My Special Boyfriend [Complet...
Da Hanamii_Ji
303K 22.2K 503
||210310|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction Chinese actor Wang Yibo & his Japanese fanboy Xiao... Altro
_1_
Character
_2_
_3_
_4_
_5_
_6_
_7_
_8_
_9_
_10_
Attention plz!!
_11_
_12_ ⚠︎
_13_
_14_
_15_
_17_ ⚠︎
_18_
_19_
_FINAL_
_EXTRA 1_
_EXTRA 2_
Hello~
_EXTRA END_
_16_
10K 824 9
Da Hanamii_Ji
{UNI}
တစ်​နေ့လုံးလာပို့သည့်စားစရာ​တွေကိုလည်း လက်နှင့်တောင်မတို့ဖြစ်​ပေ။ ဖုန်းပါယူသွားသည်မို့ ဝမ်ရိ​ပေါ်ကိုလွမ်းတဲ့စိတ်နှင့် ဝရန်တာနားထွက်ထိုင်​နေသည်မှာမိုးချုပ်သည်အထိပင်။
တံခါးဖွင့်သံကြား​ပေမယ့်လှည့်မကြည့်​မိ။ ညစာလာပို့တာ​ပဲနေမည်။
"​ရှောင်းလေး..."
​ရုတ်တရက်ကြားလိုက်ရသည့်အသံသည် နှစ်​ယောက်မရှိ​သောဝမ်ရိ​ပေါ်၏ အသံဆိုတာ​သေချာသည်။​ အနောက်လှည့်ကြည့်​လိုက်သည့်အခါ တကယ်ကို သူ့အားပြုံးပြ​နေသည့်ဝမ်ရိ​ပေါ်ကို​တွေ့သည်။ နေရာက​နေထကာ ချက်ချင်း​ပြေးဖက်မိလိုက်၏။
"​​​တွေ့ချင်​နေတာ။ အရမ်းလွမ်း​နေတာ ဝမ်​ကော.."
သူ့​ခေါင်းကိုဖိကိုင်ရင်း ဆံပင်​တွေကိုနမ်းရှုံ့ကာ ဝမ်ရိ​ပေါ်က သူ့ကိုရင်ခွင်ထဲကကိုအထွက်မခံ​တော့​ပေ။
"ဘယ်..ဘယ်လိုဝင်လာတာလဲဟင်။ အ​စောင့်​တွေရှိတယ်​​လေ"
"ခြံတံခါးပွင့်ဖို့အတွက် Shinnကူညီတာ။ ကိုယ်မနက်ကတည်းက​ရောက်​နေတာ အခုမှအ​စောင့်​တွေလစ်တုန်း ​အောက်ထပ်ကအိမ်​တော်ထိန်းညွှန်​ပေးတဲ့အတိုင်း ရှောင်းလေးအခန်းဆီဝင်လာတာ"
"အိမ်​တော်ထိန်း Ku?"
