ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 167K 22.4K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)
Part 71(unicode)
Part72(unicode)
Part72(zawgyi)
Part73(unicode)
Part73(zawgyi)
Part74(unicode)
Part74(zawgyi)
Part75(unicode)
Part75(zawgyi)
Part76(unicode)
Part76(zawgyi)
Part 77(unicode)
Part77(zawgyi)
Part78(unicode)
Part78(zawgyi)
Part 79(unicode)
Part79(zawgyi)
Part 80(unicode)
Part80(zawgyi)
Part 81(unicode)
Part81(zawgyi)
Part82(unicode)
Part82(zawgyi)
Part83(unicode)
Part83(zawgyi )
Part84(unicode)
Part 84 (zawgyi)
Part 85(unicode)
Part 85(zawgyi)
Part 86 (unicode)
Part 86(zawgyi)
Part 87 (unicode)
Part 87(zawgyi)
Part 88(unicode)
Part 88 (zawgyi)
Part 89(unicode)
Part 89 (zawgyi)
Part 90 (unicode)
Part90(zawgyi)
Part 91 (unicode)
Part 91 (zawgyi)
Part 92 (unicode)
Part 92 (zawgyi)
Part 93 (unicode)
Part 93 (zawgyi)
Part 94 (unicode)
Part 94 (zawgyi)
Part 95 (unicode )
Part 95 (zawgyi)

Part71(zawgyi)

3K 285 11
By melieee2

Chapter 71;

ကုဖေးလည်းခေါင်းငုံ့ပြီးခေါက်ဆွဲကိုတူနှင့်
ဆွကြည့်လိုက်တယ်။ခေါက်ဆွဲကစားလို့
ကောင်းမယ့်ပုံပင်။

သူ့အတွက်အသင့်စားခေါက်ဆွဲခြောက်များကို
စားတာငြီးငွေ့ဖွယ်ကောင်း၏။ဝမ်ရွှိတို့ဆိုင်မှာ အသားပေါင်မုန့်သွားစားမည့်သူတို့ရဲ့မူလအစီ
အစဉ်မှာဘေးဖယ်ခံလိုက်ရ၏။အရသာအထူးကောင်းမွန်သည့် အသားပေါင်မုန့်နှင့်ယှဉ်လိုက်
လျှင် ခေါက်ဆွဲပြုတ်၏အရောင်အဆင်းက မွဲခြောက်၏။

အထူးသဖြင့် သူ ခေါင်းမော့လိုက်သည့်အချိန်
တိုင်း သူ နှင့် မျက်နှာချင်းဆိုင်မှာထိုင်နေသည့် အသိစိတ်ကင်းမဲ့နေသောကျန်ချန်ကို မြင်တွေ့
နေရတာကြောင့်၊ ခေါက်ဆွဲပြုတ်ကပိုအရသာ
မရှိဖြစ်လာသည်။

ကုဖေးနည်းနည်းစိုးရိမ်သွား၏။သူ့ကိုယ်သူ
စိတ်တည်ငြိမ်အောင် စုစည်းပြီးနောက်တွင်
ကျန်ချန်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက
ငြိမ်သက်မှုမရှိသေးပုံပေါ်သည်။ သူက ငေး
ငေးငိုင်ငိုင်ထိုင်နေပြီးထိတ်လန့်မှုမှပြန်သတိ
မလည်လာသေးပေ။

ယနေ့ညတွင်သူကျန်ချန်ကိုတစ်ယောက်တည်း
လွှတ်မထားချင်ပေ။ဒါပေမဲ့ ကျန်ချန်ကို ဒီတစ်ညတော့ သူနဲ့ နေလိုက်ပါ့လား ဒါမှမဟုတ် ဆိုင်
မှာနေပါ့လားလို့လည်းသူပါးစပ်ဟပြီးဆွေးနွေး
ရမှာကိုကြောက်မိ၏။ သူ ပြောလိုက်တဲ့ စကား
တစ်ခွန်းခွန်းကြောင့်၊ ကျန်ချန်ကို လှုပ်နိုးလိုက်
သလိုမျိုးဖြစ်သွားမှာစိုးထိတ်မိသည်။

သူသည်ခေါက်ဆွဲတစ်ပန်းကန် ကုန်စင်အောင်
စားပြီးပန်းကန်ဆေး၍ဆိုင်ထဲသို့ပြန်ဝင်လာတဲ့တိုင်အောင်ကျန်ချန်ကနေရာတွင်မလှုပ်မရှားပဲ
ထိုင်​နေသေးတာမြင်လိုက်၏။

သူသည် စားပွဲခုံကို ပြန်ခေါက်သိမ်းပြီးဘေးမှာကပ်ထားကာကျန်ချန်ရဲ့နောက်မှာမတ်တပ်ရပ်
လိုက်သည်။

"သံသတ္တုစက်ရုံရဲ့ အခန်း...."
ကျန်ချန်ကအချိန်အကြာကြီးနေပြီးမှ စကား
စပြောလာသည်။
"ဒီည အဲ့ဒီမှာ တစ်ယောက်ယောက်ရှိလား။"

"မရှိဘူး ။"

"ဒါဆို အဲ့ဒီမှာမင်းငါ့ကိုအဖော်လုပ်ပေးလို့
ရလား ။ ငါ ဒီရင်းနှီးကျွမ်းဝင်နေတဲ့ နေရာ
မှာ ညတာကို မကုန်ဆုံးချင်ဘူး။ "

ကုဖေး ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ။"

သူခဏလောက်မတ်တပ်ရပ်ပြီးစောင့်နေသည့်တိုင်အောင်ကျန်ချန်ကမလှုပ်ရှားလာသေးပေ။
ကုဖေးသည်သူ့ကိုသွားဖို့မလောပေ။ထို့ကြောင့်
ငွေရှင်းကောင်တာနောက်တွင်သူ ဝင်ထိုင်လိုက်
ပြီး အိပ်ကပ်ထဲမှဖုန်းကိုဆွဲထုတ်လိုက်၏။

သူ့သူငယ်ချင်းအသိုင်းအဝိုင်း[Friend circle]
တွင် ထိုကိစ္စကြောင့်ပွက်လောရိုက်​နေ၏။ သူတို့
လမ်းနားတွင်လူတစ်ယောက်တိုက်ပေါ်မှ
ခုန်ချသွားကြောင်းစကားများနှင့်လူတိုင်းသည်အသေးစိတ်သိရအောင်ကြိုးစားနေပြီး ,တစ်ချို့
ဆိုလျှင်သူတို့ကထိုအချိန်က
လီပေါင်ကော်ကို အချိန်မှီ ဖမ်းမိဖို့ရန်အတွက်တိုက်အောက်မှာရှိနေကြသည်ဟူ၍ အားကိုးလောက်စရာစကားအသုံးအနှုန်းများနှင့်ပြည့်နေ၏။

ကုဖေးသည်Friend circleထဲမှပြန်ထွက်လိုက်
ပြီးသူ့စိတ်အားအနားပေးဖို့ဂိမ်းတစ်ပွဲလောက်
ဆော့ဖို့ပြင်နေစဉ်တွင် ဝမ်ရွှီဆီမှမက်ဆေ့ခ်ျတစ်စောင်လက်ခံရရှိလိုက်သည်။

-မင်းတို့နဲ့တစ်လမ်းကျော်က လူတစ်ယောက်
တိုက်ပေါ်က ခုန်ချသွားတယ်ဆို ??

ကုဖေး သူ့ကိုစာပြန်မပို့ပဲနေလိုက်၏။

ဝမ်ရွှီက နောက်တစ်စောင်ထပ်ပို့လာသည်။

-သူများတွေပြောတာအဲ့လူကကျန်ချန်ရဲ့အဖေ
တဲ့။သူက မင်းတို့နဲ့  တစ်လမ်းကျော်မှာနေတာ
ဟုတ်တယ်မလား ?

ကုဖေးမျက်မှောင်ကြုတ်လိုက်၏။ယနေ့မျက်
မှောက်ခေတ်ကာလက အချိန်နှင့် တစ်ပြေးညီ အဆက်အသွယ်လုပ်နိုင်သည့် နည်းပညာတွေ
အမျိုးမျိုးရှိနေသည်။ပြီးတော့ အိမ်နီးနားချင်း
များရဲ့အတင်းအဖျင်းစကားများကဟိုးအရင်
ကထက် ပျံ့နှံ့လွယ်၏ ။ ကြောက်စရာကောင်း
၏။

ကုဖေး စာပြန်ပို့လိုက်သည်။
-မနက်ဖြန် ကျောင်းမှာဒီအကြောင်းပျံ့နေတာ
လို့ငါပြန်ကြားရင် , ငါ မင်းကို အလွတ်ပေးမှာ
မဟုတ်ဘူး။

- ငါက ဒီအကြောင်းကိုဖြန့်စရာလား ! ။ အဲ့ဒါ
ကြောင့်လည်း ငါ မင်းကိုပဲ ပထမဆုံးလာမေးတာ မဟုတ်ဘူးလား။ကျန်ချန်ကိုတောင် သွားမေးတာမဟုတ်ဘူး။

-ကိစ္စမရှိဘူး ,တစ်ယောက်ယောက် အဲ့အကြောင်းပြောနေတာကို မြင်ရင် , ငါကိုယ်တိုင် မင်းကို
လာရှာမယ်။

