Once upon a time in a Library...

By Kylbkpp

1.8K 153 98

"ဦးလေးကြီးကို ပီကေ ချစ်လို့မရဘူးလား ဦးလေးကြီးက ပီကေ့ကိုမချစ်လည်း ပီကေကတော့ Billkin Putthipongဆိုတဲ့ ဦးလေးကြီး... More

Part 2 {BK's Pov}
Part 3 {the story continues...❤️}

Part 1 {Intro+PP's Pov}

1K 64 34
By Kylbkpp

💫Once upon a time ... in a library 📖
~~~~~~~~~~~~~~~~~~~~~~~~~~

ပန်းပင်လေးတွေကို ဖြတ်တိုက်လို့လာတဲ့ မနက်ခင်းရဲ့လေညှင်းအေးအေးလေးတွေက နှာခေါင်းဝဆီကိုလာရောက်တို့ထိ ဆော့ကစားကြတယ်...။

ကောင်းကင်ကိုမော့ကြည့်တဲ့အခါ နေရောင်ခြည်က မျက်မှန်အောက်က မျက်လုံးတွေဆီ ခြင်းနင်းဝင်ရောက်လာတာမို့ လက်တစ်ဖက်နဲ့ မျက်လုံးကိုကာပြီး သူခေါင်းငုံ့လိုက်တယ်။

"ဟေး ငါ့ကိုလိုက်ဖမ်း"

မူလတန်းအရွယ်ကောင်လေးတစ်ယောက်က ပန်းခြံထဲမှာထိုင်နေတဲ့သူ့ရှေ့ကနေဖြတ်ပြီးပြေးသွားတယ်။ နောက်ထပ်ရွယ်တူကောင်မလေးတစ်ယောက်က အဲ့ဒီကောင်လေး နောက်ကနေပြေးပြီးလိုက်ဖမ်းနေတာပေါ့...။

အတိတ်တစ်ချိန်က ခုနကကလေးလေးတွေလို ပြေးလွှားနေတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ကို သူကိုယ်တိုင် လိုက်ဖမ်းခဲ့ဖူးတယ်။

"ဦးလေးကြီး...ပီကေ့ကိုလိုက်ဖမ်းလေ"

ကလေးတွေကိုမြင်တိုင်း ပီကေ့ကို သတိရတယ်။ပီကေ့အကြောင်း သတိရမိတိုင်းလည်း သူပြုံးဖြစ်တယ်...

"တော်တော်ဘရုတ်ကျတတ်တဲ့ကောင်မလေး"

ဒါ ပီကေဆိုတဲ့ ကောင်မလေး ကိုတွေ့တိုင်းသူပြောနေကျစကားပါပဲ...
ပီကေက သူ့ထက် ၂နှစ်ပဲငယ်ပေမယ့် ခပ်တုံးတုံးမျက်မှန်ကြီးနဲ့ အဝတ်အစားစတိုင်ရိုးရိုးတွေကိုပဲဝတ်လေ့ရှိတဲ့ သူ့ကို အစ်ကိုလို့မခေါ်ဘဲ ဦးလေးကြီးလို့ပဲခေါ်တယ်...။

"ဦးလေးကြီးကို ပီကေ ချစ်လို့မရဘူးလား ဦးလေးကြီးက ပီကေ့ကိုမချစ်လည်း ပီကေကတော့ Billkin Putthipongဆိုတဲ့ ဦးလေးကြီးကိုချစ်မှာပဲ"
တဲ့....
ပီကေက နှုတ်ခမ်းလေးဆူပြီးပြောခဲ့တာ ...။

တဇွတ်ထိုးဆန်တဲ့ပီကေက စာအုပ်တွေကလွဲပြီးဘာမှမသိတဲ့ မချစ်တတ်တဲ့ သူ့လိုလူရဲ့ဘဝကို ခွင့်မတောင်းဘဲ အတင်းဝင်လာခဲ့တယ်။
ဒါပေမယ့် ခွင့်မတောင်းဘဲနဲ့ပြန်ထွက်သွားခဲ့တာလည်း အချိန်တွေတော်တော်ကြာခဲ့ပါပြီလေ။

အတိတ်ကို ပြန်လည်သတိရခြင်းကိုခေတ္တရပ်ပြီး သူရေးနေကျ စာအုပ်လေးကိုထုတ်ပြီး ရေးလိုက်တယ်။

"နေ့သစ်တစ်ခုရဲ့စတင်ခြင်းဟာ မနက်ခင်းဆိုရင်...
ဘဝသစ်တစ်ခုကိုရော အဲ့ဒီမနက်ခင်းမှာပဲ စလိုက်လို့မရဘူးလား....
Sunrise"

ခေါင်းထဲပေါ်လာတဲ့စာကြောင်းအချို့ကိုရေးလိုက်ပြီး စာအုပ်ကိုပိတ်လိုက်တယ်။
~~~~~~~~~~~~~~~~~~~~~~~~~

