ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ င...

By Kay_Wine

552K 103K 4.1K

Title - I Only Lived for Three Chapters in A Campus Romance Novel Author - Tang Shan Yue (糖山月) Total Chapter... More

Description
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈ [ Zawgyi ]
အပိုင်း - ၂၈ [ Unicode ]
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆.၁
အပိုင်း - ၃၆.၂
အပိုင်း - ၃၇.၁
အပိုင်း - ၃၇.၂
အပိုင်း - ၃၈.၁
အပိုင်း - ၃၈.၂
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၈.၂
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉

အပိုင်း - ၁၇

9.3K 1.8K 42
By Kay_Wine

{Zawgyi}

“ဘယ္လိုလဲဟင္?” လင္ရွန္းမ်က္ႏွာေတြ ပူလွၿပီ။ “စိတ္မပူပါနဲ႔၊ ငါက သင့္ေတာ္တဲ့ႏႈန္းပဲ ထားေပးမွာပါ၊ ရလဒ္တိုးတက္လာတဲ့အေပၚမူတည္ၿပီး ယူမယ္ေလ၊ တိုးတက္မႈတစ္ခုစီကို ဆယ္ပုံပုံၿပီး ဒီလိုနည္းနဲ႔ ပိုက္ဆံဘယ္ေလာက္ယူရမလဲဆိုတာကို တြက္ၾကမယ္၊ ဒါေတာ့ဒါေပါ့ စာေမးပြဲမွာ တမင္အမွတ္နည္းေအာင္ေတာ့ ေျဖလို႔မရဘူး”

ေမာ့က်ဴးခ်န္ “…”

လင္ရွန္း ေျပာေနရင္း အသံကို ပိုပိုတိုးလာတယ္။ “အဲ့တာဆို… အရမ္းလည္း ေဈးမမ်ားသလို… ႏွစ္ေယာက္စာကို တစ္ေယာက္စာနဲ႔ပဲလုပ္တာဆိုေတာ့ သက္သာတယ္ေလ၊ ၿပီးရင္ မင္းေရာ စုတ်န္းတ်န္းပါ ႏွစ္ေယာက္လုံး ရာခိုင္ႏႈန္းတြက္တာေတြ ဘာေတြလုပ္ရမယ္ဆိုေတာ့ အပိုင္းကိန္းတြက္တာလည္း တိုးတက္လာလိမ့္မယ္”

ေမာ့က်ဴးခ်န္ “…”

စုတ်န္းတ်န္း? ဘာလို႔ ေနာက္ထပ္စုတ်န္းတ်န္းပဲလဲ! လင္ရွန္း ဘာကိုဆိုလိုခ်င္ေနတာလဲ? စုတ်န္းတ်န္းက်ေတာ့ စေတာ္ဘယ္ရီယိုနဲ႔ဟာေလးစာရတယ္ သူ႔က်ေတာ့ ဂ်ဳံေပါင္မုန႔္ႀကီး။ မင္းက ကိုယ့္ဘာသာကိုယ္ပိုက္ဆံရွာၿပီး စုတ်န္းတ်န္းကို ေလ့က်င့္ခန္းလုပ္ေပးဖို႔ ႀကံစည္ေနတုန္းလား? ဘာေၾကာင့္မ်ား နည္းနည္းထူးဆန္းတယ္လို႔ ခံစားေနရတာလဲ? သူ႔ေခါင္းေမႊးေတြေတာင္ ေျခာက္လာသလို ထင္မိေနၿပီ!

ေတာ္ေတာ္ၾကာတဲ့အထိ လင္ရွန္း ေမာ့မၾကည့္ရဲခဲ့ဘူး။ အခုခ်ိန္ျဖစ္ေနမယ့္ ေမာ့က်ဴးခ်န္ရဲ႕မ်က္ႏွာႀကီးကို ပိုလို႔ေတာင္ ၾကည့္ရမွာေၾကာက္ေသးတယ္။ WeChatမွာ စာပို႔ထားတာေတြသာ မျမင္ျဖစ္ခဲ့ဘူးဆိုရင္ ဒီလိုမ်ိဳး အရွက္မရွိတဲ့ေတာင္းဆိုခ်က္ကို ဘယ္ေတာ့မွ လုပ္ျဖစ္ခဲ့မွာမဟုတ္ဘူး။

လူအမ်ားစုအတြက္ေတာ့ ညီျဖစ္သူက အစ္ကိုႀကီးဆီကေန ပိုက္ဆံေတာင္းတာ ဘာမွမျဖစ္ဘူးလို႔ ေတြးေကာင္းေတြးႏိုင္တယ္။ အထူးသျဖင့္ လုပ္ငန္းခြင္ဝင္ေနၿပီး လစာကလည္း နည္းပုံမေပၚတဲ့ သူ႔အစ္ကိုႀကီးလိုလူမ်ိဳးေပါ့။

သူအခုေလးတင္ သူ႔WeChatက walletကို စစ္ၾကည့္လိုက္တာ အထဲမွာ ယြမ္ရာဂဏန္းေလာက္ပဲ က်န္ေတာ့တယ္။ လင္ရွန္း စကားေျပာထားတာေတြကို ဆုံးေအာင္မၾကည့္ခဲ့ေပမယ့္ ဒီလိုအေနအထားမ်ိဳးမွာ သူ႔အစ္ကိုဆီက ပိုက္ဆံထပ္မေတာင္းႏိုင္ေတာ့ဘူး။

တစ္လမွာ ယြမ္ႏွစ္ေသာင္းဆိုေတာ့ တစ္ႏွစ္ဆိုရင္ ေသခ်ာေပါက္ ဂဏန္းေျခာက္လုံးျဖစ္ေနမွာ။ အမ်ားႀကီးပဲ… အထက္တန္းတက္ေနတုန္း ေက်ာင္းသားတစ္ေယာက္က ဘယ္လိုေတာင္ ျဖဳန္းတီးႏိုင္ရတာလဲ? သူအရမ္းကို သိခ်င္မိတယ္!

