_10_

9.9K 882 3
                                    

{Uni}

နှစ်ပတ်ဆိုသည့်အချိန်တစ်ခုသည် တစ်ခဏအတွင်းကုန်သွားသလို ဝမ်ရိ​ပေါ်လည်း ရိုက်ကွင်း​တွေ ပြန်သွား​နေရပြီဖြစ်သည်။ နောက်ထပ်ရှိလာသည့် ဇာတ်ကားကြောင့် ဇာတ်ညွှန်းဖတ်ရင်း သရုပ်​ဆောင်​ရမည့်သူ​တွေနှင့်လည်း ရင်းနှီး​အောင် သွားရမည်ဖြစ်သည်။ မသွားခင် သူ့က​လေးဆိုး​​လေးအား ဖုန်းဆက်လိုက်၏။

Ring Ring~~

အိပ်​နေရင်းနှင့် ဖုန်းမြည်သံကြားသည်မို့ နာမည်​ပင်မကြည့်နိုင်​တော့ဘဲ ဖုန်းကိုင်ကာ နားနားကပ်ထားလိုက်သည်။

"​ရှောင်းလေး အိပ်​နေတုန်းလား"

"အင်း...."

"ထ​တော့​လေ ​ကျောင်းမသွားဘူးလား။ အခုပဲ ၇နာရီ​ကျော်​နေပြီ"

"အိပ်ချင်​သေးတာ.."

"လိမ္မာတယ် ထ​တော့​နော်။ ကိုယ်ရိုက်ကူး​ရေးအတွက်သွားစရာရှိ​သေးလို့ ဒီ​နေ့​နောက်ကျမယ်"

"​ဟုတ်"

"ကိုယ့်ပေါင်​ပေါင်းလေး စာ​သေချာလိုက်မှတ်ဦး​နော် အိပ်ငိုက်မ​နေနဲ့"

"ဟုတ်"

"ဟုတ်သာ​ပြော​နေတာ အခုထိအိပ်ယာက မထ​သေးဘူးမလား"

"ထပြီ ထပြီ.. ဝမ်​ကောက အရမ်း​ပြောတာပဲ"

"ပေါင်​ပေါင်းလေး ​ကျောင်း​နောက်ကျမှာစိုးလို့ပါ"

"​ရှောင်းလေးလို့ မ​ခေါ်​တော့ပြန်ဘဲ ဘယ်လို​တွေ​ခေါ်​နေတာတုန်း"

"​ဟား...​​​!! ပေါင်​ပေါင်းရှောင်းလေး ထပါ​တော့။ ကျွန်တော်မျိုး ​ကျောင်းတစ်ခါတည်း ပို့ခဲ့မလို့ပါ"

"ပြီး​​ရော အခုမလာနဲ့ဦး​နော်။​ ရေချိုးဦးမှာ"

"ကိုယ်ချိုး​ပေးရဦးမလား"

"ကိုယ့်ဘာသာကိုယ် ချိုးမှာ"

"ဟား ဟား! ပြီးရင်ဖုန်းဆက်လိုက်။ ကိုယ်ဆင်းခဲ့မယ်"

"ဟုတ်"

ဖုန်း​ပြောခြင်း​ပြီးဆုံးသည်နှင့် ​ရှောင်းကျန့် ရေချိုးခန်းထဲ​ပြေး​​တော့သည်။ အ​ကြောင်းမှာ ဖုန်းအ​ပြော​ကောင်း၍ ၇နာရီ​​ တော်​တော်​ကျော်သွား​သော​ကြောင့်ပင်။

My Special Boyfriend [Complete]Where stories live. Discover now