"ဒီတစ်ခေါက်တော့ ငါမဆော့ဖြစ်တော့ဘူး"

သုတ်လက်စ မျက်နှာသုတ်ပဝါကို အဝတ်စင်ပေါ်ပစ်တင်လိုက်ပြီး တစ်ဖက်ကလူရဲ့အမေးကိုဖုန်းထဲကနေဖြေရင်း အိပ်ယာပေါ်ပစ်လှဲချလိုက်တယ်။

အိပ်ယာကနိုးခါစ သူ့မျက်နှာက ပကတိနို့နှစ်ရောင်အသားအရည်ကြောင့် ဘာမှမလိမ်းထားသည့်တိုင် ကြည်လင်ပြီး ကြည့်ကောင်းနေသည်။

"ဟာ ဘာလို့လဲ သူတို့ကိုအရှုံးပေးလိုက်သလိုဖြစ်မှာပေါ့"
ဖုန်းပြောနေတဲ့တစ်ဖက်က သူငယ်ချင်းရဲ့ အားမလိုအားမရပြန်ပြောတဲ့အသံ...

"မင်းကိုပြောပြီးသားလေ အိမ်ကကွန်ပျူတာကပျက်သွားလို့ဒီရက်ပိုင်း ငါ ဘယ်သူနဲ့မှဂိမ်းပြိုင်မဆော့ဘူးလို့ နောက်ပြန်ကောင်းမှ တစ်ပွဲပြန်ချိန်းမယ်"

ဂိမ်းပြိုင်ဆော့နေကျ ပြိုင်ဘက်အဖွဲ့က PPတို့နဲ့ပြိုင်ဆော့တိုင်း ရှုံးနေကျမို့ မကျေနပ်...ဒီတစ်ခါလည်း ထပ်ပြီး စိန်ခေါ်ပြန်သည်။ ဘယ်နှခါဆော့ဆော့ PPကနိုင်နေကျဆ်ိုတော့ သူတို့ကိုမကြောက်ပေမယ့် PPဆော့နေကျ ကွန်ပျုတာက ဒီရက်ပိုင်းနည်းနည်းကြောင်နေလို့ ဆော့လို့အဆင်မပြေဖြစ်နေသည်။ဖုန်းနဲ့ဆော့ဖို့ကလည်း အားမရ...

"ဟာ Krit မင်းကလည်း သူဌေးသားဖြစ်ပြီး အသစ်ဝယ်ခိုင်းလိုက်လေ လုပ်ပါကွာ ငါတို့အဖွဲ့မှာ မင်းမဆော့ရင်အားလျော့တယ်ကွ"

"Maeနဲ့ Phawက ငါ့ကိုစာမေးပွဲအမှတ်နည်းလို့ မုန့်ဖိုးဖြတ်ထားတယ်။ဂိမ်းဆော့ဖို့ကွန်ပျူတာဝယ်ပေးဖို့ဆို အဝေးကြီး...ဒါပေမယ့် ထားလိုက်ပါ ငါကြည့်ကြံပါမယ် သူတို့ကို ဆော့မယ်လို့ပြောလိုက်"

ကျေနပ်သွားတဲ့သူငယ်ချင်းကတော့ ဖုန်းချသွားတယ်။

အိမ်မှာ Maeနဲ့ Phawကလွဲရင် PPပူဆာလို့ရတာဆိုလို့ P'Petch တစ်ယောက်ပဲကျန်တော့သည်။

P'Petchက PP Kritt ရဲ့ တစ်ဦးတည်းသောအစ်မဖြစ်သူ...PPက အထက်တန်းကျောင်းသားအရွယ်ဖြစ်ပြီး Petchကတော့ တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်နေပြီလေ...။

P'Petchက PPအပေါ်အရမ်းကောင်းသလို PPကလည်းP'Petchကို သိပ်ချစ်တယ်။ သူမက PPထက် ပိုလိမ္မာပြီး ပိုအေးကာ စာအုပ်တွေနဲ့သာ သူမဘဝကိုအချိန်ဖြုန်းနေတတ်သည်။အခုလည်း သူမရဲ့အခန်းထဲက အိပ်ရာပေါ်မှာ တစ်ယောက်တည်း စာဖတ်နေလေရဲ့...

"မမ..."