ၿပီးေတာ့ အစ္ကိုႀကီးတစ္ေယာက္ျဖစ္တဲ့အားေလ်ာ္စြာ လင္ယြမ္ကလည္း ပိုက္ဆံေတြကို ေလ်ာေလ်ာရႈရႈေပးပစ္တယ္။ သူ႔ညီက ပိုက္ဆံေတြကို လက္လြတ္စပယ္ျဖဳန္းပစ္မွာကို မစိုးရိမ္ဘူးလား? ဒီပိုက္ဆံေတြနဲ႔ မေကာင္းတာေတြ ေလွ်ာက္လုပ္ပစ္မွာကို မစိုးရိမ္ဘူးလား? ဒီလိုမ်ိဳးေၾကာင့္ပဲ ပိုဆိုးေနရတာလား?

လင္ရွန္းေခါင္းထဲမွာ ဝ႐ုန္းသုန္းကားျဖစ္ေနၿပီး ခဏေလးအတြင္းမွာ အေတြးေပါင္းစုံ ၿပဳံၿပီးဝင္လာတယ္။ သူ႔မွာမူလခႏၶာကိုယ္ပိုင္ရွင္ရဲ႕မွတ္ဉာဏ္ေတြမရွိတဲ့အတြက္ ဒီခဏမွာ အေျဖမရွာႏိုင္ေသးဘူး။ ဒါေပမယ့္ သူ႔မွာအေတာ္ေလးေသခ်ာတဲ့ အေတြးတစ္ခုေတာ့ရွိတယ္ _ ေရွ႕ေလွ်ာက္ လင္ယြမ္ဆီက မသမာတဲ့နည္းနဲ႔ ပိုက္ဆံမေတာင္းႏိုင္ေတာ့ဘူးဆိုတာပဲ။ သူ႔အစ္ကိုႀကီးကို ပိုက္ဆံျပန္ဆပ္ဖို႔ မလိုဘူးဆိုရင္ေတာင္မွ သူ႔အစ္ကိုရဲ႕ပိုက္ဆံေတြကို အရမ္းသက္ေသာင့္သက္သာ မျဖဳန္းတီးသင့္ဘူး။

အေရးအႀကီးဆုံးက လင္ယြမ္က အရမ္းစိတ္ေကာင္းရွိၿပီး ၾကင္နာတတ္တယ္! သူ႔ကိုဆိုလည္း နားလည္မႈေပးၿပီး ေလးစားတယ္။ လင္ယြမ့္ေရွ႕မွာ ေငြကိုေရလိုသုံးျဖဳန္းေနတဲ့ ေပါ့ေပါ့ေနေပါ့ေပါ့စားညီတစ္ေယာက္အျဖစ္ သူ႔ကိုယ္သူ လက္မခံႏိုင္ေတာ့ဘူး။

အတန္းထဲမွာ ေမာ့က်ဴးခ်န္က ဘာတစ္ခြန္းမွမေျပာသလို ေဘးနားကေက်ာင္းသားေတြကလည္း စကားမေျပာရဲၾကဘူး။ ပတ္ပတ္လည္မွာ တိတ္ဆိတ္လို႔ေနတယ္။ ေမာ့က်ဴးခ်န္ရဲ႕အသက္ရႈသံတစ္ခုကိုသာ လင္ရွန္းၾကားေနရတယ္။ သူလည္း အခ်ိန္အၾကာႀကီး အေတြးထဲနစ္ေျမာေနတယ္။

“ဘာ ဘယ္လိုလဲဟင္?” အၾကာႀကီးေနၿပီးမွ သတၱိေမြးၿပီး တစ္ဖက္လူကို ေမာ့ၾကည့္လိုက္တယ္။

အခုခ်ိန္က ေန႔ခင္းအတန္းခ်ိန္စဖို႔ ဆယ္မိနစ္ေလာက္ေတာင္ မလိုေတာ့တာေၾကာင့္ အတန္းထဲကို ေက်ာင္းသားေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ျပန္ဝင္လာၾကၿပီျဖစ္တယ္။

“ဟက္ဟက္ ငါ့အေျဖကို သိခ်င္လား?” ေမာ့က်ဴးခ်န္ ခပ္ညစ္ညစ္ၿပဳံးလိုက္တယ္ “ေက်ာင္းဆင္းရင္ မသြားနဲ႔အုံး!”

လင္ရွန္း “…”

ေနာက္ဆုံးေတာ့ ေမာ့က်ဴးခ်န္က သူငယ္နာမစင္ေသးတဲ့အျပင္ အၿငိဳးအေတးကလည္း ႀကီးတယ္ဆိုတာကို သူသိလိုက္ရတယ္။ သူ႔ကို တစ္ခုခုေပးလိုက္ၿပီဆိုရင္ တခ်ိန္လုံးအဲ့တာကို ျပန္လုပ္ဖို႔ ဆင္ေျခရွာႏိုင္တယ္။

ေန႔ခင္းမွာ ဆရာရဲ႕လက္ခ်ာေတြကို လင္ရွန္းသိပ္နားမေထာင္ႏိုင္ဘဲ ေက်ာင္းဆင္းတဲ့အထိ ေၾကာင္ေတာင္ၿပီးျဖစ္ေနတယ္။ သူ႔ေခါင္းထဲမွာ လင္ယြမ္ဆီက ပိုက္ဆံေတာင္းခဲ့တာေတြနဲ႔ပဲ ျပည့္ေနတယ္။

သူ႔ရဲ႕တကယ့္ဘဝမွာ ရက္အနည္းငယ္ေလာက္အတြင္း မဆင္မျခင္သုံးျဖဳန္းၿပီး သူ႔အစ္ကိုႀကီးဆီကေန ပိုက္ဆံအပိုေတာင္းတာကိုေတာင္ ပုံေဖာ္ၾကည့္မိတယ္…

တစ္ဖက္လူက အႀကိမ္အနည္းငယ္ေလာက္ေတာ့ ေပးရင္ေပးေလာက္မယ္။ ဒါေပမယ့္ ၿပီးေတာ့ေရာ?

