{Uni}
နှစ်ပတ်ဆိုသည့်အချိန်တစ်ခုသည် တစ်ခဏအတွင်းကုန်သွားသလို ဝမ်ရိပေါ်လည်း ရိုက်ကွင်းတွေ ပြန်သွားနေရပြီဖြစ်သည်။ နောက်ထပ်ရှိလာသည့် ဇာတ်ကားကြောင့် ဇာတ်ညွှန်းဖတ်ရင်း သရုပ်ဆောင်ရမည့်သူတွေနှင့်လည်း ရင်းနှီးအောင် သွားရမည်ဖြစ်သည်။ မသွားခင် သူ့ကလေးဆိုးလေးအား ဖုန်းဆက်လိုက်၏။
Ring Ring~~
အိပ်နေရင်းနှင့် ဖုန်းမြည်သံကြားသည်မို့ နာမည်ပင်မကြည့်နိုင်တော့ဘဲ ဖုန်းကိုင်ကာ နားနားကပ်ထားလိုက်သည်။
"ရှောင်းလေး အိပ်နေတုန်းလား"
"အင်း...."
"ထတော့လေ ကျောင်းမသွားဘူးလား။ အခုပဲ ၇နာရီကျော်နေပြီ"
"အိပ်ချင်သေးတာ.."
"လိမ္မာတယ် ထတော့နော်။ ကိုယ်ရိုက်ကူးရေးအတွက်သွားစရာရှိသေးလို့ ဒီနေ့နောက်ကျမယ်"
"ဟုတ်"
"ကိုယ့်ပေါင်ပေါင်းလေး စာသေချာလိုက်မှတ်ဦးနော် အိပ်ငိုက်မနေနဲ့"
"ဟုတ်"
"ဟုတ်သာပြောနေတာ အခုထိအိပ်ယာက မထသေးဘူးမလား"
"ထပြီ ထပြီ.. ဝမ်ကောက အရမ်းပြောတာပဲ"
"ပေါင်ပေါင်းလေး ကျောင်းနောက်ကျမှာစိုးလို့ပါ"
"ရှောင်းလေးလို့ မခေါ်တော့ပြန်ဘဲ ဘယ်လိုတွေခေါ်နေတာတုန်း"
"ဟား...!! ပေါင်ပေါင်းရှောင်းလေး ထပါတော့။ ကျွန်တော်မျိုး ကျောင်းတစ်ခါတည်း ပို့ခဲ့မလို့ပါ"
"ပြီးရော အခုမလာနဲ့ဦးနော်။ ရေချိုးဦးမှာ"
"ကိုယ်ချိုးပေးရဦးမလား"
"ကိုယ့်ဘာသာကိုယ် ချိုးမှာ"
"ဟား ဟား! ပြီးရင်ဖုန်းဆက်လိုက်။ ကိုယ်ဆင်းခဲ့မယ်"
"ဟုတ်"
ဖုန်းပြောခြင်းပြီးဆုံးသည်နှင့် ရှောင်းကျန့် ရေချိုးခန်းထဲပြေးတော့သည်။ အကြောင်းမှာ ဖုန်းအပြောကောင်း၍ ၇နာရီ တော်တော်ကျော်သွားသောကြောင့်ပင်။
သူတို့ချစ်သူဖြစ်နေသည့် နှစ်ပတ်အတွင်း သူတို့အကြောင်းအား မည်သူမှ မရိပ်မိခဲ့သလို၊ မည်သူမှလည်း သတိမထားမိခဲ့ကြပေ။ အရင်နှင့်မတူတာဆိုလို့ ဝမ်ရိပေါ် ရိုက်ကွင်းသွားပြီး ပြန်လာလျှင် ရှောင်းကျန့်က သွားကြိုတုန်းပဲဖြစ်သည်။
ဓါတ်ပုံကလည်း အရင်လိုရိုက်တုန်းပါပဲ။ သို့ပေမယ့် ဓါတ်ပုံတွေထဲတွင် ကင်မရာသို့ကြည့်နေသည့် ပုံတွေက ပိုများလာသည်။ ဝမ်ရိပေါ်သည် ကင်မရာတောင် သူ့ချစ်သူလေးရိုက်နေသည့် ကင်မရာကိုသာ ကြည့်သည်မို့ဖြစ်သည်။
