ဒီနေ့ Private TU တခုရဲ့ ချီးမြှင့်
ပွဲကနဲ့တူတယ် ဘွဲ့ဝတ်စုံနဲ့ဆိုတော့ ..
ခွန်း -- ဟုတ်တယ် ခွန်းဆက်တို့ ကျောင်းက
1st yr. Civil Major တွေကို ပထမနှစ်
အောင်မြင်ပြီးဆုံးခြင်း ချီးမြှင့်ပွဲ အခမ်းအနားပါ
ခက်မွန် -- ဩော့် .. ဒါနဲ့ အောက်ထပ်က
Toilet က လူအရမ်းများလို့ အပေါ်တက်လာ
တာလား?
ခွန်းဆက် -- ဟုတ်တယ် 2nd floor က
Toiletက ဒီက ဝန်ထမ်း အများစုပဲ သုံး
တာ သိတယ် ဒါပေမယ့် ခွန်း မဝင်ခင်
ဟိုနားက Cleaner အန်တီကြီးကို ခွန်း
ခွင့်တောင်းပြီးမှ ဝင်လာတာ ..
ခက်မွန် -- အွန်း ..
ခက်မွန်က လက်ကို အခြောက်ခံစက်နဲ့
ရေကိုအခြောက်မခံဘဲ Tissue နဲ့သာသုတ်
နေသည်မို့ ခွန်းလည်း Tissue Box ထဲက
Tissue ထုတ်ယူပြီး သုတ်နေလိုက်သည်။
ခက်မွန် Toiletထဲမှ ထွက်မည် အလုပ် ..
ခွန်း -- ခဏ လူကြီးက ဒီ Hotel ရဲ့Chef
လား?
ခက်မွန် -- တို့ကို ဒီဝတ်စုံနဲ့ မြင်တာနဲ့ Chef
ဆိုတာ မင်း သိမှာပါ
ခွန်း -- ခင်များကလဲ သိပါတယ် Chef ဝတ်စုံ
ဝတ်ထားမှတော့.. ဒါပေမယ့် သေချာအောင်
မေးကြည့်တာပေါ့ ဖြေပုံကိုက ဘုကန့်လန့် ..
ခက်မွန် -- အမယ် ဒီမှာ မင်းကအခုမှ ပထမနှစ်
ပြီးတာဆို တို့ထက် ၁၀နှစ်ကျော် ၁၁နှစ် လောက်
ငယ်တယ်၊ အကြီးကို ရိုရိုသေသေပြော
ခွန်း -- စကားပြောတာက အသက်ရွယ်လို
ပဲ ကန့်လန့်ကြီး😏
ခက်မွန် -- ဘာာကြီး
ခွန်း -- Nothing .. ဒါနဲ့ ဒီနေ့ ဧည့်ခံပွဲက
နေ့လည်စာ ဟင်း menu တွေက အကုန်
ခင်များလက်ရာတွေချည်းလား?
ခက်မွန် -- အွန်း ဟုတ်တယ် ဒါပေမယ့် ကိုယ့်
သူငယ်ချင်းတွေလက်ယာတချို့ရော ...
လက်ထောက်‌တွေလည်း ကူပေးတာတွေရော
ပါတာပေါ့
ခွန်း -- ခွန်းက နေ့လည်စာစားတော့ ဒီနေ့
ဟင်း menu တွေ အကုန်စားကောင်းလို့
ခင်များ လက်ရာကို ချီးမွမ်း မလို့ဟာ
ခင်များက စကားပြန်ပြောတာ ဘုကန့်လန့်နဲ့
ခက်မွန် -- ဟုတ်ကဲ့ပါ ကျေးဇူးပါ ကလေး
အစုတ်ပလုတ်လေးရေ သွားလိုက်ဦးမယ်
ခွင့်ပြုပါဦး .. ဟင်းပွဲတွေရှိသေးလို့ ..
ခွန်း -- ခဏ ခဏလေး ထပ်ပြီး .. ခွန်းကို
ခင်များ နာမည်လေး ပြောခဲ့ဦး
ခက်မွန် -- ခက်မွန်ကျော် ပါရှင့်
ခွန်း -- ကျေးဇူးပါ ခွန်းဆက်နွေပါ
ခက်မွန် -- Ok! ခွန်းဆက်နွေ လေးရေ
တာ့တာ စကားမစပ် Congratulations!
ခွန်း -- thz again!
ခက်မွန် Toilet ခန်းထဲက ထွက်သွားတော့
ခွန်းလည်း အောက်ထပ်ခန်းမကို ပြန်ဆင်း
လာလိုက်သည်။
သဇင် -- အိမ်သာထဲ အိပ်ပျော်နေတယ်ထင်ပြီး
လိုက်လာမလို့ ..
ခွန်း -- အိပ်စရာလားဟဲ့
ရွှေစင် -- နင်ကကြာနေတာကို ငါလာရှာ
သေးတယ် Toilet ထဲ
ခွန်း -- ငါက အောက်ထပ် လူများနေလို့
2nd Floor က Toilet သွားလိုက်တာ။
ထိုစဉ် သူမတို့ဝိုင်းနား Senior အစ်မ
တယောက် ရောက်လာပြီး ခွန်းရှေ့သို့
နောက်သို့ ကွယ်ဝှက်ကာ ယူလာသည့်
ပန်းစည်းလေး ချပေးကာ 💐
ဖြူစင် -- Congratulations! ခွန်းလေး
Congratulations! All
ခွန်း -- ကျေးဇူးပါ မမဖြူစင်
ထူးဝေ -- မဖြူစင်က မျက်နှာလိုက်တယ်
ပန်းစည်းက တခုတည်း ..
ဖြူစင် -- အာာ အကုန်လုံးကို Congratulations! လုပ်တာပါ ခွန်းလေးကိုပဲ အကုန်လုံးကိုယ်စားပြုပြီး ‌ပေးလိုက်တာပါ
ဝဏ္ဏ -- သိပါတယ် မဖြူစင်။ အဲ့ကောင်က
သက်သက်မဲ့လျှောက်ကြပ်နေတာ
ဖြူစင် -- ခွန်းလေး ပြီး‌ရင် အားလုံးနဲ့အတူ
အမှတ်တရ ပုံရိုက်ကအောင် ..
