Emperor and the Knightness (U...

By CrystSnow

41.7K 4.9K 599

Read Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Ma... More

အခန်း ၂၀၀
အခန်း ၂၀၁
အခန်း ၂၀၂
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
အခန်း ၂၀၇
အခန်း ၂၀၈
အခန်း ၂၀၉
အခန်း ၂၁၀
အခန်း ၂၁၁
အခန်း ၂၁၂
အခန်း ၂၁၃
အခန်း ၂၁၄
အခန်း ၂၁၅
အခန်း ၂၁၆
အခန်း ၂၁၇
အခန်း ၂၁၈
အခန်း ၂၁၉
အခန်း ၂၂၀
အခန်း ၂၂၁
အခန်း ၂၂၂
အခန်း ၂၂၄
အခန်း ၂၂၅
အခန်း ၂၂၆
အခန်း ၂၂၇
အခန်း ၂၂၈
အခန်း ၂၂၉
အခန်း ၂၃၀
အခန်း ၂၃၁
အခန်း ၂၃၂
အခန်း ၂၃၃
အခန်း ၂၃၄
အခန်း ၂၃၅
အခန်း ၂၃၆
အခန်း ၂၃၇
အခန်း ၂၃၈
အခန်း ၂၃၉
အခန်း ၂၄၀
အခန်း ၂၄၁
အခန်း ၂၄၂
အခန်း ၂၄၃
အခန်း ၂၄၄
အခန်း ၂၄၅
အခန်း ၂၄၆
အခန်း ၂၄၇
အခန်း ၂၄၈
အခန်း ၂၄၉
အခန်း ၂၅၀
အခန်း ၂၅၁
အခန်း ၂၅၂
အခန်း ၂၅၃
အခန်း ၂၅၄
အခန်း ၂၅၅
အခန်း ၂၅၆
အခန်း ၂၅၇
အခန်း ၂၅၈
အခန်း ၂၅၉
အခန်း ၂၆၀
အခန်း ၂၆၁
အခန်း ၂၆၂
အခန်း ၂၆၃
အခန်း ၂၆၄
အခန်း ၂၆၅
အခန်း ၂၆၆
အခန်း ၂၆၇
အခန်း ၂၆၈
အခန်း ၂၆၉
အခန်း ၂၇၀
အခန်း ၂၇၁
အခန်း ၂၇၂
အခန်း ၂၇၃
အခန်း ၂၇၄
အခန်း ၂၇၅
အခန်း ၂၇၆
အခန်း ၂၇၇
အခန်း ၂၇၈
အခန်း ၂၇၉
အခန်း ၂၈၀
အခန်း ၂၈၁
အခန်း ၂၈၂
အခန်း ၂၈၃
အခန်း ၂၈၄
အခန်း ၂၈၅
အခန်း ၂၈၆
အခန်း ၂၈၇
အခန်း ၂၈၈
အခန်း ၂၈၉
အခန်း ၂၉၀
အခန်း ၂၉၁
အခန်း ၂၉၂
အခန်း ၂၉၃
အခန်း ၂၉၄
အခန်း ၂၉၅
အခန်း ၂၉၆
အခန်း ၂၉၇
အခန်း ၂၉၈
အခန်း ၂၉၉
အခန်း ၃၀၀
အခန်း ၃၀၁
အခန်း ၃၀၂
အခန်း ၃၀၃
အခန်း ၃၀၄
အခန်း ၃၀၅
အခန်း ၃၀၆
အခန်း ၃၀၇
အခန်း ၃၀၈
အခန်း ၃၀၉
အခန်း ၃၁၀
အခန်း ၃၁၁
အခန်း ၃၁၂
အခန်း ၃၁၃
အခန်း ၃၁၄
အခန်း ၃၁၅
အခန်း ၃၁၆
အခန်း ၃၁၇
အခန်း ၃၁၈
အခန်း ၃၁၉
အခန်း ၃၂၀
အခန်း ၃၂၁
အခန်း ၃၂၂
အခန်း ၃၂၃
အခန်း ၃၂၄
အခန်း ၃၂၅
အခန်း ၃၂၆
အခန်း ၃၂၇
အခန်း ၃၂၈
အခန်း ၃၂၉
အခန်း ၃၃၀
အခန်း ၃၃၁
အခန်း ၃၃၂
အခန်း ၃၃၃
အခန်း ၃၃၄
အခန်း ၃၃၅
အခန်း ၃၃၆
အခန်း ၃၃၇
အခန်း ၃၃၈
အခန်း ၃၃၉
အခန်း ၃၄၀
အခန်း ၃၄၁
အခန်း ၃၄၂
အခန်း ၃၄၃
အခန်း ၃၄၄
အခန်း ၃၄၅
အခန်း ၃၄၆
အခန်း ၃၄၇
အခန်း ၃၄၈
အခန်း ၃၄၉
အခန်း ၃၅၀
အခန်း ၃၅၁
အခန်း ၃၅၂
အခန်း ၃၅၃
အခန်း ၃၅၄
အခန်း ၃၅၅
အခန်း ၃၅၆
အခန်း ၃၅၇
အခန်း ၃၅၈
အခန်း ၃၅၉
အခန်း ၃၆၀
အခန်း ၃၆၁
အခန်း ၃၆၂
ကျေးဇူးတင်လွှာ