"အင်း Shinnဖုန်းဆက်ပြီး​ပြော​ပေးထားတာတဲ့"
စကားစ​တွေပြန်ဖြတ်ပြီး ​နောက်တစ်ကြိမ်ထပ်ဖက်ထားကြသည်။
"တံခါးကို​သော့ဘာလို့မခတ်ထားတာလဲ"
အပြင်ကဖွားဖွား၏အသံကြားသည်ကြောင့် ​ရှောင်းကျန့် ဝမ်ရိ​ပေါ်ကိုရေချိုးခန်းထဲ အမြန်ပုန်းခိုင်းပြီးကုတင်​ပေါ်ထိုင်​နေလိုက်သည်။
"​မြေး​လေး။ ခြံထဲမှာအ​စောင့်တစ်​ယောက်အရိုက်ခံထားရပြီးမေ့​နေတာ​တွေ့လို့တဲ့ လူစိမ်းအရိပ်​ယောင်​တွေ့​သေးလား"
"သားအတွက်​တော့ ဖွားဖွားထားထားတဲ့အ​စောင့်​တွေအကုန်လုံးက သူစိမ်း​တွေပဲ"
ဖွားဖွားကဆက်မ​ပြော​တော့ဘဲ အခန်းထဲသာ​ဝေ့ကြည့်​နေသည်။ ထို့နောက်ဝရန်တာဘက်ထွက်သွားကာအောက်ကိုငုံ့ကြည့်ပြီး ဘာမှမ​တွေ့​တော့ ပြန်လှည့်လာသည်။
"အစားမစားဘူးလို့​ပြောတယ်။ ဒီလို​တွေဆက်လုပ်​နေရင် ​မြေးပဲကျန်းမာ​ရေးထိခိုက်မှာ​နော်"
"ဖွားဖွားကတူညီတဲ့အမှားတစ်ခုကို နှစ်ခါလုပ်​ချင်နေတာပဲ"
"မတူဘူး။​ မြေးရဲ့ချစ်သူသာ မိန်းက​လေးဖြစ်​နေခဲ့မယ်ဆိုရင် ဖွားဒီလိုလုပ်မှာမဟုတ်ဘူး"
ထို့​နောက်အခန်းထဲက ပြန်ထွက်သွားသည်။ ​သော့ခတ်သံကြား​မှ ​ရှောင်းကျန့် သက်ပြင်းချမိသည်။ ထို​​တော့မှလည်းရေချိုးခန်းထဲမှ ဝမ်ရိ​ပေါ်ကပြန်ထွက်လာ၏။
"​ရှောင်းလေးကိုယ်နဲ့လိုက်ခဲ့ပါ။​​ လူကြီး​တွေ သွေးဆူ​နေတဲ့အချိန်မှာ ဘယ်လိုရှင်းပြပြနားဝင်မှာမဟုတ်ဘူး။ ဒါ​ကြောင့်ကိုယ့်ကိုယုံပြီး ကိုယ့်နောက်လိုက်ခဲ့​ပေးမလားဟင်"
"ဝမ်​ကော.."
"ကိုယ်စတဲ့ဇာတ်လမ်းကို ကိုယ်တာဝန်ယူချင်တယ်"
"လိုက်မယ်။​ ဝမ်​ကော​ခေါ်တဲ့​နောက် ရှောင်းလေးလိုက်ခဲ့မယ်"
​စောင်​တွေနှင့်အဝတ်တချို့ကိုချည်ပြီး ဝရန်တာက​နေခိုဆင်းဖို့လုပ်ရသည်။ အရင်​​အောက်ကအ​ခြေ​​အနေ​တွေကို အသာ​လေးငုံ့ကြည့်​လျှင် ခြံထဲတွင်အရိုက်ခံခဲ့သည့် သူတို့လူ​ကြောင့် လူစိမ်း​ဝင်​နေမှန်းသိ​နေသည့်အ​စောင့်​တွေက လူရှာရင်းအလုပ်ရှုပ်​နေကြသည်။
အဝတ်​တွေချည်ထားသည်ကိုမချခင် အ​နောက်ကိုလှည့်ကြည့်မိ​သောအခါ မတ်တပ်ရပ်​နေသည့်ရှောင်းကျန့်သည် အင်္ကျီအပါး​လေးသာဝတ်ထားသည်မို့ ဗီရိုရှာကာ ဗီရိုထဲကအ​နွေးထည်တစ်ထည်ယူပြီး ဝတ်ပေးလိုက်သည်။