ရှောင်းကျန့် အကုန်ပြင်ဆင်ပြီးကြောင်း ဝမ်ရိပေါ်ဆီ Messageပို့လိုက်သည်နှင့် မိနစ်ပိုင်းသာကြာသည် ဝမ်ရိပေါ် လာခေါ်၏။
ထို့နောက် ကျောင်းနားရောက်ခါနီး သစ်ပင်အကွယ်နားတွင် ရှောင်းကျန့်ကိုချပေးခဲ့ကာ အလုပ်သွားသည်။ ဖန်ရှင်းသည် ကျောင်း၌သာ အမြဲကြိုစောင့်နေတတ်သည်။ ဝမ်ရိပေါ်သည် ကျောင်းရှေ့ထိ ပို့ပေးချင်သော်လည်း ရှောင်းကျန့်က အပို့မခံဘဲ နည်းနည်းအလှမ်းဝေးသည့်နေရာမှာကတည်းက ဆင်းသွားတတ်သည်ကြောင့်ဖြစ်၏။
ရှောင်းကျန့်စိတ်ပူသည်ကို ဝမ်ရိပေါ်နားလည်သော်လည်း မကျေနပ်ပေ။ ဤဇာတ်ကားပြီးသည်နှင့် သူ့ရဲ့Fan တွေကို ပြောဖို့လုပ်ထားသည်။
"မင်းသားရိပေါ်တောင်ရောက်ပြီပဲ။ အားနာလိုက်တာ မင်းသမီးကမရောက်သေးလို့ ခဏလောက်စောင့်ပေးပါနော်"
"....."
ဝမ်ရိပေါ် စိတ်ထဲကွက်သွားမိသည်။ တက်သစ်စ မင်းသမီးတစ်ယောက်သည် စလာကတည်းက ဒီလိုအချိုးဆိုသည်ကိုတော့ ဝမ်ရိပေါ်သဘောမကျ။ သူ့ဘာသာသူ ဘာအခက်ခဲပဲရှိရှိ၊ မရှိရှိ အစောဆုံးရောက်နေရမည်မှာ တက်သစ်စ သရုပ်ဆောင်တစ်ယောက်၏ စီနီယာအပေါ် လေးစားမှုပဲ မဟုတ်လား?
ဝမ်ရိပေါ် ပြန်ပြောမနေတော့ဘဲ လွတ်နေသည့်နေရာတွင် သွားထိုင်ကာ ဇာတ်ညွှန်းဖတ်နေလိုက်သည်။ ဟိုက်ခွမ်းသည် အဖက်လုပ်မခံလိုက်ရသည့် ဒါရိုက်တာကို အားနာပြုံးလေးဖြင့်သာ တောင်းပန်၍ ဝမ်ရိပေါ်နောက်လိုက်ရတော့သည်။
ဝမ်ရိပေါ် အဖက်လုပ်ပြီး သည်းခံသည်ဆိုလို့ ရှောင်းကျန့်တစ်ယောက်သာ ရှိသည်မဟုတ်လား။
နာရီဝက်ကြာသည်အထိ စောင့်ပြီးချိန်တွင် ထိုတက်သစ်စ မင်းသမီးရောက်လာသည်။ ထိုမင်းသမီးသည် သူနနောက်ကျခဲ့သည်ကိုတောင် တောင်းပန်ခြင်းအလျဥ်းမရှိ။ ထိုင်တာတောင် ဝမ်ရိပေါ်ဘေးတွင် လာကပ်ထိုင်သည်။ အခန်းထဲမှလုပ်ဖော်ကိုင်ဖက်တွေသည် ထိုမင်းသမီးအား တော်တော်မျက်စိစပါးမွှေး စူးသွားလေသည်။
ဝမ်ရိပေါ်ဆိုသူသည် အလုပ်နှင့်ကိုယ်ရေးကိုယ်တာ ခွဲခြားတတ်သလို သူ့အသားသူများထိတာလည်း မကြိုက်သူတစ်ယောက်။ ထိုင်လျှင်တောင် သူများနှင့်ခပ်ဝေးဝေးတွင်သာ ထိုင်တတ်သည့်သူ။ ဒါကို ဒီမင်းသမီးမသိတာတော့မဖြစ်နိုင်။
"Hey! တို့ကယူနဲ့အတူ တွဲရိုက်ရမယ့်မင်းသမီး။ တို့က ယယူ့Entertainmentရဲ့ ကြော်ငြာအဖွဲ့အစည်းက လျိုကျောက်ရန်ရဲ့သမီး လျိုမေ။ တို့နောက်ကျတာ အကြောင်းနည်းနည်းရှိလို့ပါ။ ခွင့်လွှတ်ပေးမယ်မလား"
"ငါ မမေးမိဘူး"
ဝမ်ရိပေါ်၏ ခပ်ပြတ်ပြတ်စကားတစ်ခွန်းအား အခန်းထဲမှ ကျန်သည့်လုပ်ဖော်ကိုင်ဖက်တွေပါ သဘောကျသွားဟန် ခပ်ယဲ့ယဲ့လေးသိသိသာသာ ပြုံးသွားကြသည်။
"ကော..အင်္ကျီအပို ပါတယ်မလား။ ဒီအင်္ကျီက ညစ်ပတ်သွားသလို ခံစားလိုက်ရလို့ ကျွန်တော်မဝတ်ထားချင်တော့ဘူး"
"အင်း ပါတယ်"
ထိုမင်းသမီးကို အဖက်မလုပ်ဘဲ အကုန်လုံးကလည်းလုပ်စရာရှိတာ ဆက်လုပ်နေကြပြီမို့ ဝမ်ရိပေါ်အဝတ်လဲရန် ထွက်သွားလိုက်သည်။ လျိုမေတစ်ယောက် ထိုနေရာမှာတင် မျက်နှာတွေနီရဲနေအောင် ဒေါသထွက်ပြီး ကျန်ခဲ့လေသည်။
"ရိပေါ် ဒီမင်းသမီးနဲ့ အဆင်ပြေပါ့မလား"
"မပြေဘူး။ CEO နဲ့ပြန်တိုင်ပင်ပေးပါ"
"ကောင်းပြီ။ အဝတ်လဲပြီးရင် ကားထဲမှာပဲ စောင့်နေတော့။ ကော ရိပေါ်စားဖို့ တစ်ခုခုသွားဝယ်မလို့"
"အင်း"
ဟိုက်ခွမ်းသည် ရိပေါ်ကို ကားထဲတွင် အပိုထည့်ထားသည့်အင်္ကျီယူပေးကာ ထွက်သွားသည်။ ဝမ်ရိပေါ်အဝတ်လဲကာ ကားပေါ်တွင် ထိုင်စောင့်နေလိုက်၏။ ထို့နောက် နားတုန်းလေး ရှောင်းကျန့်ဆီ ဖုန်းဆက်ဖို့ပြင်လိုက်သည်။ နဂိုကတည်းက ရှောင်းကျန့်၏ အချိန်ဇယားတွေအကုန် သိထားသည်မို့ အဆင်ပြေသည်။
"Moshi Moshi"
"ရှောင်းလေး မနက်စာ စားပြီးပြီလား"
"ဟုတ်။ ဝမ်ကောရော စားပြီးပြီလား"
"ကိုယ်မစားရသေးဘူး"
"စားတော့လေ။ ၉နာရီတောင်ကျော်နေပြီကို"
"ဟိုက်ခွမ်းကော သွားဝယ်နေတယ်"
"အင်း။ ဒါနဲ့ပြောရဦးမယ် ဝမ်ကော။ ဒီနေ့လေ ဇာတ်လမ်းရိုက်ဖို့အတွက်သရုပ်ဆောင်ထည့်ဖို့ ရှောင်းလေးတို့ကျောင်းမှာ လူလာရွေးတာ။ ရှောင်းလေး အရွေးခံရတယ်"
"ဇာတ်လမ်း?"