-fuck ကောင်းပြီ ကောင်းပြီ ကောင်းပြီ !
ငါ သူတို့ကို သတိပေးထားလိုက်မယ်, အိုကေ။

ကုဖေးသည်သူ့ကိုစာမပြန်တော့ပဲဖုန်းမျက်နှာ
ပြင်ကို ပိတ်လိုက်၏။Craz-3 ဂိမ်းကိုလည်း သူ
ဆော့ချင်စိတ်မရှိပေ။

ကျန်ချန်က မေးလာသည်။
"ဘယ်အချိန် ရှိပြီလဲ?။ "

"၈နာရီကျော်ပြီ , 8:20။ "
ကုဖေး သူ့ကို လှမ်းကြည့်လိုက်တယ်။
"မင်း...။"

"ဒါဆိုခဏဆက်ထိုင်အုံးမယ်။ငါ နည်းနည်း
မှမလှုပ်ချင်သေးလို့။ ခဏဖြစ်ဖြစ်စိတ်ပြေလက်ပျောက် ထိုင်ပဲနေချင်တယ်။ "

"အင်း။"
ကုဖေး သူ့ကို ပြန်ဖြေလိုက်ပြီး ၊ ဖုန်းကိုပြန်
ဖွင့်၍ Craz-3 ဂိမ်းကို ဖွင့်လိုက်သည်။

သူသည်ကျန်ချန်ရဲ့လက်ရှိစိတ်အခြေအနေကိုကောင်းကောင်းနားလည်သည်။ကျန်ချန်ကရုပ်
ပိုင်းဆိုင်ရာလိုအပ်ချက်တစ်ခုကြောင့် သာမက
စိတ်ပိုင်းဆိုင်ရာကြောင့်မလှုပ်ရှားချင်သေးတာဖြစ်သည်။မည်သည့်လှုပ်ရှားမှုမျိုးမဆိုသူ့အား လက်တွေ့ဘဝဆီပြန်ပြီးဆွဲခေါ်သွားနိုင်​သော
ကြောင့် အသိစိတ်ပျောက်နေသလိုမျိုးထိုင်နေဖို့လိုအပ်သည်။ သေးငယ်သောလှုပ်ရှားမှုလေးက
သူရင်ဆိုင်ဖို့ကြောက်ရွံ့နေသည့် ကြောက်ရွံစိတ်
နှင့်စိုးရိမ်သောကများသည်ဒီရေလှိုင်းတစ်ခုလို
မျိုး သူ့ကို တိုက်စားဝါးမြိုသွားမှာကို ကျန်ချန်က ကြောက်နေလိမ့်မည်။

သူ့အဖေတစ်ယောက်လုံးရေကန်ထဲမှာရေနစ်ပြီးသေဆုံးသွားတာကြည့်ပြီးနောက်သူလည်း
ထိုကဲ့သို့နေရာလွတ်ကြီးကို ငေးငေးငိုင်ငိုင်နှင့်
စိုက်ကြည့်၍ ညပေါင်းများစွာကို ဘယ်လိုမျိုးကုန်ဆုံးခဲ့ရလဲဆိုတာရေတွက်ဖို့ပင်သူမေ့ခဲ့၏။

ထို့ကြောင့် ကျန်ချန်က တစ်လလုံးလုံးခွေးခြေခုံ
ပုလေးပေါ်မှာထိုင်လျှင်တောင်ထူးဆန်းတယ်လို့ ခံစားရမှာမဟုတ်ပေ။

ကျန်ချန်အတွက် ထိုအဖြစ်အပျက်များသည် ဘယ်တုန်းကမှရင်မဆိုင်ခဲ့၊မတွေ့ကြုံခဲ့သည့်
ကိစ္စများဖြစ်သည်။ ဉာဏ်မမှီလောက်အောင်
ခက်ခဲနက်နဲသောအကြောင်းပြချက်တစ်ချို့
ကြောင့်မြို့စုတ်လေးသို့ပြန်ပို့ခြင်းခံခဲ့ရ၏။

ကျန်ချန်ကထွက်သွားချင်သည်။သူသည် ဒီမြို့
စုတ်လေးမှာမွေးဖွားလာခဲ့လျှင်သော်သို့မဟုတ်
သူ့မိဘများသည် ငယ်မွေးခြံပေါက်များဖြစ်နေ
လျှင်တောင်ကျန်ချန်ကဒီနေရာနှင့် မထိုက်တန်
ပေ။တစ်ခါတစ်ရံတွင်ကြောက်ရွံမှုအား ကုဖေး
ခံစားရသည်။

ဤမြို့လေးတွင်ကျန်ချန်နစ်မွန်းသွားမည်ကို သူ ကြောက်၏။

ကံကောင်းထောက်မစွာဖြင့်,ကျန်ချန်ရဲ့အရိုးစွဲ
နေသည့် မောက်မာထောင်လွှားမှုတွေက သူ့ကို အမြဲတမ်းထောက်ကန်ပေးထားလျှက်ရှိသည်။
သူဘယ်နေရာရောက်စေကာမူပြသာနာမရှိပေ။
သူက အမြဲတမ်း ဖြောင့်မတ်စွာ ရပ်တည်
နေနိုင်လိမ့်မည်။

.......

စတိုးဆိုင်ထဲတွင်နာရီတစ်လုံးရှိသည်။လက်တံ
အတုံးလေးမှ နောက်တစ်တုံးသို့ရွေ့သွားသည့်
အချိန်တိုင်း 'click" ဆိုသည့် အသံသေးသေး
လေးမြည်လာ၏။

သုံးချက်မြောက် 'click' ဆိုပြီးမြည်လာချိန်တွင်
၎င်းကညဆယ့်တစ်နာရီပင်ထိုးပြီဖြစ်ကြောင်း
ကျန်ချန်သိလိုက်သည်။

သူ အိပ်ချင်၏ , အရမ်း အိပ်ချင်နေ၏။

သူသည်မျက်လုံးမှိတ်လိုက်လျှင် အချိန်မရွေးအိပ်ပျော်သွားလောက်သည့်အထိအိပ်ချင်နေ
ခဲ့သည်။သို့သော်  သူမျက်လုံးမှိတ်လိုက်လျှင်,
သူ့မျက်ခွံတစ်စုံလုံးနာကျင်လာတဲ့အထိ မှိတ်
ထားသော်လည်းလုံးလုံးအိပ်မပျော်ပေ။

သူသည်  ကိုယ်တိုင်မမြင်လိုက်ရသော်လည်း
လီပေါင်ကော်ခုန်ချသွားကြောင်း၊မြေပြင်နှင့်
ရိုက်ခတ်သွားသည့်အသံ၊ရှုးဖိနပ်တစ်ဖက်ကို ဖျတ်ခနဲမြင်လိုက်ရတဲ့မြင်ကွင်းအားအိပ်မက်
ထဲမှမြင်ကွင်းသဖွယ်ပယ်ရှားမရဖြစ်နေပြီး
သူ့မျက်စိရှေ့တွင် မှုန်ဝါးဝါးပုံရိပ်အနေနှင့်
သက်ဝင်လှုပ်ရှားနေလျက်ရှိသည်။

အိပ်တစ်ဝက်နိုးတစ်ဝက်နှင့်သူ့ရဲ့အစစ်အမှန်
ဘဝမှာကြုံတွေ့ခဲ့ရသမျှတွေကိုအိပ်မက်မက်
နေခြင်းမှ နိုးထဖို့အခက်တွေ့နေသည်။

နေ့တာသည်ပူနွေးလာ၏၊နေ့လည်ကတက်တူး
ထိုးနေစဉ်တလျှောက်လုံး သူချွေးထွက်ခဲ့သေး
သည်။ဒါပေမယ့် သူ့လက်များက အေးစက်လို့နေသည်။ စင်စစ်တွင်မူ သူ့တစ်ကိုယ်လုံး အေး
စက်နေပြီး ကြက်သီးမွှေးညှင်းတဖျင်းဖျင်းထ
နေခဲ့တာဖြစ်၏။

သူ့တစ်ကိုယ်လုံးတွင်ပူလောင်နေသည့်နေရာ
သည်သူ့မျက်လုံးသာရှိ၏။ မီးပုံထဲမှာလောင်
ကျွမ်းနေသကဲ့သို့ခံစားနေရသည်။သူဆိုင်သို့
လိုက်လာစဉ်တည်းကမျက်ရည်ပြွန်ခမ်းသွား
တာကြောင့် သူ မျက်ရည်ကျမည်မဟုတ်ပေ။

လီပေါင်ကော်ရဲ့ သေဆုံးမှုအတွက် သူ မျက်
ရည်ကျမည်မဟုတ်ပေ။

သူတို့ကြားတွင် မျက်ရည်ကျရလောက်သည်
အထိရင်းနှီးမှုမျိုးလည်းမရှိ။ သူ့မျက်လုံးများဆက်တိုက်ပူလောင်နေတာကြောင့် ၊ကျန်ချန်
ခေါင်းကိုက်လာ၏။ သူ့ကိုယ်သူ သက်သာလို့သက်သာငြား ၊လက်တစ်ဖက်ကိုမြှောက်၍
သူ့မျက်လုံးများကို ဖိလိုက်သည်။

အချိန်ကြာသွားပြီးနောက်တွင် ကျန်ချန် သက်
ပြင်းမှုတ်ထုတ်ပြီး မတ်တပ်ထရပ်လိုက်သည်။
ကုဖေးကိုလှည့်ကြည့်ချိန်တွင် ကုဖေးကလည်း
မတ်တပ်ထရပ်လာကြောင်းကျန်ချန်မြင်လိုက်
၏။ကုဖေးကဖုန်းကို အိပ်ကပ်ထဲထိုးထည့်လိုက်သည်။

ကျန်ချန် မေးလိုက်တယ် ။
" မင်း အဲ့ level အောင်သွားပြီလား ?။ "

"အင်း။"

"လိမ်နေတာ ။level တက်သွားတဲ့အသံမကြား
လိုက်ဘူး ။တစ်ချိန်လုံးရှုံးတဲ့အသံပဲကြားတာ။မင်း အခုလည်းဆော့လို့မပြီးသေးဘူးမဟုတ်လား ။ "

ကုဖေးက ရယ်လာ၏။
"ကောင်းလိုက်တဲ့နား,ဒါတောင်ငါ volumeကို
တစ်တုံး လျော့ထားတာ။ "

"ငါ့ကို ဖုန်းပေး ။"
ကျန်ချန် လက်လှမ်းလိုက်တယ်။
"ငါ ဆော့ပေးမယ်။ "

.

