ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ င...
By Kay_Wine
573K 105K 4.2K
Title - I Only Lived for Three Chapters in A Campus Romance Novel Author - Tang Shan Yue (糖山月) Total Chapter... More
Description
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈ [ Zawgyi ]
အပိုင်း - ၂၈ [ Unicode ]
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆.၁
အပိုင်း - ၃၆.၂
အပိုင်း - ၃၇.၁
အပိုင်း - ၃၇.၂
အပိုင်း - ၃၈.၁
အပိုင်း - ၃၈.၂
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၈.၂
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၁၄
10.1K 2K 94
By Kay_Wine
{Zawgyi}
လင်ရှန်း “…”
မော့ကျူးချန် “…”
[ For Lorn and Wan ]
_______________________________________
{Unicode}
အခုချိန်က နေ့လည်စာနားချိန်ဖြစ်ပေမယ့် အတန်းFထဲမှာ ကျောင်းသားတော်တော်များများရှိနေသေးတယ်။ ဒီနေ့ ရှင်းဆန်းအထက်တန်းကျောင်းဖိုရမ်တစ်ခုလုံးမှာ ပွက်လောတွေရိုက်နေတယ်။ ဒါပေါ့ လင်ရှန်းရဲ့အတန်းဖော်တွေလည်း တွေ့မိကြတယ်။ တကယ်တော့ ဖိုရမ်ပေါ်က ဓာတ်ပုံတွေအားလုံးက သူတို့တွေဖြန့်လိုက်တာတွေပဲဖြစ်တယ်။ တစ်စုံတစ်ယောက်ရဲ့ အတင်းအဖျင်းကိုပြောရတော့မယ်ဆိုရင် ဒီကျောင်းသားတွေက စည်းလုံးသွားကြတယ်လေ။
ဒါပေမယ့် ပစ်မှတ်က မော့ကျူးချန်ဖြစ်နေတယ်။ သူတို့မော့ကျူးချန်ကို ရန်မစရဲသလို ကျောင်းမြက်ကလေးရဲ့ကိုယ်ရေးကိုယ်တာကိုလည်း သွားမထိရဲဘူး။ ဖိုရမ်ပေါ်မှာ အမည်မသိနာမည်နဲ့ တင်လိုက်ရင်တော့ အိုကေပေမယ့် လင်ရှန်းနားကတော့ ကွေ့ပတ်သွားမှဖြစ်မယ်။ __ သူ(လင်ရှန်း)က ‘ရေခဲတုံးနတ်ဆိုး’ဆီကိုသွားပြီး pillow talkပြောနေရင် ဘယ်လိုလုပ်မလဲ! [ T/N : လင်မယားနှစ်ယောက် အိပ်ရာပေါ်ရောက်မှ ဟိုအကြောင်း ဒီအကြောင်းပြော တိုင်စရာရှိတာတိုင် အဲ့တာမျိုးကို pillow talkလို့ပြောတာပါ ]
မော့ကျူးချန်က တစ်မနက်ခင်းလုံး တခြားရောက်နေတာ။ နောက်ဆုံး ပြန်ရောက်လာတော့လည်း ပါးစပ်ဟပြီးပြောလိုက်တာက ‘ငါ့လူ’တဲ့လေ… Fတန်းက ကျောင်းသားတွေ လင်ရှန်းနဲ့ မော့ကျူးချန်ကို ကြည့်နေမိတယ်။ အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်ဟ!
လင်ရှန်း “…”
“ဘာပေါက်ကရတွေ လာပြောနေတာလဲ?!” သူ့အစား လင်ချီက ဒေါသထွက်နေတဲ့ခြင်္သေ့လေးတစ်ကောင်လို မော့ကျူးချန်ကို မာန်ဖီတော့တယ် “ငါ့အစ်ကိုက မင်းနဲ့ ဘာမှမဆိုင်ဘူး!”
“ဟမ့်_” မော့ကျူးချန် လှောင်လိုက်တယ် “အဲ့တာဆို ငါမေးပါအုံးမယ်၊ မနေ့ညတုန်းက ကျောင်းကပြန်ပြီး သူ ငါ့အိမ်မလိုက်လာဘူးလား?”