"ဟုတ်တယ်။ ပြီးတော့ အဲ့ကားမှာမင်းသားက ဝမ်ကောတဲ့။ မင်းသမီးက လျို...လျို.."
"လျိုမေလား"
"ဟုတ်တယ် ဟုတ်တယ် သူပဲ"
"...."
"ဝမ်ကော..ဘာလို့လဲဟင် မကြိုက်လို့လား။ မကြိုက်ရင် ရှောင်းလေး ငြင်းလိုက်မယ်လေ"
"မငြင်းနဲ့။ ကိုယ်တို့တွေ့ချိန် ပိုရတာပေါ့။ ဘယ်အပိုင်းက စရိုက်ရမယ်ပြောလဲ"
"ကောတို့ ၄,၅ပိုင်းလောက် ရိုက်ပြီးတာနဲ့ပါရမှာ။ ပြီးတော့ ဝမ်ကောရဲ့ ညီလေးအဖြစ်နဲ့တဲ့"
"ကောင်းပြီ။ ညနေ ကိုယ်လာမကြိုတော့ဘူးနော်"
"ရတယ် Shinnနဲ့ပြန်မှာ"
"ကိုယ်စိတ်ချမယ်"
"ဟုတ်။ တာ့တာ"
ဝမ်ရိပေါ် ဖုန်းပြောပြီးပြီးချင်းတွင် ဟိုက်ခွမ်းရောက်လာသည်။
"ကော ဇာတ်ကားအတွက်မတိုင်ပင်နဲ့တော့။ ကျွန်တော်ဆက်ရိုက်မယ်"
"အဆင်မပြေဘူးဆို"
"ရှောင်းလေးလည်း ဒီဇာတ်ကားမှာပါရမယ်တဲ့ ခုပဲဖုန်းပြောပြီးတယ်"
"ဟ! ဒါရိုက်တာကြီးတို့က ဉာဏ်ကောင်းတာပဲ။ သူကအမြဲ Tsinghuaက ကျောင်းသားတစ်ယောက်ယောက်ကို ခေါ်ရိုက်တတ်တယ်။ အဲ့ကျောင်းက အချောအလှတွေ များတယ်လေ။ ဒါတောင် Surpriseအနေနဲ့ ဇာတ်ကားကြည့်မယ့်သူတွေကို ဆွဲဆောင်ချင်နေတာဖြစ်မယ်။ ဒီနေ့သရုပ်ဆောင်တွေ မိတ်ဆက်ရမှာကို ခေါ်မထားဘူးဆိုတော့"
"ပိုကောင်းတာပေါ့။ အနည်းဆုံးတော့ ရှောင်းလေး အနေရခက်တာ သက်သာစေတယ်"
"ဒါလည်းမှန်တာပဲ"
"စားပြီးရင် အထဲပြန်သွားရအောင်"
"အင်း သွားကြမယ်။ စိတ်တော့ထိန်းနော်။ မင်းကဆက်ရိုက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ အနည်းနဲ့အများတော့သည်းခံရမယ်"
"ကျွန်တော် နားလည်ပါပြီ "
"အရင်စားဦး ပြီးရင်အထဲသွားမယ်"
______________________
{ZAWGYI}
ႏွစ္ပတ္ဆိုသည့္အခ်ိန္တစ္ခုသည္ တစ္ခဏအတြင္းကုန္သြားသလို ဝမ္ရိေပၚလည္း ႐ိုက္ကြင္းေတြ ျပန္သြားေနရၿပီျဖစ္သည္။ ေနာက္ထပ္႐ွိလာသည့္ ဇာတ္ကားေၾကာင့္ ဇာတ္ၫႊန္းဖတ္ရင္း သ႐ုပ္ေဆာင္ရမည့္သူေတြႏွင့္လည္း ရင္းႏွီးေအာင္ သြားရမည္ျဖစ္သည္။ မသြားခင္ သူ႕ကေလးဆိုးေလးအား ဖုန္းဆက္လိုက္၏။
Ring Ring~~
အိပ္ေနရင္းႏွင့္ ဖုန္းျမည္သံၾကားသည္မို႔ နာမည္ပင္မၾကည့္ႏိုင္ေတာ့ဘဲ ဖုန္းကိုင္ကာ နားနားကပ္ထားလိုက္သည္။
"ေ႐ွာင္းေလး အိပ္ေနတုန္းလား"
"အင္း...."