ကုဖေးသည်သူ့လက်ထဲသို့ ဖုန်းထည့်ပေးလိုက်
တယ်။ အမှန်လည်း ,သူက ဖုန်းမျက်နှာပြင်ပေါ်
မှာပေါ်နေသည့် levelအာမအောင်သေးတာဖြစ်
သည်။အဆင့်ခုနှစ်ဆင့်ပဲကျန်၍မျှော်လင့်ချက်
မရှိတာမဟုတ်ပေ။ကျန်ချန်ကဖုန်းမျက်နှာပြင်
ကို ငုံ့ကြည့်ပြီးပြောလာ၏။
"အခန်းအရင်သွားရအောင် ။ "

သူဆိုင်တံခါးဆွဲဖွင့်ပြီးအပြင်ကြည့်လိုက်သည့်
အခါ၊လမ်းပေါ်တွင်ဖွင့်ထားသည့်ဆိုင်များပိတ်
သွားပြီး လမ်းမီးတိုင်များလင်းနေပြီဖြစ်သည်။
လမ်းတစ်လမ်းလုံးတိတ်ဆိတ်ပြီးရောင်းသူနှင့်
ဝယ်သူများသည်အမှောင်ထုရဲ့ဖယ်ရှားခြင်းကို
ခံလိုက်ရသည်။

သူသည်ရုတ်တရက်ထူးဆန်းသည့်ခံစားချက်
ကြီးအားရလိုက်၏။ထိတ်လန့်စရာကောင်းတဲ့တစ်စုံတစ်ရာဖြစ်လာတော့မလိုမျိုး ခံစားနေရ
သည်။လမ်းမပေါ်တွင် သွေးရူးသွေးတန်းအော်
ဟစ်ပြေးလွှားနေသည့်လူများကနာရီပိုင်းလေးအတွင်းဝယ်ပျောက်ကွယ်သွားတာမလား။

အိမ်တိုင်းအိမ်တိုင်းရဲ့ မိသားစုညစာစားချိန်တွင်
ထိုအကြောင်းသည်သူတို့ရဲ့မျက်နှာများနီမြန်း
လာတဲ့ထိ အကြိမ်ကြိမ် တစိမ့်စိမ့်တွေး
ပြီးစားသောက်ချိန်ဖြစ်လာလိမ့်မည်။လပိုင်း သို့မဟုတ် နှစ်အနည်းငယ်ကုန်သွားလျှင်၊ဟိုးယခင်ကဲ့သို့ *ကုဖေးက သူ့အဖေကို သတ်လိုက်တာ*
ဆိုသည့်အတိုင်းအရပ်ပြောပုံပြင်တစ်ပုဒ်ဖြစ်သွားလိမ့်မည်။

ဘယ်လောက်ထူးဆန်းပြီး ဘယ်လိုကြောက်စရာကောင်းတာ အစရှိသဖြင့်.....

ကုဖေးသည်အမြင်အာရုံအား အနောက်ပြန်ပို့လိုက်လျှင် ကျန်ချန်ကဖုန်းမျက်နှာပြင်ပေါ်က ဂိမ်းကိုစူးစိုက်ကြည့်နေ၏၊ကျန်ချန်သည်အခွံမာဖြင့်ဝန်းရံခံထားသည့်ကြက်ဥအနှစ်လေးမျိုး ကုဖေး ခံစားလိုက်ရသည်။

သူတို့သည်သံသတ္တုစက်ရုံသို့ဦးတည်လျှောက်
လာသည့်လမ်းမှာ ကုဖေးကသူ့ဘေးမှလျှောက်
ပြီး၊လက်တစ်ဖက်နှင့် ကျန်ချန်ရဲ့နောက်ကျော
ကိုပွေ့ထားသည်။သူတို့အရှေ့တွင်ခလုတ်ခသင်းတွေ့လျှင်ကျန်ချန်ကိုအချိန်မှီလှမ်းဆွဲနိုင်၏။ကျန်ချန်ကဂိမ်းဆော့ရင်းနှင့်လမ်းလျှောက်နေသည့်တစ်လျှောက်လုံးမြေပြင်ပေါ်မှကျောက်ခဲ
အုတ်ခဲနှင့်ရေမြောင်းများရှောင်နိုင်လိမ့်မည်။

ကုဖေးသည်သံသတ္တုစက်ရုံအတွင်းရှိ သူတို့ရဲ့
အခန်းလေးကိုဖွင့်ပြီးသည့်အခါကျန်ချန်သည်
ဆိုဖာပေါ်ခြေပစ်လက်ပစ်လှဲပြီးစိတ်သက်သာ
စွာသက်ပြင်းချ၏။သူက ဘေးပတ်ပတ်လည်
ကိုလိုက်ကြည့်ပြီးနောက် ကုဖေးရဲ့လက်ထဲသို့
ဖုန်းပြန်ထည့်ပေး၏။ဂိမ်းက Level နှစ်ဆင့်တက်သွားပြီဖြစ်သည်။

ကုဖေးပြောလိုက်၏။
"မကောင်းဆိုးဝါးပဲ။ ငါ့ရဲ့ဂိမ်းနာမည်ကို
'တစ်ယောက်ယောက် ငါ့ကို carry ပေးပါ '
လို့ ပြောင်းသင့်လား ။ "

ကျန်ချန်က ဆိုဖာကိုမှီထားပြီး သူ့ကိုပြုံးပြ
လာသည်။
"ပြောင်းလိုက်တော့ ။ "
. .....

ဆိုဖာပေါ်တွင်ခြုံထည်ပျော့ပျော့သားနှင့်စောင်
တစ်ထည်ထပ်ခင်းထာ၊သည့်အခါအိစက်သော
အိပ်ယာခင်းအဖြစ်ပြောင်းလဲသွား၏။ကျန်ချန်
သည်အိပ်ယာခင်းနှင့်အရေပြားထိတွေ့ချိန်တွင် အရူးအမူးအိပ်ငိုက်လာ၏။

ကုဖေးက အခင်းကိုဆွဲဖြန့်ဖို့ဆိုဖာကိုမ ,လိုက်
သည်။
"မင်း အရင်ထလိုက်မလား။မင်းလဲအိပ်နေတဲ့အခင်းကို ငါ အတင်းဆွဲလိုက်ရင်ပြဲသွားလိမ့်မယ်။ "

ကျန်ချန်မတ်တပ်ထရပ်ပြီးအရှေ့သို့ခြေလှမ်းအနည်းငယ်ရွေ့လိုက်၏။ခဏအကြာတွင်,သူ တစ်ခုခုကိုတွေးပြီးသက်ပြင်းချလိုက်သည်။
"ဒီကိုမလာခင်ရေအရင်ချိုးခဲ့သင့်တာ။အနည်း
ဆုံးတော့ သွားတိုက်တာပဲဖြစ်ဖြစ်လုပ်ခဲ့သင့်တာ။ "

"ဒီမှာလည်း အသုံးအဆောင်ပစ္စည်းတွေရှိတယ်။ "
ကုဖေးကအိပ်ယာအခင်းကို ဆွဲဖြန့်ပြီး
ဆက်ပြောသည်။
"ရေချိုးခန်းထဲက  အဖုံးပိတ်ထားတဲ့ပုံးလေး
ကိုသွားကြည့်လိုက်။လီယန်ထားခဲ့တဲ့တစ်ခါသုံးသွားတိုက်တံ၊ မျက်နှာသုတ်ပဝါရှိတယ်။မျက်နှာပဲသစ်လိုက်။မင်းခြေထောက်က ရေ
ထိလို့မှမရဘူး ။ "

ကျန်ချန်ရေချိုးခန်းဆီလျှောက်သွားပြီး ကြည့်
လိုက်၏။ ရေချိုးခန်းထောင့်တွင်တပ်ဆင်ထား
သောပလတ်စတစ်ပုံးတစ်ပုံးမှလွဲ၍ရေချိုးခန်း
ထဲတွင်ပစ္စည်းများများစားစားမရှိပေ။ဆပ်ပြာ၊ခေါင်းလျှော်ရည်၊သွားတိုက်ဆေးတစ်ကိုယ်ရေ သုံးရေချိုးခန်းပစ္စည်းအားလုံးတွင်ဟိုတယ်အ
မျိုးမျိုးရဲ့အမည်တံဆိပ်များရိုက်ထားသည်။