"အင်းလာ PPလေး ဘာပြောမို့လဲ"

မမက သူဖတ်လက်စစာအုပ်ကိုချပြီး အိပ်ရာပေါ်မှာ PPထိုင်ဖို့ နေရာနည်းနည်းတိုးပေးလိုက်သည်။

PPက အိပ်ရာပေါ်တက်တာနဲ့ Petchရဲ့ခါးကိုဖက်ပြီး ခေါင်းဝှေ့ကာချွဲတော့သည်။

"ဒီတိုင်းလေးနေချင်လို့"

"အမယ် PPလေး ဘာလဲ ထူးထူးဆန်းဆန်းဂိမ်းမဆော့ဘဲ အစ်မကိုလာချွဲနေပါ့လား ပြောပါဦး ဘာလိုချင်လို့လဲ"

"ဟာ မမကလည်း ဒီတိုင်းချွဲလို့မရဘူးလား"
နှုတ်ခမ်းဆူပြီးပြောလိုက်တဲ့ PPကိုကြည့်ပြီး Petchအသည်းလည်းယား ရယ်လည်းရယ်ချင်လာသည်။

"ချွဲလို့ရပါတယ်...၁၆နှစ်သားက ကလေးလုပ်နေတုန်းလား ငယ်ငယ်က PPချွဲပြီဆိုရင် ဗိုက်ဆာလို့ရယ် တစ်ခုခုလိုချင်လို့ရယ်ကများတယ်မဟုတ်လား"

"ဟီး ဟုတ်တယ်"

"ကဲ ကြည့်စမ်း ဒီကောင်လေး မမဆီကဘာလိုချင်လို့လဲ"

"PPဂိမ်းဆော့နေကျ ကွန်ပျူတာပျက်နေလို့အဲ့တာ..."

"အဲ့တာMae နဲ့ Phawကို မပူဆာရဲဘူးပေါ့..."

PPကမျက်နှာငယ်လေးနဲ့ ခေါင်းညိတ်ပြသည်။

"ဟုတ်ပြီ PPလေးလိုချင်တာ မမသိပြီ ငဆိုးလေး ဒါဆို အစ်မကိုချစ်လို့လာချွဲတာဟုတ်ဘူးပေါ့"

"မမကိုလည်းချစ်တာပေါ့...ဒီအစ်မတစ်ယောက်ပဲရှိတာ"

ချွဲစိန်မောင်လေးရဲ့ခေါင်းက ဆံပင်အုပ်အုပ်လေးကိုဖွလိုက်ပြီး Petchက စကားတစ်ခွန်းပြန်ပြောသည်။

"မမက PPလေးဂိမ်းဆော့ဖို့ ကူညီသလို PPကလည်း မမကိုတစ်ခုကူညီရမယ်"

"ဘာလဲဟင် ကူညီမှာပေါ့"

Petchက သူ့ရဲ့စားပွဲပေါ်က စာအုပ်ပုံထဲကနေ အပေါ်ဆုံးတစ်အုပ်ကိုဆွဲယူလိုက်သည်။ ပြီးတော့ စာအုပ်ကိုထောင်ပြကာ

"ဒီစာအုပ်က မပြီးသေးဘူး အဆက်ရှိသေးတဲ့ပုံပဲ မမရှာနေတာ စာအုပ်ဆိုင်နှံ့နေပြီ လာမယ့်အပတ်ကစပြီး မမက examနဲ့မအားတော့ဘူး အဲ့တာ PPက ကျောင်းပိတ်ထားတုန်း မမအစား ဒီစာအုပ်ရဲ့အဆက်ကို ရှာပေးပါလား"

Petchကပြောလည်းပြော စာအုပ်ကိုလည်း PPရဲ့လက်ထဲထည့်လိုက်သည်။

PPကသူ့လက်ထဲရောက်လာတဲ့ စာအုပ်ကို ကြည့်လိုက်တော့ စာအုပ်အဖုံးပေါ်မှာ "Once upon a time... In A Library" လို့ရေးထားပြီး အောက်နားဘေးမှာ "By Sunset" လို့ရေးထားသည်။ အပေါ်ကတော့ စာအုပ်ရဲ့နာမည်ဖြစ်ပြီး အောက်ကတော့ ရေးတဲ့သူဖြစ်လိမ့်မည်လို့ PPကောက်ချက်ချလိုက်သည်။ စာအုပ်အဖုံးကရိုးရှင်းလွန်းတာမို့ အစကတည်း စာဖတ်ရတာ စိတ်မဝင်စားတဲ့ PPအတွက်ပျင်းစရာကောင်းနေသည်။

"ဒါက နည်းနည်းဟောင်းနေပြီနော် မမ ရှာရလွယ်ပါ့မလား"

"ဟုတ်တော့ဟုတ်တယ် တော်တော်ကြာနေပြီ Mae ပစ္စည်းအဟောင်းတွေထဲကတွေ့တာ ၁၀နှစ်၁၅နှစ်တောင်မကတော့ဘူးထင်တယ်"