ေသခ်ာေပါက္ သံသယျဖစ္လာၿပီး စိတ္မဝင္စားရင္ေတာင္မွ အထင္ေသးသလိုမ်ိဳး ၾကည့္လာလိမ့္မယ္။ သူ႔အစ္ကိုရဲ႕အၾကည့္ကို လင္ရွန္းေတြးမိရင္းနဲ႔ေတာင္ သူမတတ္သာစြာ ေက်ာခ်မ္းမိတယ္။

အဲ့ေတာ့က လင္ယြမ္ကသာ တကယ္ေကာင္းတာ! သူက ပိုေကာင္းေလေလ အဲ့လူမ်က္လုံးထဲမွာ လင္ရွန္းကပိုေတာ္တဲ့လူျဖစ္ခ်င္ေလေလပဲ။

ေနာက္ဆုံးေတာ့ ေက်ာင္းေခါင္းေလာင္းထိုးသြားၿပီ။ သူ႔အိတ္ကို အျမန္သိမ္းဆည္းၿပီး ေခါင္းကိုလွည့္ကာ ေမွ်ာ္လင့္ခ်က္အျပည့္နဲ႔ ေမာ့က်ဴးခ်န္ကို ၾကည့္လိုက္တယ္။ ေမာ့က်ဴးခ်န္ရဲ႕စာအုပ္အမ်ားစုက စားပြဲေပၚမွာ စုပုံေနတယ္။ သူက ဒီတိုင္းသခ်ၤာစာအုပ္ကို ဆြဲယူၿပီး သူ႔ေက်ာင္းလြယ္အိတ္ထဲကို ထိုးထည့္လိုက္တယ္။ ခဏရပ္လိုက္ကာ သူ႔လြယ္အိတ္ထဲ ႐ူပေဗဒစာအုပ္ကိုပါ ထပ္ထည့္လိုက္တယ္။

ထို႔ေနာက္ လြယ္အိတ္ကို ေက်ာေပၚပစ္တင္ၿပီး မတ္တပ္ရပ္ကာ အခန္းတံခါးဘက္ကို ေမးေငါ့ၿပီး ေမာ့က်ဴးခ်န္ေျပာလိုက္တယ္ “ငါ့ေနာက္လိုက္ခဲ့!”

ေမာ့က်ဴးခ်န္က အရပ္ရွည္ကာ လမ္းေလွ်ာက္တာလည္း ျမန္တယ္။ လင္ရွန္း သူ႔ေနာက္က လိုက္လာၿပီး မၾကာခင္ ေက်ာင္းေဆာင္အျပင္ဘက္ေရာက္လာတယ္။ အခုက ေက်ာင္းဆင္းခ်ိန္ျဖစ္လို႔ တစ္လမ္းလုံး ေက်ာင္းသားေတြအမ်ားႀကီး ေတြ႕ေနရတယ္။

လူတိုင္းက “ဗိုလ္က်လြန္းတဲ့ေက်ာင္းျမက္ႀကီးနဲ႔ သူ႔ဇနီးေလး”ဆိုတာကို မနက္ခင္းလုံး ဖုန္ထခဲ့ၾကတာဆိုေတာ့ ထိုအတင္းအဖ်င္းက အခုခ်ိန္ထိ လတ္လတ္ဆတ္ဆတ္ႀကီးရွိေနတုန္းျဖစ္ကာ သိခ်င္စိတ္ေတြ ျပင္းျပေနၾကတယ္။

ေမာ့က်ဴးခ်န္ဆိုတာကလည္း လူၾကားထဲေရာက္ခ်ိန္ဆို ထင္သာျမင္သာရွိလြန္းတယ္။ လမ္းတစ္ေလွ်ာက္လုံး ေက်ာင္းသားေတြအားလုံးက သူတို႔ကို စပ္စပ္စုစုလိုက္ၾကည့္ေနၾကတယ္။ ထိုအၾကည့္ေတြက တကယ္ႀကီးလားဆိုတဲ့ ပုံစံေတြျဖစ္ေနတဲ့အတြက္ လင္ရွန္း မ်က္ႏွာပိုလို႔ေတာင္ ပူလာတယ္။

ေမာ့က်ဴးခ်န္ ေက်ာင္းေပါက္ဝထိ ေလွ်ာက္လာတယ္။ အဲ့ေနာက္ ေကြ႕ၿပီး လင္ရွန္းကို ဦးေဆာင္ကာ ေက်ာင္းေပါက္ဝေဘးက လမ္းၾကားထဲသြားလိုက္တယ္။

ဒီေနရာမွာ လူေတာ္ေတာ္ေလးပါးတယ္။ ေမာ့က်ဴးခ်န္က နံရံမွာ ပ်င္းတြဲစြာမွီၿပီး လင္ရွန္းကို ေမးလိုက္တယ္ “မင္း ပိုက္ဆံလိုေနတာလား?”

တစ္ေန႔ခင္းနဲ႔တင္ သူ႔ညီငယ္ေတြကို လင္ရွန္းရဲ႕အေျခအေန စုံစမ္းခိုင္းဖို႔ လုံေလာက္တယ္။ လင္မိသားစုက ေမာ့မိသားစုေလာက္ အရမ္းႀကီးမခ်မ္းသာေပမယ့္ အလယ္အလတ္ထက္ နည္းနည္းေတာ့ျမင့္တယ္။ လင္ရွန္း ပိုက္ဆံျပတ္တယ္ဆိုတာ မျဖစ္သင့္ဘူး။

“အင္း” လင္ရွန္း ေခါင္းၿငိတ္ျပလိုက္တယ္ “ထင္တာပဲ”

“ဘာလို႔လဲ?” ေမာ့က်ဴးခ်န္ ေမးျပန္တယ္။

“မေျပာလို႔ရမလား?” သူနဲ႔ ေမာ့က်ဴးခ်န္ၾကားက ဆက္ဆံေရးက သူ႔အေတြးေတြကို ေဝမွ်ၿပီးေျပာႏိုင္ေလာက္တဲ့အထိ ရင္းႏွီးတဲ့ဆက္ဆံေရးမ်ိဳး မဟုတ္ေသးဘူး။