သူသွားတိုက်ပြီးသည့်အခါ ရေချိုးခန်းအပြင်ထွက်လာပြီး မေးလိုက်၏။
"အဲ့ဒီဟိုတယ်အသုံးအဆောင်အားလုံးကို သူက ဘယ်နေရာကရလာတာလဲ? ။ "

ကုဖေးကပြန်ဖြေလာသည်။
"သူ့အမေရဲ့ကုမ္ပဏီက ,သူကသူ့အိမ်ကအများကြီးသယ်လာတာ။အရင်တည်းက သူကအဲ့လိုမျိုးတွေယူလာပေမယ့်၊သုံးမယ့်သူမရှိဘူး။ ပြီးတော့ဟိုကောင်တွေကဇီဇာလည်းမကြောင်ဘူး​။ "

ကျန်ချန်အသံတိတ်ပြုံးလိုက်၏၊သူတို့ကြားက
စကားဝိုင်းအားသူဆုပ်ကိုင်ထားနိုင်သည့်တစ်ခု
တည်းသောနည်းလမ်းသည် ကုဖေးနှင့် တောင်
တောင်အီအီလျှောက်ပြောနေတာဖြစ်သည်။စကားရောက်တတ်ရာရာပြောနေလျှင် သူ့စိတ်ကိုသက်သာစေပြီး မနှစ်မြို့ဖွယ်ရာခံစားချက်
များကိုမေ့လျော့စေသည်။

သူတို့နှစ်ယောက်သည် တစ်ကိုယ်ရေသန့်ရှင်းပြီးနောက်တွင် ဆိုဖာပေါ်မှာလဲလိုက်​ကြသည်။
အခန်းမီးအားလုံးမှိတ်ထားပြီး သူတို့အခန်းထဲတွင်လင်းနေသည့်အလင်းသည်ပြတင်းပေါက်မှဖြာကျနေသောလရောင်ဖြစ်၏။
အချိန်နောက်ကျလာသည်နှင့်အမျှလရောင်က ပိုလင်းထိန်လာသည်။ လိုက်ကာမတပ်ထားတဲ့ ပြတင်းပေါက်ကြောင့်ထူးထူးခြားခြားနေမထိ
ထိုင်မသာသလို ကျန်ချန် ခံစားရသည်။

ကုဖေးရဲ့ဘေးတစ်စောင်းမျက်နှာကို ကြည့်ဖို့ကျန်ချန် တစ်စောင်းလှည့်အိပ်လိုက်၏။

ကုဖေးကသူ့အတိုင်းလှည့်လာပြီးမေးလာသည်။
"မင်းက ငါ့ကို ဖက်ထားပေးစေချင်လား။"

"သွားစမ်း, ပူတယ်။ "

"ဒါဆိုလည်း ဒီလိုပဲလုပ်တာပေါ့ ။ "
ကုဖေးက သူ့လက်ကိုလှမ်းဆွဲပြီး ဆုပ်ကိုင်
လာသည်။
" မြန်မြန်, အိပ်ပျော်အောင်အိပ် ။မနက်ဖြန် အတန်းရှိသေးတယ်။ "

ကျန်ချန်ပြောလိုက်တယ်။
"ဝမ်အန်း [ကောင်းသောညပါ] "

ကုဖေးက သူ့လက်ဖဝါးကို ပွတ်သပ်လာ၏။
"အင်း ,ဝမ်အန်း[ကောင်းသောညပါ]။ "

ကျန်ချန်မျက်လုံးမှိတ်လိုက်သည့်တိုင်အောင်
ကုဖေးကသူ့လက်ဖဝါးအား စည်းချက်မှန်မှန်
ပွတ်သပ်ပေးနေဆဲဖြစ်၏ ။ ကလေးငယ်တစ်
ယောက်ကို ချော့မြူပေးနေသလိုမျိုး နှစ်သိမ့်
ပေးနေသည့်သူ့နည်းလမ်းကအနည်းငယ်ရယ်
ရွင်ဖွယ်ကောင်းသော်လည်း၊၎င်းက ကျန်ချန်
ကို စိတ်ငြိမ်သက်စေသည်။

ကုဖေးသည် သူ့ထက်အရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွား၏။ သူ့လက်ဖဝါးကို စည်းချက်
မှန်မှန်နှင့် ပွတ်သပ်ပေးနေသည့် သူရဲ့ပွတ်သပ်
ပေးမှုကနည်းနည်းနည်းနည်းနှေးလာပြီးနောက်
တွင်ရပ်တန့်သွားသည်။

ကျန်ချန်ပြုံးလိုက်ပြီး ကုဖေးရဲ့နှေးနှေးနှင့်မှန်မှန်
ဖြစ်နေသည့်အသက်ရှုသံအားနားထောင်၍ သူ့အတိုင်းပင် အသက်လိုက်ရှုခဲ့၏။သိပ်မကြာခင်
သူလည်း အိပ်ပျော်သွားသည်။

သူမနက်အိပ်ယာနိုးလာချိန်တွင်ကုဖေးသည်
သူ့ထက်အရင်နှိုးခဲ့သည်။ထို့နောက်အမဲသားခေါက်ဆွဲစွပ်ပြုတ်အနံ့သင်းသင်းလည်း အနံ့
ရလိုက်၏။

သူ့အနောက်မှကုဖေးက လှမ်းမေးလာသည်။
"မင်း နိုးပြီလား?။ "

"အင်း။ "
ကျန်ချန်လှည့်ကြည့်လိုက်လျှင် ဆိုဖာဘေးက
ခနော်နီခနော်စားပွဲငယ်လေးပေါ်တွင် အမဲသားခေါက်ဆွဲနှစ်ပန်းကန်ပြင်ဆင်ထားကြောင်းမြင်လိုက်၏။သူမတ်တပ်ထ၍မျက်နှာကိုပွတ်သပ်လိုက်၏။မနေ့ညကသူအိပ်ပျော်သွားခဲ့ပြီးလန့်
မနှိုးသော်လည်း အိပ်မက်များမရပ်တန့်သွားခဲ့
ပေ။နောက်ဆက်တွဲအနေနှင့်သူကနိုးလာပေမဲ့
မနေ့ကအဖြစ်အပျက်များနှင့်ထိတ်လန့်စဖွယ်အတွေ့အကြုံကိုပြန်တွေးခွင့်မရလိုက်ပဲအမှတ်
ရနေခဲ့သည်။

လီပေါင်ကော်ကသေပြီ။သားသမီးသုံးယောက်
နှင့်လူအုပ်ကြီးရှေ့မှာသေသွားခဲ့သည်။ဘာအဓိ
ပ္ပာယ်မှမရှိတော့သည့် ဘဝကို အဆုံးသတ်ဖို့တိုက်ပေါ်မှခုန်ချသွားခဲ့သည်။

သူသည် ထိုပုံရိပ်များသည်တစ်ညလုံးမ​​ပြတ်
မသားနှင့်မက်နေခဲ့သည်။  ယခု သူအိပ်ယာနိုး
လာချိန်တွင်ထိုပုံရိပ်များပျောက်ကွယ်သွား၏။

ကျန်ချန် ဖုန်းကိုလှမ်းယူပြီး ဖွင့်ကြည့်လိုက်
သည်။
"ဘယ်သူမှလည်း ငါ့ကို ဖုန်းမဆက်ဘူး။ငါက
လီပေါင်ကော်ရဲ့ကိစ္စနဲ့ဆက်နွယ်စရာမလိုအပ်
လို့လား ။ "

"သူတို့ပိုက်ဆံလိုတဲ့အချိန်ကျမင်းကိုခေါ်လိမ့်
မယ်။ပြီးတော့ အဖိုးတန်ပစ္စည်းတွေကိုခွဲယူဖို့
လည်း ခေါ်လိမ့်မယ်။ "

ကျန်ချန် ဖုန်းကို အမှုမဲ့အမှတ်မဲ့ စားပွဲပေါ် ပစ်တင်လိုက်၏။
"လီပေါင်ကော်ဆီမှာအဖိုးတန်ပစ္စည်း ရှိလို့လား? ။ "

"မသိဘူး။ "
ကုဖေးက သွားတိုက်ဆေးထည့်ပြီးသား သွားတိုက်တံကိုကိုင်၍ သူ့ရှေ့မှာမတ်တပ်ရပ်လာသည်။
"တစ်ခုခုရှိရင်လည်းရှိမှာပေါ့ ။ထောင်တန်နည်းနည်းလည်းဖြစ်နိုင်တာပဲ ။ "

"သူ့မှာ တကယ်ထောင်တန်နည်းနည်းပါးပါး
ရှိနေရင်၊သူ ပိုက်ဆံလိုက်ပတ်တောင်းနေမှာ
မဟုတ်ဘူး။ "
ကျန်ချန် သွားတိုက်တံကိုလှမ်းယူလိုက်ပြီး
ပါးစပ်ထဲထည့်လိုက်၏။
"ဒါပေမယ့် ကိစ္စမရှိဘူး။သူ့ဆီမှာ ဒေါ်လာသန်း
ချီရှိနေရင်တောင်,ငါနဲ့မဆိုင်ဘူး။ငါတစ်ပြား
တစ်ချပ်တောင် မလိုချင်ဘူး။ "

"ဈာပနအတွက်နည်းနည်းပါးပါးစိုက်ထည့်ပေး
လိုက်ရင်ရပြီ ။ကျန်တဲ့ကိစ္စကိုပူမနေနဲ့ ။ "

"ကောင်းပြီ။ "
ကျန်ချန် ပြန်ဖြေပြီး သွားကိုဖြည်းဖြည်းချင်း တိုက်လိုက်သည်။

သဘောတရားအရဆိုလျှင် , သူ့အဖေတစ်ယောက်သေဆုံးထားမှုကြောင့် သူ့အတွက်
ကျောင်းမှရက်အနည်းငယ် ခွင့်ယူပိုင်ခွင့်ရှိသည်။သို့သော်ကျန်ချန်ကသူ့ကိုယ်သူ ခွင့်
ယူဖို့လိုအပ်ကြောင်း မတွေးမိပေ။

အကယ်၍ သူခွင့်ယူထားလျှင်, အဲ့အချိန်တွေမှာ သူဘာလုပ်နေရမှာလဲ?။

သူတို့ကျောင်းထဲသို့ဝင်လာသည့်အခါကျောင်း
ဂိတ်မှာ တာဝန်ကျသည့် လောင်ရွှီဆီ သူသွားခဲ့
သည်။
"မောနင်း, ရွှီကျုံး "

"အာ ,ကျန်ချန်.....မော...မောနင်း..မောနင်း။"
လောင်ရွှီကတစ်ခုခုပြောချင်သေးသော်လည်း
မပြောဖို့ဆုံးဖြတ်ချက်ချလိုက်ပုံပေါ်သည်။
"ဝင်တော့လေ , မင်းရဲ့စာလေ့လာမှုကို အာရုံစိုက်နော် ။"

သူနောက်မှ ကုဖေးကနှုတ်ဆက်လာသည်။
"မောနင်း, ရွှီကျုံး။"

"လိမ္မာလိုက်တဲ့ကလေး , ဒီနေ့တော့ နောက်
မကျတော့ဘူးပေါ့။ "
လောင်ရွှီက ကုဖေးရဲ့ပခုံးကို ပျော်ရွှင်စွာ
ပုတ်လိုက်၏။
"မင်းအတန်းထဲကသင်ခန်းစာတွေကိုသေချာ
လိုက်နားထောင်မယ်ဆို၊ နောက်ကျတိုးတက်လာလိမ့်မယ်။ "

ကုဖေးက "အွန်,ဟွန်း "ဟုသာပြန်ဖြေ၏။

သူသည်လှေကားထစ်များကိုဖြတ်လျှောက်ပြီး အတန်းထဲသို့ဝင်လာချိန်၊အားလုံးအကြည့်များ
သည်သူ့အပေါ်မှာစုပြုံနေကြောင်း ကျန်ချန်သိ
၏။တီးတိုးပြောနေသည့်စကားများကို မကြားရပေ။ဟုတ်သည် သူ့ကိုယ်ပေါ်မှာသယ်ဆောင်
ထားသည့်အရှိန်အဝါကြောင့် ဘယ်သူမှလည်း သူ့ကိုလာပြီးဟိုမေးဒီမေးလုပ်ရဲမှာမဟုတ်​ပေ။

၎င်းက အနည်းငယ်စိတ်မသက်မသာဖြစ်စေသော်လည်း သူဆန္ဒရှိသည်။ သူ့ရဲ့တင်းကြပ်နေသည့်အာရုံကြောများကို အနည်းငယ် ပြေလျော့စေချင်သည်။

သူအတန်းထဲသို့ဝင်သွားပြီးထိုင်ခုံပေါ်မှာထိုင်
ပြီးနောက်တွင် ဝမ်ရွှီက ကျောက်ကျင့်ကိုဘေးသို့တွန်းချလိုက်ပြီးနေရာမှာဝင်ထိုင်လိုက်၏။
"ကျန်ချန် ,မင်း ဒီနေ့,နေ့လည်စာအတွက်ငါတို့ဆိုင်လိုက်ခဲ့မလား?။ငါ့အမေကို ငါတို့အတွက် ဆိတ်သားအစာသွပ်ပေါင်မုန့် ဖယ်ထားပေးဖို့ ပြောခဲ့တယ်။ "

ကျန်ချန် တုံ့ဆိုင်းသွား၏။
"ဟမ် ?။"

"မင်း လိုက်မှာလား? မလိုက်ဘူးလား?။ "
ဝမ်ရွှီက ထပ်မေးလာသည်။
"မင်းတို့ကောင်တွေဆိုင်ကိုမလာတာကြာပြီ။
အဲ့ဒါကြောင့် ငါ့အမေက အရင်အပတ်တည်းကမေးနေတာ။သူ(မ)က ငါ အတန်းဖော်တွေ
နဲ့ ထပ်ပြီးစကားများထားတာလို့ထင်နေတာ။ "

"ကောင်းပြီ။ "
ကျန်ချန် ခပ်ဖွဖွပြုံးလိုက်၏။
"သိုးသားစွပ်ပြုတ်လည်းရှိတယ်မလား ။ "

"အများကြီးပဲရှိတယ်။ အသားပေါင်မုန့်ရော သိုးသားစွပ်ပြုတ်ရောမင်းကြိုက်သလောက်
စားလို့ရတယ်။ဆုံးဖြတ်ပြီးပြီဆိုတော့ ၊ငါတို့နေ့လည်အတူတူသွားမယ်။ "

"အင်း။ "
ကျန်ချန် သူ့ကို ခေါင်းညိတ်ပြီး ကုဖေးကို လှမ်းကြည့်လိုက်သည်။

ဝမ်ရွှီက မတ်တပ်ထရပ်ပြီး သူ့ကိုယ်ပိုင် စားပွဲဆီသို့လျှောက်သွားသည်။
"တာ့ဖေးလည်းလိုက်မှာသေချာတယ်။ မင်း တစ်ယောက်တည်းလုံးလိုက်လာမှာကိုသူက
ဘယ်လိုလုပ်ပြီးမလိုက်ပဲနေမှာလဲ။ "

ကုဖေးက ဝမ်ရွှီနောက်ကြောင်းပြန်ခေါက်သွားတာကိုကြည့်၍ရယ်ပြီး ပြောလာ၏။
"Fuck, ငါ မသွားဘူးလို့ ပြောနိုင်ဖို့ ဆုတောင်းတယ်။ "

ကျန်ချန်လည်းရယ်လိုက်ရင်းစားပွဲခုံအံဆွဲကို ခေါင်းငုံ့ကြည့်လိုက်၏။
"ဒါဆိုလည်း မသွားနဲ့ပေါ့။ "

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ။"
ကုဖေးက သက်ပြင်းချလာသည်။
"မင်းတစ်ယောက်လုံးသွားမှာကို။ငါကတစ်ခုဝယ် တစ်ခုလက်ဆောင်ရဲ့ အပိုလက်ဆောင်အပိုင်းလေးပဲ ။ "

"ဒါဆို...."
ကျန်ချန် သူ့ကိုကြည့်လိုက်၏။
"ငါက ဟောကျိုးတို့နဲ့ ဘောလုံးသွားကစားဖို့ပြောတဲ့အချိန်တုန်းက၊ဘာလို့တစ်ခုဝယ်တစ်
ခုလက်ဆောင်မဟုတ်တာလဲ ?။ "

ကုဖေးက ပြန်ဖြေသည်။
"အဲ့ဒါကျ မတူဘူး။ "

'အဲ့ဒါကျ မတူဘူး 'ဘာကမတူတာလဲဆိုတာကို ကျန်ချန်သေချာမသိပေ။သို့သော် သူလျှို့ဝှက်ချက်ကိုလိုက်တူးဆွဖို့ဆန္ဒမရှိပေ။

ကုဖေးကလက်တစ်ဖက်ကိုသူ့ရှေ့သို့ဆန့်လာပြီး သူ့စာသင်ခုံပေါ်တွင် နို့ချိုချဉ်တစ်လုံးတင်လာ၏။

ကျန်ချန် သူ့ကိုကြည့်လိုက်သည်။
"တစ်လုံးတည်းလား ?။ "

"တစ်လုံးပဲကျန်တာ။အဲ့တစ်လုံးတောင် ငါ့ပါးစပ်ထဲကကံကောင်းလို့အကယ်ခံရတာ။ "
ကုဖေးက သူ့အိပ်ကပ်သူလှန်လောရှာ​နေ၏။
"ဆောင်းတွင်းဝတ်အနွေးထည်ကအိပ်ကပ်ကြီးကြီးပါတော့များများသယ်လို့ရတယ်၊တစ်ကြိမ်ကိုအလုံး၂၀လောက်ထည့်လို့ရတယ်။ မနေ့ညတုန်းက ပြန်ဖြည့်ဖို့ မေ့သွားတာ ။ "

"ကုမြောင်က ချိုချဉ်အတွက်မင်းဆီရောက်
လာရင်ရော ? ။ "

ကုဖေးကပြန်ဖြေလာသည်။
"သူ(မ)ကို ဆိုင်တစ်ဆိုင်ကlollipopတစ်ချောင်း
သွားဝယ်ပေးလိုက်မယ်။ တစ်ချောင်းကို
ယွမ် ၅၀ပဲရှိတယ် ။"

"စိတ်ကျေနပ်စေဖို့ အရမ်းလွယ်တာပဲ။ "
ကျန်ချန် ပြုံးလိုက်ပြီး နို့ချိုချဉ်ကို အခွံခွာကာ ပါးစပ်ထဲထည့်လိုက်၏။

"သူ(မ)ကဝါးရမာတဲ့ချိုချဉ်ကိုစားရတာကြိုက်တာ။အရသာကောင်းနေသရွေ့ပြသာနာမရှိဘူး။"
ကုဖေးက ဖုန်းကိုဆွဲထုတ်ပြီး Craz3ဂိမ်းကို
ဖွင့်လိုက်သည်။
"Fuck ,အဲ့ဒီလီယန်က power leveler ဒါမှမဟုတ် တစ်ခုခု ပေးဆောင်ထားတာလား။"

ကျန်ချန်မေးလိုက်၏။
"ဘယ်သူက ကလေးဂိမ်းလေးအပေါ်မှာ power levelerပေးဆောင်မှာလဲ?။ "

"ဘယ်လိုလုပ်သူ့အဆင့်ကငါ့အပေါ်ကိုရောက်သွားတာလဲ ။မနေ့ကတောင်သူ ငါနဲ့ level တစ်ဆင့်ပဲကွာတော့တာမဟုတ်ဘူးလား။ "
ကုဖေးက အရှုံးကို ဝန်ခံလိုစိတ်မရှိပေ။
"နေ့လည်ကျရင် မင်း ငါ့အစား သူ့ကို အမှီလိုက်ပေးမယ်မဟုတ်လား ?။"

"ငါ့ကို ကော* လို့ ခေါ်။ "

ကုဖေးက အသံနှိမ့်ပြီးပြောလာ၏။
"ချန်ချန် -ကောကော , ကျေးဇူးပြုပြီး ကျွန်တော့ကိုအမှီလိုက်နိုင်အောင် ကူညီပေးနော် ။ "

ကျန်ချန် ရယ်မောလိုက်ပြီးတော့ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ ~~"

ကျန်ချန်သည် သူ့ကိုယ်သူစိတ်ထိခိုက်နေစရာမလိုကြောင်းခံယူထား၏၊လီပေါင်ကော်နှင့်သူသည်သိပ်အဆက်အဆံမရှိပေ။ထို့ကြောင့် သူ ဘယ်လိုကြည့်ကြည့် လီပေါင်ကော်ရဲ့သေဆုံးမှုအပေါ်မှာဝမ်းနည်းမနေသင့်ပေ။

မည်သို့ဆိုစေကာမူ အမှန်တရားအားလက်ခံရမည်။ ကျန်ချန်စားပွဲခုံပေါ်မှောက်အိပ်ပြီး မျက်
လုံးမှိတ်လိုက်၏။လီပေါင်ကော်သည်ဘဝအား
ထိုကဲ့သို့နည်းလမ်းနှင့် အဆုံးသတ်သွားတာ​က
လူတစ်ယောက်ရဲ့စိတ်တွင်သေရာပါအမှတ်အ
သားချန်ထားလိုက်သကဲ့သို့ပင်။ ထိုကဲ့သို့ စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုမျိုးသည် ' ငါတို့ကတစ်ယောက်ကိုတစ်ယောက်မရင်းနှီးဘူး,ဒါကြောင့် ငါ ဂရုမစိုက်ဘူး'ဆိုသည့်စကားကဲ့သို့ ​မေ့မေ့ပျောက်ပျောက်ကျော်လွှားသွားသည့်အရာမျိုးမဟုတ်ပေ။

သူဝမ်းနည်းနေတာမဟုတ်တဲ့အပြင် ထိခိုက်နာ
ကျင်နေတာမဟုတ်ပေ။သို့သော်မနက်ခင်းတစ်ခင်းလုံးသူအားအင်ကုန်နေတာ အမှန်ဖြစ်သည်လောင်လုရဲ့အချိန်တွင်, မိုးခြိမ်းသံလိုမျိုးအသံကြောင့် မျက်နှာကြက်တုန်ခါပြီး မျက်နှာကြက် ကြက်ရန်နှစ်ဖက်ညှပ်ထားသောချပ်ပြားများမှဖုန်အလွှားလွှားကျလာသည့်အခါ တစ်ခန်းလုံးရဲ့ခွက်ထိုးခွက်လန်ရယ်သံများထွက်လာသော်
လည်း ၊ကျန်ချန်မျက်လုံးဖွင့်ဖို့အပင်ပန်းမခံခဲ့ပေ။

သူ့တွင် တစ်ခုခုကိုဂရုစိုက်ဖို့ခွန်အားမစုစည်းနိုင်သည့်စိတ်ပိုင်းဆိုင်ရာအခြေအနေကြောင့်လည်း ဖြစ်နိုင်သည်။

သူ့ရဲ့စိတ်ခံစားမှုများသည် ပင်လယ်အောက်
ကြမ်းခင်းတွင် နစ်မြုပ်သွားမှာကြောက်သည်
သူ ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးသွားခဲ့လျှင်၊
သူ့ကိုဖုံးလွှမ်းသွားနိုင်သည်။အဆုံးတွင် သူက နောက်ဆုတ်ချင်လျှင်တောင် ပြန်ဆုတ်လို့မရနိုင်တော့ပေ။

မနက်ခင်းရဲ့နောက်ဆုံးအချိန်ကလည်း လောင်လုအချိန်ဖြစ်၏။ လောင်လု၏ မိုးချုန်းသံတစ်မျှ အော်သံအလယ်တွင် သူ့စိတ်ခံစားချက်တွေကိုမြှင့်တင်ရင်းနှင့် အတန်းချိန်တစ်ချိန်ကုန်ဆုံးသွားခဲ့သည်။

ခေါင်းလောင်းမြည်သည့်အခါ သူ စားပွဲခုံပေါ်
တွင်ဆက်ပြီးမှောက်အိပ်လို့မရတော့ပေ။ကျန်
ချန် ခါးမတ်ပြီးဖင်ထိုင်ခုံကိုမှီကာအသက်ပြင်းပြင်းရှုသွင်းပြီး ရှုထုတ်လိုက်၏

ထိုကိစ္စလေးနှင့် ဘာမှမဖြစ်နိုင်ပေ။

သူသည်ဒီနေရာသို့​ရောက်လာသည့်ရက်တည်းက၊အားလုံးကဒေါသထွက်စရာသည့်ကိစ္စတွေနှင့်စိတ်တိုဖို့ကောင်းသည့်လူများဖြစ်၏။

သူသည်သူတို့ကို တစ်ခုပြီးတစ်ခု တစ်ယောက်ပြီးတစ်ယောက်ဖြေရှင်းခဲ့တာမဟုတ်ဘူးလား။

ဤလောက်လေးနဲ့ဘာမှမဖြစ်ပေယ

လူတစ်ယောက်ရဲ့အလားအလာကိုသူတို့ကိုယ်
တိုင်တောင် ခန့်မှန်းလို့်မရပေ။

ပြသာနာများကို ဖြေရှင်းလို့ရနေသေးသရွေ့ အကုန်လုံးက ပမွှားများသာ။

ကျန်ချန်သည် အသက်ပြင်းပြင်းရှုသွင်းလိုက်ရှုထုတ်လိုက်ဆက်တိုက်လုပ်နေခဲ့သည်။သို့်သော်
သူကလေများများ ရှုသွင်းပြီးရှုထုတ်တော့မလို့လုပ်နေစဉ်၊ ဝမ်ရွှီကအနောက်သို့ လျှောက်လာပြီး သူ့စားပွဲခုံကိုလက်တစ်ဖက်နှင့် အကြမ်းပတမ်းပုတ်လာသည်။
"သွားမယ်...လုပ် ,လုပ်။"

ကျန်ချန်သည် သူမျိုသိပ်ထားသည့်လေများကို ပါးစပ်မှ တစ်ဆင့်ပြန်ထုတ်လိုက်ရသည်။သူအသက်မရှုနိုင်မကယ်နိုင်ဖြစ်ပြီးချောင်း
တဟွတ်ဟွတ်ဆိုးတော့၏။
"အာ...ငိုးတဲ့မှ! "

သူတို့သည်ကျောင်းဂိတ်သို့ လျှောက်လာချိန်တွင် သူ့စိတ်အခြေအနေကပင်လယ်မျက်နှာခင်းကြမ်းပြင်မှအနည်းငယ် တိုးတက်လာသ
လိုမျိုး ကျန်ချန် ခံစားမိ၏။ဒါပေမဲ့ သူ့ဖုန်းကအသံမြည်လာချိန်တွင်၊သူ့ရဲ့အသည်းအူများတင်းကြပ်သွားမှုကိုခံစားလိုက်ရသည်။

သူသည်တည်ငြိမ်စွာဖြင့်ဖုန်းကိုထုတ်လိုက်ပြီး အမည်မသိဖုန်းနံပါတ်နှင့်ခေါ်နေသည့် ဖုန်းကို ဖြေလိုက်၏။

သူထိုနံပါတ်ကိုဘယ်တုန်းကမှမသိမ်းထားပေ။
သူ့ဦးနှောက်ကို အသုံးပြုစရာမလိုပဲနှင့်တောင်
လီဟွေ့ဆီမှ ဖုန်းခေါ်ဆိုမှုမှန်း ခန့်မှန်းကြည့်နိုင်
သည်။ စာသင်ချိန်အတွင်းမှာ ဖုန်းမခေါ်တာကိုပင် သူ့ကို ကျန်ချန်ကျေးဇူးတင်လိုက်၏​။ ကျန်ချန် ဖုန်းကိုပြန်ဖြေလိုက်တယ်။