အခန်း ၂၂၃

219 28 1
By CrystSnow

စစ်သည်တွေအားလုံးက Sir Mahogal ကို လှောင်ပြောင်လိုက်ကြတော့ သူက ပခုံးတွန့်ပြလိုက်သည်. သူ့မှတ်ချက်က စိတ်ပျက်စရာကောင်းတာမှန်ပေမဲ့ Sir Mahogal က တကယ်ပဲ ကြည့်ကောင်းတဲ့ အမျိုးသားဖြစ်နေသည်. တကယ်လို့ Poliana သာ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ပျက်နေတာကို တွေ့လိုက်ရရင် သူမ စိတ်ရှုပ်သွားမှာ သေချာသည်. သူတို့တွေက သူမရဲ့ သူငယ်ချင်းတွေ, လုပ်ဖော်ကိုင်ဖက်တွေဖြစ်ကြမှန်ပေမဲ့ သူတို့က သူမရဲ့ဆွေမျိုးသားချင်းတွေတော့ မဟုတ်ပေ. သူတို့မှာ သူမရဲ့လက်ထပ်ပွဲနဲ့ပတ်သက်ပြီးတော့ သဘောတူခွင့် မတူခွင့်တွေ မရှိတာတောင်မှပဲ ဒီလူတွေက ဒီကိစ္စဟာ သူတို့ရဲ့ ညီမတွေ ဒါမှမဟုတ် သမီးတွေရဲ့ ကိစ္စလိုမျိုး အလေးအနက်နဲ့ ဆွေးနွေးနေကြသည်. သူတို့က သူမရဲ့အနာဂါတ်အကြောင်းကို သူတို့ရဲ့ ကိုယ်ပိုင်အရေးကိစ္စလိုမျိုး ပြောဆိုနေကြသည်.

Poliana က ရုပ်ဆိုးတယ်, အသက်ကြီးတယ်, ပြီးတော့ မြုံနေတယ်. သူမမှာ ဘယ်သူမှမလိုချင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာစေဖို့ အချက် ၃ ချက်တောင် ရှိနေပေမဲ့ သူမက မယုံကြည်နိုင်လောက်အောင် ချမ်းသာကြွယ်ဝပြီးတော့ အာဏာကြီးမားသူဖြစ်သည်. ချမ်းသာကြွယ်ဝမှုနဲ့ အာဏာရှိမှုတို့က သူမရဲ့ ဆိုးရွားတဲ့အချက်တွေကို အဆင်ပြေသွားစေနိုင်သည်. ဒီစစ်သည်တွေ အတွက်တော့ Poliana က သူတို့ကာကွယ်ပေးချင်တဲ့သူ တစ်ယောက် ဖြစ်သည်. သူတို့က သူမကို ချစ်ခင်နှစ်သက်ကြပြီး သူမအတွက် အကောင်းဆုံးတွေသာ ဖြစ်စေချင်ကြသည်.

ဒါကြောင့် ဒီလူတွေက Poliana အနေနဲ့ Frau Sneke ကို လက်ထပ်သင့်/မသင့် ဆက်ပြီး ငြင်းခုန်နေကြသည်.

"ဟုတ်တယ်!  ဟုတ်တယ်!  မဟုတ်သေးဘူး!  ဟုတ်တယ်! မဟုတ်သေးဘူး! မဟုတ်သေးဘူး! မဟုတ်သေးဘူး! ဟုတ်တယ်!"

အဓိပ္ပါယ်မရှိတဲ့ ဆွေးနွေးပွဲက ဆက်လက်ဖြစ်ပေါ်နေပြီးတော့ သူတို့တွေက ဆုံးဖြတ်ချက်တစ်ခုမှ ချနိုင်ဟန်မတူချေ. သူတို့တွေက နှစ်ခြမ်းကွဲသွားကာ အသည်းအသန် ဆက်လက်ငြင်းခုန်နေကြသည်.

"ဒီလို မလိုက်ဖက်တဲ့လက်ထပ်ပွဲကို ဘာလို့ ခွင့်ပြုပေးနိုင်ရတာလဲ?"

"ဘာ? ဒါက Marquess Winter လိုချင်တာလေ! သူမက ပျော်ရွှင်ချင်တာ! ဒါဆို ငါတို့က ဘာလို့ သူမတကယ်လိုချင်နေတာကို ကန့်ကွက်ရမှာလဲ?"

"သူမနဲ့မလိုက်ဖက်တဲ့ လက်ထပ်မှုကြောင့် သူမက ဘယ်လိုလုပ်ပျော်နိုင်မှာလဲ? အဲ့သိုက်တူးသမားကို လက်ထပ်လိုက်ရလို့ သူမ တကယ်ပဲပျော်လိမ့်မယ်လို့ မင်းထင်နေတာလား?"


နောက်ဆုံးတော့ တစ်ယောက်က အကြံပေးလာသည်.

"ငါတို့ ဒီလို အရေမရအဖတ်မရတွေ ပြောနေမဲ့အစား Marquess ကို သွားပြောသင့်တယ်. ငါတို့ သူမကို ဖြောင်းဖြရမယ်!"

သူ့မှတ်ချက်က သဘာဝကျပေမဲ့ လူတွေက သဘောမတူကြပေ. သူတို့က ငြင်းဆန်လာသည်.

"ဒါပေမဲ့ ငါတို့ သွားပြောလို့မရဘူးလေ. တကယ်လို့ ငါတို့က သူမရဲ့လက်ထပ်ပွဲနဲ့ ပတ်သက်ပြီးတော့ ပြောလိုက်ရင် ငါတို့က သူမကို ဆူပူနေတယ်လို့ ထင်သွားမှာ. ငါတို့ သူမနားရောက်သွားရင် ငါတို့ကို ဘယ်လိုဆက်ဆံမလဲဆိုတာကို သိနေရဲ့သားနဲ့"

"သူပြောတာမှန်တယ်. သူမက နားပူခံရတာ မကြိုက်ဘူး. ပြီးခဲ့တဲ့တစ်ခေါက်က ငါ တစ်ခုပြောလိုက်တာဟာ. ငါ့ကို သူမနား တစ်ပတ်တိတိ မကပ်ခိုင်းဘူးဟ. သူမက ငါ့အပေါ် အရမ်းသွေးအေးတာပဲ. အဲ့တာ ပျော်စရာမကောင်းဘူး"

"ကောင်းပြီလေ. ငါတို့ သေချာစဉ်းစားကြည့်ရအောင်. Sir Poliana က ဘာလို့လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာလဲဆိုတာကို အဖြေရှာရမယ်. ငါတို့ သူမကိုလက်ထပ်ဖို့ ပြောနေခဲ့တာ ကြာလှပြီကို. ဒါပေမဲ့ သူမက သဘောမတူခဲ့ဘူး. ဒါဆို သူမက ဘာလို့ အခုမှ စိတ်ပြောင်းသွားရတာလဲ? ဘာတွေဖြစ်ခဲ့လို့လဲ?"

"အဲ့တာက သူမက အထီးကျန်နေလို့တဲ့လေ. သူမအဲ့လိုပြောတာမဟုတ်ဘူးလား?"

"သူမက Lady Rebecca နဲ့ အရမ်းရင်းနှီးတာလေ"

ဒီအခြေအနေကို ထပ်ပြီး သည်းမခံနိုင်တော့တဲ့ စစ်သည်တစ်ယောက်က ထအော်လာသည်.

"ငါ သူမကို ငါ့တူနဲ့ လက်ထပ်ပေးလိုက်မယ်! ဒါဆို အားလုံးအဆင်ပြေသွားလိမ့်မယ်. ငါ သူမအတွက် ငါ့တူကို စတေးလိုက်မယ်!"