ခွန်း -- ဟုတ် မမ
( သူ့ Senior ကျ မမတဲ့ ခက်မွန်ကျ‌တော့
ခင်များ တဲ့နော် ဟွန့် .. )
ခွန်းတို့ အမှတ်တရ ပုံတွေရိုက်‌ကြသည်။
ကြီးကြီးနှင့် ဘဘနဲ့ လည်း အတူ ရိုက်လိုက်သည်။
သဇင့်ကို ဖြူစင်က သူမရဲ့ဖုန်းပေးကာ ..
ဖြူစင် -- သဇင် မမကို ခွန်းလေးနဲ့ တပုံ
လောက် ရိုက်ပေးပါ Plz ..
သဇင် -- ဟုတ် မမ
ဖြူစင်က ခွန်းရဲ့လက်ကိုချိတ်လိုက်သည်။
ကြီးကြီး -- ခွန်းရေ မီးငယ်လေး ပြန်ကြ
မလား? မီးငယ်လေးတို့ အစီစဉ် အားလုံး
ပြီးပြီမလား?
ခွန်း -- ဟုတ် ကြီးကြီး ပြီးပြီ ပြန်ကြမယ်
လေ
ဘဘ -- အဲ့တာဆို ဘဘ Car Parking
ကနေ ကားထုတ်လာခဲ့မယ် သမီးနဲ့ကြီးကြီး
ထွက်လာခဲ့လိုက်တော့နော်
ခွန်း -- ဟုတ် ဘဘ .. ကဲ အားလုံးပဲ
ငါပြန်ပြီ .. See you! မမဖြူစင်
ကျေးဇူးပါနော် ..
ဖြူစင် -- ရပါတယ် ခွန်းလေးရဲ့
ခွန်းက Senior အစ်မတွေကို အရမ်းပဲ
ချွဲတတ်သည်။ တခါတလေ Teacher
ငယ်ငယ်လေးတွေဆိုလည်း တရင်းတနှီး
နဲ့ ချွဲတတ်သည်။
ခွန်း .. ကြီးကြီးနဲ့အတူ Exit ဘက်တခါးနား
ကျော်၍ သွားစောင့်နေတော့ ဘဘကား
လေးထွက်လာ၍ ကားပေါ်တက်လိုက်သည်။
ဘဘ -- မီးငယ် အိမ်ကျ ညကျရင် မာမီတို့
ဒယ်ဒီတို့ကို စိတ်ဆိုးမနေနဲ့နော် သူတို့လည်း
Car Showroomမှာ ဒီရက်ပိုင်း Model
အသစ်တွေဝင်တော့ အလုပ်အရမ်းရှုပ်နေလို့ပါ
ခွန်း -- အွန်းပါ ဘဘရဲ့ ခွန်းအဖို့က ငယ်ငယ်
ကတည်းကမို့ ရိုးနေပြီ‌
ကြီးကြီး -- မီးငယ် အိမ်တန်းပြန်မှာလား
ကြီးကြီးတို့စီ နေပြီး ညနေစောင်းမှ အိမ်
ပြန်လေ
ခွန်း -- ခွန်း အဝတ်စားတွေလဲဦးမယ်
ပြီးမှ ကြီးကြီးတို့ ခြံဘက် ခွန်း ကူးလာခဲ့
ပါ့မယ်
ဘဘ -- မီး ကိုကိုရော အိမ်လည်နေလား
မသိဘူး
ခွန်း -- ကိုဇွဲက ဘယ်တုန်းက မာမီတို့မရှိ
ရင် အိမ်ကပ်လို့လဲ?
ဘဘ -- ဘဘ ကိုဇွဲကို ပြောဦးမယ် ဂိမ်းကို
အိမ်မှာပဲ ဆော့ဖို့ အပြင်မသွားစေချင်လို့တောင်
မာမီတို့က အပြည့်အစုံဝယ်ပေးထားတဲ့ဟာကို ..
ခွန်း -- ဘဘပဲပြောတော့
ခွန်းနဲ့ သူမအစ်ကို ဇွဲပြည့်လျှံက ၃နှစ်ကျော်ကွာသည်။
ဘဘက ကားလေး ခြံဝန်းထဲထိ မောင်းပြီး
ပေါ်တီကိုအောက် ရပ်ပေး၍ ခွန်း ဘဘနဲ့
ကြီးကြီးကို နှုတ်ဆက်ပြီး ကားပေါ်က
ဆင်းကာ အိမ်ထဲဝင်ခဲ့သည်။
ခွန်း -- ကြီးကြီးနဲ့ဘဘ ကျေးဇူးပါနော်
ကြီးကြီး ခွန်း အဝတ်စားလဲပြီးလာခဲ့မယ်
နော်
ကြီးကြီး -- အေး သမီးလေး
ခွန်း အိမ်ထဲဝင်လာတော့ ဒေါ်ပြုံးက
ဒေါ်ပြုံး -- မီးငယ်ရေ ဇွဲက အပြင်ခဏ
တဲ့ ထွက်သွားတယ်
ခွန်း -- ဟုတ် ဒေါ်လေးပြုံး
ခွန်း သူမ အခန်းထဲ ဝင်၍ အဝတ်စား
လဲလိုက်သည်။ ပြီးတော့ သူမ ဖုန်းလေး
ထုတ်၍ WiFi ဖွင့်ကာ Facebook မှာ
ခက်မွန်ကျော် ဟု ရိုက်ရှာတော့ တော်တော်
များများက သူမရဲ့ Chef မမ မဟုတ်ပေ။
ခွန်း မျက်နှာလေးမဲ့ကာ ရှုံ့မဲ့ပြီး အောက်ဆုံးထိ
ဆက်ကြည့်တော့မှ တွေ့လိုက်ရတဲ့ဝန်ထမ်းခေါ်
ထားတဲ့ အလုပ်ခေါ်စာပို့စ် တခုတင်ထားတဲ့ acc
ပိုင်ရှင်လေးကို သေချာကြည့်လိုက်တော့
KhetMon ဟု ဆိုသော Acc ပိုင်ရှင်လေး
Profile ပုံက Chef ဝတ်စုံလေးနဲ့ လက်ကလေး
ပိုက်ကာ ပြုံးနေတဲ့ပုံလေး ..
ခွန်း ရဲ့လက်က Add Fri ကို အလျင်အမြန်
ပဲ သွားနှိပ်လိုက်သည်။
ပြီးတော့ သူမရဲ့Acc ဝင်ကြည့်တော့
အစားအသောက်နဲ့ ကိုရီးယား သီချင်းနဲ့
ရုပ်ရှင်တွေ တင်ထားတာတွေ့ကသည်။
ပြီးတော့ သူမကြိုက်တဲ့ K Pop Girls
Group တွေနဲ့ ခက်မွန် ကြိုက်တဲ့ Group
တွေနဲ့ ထပ်တူကျနေသည်။
ခွန်း Acc ထဲက K- Popper ကောင်မလေး
၂ယောက် ၊ ၃ယောက်က ခက်မွန် acc ထဲ ရှိ
နေသည်။ mutual fri ရှိလို့ သူ့ Accကို
ရှာရ၍တော်သေးသည်။
ခွန်း ဖုန်းလေးပြန်ပိတ်ပြီး ကြီးကြီးတို့ခြံ
ဘက် ထွက်လာခဲ့သည်။ ကြီးကြီးတို့နဲ့
မုန့်စား TV,ကြည့်ရင်း စကားပြောပြီး
ညနေစောင်းမှ သူမအိမ်ဘက်ကို ပြန်ကူး
လာခဲ့သည်။ ကြီးကြီးတို့အိမ်က သူမတို့
အိမ်ရဲ့ မျက်စောင်းထိုးမှာဖြစ်သည်။
အိမ်ရောက်တော့ သူမ အခန်းစီသို့တန်း၍
ဝင်လိုက်သည်။ သူမအခန်းထဲမှာ ခဏလှဲ
နေတုန်း သူမ အစ်ကို အခန်းတံခါးခေါက်
ပြီး ဝင်လာသည်။
ဇွဲပြည့်လျှံ -- ခွန်း မာမီတို့ ဖုန်းဆက်တယ်
ရေချိုးထားတဲ့ ဒီနေ့ည ဟိုတယ်တခုခုမှာ
ကြီးကြီးတို့ရော အန်တီမော်လေးတို့ပါ
Dinner ကျွေးမို့တဲ့ ..
ခွန်း -- Why??
ဇွဲ -- နင် 1st yr. အောင်တဲ့ အထိမ်းအမှတ်
လေ
ခွန်း -- ဘယ် Hotel လဲ? ကိုဇွဲ
ဇွဲ -- သိဘူးလေ မာမီ လာမှ မေးကြည့်
ခွန်း သူမရဲ့ လူကြီးနဲ့ ထပ်တွေ့ချင်တာမို့
Paradise Hotel သို့ပဲ ထပ်သွားချင်နေမိ
သည်။
ခွန်း -- အွန်း .. ခွန်းတို့ ကျောင်းကပွဲလုပ်
တဲ့ Paradise Hotel & Restaurant
က အစားအသောက်တွေက ကောင်းလို့
ဇွဲ -- ဟုတ်လား ငါ့သူငယ်ချင်းတွေလည်း
ပြောတယ် သူတို့ကတော့ Bar ကနေ အပြန်
နောက်ကျလို့ အဲ့မှာ သွားနှပ်တာ ဝန်ဆောင်မှု
လည်း ကောင်းတယ်၊ Restaurant ကလည်းအစားအသောက်က သန့်တယ် တော်တော်
ကောင်းတယ်ပြောတာပဲ။
ခွန်း -- အွန်း .. ခွန်း ရေချိုးတော့မယ်
ဇွဲ -- အေး ငါအပေါ်ထပ်က ရေချိုးခန်းမှာ
ချိုးလိုက်မယ် နင်က အောက်ထပ်ခန်းမှာ
ချိုးလိုက် ..
ခွန်း -- yes sir.
ခွန်းရေချိုးပြီးတော့ Jeans Pant မီးခိုးပြာ
လေးကို T.Shirt အဖြူလေးပေါ် အနက်ရောင်
Shirt လက်တိုလေး ထပ်၍ ဝတ်လိုက်သည်။
ထိုစဉ် ခြံထဲ ကားသံကြားလိုက်၍ သူမ
မာမီ ‌ ဒေါ်လဲ့ရည်နွေနဲ့ သူမ ဒယ်ဒီ
ဦးမင်းထက်လျှံ တို့ ပြန်လာတဲ့အသံ ဖြစ်သည်။
Daw Lei Yee Nway -- ဇွဲရေ မီးငယ်ရေ
အဆင်သင့်ဖြစ်ပြီလား?
ခွန်း -- မာမီတို့က ရေမချိုးတော့ဘူးလား?
Daw LYN -- ရုံးကနေ ချိုးလာခဲ့ပြီးပြီ
ဦးမင်းထက်လျှံ -- ကဲ အဆင်သင့်ဖြစ်ရင်
သွားကြမယ် ကြီးကြီးတို့ အန်တီမော်လေး
တို့က လမ်းထဲကစောင့်နေတယ်
Daw LYN -- ဒေါ်ပြုံးရေ အိမ် တခါး‌တွေ
သေချာပိတ်နော် ခြံတခါးကတော့ ဦးငြိမ်းပဲ
ပိတ်လိမ့်မယ် မနက်က ပုစွန်နဲ့ကြက်ကြော်တွေ
ဦးငြိမ်းနဲ့အတူ ညစာ စားလိုက်နော် အပြန်
ဘာဝယ်ခဲ့ကဦးမလဲ?
ဒေါ်ပြုံး -- ရတယ် လဲ့ရည် ဒေါ်ပြုံးတို့
အတွက် ဘာမှထပ်မဝယ်ခဲ့နဲ့တော့
DLYN -- အဲ့တာဆို သွားပြီနော်
ခွန်း daddy က ကားမောင်း၍ ခွန်းတို့
မောင်နှမ၂ယောက်အတူ နောက်ခန်းမှာ
ထိုင်လိုက်သည်။
ခြံထဲကထွက်တော့ လမ်းထိပ်မှာ ကြီးကြီးတို့
အန်တီမော်လေးတို့ ကားကိုတွေ့ကသည်။
ဦးမင်းထက် -- ဘယ်မှာသွားစားကြမလဲ
ခွန်း -- Paradise Hotel &
Restaurant မှာ သွားစားကြကအောင်
နေ့လည်က အဲ့က အစားအသောက်တွေ
အရမ်းကောင်းတယ်နော် ကြီးကြီးနဲ့ဘဘ
ဘဘ -- ဟုတ်တယ် အဲ့ကိုပဲသွားကြမယ်
DLYN -- ခွန်း .. အဲ့တာဆို တီသက်တို့
ဘွားဘွားတို့ကို အဲ့ကိုလာဖို့ပြောလိုက်ဦး
ခွန်း -- ခွန်း ဖုန်းဆက်လိုက်မယ်
ခွန်းက သူမ တီသက်နဲ့ အဘွားတို့ကို
Paradise ကိုလာဖို့ ဖုန်းဆက်ပြော
လိုက်သည်။
အန်တီမော်လေး -- အဲ့တာဆို Paradise
မောင်းပြီနော်
ဦးမင်းထက် -- Ok ..
သူမတို့ ကားလေး Paradise Hotel &
Restaurant သို့ 🏢🏨⛲
Car Parking ၌ တီသက်တို့ပါ ရှေ့ဆင့်
နောက်ဆင့် ရောက်လာကြ၍ သူမတို့
Car Parkingထိုးပြီး Hotel ဆီသို့
Reception girl - မင်္ဂလာပါရှင်
ဦးမင်းထက် -- မင်္ဂလာပါ Dinner စားဖို့
အတွက် မိသားစု အခန်းသီးသန့် ရှိလား?
Reception girl -- တကယ်လို့ လူကြီးမင်းတို့ မိသားစု သီးသန့်အခန်းနဲ့ Dinner စားချင်ရင်
3rd Floor မှာ သီးသန့်အခန်းတွေရှိပါတယ် Paradise ရဲ့ Restaurant ကတော့ 2nd
Floor မှာပါ တကယ်လို့ လူကြီးမင်းတို့ 2nd
Floor မှာစားမယ်ဆိုရင်တော့ 2nd Floor က
မှန်အလုံခန်းမို့ ပတ်ဝန်းကျင်က View တွေတော့
ကြည့်လို့ရတယ် သူကတော့ Hall type ,
သီးသန့်အခန်းဆို 3rd Floor က Room
No.8 အားပါတယ်။
DLYN -- 2nd Floorမှာထဲ ထိုင်ကြတာပေါ့
စားရင်းသောက်ရင်းလည်း ဘေးဘက်က
ပတ်ဝန်းကျင် View လည်း ကြည့်လို့ရတာ
ပေါ့ ..
ဦးမင်းထက် -- အဲ့တာဆိုလည်း အဲ့လိုပဲ လုပ်တာပေါ့
Reception girl -- ဟုတ် အဲ့တာဆို 2nd
Floorကို ကြွပါရှင့် .. Elevator က ဟိုဘက်
မှာပါ။
ခွန်း တို့လည်း Elevatorက တစ်ဆင့် 2nd
Floor သို့ .. ခွန်းတို့တွေ အရှေ့လမ်းမဘက်သို့
မျက်နှာမူထားသည့် စားပွဲဝိုင်းအရှည်ကို ရွေးလိုက်
သည်။ ခွန်းတို့ Table No.11 ဝိုင်းသို့ Waiter
လေးရောက်လာ၍ Menu Book လေး 2အုပ်
ချပေး၍ ..
Waiter -- ဘာများသုံးဆောင်မလဲ ခင်ဗျ
DLYN -- ဘာစားကြမလဲ
ကြီးကြီး / ဘဘ -- ရတယ် အဆင်ပြေတာကြည့်မှာလိုက် ..
ခွန်း -- ခွန်းက Black Pepper Chicken
Chop Rice
ဇွဲ -- သားက Chicken Mayo Rice
ဦးမင်းထင် -- အဲ့တာဆို အဲ့၂ပွဲရယ် Crispy
Oat Prawns Rice က 3 ပွဲ ၊
Sweet & Sour Pork Rice က 3ပွဲ ၊
Mushroom Sauce Chicken Rice 1ပွဲ
Waiter -- ဟုတ် အားလုံး 9ပွဲ တခြား
ဘာမှာဦးမလဲ? ခင်ဗျ ..
Waiter လေးက သူ့လက်ထဲက Tablet မှ
Table No.နဲ့ မှာတဲ့ Menu Name နဲ့
ရွေးကာ မှတ်လိုက်မည်။
ခွန်း -- Lemon Juice 9ခွက်
ဦးမင်းထက် -- ငါးခဲပတ်ကင်ပါ ၃ပွဲ လုပ်
ပေးပါ။
Waiter -- ဟုတ် ခဏလေးစောင့်ပေးပါနော် ။
------------------------------------------------------
At the Kitchen Room ..
သူရ -- ခက်မွန်နဲ့ပိုးအိရေ ၊ ကျွန်တော်နဲ့
အေးချမ်းမိုးရောက်လာပြီနော် .. ပြန်
မယ်ဆို ပြန်လို့ ရပြီနော်
ခက်မွန် -- ဟုတ် ကိုသူရ Table 11.က
ဒီ Menu ၉မျိုးလေး တခါတည်းပြင်ပေး
ခဲ့လိုက်မယ်။
သူရ -- Ok ..Ok
ပိုးအိဖြူ -- ခက်မွန် ငါ Crispy Oat
Prawns Rice ၃ပွဲကို ငါပြင်လိုက်မယ်
ခက်မွန် -- Ok! ပိုး .
ဆုမြတ်မွန် -- ငါ Sweet Sour Pork
Rice ၃ပွဲပြင်လိုက်မယ်။
ခက်မွန် -- Ok! Mon
မင်းသန့် -- မခက်မွန် ကျွန်တော် Lemon
Juice နဲ့ Fruits ပြင်လိုက်မယ်နော်
ခက်မွန် -- အွန်း မင်းသန့်
ထိုစဉ် Kitchen Room က Bell မြည်သံ
ကြားလိုက်ရသည်။ Waiter လေးက Menu
List ပေးတဲ့ တံခါးပေါက်မှ စာရွက်လေး ချပေး
ထားတာတွေ့ရ၍ ..
သူရ -- အာ့ဆို အခုနောက်တိုးတဲ့ Table 9
က ပွဲတွေ ကျွန်တော် ကိုင်လိုက်ပြီ
ခက်မွန် -- ဟုတ်
ခက်မွန်က ဟင်းပွဲများပြင်ရင်း ပြန်ဖြေ
လိုက်သည်။
------------------------------------------------------------
၁၀မိနစ်‌ လောက်ကြာတော့ ခွန်းတို့ ဝိုင်းသို့
မှာထားတာများ Waiter နဲ့ Waitress
တို့က လာချပေးသည်။
Waitress -- ဒီသီးစုံပွဲကတော့ လူကြီးမင်းတို့
Dinner စားပြီ ရင် အချိုတည်းဖို့အတွက်
Paradise က ကျွေးတာပါ ။
ဦးမင်းထက် / ဘဘ -- ကျေးဇူးပါဗျ
ခွန်းတို့မောင်နှမ ၂ယောက်ကတော့ ခေါင်း
မဖော်စတမ်း စားနေသည်။
သူမတို့စားနေတုန်း ခက်မွန် နဲ့ ပိုးအိဖြူ၊
ဆုမြတ်မွန် တို့က Hotelရဲ့Restaurant
Dinning Hall သို့ round ပတ်ကာ ကြည့်ရင်း စားသုံးသူများရဲ့ ဝိုင်းသို့ 'အဆင်‌ပြေရဲ့လား?
ဘာလိုအပ်လဲ' လိုက်မေးနေသည်။
Paradise Hotelက Restaurant
နာမည်ကြီးတာကလည်း ခက်မွန်တို့ ကြောင့်ဆို
မမှားပေ။
သူမတို့ Chef ‌ တွေ ဟင်းပွဲများ ပြင်ဆင်ဖို့မရှိတဲ့
သူမတို့ရဲ့ အားလပ်ချိန် ခဏမှာ Chef တွေ
ကိုယ်တိုင်က စားသုံးသူများထံသို့ အရေးတယူနှင့် လိုအပ်ချက်များ လိုက်လံမေးမြန်းမှုကြောင့် Customer Take care လုပ်တဲ့ ဝန်ဆောင်မှူ
ပိုင်းမှာ Paradise က အရမ်းကိုနာမည်ကြီးသည်။
Table No.11 သို့ရောက်တော့ ခက်မွန်က
ခက်မွန် -- လူကြီးမင်းတို့ စားရတာ အဆင်ပြေ
ရဲ့လားရှင့်? ဘာများလိုအပ်သေးလဲ? မသိဘူး ..
ဦးမင်းထင် -- ဟုတ်ကဲ့ အရမ်းစားလို့
ကောင်းပါတယ်
ခက်မွန် -- ဟုတ် ကျေးဇူးပါရှင့်
ဘဘ -- သမီး ပြင်ပေးတာလား ဒီဝိုင်းက
ခက်မွန် -- ဟုတ် သမီးနဲ့ သမီးသူငယ်ချင်း
တို့ပြင်ပေးတာပါ Prawn နဲ့ Pork ပွဲတွေက
ကတော့ ဟိုဘက်က သမီး သူငယ်ချင်း‌ တွေရဲ့
လက်ရာပါ ၊ ကျန်တဲ့ပွဲ‌တွေ က သမီး ပြင်တာပါ ။
ခက်မွန်က ညာဘက်အခြမ်းက ဝိုင်းတွေစီမှ
ပိုးအိဖြူ နဲ့ ဆုမြတ်ကို လက်ညှိုးလေးထိုး၍
ဖြေလိုက်သည်။ ခက်မွန် သူမကို ကြည့်၍
မျက်ခုံး ပင့်ပြတဲ့ မျက်နှာချင်းဆိုင်က
ကောင်မလေးကို ပြန်ကြည့်ရင်း ဘယ်မှာ
တွေ့ဖူးလဲ ခေါင်းထဲစဉ်းစားနေမိသည် ။
ခွန်း -- ခင်များကလဲ မမှတ်မိဘူးလား
နေ့လည်က ကျောင်းက ပွဲ ဒီမှာလုပ်တုန်း
က Toiletမှာ ဆုံခဲ့တာလေ
ဒေါ်ချိုလဲ့ရည် -- ဟဲ့မြေး ဘယ်နှယ့်
ခင်များလဲ .. ကိုယ့်ထက်အကြီးကို ..
ခွန်း -- ဖွားကလဲ သူ့ကို စတွေ့ကတည်းက
အဲ့လိုပြောနေတာမို့
DCLY -- အားနာဖို့ကောင်းတယ်လေ
ခက်မွန် -- အာ့မို့ မြင်ဖူးပါတယ် ကြည့်နေတာ ..
ရပါတယ် ဖွားရဲ့ လွတ်လွတ်လပ်လပ်ပြောပါစေ
ကြီးကြီး -- မီးငယ်က နေ့လည်ကတည်း က
သမီးလက်ရာကိုကြိုက်လို့ အခု Dinnerလည်း
ဒီပဲ သွားစားမယ်ဆိုခေါ်လာတာ ..
ခက်မွန် -- ဟုတ် ကျေးဇူးပါရှင့်
တီသက် -- ညီမပြင်တဲ့ ငါးခဲပတ်ကင်က
အထဲက အနှစ်က တခြားစားဖူးသမျှနဲ့
တော်တော် ကွာတယ် ၊ အရမ်းကောင်း
တယ် ၊ Sauce စပ်ပေး ထားတာလည်း
အရမ်းကောင်းတယ်။
ခက်မွန် -- Ahh! ကျေးဇူးပါရှင့်
ခက်မွန်က ဦးခေါင်းလေး ကိုင်းညွတ်ကာ
ကျေးဇူးတင်လိုက်သည်။
ထိုစဉ် သူမရဲ့အနားသို့ ပိုးအိဖြူတို့ ရောက်
လာသည်။ ပိုးအိဖြူနဲ့ ဆုမြတ်လည်း ခွန်းတို့
ဝိုင်းကို ခေါင်းလေး ညိမ့်ကာ ကိုယ်ကိုင်း၍
နှုတ်ဆက်လိုက်သည်။
ပိုး -- ခက်မွန် ပြန်ကြမယ်လေ Duty
Time ပြည့်ပြီ ။
ခက်မွန် -- ဖြိုးဇေယျနဲ့ သက်ချယ်
ရောက်ပြီလား?
ပိုး -- အွန်း ရောက်နေပြီ
ခက်မွန် -- Ok! ပြန်ကြမယ်လေ ၊ ခွင့်ပြုပါ
ဦးရှင့် ခက်မွန်တို့Duty ချိန်ပြီးလို့ ပြန်တော့မှာမို့
လူကြီးမင်းတို့ လိုတာရှိရင် Waiterနဲ့
Waitress တွေကို စားပွဲက Bell တီးပြီး
ပြောလို့ရပါတယ် ..
ခွန်း -- ဟင် အာ့ဆို Chef တွေမရှိတော့ဘူးလား?
ခက်မွန် -- ရှိတယ်လေ နောက်ထပ်
အခြား ၄ယောက် ရှိတယ် ။
ခွန်း -- ဟုတ်
ခက်မွန်တို့ ထွက်သွားတော့ ..