"ထေတာ့ေလ ေက်ာင္းမသြားဘူးလား။ အခုပဲ ၇နာရီေက်ာ္ေနၿပီ"
"အိပ္ခ်င္ေသးတာ.."
"လိမၼာတယ္ ထေတာ့ေနာ္။ ကိုယ္႐ိုက္ကူးေရးအတြက္သြားစရာ႐ွိေသးလို႔ ဒီေန႔ေနာက္က်မယ္"
"ဟုတ္"
"ကိုယ့္ေပါင္ေပါင္းေလး စာေသခ်ာလိုက္မွတ္ဦးေနာ္ အိပ္ငိုက္မေနနဲ႔"
"ဟုတ္"
"ဟုတ္သာေျပာေနတာ အခုထိအိပ္ယာက မထေသးဘူးမလား"
"ထၿပီ ထၿပီ.. ဝမ္ေကာက အရမ္းေျပာတာပဲ"
"ေပါင္ေပါင္းေလး ေက်ာင္းေနာက္က်မွာစိုးလို႔ပါ"
"ေ႐ွာင္းေလးလို႔ မေခၚေတာ့ျပန္ဘဲ ဘယ္လိုေတြေခၚေနတာတုန္း"
"ဟား...!! ေပါင္ေပါင္းေ႐ွာင္းေလး ထပါေတာ့။ ကြၽန္ေတာ္မ်ိဳး ေက်ာင္းတစ္ခါတည္း ပို႔ခဲ့မလို႔ပါ"
"ၿပီးေရာ အခုမလာနဲ႔ဦးေနာ္။ ေရခ်ိဳးဦးမွာ"
"ကိုယ္ခ်ိဳးေပးရဦးမလား"
"ကိုယ့္ဘာသာကိုယ္ ခ်ိဳးမွာ"
"ဟား ဟား! ၿပီးရင္ဖုန္းဆက္လိုက္။ ကိုယ္ဆင္းခဲ့မယ္"
"ဟုတ္"
ဖုန္းေျပာျခင္းၿပီးဆုံးသည္ႏွင့္ ေ႐ွာင္းက်န္႔ ေရခ်ိဳးခန္းထဲေျပးေတာ့သည္။ အေၾကာင္းမွာ ဖုန္းအေျပာေကာင္း၍ ၇နာရီ ေတာ္ေတာ္ေက်ာ္သြားေသာေၾကာင့္ပင္။
သူတို႔ခ်စ္သူျဖစ္ေနသည့္ ႏွစ္ပတ္အတြင္း သူတို႔အေၾကာင္းအား မည္သူမွ မရိပ္မိခဲ့သလို၊ မည္သူမွလည္း သတိမထားမိခဲ့ၾကေပ။ အရင္ႏွင့္မတူတာဆိုလို႔ ဝမ္ရိေပၚ ႐ိုက္ကြင္းသြားၿပီး ျပန္လာလွ်င္ ေ႐ွာင္းက်န္႔က သြားႀကိဳတုန္းပဲျဖစ္သည္။
ဓါတ္ပုံကလည္း အရင္လို႐ိုက္တုန္းပါပဲ။ သို႔ေပမယ့္ ဓါတ္ပုံေတြထဲတြင္ ကင္မရာသို႔ၾကည့္ေနသည့္ ပုံေတြက ပိုမ်ားလာသည္။ ဝမ္ရိေပၚသည္ ကင္မရာေတာင္ သူ႕ခ်စ္သူေလး႐ိုက္ေနသည့္ ကင္မရာကိုသာ ၾကည့္သည္မို႔ျဖစ္သည္။
ေ႐ွာင္းက်န္႔ အကုန္ျပင္ဆင္ၿပီးေၾကာင္း ဝမ္ရိေပၚဆီ Messageပို႔လိုက္သည္ႏွင့္ မိနစ္ပိုင္းသာၾကာသည္ ဝမ္ရိေပၚ လာေခၚ၏။