"ဟာ မမရာ ဒီစာအုပ်ရဲ့အဆက်က်ို ရှာမယ့်အစားလေ လကမ္ဘာကိုသွားရင်တောင် တကယ်ရောက်ဦးမှာ"

"PPလေးရယ် လုပ်ပါ မမဇာတ်သိမ်းကိုသိချင်လို့ မမ မရှာရသေးတဲ့ စာအုပ်ဆ်ိုင် နှစ်ခုရှိသေးတယ် အဲ့နှစ်ဆိုင်က စာအုပ်အဟောင်းတွေပါရောင်းတယ်တဲ့"

နောက်ဆုံးတော့ PPက စာအုပ်ရှာပေးဖို့ သဘောတူဖြစ်ခဲ့တယ်။ မမက သိပ်သဘောကျတဲ့စာအုပ်မို့ရော...ဂိမ်းဆာ့ဖို့ ကွန်ပျူတာအသစ်ရမှာမို့ရောပေါ့..။
ဒီလိုနဲ့ တစ်ခါမှ ခြေဦးမလှည့်ဖူးတဲ့ စာအုပ်ဆ်ိုင်တွေဆီ သွားဖြစ်ခဲ့တယ်ဆိုပါတော့...
~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဟိုဘက်ဆိုင်ကညွှန်းလိုက်တာ ဒီဆိုင်မှာတော့ရှိလောက်တယ်တဲ့"

"ရှူး အသံလေးနည်းနည်းလျှော့ပါ"

PPက ပီကေဝါးနေရင်း ပြောတော့
စာအုပ်ဆိုင်ကောင်တာက အစ်ကိုက အသံကျယ်သွားတဲ့ PPကိုသတိပေးလိုက်သည်။ အဲ့ကျမှ PPလည်း ဆိုင်ထဲမှာစာဖတ်နေတဲ့သူတွေကို သတိထားမိသည်။ တစ်ယောက်နဲ့တစ်ယောက်စကားမပြောကြတာမို့ PPအသံကလွဲရင် တိတ်ဆိတ်နေတာပဲ...။

"ဪ ဆောရီး"

မမပြောတဲ့နှစ်ဆိုင်မှာ တစ်ဆိုင်က လုံးဝမရှိဘူးလို့ ငြင်းလိုက်တာကြောင့် ဒုတိယမြောက်ဆ်ိုင်ကို PPရောက်နေခြင်းပင်...။

ပုံမှန်ဆိုစာအုပ်ဆိုင်ဆိုတာ PPသွားလေ့မရှိတော့ ဒီစာအုပ်ဆိုင်လေးက အခြားနေရာတွေထက်ပိုထူးခြားသလိုခံစားမိသည်။

တစ်ခါတစ်လေ မမနဲ့လိုက်ဖူးတဲ့ဆိုင်တွေက စာအုပ်တွေချည်းပဲရှိပေမယ့် အခုဆိုင်ကတော့ စာအုပ်ရောင်းရုံပဲမဟုတ်ဘဲ မဝယ်နိုင်တဲ့သူတွေအတွက် အလကားဖတ်လို့ရအောင် စာကြည့်တိုက်လေးတစ်ခုပါ တွဲလျက်ဖွင့်ထားသည်။
အပြင်အဆင်က ရိုးရိုးလေးပေမယ့် အထဲဝင်လိုက်တာနဲ့ စိတ်ကိုအေးချမ်းစေသည်။
တိတ်ဆိတ်ငြိမ်သက်လွန်းနေပြီး သီချင်းသံအေးအေးလေးကို တိုးတိုးလေးဖွင့်ထားသည်။
စာအုပ်ဖတ်ရတာကြိုက်တဲ့သူတွေချည်းစုနေတဲ့ အသိုက်အမြုံလေးပေါ့...။

ဒါပေမယ့်PP အတွက်တော့မဟုတ်ဘူး..
ဂိမ်းတွေလို စိန်ခေါ်မှုတွေ အန္တရာယ်တွေကြားထဲ ဆူဆူညံညံနေခဲ့ရတော့ ဒီလိုနေရာက PP အတွက်ငြိမ်သက်လွန်းပြီးပျင်းစရာကောင်းနေတယ်။

ဆိုင်ရှင် အစ်ကိုပြောတဲ့ စာအုပ်အဟောင်းတွေရှိလောက်မယ့် ဆိုင်ထဲက စာကြည့်တိုက်မှာ တစ်နာရီလောက်အချိန်ဖြုန်းရတာ PPအတွက် ၁၀နာရီလောက်ကြာသလိုပဲ...။ တစ်နာရီလောက် စာအုပ်တွေမွှေနှောက်ပေမယ့်လည်းရှာမတွေ့...ဆိုင်ပိုင်ရှင်ကလည်း အားကိုးမရပေ။

"ဟာ ဟုတ်သားပဲ သူငယ်ချင်းတွေနