ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ င...

By Kay_Wine

553K 103K 4.1K

Title - I Only Lived for Three Chapters in A Campus Romance Novel Author - Tang Shan Yue (糖山月) Total Chapter... More

Description
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈ [ Zawgyi ]
အပိုင်း - ၂၈ [ Unicode ]
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆.၁
အပိုင်း - ၃၆.၂
အပိုင်း - ၃၇.၁
အပိုင်း - ၃၇.၂
အပိုင်း - ၃၈.၁
အပိုင်း - ၃၈.၂
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၈.၂
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉

အပိုင်း - ၁၆

9.5K 1.9K 19
By Kay_Wine


{Zawgyi}















လူသားစားတာ… ဟား ဟား!










အယ်?!




လင်ရှန်း “…”
















လင်ရှန်း “!!!”















မော့ကျူးချန် “…”






မော့ကျူးချန် “…”

[ For K-Htet and Htet Yi Bo ]



_______________________________________


{Unicode}

အတန်းFကကျောင်းသားတွေ တပြုံလုံး ရူးသွပ်ကုန်တယ်။ သူတို့ နားလည်မှုလွဲသွားတာလား?! လင်ရှန်းက မော့ကျူးချန်ကို ရူပဗေဒဘာသာတစ်ခုပဲ ကူပေးမှာမဟုတ်ဘူး သင်္ချာလည်းပါတယ်?! မဟုတ်သေးဘူး ကျောင်းသားကောင်းလား?! ပြောရမယ်ဆိုရင် ဘိတ်ချေးကလေ?! မော့ကျူးချန် ညဘက်သင်္ချာမတွက်ဘဲ နောက်တစ်နေ့ နေ့လည်စာနားချိန်ကျတော့မှ သူတို့တွေအားလုံးကို သင်္ချာလုပ်ဖို့ ဖိအားပေးအုံးမှာ ဟုတ်တယ်မှတ်လား?!

ထိုနှစ်ယောက်လုံးက သူတို့အတန်းဖော်တွေရဲ့ခံစားချက်တွေကို ထည့်မတွက်ကြတာတော့ စိတ်မကောင်းစရာပဲ။

မော့ကျူးချန်က သူ့မျက်ခုံးကို လှလှပပကြီးပင့်ပြလိုက်တယ်။ ထိုင်ခုံနောက်မှီပေါ် လှန်ချကာ သူ့ရဲ့ချောမွတ်တောက်ပြောင်ကျစ်လျစ်နေတဲ့ အောက်မေးရိုးကို မော့ကာ နှုတ်ခမ်းထောင့်စွန်းတွေကို အသာကွေးလိုက်တယ်။ ညကောင်းကင်လို နက်မှောင်နေတဲ့မျက်လုံးတွေနဲ့ လင်ရှန်းကို ပြုံးယောင်သမ်းကာ ကြည့်နေတယ်။

သူ့ရဲ့ကျောင်းယူနီဖောင်းအပေါ်ဝတ်ကို ကြယ်သီးတွေတပ်မထားဘဲ အထဲကအဖြူရောင်ရှပ်အကျီကို ပေါ်နေအောင်ဝတ်ထားတယ်။ ထိုရှပ်အကျီကိုတောင် ရင်ဘတ်လောက်ထိပဲ ကြယ်သီးတပ်ထားပြီး သူ့ရဲ့ဂျုံနှစ်ရောင်အသားအရေနဲ့ ညှပ်ရိုးတစ်ဝက်လောက်ကို ဖော်ပြထားသေးတယ်။

မော့ကျူးချန်ဆိုတာက အတော်ကြည့်ကောင်းနေပြီသား။ ဒီလိုမျိုး နေရောင်အောက်ကထိုင်ခုံပေါ်မှာ ပျင်းတွဲတွဲထိုင်နေပုံက သူ့ရဲ့ပြစ်မျိုးမှဲ့မထင်တဲ့အသွင်ကို အလင်းရောင်ဖျော့ဖျော့နဲ့ လွှမ်းခြုံထားတဲ့အတိုင်းပဲ။

ဒေါသတကြီး ကြည့်နေကြတဲ့အတန်းဖော်တော်တော်များများ ပြောစရာစကားတွေ ပျောက်ဆုံးကုန်တယ်။ အထူးသဖြင့် ကျောင်းသူတွေပေါ့။ မော့ကျူးချန်က များသောအားဖြင့် အေးစက်စက်အမူအယာတွေသာရှိတယ်။ အဲ့လိုသာမဟုတ်ရင် ‘ရေခဲတုံးနတ်ဆိုး’လို့ အခေါ်ခံရမှာမဟုတ်ဘူး။

ဒါပေမယ့် အခုအခိုက်အတန့်မှာတော့ သူကဟော်မုန်းတွေကို တုန့်ဆိုင်းခြင်းမရှိ အရှင်းသားကြီးထုတ်လွှတ်နေတယ်။ ခပ်မိုက်မိုက်ပြုံးနေပြီး သူ့အသက်အရွယ်အလိုက် လူငယ်ဆန်မှုတွေကလည်း အပြည့်ရှိတယ်။ မော့ကျူးချန် ဒီလိုပုံစံလုပ်လိုက်ရုံနဲ့တင် လူအုပ်ကြီးကို ညှို့ယူနိုင်စွမ်းရှိတယ်။

“ဟေး” မော့ကျူးချန် လင်ရှန်းကို ကြောက်စရာကောင်းတဲ့အပြုံးကြီးနဲ့ ကြည့်ကာ “ငါ WeChatမှာ ပို့ထားတာ မတွေ့ဘူးလား?”

လင်ရှန်းက သူ့ရဲ့ Friend requestကိုတော့ အမြန်လက်ခံလိုက်တယ်။ ဒါပေမယ့် သူပို့ပေးလိုက်တဲ့သတင်းကတော့ ပင်လယ်ထဲနစ်မြုပ်သွားတဲ့အတိုင်းပဲ။ ဘာမှကို မတုန့်ပြန်ထားဘူး။

လင်ရှန်း ဖုန်းကိုထုတ်ကာ တစ်ချက်ကြည့်လိုက်တယ် “…”

မော့ကျူးချန်က တကယ်ကို emmm…

သူ့ညီမက ဘာကြောင့်များ ဒီလိုနုံအတဲ့ သာမညဇာတ်လိုက်ရဲ့ ဆွဲဆောင်ခံနေရတာလဲဆိုတာ သူတကယ် ပုံဖော်ကြည့်လို့တောင် မရဘူး။ သူ့ခံစားချက်တွေကြောင့် အကြိမ်ပေါင်းများစွာတောင် ငိုယိုခဲ့သေးတယ်။ [ T/N : ငိုတယ်ဆိုတာက မူရင်း၀တ္ထုနောက်ပိုင်းမှာ ငိုတယ်ထင်တယ် ]

“ငါတွေ့ပြီ” သူ သာမန်ကာလျှံကာ ပြန်ဖြေလိုက်တယ်။

တစ်ရက်လောက် အဆင်ပြေသွားခဲ့တယ်ဆိုတာကလည်း သူ၀တ္ထုကို ဖတ်ထားလို့ပဲဖြစ်မယ်။ မော့ကျူးချန်ဆီက ထွက်လာတဲ့ နားလည်ရခက်တဲ့စကားလုံးတွေကို လျစ်လျူရှုထားတာမှာ ကျင့်သားရနေပြီ။ ‘ငါ လူလည်းစားတယ်’ဆိုတာ ဘာလား? လင်ရှန်းသာ သူ့ကိုခွံ့ကျွေးလိုက်ရင် သူတကယ်စားရဲလား?! ဒီလိုမယ်ရီဆူးဟိုမရောက်ဒီမရောက်စာသားက ပုံပြောသူရဲ့၀တ္ထုမဟုတ်ဘူးနော်!

လူသားစားတာ… ဟား ဟား!

လင်ရှန်း ပမာမခန့်နဲ့ သူ့ထိုင်ခုံမှာ ပြန်ထိုင်လိုက်တယ်။ သူ့ဖုန်းကို ထပ်ထုတ်လိုက်ပြီး WeChat iconကို နှိပ်လိုက်တယ်။ ခုလေးတင် ဖတ်ပြီးတဲ့စာတွေရဲ့အောက်မှာ ‘အစ်ကိုကြီး’ရဲ့avatarနဲ့ မှတ်စုလေးကိုလည်း တွေ့လိုက်ရတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ မော့ကျူးချန်ရဲ့စာအောက်နားလေးမှာတင် အစ်ကိုကြီးဆီက နောက်ဆုံးပို့ပေးထားတဲ့စာကို တွေ့နိုင်တယ်။

ရိုးရှင်းတဲ့အပြုံးလေးတစ်ခုနဲ့။

လင်ရှန်းက သူ့နှုတ်ခမ်းတွေကို ခပ်စူစူလေးလုပ်ကာ ပုံကိုစိုက်ကြည့်နေမိတယ်။ သူတကယ်ကို သိချင်မိတယ်! သူ့ရဲ့အရမ်းကိုသိမ်မွေ့တဲ့အစ်ကိုကြီးလင်ယွမ်က အရင်လင်ရှန်းနဲ့ ဘယ်လိုအဆင်ပြေအောင်နေခဲ့လဲဆိုတာ တကယ်သိချင်တယ်!

ဒါပေမယ့်… လင်ရှန်း တုန်တုန်ရီရီနဲ့ လက်ကိုဆန့်ထုတ်လိုက်ပေမယ့် အကြိမ်ပေါင်းများစွာရှေ့တိုးနောက်ဆုတ် ဖြစ်နေသည့်တိုင် မထိနိုင်သေးဘူး။ ဒါက သူနဲ့သက်ဆိုင်တယ်ဆိုတာ အသိသာကြီးဖြစ်ပေမယ့် ဘာကြောင့်များ အပြစ်မကင်းသလိုခံစားနေရတာလဲ?

သူတစ်ယောက်တည်း လုံးလည်ချာလိုက်နေတုန်း အနောက်ဘက်ကနေ ရုတ်တရက်ဆိုသလို ဘန်းခနဲအသံကြီးထွက်ပေါ်လာတယ်။

လင်ရှန်း လှမ်းကြည့်လိုက်တော့ သူ့နောက်မှာထိုင်တဲ့အတန်းဖော်က လွယ်အိမ်လေးဆွဲပြီး ခပ်ဝေးဝေးဆီသွားနေတာကို တွေ့လိုက်ရတယ်။ ခုနကလေးတင် နောက်ဆုံးတန်းထောင့်မှာထိုင်နေခဲ့တဲ့ မော့ကျူးချန်က သူ့လွယ်အိတ်ကို စားပွဲပေါ် ပစ်တင်လိုက်တာဖြစ်တယ်။ လင်ရှန်းနဲ့ အကြည့်ချင်းဆုံသွားပြီး သူ့နောက်မှာ အေးအေးလူလူလာထိုင်တယ်။

“ရှေ့လျှောက် ငါ့ကိုအကြံတွေ အများကြီးပေးအုံး” မော့ကျူးချန်ပြောလိုက်တယ်။

“အော်” လင်ရှန်း ရှေ့ကိုသာ ပြန်လှည့်လိုက်တော့တယ်။

သူ့ရဲ့ဖုန်းကိုပဲ ဆက်ပြီးစိုက်ကြည့်နေကာ_ သူကြည့်ကြည့်ချင်လား? တကယ်ကြည့်ချင်တယ်… [ T/N : အရင်က ပြောခဲ့တဲ့စကားတွေကိုပါ ]

အယ်?!

လင်ရှန်း အတွေးထဲမှာ ပြင်းပြင်းထန်ထန် ရုန်းကန်နေရပြီး ချီတုံချတုံဖြစ်နေတယ်။ ထိုစဉ် ရုတ်တရက်ဆိုသလို သူ့ပုခုံးပေါ် လက်တစ်ဖက်ကျရောက်လာတယ်။ မော့ကျူးချန်က ကိုယ်ကိုရှေ့ကိုင်းပြီး လက်ကို လင်ရှန်းပုခုံးကနေ ကျော်ကာ သူ့လက်ချောင်းနဲ့ ပုံကိုတန်းပြီး ဖိချလိုက်တယ်။

“မင်း ဘာလုပ်တာလဲ?!” လင်ရှန်း ထခုန်မိမတတ်ပဲ။ မော့ကျူးချန်က သူ့လက်ပဲဆန့်ထုတ်လိုက်တာမဟုတ်ဘူး သူ့မေးကိုလည်း ပုခုံးပေါ်လာတင်ထားသေးတယ်။

“မင်းကိုကြည့်ရင်း အားကိုမရတော့လို့၊ မင်းအတွက် နည်းနည်းလေးဝင်ကူပေးလိုက်တာ” မော့ကျူးချန်က သူ့နားထဲကို ပေါ်တင်ကြီးလေနဲ့မှုတ်လိုက်ကာ “ကျေးဇူးတင်စရာ မလိုဘူး!”

လင်ရှန်း “…”

တကယ်ကို နည်းနည်းအကူအညီဖြစ်သွားတယ်။ ကျေးဇူးတောင် တင်မိသေးတယ်! မော့ကျူးချန် ဒီလိုဝင်နှောင့်လိုက်တော့ လင်ယွမ်နဲ့ပြောထားတဲ့ စာတွေ နောက်ဆုံးထွက်ပေါ်လာတယ်။

“ဟမ်?” လင်ရှန်းအံ့ဩရတာက ဒီမှာကြည့်စရာ ဘာမှသိပ်မရှိဘူး။ လင်ယွမ်နဲ့ မူလခန္ဓာကိုယ်ပိုင်ရှင်တို့ ပြောထားတဲ့စကားတွေရဲ့အချိန်ကိုကြည့်ရင် တစ်ပတ်ကို နှစ်ရက်သုံးရက်လောက် အဆက်အသွယ်ရှိကြတယ်။ နောက်ပြီးတော့ ဒီငွေလွှဲပြောင်းတဲ့စာတွေက ဘာကိုဆိုလိုတာလဲ?!

လင်ရှန်းတစ်ယောက် မိုးကြိုးအပစ်ခံလိုက်ရတဲ့အတိုင်းပဲ… ခဏလောက်နေပြီး chat logအပေါ်ကို ဆက်သွားကာ ငေးကြောင်ပြီးကြည့်နေမိတယ်။

“ကော ကျွန်တော် ပိုက်ဆံမရှိတော့ဘူး” အဲ့စာအောက်မှာ ယွမ်တစ်ထောင်လွှဲထားတယ်။

“ကျွန်တော့်သူငယ်ချင်းရဲ့မွေးနေ့အတွက် လက်ဆောင်ဝယ်ပေးဖို့ ပိုက်ဆံမရှိဘူး” အဲ့တစ်ခေါက်မှာ ယွမ်နှစ်ထောင်လွှဲထားတယ်။

“ကော ပိုက်ဆံမရှိလို့” အဲ့မှာထပ်ပြီး ယွမ်တစ်ထောင်!

စာပို့တဲ့သမိုင်းတစ်လျှောက် သူ့အစ်ကိုဆီက မုန့်ဖိုးတောင်းတာတွေချည်းပဲ။ အဲ့တောင်းထားတာတွေရဲ့အောက်မှာ လင်ယွမ်ဆီက စာအိတ်နီကြီးတွေ!

“မင်းအစ်ကိုက တကယ်ကပ်စေးနည်းတာပဲ” မော့ကျူးချန်က လင်ရှန်းနားထဲကို လေနဲ့မှုတ်နေတုန်းပဲ။

လွှဲပေးခဲ့တဲ့စာအိတ်နီတွေက တကယ်တော့အရမ်းနည်းနေတာမျိုး မဟုတ်ဘူး။ တစ်ခုချင်းစီက ပုံမှန်အားဖြင့် တစ်ထောင်စီရှိတယ်။ တစ်ခါတစ်လေဆို သုံးထောင် ဒါမှမဟုတ် ငါးထောင်ဖြစ်သွားတာမျိုးတောင် ရှိသေးတယ်။ ပြီးတော့ အကြိမ်အရေအတွက်ကလည်း အရမ်းစိပ်တယ်။

သူ့ပေါ်တစ်ကိုယ်လုံး ပစ်လှဲချတော့မတတ်ဖြစ်နေတဲ့ မော့ကျူးချန်ကို တွန်းထုတ်ဖို့တောင် လင်ရှန်း အရေးမစိုက်အားဘူး။ စာတွေကို အမြန်လှန်လှောနေရတာနဲ့တင် လုပ်ဖို့မေ့နေတယ်။ စက်တင်ဘာလတစ်လတည်းမှာတင် လင်ယွမ်လွှဲထားပေးတာက ယွမ်နှစ်သောင်းနားကပ်နေပြီ။

ယွမ်နှစ်သောင်းက ကပ်စေးကုတ်သေးတာလား? လင်ရှန်း ခေါင်းလှည့်ပြီး မော့ကျူးချန်ကို စိုက်ကြည့်ပေးလိုက်တယ်!

သူဒီကို ကူးပြောင်းမရောက်လာခင်တုန်းက သူ့မိသားစုအခြေအနေက တော်တော်လေးကောင်းမွန်တယ်။ သူ့မိဘတွေက သူ့ကို ဘယ်တုန်းကမှ ပူးပူးကပ်ကပ်တော့ မဆက်ဆံဘူး။ လင်ရှန်း အနီးနားက တက္ကသိုလ်တစ်ခုမှာတက်ပြီး ပိတ်ရက်တိုင်း အိမ်ပြန်လာနိုင်တယ်။ အဖေဖြစ်သူက လတိုင်းအသုံးစရိတ် ဘယ်လောက်သုံးရမယ်ဆိုပြီး သတ်မှတ်ပေးထားတာမျိုးမရှိဘူး။ ဒီတိုင်း ယွမ်တစ်သိန်းကန့်သတ်ထားတဲ့ credit cardကိုသာ ပေးထားတယ်။

သူမှာ တစ်လလုံးလုံးနေမှ ရာသီဥတုကြောင့် အဝတ်အစားဝယ်ရတာမျိုး ဒါမှမဟုတ် ကျွမ်းကျင်မှုဆိုင်ရာမူရင်းစာအုပ်တွေ ဝယ်ဖို့လိုတာလောက်ပဲရှိတယ်။ ပုံမှန်အသုံးစရိတ်က ယွမ်သုံးထောင်မကျော်ဘူး။

အဲ့တာကြောင့် ယွမ်နှစ်သောင်းဆိုတာက အိမ်မှာနေပြီး အထက်ကျောင်းတက်နေဆဲ ကျောင်းသားတစ်ယောက်အဖို့ နည်းတဲ့ပမာဏမဟုတ်ဘူး။ ကြည့်ရတာ လင်ယွမ်က သူ့ညီအပေါ်ကို အရမ်းရက်ရောပုံလည်း ပေါ်တယ်။

အရေးအကြီးဆုံးက ဒီငွေလွှဲထားတာတွေအပြင် လင်ယွမ်နဲ့ပြောထားတဲ့ စကားတွေဖြစ်တယ်။ “ကော ကျွန်တော် အိမ်ပြန်မလာဘူး” “ကျေးဇူး ကောရေ”… ဒီလိုအသက်မပါတဲ့ဟာတွေချည်းပဲ။

လင်ရှန်း “!!!”

ဒီကောင် ခုချိန်ထိတောင် အိမ်ကနေ ကန်ချမခံရသေးဘူး။ လင်ယွမ်က သူ့ကို တကယ်ကြင်နာပေးတာပဲ။ သူ့အစ်ကိုကြီးက တကယ့်ကိုအရမ်းကြင်နာတတ်တယ်!

လင်ရှန်း အနည်းငယ်စိတ်ဓာတ်ကျစွာ စားပွဲပေါ် မှောက်ချလိုက်တယ်။ ဒီလိုမှန်းသာသိရင် မကြည့်လိုက်ပါဘူး! __ အခုတော့ အိမ်ကိုပြန်ပြီး လင်ယွမ်ကို ဘယ်လိုမျက်နှာပြရမှန်းတောင် မသိတော့ဘူး! ညီဖြစ်သူအပေါ် အများကြီးယုံကြည်ပေးတဲ့ အရမ်းကောင်းတဲ့အစ်ကိုကြီး! လင်ရှန်းမှာတော့ ပိုက်ဆံတောင်းတာကလွဲရင် ဘာမှပြောစရာမရှိဘူး?

“မင်း ဘာဖြစ်နေတာလဲ?” သူတစ်ခုခုမှားနေပြီဆိုတာကို မော့ကျူးချန်သိသွားတယ်။

“ဘာမှမဖြစ်ဘူး…” လင်ရှန်း သူ့လက်တွေကြားခေါင်းမြှုပ်ကာ တိုးတိုးလေးညည်းညူလိုက်တယ်။

အမ်း သူအခုစာမေးပွဲဖြေပြီးရင် အလုပ်ကြိုးစားပြီးအချိန်ပိုင်းဝင်လုပ်ရင်း လင်ယွမ်ပိုက်ဆံကို ပြန်ဆပ်ရမယ်။ သူ့သိက္ခာကို ပြန်ဆယ်ဖို့ အချိန်ရော ရှိသေးရဲ့လား?

“ဘာဖြစ်နေတာလဲလို့?” မော့ကျူးချန် ထပ်မေးပြန်တယ်။

“ဘာမှမဖြစ်ဘူးလို့!” ဒါပေါ့ သူတွေးနေတာတွေကို မော့ကျူးချန်ကို လင်ရှန်း ဘယ်လိုလုပ်ထုတ်ပြောပြနိုင်မှာလဲ။

ရှက်ဖို့ကောင်းတယ်ဆိုပေမယ့် ဒီမှာ လင်ယွမ်က သူ့ရဲ့အစ်ကိုကြီးလေ။ ဒါပေမယ့် အရမ်းကြင်နာတတ်ပြီး တွေးခေါ်နိုင်စွမ်းလည်းရှိတယ်၊ သူ့ကိုလည်း ချွင်းချက်မရှိယုံကြည်ပေးတယ်၊ တန်ဖိုးထားတယ် ပြီးတော့ ကန့်သတ်တာတွေမရှိဘဲ လေးစားပေးတယ်! လင်ယွမ်မျက်လုံးထဲမှာလည်း သူက အကောင်းဆုံး ပြည့်စုံမှုအရှိဆုံး ညီလေးတစ်ယောက်ဖြစ်စေချင်တယ်။

အဲ့လိုမျိုး လုပ်ရမယ့်အစား သူကတော့ ပိုက်ဆံပဲတောင်းနေပြီး တချိန်လုံး ဘိတ်ချေးညီလေးပဲ ဖြစ်နေတယ်! ရှက်သင့်တယ်!

“မင်း ဘာဖြစ်နေတာလဲ?” မော့ကျူးချန်က စိတ်ရှည်တတ်တဲ့လူစားမျိုး မဟုတ်ဘူး “ပြောတော့!” သူ့လေသံက ကြမ်းတမ်းလာကာ “မဟုတ်ရင် ငါ…”

ရုတ်တရက် သူ့လက်ကိုဆန့်ကာ လင်ရှန်းမေးစေ့ကို အသာဖျစ်ညှစ်ပြီး သူ့ကိုအတင်းမော့ကြည့်စေတယ်။

ခဏတွင်းမှာ လေထုကအနည်းငယ် ကိုးရို့ကားယားဖြစ်လာတယ်။

မော့ကျူးချန်က ခါးကိုကိုင်းထားပြီး လင်ရှန်းကို ဖိအားပေးကာ သူ့ကိုလှည့်ကြည့်စေတယ်။ ဒီလူနှစ်ယောက်ရဲ့ဒီဇိုင်းကာလာအနေအထားက ကြည့်ရတာ…

လင်ရှန်း မော့ကျူးချန်ကို ကြည့်လိုက်ပြီး ရုတ်တရက် မျက်လုံးတွေ အရောင်တောက်သွားတယ် “မော့ကျူးချန်!” သူ့အသက်ကပါ တက်တက်ကြွကြွဖြစ်လာတယ် “ငါမင်းကို သီးသန့်သင်ခန်းစာတွေအတွက် ကူပေးတယ်ဆိုရင် မင်းဆီက ပိုက်ဆံတောင်းလို့ရလား?”

မော့ကျူးချန် “…”

သူတောင့်တောင့်ကြီးဖြစ်နေတုန်း သူ့လက်က လင်ရှန်းမေးစေ့ကို မသိမသာ ညှစ်မိလိုက်တယ်။

လင်ရှန်းလည်း တော်တော်လေးရှက်သွားတယ်။ သူ့ဘက်က မော့ကျူးချန်ကို သီးသန့်လေ့ကျင့်ခန်းတွေမှာ ကူညီပေးပါ့မယ်ဆိုပြီး သွားကမ်းလှမ်းထားမိတာ အသိသာကြီးကို။ အဲ့တာ ကိုယ့်ကိုယ်ကို မထိန်းနိုင်တဲ့အမူအကျင့်ကြောင့်လည်းဖြစ်တယ်။ အခုဆို စိတ်တမျိုးပြောင်းသွားပြီး ပိုက်ဆံတောင်းချင်ပြန်ပြီ… သူ့ကိုယ်သူ နွားကြီးလို့တောင် ခံစားမိတယ်။ [ T/N : နွားကြီးဆိုတာ ဒီနေရာမှာ လုပ်ပဲလုပ်နိုင်တယ် တန်ဖိုးရှိတယ်လို့ မခံစားရတဲ့ သဘောပါတဲ့ ]

“အဲ့တော့ ဘယ်လို…” မော့ကျူးချန်ရဲ့ မှင်လိုနက်မှောင်နေတဲ့မျက်လုံးတွေကို လင်ရှန်း မကြည့်ရဲတော့ဘူး။ “ငါမင်းကို ‘တစ်ခုဝယ် တစ်ခုလက်ဆောင်’လုပ်ပေးမယ်လေ၊ သီးသန့်သင်ခန်းစာတွေအတွက် မင်းဆီက ကျသင့်မယ် ပြီးရင် ပေးမှာက…”

“မင်းကို ပေးမှာလား?” မော့ကျူးချန်ပြုံးကာ အားတက်သရော မေးလိုက်တယ်။

“စုတျန်းတျန်းအတွက် အလကားအပိုထပ်ဆောင်းသင်ခန်းစာ လက်ဆောင်ပေးမယ်” လင်ရှန်း သူ့မျက်လုံးတွေကိုကြည့်ကာ ပြောလိုက်တယ်။

မော့ကျူးချန် “…”

[ For K-Htet and Htet Yi Bo ]


_____

Thanks 🌹




Continue Reading

You'll Also Like

118K 15K 86
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
301K 15.1K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
468K 11.3K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
449K 39.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