“ဟမ့္” ေမာ့က်ဴးခ်န္ ေလွာင္ေျပာင္လိုက္တယ္။ “ေန႔လည္တုန္းက မင္းနဲ႔ လင္ခ်ီဆိုတဲ့ေကာင္ေလး ပူးတြဲၿပီးထြက္သြားၾကေသးတယ္! ငါေတြးၾကည့္လိုက္မယ္…” ေမာ့က်ဴးခ်န္က အိတ္ကပ္ထဲလက္တစ္ဖက္ထိုးထည့္ၿပီး ေနာက္လက္တစ္ဖက္က ေက်ာပိုးအိတ္ႀကိဳးကို ကိုင္ကာ လင္ရွန္းကို ဖင္တျပန္ေခါင္းတျပန္ၾကည့္ေနတယ္။

“ၿပီးေတာ့ မင္းနဲ႔မင္းအစ္ကိုႀကီးတို႔ ေျပာထားတာေတြကို ငါဖတ္လိုက္ရတယ္၊ အဲ့မွာ ႐ုတ္တရက္ႀကီး မင္း ပိုက္ဆံလိုသြားတာ…” အဲ့အခ်ိန္တုန္းက ေမာ့က်ဴးခ်န္လည္း လိုက္ဖတ္ေနတာျဖစ္ၿပီး လင္ယြမ္က ကပ္ေစးနည္းတယ္လို႔ေတာင္ ေျပာလိုက္ေသးတယ္ “ဘာလဲ? မင္းအစ္ကိုႀကီးေပးတဲ့ ပိုက္ဆံက မေလာက္လို႔လား? ဒါမွမဟုတ္…”

သူ လင္ရွန္းကို ေတြးဆဆနဲ႔ ဆက္ၾကည့္ေနတယ္။

အဲ့တာက နည္းနည္းတမ်ိဳးေတာ့ျဖစ္ေပမယ့္ မေန႔ညကအေၾကာင္း ျပန္ေတြးလိုက္ရင္ လင္ယြမ္ရဲ႕ဖုန္းေလးတစ္ခ်က္မွာတင္ လင္ရွန္းက သူ႔ကိုထားရစ္ခဲ့ၿပီး သူ႔အစ္ကိုနဲ႔ေတြ႕ဖို႔ ျပန္သြားတာ။ အဲ့တာက မျဖစ္ႏိုင္ဘူး!

“ဒါမွမဟုတ္ မင္းအစ္ကိုေပးတာက မ်ားလြန္းလို႔ မင္းသူ႔ဆီကေန ပိုက္ဆံထပ္မေတာင္းခ်င္ေတာ့တာလား ဒါမွမဟုတ္…” ေမာ့က်ဴးခ်န္မ်က္လုံးေတြက လင္ရွန္းအေပၚက်ေရာက္ေနၿပီး ျပတ္သားတဲ့ေလသံနဲ႔ “သူ႔ကို ျပန္ဆပ္ခ်င္လို႔လား?”

ဒီလိုမ်ိဳးသာမညေက်ာင္းျမက္ကေလး ေမာ့က်ဴးခ်န္က ဒီေလာက္ထိ ထက္ျမက္လိမ့္မယ္လို႔ လင္ရွန္း ဘယ္တုန္းကမွ ထင္မထားဘူး!

လင္ရွန္း “!!!”

“ငါ ခန႔္မွန္းမိသြားတာလား?” ေမာ့က်ဴးခ်န္က မ်က္ခုံးပင့္ၿပီး ေအာင္ႏိုင္သူလိုၿပဳံးလိုက္တယ္။

“ဘာလို႔လဲ? တခ်ိန္လုံး အစ္ကိုဆီကေန ပိုက္ဆံေတာင္းတာ ကေလးေတြရဲ႕အက်င့္လို႔ ငါထင္တာပဲ… အဲ့တာေၾကာင့္ အခုငါမလိုခ်င္ေတာ့ဘူး ၿပီးေတာ့ ငါ့အစ္ကိုရဲ႕ပိုက္ဆံကိုလည္း ျပန္ဆပ္ခ်င္တယ္…”

သူက႐ုတ္တရက္ဆိုသလို လက္ကိုဆန႔္ထုတ္ၿပီး လင္ရွန္းပုခုံးကို ကိုင္လိုက္တယ္။ တစ္ဖက္က မတုန႔္ျပန္ႏိုင္ေသးခင္ နံရံမွာတြန္းကပ္လိုက္တယ္။

ေမာ့က်ဴးခ်န္က လင္ရွန္းမ်က္ႏွာေဘးမွာ လက္ေထာက္ၿပီး လင္ရွန္းနားအထိ ေခါင္းအနည္းငယ္ငုံ႔ကာ နားထဲေလမႈတ္လိုက္တယ္ “ရွန္းရွန္း”

မေန႔တုန္းက လင္ရွန္းဖုန္းေျပာေနတုန္း လင္ယြမ္က နာမည္ေျပာင္ေခၚလိုက္တာကို သူမေတာ္တဆၾကားမိလိုက္တာျဖစ္တယ္ “ရွန္းရွန္း…”

လင္ရွန္းခႏၶာကိုယ္ ေတာင့္ေတာင့္ႀကီးျဖစ္သြားတယ္။

သူ႔အစ္ကိုႀကီးကလည္း သူ႔ကိုဒီလိုမ်ိဳး “ရွန္းရွန္း”လို႔ပဲ ေခၚတာျဖစ္တယ္။ ေမာ့က်ဴးခ်န္က သူ႔ကိုဒီလိုႀကီးေခၚလိုက္ေတာ့ လုံးဝကို ကြဲျပားေနတယ္!

“မဟုတ္မွ မင္း…” ေမာ့က်ဴးခ်န္က သူတို႔ခႏၶာကိုယ္ေတြကို အနည္းငယ္ခြာလိုက္ကာ လင္ရွန္းရဲ႕ညမိုးေကာင္းကင္လို နက္ေမွာင္ေနတဲ့ မ်က္လုံးေတြကို ၾကည့္ၿပီး ႏႈတ္ခမ္းေတြ တြန႔္ေကြးလာကာ ျမဴးတူးစြာၿပဳံးလိုက္တယ္ “အစ္ကို႔ပိုက္ဆံကို ျပန္ဆပ္တာဆိုပဲ… ဒီေလာက္ဆိုးဝါးတဲ့ဆင္ေျခ မင္းပဲေတြးႏိုင္တယ္! မင္းက ပိုက္ဆံျပတ္ဟန္ေဆာင္ၿပီး ဆင္ေျခရွာတယ္ေပါ့ ၿပီးေတာ့ ငါ့ဆီကို တမင္ခ်ဥ္းကပ္လာတယ္ေပါ့?”

“ရွန္းရွန္း…” ေမာ့က်ဴးခ်န္က ေနာက္လက္တစ္ဖက္နဲ႔ လင္ရွန္းေမးေစ့ကို ကိုင္ကာ တစ္ဖက္လူရဲ႕ေငးေၾကာင္ေၾကာင္ျဖစ္ေနတဲ့မ်က္လုံးေတြကို ၾကည့္ၿပီး ပိုလို႔ေတာင္ အူျမဴးလာတယ္ “မင္းရဲ႕ႀကိဳးစားမႈအတြက္ ငါမင္းကို ကတိေပးလိုက္မယ္၊ ဒါေပမယ့္…”

သူအနားကို တိုးကပ္လိုက္ၿပီး ခပ္ညစ္ညစ္ေလသံနဲ႔ “သီးသန႔္ေလ့က်င့္ခန္းေတြအပါအဝင္ မင္းလုပ္ေပးရမွာက…”

[ For K-Htet and Moonflower_K ]

_______________________________________


{Unicode}

“ဘယ်လိုလဲဟင်?” လင်ရှန်းမျက်နှာတွေ ပူလှပြီ။ “စိတ်မပူပါနဲ့၊ ငါက သင့်တော်တဲ့နှုန်းပဲ ထားပေးမှာပါ၊ ရလဒ်တိုးတက်လာတဲ့အပေါ်မူတည်ပြီး ယူမယ်လေ၊ တိုးတက်မှုတစ်ခုစီကို ဆယ်ပုံပုံပြီး ဒီလိုနည်းနဲ့ ပိုက်ဆံဘယ်လောက်ယူရမလဲဆိုတာကို တွက်ကြမယ်၊ ဒါတော့ဒါပေါ့ စာမေးပွဲမှာ တမင်အမှတ်နည်းအောင်တော့ ဖြေလို့မရဘူး”

မော့ကျူးချန် “…”

လင်ရှန်း ပြောနေရင်း အသံကို ပိုပိုတိုးလာတယ်။ “အဲ့တာဆို… အရမ်းလည်း ဈေးမများသလို… နှစ်ယောက်စာကို တစ်ယောက်စာနဲ့ပဲလုပ်တာဆိုတော့ သက်သာတယ်လေ၊ ပြီးရင် မင်းရော စုတျန်းတျန်းပါ နှစ်ယောက်လုံး ရာခိုင်နှုန်းတွက်တာတွေ ဘာတွေလုပ်ရမယ်ဆိုတော့ အပိုင်းကိန်းတွက်တာလည်း တိုးတက်လာလိမ့်မယ်”

မော့ကျူးချန် “…”

စုတျန်းတျန်း? ဘာလို့ နောက်ထပ်စုတျန်းတျန်းပဲလဲ! လင်ရှန်း ဘာကိုဆိုလိုချင်နေတာလဲ? စုတျန်းတျန်းကျတော့ စတော်ဘယ်ရီယိုနဲ့ဟာလေးစာရတယ် သူ့ကျတော့ ဂျုံပေါင်မုန့်ကြီး။ မင်းက ကိုယ့်ဘာသာကိုယ်ပိုက်ဆံရှာပြီး စုတျန်းတျန်းကို လေ့ကျင့်ခန်းလုပ်ပေးဖို့ ကြံစည်နေတုန်းလား? ဘာကြောင့်များ နည်းနည်းထူးဆန်းတယ်လို့ ခံစားနေရတာလဲ? သူ့ခေါင်းမွှေးတွေတောင် ခြောက်လာသလို ထင်မိနေပြီ!

တော်တော်ကြာတဲ့အထိ လင်ရှန်း မော့မကြည့်ရဲခဲ့ဘူး။ အခုချိန်ဖြစ်နေမယ့် မော့ကျူးချန်ရဲ့မျက်နှာကြီးကို ပိုလို့တောင် ကြည့်ရမှာကြောက်သေးတယ်။ WeChatမှာ စာပို့ထားတာတွေသာ မမြင်ဖြစ်ခဲ့ဘူးဆိုရင် ဒီလိုမျိုး အရှက်မရှိတဲ့တောင်းဆိုချက်ကို ဘယ်တော့မှ လုပ်ဖြစ်ခဲ့မှာမဟုတ်ဘူး။

လူအများစုအတွက်တော့ ညီဖြစ်သူက အစ်ကိုကြီးဆီကနေ ပိုက်ဆံတောင်းတာ ဘာမှမဖြစ်ဘူးလို့ တွေးကောင်းတွေးနိုင်တယ်။ အထူးသဖြင့် လုပ်ငန်းခွင်ဝင်နေပြီး လစာကလည်း နည်းပုံမပေါ်တဲ့ သူ့အစ်ကိုကြီးလိုလူမျိုးပေါ့။

သူအခုလေးတင် သူ့WeChatက walletကို စစ်ကြည့်လိုက်တာ အထဲမှာ ယွမ်ရာဂဏန်းလောက်ပဲ ကျန်တော့တယ်။ လင်ရှန်း စကားပြောထားတာတွေကို ဆုံးအောင်မကြည့်ခဲ့ပေမယ့် ဒီလိုအနေအထားမျိုးမှာ သူ့အစ်ကိုဆီက ပိုက်ဆံထပ်မတောင်းနိုင်တော့ဘူး။

တစ်လမှာ ယွမ်နှစ်သောင်းဆိုတော့ တစ်နှစ်ဆိုရင် သေချာပေါက် ဂဏန်းခြောက်လုံးဖြစ်နေမှာ။ အများကြီးပဲ… အထက်တန်းတက်နေတုန်း ကျောင်းသားတစ်ယောက်က ဘယ်လိုတောင် ဖြုန်းတီးနိုင်ရတာလဲ? သူအရမ်းကို သိချင်မိတယ်!

ပြီးတော့ အစ်ကိုကြီးတစ်ယောက်ဖြစ်တဲ့အားလျော်စွာ လင်ယွမ်ကလည်း ပိုက်ဆံတွေကို လျောလျောရှုရှုပေးပစ်တယ်။ သူ့ညီက ပိုက်ဆံတွေကို လက်လွတ်စပယ်ဖြုန်းပစ်မှာကို မစိုးရိမ်ဘူးလား? ဒီပိုက်ဆံတွေနဲ့ မကောင်းတာတွေ လျှောက်လုပ်ပစ်မှာကို မစိုးရိမ်ဘူးလား? ဒီလိုမျိုးကြောင့်ပဲ ပိုဆိုးနေရတာလား?

လင်ရှန်းခေါင်းထဲမှာ ၀ရုန်းသုန်းကားဖြစ်နေပြီး ခဏလေးအတွင်းမှာ အတွေးပေါင်းစုံ ပြုံပြီးဝင်လာတယ်။ သူ့မှာမူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့မှတ်ဉာဏ်တွေမရှိတဲ့အတွက် ဒီခဏမှာ အဖြေမရှာနိုင်သေးဘူး။ ဒါပေမယ့် သူ့မှာအတော်လေးသေချာတဲ့ အတွေးတစ်ခုတော့ရှိတယ် _ ရှေ့လျှောက် လင်ယွမ်ဆီက မသမာတဲ့နည်းနဲ့ ပိုက်ဆံမတောင်းနိုင်တော့ဘူးဆိုတာပဲ။ သူ့အစ်ကိုကြီးကို ပိုက်ဆံပြန်ဆပ်ဖို့ မလိုဘူးဆိုရင်တောင်မှ သူ့အစ်ကိုရဲ့ပိုက်ဆံတွေကို အရမ်းသက်သောင့်သက်သာ မဖြုန်းတီးသင့်ဘူး။

အရေးအကြီးဆုံးက လင်ယွမ်က အရမ်းစိတ်ကောင်းရှိပြီး ကြင်နာတတ်တယ်! သူ့ကိုဆိုလည်း နားလည်မှုပေးပြီး လေးစားတယ်။ လင်ယွမ့်ရှေ့မှာ ငွေကိုရေလိုသုံးဖြုန်းနေတဲ့ ပေါ့ပေါ့နေပေါ့ပေါ့စားညီတစ်ယောက်အဖြစ် သူ့ကိုယ်သူ လက်မခံနိုင်တော့ဘူး။

အတန်းထဲမှာ မော့ကျူးချန်က ဘာတစ်ခွန်းမှမပြောသလို ဘေးနားကကျောင်းသားတွေကလည်း စကားမပြောရဲကြဘူး။ ပတ်ပတ်လည်မှာ တိတ်ဆိတ်လို့နေတယ်။ မော့ကျူးချန်ရဲ့အသက်ရှုသံတစ်ခုကိုသာ လင်ရှန်းကြားနေရတယ်။ သူလည်း အချိန်အကြာကြီး အတွေးထဲနစ်မြောနေတယ်။

“ဘာ ဘယ်လိုလဲဟင်?” အကြာကြီးနေပြီးမှ သတ္တိမွေးပြီး တစ်ဖက်လူကို မော့ကြည့်လိုက်တယ်။

အခုချိန်က နေ့ခင်းအတန်းချိန်စဖို့ ဆယ်မိနစ်လောက်တောင် မလိုတော့တာကြောင့် အတန်းထဲကို ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် ပြန်ဝင်လာကြပြီဖြစ်တယ်။

“ဟက်ဟက် ငါ့အဖြေကို သိချင်လား?” မော့ကျူးချန် ခပ်ညစ်ညစ်ပြုံးလိုက်တယ် “ကျောင်းဆင်းရင် မသွားနဲ့အုံး!”

လင်ရှန်း “…”

နောက်ဆုံးတော့ မော့ကျူးချန်က သူငယ်နာမစင်သေးတဲ့အပြင် အငြိုးအတေးကလည်း ကြီးတယ်ဆိုတာကို သူသိလိုက်ရတယ်။ သူ့ကို တစ်ခုခုပေးလိုက်ပြီဆိုရင် တချိန်လုံးအဲ့တာကို ပြန်လုပ်ဖို့ ဆင်ခြေရှာနိုင်တယ်။

နေ့ခင်းမှာ ဆရာရဲ့လက်ချာတွေကို လင်ရှန်းသိပ်နားမထောင်နိုင်ဘဲ ကျောင်းဆင်းတဲ့အထိ ကြောင်တောင်ပြီးဖြစ်နေတယ်။ သူ့ခေါင်းထဲမှာ လင်ယွမ်ဆီက ပိုက်ဆံတောင်းခဲ့တာတွေနဲ့ပဲ ပြည့်နေတယ်။

သူ့ရဲ့တကယ့်ဘ၀မှာ ရက်အနည်းငယ်လောက်အတွင်း မဆင်မခြင်သုံးဖြုန်းပြီး သူ့အစ်ကိုကြီးဆီကနေ ပိုက်ဆံအပိုတောင်းတာကိုတောင် ပုံဖော်ကြည့်မိတယ်…

တစ်ဖက်လူက အကြိမ်အနည်းငယ်လောက်တော့ ပေးရင်ပေးလောက်မယ်။ ဒါပေမယ့် ပြီးတော့ရော?