ပြီးမှချည်ထားသည့်ကြိုး​ကိုချကာ အ​ခြေ​အနေကြည့်ပြီး သူအရင်ခိုဆင်းလိုက်သည်။ ထို့​နောက်​ရှောင်းကျန့်ကပါ ဖြည်းဖြည်းချင်းဆင်း​နေတုန်း အ​စောင့်တစ်​ယောက်က​တွေ့သွားပြီး တခြားသူ​တွေကိုအချက်​ပေးကာ သူတို့ဆီ​ပြေးလာ​နေသည်။
"​ရှောင်းလေးခုန်ဆင်းလိုက် ကိုယ်ဖမ်း​ပေးမယ်"
​ရှောင်းကျန့် ဒီအချိန်၌ကြောက်တာ​တွေ စဥ်းစား​နေတာ​တွေ လုပ်နေဖို့ အချိန်မရှိ။ မျက်လုံးကိုဆုံမှိတ်ကာ အဝတ်ကြိုးကိုင်ထားသည့်လက်ကိုလွှတ်ချလိုက်​သည့်အခါ အောက်က​နေဖမ်း​ပေးသည့် ဝမ်ရိ​ပေါ်ရင်ခွင်ထဲအင့်ကနဲ။
လက်က​နေဆွဲလို့ ​ပြေးတဲ့​ ဝမ်ရိ​ပေါ်နောက်ကို တစ်ချက်မှတွန့်ဆုတ်ခြင်းမရှိလိုက်​ပြေးသည်။ ခြံပြင်​ရောက်ဖို့တော်​တော်​ပြေးရပါသည်။ အ​နောက်ကအ​စောင့်​တွေကလည်း မှီသထက်မှီ​နေပြီး သူတို့အချင်းချင်းအချက်​ပေး​နေသည်​ကြောင့် ​အော်ဟစ်သံများဖြင့်ဆူညံ​နေသည်။
ခြံဝနား​ရောက်​သည်နှင့် Autoပွင့်သွား​သောခြံတံခါး​ကြောင့် အိမ်​တော်ထိန်းKuကို ​ကျေးဇူးတင်၍မဆုံး။
သူတို့ထွက်ပြီးသည်နှင့် ခြံတံခါးကပြန်ပိတ်သွား​၏။ ထို​တော့မှအသက်ရှူ​ချောင်​တော့သည်။ ရှင်း​နေသည့်လမ်းတစ်​လျှောက်ထိ သူတို့ဆက်​ပြေး​နေပြီး လမ်းအဆုံး၌ကားဖြင့်စောင့်​​နေသည့် Shinnကို​တွေ့သည်။
သူတို့ ကား​​ပေါ်​ရောက်​သောအခါ Shinnက,ကားကိုချက်ချင်းမောင်းထွက်လိုက်​သည်။ ထို့​နောက်ဖုန်း​​တွေအကုန် စက်ပိတ်ထားလိုက်ပြီး ​လေဆိပ်ကိုတန်း​သွားလိုက်၏။
​လေဆိပ်​ရောက်​သည့်အခါတွင်လည်း လေယာဥ်လက်မှတ်နှင့်အဆင်သင့်​စောင့်​နေ​သော ဟိုက်ခွမ်းကိုတွေ့ပြန်သည်။​ လေယာဥ်ထွက်ခါနီးပြီဖြစ်၍ သူတို့နာမည်ကိုခေါ်​နေပြီဖြစ်တာ​ကြောင့် အ​ပြေးအလွှားသွားရ​သေးသည်။
လေယာဥ်​ပေါ်​တွင်VIPတစ်ခန်းလုံးယူထားသည်မို့သူတို့နှစ်​ယောက်တည်းဖြစ်သည်။ မိနစ်ပိုင်းသာခြားသည်။ တ​ရွေ့​ရွေ့သွား​နေ​သောလေယာဥ်သည် ပြေးလမ်းအဆုံး​ရောက်သည်နှင့် ​လေ​ပေါ်တက်သွား​တော့၏။
"ဒါဘယ်သွား​နေတာလဲဟင် ဝမ်​ကော"
"Switzerland"
၁၂နာရီ​လောက်လေယာဥ်စီးပြီးချိန်တွင် Switzerlandလေဆိပ်ကို​ရောက်ရှိသည်။ ဘာLuggageမှမပါသည့် သူတို့နှစ်​ယောက်အတွက် ဘယ်အထုပ်ကိုမှလည်းစောင့်မ​နေ​တော့ဘဲ Bookingလုပ်ထားသည့် Hotelကိုသာတန်းသွားလိုက်ကြသည်။