ထို႔ေနာက္ ေက်ာင္းနားေရာက္ခါနီး သစ္ပင္အကြယ္နားတြင္ ေ႐ွာင္းက်န္႔ကိုခ်ေပးခဲ့ကာ အလုပ္သြားသည္။ ဖန္႐ွင္းသည္ ေက်ာင္း၌သာ အၿမဲႀကိဳေစာင့္ေနတတ္သည္။ ဝမ္ရိေပၚသည္ ေက်ာင္းေ႐ွ႕ထိ ပို႔ေပးခ်င္ေသာ္လည္း ေ႐ွာင္းက်န္႔က အပို႔မခံဘဲ နည္းနည္းအလွမ္းေဝးသည့္ေနရာမွာကတည္းက ဆင္းသြားတတ္သည္ေၾကာင့္ျဖစ္၏။
ေ႐ွာင္းက်န္႔စိတ္ပူသည္ကို ဝမ္ရိေပၚနားလည္ေသာ္လည္း မေက်နပ္ေပ။ ဤဇာတ္ကားၿပီးသည္ႏွင့္ သူ႕ရဲ႕Fan ေတြကို ေျပာဖို႔လုပ္ထားသည္။
"မင္းသားရိေပၚေတာင္ေရာက္ၿပီပဲ။ အားနာလိုက္တာ မင္းသမီးကမေရာက္ေသးလို႔ ခဏေလာက္ေစာင့္ေပးပါေနာ္"
"....."
ဝမ္ရိေပၚ စိတ္ထဲကြက္သြားမိသည္။ တက္သစ္စ မင္းသမီးတစ္ေယာက္သည္ စလာကတည္းက ဒီလိုအခ်ိဳးဆိုသည္ကိုေတာ့ ဝမ္ရိေပၚသေဘာမက်။ သူ႕ဘာသာသူ ဘာအခက္ခဲပဲ႐ွိ႐ွိ၊ မ႐ွိ႐ွိ အေစာဆုံးေရာက္ေနရမည္မွာ တက္သစ္စ သ႐ုပ္ေဆာင္တစ္ေယာက္၏ စီနီယာအေပၚ ေလးစားမႈပဲ မဟုတ္လား?
ဝမ္ရိေပၚ ျပန္ေျပာမေနေတာ့ဘဲ လြတ္ေနသည့္ေနရာတြင္ သြားထိုင္ကာ ဇာတ္ၫႊန္းဖတ္ေနလိုက္သည္။ ဟိုက္ခြမ္းသည္ အဖက္လုပ္မခံလိုက္ရသည့္ ဒါ႐ိုက္တာကို အားနာျပဳံးေလးျဖင့္သာ ေတာင္းပန္၍ ဝမ္ရိေပၚေနာက္လိုက္ရေတာ့သည္။
ဝမ္ရိေပၚ အဖက္လုပ္ၿပီး သည္းခံသည္ဆိုလို႔ ေ႐ွာင္းက်န္႔တစ္ေယာက္သာ ႐ွိသည္မဟုတ္လား။
နာရီဝက္ၾကာသည္အထိ ေစာင့္ၿပီးခ်ိန္တြင္ ထိုတက္သစ္စ မင္းသမီးေရာက္လာသည္။ ထိုမင္းသမီးသည္ သူနေနာက္က်ခဲ့သည္ကိုေတာင္ ေတာင္းပန္ျခင္းအလ်ဥ္းမ႐ွိ။ ထိုင္တာေတာင္ ဝမ္ရိေပၚေဘးတြင္ လာကပ္ထိုင္သည္။ အခန္းထဲမွလုပ္ေဖာ္ကိုင္ဖက္ေတြသည္ ထိုမင္းသမီးအား ေတာ္ေတာ္မ်က္စိစပါးေမႊး စူးသြားေလသည္။
ဝမ္ရိေပၚဆိုသူသည္ အလုပ္ႏွင့္ကိုယ္ေရးကိုယ္တာ ခြဲျခားတတ္သလို သူ႕အသားသူမ်ားထိတာလည္း မႀကိဳက္သူတစ္ေယာက္။ ထိုင္လွ်င္ေတာင္ သူမ်ားႏွင့္ခပ္ေဝးေဝးတြင္သာ ထိုင္တတ္သည့္သူ။ ဒါကို ဒီမင္းသမီးမသိတာေတာ့မျဖစ္ႏိုင္။
"Hey! တို႔ကယူနဲ႔အတူ တြဲ႐ိုက္ရမယ့္မင္းသမီး။ တို႔က ယယူ႕Entertainmentရဲ႕ ေၾကာ္ျငာအဖြဲ႕အစည္းက လ်ိဳေက်ာက္ရန္ရဲ႕သမီး လ်ိဳေမ။ တို႔ေနာက္က်တာ အေၾကာင္းနည္းနည္း႐ွိလို႔ပါ။ ခြင့္လႊတ္ေပးမယ္မလား"
"ငါ မေမးမိဘူး"
ဝမ္ရိေပၚ၏ ခပ္ျပတ္ျပတ္စကားတစ္ခြန္းအား အခန္းထဲမွ က်န္သည့္လုပ္ေဖာ္ကိုင္ဖက္ေတြပါ သေဘာက်သြားဟန္ ခပ္ယဲ့ယဲ့ေလးသိသိသာသာ ျပဳံးသြားၾကသည္။
"ေကာ..အက်ႌအပို ပါတယ္မလား။ ဒီအက်ႌက ညစ္ပတ္သြားသလို ခံစားလိုက္ရလို႔ ကြၽန္ေတာ္မဝတ္ထားခ်င္ေတာ့ဘူး"
"အင္း ပါတယ္"
ထိုမင္းသမီးကို အဖက္မလုပ္ဘဲ အကုန္လုံးကလည္းလုပ္စရာ႐ွိတာ ဆက္လုပ္ေနၾကၿပီမို႔ ဝမ္ရိေပၚအဝတ္လဲရန္ ထြက္သြားလိုက္သည္။ လ်ိဳေမတစ္ေယာက္ ထိုေနရာမွာတင္ မ်က္ႏွာေတြနီရဲေနေအာင္ ေဒါသထြက္ၿပီး က်န္ခဲ့ေလသည္။
"ရိေပၚ ဒီမင္းသမီးနဲ႔ အဆင္ေျပပါ့မလား"
"မေျပဘူး။ CEO နဲ႔ျပန္တိုင္ပင္ေပးပါ"
"ေကာင္းၿပီ။ အဝတ္လဲၿပီးရင္ ကားထဲမွာပဲ ေစာင့္ေနေတာ့။ ေကာ ရိေပၚစားဖို႔ တစ္ခုခုသြားဝယ္မလို႔"
"အင္း"
ဟိုက္ခြမ္းသည္ ရိေပၚကို ကားထဲတြင္ အပိုထည့္ထားသည့္အက်ႌယူေပးကာ ထြက္သြားသည္။ ဝမ္ရိေပၚအဝတ္လဲကာ ကားေပၚတြင္ ထိုင္ေစာင့္ေနလိုက္၏။ ထို႔ေနာက္ နားတုန္းေလး ေ႐ွာင္းက်န္႔ဆီ ဖုန္းဆက္ဖို႔ျပင္လိုက္သည္။ နဂိုကတည္းက ေ႐ွာင္းက်န္႔၏ အခ်ိန္ဇယားေတြအကုန္ သိထားသည္မို႔ အဆင္ေျပသည္။
"Moshi Moshi"
"ေ႐ွာင္းေလး မနက္စာ စားၿပီးၿပီလား"
"ဟုတ္။ ဝမ္ေကာေရာ စားၿပီးၿပီလား"
"ကိုယ္မစားရေသးဘူး"
"စားေတာ့ေလ။ ၉နာရီေတာင္ေက်ာ္ေနၿပီကို"
"ဟိုက္ခြမ္းေကာ သြားဝယ္ေနတယ္"
"အင္း။ ဒါနဲ႔ေျပာရဦးမယ္ ဝမ္ေကာ။ ဒီေန႔ေလ ဇာတ္လမ္း႐ိုက္ဖို႔အတြက္သ႐ုပ္ေဆာင္ထည့္ဖို႔ ေ႐ွာင္းေလးတို႔ေက်ာင္းမွာ လူလာေ႐ြးတာ။ ေ႐ွာင္းေလး အေ႐ြးခံရတယ္"
"ဇာတ္လမ္း?"
"ဟုတ္တယ္။ ၿပီးေတာ့ အဲ့ကားမွာမင္းသားက ဝမ္ေကာတဲ့။ မင္းသမီးက လ်ိဳ...လ်ိဳ.."
"လ်ိဳေမလား"
"ဟုတ္တယ္ ဟုတ္တယ္ သူပဲ"
"...."
"ဝမ္ေကာ..ဘာလို႔လဲဟင္ မႀကိဳက္လို႔လား။ မႀကိဳက္ရင္ ေ႐ွာင္းေလး ျငင္းလိုက္မယ္ေလ"
"မျငင္းနဲ႔။ ကိုယ္တို႔ေတြ႕ခ်ိန္ ပိုရတာေပါ့။ ဘယ္အပိုင္းက စ႐ိုက္ရမယ္ေျပာလဲ"
"ေကာတို႔ ၄,၅ပိုင္းေလာက္ ႐ိုက္ၿပီးတာနဲ႔ပါရမွာ။ ၿပီးေတာ့ ဝမ္ေကာရဲ႕ ညီေလးအျဖစ္နဲ႔တဲ့"
"ေကာင္းၿပီ။ ညေန ကိုယ္လာမႀကိဳေတာ့ဘူးေနာ္"
"ရတယ္ Shinnနဲ႔ျပန္မွာ"
"ကိုယ္စိတ္ခ်မယ္"
"ဟုတ္။ တာ့တာ"
ဝမ္ရိေပၚ ဖုန္းေျပာၿပီးၿပီးခ်င္းတြင္ ဟိုက္ခြမ္းေရာက္လာသည္။
"ေကာ ဇာတ္ကားအတြက္မတိုင္ပင္နဲ႔ေတာ့။ ကြၽန္ေတာ္ဆက္႐ိုက္မယ္"
"အဆင္မေျပဘူးဆို"
"ေ႐ွာင္းေလးလည္း ဒီဇာတ္ကားမွာပါရမယ္တဲ့ ခုပဲဖုန္းေျပာၿပီးတယ္"
"ဟ! ဒါ႐ိုက္တာႀကီးတို႔က ဉာဏ္ေကာင္းတာပဲ။ သူကအၿမဲ Tsinghuaက ေက်ာင္းသားတစ္ေယာက္ေယာက္ကို ေခၚ႐ိုက္တတ္တယ္။ အဲ့ေက်ာင္းက အေခ်ာအလွေတြ မ်ားတယ္ေလ။ ဒါေတာင္ Surpriseအေနနဲ႔ ဇာတ္ကားၾကည့္မယ့္သူေတြကို ဆြဲေဆာင္ခ်င္ေနတာျဖစ္မယ္။ ဒီေန႔သ႐ုပ္ေဆာင္ေတြ မိတ္ဆက္ရမွာကို ေခၚမထားဘူးဆိုေတာ့"
"ပိုေကာင္းတာေပါ့။ အနည္းဆုံးေတာ့ ေ႐ွာင္းေလး အေနရခက္တာ သက္သာေစတယ္"
"ဒါလည္းမွန္တာပဲ"
"စားၿပီးရင္ အထဲျပန္သြားရေအာင္"
"အင္း သြားၾကမယ္။ စိတ္ေတာ့ထိန္းေနာ္။ မင္းကဆက္႐ိုက္ဖို႔ ဆုံးျဖတ္လိုက္ၿပီဆိုေတာ့ အနည္းနဲ႔အမ်ားေတာ့သည္းခံရမယ္"
"ကြၽန္ေတာ္ နားလည္ပါၿပီ "
"အရင္စားဦး ၿပီးရင္အထဲသြားမယ္"
______________________