သေချာပေါက် သံသယဖြစ်လာပြီး စိတ်မဝင်စားရင်တောင်မှ အထင်သေးသလိုမျိုး ကြည့်လာလိမ့်မယ်။ သူ့အစ်ကိုရဲ့အကြည့်ကို လင်ရှန်းတွေးမိရင်းနဲ့တောင် သူမတတ်သာစွာ ကျောချမ်းမိတယ်။

အဲ့တော့က လင်ယွမ်ကသာ တကယ်ကောင်းတာ! သူက ပိုကောင်းလေလေ အဲ့လူမျက်လုံးထဲမှာ လင်ရှန်းကပိုတော်တဲ့လူဖြစ်ချင်လေလေပဲ။

နောက်ဆုံးတော့ ကျောင်းခေါင်းလောင်းထိုးသွားပြီ။ သူ့အိတ်ကို အမြန်သိမ်းဆည်းပြီး ခေါင်းကိုလှည့်ကာ မျှော်လင့်ချက်အပြည့်နဲ့ မော့ကျူးချန်ကို ကြည့်လိုက်တယ်။ မော့ကျူးချန်ရဲ့စာအုပ်အများစုက စားပွဲပေါ်မှာ စုပုံနေတယ်။ သူက ဒီတိုင်းသင်္ချာစာအုပ်ကို ဆွဲယူပြီး သူ့ကျောင်းလွယ်အိတ်ထဲကို ထိုးထည့်လိုက်တယ်။ ခဏရပ်လိုက်ကာ သူ့လွယ်အိတ်ထဲ ရူပဗေဒစာအုပ်ကိုပါ ထပ်ထည့်လိုက်တယ်။

ထို့နောက် လွယ်အိတ်ကို ကျောပေါ်ပစ်တင်ပြီး မတ်တပ်ရပ်ကာ အခန်းတံခါးဘက်ကို မေးငေါ့ပြီး မော့ကျူးချန်ပြောလိုက်တယ် “ငါ့နောက်လိုက်ခဲ့!”

မော့ကျူးချန်က အရပ်ရှည်ကာ လမ်းလျှောက်တာလည်း မြန်တယ်။ လင်ရှန်း သူ့နောက်က လိုက်လာပြီး မကြာခင် ကျောင်းဆောင်အပြင်ဘက်ရောက်လာတယ်။ အခုက ကျောင်းဆင်းချိန်ဖြစ်လို့ တစ်လမ်းလုံး ကျောင်းသားတွေအများကြီး တွေ့နေရတယ်။

လူတိုင်းက “ဗိုလ်ကျလွန်းတဲ့ကျောင်းမြက်ကြီးနဲ့ သူ့ဇနီးလေး”ဆိုတာကို မနက်ခင်းလုံး ဖုန်ထခဲ့ကြတာဆိုတော့ ထိုအတင်းအဖျင်းက အခုချိန်ထိ လတ်လတ်ဆတ်ဆတ်ကြီးရှိနေတုန်းဖြစ်ကာ သိချင်စိတ်တွေ ပြင်းပြနေကြတယ်။

မော့ကျူးချန်ဆိုတာကလည်း လူကြားထဲရောက်ချိန်ဆို ထင်သာမြင်သာရှိလွန်းတယ်။ လမ်းတစ်လျှောက်လုံး ကျောင်းသားတွေအားလုံးက သူတို့ကို စပ်စပ်စုစုလိုက်ကြည့်နေကြတယ်။ ထိုအကြည့်တွေက တကယ်ကြီးလားဆိုတဲ့ ပုံစံတွေဖြစ်နေတဲ့အတွက် လင်ရှန်း မျက်နှာပိုလို့တောင် ပူလာတယ်။

မော့ကျူးချန် ကျောင်းပေါက်၀ထိ လျှောက်လာတယ်။ အဲ့နောက် ကွေ့ပြီး လင်ရှန်းကို ဦးဆောင်ကာ ကျောင်းပေါက်၀ဘေးက လမ်းကြားထဲသွားလိုက်တယ်။

ဒီနေရာမှာ လူတော်တော်လေးပါးတယ်။ မော့ကျူးချန်က နံရံမှာ ပျင်းတွဲစွာမှီပြီး လင်ရှန်းကို မေးလိုက်တယ် “မင်း ပိုက်ဆံလိုနေတာလား?”

တစ်နေ့ခင်းနဲ့တင် သူ့ညီငယ်တွေကို လင်ရှန်းရဲ့အခြေအနေ စုံစမ်းခိုင်းဖို့ လုံလောက်တယ်။ လင်မိသားစုက မော့မိသားစုလောက် အရမ်းကြီးမချမ်းသာပေမယ့် အလယ်အလတ်ထက် နည်းနည်းတော့မြင့်တယ်။ လင်ရှန်း ပိုက်ဆံပြတ်တယ်ဆိုတာ မဖြစ်သင့်ဘူး။

“အင်း” လင်ရှန်း ခေါင်းငြိတ်ပြလိုက်တယ် “ထင်တာပဲ”

“ဘာလို့လဲ?” မော့ကျူးချန် မေးပြန်တယ်။

“မပြောလို့ရမလား?” သူနဲ့ မော့ကျူးချန်ကြားက ဆက်ဆံရေးက သူ့အတွေးတွေကို ဝေမျှပြီးပြောနိုင်လောက်တဲ့အထိ ရင်းနှီးတဲ့ဆက်ဆံရေးမျိုး မဟုတ်သေးဘူး။

“ဟမ့်” မော့ကျူးချန် လှောင်ပြောင်လိုက်တယ်။ “နေ့လည်တုန်းက မင်းနဲ့ လင်ချီဆိုတဲ့ကောင်လေး ပူးတွဲပြီးထွက်သွားကြသေးတယ်! ငါတွေးကြည့်လိုက်မယ်…” မော့ကျူးချန်က အိတ်ကပ်ထဲလက်တစ်ဖက်ထိုးထည့်ပြီး နောက်လက်တစ်ဖက်က ကျောပိုးအိတ်ကြိုးကို ကိုင်ကာ လင်ရှန်းကို ဖင်တပြန်ခေါင်းတပြန်ကြည့်နေတယ်။

“ပြီးတော့ မင်းနဲ့မင်းအစ်ကိုကြီးတို့ ပြောထားတာတွေကို ငါဖတ်လိုက်ရတယ်၊ အဲ့မှာ ရုတ်တရက်ကြီး မင်း ပိုက်ဆံလိုသွားတာ…” အဲ့အချိန်တုန်းက မော့ကျူးချန်လည်း လိုက်ဖတ်နေတာဖြစ်ပြီး လင်ယွမ်က ကပ်စေးနည်းတယ်လို့တောင် ပြောလိုက်သေးတယ် “ဘာလဲ? မင်းအစ်ကိုကြီးပေးတဲ့ ပိုက်ဆံက မလောက်လို့လား? ဒါမှမဟုတ်…”

သူ လင်ရှန်းကို တွေးဆဆနဲ့ ဆက်ကြည့်နေတယ်။

အဲ့တာက နည်းနည်းတမျိုးတော့ဖြစ်ပေမယ့် မနေ့ညကအကြောင်း ပြန်တွေးလိုက်ရင် လင်ယွမ်ရဲ့ဖုန်းလေးတစ်ချက်မှာတင် လင်ရှန်းက သူ့ကိုထားရစ်ခဲ့ပြီး သူ့အစ်ကိုနဲ့တွေ့ဖို့ ပြန်သွားတာ။ အဲ့တာက မဖြစ်နိုင်ဘူး!

“ဒါမှမဟုတ် မင်းအစ်ကိုပေးတာက များလွန်းလို့ မင်းသူ့ဆီကနေ ပိုက်ဆံထပ်မတောင်းချင်တော့တာလား ဒါမှမဟုတ်…” မော့ကျူးချန်မျက်လုံးတွေက လင်ရှန်းအပေါ်ကျရောက်နေပြီး ပြတ်သားတဲ့လေသံနဲ့ “သူ့ကို ပြန်ဆပ်ချင်လို့လား?”

ဒီလိုမျိုးသာမညကျောင်းမြက်ကလေး မော့ကျူးချန်က ဒီလောက်ထိ ထက်မြက်လိမ့်မယ်လို့ လင်ရှန်း ဘယ်တုန်းကမှ ထင်မထားဘူး!

လင်ရှန်း “!!!”

“ငါ ခန့်မှန်းမိသွားတာလား?” မော့ကျူးချန်က မျက်ခုံးပင့်ပြီး အောင်နိုင်သူလိုပြုံးလိုက်တယ်။

“ဘာလို့လဲ? တချိန်လုံး အစ်ကိုဆီကနေ ပိုက်ဆံတောင်းတာ ကလေးတွေရဲ့အကျင့်လို့ ငါထင်တာပဲ… အဲ့တာကြောင့် အခုငါမလိုချင်တော့ဘူး ပြီးတော့ ငါ့အစ်ကိုရဲ့ပိုက်ဆံကိုလည်း ပြန်ဆပ်ချင်တယ်…”

သူကရုတ်တရက်ဆိုသလို လက်ကိုဆန့်ထုတ်ပြီး လင်ရှန်းပုခုံးကို ကိုင်လိုက်တယ်။ တစ်ဖက်က မတုန့်ပြန်နိုင်သေးခင် နံရံမှာတွန်းကပ်လိုက်တယ်။

မော့ကျူးချန်က လင်ရှန်းမျက်နှာဘေးမှာ လက်ထောက်ပြီး လင်ရှန်းနားအထိ ခေါင်းအနည်းငယ်ငုံ့ကာ နားထဲလေမှုတ်လိုက်တယ် “ရှန်းရှန်း”

မနေ့တုန်းက လင်ရှန်းဖုန်းပြောနေတုန်း လင်ယွမ်က နာမည်ပြောင်ခေါ်လိုက်တာကို သူမတော်တဆကြားမိလိုက်တာဖြစ်တယ် “ရှန်းရှန်း…”

လင်ရှန်းခန္ဓာကိုယ် တောင့်တောင့်ကြီးဖြစ်သွားတယ်။

သူ့အစ်ကိုကြီးကလည်း သူ့ကိုဒီလိုမျိုး “ရှန်းရှန်း”လို့ပဲ ခေါ်တာဖြစ်တယ်။ မော့ကျူးချန်က သူ့ကိုဒီလိုကြီးခေါ်လိုက်တော့ လုံး၀ကို ကွဲပြားနေတယ်!

“မဟုတ်မှ မင်း…” မော့ကျူးချန်က သူတို့ခန္ဓာကိုယ်တွေကို အနည်းငယ်ခွာလိုက်ကာ လင်ရှန်းရဲ့ညမိုးကောင်းကင်လို နက်မှောင်နေတဲ့ မျက်လုံးတွေကို ကြည့်ပြီး နှုတ်ခမ်းတွေ တွန့်ကွေးလာကာ မြူးတူးစွာပြုံးလိုက်တယ် “အစ်ကို့ပိုက်ဆံကို ပြန်ဆပ်တာဆိုပဲ… ဒီလောက်ဆိုးဝါးတဲ့ဆင်ခြေ မင်းပဲတွေးနိုင်တယ်! မင်းက ပိုက်ဆံပြတ်ဟန်ဆောင်ပြီး ဆင်ခြေရှာတယ်ပေါ့ ပြီးတော့ ငါ့ဆီကို တမင်ချဉ်းကပ်လာတယ်ပေါ့?”

“ရှန်းရှန်း…” မော့ကျူးချန်က နောက်လက်တစ်ဖက်နဲ့ လင်ရှန်းမေးစေ့ကို ကိုင်ကာ တစ်ဖက်လူရဲ့ငေးကြောင်ကြောင်ဖြစ်နေတဲ့မျက်လုံးတွေကို ကြည့်ပြီး ပိုလို့တောင် အူမြူးလာတယ် “မင်းရဲ့ကြိုးစားမှုအတွက် ငါမင်းကို ကတိပေးလိုက်မယ်၊ ဒါပေမယ့်…”

သူအနားကို တိုးကပ်လိုက်ပြီး ခပ်ညစ်ညစ်လေသံနဲ့ “သီးသန့်လေ့ကျင့်ခန်းတွေအပါအဝင် မင်းလုပ်ပေးရမှာက…”

[ For K-Htet and Moonflower_K ]

_____

Thanks 🌹


Continue Reading

You'll Also Like

4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
717K 100K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
2.5M 180K 66
ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိဳးက်ခဲ့တဲ့ခ်စ္ျခင္းတစ္ခုရဲ႕ အဆံုးသတ္က ဘယ...
300K 32.6K 168
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...