ဂျပန်တွင်ရှောင်းကျန့်၏ ဖွားဖွား​မြေလှန်ရှာ​နေတာ​တွေ။ တရုတ်တွင်ဝမ်ရိ​ပေါ်၏Fan​တွေ ​သောင်းကျန်း​နေတာ​တွေထက် ယခုချိန်သူ့​နောက်ကိုယုံကြည်ပြီးလိုက်လာသည့် Uniကျောင်းသား​လေးအ​ပေါ်မှာပဲ ဝမ်ရိ​ပေါ်တာဝန်​ကျေချင်သည်။
Hotelရောက်​သောအခါ ချွေးနံ့​တွေစွဲ​နေသည့်အင်္ကျီကို ဝမ်ရိ​ပေါ်ဆွဲချွတ်ပစ်လိုက်ပြီးကုတင်​ပေါ် လှဲချလိုက်သည်။
"အဝတ်အပို​တွေလည်းပါမလာဘူး ဝမ်​ကော"
"ကိုယ်ကတရုတ်ပြည်ရဲ့ ဝင်​​ငွေအများဆုံး မင်းသားတစ်​ယောက်ပါ။ ခိုး​ပြေးတာကို အ​ဝတ်အစားထည့်စရာလား။ ဖုန်းတစ်ချက်ဆက်လိုက်ရင်အကုန်​ရောက်လာလိမ့်မယ်"
​ရှောင်းကျန့် ပါးစပ်​လေးပိတ်သွားပြီး အခန်းအပြင်အဆင်ကိုပတ်ကြည့်​နေသည်။ တိုက်အမြင့်​ပေါ်၌ဖြစ်သည့်အပြင် မှန်ကာထား​သောနေရာက​နေမှ တစ်မြို့လုံးကိုမြင်​နေရသည်။ ညဘက်ဆိုဘယ်​လောက်လှလိုက်မလဲ။
"​​လေယာဥ်စီးလာတာ မပင်ပန်းဘူးလား။ နောက်မှကြည့်​တော့အခု​တော့ဒီမှာလာလှဲဦး။ တစ်​ရေး​လောက်​အိပ်ရ​အောင်"
"ဟုတ်"
သူ့​ဘေးဝင်လှဲ​သောရှောင်းကျန့်ကို ဝမ်ရိ​ပေါ် ဖြစ်ညှစ်လိုက်ပြီး လက်​တွေကိုအင်္ကျီထဲနှိုက်လိုက်သည်။ အတင်းနဲ့ရင်ဘက်ကိုထုပြီး ရှောင်းကျန့်ရုန်း​သည်မို့ ဝမ်ရိ​ပေါ်ကလွှတ်မ​ပေးဘဲ စပ်ဖြဲဖြဲနှင့်ဆက်ချုပ်ထားသည်။​ ရှောင်းကျန့်တို့ငြိမ်ခံမ​နေပါ။ အဝတ်မကပ်သည့် ဝမ်ရိ​ပေါ်၏ရင်အုပ်ကိုကုန်းကိုက်​တော့သည်။
"အား!! ရှောင်းလေး.."
"အိပ်မယ်ဆိုပြီး အသားယူ​နေတာဘယ်သူလဲ"
"ကိုယ်က ချစ်လို့ကို..."
"Mwah! အိပ်​တော့​နော်"
ပါးကိုနမ်းပြီး တစ်ဖက်လှည့်အိပ်သွားသည့်ရှောင်းကျန့်သည် လူလည်​လေးဖြစ်သည်။ ဝမ်ရိ​ပေါ်အ​နောက်​ကနေမှ ရှောင်းကျန့်ခါး​လေးအားဆွဲဖက်ကာ ရင်ခွင်ထဲထည့်ပြီးမှ အိပ်လိုက်​​​တော့သည်။
//////
"ဝမ်​ကော...ဝမ်​​ကော"
နူးနူးညံ့ညံ့အသံချိုချို​လေးဖြင့် လှုပ်နှိုး​နေသည့်ရှောင်းကျန့်။
"ဟင်.."
"ထ​တော့ ည​နေ​စောင်းတော့မယ်။​ ရှောင်းလေး​ရေချိုးပြီးပြီ။ ဘာဝတ်ရမှာတုန်း"
ဝမ်ရိ​ပေါ် ​ကုတင်​ဘေးတွင် ခါး​လေးကုန်းရင်း ပြောနေသည့်ရှောင်းကျန့်ကို ဆွဲချလိုက်​သည့်အခါ သူ့အ​ပေါ်သို့ထပ်ဆင့်ကျလာသည်။ ထို့အခါ ခါးက​​နေဖက်လုံးပိုက်သလိုပိုက်ထားလိုက်သည်။
"ထ​တော့ဆို​နေ.."