DLYN -- မီးငယ် နင် သူစိမ်း‌တွေနဲ့
ဘယ်လိုလုပ် သိတာ မြန်တာလဲ?
ခွန်း -- မာမီကလဲ နေ့လည်က ကျောင်းက
ပွဲ တက်တုန်းက Toilet ဝင်ရင်းနဲ့ ‌တွေ့ပြီး
သိတာ ..
DLYN -- ခဏလေးအတွင်း ရင်းနှီးလွယ်
နေလို့
ဦးမင်းထက် -- လဲ့ရည် ဘယ်လိုဖြစ်နေတာလဲ ?
ကလေးကို သူ့ဘာသာ သိတာ ရင်းနှီးတာက
ခဏလေးဖြစ်ဖြစ် ဘာဖြစ်ဖြစ် အရမ်းကြီးလိုက်ပြီး စည်းကမ်းတွေ ဘောင်တွေနဲ့ မင်း လိုက်ကန့်
သတ်မနေနဲ့ ..
DLYN -- ကျမ သမီးကို ကျမ စိတ်မချလို့
ပြောနေတာ ငယ်ငယ်ကတည်းက လူတကာနဲ့
ရောရောနှောနှော မနေခိုင်းတာလူရင်းပဲ ပေါင်း
ခိုင်းတာ ပျက်စီးမှာစိုးလို့
ဦးမင်းထင် -- ဟ မင်းက တဖက်သားကို
အမြဲ အထင်သေးစော်ကားနေတော့တာပဲ
အခုသိတဲ့ သူကလည်း သူရာထူး သူ့အဆင့်
နဲ့လေ
DLYN -- ဘာပဲဖြစ်ဖြစ်ရှင် ..
ဘဘ -- ကဲ စကားမများကြနဲ့ကွာ
စားသောက် နေတာကို ..
အန်တီမော်လေး -- မလဲ့ရည်က ခွန်းကို
စိတ်ပူလို့ပြောတာပါ ကိုကြီးရယ် စိတ်တို
မနေနဲ့
အန်တီမော်လေး က ခွန်း Daddy ရဲ့
ညီမအရင်း ဖြစ်သည်။ အန်တီသက်ကတော့
Mummy ရဲ့ ညီမအရင်း ဖြစ်သည်။
အန်တီသက် -- ဟုတ်တာက ဟုတ်တယ်လေ
ဒါပေမယ့် ခွန်းက ပထမနှစ်တောင်ပြီးပြီ
ငယ်တော့တဲ့ အရွယ်မှ မဟုတ်တာ သူလည်း
ကောင်းတာ မကောင်းတာကို စဉ်းစားတတ်နေ
ပါပြီ အရမ်းစိတ်မပူပါနဲ့
ခွန်း -- တော်ပြီဗျာ .. စားရတာ ဇိမ်ပျက်တယ်
စကားမများကြပါနဲ့တော့ ..
DLYN -- အဲ့ စကားပြောရင် ဗျာ .. ဗျာနဲ့
လည်း မကြိုက်ဘူး ကိုယ့်ကိုကိုယ် မိန်းကလေး
ဟာကို ဘာလို့ အဲ့လိုပြော
ခွန်း ရုပ်လေး မှိုင်သွားပြီး စားနေတဲ့ဇွန်းကို
ချကာ Lemon Juiceကို ယူ၍ မော့ချ
လိုက်သည်။
ဇွဲ -- မာမီကလည်း ခွန်း ငယ်ငယ်ကတည်းက
အဲ့လိုပဲပြောနေကြဟာ
ဒေါ်ချိုလဲ့ရည် -- ကဲကဲ တော်ကြတော့
စားစရာရှိတာ စား .. ငါကတော့ အသီး
စားတော့မယ် ..
ကြီးကြီး -- အသီးက စုံနေတာပဲ စားလို့
ကောင်းတယ် မမချို ..
ဒေါ်ချိုလဲ့ရည် -- ဟုတ်ပါ့
ခွန်း က ထိုင်ရာကနေ ထလိုက်တော့ ..
DLYN -- ဘယ်လဲ??
ခွန်း -- Toilet .. လိုက်မို့လား?
ဦးမင်းထက် -- စိတ်မချရင် လိုက်သွားပြီး
ရှူး ပါတည်ပေးလိုက် ကလေးကို ..
DLYN -- ရှင် ဘယ်လိုဖြစ်နေတာလဲ?
ခွန်း -- လိုက်မှာလား? Mum
DLYN -- မလိုက်ဖူး သွား ကိုယ့်ဘာသာ ၊
မကြာ‌စေနဲ့ မြန်မြန်ပြန်လာ ..
ခွန်း -- ဟင်
ခွန်း ခေါင်းလေးတခါခါနဲ့ Toilet ဆီသို့ ..
ခွန်း 1st Floor က ဧည့်သည်တွေသုံးတဲ့
Toilet ဆီသို့သွားလိုက်သည်။
ခွန်းToilet ကထွက်ကာ အပေါ်ထပ်သို့ပြန်
တက်ဖို့ Elevator ရှေ့ .. Elevator ထဲမှ
ခက်မွန်တို့ ထွက်လာတာ တွေ့လိုက်က
သည်။ ခက်မွန်က Chef ဝတ်စုံနဲ့ မဟုတ်ဘဲ
Free Style နဲ့ဆိုတော့ ခွန်း ငေးကြည့်နေ
မိသည်။ Jean Pant ဒူးထက် အပြဲနဲ့
အပေါ်က T.shirt လက်ရှည်ကို လက်ကို
အပေါ်ဆွဲတင်၍ ဝတ်ထားတဲ့ ပုံစံက ချစ်ဖို့
ကောင်းနေသည်။
ခက်မွန် -- တွေ့ပြန်ပြီ
ခွန်း -- ဟုတ်ပါ့ ပြန်တော့မို့လား?
ခက်မွန် -- အွန်း ဟုတ်တယ်
ခွန်း -- အိမ်ပြန်ရောက်‌ရင် Social App
သုံးရင် သေချာကြည့်ဦးသိလား?
ခက်မွန် -- ဟင်?
ခွန်း -- မဟင်နဲ့ တာ့တာ ..
ခွန်းက သူမတို့ကို လက်ပြပြီး Elevator ထဲ
ဝင်သွားသည်။
ပိုးအိ -- အဲ့ကလေးနဲ့ ဘယ်တုန်းကသိလိုက်တာလဲ
ဘွားတော်
ခက်မွန် -- အိမ်ရောက်မှ ပြောပြမယ်
အခုပြန်ကအောင် ..
ခက်မွန်ရယ် ပိုးအိဖြူနဲ့ ဆုမြတ်မွန် တို့ ၃ယောက်က တိုက်ခန်းတခုမှာ အတူတူ စုနေတာဖြစ်သည်။
တိုက်ခန်းကတော့ ဆုမြတ်မွန်တို့ အဖေပိုင်တဲ့
တိုက်ခန်းဖြစ်သည်။
ခက်မွန်က လားရှိုးက ၊ ပိုးအိဖြူက မော်လမြိုင်က
ဖြစ်ပြီး ဆုမြတ်မွန်ကတော့ ‌မိုးကုတ်က ဖြစ်သည်။
Paradise က သူမတို့အတွက် Hotel နှင့်မလှမ်းမကမ်းက အိမ်ယာတခုမှာ ဝန်ထမ်း
အိမ်ယာ တိုက်ခန်းပေးထားသည်။
သို့ပေမယ့် သူမတို့အားလုံး မနေကြပေ။
အေးချမ်းရယ် ကျန်တဲ့ Chef တွေ ဝန်ထမ်းတွေ
အားလုံးကတော့ Hotel က ပေးတဲ့အိမ်ယာ
တိုက်ခန်းမှာ နေကြသည်။
ခက်မွန်တို့က တခါတလေ Hotel က အားလပ်ချိန်
မှသာ ထိုအိမ်ယာက တိုက်ခန်းသို့ သွား၍ ခဏ
တဖြုတ် အနားယူကြတာပဲရှိသည်။
ဆုမြတ်တို့ တိုက်ခန်းနဲ့ Paradise နဲ့ကလည်း
သိပ်တော့မဝေးချေ ဆုမြတ်တို့ တိုက်ခန်းက
Hotel ရဲ့ ၆လမ်းမြောက် လမ်းချိုးထဲမှာပင်
ဖြစ်သည်။ သူမတို့အတွက် အကြိုအပို့ လုပ်ပေးတဲ့ Hotel က Ferry ကားပေါ် တက် လိုက်သည်။
Driver -- ဘယ်ဝင်ကြဦးမလဲ .. သမီးတို့
တိုက်ခန်းပဲ တန်းမောင်းပေးကမလား?
ခက်မွန် -- ဟုတ် တိုက်ခန်းပဲ တန်းမောင်း
ပေးတော့ ဦးဉာဏ်
Driver -- အေးအေး
***************************************
ဦးမင်းထင် -- ကဲ ပြန်ကြရအောင်
ကြီးကြီး -- မီးငယ်လေး နောက်နှစ်‌
တွေမှာ လည်းRoll No.1 to 10ဝင်၍
ဒီထက်မက အောင်မြင်ပါစေ
ခွန်း -- ကျေးဇူးပါ ကြီးကြီး
ဘဘ -- ကဲ ပြန်ကြတာပေါ့
DLYN -- သက်နွေ ကားကို ဖြေးဖြေးမောင်း
သွားနော်
တီသက် -- အေးပါ
အားလုံး Car Parking ဆီသို့ ....
***************************************
ခက်မွန်တို့ သူမတို့ တိုက်ခန်းရောက်တော့
ကားပေါ်မှ ဆင်းကာ ၃လွှာက သူမတို့
တိုက်ခန်းဆီသို့ ...
ခက်မွန် -- ဒုတိယ ထပ်က လှေကားက
မီးလည်း မဖွင့်ပါလား?
ဆုမြတ် -- ပြန်မရောက်သေးလို့နဲ့ တူတယ်
ပိုးအိ -- ခဏ ငါ Phone Flash မီး ဖွင့်
လိုက်မယ်
သူမတို့ အခန်းရှေ့ရောက်တော့ ..
ဆုမြတ် -- သော့ရော
ဆုမြတ်က မေးတော့ ပိုးအိက ခက်မွန်ကို
မေးငေါ့ပြသည်။ ဆုမြတ်က ခက်မွန်ဆီ
လက်ဖျန့်တောင်းတော့ ..
ခက်မွန် -- အကြွေမရှိလို့ ကန်တော့ပါရဲ့
ဆုမြတ် -- ချီးထုတ်ရဲ့ တခါးသော့တောင်းနေတာ
ခက်မွန် -- ငါသိပါတယ် ခဏ ငါ့အိတ်ရဲ့
ရှေ့အိတ်ထဲမှာ
ခက်မွန်က သူမလွယ်ထားတဲ့ ကျောပိုး အိတ်ရဲ့
အရှေ့အိတ်ထဲ စမ်း၍ သော့ကို ယူ၍ ပေးလိုက်
သည်။
ဆုမြတ်က တံခါးသော့ ဖွင့်တော့ အထဲသို့
ဝင်လိုက်ကာ ခက်မွန်တို့ ဝရံတာက ဖိနပ်စင်မှာ ဖိနပ်ချွတ်၍ တိုက်ထဲစီးတဲ့ အဝတ်ဖိနပ်လဲစီးပြီး
ဝရံတာက တံခါးမကြီးကို ဖွင့်၍ တိုက်ခန်းထဲသို့
ဝင်လိုက်သည်။
ခက်မွန် က နံရံက မီးခလုတ်တွေ ဖွင့်ပြီး
TVခန်းက ဆိုဖာပေါ် လှဲ၍ ..
ခက်မွန် -- ahh အခုမှ ကျောဆန့်ကတော့
တယ် ..
ဆုမြတ်တို့ ပိုးအိတို့လည်း ဘေးက ဆိုဖာခုံမှာ
ဝင်ထိုင်လိုက်သည်။
ဆုမြတ် -- ခက်မွန် .. Hotel မှာတုန်းကတွေ့တဲ့
နင့် ကလေးရဲ့ အကြောင်းလေး ပြောပါဦး
ခက်မွန် -- ဟဲ့ ငါ့ကလေး နဲ့ ငါက ကလေး
အမေကျလို့ ပြောပုံက
ပိုး -- အေး ငါလည်း မေးမို့
ခက်မွန် -- သူက အခုမှ ၁၈ကျော်လောက်ပဲ
ရှိမယ် ပထမနှစ်ပဲပြီးသေးတာ ဒီနေ့ Hotel မှာ
ပွဲလာလုပ်တဲ့ Private Technological
University က ကျောင်းသူ .. နေ့လည်က
သူတို့ကျောင်းကပွဲချိန်တုန်းက ငါ Toilet
ဝင်ရင်း Toilet မှာသိတာ ..
ဆုမြတ်မွန် -- aww နေ့လည်က အေးချမ်း
တောင် လာ သေးတယ် သူ့မောင်တို့ကျောင်းက
Civil Major က ပွဲရှိလို့ သူ့မောင်ကိုလာတွေ့
တာဆိုပဲ
ပိုး -- နင်နဲ့ အဲ့ခဏလေးတွေ့တာ တရင်တနှီး
ဖြစ်နေလို့ အံ့ဩတာ။
ခက်မွန် -- တွေ့ပုံက ဒီလို ...... ...... ......
*ခက်မွန်က သူမတို့ ဆုံတွေ့ပုံ အစ အဆုံးကို
ပြောပြလိုက်သည် *
ဆုမြတ် ၊ ပိုး -- ဩော့ ဪ..
ခက်မွန် -- ဘာဖြစ် ? ရုပ်‌တွေက ..
ပိုး -- ခက်မွန် နင်က Lesbian ဆိုတော့
ဇာတ်လမ်းလေးတွေများ ဖြစ်လာမလား
လို့လေ ..
ဆုမြတ် -- နင့်ရဲ့ယာယာလေးက ပုံစံက
သူဌေး သမီး ငစွာလေးနေမယ်
ခက်မွန် -- ဘာ ယာယာ ..
ဆုမြတ် -- Engineering ကျောင်းသူဆို
တော့ ယာယာ လေ
ပိုး -- ah hahh
ခက်မွန် -- ‌ရယ်မနေနဲ့ သွား နင်အရင်
ရေသွားချိုး ဒီနေ့ပင်ပန်းတယ် စောစော
အနားယူချင်ပြီ
ပိုး -- ရှက်ရမ်းတွေ ရမ်းနေတာ
ခက်မွန် -- ငါ ..
ခက်မွန်က Sofa က အရုပ်ခေါင်းအုံးနဲ့
ကောက်ပေါက်ဖို့ ရွယ်တော့ ..
ဆုမြတ် -- ကဲ ပိုးရေ မစနဲ့ သွားရေချိုး
ပိုး -- Ok .. Ok
ပိုး ရေချိုးခန်းစီသို့ ထွက်သွားတော့ ..
ခက်မွန် -- ဆု .. ပိုး ပြီးရင် နင်ချိုးလိုက်နော်
ငါခဏမှေးချင်လို့ ..
ဆုမြတ် -- အွန်း အွန်း
ပိုး ပြီးတော့ ဆုမြတ်က ရေချိုးခန်း ဝင်
လိုက်သည်။ ခက်မွန်ကတော့Sofa မှာ
လှဲအိပ်နေသည်။
ဆုမြတ်က သူမချိုးပြီး အဝတ်စားလဲပြီး
ခက်မွန်ကိုနှိုးလိုက်သည်။ ခက်မွန်လည်း
ရေချိုးပြီး အဝတ်စားလဲကာ သူမအခန်း
ထဲ အနားယူတော့သည်။ အခန်းက ၃ခန်း
ကို ‌ပိုးနဲ့ ဆုမြတ်က ကပ်ရက်ခန်း တခန်းစီ ၊
သူမအခန်းက ဧည့်ခန်းနဲ့ကပ်ရက် ပိုးတို့နဲ့
မျက်နှာချင်းဆိုင် အခန်းဖြစ်သည်။
ခက်မွန် ဖုန်းလေး WIFI ဖွင့်၍ Instagram
နဲ့ Facebook ဖွင့်ကြည့်မိသည်။
သို့ပေမယ့် ဒီနေ့ နေ့လည်က ပွဲရှိ၍ ဟင်းပွဲ
အများပြား ပြင်ပေးကတာမို့ အရမ်းပင်ပန်းလာ၍
WiFi ပိတ်ပြီးအိပ်ပျော်သွားမိတော့သည်။
-----*****-----*****-------******------*****------
ခွန်း အိမ်ပြန်ရောက်တော့ သူမအခန်းထဲ
အဝတ်စားလဲ အိပ်ယာပေါ် တန်းလှဲကာ
ဖုန်း သုံးနေမိသည်။
သူမရဲ့ Mummy အခန်းတံခါးဖွင့်ပြီး
လာလာချောင်း၍ သူမအစ်ကိုနဲ့ ML Game
ဆော့ကာ အော်ဟစ်နေလိုက်သည်။
၁၀ နာရီကျော်တော့ သူမရဲ့ လူကြီးကို သတိရ
သွား၍ Facebook သို့ကြည့်မိတော့ အခုထိ
Accept လုပ်တဲ့ Noti တက်မလာချေ။
ခွန်း စိတ်ထဲ တယောက်ထဲ ရေရွတ်နေ
သည်။ 💭 ^ ဘာလား ဒီလူကြီးက လိုင်း
မတက်တာလား? ငါ့ acc ကို မြင်သားနဲ့
လက်မခံတာလား? ချေတာလား ဟ ^💭
ခွန်း တယောက် သူမဘာသာ စိတ်ထဲ ရေရွတ်၍
စူပုတ်ကာ ထိုလူကြီးရဲ့ Public Post တွေကို
Like ပေးလိုက်သည်။
သူမ Acc ထဲက Mutual Fri ရှိနေတဲ့
K Popper ကောင်မလေးတွေ သူမကို Tag
ထားတဲ့ Post မှန်သမျှလည်း React တွေ
လိုက်ပေးနေမိသည်။
Khun's mind ;💭 ^ တော်ပြီဗျာ၊
အိပ်တော့မယ် ကျုပ်မှာ Game တောင်
ကောင်းကောင်း မဆော့နိုင်ဘူး၊ ခင်များရဲ့
Accept လုပ်တာလေးကို စောင့်နေကတာ၊
ခင်များကြီးက ချီးထုတ်ကြီး ..
ခွန်း မကျေမနပ် စိတ်ထဲပြောဆို၍ အခန်း
မီးပိတ်ကာ အိပ်ယာဝင်လိုက်သည်။
To Be Continue ^
*************************************
Written By,
May Yan
Thz a lot! all my buddy
MYAndSSLY
Continue Reading
You'll Also Like
61K 3.1K 24
Where Jungkook's a boy at day, and transforms into a girl at night. His hyungs doesn't know anything about it as he's always inside his room. What w...
224K 14.3K 49
534K 8K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
78.6K 3.7K 30
G x G (OC) ~Drama~ About - 'girllove'