တခြားစစ်သည်တွေက အဲ့လူကို လှောင်ပြောင်ကာ အော်ဟစ်လိုက်ကြသည်.

"မင်းတူက အခုမှ ၁၄ နှစ်ပဲ ရှိသေးတာလေ. သူက သူမသားတောင် လုပ်လို့ရတယ်! သူမက ဒါကို သဘောတူမှာမဟုတ်ဘူးဆိုတာ မင်းသိပါတယ်!"

သူ့ထိုင်ခုံမှာ ထိုင်နေရင်းနဲ့ Lucius က သူ့စစ်သည်တွေကို တိတ်ဆိတ်စွာနဲ့ အကဲခတ်နေသည်. ဒီလူတွေက ဘာလို့ Poliana လက်ထပ်မဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အသဲအသန်ဖြစ်နေရတာလဲ? သူမရဲ့လက်ထပ်ပွဲက သူတို့အပေါ် အရမ်းအကျိုးသက်ရောက်နေသလိုမျိုး ပြောဆိုနေကြသည်. သူတို့က Poliana ရဲ့ အစ်ကိုတွေ, အဖေတွေနဲ့ အဖိုးတွေလိုမျိုး ပြုမူနေကြသည်.

ဧကရာဇ်အလုပ်များနေသလိုပဲ ဒီစစ်သည်တွေကလဲ အရမ်းအလုပ်များတဲ့လူတွေဖြစ်ကြသည်. ဒါကြောင့် ဒီစစ်သည်တွေက အခုထိ အသဲအသန်ငြင်းခုန်နေကြတာက ထူးဆန်းနေသည်. ဧကရာဇ်ရှေ့မှာ သူတို့ဒီလိုလုပ်နေတာက နာရီအတော်ကြာနေပြီ ဖြစ်သည်. သူတို့ကြည့်ရတာ ဘယ်သူကမှ ပင်ပန်းနေပုံ မရတဲ့အပြင် သူတို့အသံတွေက ပိုပြီးတော့ ကျယ်လာနေသည်.

Lucius က တိတ်တဆိတ်တွေးလိုက်သည်.

'ကြည့်ရတာ သူတို့က အခုလိုငြင်းခုန်နေရတာကို ပျော်နေတဲ့ပုံပဲ..'

သူ့မျက်လုံးတွေကို မှေးစင်းလိုက်ရင်းနဲ့ ဘာကြောင့်လဲဆိုတာကို အဖြေရှာနေသည်. ဒီလူတွေထဲက အများစုက စစ်ပွဲကနေ ပြန်လာတဲ့နောက်ပိုင်း လက်ထပ်လိုက်ကြတာဖြစ်သည်. သူတို့ရဲ့ ကြင်စဦးအချိန်ကာလက ပျော်စရာကောင်းမှာမှန်ပေမဲ့ သိပ်မကြာခင်မှာပဲ သူတို့ကလေးတွေ ရလာကြသည်. အခုတော့ သူတို့ဇနီးတွေက သူမတို့ရဲ့ ခင်ပွန်းတွေထက် သူတို့ကလေးတွေကိုသာ အာရုံစိုက်သွားကြလို့ ဖြစ်နိုင်သည်. သူတို့ကလေးတွေကလဲ ကလန်ကဆန်လုပ်ချင်ကြတဲ့ ဆယ်ကျော်သက်အရွယ်တွေဖြစ်ကာ သူတို့ဖခင်တွေနဲ့ ဘာမှမလုပ်ချင်ကြတာ ဖြစ်နိုင်သည်.

ဒီစစ်သည်တွေက သူတို့နေ့စဉ်ဘဝတွေကို ပျင်းရိနေကြမှန်း သိသာနေသည်. သူတို့က အလုပ်တွေ များနေကြပေမဲ့လဲ ဒါက သူတို့အတွက် နေသားကျနေပြီးသားဖြစ်သည်. သူတို့ဘဝမှာ လစ်ဟာနေတာက တစ်ခုခုစိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာဖြစ်ပြီး အခုတော့ သူတို့က အဲ့အကြောင်းအရာကို တွေ့သွားကြသည်.

Poliana ရဲ့ လက်ထပ်ပွဲ....

ဒါက နှစ်ပေါင်းများစွာ သူတို့ကြားဖူးသမျှထဲ ပျော်စရာအကောင်းဆုံးကိစ္စဖြစ်လာသည်.

Lucius က သက်ပြင်းချလိုက်သည်. သူ့မျက်နှာမှာ စိတ်ပူပင်မှုနဲ့ အလိုမကျမှုတွေ ပြည့်နေသည်.

'ပြီးတော့ ဒီလူတွေက ငါနဲ့အတူ တိုက်ပွဲဝင်ခဲ့ကြတဲ့သူတွေ'

ဒီအခန်းထဲမှာ ရှိနေတဲ့ လူတွေအားလုံးထဲမှာ Poliana ရဲ့လက်ထပ်ပွဲနဲ့ပတ်သက်ပြီးတော့ ဝေဖန်ခွင့် ရှိတာဆိုလို့ Lucius တစ်ယောက်ပဲ ရှိပြီး ဒါကလဲ သူက သူမကို ချစ်နေလို့ဖြစ်သည်. သူက သူမကို ချစ်နေတဲ့အတွက်ကြောင့် သူ့စိတ်ထဲမပါတဲ့ မပြောချင်တဲ့ စကားတွေကို ပြောဖို့လိုနေသည်.

"အားလုံးပဲ တော်ကြတော့ ဧကရာဇ်ဖြစ်တဲ့ ငါက Marquess Winter ရဲ့ ဆုံးဖြတ်ချက်ကို လေးစားဖို့ ဆုံးဖြတ်ပြီးပြီ"

"အရှင်!!"

စစ်သည်တွေက သစ္စာဖောက်ခံလိုက်ရတယ်ဆိုတဲ့ အကြည့်မျိုးနဲ့ ဧကရာဇ်ကို ကြည့်လိုက်ကြတော့ Lucius က ဆက်ပြောလိုက်သည်.

"မင်းတို့ မသိသေးဘူးလား?"

ဧကရာဇ်က အချိန်မရွေး ငိုချမိမှာစိုးတာကြောင့် သူ့သွားတွေကို ကြိတ်ထားလိုက်သည်. Lucius က သူ့အသံကို တမင်မြှင့်လိုက်ကာ မျက်လုံးတွေကို ကျယ်အောင်လုပ်လိုက်ပြီး ထပ်ပြောလိုက်သည်.

"အခု Marquess Winter ကို ကြည့်ရတာ ပျော်မနေဘူးလား?"

သူမက အခုတလော သီချင်းတွေ ညည်းနေတတ်သည်.   ဘာအကြောင်းမှမရှိပဲနဲ့လဲ ရယ်နေတတ်သေးကြောင်း မျက်မြင်တွေက သတင်းပို့လာသည်. ဒီပြောင်းလဲမှုအသေးလေးတွေက သူမနဲ့ လုံးဝမတူတာ မှန်ပေမဲ့.... ဒီအရာတွေက Poliana ပျော်နေတယ်ဆိုတဲ့ သက်သေတွေပဲဖြစ်သည်.

Lucius က သူမရဲ့ အပြုံးလေးတွေကြောင့် သူမကို ချစ်မိသွားတာဖြစ်သည်. သူက တကယ်ပဲ Poliana ပျော်ရွှင်တာကိုပဲ လိုချင်သည်. သူမရဲ့ပျော်ရွှင်မှုက သူ့ကိုယ်ပိုင်ပျော်ရွှင်မှုထက် ပိုပြီးအရေးကြီးသည်.

တိုင်းပြည်တစ်ခုရဲ့ ဧကရာဇ်ဖြစ်ပြီး ဘာလို့ သူလိုချင်တဲ့အမျိုးသမီးကို မရနိုင်တာလဲဆိုပြီးတော့ Sir Ainno က ပြောဆိုခဲ့ဖူးသည်. ဒါပေမဲ့ အမှန်တကယ်တော့ သူက ဧကရာဇ်ဖြစ်နေတဲ့အတွက်ကြောင့်သာ သူမကို လက်လျော့ပေးခဲ့ရတာဖြစ်သည်.

သူမလိုချင်တဲ့သူနဲ့ လက်ထပ်ဖို့ကို တားမြစ်ဖို့အတွက် Lucius ဆီမှာ အကြောင်းပြချက်ကောင်းမရှိပေ.

သူတို့ဧကရာဇ်ရဲ့စကားကို နားထောင်ပြီးတော့ လူတွေက ခေါင်းငြိမ့်လိုက်ကြသည်. Lucius က သူ့မျက်လုံးတွေကို မှိတ်လိုက်တာနဲ့ အခန်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်.

'ဟုတ်တယ်. သူမ ပျော်နေသရွှေ့......... အဲ့တာအရေးအကြီးဆုံးပဲ'

သူက သူ့မျက်လုံးတွေကို ဖွင့်ကာ အမိန့်ပေးလိုက်သည်.

"အခု မင်းတို့အားလုံး သွားကြတော့. မင်းတို့ အလုပ်နေရာတွေကို ပြန်ကြ. ဒါပေမဲ့ ဒီတစ်ခုကိုတော့ မှတ်ထားရေ. တကယ်လို့ အဲ့လူက Marquess Winter ကို မျက်ရည်တစ်စက်ကျအောင်လုပ်ကြည့်..."

Lucius က သူ့သွားတွေကို ကြိတ်လိုက်ကာ နောက်ဆုံးမှာတော့ သူ့ခံစားချက်အစစ်အမှန်ရဲ့ တစ်စိတ်တစ်ပိုင်းကို ထုတ်ပြလိုက်သည်. သူက သူလုပ်နေကြ အပြုံးတုတစ်ခုကို ပြုံးလိုက်ဖို့လဲ မမေ့လိုက်ပေ.

"တကယ်လို့ အဲ့လူက Marqess Winter ကို ဝမ်းနည်းအောင်လုပ်ခဲ့ရင်, ငါ သူ့ကို သတ်ပစ်မယ်. ငါ သူ့ကို အဆုံးသတ်ပေးလိုက်မယ်"

ဒါက ကျိန်ဆိုမှုတစ်ခုပဲဖြစ်သည်. စစ်သည်တွေက အထိတ်တလန့်ဖြစ်သွားကာ သူတို့လက်တွေကို ရမ်းလိုက်ကြသည်. သူတို့က ဧကရာဇ်ကို တောင်းပန်လိုက်သည်.

"အရှင်! ကျေးဇူးပြုပြီး ဒီလိုစကားတွေ မပြောပါနဲ့!"

ဒါပေမဲ့ သူတို့က Frau Sneke ကို သနားဖို့အတွက်တော့ မပြောလာခဲ့ပေ. သူတို့က သူ့ကို ဒီ့ထက်ပိုဆိုးတာ ဖြစ်စေချင်ကြသည်.

"အရှင် သူ့ကို ဒီအတိုင်းသတ်လိုက်လို့ မရဘူး! အဲ့တာ သူ့အတွက် အရမ်းလွယ်နေမှာ; အရှင်က အရမ်းကြင်နာတတ်တာပဲ!"

"ဟုတ်ပါတယ် အရှင်! သူ့ကို တစ်နှစ်လောက် ညှင်းဆဲပေးရမှာ!"

"သူ့ကို ဇောက်ထိုးချိတ်ပြီးတော့ သေတဲ့အထိ ထားလိုက်ရမှာ!"

သူ့စစ်သည်တွေက Poliana ရဲ့ သူငယ်ချင်းကောင်းပီသတဲ့အတွက်ကြောင့် Lucius က သဘောကျသွားကာ ပျော်ရွှင်စွာနဲ့ ပြုံးလိုက်သည်. သူက ဂုဏ်ယူစွာနဲ့ ပြောလိုက်သည်.

"မင်းတို့က အရမ်းတော်တဲ့ စစ်သည်တွေပဲ. ငါတို့ခင်မင်မှုတွေက အရမ်းကောင်းတာပဲ!"

Lucius ရဲ့ မျက်ဝန်းကနေ မျက်ရည်တစ်စက်ကျလာခဲ့သည်. သူက အလျင်အမြန်သုတ်လိုက်ပြီး အခန်းထဲမှာရှိနေတဲ့ စစ်သည်တွေကတော့ ဒီမျက်ရည်ဟာ သူတို့ရဲ့ခင်မင်မှုကြောင့် ပျော်ရွှင်လို့ ကျလာတဲ့မျက်ရည် ဖြစ်တယ်လို့ ယူဆလိုက်ကြသည်.

Continue Reading

You'll Also Like

332K 8.2K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
8.7K 763 27
ဘာသာပြန်သူ_စွဲညို့အသင်း
348K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
17.3K 1.3K 23
Author(s) : Hai Yan(海宴) Associated Names : Lang Gia bảng Lang Ya Bang The Rankings of Lang Ya 琅琊榜 Type : Web Novel (CN) Chapters : 174 chapters Statu...