လင်ချီ “…” “သူ မင်းအိမ်ကိုသွားတယ်ဆိုတာက မင်းအတွက် သီးသန့်လေ့ကျင့်ခန်းတွေလုပ်ပေးဖို့လေ!” သူခပ်ကျယ်ကျယ်လေးပြောလိုက်တယ်။
“ဟက်! ဟက်!” မော့ကျူးချန် သူ့ကိုပြုံးပြီး ကြည့်နေတယ်။
Fတန်းက ကျောင်းသားတွေကလည်း ‘ဟက်ဟက်’လို့ ပြောချင်နေကြတယ်။ သီးသန့်လေ့ကျင့်ခန်း? လာနောက်နေတာလား?!
အထက်တန်းဒုတိယနှစ်ကျောင်းသားတဖြစ်လဲ ကျောင်းရဲ့အချောလေးတစ်ယောက်ဆိုပြီး လူသိများတဲ့လင်ချီသာမဟုတ်လို့ကတော့ အတန်းထဲမှာရှိနေတဲ့ကျောင်းသားတွေက သူ့မျက်နှာရှေ့တည့်တည့်သွားပြီး ‘ဟက်ဟက်’လို့သာ လုပ်ပစ်လိုက်ချင်နေကြတယ်။
သူတို့တွေကို အရူးတွေလို့များ ထင်နေတာလား?! တကယ်လို့ကျောင်းက သခင်လေးတွေသာ သီးသန့်လေ့ကျင့်ခန်းတွေလုပ်ချင်တယ်ဆိုရင် နာမည်ကြီးဆရာတွေအားလုံး လူကိုယ်တိုင်  လိမ့်မယ်! လင်ရှန်းလို ဆန်ကုန်မြေလေးကို ခေါ်မလား?! [ T/N :  ဆိုတာ မူရင်း၀တ္ထုမှာတည်းက အဲ့လိုပါ ]
လင်ချီ မျက်နှာရဲသွားတယ်။ မော့ကျူးချန်ကတော့ ဘာမှမပြောဘဲ ရယ်မြဲတိုင်းရယ်ကာ တစ်ခုခုပြောလိုက်တာထက် ပိုပြီးရှက်သွားအောင်လုပ်နေတယ်။
“မင်းဟာသက ရယ်လည်း မရယ်ရဘူး” မော့ကျူးချန် ပျင်းရိပျင်းတွဲပြောလိုက်တယ်။
လင်ရှန်း သွေးရောင်လွှမ်းနေတဲ့သူ့ညီလေးကိုကြည့်ပြီး စိတ်ထိခိုက်သွားတယ်။ သူ့မိသားစုရဲ့ညီငယ်လေးအဖြစ်က သူ့အပေါ်အရမ်းမူတည်နေပြီ။
“မော့ကျူးချန်” လင်ရှန်း ခေါင်းအသာမော့ပြီး မော့ကျူးချန်ကို ကြည့်လိုက်တယ် “ရူပဗေဒပုစ္ဆာတွေမှာ မင်း ၆၂မှတ်ရတယ်” သူခဏရပ်ပြီး ထပ်ပေါင်းပြောလိုက်တယ် “အောင်တယ်ဆိုရုံလေးပဲဆိုပေမယ့် အရင်ဆုံး ဒါက စာအုပ်ဖွင့်ရုံပဲရှိသေးတာ၊ စာအုပ်ထဲမှာ ရိုးရှင်းတဲ့မေးခွန်းတွေကို အခြေခံပြီး သုံးရတဲ့ပုံသေနည်းတွေအများကြီးရှိတယ်”
“နောက်တစ်ချက်က” လင်ရှန်း ဆက်ပြောတယ် “အဲ့မှာ multiple choiceမှာ သုံးခုမှန်တယ်၊ အဲ့ဘေးနားမှာ တန်းစီပြီးရေးထားတဲ့ပုံသေနည်းက လုံး၀ကြီးမှားနေတာကြောင့်လို့ ငါထင်တယ်… မင်း ဂဏန်းလေးလုံးနဲ့ အသေးဆုံးနည်းလမ်းကို သုံးခဲ့တယ်မဟုတ်လား?”