"...."
ဘာမှပြန်မ​ပြောဘဲ အိပ်ချင်မူးတူးဖြင့် စိုက်ကြည့်​နေ​သောဝမ်ရိ​ပေါ်သည် ခန့်ညား​​နေတုန်းပင်။
"ဘာမှမဝတ်နဲ့ ကိုယ်ကြည့်လို့ရတယ်"
"အဝတ်စား! အဝတ်စား! အဝတ်စား! ဝယ်​ပေးလို့ဆို​နေ!!"
ဆူပုတ်ပုတ်ဖြင့် ထုရိုက်​နေ​သောရှောင်းကျန့်သည် Bathrobeအဖြူလေးနဲ့​ဖြစ်သည်။ ရင်ဘက်​လေးကို​​ဖွေးလို့။ ဝမ်ရိ​ပေါ် လျှာသပ်ရင်းလှိမ့်ချလိုက်​သည့်အခါ အဖြူလုံး​လေး​က ဝမ်ရိ​ပေါ်အောက်​ပြန်ရောက်သွားသည်။
"အ့! အဝတ်စားဝယ်​​ပေးပါဆို​နေမှပဲ"
​ရေချိုးပြီးကာစမို့ အ​မွှေးနံ့​လေးသင်း​နေသည့် လည်တိုင်ကအရသာရှိလွန်းသည်။ Bathrobeကိုတဖြည်းဖြည်း​အောက်ဆွဲချကာ အနီ​ရောင်ချယ်ရီသီး​လေး​တွေကိုဆွဲစုပ်​တော့ ရှောင်းကျန့်အော်ငိုပါ​​တော့သည်။
"အီးဟီး!! သူများကဗိုက်ဆာလို့ ရေချိုးပြီးရင်အပြင်သွားစားဖို့ အဝတ်စားဝယ်ခိုင်းတာကို မဝယ်လည်းမဝယ်​ပေးဘူး။ အနိုင်လည်းကျင့်​နေတယ် လွှတ်!! အီး!! ဟင့်!"
"ဟာ..မငိုနဲ့​လေ။ ကိုယ်အခုဖုန်းဆက်လိုက်မယ်​နော်"
ကပြာကယာနှင့် ဝမ်ရိ​ပေါ်ကုန်းရုန်းထပြီးဖုန်းဆက်လိုက်ရ​တော့သည်။ ကုတင်​ပေါ်ကိုကြည့်လိုက်သည့်အခါ ခြေ​ထောက်​လေးနှစ်​ချောင်း​အောက်ချလို့ တအင့်အင့်ရှိုက်​နေတဲ့​ကောင်​လေးကသနားစရာ။
"​ရေပြန်ချိုးရ​အောင်​နော်။ ကြည့်ပါဦးကိုယ့်ရဲ့ ​ရှောင်းလေးကနှာ​ရည်တွေလည်းထွက်လို့"
"အင့်! အီး..!!"
"အာ..မငိုနဲ့ မငိုနဲ့..ကိုယ်ချီသွား​ပေးမယ်​။ မစ​​တော့ဘူး, မစ​တော့ပါဘူး တိတ်​တော့​​လေ​နော်.."
မနည်း​ချော့ပြီး ဂျိုင်းက​နေမ,ကာ ကောက်ချီ​လိုက်သည်။ ခါးကိုအ​လိုက်သင့်လာချိတ်​သောခြေ​ထောက်သွယ်သွယ်​လေးသည် စိတ်ဝင်စားစရာ။​ ပေါင်ကိုကိုင်ထားသည့်လက်​တွေကို မက်မွန်သီး​လေးဆီ​ရွှေ့ကာ,တမြုံ့မြုံ့ညှစ်ရင်း ​ရေချိုးခန်းဆီသို့ဦးတည်လိုက်သည်။
သူ့ညီ​လေးလည်း ဆာ​​နေ​ရော​ပေါ့။
//////
Switzerlandရဲ့ညဘက်ကသိပ်လှ၏။ မီး​ရောင်စုံထွန်းလင်းထား​သောအ​​ဆောက်အအုံ​တွေ၏တစ်ဖက်ခြမ်းတွင် အရသာစုံလင်သည့်စား​သောက်ဆိုင်​တွေကတန်းစီလို့​နေသည်။
ဒီည​တော့ဝမ်ရိ​ပေါ် Sugar Daddyလေးလုပ်ဖို့​တွေးထားသည်။ ချစ်သူလက်ညိုးထိုးရာ အကုန်Cardထုတ် ရှင်း​ပေးရင်းလည်း ပီတိ​တွေဖြာလို့။​ ည​နေက ​ရေချိုးခန်းထဲ သူ့အလိုကိုလိုက်ထားသည့်ရှောင်းကျန့်ကို သူပြန်အလိုလိုက်ရမည်လေ။
လက်ညိုးသာထိုးလိုက် သူရှာထားတာမှန်သမျှရှောင်းလေးအတွက်ချည်းပဲ။
Locationမသိရ​အောင်ဖုန်းတွေစက်ပိတ်ထားသည်မို့ မြစ်ကမ်း​ဘေးကဖုန်းအိမ်​လေးထဲတွင်ဖန်ရှင်းတို့ကိုဖုန်းဆက်ဖြစ်​သေးသည်။ အဆင်​ပြေ​ပြေရှိ​နေသည့်အ​ကြောင်းနှင့် အ​ခြေအနေ​တွေငြိမ်သွား​လောက်သည့်အချိန်ကျမှပြန်လာမည်ဖြစ်​ကြောင်း​​ပြောပြီးအဆုံးသတ်လိုက်သည်။
ဖုန်းအိမ်ကျဥ်းကျဥ်း​လေးထဲမှာ နှစ်​ယောက်သားနီးနီးကပ်ကပ်ဖက်ထားရင်း မျက်နှာချင်းဆိုင်က ​လှေ​တွေကို ကြည့်ဖြစ်ကြ​သေးသည်။
​ရောက်တတ်ရာရာ​တွေ​ပြောပြီး လက်တွဲ၍လျှောက်​နေသည့်လမ်းမကြီး​ထက်ကသူတို့အရိပ်က​တောင်လိုက်ဖက်လွန်းပါ၏။
Switzerlandမှာမို့ ဝမ်ရိ​ပေါ်ကိုသတိထားမိသည့်သူသိပ်မရှိတာကိုကံ​ကောင်းသည်ပြောရမည်။ မဟုတ်လျှင် သူတို့မြင်ဖူး​နေသည့်အ​​ချေမင်းသားဝမ်ရိ​ပေါ်မှဟုတ်ပါ့မလားလို့ သံသယဝင်ကြမည်မှာအမှန်ပင်။
ထိုညက,က​လေး​လေးတစ်​ယောက်လိုလျှောက်​ပြေး​နေ​သောကောင်​လေး​နောက်ကို လျှာတသပ်သပ်နှင့်လိုက်​ဖမ်းနေသည့် သူလည်းရှိလေသည်။
_________________________
{ZAWGYI}
"​ရှောင်းလေး..."
"အိမ်​တော်ထိန်း Ku?"
"ဝမ်​ကော.."
"Switzerland"
"ဟုတ်"
"အား!! ရှောင်းလေး.."
"ကိုယ်က ချစ်လို့ကို..."
"Mwah! အိပ်​တော့​နော်"
//////
"ဝမ်​ကော...ဝမ်​​ကော"
"ဟင်.."
"ထ​တော့ဆို​နေ.."
"...."
"အင့်! အီး..!!"
//////
_________________________
Continua a leggere
Ti piacerà anche
448K 17.5K 41
a famous model runs a fan account for j.one. l.mh x h.js
883K 20K 48
In wich a one night stand turns out to be a lot more than that.
1M 40.2K 93
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
183K 3.8K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...