"ကျန်ချန်,"
လီဟွေ့ရဲ့အသံကအနည်းငယ်ပြာ၏။ဒါပေမဲ့ ကျန်ချန်ကသူ့ဆီမှပိုက်ဆံချေးထားတဲ့အတိုင်း သူ့အသံကရန်လိုနေသည်။ သူပြောလိုက်သည့် စကားအသံအနေအထားအရအနည်းဆုံးယွမ်ထောင်ချီလို့တောင်ထင်နိုင်၏။
"မင်းကအရမ်းအပူအ​ကင်းနေတာလားဟမ်?။ အဖေတစ်ယောက်လုံးသေတာတောင် မင်းက တစ်ကြိမ်မှမလာဘူး။တစ်ချက်လေးတောင် လာမတွေ့ဘူးပေါ့ ?။"

ကျန်ချန်အသံလည်း အေးစက်သွား၏။
"လိုရင်းကိုပဲ ပြော။ "

လီဟွေ့က အော်ကြီးဟစ်ကျယ်ကြိမ်းမောင်းလာသည်။
"အိုး, လိုရင်း , လိုရင်းကိုပဲပြောနေတာမဟုတ်ဘူးလား။ လိုရင်းကိုပဲပြောနေတာလေ ဟမ်!။ မင်းက ဒီမိသားစုနဲ့ မဆိုင်လို့ မင်းကိုယ်မင်းဘာမှသိစရာ မလိုအပ်ဘူးပေါ့ ,ဟုတ်လား! "

သူ့ရဲ့ဦးဆောင်လမ်းပြနေမှုကို ကျန်ချန် ငြင်းပယ်လိုက်၏။
"ခင်ဗျား မပြောဘူးဆိုရင်လည်း , ကျွန်တော် ဖုန်းချလိုက်တော့မယ်။ "

လီဟွေ့က ဒေါသူပုန်ထသွားသည်။
"ငါ့ကို လာပြီးလူမိုက်လိုသရုပ်ဆောင်မနေနဲ့။
နောက်ဆုံးတစ်ခေါက်က ငါမင်းကိုပြန်မလုပ်တာကြောင့်၊မင်းကိုကြောက်တယ်လို့ထင်နေတာလား။‌ငါ ဒီနေ့ပဲ ငါ့လူတစ်ချို့ခေါ်လာပြီးမင်းကိုလုပ်ခိုင်းလို့ရတယ်ဆိုတာလောင်းရဲလား။"

"ခင်ဗျား ကျွန်တော့ကိုဘာအတွက်ဖုန်းခေါ်တာလဲပဲသိချင်တယ်။လိုရင်းကိုမပြောရင်ဖုန်းချတော့မယ်။ပြီးတော့အနာဂတ်မှာ ခင်ဗျားစိတ်ထင်တိုင်း ကျွန်တော့ကို ထပ်ပြောလာမယ်ဆိုရင်၊ကျွန်တော်ဒီလိုရပ်ပြီးနားထောင်နေမှာမဟုတ်ဘူးနော် ။ "
ကျန်ချန်ရဲ့အသံက အေးစက်နေဆဲပင်။
"ခင်ဗျား ကျွန်တော့်ကို လာရှာမှာကို စောင့်နေမယ်။အကယ်လို့ ခင်ဗျားမလာဘူးဆိုရင်
ကျွန်တော်ကိုယ်တိုင် ခင်ဗျားကို လာရှာမှာကို စောင့်နေတာ ပိုကောင်းလိမ့်မယ်။ "

လီဟွေ့ကစကားစပြတ်ခဏတောက်သွားပြီး၊ နောက်စာလုံးရေ၈၀၀ကျော်အက်ဆေအတွက် လုံလောက်သည့်အယုတ္တအနတ္တစကားလုံးများတသီတတန်းကြီးဆဲရေးလာသည်။
"ငါရိုး,မြေနိုး မင်း.........."

တစ်ချို့စကားလုံးများကို ကျန်ချန် ခဏနား
ထောင်ပြီးဖုန်းချဖို့ပြင်လိုက်စဉ်လီဟွေ့၏
အသံကတိုးသွားပြီး အမျိုးသမီး အသံတစ်သံ ထွက်လာ၏။
"အာ...ကျန်ချန်လား?။ ငါက မင်းရဲ့မရီးပါ။
မင်းအကိုရဲ့ အရည်မရအဖက်မရစကားကို နားထောင်မနေနဲ့ ။ သူက ဒေါသထွက်တုန်း
မလို့ရယ်။"

မရီး ? မရီးရဲ့စိတ်သဘောထားကိုလည်းလုံးဝ နိုးပဲ။ ထို့ကြောင့် ကျန်ချန် အသိအမှတ် ပြုတဲ့အသံသာလုပ်လိုက်၏။

သူမကဆက်ပြောလာသည်။
"ကိစ္စကဒီလို...မင်းအဖေလည်းသေသွားပြီ။
ငါတို့အားလုံးလည်း အဲ့အပေါ်မှာ အရမ်းစိတ်
မကောင်းဖြစ်ရပါတယ် ။ ပြီးတော့ မင်း.......
ငါတို့ နားလည်ပါတယ်။ဒါပေမဲ့ အခုချက်ချင်း ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စအားလုံး ၊ ပေးချေဖို့ လိုအပ်တဲ့ ကိစ္စလေးတွေလည်း ရှိနေတော့။မင်းကအကုန်လုံးဆီကနေမင်းကိုယ်မင်း ရှောင်ပြေးနေမယ်ဆိုရင်ဠသိပ်ကျိုးကြောင်းဆီလျော်မှုမရှိဘူးမလား?။ "

" အစ်မ, "
ကျန်ချန်သည်ကုဖေးကိုကြည့်လိုက်၏။ကုဖေးက ဝမ်ရွှီကိုဆွဲခေါ်သွားပြီးအရှေ့လျှောက်သွား
၏။ထို့ကြောင့်ကျန်ချန်ခြေလှမ်းများနှေးလိုက်
သည်။
"ကျွန်တော့်ကိုအရင်ပြောခွင့်ပေး။ ကျွန်တော်ကကျောင်းသားပဲရှိသေးတယ်။ကျွန်တော့်ဆီမှာအလုပ်လည်းမရှိဘူး။ ဝင်ငွေအရင်းအမြစ်လည်းမရှိဘူး။ပုံမှန်ဆို,ဘယ်မိသားစုမဆိုတစ်
ယောက်ယောက်ကပိုက်ဆံထုတ်ဖို့လိုအပ်လာရင်သူတို့ကအထက်တန်းကျောင်းတက်နေတဲ့လူတစ်ယောက်ကိုလာမတောင်းပါဘူး ,ဟုတ်တယ်မလား။ အခုအစ်မပြောနေတဲ့ဟာကကျိုးကြောင်းဆီလျော်မှုမရှိတာပါ။ "

သူ့စကားကြောင့် ,မရီးဖြစ်သူကအရှက်ရသလိုခံစားလိုက်ရပြီးတစ်ချိန်တည်းမှာစိုးရိမ်ကြောင့်ကြလာ၏။
"အယ်,ဒါပေမယ့် အဲ့လိုလုပ်တာက မမှန်...."

"ကျွန်တော်ကတော့အဲ့လိုပဲ။"
ကျန်ချန် သူမစကားကိုဖြတ်ပြောလိုက်တယ်။
"ကျွန်တော်က ယွမ်သုံးထောင်ပဲပေးနိုင်တယ်။
လီပေါင်ကော်ကိုအဲ့ပိုက်ဆံပေးမလို့ လုပ်ထားပေမယ့်ပေးလို့မရတော့ဘူး။အခုအဲ့ပိုက်ဆံကို သူ့ဈာပနမှာထည့်သုံးလို့ရတယ်။ဒါပေမယ့် ခင်ဗျားက ပိုက်ဆံဘယ်လောက်လက်ခံရရှိ
ကြောင်းကို ဖော်ပြတဲ့ ပြေစာတစ်စောင်ကို ကျွန်တော့်ကို ရေးပေးရမယ်။ ခင်ဗျားဘာသာ အဲ့ပိုက်ဆံတွေကိုဘယ်နေရာသုံးသုံးကျွန်တော် မေးမှာမဟုတ်ဘူး။ဒါပေမယ့် ဒါကပထမဆုံးနဲ့နောက်ဆုံးပဲ။နောက်ထပ်ဆိုတာမရှိဘူး။ "

"အာ, ယွမ်သုံးထောင်က ...."
မရီးဖြစ်သူက တုံ့ဆိုင်းနေသည်။သူမက ထိုပိုက်ဆံကိုနည်းတယ်လို့ တွေးနေတာလည်း ဖြစ်နိုင်သည်။

ကျန်ချန်ဖြတ်ပြောလိုက်၏။
"လီပေါင်ကော်ဆီမှာ အဖိုးတန်ပစ္စည်းတွေ
ရှိရှိမရှိရှိ ၊ဘယ်လောက်များများမများများ စိတ်မဝင်စားဘူး၊​အခုကတည်းကကြိုပြောလိုက်မယ်။ဘယ်သူမှ ကျွန်တော့်ကို စိတ်အ
နှောင့်အယှက် ဖြစ်အောင်မလုပ်ရဲဘူး။ကျွန်
တော်ဒေါသထွက်လာတဲ့အချိန်၊ ခင်ဗျားရဲ့
လူတောင် ကျွန်တော့်ကိုထိန်းနိုင်မှာမဟုတ်ဘူး။ ခင်ဗျား လက်ခံရရှိကြောင်းပြေစာတစ်စောင်ရေးပြီးသွားရင်၊ ကျွန်တော့်ကျောင်းကိုလာခဲ့လိုက်။ ပြီးရင် ကျွန်တော့်ကို ဖုန်းဆက်။ "