မော့ကျူးချန် “…”
Fတန်းက ကျောင်းသားများ “…”
လင်ရှန်းက မော့ကျူးချန်အတွက် သီးသန့်လေ့ကျင့်ခန်း တကယ်လုပ်ပေးခဲ့တာပဲ။ ဒါပေမယ့် တချိန်လုံးစာမလုပ်တဲ့လူက ဘာကြောင့်များ ရုတ်တရက်ကြီး အရည်အချင်းတွေရှိလာပြီး ကျောင်းရဲ့အခန့်ညားဆုံးလူကိုတောင် သင်ကြားပေးနိုင်လောက်တဲ့အထိ စကေးတွေကြွယ်သွားရတာလဲ? အချစ်စစ်ကြောင့် လူသားသဘာ၀က ပြန်လည်သက်ဝင်လာတာလား? ကျောင်းသားတွေ ပိုပြီးသိချင်လာကြတယ်။
လင်ချီလည်း ချက်ချင်းဆိုသလို ပျော်သွားတယ်။ သူ့အစ်ကိုက သူ့ဘက်မှာပဲရှိမယ်ဆိုတာ သိသားပဲ။ ဂုဏ်ဆာနေတဲ့ဝံပုလွေပေါက်လေးလိုမျက်နှာမျိုး ပြန်ရလာကာ မော့ကျူးချန်ကို ပြုံးပြဖို့လည်း မမေ့သွားဘူး။
“မင်းရဲ့ခုံပေါ်မှာ အဓိကအချက်တွေ သုံးသပ်ထားတာကို တင်ပေးထားတယ်” လင်ရှန်း မော့ကျူးချန်ကို ဆက်ပြောတယ် “ငါတို့ အခြေခံအကျဆုံးကနေ စကြမယ်၊ မင်း ငါဆွဲပေးထားတဲ့ ပုံသေနည်းကို မှတ်ထားမှရမယ်နော်” သူခဏရပ်ကာ “ငါ ညနေကျရင် ပြန်စစ်မယ်”
ဒီလိုဟာက လင်ချီပြောခဲ့တဲ့အတိုင်း လင်ရှန်း အလိုက်သင့်ပြောလိုက်တာဖြစ်တယ်။ သူ ကျောင်းကပြန်တော့ မော့ကျူးချန်နဲ့ တကယ်အတူရှိနေခဲ့တယ်။ ဒါပေမယ့် သီးသန့်လေ့ကျင့်ခန်းလုပ်ဖို့အတွက်ပဲ။
“ကော” လင်ချီက လင်ရှန်းလက်ကို တင်းကျပ်စွာကိုင်ပြီး “အပြင်ထွက်ပြီး ပြောကြရအောင်” လို့ပြောပြီးတာနဲ့ သူ့အစ်ကိုကိုဆွဲကာ ထောင်လွှားတဲ့အမူအယာနဲ့ မော့ကျူးချန်ကိုဖြတ်ခဲ့လိုက်တယ်။
သူတို့ ပုခုံးချင်းတိုက်ပြီး နောက်ပြန်တောင်လှည့်မကြည့်ဘဲ လျှောက်လမ်းကနေ ပျောက်ကွယ်သွားတယ်။ မော့ကျူးချန်တစ်ယောက်သာ အေးခဲနေတဲ့မျက်နှာကြီးနဲ့ ကျန်ရစ်ခဲ့တယ်။
လင်ရှန်းက သူ့ညီဘက်က ကာပြောပေးသွားတယ်။ ဒါပေါ့ သူနားလည်ပေးတယ်! အဲ့ကောင်လေးက သူ့ရဲ့အားနည်းချက်တွေကို အရမ်းကာဆီးကာဆီးလုပ်တတ်တာကိုတော့ မော့ကျူးချန်တကယ်ထင်မထားဘူး။
လင်ရှန်းအပြုအမူက အတန်းFကကျောင်းသားတွေအတွက် ပိုလို့တောင် မထင်မှတ်ထားတာဖြစ်နေတယ်! ‘ရေခဲတုံးနတ်ဆိုး’လို့သိကြတဲ့ ကျောင်းရဲ့အခန့်ညားဆုံးကောင်လေးကလေ! တချိန်လုံးတခြားသူတွေရဲ့ မျက်နှာတွေကိုချည်း ဖြတ်ရိုက်နေခဲ့တဲ့ သခင်လေးမော့ကလေ! အခုကျတော့ လူသိရှင်ကြား သူ့ရဲ့သနားညှာတာမှုမရှိတဲ့ချစ်သူကောင်လေးရဲ့ ဖြတ်ရိုက်တာကိုခံလိုက်ရတယ်!
လင်ရှန်း ထွက်သွားပြီးနောက် အတန်းထဲကလူတိုင်း ကြက်ကြီးတစ်ကောင်လို တိတ်ဆိတ်ကုန်ကြတယ်။ သူတို့တွေ ရမ်းသမ်းပြီးလည်း မပြောရဲဘူး။ တော်ကြာ မော့ကျူးချန် မပျော်မရွှင်ဖြစ်ပြီး သူတို့အပေါ် ဒေါသတွေပုံချလိုက်မှာကို စိုးရိမ်လို့ဖြစ်တယ်။
ထွက်သွားတဲ့လူနှစ်ယောက်ရဲ့ နောက်ကျောကို မော့ကျူးချန် စူးစူးစိုက်စိုက် လိုက်ကြည့်နေမိတယ်။ အတန်းတံခါးနားမှာ ခဏလောက်ရပ်နေပြီး မူလက တွန့်ချိုးနေတဲ့မျက်ခုံးတွေက ဖြေးဖြေးချင်းပြေလျော့သွားတယ်။
လင်ရှန်းက တကယ်သူ့အားနည်းချက်တွေကို ကာကွယ်ပေးတယ်။ ပြီးတော့ မော့ကျူးချန်ကို မျက်နှာသာလေးတောင် မပေးဘူး။ ဒါပေမယ့် သူနဲ့ထိပ်တိုက်တွေ့ရင် သူ့ကိုမျက်နှာသာပေးရင်ပေးမယ် သူ့ကိုကြောက်ကြ မုန်းကြတဲ့လူတွေ အများကြီးရှိတယ်။ အဲ့လိုလူမျိူး မော့ကျူးချန် ထပ်မလိုတော့ဘူး။
ဒီမနက်မှာ သူကိုယ်တိုင်လုပ်ပေးတဲ့ မနက်စာကို နာနာခံခံနဲ့ ယူမလာပေးဘူး။ အခု လူကြားထဲမှာ သူ့ညီအတွက် သူ့ကိုသိက္ခာချလိုက်တယ်။ ကြည့်ရတာ လင်ရှန်း ဒီလိုလုပ်တာက…
ပိုပြီး စိတ်ဝင်စားစရာကောင်းလာပြီ! သူ သဘောကျတယ်!
မော့ကျူးချန်ရဲ့နှုတ်ခမ်းထောင့်စွန်းတွေ တွန့်ချိုးသွားတယ်။ သူ့စိတ်အခြေအနေကလည်း အရမ်းကောင်းမွန်လာတယ်။ ထိုအတိုင်းဆက်ပြုံးနေပြီး သူ့ထိုင်ခုံဆီကို အမှုမဲ့အမှတ်မဲ့ပြန်သွားလိုက်တယ်။ ထို့နောက် သူ့ခုံပေါ် လင်ရှန်းတင်ပေးထားတဲ့ အထက်တန်းကျောင်းရူပဗေဒဘာသာရပ်အတွက် အနှစ်ချုပ်ကိုကောက်ယူလိုက်တယ်။
ဟက် ဟက်။ အပေါ်ပိုင်းနားမှာရှိတဲ့ အဓိကပုံသေနည်းကို မော့ကျူးချန်ကြည့်လိုက်တယ်။ လင်ရှန်း ဘာကြီးပဲလုပ်လုပ် သူ့အာရုံစိုက်မှုကိုရနေတယ်။ သူနောက်ထပ်ဘာလုပ်မလဲဆိုတာ ကြည့်ချင်မိတယ်။ သူနဲ့ခဏလောက်တော့ ဆော့ပေးပြီး ဒီကစားနည်းကို ပျင်းသွားတဲ့အချိန်ထိ စောင့်လိုက်အုံးမယ်။
မော့ကျူးချန် ခဏလောက်တွေးပြီး ဖုန်းကို ဆွဲထုတ်လိုက်တယ် “လင်ရှန်းရဲ့ WeChat IDက ဘာလဲ?” သူ့ရှေ့ခုံမှာထိုင်နေတဲ့ ကျောင်းသားကိုမေးလိုက်တယ်။ တစ်ဖက်က ဖုန်းကို တုန်တုန်ရီရီနဲ့ထုတ်ကာ လင်ရှန်းရဲ့ WeChat QR codeကို မော့ကျူးချန်ဆီ ထိုးပြလာတယ်။
