အချစ်စစ်(Yizhan version)

由 sungdayune

169K 9.1K 693

"ကိုကို႔ကိုအျပစ္မတင္ပါဘူး... ဖူးစာမပါတဲ့ကံတရားႀကီးကိုပဲအျပစ္တင္ပါ့မယ္" :Xz "ကိုကို့ကိုအပြစ်မတင်ပါဘူး... ဖူးစာ... 更多

အခ်စ္စစ္(intro)
အချစ်စစ်(အပိုင်း၁)
အချစ်စစ်(အပိုင်း၂)
အချစ်စစ်(အပိုင်း၃)
အချစ်စစ်(အပိုင်း၄)
အချစ်စစ်(အပိုင်း၅)
အချစ်စစ်(အပိုင်း၆)
အချစ်စစ်(အပိုင်း၇)
အချစ်စစ်(အပိုင်း၈)
အချစ်စစ်(အပိုင်း၉)
အချစ်စစ်(အပိုင်း၁၀)
not update
တောင်းပန်လွှာ
အချစ်စစ်အပိုင်း(၁၁)
အချစ်စစ်(အပိုင်း၁၂)
အချစ်စစ်(အပိုင်း၁၃)
အချစ်စစ်(အပိုင်း၁၄)
တောင်းပန်လွှာ
အချစ်စစ်(အပိုင်း၁၅)
အချစ်စစ်(အပိုင်း၁၆)
အချစ်စစ်(အပိုင်း၁၇ part1)
အချစ်စစ် (အပိုင်း၁၇part2)
အချစ်စစ်(အပိုင်း၁၈)
အချစ်စစ်(အပိုင်း၁၉)
အချစ်စစ် (အပိုင်း၂၀)
အချစ်စစ်(အပိုင်း၂၁ part 1)
အချစ်စစ် (အပိုင်း၂၂)
အချစ်စစ်အပိုင်း(၂၃)
အချစ်စစ် အပိုင်း(၂၄)
အချစ်စစ်(အပိုင်း၂၅)
အချစ်စစ်(အပိုင်း၂၆)
အချစ်စစ် (အပိုင်း၂၇)
အချစ်စစ်(အပိုင်း၂၈)
အချစ်စစ်(အပိုင်း၃၀)
အချစ်စစ်ဇာတ်သိမ်းပိုင်း(part1)
အချစ်စစ်ဇာတ်သိမ်းပိုင်း

အချစ်စစ် အပိုင်း၂၉

3.2K 206 14
由 sungdayune

Unicode

၁လကြာသော်....

အကြာကြီးမှိတ်ထားရတဲ့မျက်လုံးအစုံကိုဖွင့်ဖို့ကြိုးစားတော့ စူးရှသောအလင်းရောင်တို့ကြောင့်ဖွင့်မရနိုင်..
မျက်လုံးအစုံဖွင့်မရ၍ စကားပြောရန်ပြင်လိုက်သော်လည်းခြောက်သွေ့နေသောလည်ချောင်းနှင့်အတူအသံမထွက်လာ
စကားပြောဖို့ကြိုးစားသော်လည်း လည်ချောင်းနာကျင်မှုကြောင့် ရှေ့ဆက်၍ မကြိုးစားနိုင်တော့..
ကိုကို...ဟုတ်တယ်ကိုကို..ကျနော်ကိုကိုလို့မခေါ်နိုင်ခဲ့ဖူး...ခွဲစိတ်မှုအောင်မြင်ခဲ့တာလား ..မအောင်မြင်ခဲ့ဖူးလားလည်းမသိရသေး..အရာအားလုံးဟာမှောင်မည်းလို့နေသည် အသံများဟာလည်းဆိတ်ငြိမ်လို့နေသည်..

တကယ်ပဲသေသွားခဲ့ပြီလား...ဒါမဲ့သေသွားတယ်ဆိုရင်ဘာလို့ မျက်လုံးတွေဖွင့်လို့မရဖြစ်မှာလဲနားမလည်နိုင်တော့..

ရှောင်ကျန့်ထပ်မံကြိုးစား၍ မျက်လုံးများကိုအားယူပြီးဖွင့်လိုက်တော့သည်...မြင်ရသည်က အဖြူရောင်မျက်နှာကျက်..ဘေးနားကလည်း နှလုံးစက်မြည်သံတချို့...
အဲ့ဆို...အဲ့ဆို..ကျနော်အသက်ရှင်သေးတယ်ပေါ့...မသေသေးဖူးပေါ့...ကိုကိုနဲ့အတူရှိလို့ရပြီပေါ့...ဘေးဘီတဝိုက်ဝေ့ကြည့်တော့...ကျိုးချန်နှင့်အတူစောင့်နေသောမေမေကိုမြင်လိုက်ရသည်...
မေမေတို့ကလည်း နှလုံးစက်သံမြည်၍နှင့်တူသည်
ကျနော့်ဆီသို့ပြေးလာပြီးကျိုးချန်ကလည်းဆရာဝန်သွားခေါ်မည်ဆိုကာ မေမေနှင့်ကျနော့်ကိုထားခဲ့သည်..

"သားလေး သား ကျန့်ကျန့်လေ မေမေ့ကိုမြင်လားဟင် မေမေ့ကိုမှတ်မိလားဟင် အမလေး ကံကောင်းထောက်မလို့ပေါ့ မေ့မေ့သားလေးကိုအခုထိအသက်ရှင်လျက်မြင်နေရတာ "

ရှောင်မားမားကလည်းမျက်ရည်များနှင့်တကွ သူ့သားလေးပါးပြင်းကိုဖွဖွကိုင်ကာ ပြောရှာသည်

လည်ချောင်းရဲ့ခြောက်သွေ့မှုနဲ့ အသံပြုရန်ကြိုးစားတိုင်းနာကျင်မှုကြောင့်
"ရေ ရေပေးပါ ...ရေ.."
"ရေလားသားခဏနော်အခုယူလာခဲ့မယ်"
ရေသွားယူပြီးရေသောက်လိုက်မှပဲလည်ချောင်းမှနာကျင်မှုကသိသိသာသာကိုလျော့သွားသည်
မကြာလိုက်ဆရာဝန်နှင့်အတူ ကျိုးချန်လည်းရောက်လာသည်..
.
.
.
." လူနာကအဆင်ပြေပါတယ် ဒါမဲ့တလကျော်ကျော်လောက်တော့ဆေးရုံတတ်ရအုန်းမယ် ပိုပြီး လူနာအတွက်နေကောင်းတာသေချာသွားအောင် "

"ကျေးဇူးပါဆရာ"
"ရပါတယ်ကျနော့်ခွင့်ပြုပါအုန်း"

ဆရာဝန်ထွက်သွားသည်နှင့်ကျိုးချန်ကလည်းသူငယ်ချင်းဖြစ်သူကို ငိုမဲ့မဲ့မျက်နှာနှင့်ကြည့်သည်..
"ချန်လေး မင်းကလည်း လာပါအုန်း"

ငိုမဲ့မဲ့ရုပ်နှင့်အနားသို့ကပ်လာတော့သူငယ်ချင်းကြောင့်လည်းရယ်ချင်စိတ်ကိုမနည်းထိန်းထားရသေးသည်.
ကျိုးချန်နှင့်ဖက်ပြီးပြန်ခွာသွားမှ
"ပြန်လာလို့ ငါတို့ဆီကိုပြန်လာခဲ့လို့ခွင့်လွှတ်ပေးလိုက်မယ်  ရွတ်"
"အေးပါကွာ နှာရည်ကျနေပြီညစ်ပတ်အိုး"
"ရာ ရှောင်ကျန့် မင်းဟာလည်း မကောင်းတဲ့ကောင်"
"အဲ့တော့ဘာဖြစ် .."
"ဟင်း ဒီတစ်ခါအလွတ်ပေးလိုက်မယ်"
"ဒါနဲ့ ..........
...
.
အစ်ကိုရော?"

မေးလိုက်သည်နှင့်မျက်နှာပျက်သွားသောသူငယ်ချင်းဖြစ်သူကြောင့်... ရင်ထဲနေလို့မကောင်း...ရင်တွေပါပူလာတာကြောင့် ရင်ဘက်ကလည်းအောင့်သည်..

"ငါ့ကိုပြောပါဘာဖြစ်လို့လဲ"
"ရှောင်ကျန့်စိတ်အေးအေးထားပါ မင်းကအခုမှသတိရတာ မင်းစိတ်အေးအေးထားမယ်လို့ကတိပေး"

စိတ်အေးအေးထားလို့ပြောမှပို၍ရင်တွေပူလာသည်
သိချင်ဇောကြောင့်ခေါင်းငြိမ့်လိုက်တော့
"အမှန်တော့ မင်းကိုနှလုံးလှူတဲ့အလှူရှင်ကလမ်းမှာအက်စီးဒင့်ဖြစ်သွားလို့ ......"

ကြားနေရသောစကားများကြောင့် မယုံကြည်နိုင်..ဟင်အင့်...ကျနော့်ကြောင့်တဲ့လား...မျက်ရည်များဟာလည်းကျနော့်ပါးပြင်နှစ်ဖက်မှာနေရာယူလို့နေသည်...
ဘာလို့လည်း ကျနော့်ကြောင့်အခု ကျနော့်ကြောင့်နဲ့တဲ့လား...

ကံကြမ္မာဟာကျနော့်အတွက်တော့ ဘယ်တော့မှသက်တံ့မရှိဘဲအမြဲတမ်းမည်းမှောင်ခြင်းသာရှိသည့်မိုးတိမ်တွေသာဖြစ်သည်
-------------------------------

နွေဦးအစဖြစ်သည့်ဤအချိန်ဟာသာယာသည့်ရာသီဥတုတစ်ခုလှပသည့်မြင်ကွင်းပေါသောအချိန်ကာလတစ်ခုလို့တခြားသူတွေအတွက်ဖြစ်ပေမယ့် ကျနော့်အတွက်တော့ နာကျင်မှုတွေယူဆောင်လာသည့်နွေဦးဖြစ်သည်ဟုလည်းဆိုလို့ရသည်..

ရှောင်ကျန့်တစ်ယောက်အဖြူရောင်နှင်းဆီပန်းစည်းနှင့်အတူဖြေးညင်းစွာလမ်းလျှောက်လာသည်..တစ်နေရာရောက်သည်နှင့်ရပ်လိုက်ပြီး ပန်းစည်းကိုချလိုက်သည်.
လနှင့်ချီစွာကြာမြင့်ခဲ့ပြီဖြစ်သောကြောင့်ဖုန်အနည်းငယ်တက်လျက်...
မျက်ရည်များဟာကိုလည်းထိန်းမထားချင်တော့..ပင်ပန်းလှသည်...နာမည်ကိုဖတ်လိုက်သည်နှင့် အားနာမှု မစွန့်လွှတ်နိုင်မှု မယုံကြည်နိုင်မှုစတဲ့ခံစားချက်တွေဟာ မျိုးစုံပြည့်နှက်လျက်..

မျက်ရည်များနှင့်အတူ အက်ကွဲသံဖြင့်
"အချိန်တွေတောင်ကြာခဲ့ပြီနော် ၄လလောက်ရှိပြီထင်တယ်..တောင်းပန်ပါတယ် ကျနော်စောစောမလာနိုင်ခဲ့ဖူး...(မလာနိုင်တာထပ် မယုံကြည်နိုင်လို့ငြင်းဆန်နေခဲ့သည်ဆိုပိုမှန်မည်)...
လွမ်းတယ်..ကျနော့်ကြောင့်သာ...အမှန်ဆို ကျနော့်ကိုမကယ်ခဲ့ရင်သေမှာမဟုတ်ဖူး..ကျနော်ကသာသေသင့်တဲ့သူပါ..တောင်းပန်ပါတယ်...ပြန်မရတော့မှနောင်တရတယ်တဲ့...နောင်တတွေပြည့်နေပြီ..ကျနော့်ကြောင့်...."

ရှောင်ကျန့်ကြေကွဲစွာငိုကြီးချတော့သည်..

ရွက်ဟောင်းကြွေလို့ရွက်သစ်ဝေသလို
ကိုယ့်နားကလူတွေဟာလည်းမနှုတ်ဆက်ပဲထွက်ခွာသွားတတ်သည်...

ရှောင်ကျန့်ငိုနေတုန်းပခုံးကိုလာဖက်သလိုခံစားရ၍ကြည့်လိုက်တော့
ငိုချင်ရက်လက်တို့ဆိုသလို ထိုသူ့ရင်ခွင်ထဲတွင်သာမျက်နှာအပ်၍ငိုနေသည်
ထိုသူကလည်းမိမိရဲ့ကျောကုန်းကိုပွတ်သပ်၍
နှစ်သိမ့်ပေးနေသည်..နှုတ်ဖျားမှလည်း..
"ဘယ်သူမှဘာမှမပြောတာမို့  ခံစားရတာတွေအကုန် ငိုချလိုက် ကိုယ်ဘေးမှာရှိနေပေးမယ်"

သြရှရှအသံဟာရိုးသွားသည်လို့မရှိနားထဲလည်းအမြဲစွဲလျက်

အချိန်အတန်ကြာမှငိုပြီးသွားသည်ထင်ရင်ခွင်ထဲက ကလေးဟာငြိမ်သက်သွားသည်
ရင်ခွင်ထဲကအကောင်ပေါက်လေးကိုငုံ့ကြည့်လိုက်တော့ငိုထားသည်မို့ မျက်နှာလေးရဲလို့နေသည်..

မပြန်ခင်လေး အဖြူရောင်နှင်းဆီပန်းစည်းတင်ထားသည့်နေရာကိုတချက်ပြန်ကြည့်လိုက်သည်
စိတ်ထဲမှလည်းအားလည်းနာသလိုကျေးဇူးလည်းတင်လျက်..
ကလေးကလည်း ရင်ခွင်ထဲမှ ထွက်ပြီး ထိုနေရာကိုပြန်ကြည့်ရင်းမပြန်ခင်လေး..
"အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ် ကျန့်ကျန့်ကိုဆက်ပြီး..အသက်ရှင်ခွင့်ပေးတဲ့အတွက်ကျေးဇူးပါ ကြီးကြီး ...ကျန့်ကျန့်ကြီးကြီးလိုချင်တဲ့အတိုင်းကျန့်ကျန့် အတတ်နိုင်ဆုံးပျော်အောင်နေပါမယ် ကြီးကြီးလည်းကောင်းရာမွန်ရာ မှာ အဆင်ပြေပါစေနော် "
ဆိုကာမျက်ရည်များကိုသုတ်ပြီးအားတင်းပြောသည်
ရိပေါ်ကလည်း weddingတုန်းကသူတို့သုံးယောက်ရိုက်ထားသည့်ဓာတ်ပုံလေးကိုတင်ကာ

"ကျနော်လည်းကတိတည်ပါ့မယ် ..ကျနော့်ကြောင့်ကလေးကိုဘယ်တော့မှမငိုအောင်အတတ်နိုင်ဆုံးကြိုးစားသွားပါမယ် တကယ်လိုငိုရင်လည်းငိုတဲ့မျက်ရည်တွေကဝမ်းသာလို့ကျတာပဲဖြစ်အောင်ကြိုးစားပါမယ် ဒါမဲ့ကလေးကကျနော့်ကို...လက်မခံသေးဘူး..ကျနော်ကြိုးစားနေရတုန်း...ကြီးကြီးစိတ်ချပါ...သူ့ကိုတသက်လုံးစောင့်ရတောင် စောင့်ပေးနိုင်ပါတယ် သူလက်ခံတဲ့ထိကျနော်လည်းလက်မလျော့သွားပါဘူး..ကြီးကြီး ရောက်ရာနေရာမှာ စေတနာအကျိုးပေးပြီး အဆင်ပြေချောမွေ့ပါစေ..အရာအားလုံးအတွက် ကျေးဇူးပါ"
.
.
.
.
.
.
"သခင်လေး အအေးမိနေမယ် အထဲဝင်ကြရအောင်နော်"
"ကြီးကြီး မေမေရောဟင်..ဟင့် ကျန့်ကျန့်မေမေရောဟင်..."
"သခင်မကြီးက အလုပ်ကိစ္စနဲ့အပြင်သွားတယ်မနက်ဖြန်ပြန်လာမှာပါ သခင်လေးရဲ့ "
"မေမေ့ကိုလွမ်းတယ် ကြီးကြီး...ကျန့်ကျန့်မေမေ့ကိုတွေ့ချင်တယ်..."
"လာကြီးကြိီးနဲ့အထဲဝင်လာခဲ့ရင် သခင်မကြီးနဲ့ဖုန်းပြောလို့ရတာပေါ့ သခင်လေးရဲ့ ဖုန်းပြောမယ်မလား"

၅နှစ်အရွယ်ကလေးလေးဟာ မျက်ရည်များကြားကနေ ခေါင်းငြိမ့်လျက်
"လိမ္မာလိုက်တာ တိတ်တော့နော် "
ကြီးကြိီးကလည်းသခင်လေးရဲ့မျက်ရည်လေးများကိုသုတ်ပေးပြီးအိမ်ထဲသို့ပွေ့ချီသွားသည်..
.
.
"သခင်လေးရဲ့ကိုကိုက သခင်လေးကိုချစ်မှာပါ ဒီလောက်ချစ်ဖို့ကောင်းတဲ့သူကိုမချစ်ရင် အဲ့သူက မျက်လုံးမကောင်းတာပဲဖြစ်မှာ "
"တကယ်နော်ကြီးကြီး"
"သေချာတာပေါ့ သခင်လေးရဲ့"
.
.
."ကြီးကြီးဘာလို့ငိုနေတာလဲ"
"မငိုပါဘူးသခင်လေးရယ် မျက်လုံးထဲအမှုန့်ဝင်သွားလို့ပါ"
"သခင်လေး အအေးမိနေမယ် ဆေးသောက်ရအောင်နော်"
"သခင်လေးရဲ့ပန်းချီကအသက်ဝင်လိုက်တာ"
"သခင်လေး ..သခင်လေး "
.
"သခင်လေး အမြဲပျော်ရွှင်ပြီးနေသွားရမယ်နော် ကျန်းမာရေးလည်းဂရုစိုက်ပါအုန်း ကြီးကြီးမရှိတော့ရင်လည်း ကျန်းမာရေးကိုဂရုစိုက်ဖို့မမေ့နဲ့နော် ကြီးကြီးယုံပါတယ် သခင်လေးက ပြန်ကျန်းမာလာမယ်ဆိုတာ သခင်လေးနိုးလာတဲ့အချိန်ကြီးကြီးကမရှိတော့လောက်ပေမယ့်
ကြီးကြီးကသခင်လေးအတွက်အကူအညီပေးလိုက်လို့ရရုံနဲ့တင် အဆင်ပြေပါပြီ သခင်လေးက လိမ္မာတဲ့ကလေးမို့ ငယ်ရွယ်သေးတဲ့လူမို့ ရှေ့ဆက်ရမယ့်အနာဂတ်လည်းရှိသေးတယ် အဲ့အနာဂတ်ကို နောင်တတွေမရှိအောင်ဖြတ်သန်းရင်း ပျော်ရွှင်စရာကောင်းတဲ့ဘဝကိုဖြတ်သန်းလိုက်ပါ နာကျင်စရာတွေကိုလည်းမျိုသိပ်မထားပါနဲ့ သခင်လေးဝမ်နဲ့သခင်လေးကျိုးချန်တို့ကိုသတိရပါ ကြီးကြီးကတော့ ရှေ့ဆက်နေရင်လည်း အကျိုးမရှိတာမို့ စိတ်မကောင်းမဖြစ်ပါနဲ့ ကြီးကြီးကိုလွမ်းတိုင်း ဘယ်ဘက်ရင်အုံလေးကိုစမ်းကြည့်လိုက် ကြီးကြီးကသခင်လေးနဲ့အမြဲအတူရှိနေမယ် ကိုယ်ချစ်တဲ့လူနဲ့ရာသက်ပန်ချမ်းမြေ့တဲ့ဘဝကိုပိုင်ရှင်ပါစေသခင်လေး..
ကျန့်ကျန့်လေး..."

.
.
.သံယောဇဉ်တွေရစ်နွယ်နေတဲ့ကြိုးမျှင်လေးဟာလည်းတရက်ရောက်ရင်ပျက်သွားတတ်တယ်
အရာအားလုံးဟာတည်မြဲတယ်လို့မရှိတာမို့ရှိတဲ့အချိန်အတိုင်းအတာလေးမှာနောင်တတွေမရှိအောင်ဘဝကိုရှေ့ဆက်ရမယ်...
လို့အတွေးကိုတွေးရင်း ကားမှန်အပြင်ဘက်ကိုသာငေးကြည့်နေမိသည်...

ငိုထားသည်မို့မျက်ခွံတွေဟာလည်းလေးလံလို့နေသည်...

ရိပေါ်လည်းကားမောင်းရင်းငြိမ်သက်နေသောကြောင့်ရှောင်ကျန့်ကိုတချက်ကြည့်လိုက်တော့ အိပ်ပျော်နေပြီဖြစ်သည်..

မျက်ရည်စများကလည်းမျက်နှာပေါ်တွင်ကျန်သေးသည်မို့ကားကိုလမ်းဘေးချရပ်ပြီး
ရိပေါ်ရဲ့လက်မနှင့်ထိုမျက်ရည်စလေးများကိုညင်သာစွာသုတ်လိုက်သည်..မျက်လုံးနှင့်နီးနေသောဆံစလေးတွေကိုလည်းဘေးသို့လျိုလိုက်သည်..အိပ်နေသည်သေချာမှရှောင်ကျန့်နဖူးနားကိုကပ်ပြီး အနမ်းချွေလိုက်သည်.

ကားမောင်းရန်နေရာကိုပြန်သေချာထိုင်လိုက်ပြီးရှောင်ကျန့်လက်တစ်ဖက်ကိုအသာလေးဆုပ်ကိုင်ရင်းကားဆက်မောင်းတော့သည်...

"ချစ်ရသူအားတသက်လုံးလက်မလွတ်တော့ပါ
ဆူးတွေနှင့်သာရစ်ပတ်ထားရင်တောင်ထိုဆူးတွေကိုမမူဘဲပန်းနုရောင်သန်းပြီးနွေးထွေးနေသောလက်ဖဝါးလေးဟာ ခေါင်းမာစွာ ဆုပ်ကိုင်ထားပါဦးမည်"

#sungdayune
-------------------------------အမလေးရိပေါ်တို့များအဖြစ်သည်းနေတာအေ
ကဲHE လား SEလားဆိုတော့ 😗💚❤️ယူလေးတို့စိတ်ကြိုက်လေးနော် မရင်းရသေးတဲ့ဟာတွေတော့နောက်တစ်ပိုင်းမှာပါပါမယ် vote 65ပြည့်ရင် ချက်ချင်းတင်ပေးပါမယ်နော်😗💚❤️
ကဲအိပ်ကောင်းတော့မယ့်ဒါဒါလေးတွေgoodnight


Zawgyi code

၁လကြာသော်....









"ရေ ရေပေးပါ ...ရေ.."
.
.
.

"ကျေးဇူးပါဆရာ"


"အဲ့တော့ဘာဖြစ် .."
"ဒါနဲ့ ..........
...
.
အစ်ကိုရော?"





-------------------------------..............................

နွေဉီးအစဖြစ်သည့်ဤအချိန်ဟာသာယာသည့်ရာသီဥတုတစ်ခုလှပသည့်မြင်ကွင်းပေါသောအချိန်ကာလတစ်ခုလို့တခြားသူတွေအတွက်ဖြစ်ပေမယ့် ကျနော့်အတွက်တော့ နာကျင်မှုတွေယူဆောင်လာသည့်နွေဉီးဖြစ်သည်ဟုလည်းဆိုလို့ရသည်..




လွမ်းတယ်..ကျနော့်ကြောင့်သာ...အမှန်ဆို ကျနော့်ကိုမကယ်ခဲ့ရင်သေမှာမဟုတ်ဖူး..ကျနော်ကသာသေသင့်တဲ့သူပါ..တောင်းပန်ပါတယ်...ပြန်မရတော့မှနောင်တရတယ်တဲ့...နောင်တတြွေပည့်နေပြီ..ကျနော့်ကြောင့်...."


ရွက်ဟောင်းကြွလေို့ရွက်သစ်ဝေသလို










.
.
.
.
.
.




"လာကြီးကြီးနဲ့အထဲဝင်လာခဲ့ရင် သခင်မကြီးနဲ့ဖုန်းပြောလို့ရတာပေါ့ သခင်လေးရဲ့ ဖုန်းပြောမယ်မလား"



ကြီးကြီးကလည်းသခင်လေးရဲ့မျက်ရည်လေးများကိုသုတ်ပေးပြီးအိမ်ထဲသို့ပွေ့ချီသွားသည်..
.
.
"တကယ်နော်ကြီးကြီး"
.

.
"သခင်လေး ..သခင်လေး "
.

ကျန့်ကျန့်လေး..."

.
.



ရိပေါ်ရဲ့လက်မနှင့်ထိုမျက်ရည်စလေးများကိုညင်သာစွာသုတ်လိုက်သည်..မျက်လုံးနှင့်နီးနေသောဆံစလေးတွေကိုလည်းဘေးသို့လျိုလိုက်သည်..အိပ်နေသည်သေချာမှရှောင်ကျန့်နဖူးနားကိုကပ်ပြီး အနမ်းချွလေိုက်သည်.


ဆူးတွေနှင့်သာရစ်ပတ်ထားရင်တောင်ထိုဆူးတွေကိုမမူဘဲပန်းနုရောင်သန်းပြီးနွေးထွေးနေသောလက်ဖဝါးလေးဟာ ခေါင်းမာစွာ ဆုပ်ကိုင်ထားပါဉီးမည်"

#sungdayune
-------------------------------..............................


繼續閱讀

You'll Also Like

678K 33.5K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
246K 6.1K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
877K 40.8K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
2.1K 57 8
Kim Seokjin one of the member of BTS, Jin a cold person, he has a lot of problems and he's always hiding his sadness for a reason but then this girl...