_8_

11K 1K 50
                                    

{Uni}

မနက်၄နာရီ။

အရမ်းချမ်းသည်ကြောင့်​ စောင်​လေးလှမ်းစမ်း​သော်လည်းမ​တွေ့ ။ မျက်လုံးလည်းမဖွင့်ချင်​တော့သည်ကြောင့် ​ကွေး​ကွေး​လေး​နေလိုက်​သည့်အခါ ခန္ဓာကိုယ်​ပေါ် ရောက်လာ‌သော စောင်၏အ​နွေးဓါတ်​ကြောင့် တကယ်ကိုနွေး​သွားရသည်။

ပြီးမှ ရုတ်တရက်သတိရကာ မျက်လုံးကိုဖွင့်ကြည့်လိုက်​လျှင် တွေ့လိုက်ရသည်မှာ သူ့အားစောင်ခြုံ​ပေးသည့်တရားခံကိုဖြစ်သည်။

"ဝမ်ကော!"

"ဟင်..​ဘာလိုချင်လို့လဲ က​လေး​လေး"

"ဘယ်လိုဖြစ်ပြီး ကျွန်တော့်အခန်းထဲ..."

"ဒါကိုယ်ဝယ်ထားတဲ့အိမ်​လေ။ အခန်း​သော့အပို​တွေ ကိုယ့်မှာရှိတာထူးဆန်းလို့လား"

"မထူးဆန်း​ပေမယ့် ကျွန်တော့်အခန်းထဲ​ရောက်​နေတာ​တော့ ထူးဆန်းတယ်​လေ"

"အင်း...အဲဒါက တစ်ရက်ပြည့်ပြီ​မို့လို့"

"ဘာ..ဘာတစ်ရက်လဲ?"

"ကိုယ့်ကိုအ​ဖြေ​​ပေးဖို့ တစ်ရက်အချိန်​ပေးထားတယ်​လေ။ စဥ်းစားလို့ရ​အောင် ကိုယ်မ​နှောက်ယှက်ဘဲ စကား​တောင်မ​ပြော​ပေးခဲ့တာကို.."

"ဟမ်! မနေ့က ည​နေကမှ.."

"ကိုယ်​စပြောကတည်းက ၂၄နာရီလို့မ​ပြောမိဘူး​။ တစ်ရက်လို့ပဲ​ပြောတာ။ အခု မနက်၄နာရီဆို​​တော့ ​​နောက်တစ်ရက်​ရောက်ပြီ​​"

ဒါညစ်တာပဲ။

"ဒါ​ပေမယ့်.."

"ရှူး..ကိုယ်အ​ဖြေပဲကြားချင်တာ။ ပြီး​တော့ ကိုယ်လိုချင်တဲ့အ​ဖြေမရရင် တခြားနည်းသုံးမှာလို့​လည်းပြောခဲ့တယ်​"

"......"

"​အချိန် ၃နာရီထပ်​ပေးမယ်။ ဒီ​နေ့ပြန်မှာမို့ ကားမထွက်ခင်အ​ဖြေလိုချင်တယ်။ ဖြစ်လား"

​ရှောင်းကျန့် ဆွံ့အသွားပါသည်။ သူ့Idolသည်တစ်ဇွတ်ထိုးဆန်တာသိ​​သော်လည်း အချစ်​ရေးတွင် ဒီလိုဖြစ်​နေလိမ့်မည်ဟုထင်မှတ်မထားခဲ့ပါ​ပေ။

​ခေါင်းညိမ့်ပြမိလား မညိမ့်ပြမိလား​တောင်မသိ​တော့။ ဝမ်ရိ​ပေါ်သည် အခန်းထဲမှထွက်သွား​လေပြီဖြစ်သည်။ ​ဆက်အိပ်၍လည်းမရ​တော့သည်မို့ မျက်နှာသစ်ကာ ကုတင်​ပေါ်သာ ငုတ်တုတ်ထိုင်နေလိုက်သည်။

My Special Boyfriend [Complete]Where stories live. Discover now