သူလင်ရှန်းကို သူငယ်ချင်းအဖြစ် သွားaddလိုက်တယ်။ နောက်တော့ တွေးဆဆနဲ့ တစ်ဖက်ကို စာတစ်စောင်ပို့လိုက်တယ်။ “ငါ ပုံသေနည်းကို ရွတ်ပြနိုင်ရင် မင်းက ငါ့ညစာကို တာဝန်ယူပေးရမယ်” နောက်တစ်ကြောင်း ထပ်ပို့လိုက်တာက “ငါ ဗိုက်ဆာလာရင် လူလည်း စားတယ်”
လှောင်ပြောင်ပြီး ခြိမ်းခြောက်မှုတစ်ခုလုပ်လိုက်တာဖြစ်တယ်။
မော့ကျူးချန် ဖုန်းကို ဘေးချပြီး ရူပဗေဒပုံသေနည်းကို အာရုံစိုက်လိုက်တယ်။
အတန်းထဲက ကျောင်းသားတွေအားလုံး ပါးစပ်အဟောင်းသားလေးတွေနဲ့ မော့ကျူးချန်ကို ငေးငိုင်ကြည့်နေကြတယ်။
ပြင်းထန်လှတဲ့အကြည့်တွေက မော့ကျူးချန်ကို အနည်းငယ်မသက်မသာဖြစ်စေတယ်။ သူခေါင်းမော့ကာ လူတွေကို သွေးအေးစွာ အပေါ်ယံရှပ်ကြည့်လိုက်တယ်။ “ဘာမှ လုပ်စရာမရှိဘူးလား?” မော့ကျူးချန် မျက်ခုံးတွေပင့်လိုက်ပြီး “မင်းတို့ ပုံသေနည်းကို မှတ်နိုင်လား? မင်းတို့အားလုံး ရိုးရှင်းတဲ့မေးခွန်းလေးတွေကို ဖြေရှင်းနိုင်လား?”
သူက မှတ်ဉာဏ်ကောင်းတာကြောင့် လင်ရှန်းလေသံအတိုင်း ဆက်ပြီးပြောလိုက်တယ်။ “E=BLVက ပုစ္ဆာတွေကို ဖြေရှင်းနိုင်လား? တစ်ခုမှ မဟုတ်ဘူး၊ မင်းတို့ရဲ့အချိန်တွေကို ဘာလို့စာကြိုးစားပြီး မကုန်ဆုံးရတာလဲ? ငါ့ကို ဘာလို့လာကြည့်နေကြတာလဲ? နျူတန်ကိုပဲ သွားကြည့်နေကြ!”
ရလဒ်ကတော့ အတန်းFရဲ့ နေ့လည်စာနားချိန်မှာ စာရွက်လှန်သံတွေကိုသာ ကြားနေရတယ်။ မော့ကျူးချန်ကိုယ်တိုင် ပြောလိုက်တာဆိုတော့ တစ်ယောက်မှ အတန်းထဲကထွက်ပြီး မဆော့ရဲတော့ဘူး။ သူတို့စာလေ့လာနေနေ မလေ့လာနေနေ အားလုံးကတော့ တစ်နေ့ခင်းလုံး ရူပဗေဒစာအုပ်ကိုသာ ကြည့်နေရတယ်။
တချို့ကလည်း တွေးမိတယ်၊ ကံကောင်းလို့ပေါ့ လင်ရှန်းက ရူပဗေဒလေးတစ်ခုတည်း တိုးတက်လာတာ! သူသာ ဘာသာရပ်အားလုံး ချုပ်ကိုင်လိုက်ပြီဆိုရင် သူတို့အားလုံး ဘယ်လိုလုပ်ရတော့မလဲ?!
[ For Lorn and Wan ]
_____
Thanks 🌹
Continue Reading
You'll Also Like
59.8K 1.7K 36
" ဟိုးရှေးရှေးတုန်းက၀င်ကစွပ်လေးတစ်ကောင်ရှိသတဲ့..အဲ့၀င်ကစွပ်လေးကသူ့ခန္ဓာကိုယ်လေးနွေးထွေးလုံခြုံဖို့ တခြားသတ္တဝါတွေရဲ့အန္တရာယ်ကနေလွတ်မြောက်ဖို့ လှပတင့်...
1.1M 26K 90
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
610K 5.1K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
1.4M 82.7K 139
မြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ...