Baby Don't Cry

By Mirai_Hakaze

171K 12.5K 229

KaiSoo & HunHan . SeSoo & KaiLu. Love Story. More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 11
Part 12
A/N
Part 13
Part 14
Part 15
Part 16
Part 17
Part 18 ( Final )

Part 10

7.8K 653 3
By Mirai_Hakaze

Sehun နဲ့ Kyung Soo Mr.Oh ရုံးခန်းထဲက ထွက်​လာခဲ့သည်​။ Sehun သူ့အ​ဖေက လွယ်​လွယ်​သ​ဘောတူလိုက်​သဖြင့်​ သူ့စိတ်​ထဲ တစ်​ခုခုကို မသင်္ကာသလို ခံစား​နေရသည်​။ သူပဲ စိုးရိမ်​စိတ်​ ပြင်းထန်​လွန်းတာလား မသိ​တော့....Kyung Soo Sehun ပုံစံကိုကြည့်​ရင်း...

Soo: ဘာဖြစ်​​နေတာလဲ..

Se: ငါ တခုခုကို မသင်္ကာသလိုပဲ...

Soo: ဘာကိုလဲ..

Se: ငါ့အ​ဖေ ဘာလို့ အလွယ်​တကူသ​ဘောတူလိုက်​လဲမသိဘူး...ထူးဆန်းတယ်​.. .တစ်​ခုခု ကြံစည်​​နေတာ မဟုတ်​​လောက်​ပါဘူး​နော်​....

Soo: နင်​ အ​တွေးလွန်​​နေတာပါ.. ဘယ်​မိဘမဆို သားသမီးကို ချစ်​တာပဲ​လေ... သူ နင်​စိတ်​ချမ်းသာ​စေချင်​လို့ လိုက်​​လျော​ပေးတာ ဖြစ်​မှာ​ပေါ့...

Se: မဟုတ်​ဘူး... ငါ့အ​​ဖေက သားသမီးထက်​ စီးပွား​ရေးထက်​ ဦးစား​ပေးတဲ့ လူမျိုး...နင်​နဲ့ လက်​ထပ်​​ပေးဖို့အတွက်​ သူအများကြီး ​မျှော်​လင့်​ထားတာ..

Soo: အဲ့​တော့..

Se: ည​နေ ညစာစားဖို့ဖိတ်​ထားတာ မလာခဲ့နဲ့... နင့်​ အ​ဖေ မအားဘူးလို့ ​ပြောလိုက်​....

Soo: အဲ့လို လုပ်​လို့ဖြစ်​လို့လား....

Se: ဖြစ်​တယ်​...

Soo: Ok!

Se: ဒါနဲ့ နင်​ တစ်​​ယောက်​တည်း အိမ်​ပြန်​လို့ ရလား... ငါ Luhan နဲ့ ချိန်းထားတယ်​...

Soo: ရတယ်​​လေ...ငါ သွားမယ်​...

Se: အင်း... bye.. ​ကောင်း​ကောင်းသွား..

Sehun ​ပြောပြီး လှည့်​ထွက်​လာ​တော့ ​နောက်​မှ Kyung Soo ​ခေါ်သံကြားရသည်​။

Soo: ခဏ !

Se: ဘာလို့လဲ..

သူလှည့်​ကြည့်​​တော့ Kyung Soo သူ့ဆီ​ပြေးလာသည်​။ ပြီး သူမလက်​မှ သူ​ပေးထား​သော လက်​စွပ်​ ကိုချွတ်​ပြီး သူ့လက်​ထဲကို ထည့်​​ပေးလိုက်​သည်​။

Soo: ငါ ဝတ်​ထားစရာ အ​ကြောင်းမရှိ​တော့ဘူးထင်​တယ်​...

Sehun လက်​စွပ်​ ကိုကြည့်​ပြီး ပြုံးလိုက်​သည်​။

Soo: ​​ကောင်း​ကောင်း date ခဲ့​နော်​....

Se: အင်း...

Kyung Soo ထွက်​သွား​တော့ Sehun Luhan နဲ့ ချိန်းထားတဲ့​နေရာ  ထွက်​ခဲ့သည်​။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

^ Jong In နင်​ ဒီ​နေ့ Kyung soo နဲ့ချိန်းမထားဘူးလား ^

Luhan စကားကို Jong In ​ခေါင်းရမ်းသည်​။

Jong: Soo Sehun နဲ့ ထွက်​သွားတာ​လေ... အားမှာမဟုတ်​ဘူး...

Lu: ည​နေပိုင်းအားတယ်​.. ငါ Sehun နဲ့ရုပ်​ရှင်​ကြည့်​ဖို့ချိန်းထားတယ်​...

Jong: ဟုတ်​လား...

ထိုစဉ်​ ​ဘေးက ထိုင်​​နေ​သော Chanyeol ရုတ်​တရက်​ထပြီး...

Chan: ဟုတ်​ပြီ!

Jong: ဘာဟုတ်​တာလဲ...

Chan: မင်း ငါ့တို့ကို ​ပြောထားတာ​လေ.. ဒီ​နေ့အ​ကောင်​အထည်​​ဖော်​ပါလား...

Jong In မျက်​နှာပြုံးသွားသည်​။ Chanyeol နဲ့လက်​ဝါးချင်​စလှမ်းရိုက်​လိုက်​သည်​။

Jong: Ok!

Lu: ငါသွား​တော့မယ်​...

Luhan Jong In တို့ကိုနှုတ်​ဆက်​ပြီး ရုပ်​ရှင်​ရုံသို့ထွက်​ခဲ့သည်​။ ရုပ်​ရှင်​ရုံ​ရှေ့မှာ ရပ်​​စောင့်​​နေ​သော Sehun ကို​တွေ့လိုက်​သည်​။ သူမ Sehun နား​ရောက်​​တော့ Sehun လက်​မှတ်​နှစ်​​စောင်​​ထောင်​ပြသည်​။

Se: လက်​မှတ်​ကြိုတင်​ဖြတ်​ထားတယ်​.. သွားရ​အောင်​...

Lu: အဲ့ကားက Jong in တို့နဲ့ကြည့်​ပြီးသားကြီး..

လက်​မှတ်​ကိုကြည့်​ရင်း​ပြော​သော Luhan စကား​ကြောင့်​ Sehun မျက်​နှာပျက်​သွားသည်​။ Luhan သူမ စကားမှားမှန်းရိပ်​မိသွားသည်​။

Lu: ​ပြော...​ပြောချင်​တာက...

Se: ရပါတယ်​.. တခြား​ဟာကြည့်​တာ​ပေါ့...

Sehun ​ပြောပြီး လက်​မှတ်​​ရောင်းတဲ့ဆီထွက်​သွား​တော့ Luhan ​နောက်​က​နေ လက်​ကိုလှမ်းဆွဲလိုက်​သည်​။

Lu: စိတ်​ဆိုးသွားလား..

Sehun Luhan ကို ပြုံးပြရင်း...

Se: မဆိုးပါဘူး... ကိုယ်​ အရင်​တုန်းက Oh Sehun မဟုတ်​​တော့ဘူး... သူငယ်​ချင်းနဲ့ကြည့်​တာပဲ..တခြားကား လက်​မှတ်​သွားဖြတ်​လိုက်​မယ်​...

Sehun ​ပြောရင်း ထွက်​သွား​တော့ Luhan ​နောက်​က​နေ ဖက်​ထားလိုက်​သည်​​။

Lu: ​ကျေးဇူးပဲ.. နားလည်​​ပေးလို့.... ချစ်​တယ်​...

Se: ကိုယ်​လည်းချစ်​တယ်​...

Sehun သူ့ကို သိုင်းဖက်​ထား​သော Luhan လက်​​လေးကို သူ့လက်​နှင့်​ ဆုပ်​ကိုင်​ထားလိုက်​သည်​။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Chanyeol Kyung Soo တိုက်​ခန်း​ရှေ့မှ တစ်​​ယောက်​တည်း ရပ်​​စောင့်​​​နေတာ ၂ နာရီပင်​ကြာ​နေပြီ...သူ ​စောင့်​ရတာ ပျင်းလာသဖြင့်​ Jong In ဆီလှမ်းဖုန်းဆက်​လိုက်​သည်​။

^ Ya! Kim Jong In.. မင်း Soo ခုထိ သူ့အိမ်​ပြန်​မလာ​သေးဘူး... ဘာလုပ်​​နေလဲမသိဘူး ^

Chanyeol ​စိတ်​မရှည်​သလိုငြီးတွားလိုက်​သည်​။

Jong: ခဏ​နေရင်​ ​ရောက်​မှာပါ... မင်းကလည်း...ခဏ​လေးပဲ​စောင့်​ပါ...

Chan: ခဏပဲ​နော်​...

Jong: ​အင်း... သူလာရင်​ ဒီ​နေရာ ​ခေါ်ခဲ့​နော်​...

Chan: Ok ok...

Chanyeol ဖုန်းချပြီး မကြာခင်​ Kyung Soo ​ရောက်​လာသည်​။ Kyung Soo Chanyeol ကို အံ့သြသလိုကြည့်​သည်​။

Soo: ဒီကို ဘာလာလုပ်​တာလဲ...

Chan: နင့်​ကို လာ​ခေါ်တာ... လိုက်​ခဲ့...

Soo: ဘယ်​ဆီ... Ya!!

Kyung Soo စကားမဆုံးခင်​ Chanyeol သူမကို ဆွဲ​ခေါ်သွားသည်​။ခေါ်သွားတဲ့​နေရာက ​ကျောင်းထဲ..... Chanyeol က သစ်​ပင်​​အောက်​က ခုံတန်းရှိတဲ့​နေရာကို သူမကို ညွှန်​ပြ​ရင်း...

Chan: သွား...

Kyung Soo ခုံတန်းဆီ​ရောက်​​တော့ Jong In  ကို​တွေ့သည်​။ Jong In သူမကို ပြုံးပြရင်း...

Jong: ဒီ​နေရာ​လေးကိုမှတ်​မိလား...လွန်​ခဲ့တဲ့​လေးနှစ်​က ကိုယ်​တို့လမ်းခွဲခဲ့တဲ့​နေရာ​လေ...

Kyung Soo ​ခေါင်းညိတ်​လိုက်​သည်​။

Jong: ဒီ​နေရာမှာပဲ Soo ကို ကိုယ်​တရားဝင်​ ပြန်​ခွင့်​​တောင်းမယ်​... ကိုယ်​တို့ ပြန်​တွဲရ​အောင်​..

Kyung Soo ဘာမှပြန်​မ​ပြော... Jong In သူ့အိတ်​ထဲက ဘူး​လေးကိုထုတ်​လိုက်​သည်​။

Jong: ဒါ လွန်​ခဲ့တဲ့​လေးနှစ်​တည်းက ဝယ်​ထားတာ... Couple ring ​လေး...

Jong In ​ပြောရင်း ဘူးထဲက လက်​စွပ်​ကို ယူပြီး Soo လက်​ကိုစွပ်​​ပေး​တော့ သူမလက်​​နောက်​တွန့်​သွားသည်​။ Kyung Soo စိတ်​ထဲ ​ကြောက်​​နေမိသည်​။ ဒီ​နေရာက သူမတို့လမ်းခွဲခဲ့တဲ့​နေရာ.. သူရက်​စက်​ခဲ့တာ... ​နောက်​တစ်​ခါ သူအဲ့လိုထပ်​လုပ်​မလား... သူထပ်​ရက်​စက်​ဦးမလား သူမ မသိ.... သူမ လက်​ခံဖို့ ယုံကြည်​ဖို့ ​​ကြောက်​​နေမိသည်​။ Jong In Kyung soo မျက်​နှာကို ကြည့်​ရင်း ရိပ်​မိသွားပုံရသည်​။

Jong: ကိုယ့်​ကို မယုံဘူးလား Soo..

Soo: ​​miyan..

Jong In Soo ကို သူ့ရင်​ခွင်​ထဲဖက်​ထားလိုက်​သည်​။ ပြီးမှ..

Jong: ကိုယ်​ကတိ​ပေးတယ်​... ​နောက်​တခါ ဒီလိုမျိုး ဘယ်​​တော့မှမဖြစ်​​စေရဘူး... ကိုယ်​ Soo ကို ဘယ်​​တော့မှ ခွဲမသွားဘူး... ကိုယ့်​ကို ယုံ​ပေးပါ... ​နောက်​ဆုံးအ​နေနဲ့...

Kyung Soo ​ခေါင်းညိတ်​လိုက်​သည်​။

TBC...

Continue Reading

You'll Also Like

566K 49.3K 29
Taekook Fanfiction Jeon Kim Own creation
82.5K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
181K 9.7K 16
yunho- jaejoong- changmin
250K 16.3K 34
ရှောင်းကျန့်တစ်ယောက်သူ့အမအစားအကြွေးရှင်ဆီသို့ပို့ခံလိုက်ရသောအခါ အကြွေးဆပ်ရင်းကနေ ဘယ်လိုဖြစ်သွားမှာလဲ အရင်ကကိုယ်ကြည့်ဖူးတဲ့dramaတစ်ခုကိုyizhan verနဲre...