သူ့အပိုင်းကိုပြောသည်နှင့် တစ်ဖက်မှ တုန့်ပြန်မှုကိုမစောင့်တော့ပဲ ကျန်ချန် ဖုန်းကိုချက်ချင်းချလိုက်သည်။

သူ့ဖုန်းကိုအိပ်ကပ်ထဲသို့ပြန်ထည့်ပြီးနောက် သက်ပြင်းရှည်ချလိုက်၏။

သူ့အရှေ့တွင်,ကုဖေးကတစ်ယောက်ယောက်
နှင့်ဖုန်းပြောလျှက်ရှိသည်။ သူကနောက်လှည့်လာပြီးကျန်ချန်ဖုန်းပြောပြီးသွားကြောင်းသတိ
ထားမိသည့်အခါ၊ ဝမ်ရွှီကိုလက်ညှိုးထိုးလိုက်ပြီး ကျန်ချန်ဆီသို့ ပြန်လျှောက်လာ၏။

"မဟုတ်သေးပါဘူး။"
ဝမ်ရွှီက နေရာမှာတင် မပျော်မရွှင်နှင့်မတ်တပ်ရပ်ပြီး ညည်းတွားလာသည်။
"မင်းတို့နှစ်ယောက်မှာဆွေးနွေးစရာရှိလည်း
အနည်းဆုံးတော့ ငါတို့စားပြီးတဲ့အထိ စောင့်လို့ရတယ်မလား။ငါလည်းဂရုစိုက်ခံရသင့်တဲ့သူပါ....မင်းတို့က ငါ့ကို ဘေးပို့ထားတယ်။ကမ္ဘာကြီးက ဘာဖြစ်သွားတာလဲ?။ "

"ဟမ် ?။"
ကျန်ချန်သည် ကုဖေးကို ကြည့်လိုက်၏။

"ငါ သူ့ကို အရင်မေးလိုက်တယ်။သူ ဒီတစ်ခုကို သဘောတူမတူ ငါ အာမ,မခံဘူး။မဟုတ်ဘူး ,
ဒါပေမယ့်,သူတို့က ခါတိုင်းဆို နှုတ်ခမ်းကိုယ်ဟန်ပြမော်ဒယ်လုပ်ဖို့ မိန်းကလေးတွေပဲရှာတာမဟုတ်ဘူးလား။ မင်းက ယောက်ျားအရင့်မာကြီးကိုနှုတ်ခမ်းနီဆိုးပေးပြီးဓာတ်ပုံအတွက် ပို့စ်ပေးစေချင်တာ...ဆန့်ကျင်ဘက်သဘောတရားကိုနားလည်ပါတယ်။ဒါပေမယ့် သူက လီယန် မဟုတ်ဘူး။ သူက မိန်းမဆန်တဲ့ရုပ်ရည်မဟုတ်ဘူး။ သူက...ကောင်းပြီ ,
ကောင်းပြီ ။ငါ သူ့ကိုအရင်မေးကြည့်လိုက်မယ်။ "

ကုဖေးက ဖုန်းကို ချလိုက်ပြီးသူ့ကိုကြည့်လာသည်။

ကျန်ချန်မေးလိုက်တယ်။
"လခွမ်း, နှုတ်ခမ်းကိုယ်ဟန်ပြမော်ဒယ်က ဘာလဲ ?။ "

"အာ,အဲ့ဒါက နှုတ်ခမ်းသားကိုထိန်းသိမ်းတဲ့အ
လှကုန်ပစ္စည်းပါ။ နှုတ်ခမ်းနီနဲ့တခြားပစ္စည်းကို ပြဖို့အတွက်...တင်းကျူးရှင်းရဲ့သူငယ်ချင်းက မင်းရဲ့ဓာတ်ပုံကို မြင်ပြီးတော့၊ မင်းရဲ့နှုတ်ခမ်းကိုကြည့်ပြီး.........လှလို့တဲ့။ "

"ငိုး!"
ကျန်ချန် ကတုန်ကယင် ဖြစ်သွားပြီး ကုဖေးရဲ့ နှုတ်ခမ်းကို စိုက်ကြည့်လိုက်၏။

သူ့ရဲ့ကိုယ်ပိုင်နှုတ်ခမ်းကဘယ်လိုပုံစံလဲဆိုတာကိုဘယ်တုန်းကမှအာရုံမစိုက်ပေ။ ပုံမှန်
မှန်ကြည့်သည့်အခါတိုင်း သူ့ရဲ့ကြော့ရှင်းပြီးနှစ်လိုဖွယ့်ကောင်းသည့်မျက်နှာလေးကိုရှုစားတာဖြစ်သည်။ သူက သူ့သွင်ပြင်တစ်ကိုယ်လုံးကြည့်ရတာကိုသဘောကျ၏။

သို့သော် ကုဖေးရဲ့နှုတ်ခမ်းသားတွေက အရမ်း ဆွဲဆောင်မှုကြောင်းကို သူ အမြဲတွေးဖူးတယ်။

သူသည် သူတို့ကိုမြင်ရသည့်အချိန်တိုင်း ၊ နမ်းတာ ဒါမှမဟုတ် လျက်တာ ဖြစ်ဖြစ် ကိုက်တာ ဖြစ်ဖြစ် လုပ်ချင်၏.......

သိပ်မကြာသေးခင်က လီဟွေ့နှင့်စကားနိုင်
လုပြောလိုက်တာကြောင့်လည်းဖြစ်နိုင်သည်။
သူ့စိတ်အခြေအနေကရှုပ်ထွေးနေသေး၏။
ကုဖေးရဲ့နှုတ်ခမ်းကို စိုက်ကြည့်နေစဉ်တွင် ကုဖေးဘာတွေပြောနေလဲဆိုတာကို သူ မကြားရတော့​ပေ။ သူ့ခေါင်းထဲက တစ်ခုတည်းသောအကြောင်းအရာက
တစ်ယောက်ယောက်က ရဲကို ဖုန်းခေါ်
နေသည့်အကြောင်းဖြစ်၏။

ရဲအရာရှိကြီး ခင်ဗျာ !အဲ့ကောင်လေးက !
ကျွန်တော်ပါပဲ....

ကျန်ချန် ပြောလိုက်တယ်။
"ငါတို့မွေးနေ့ကျရင် ကြီးကြီးမားမားဟာတစ်ခုခုကို လုပ်ကြည့်ချင်တယ်။ "

"ဒီတော့ သူတို့ကအသွင်အပြင်ထိရောက်တဲ့အကျိုးသက်ရောက်မှုရှိတာကို ရှာဖွေနေတာကြတာ။ဒါပေမဲ့ မင်း မလုပ်ချင်ဘူးဆိုရင်လည်း....."

ကုဖေးက စကားတစ်ဝက်တစ်ပျက်မှာရပ်သွားပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လာ၏။
"ဘာ ?"

"ဘာမှမဟုတ်ဘူး ။ နှုတ်ခမ်းကိုယ်ဟန်ပြမော်
ဒယ်မလား?။ ဓာတ်ပုံရိုက်ပေမဲ့သူက မင်းဖြစ်နေသရွေ့ ass model တောင် ငါ လုပ်ပေးနိုင်တယ်။ "

ကုဖေးက နောက်ထပ်တစ်ကြိမ် ကြက်သေ
သေသွားပြန်၏။
"ဘယ်လို ?။"

ကျန်ချန် ပြန်ပြင်ပြောလိုက်သည်။
"Oh ...ass modelမဟုတ်သေးဘူး, tush model....tush modelလည်းရတယ်။"

.......
T/N

Tush က vogueတို့လို magazine နာမည်ပါပဲ။Design ဆန်းဆန်းပြားပြား တွေကို ဝတ်ပြီး catwalk လျှောက်ရတဲ့model တွေပါ။

တစ်ချို့စကားလုံးတွေကျမြန်မာမှုပြုရမလွယ်လို့ engလိုအလွယ်သုံးလိုက်ပါတယ်။

မြန်မာ့နှစ်ကူးလက်ဆောင်ပါ ✨

အားလုံးဘေးအန္တရယ်ကင်းဝေးကြပါစေလို့ ဆုတောင်းဆန္ဒပြုလိုက်ပါတယ်🙏

Continue Reading

You'll Also Like

565K 20.2K 51
🔞🔞 house slave s2စောင့်မျှော်နေကြလား ဒီတစ်ခါလူပြောင်းသွားပါပြီနော် relationshipဖြစ်ပြီကိုကိုရဲ့စည်းကမ်းတွေနဲ့ညီ့ကိုစည်းကမ်းတကျနေခိုင်းပြီးအပြစ်လုပ်...
977K 79.4K 37
"သမီး မမွေးခင်ကတည်းက ထားခဲ့တဲ့ကတိကြောင့်လား...အဖေ...?'' ...... "ငါ့ချစ်သူကလွဲရင် ဘယ်သူ့ကိုမှ မယူဘူး...'' .... "သခင်မလေး...ကျွန်...ကျွန်တော်က ယောက်ျား...
3.9M 266K 81
Married Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အ...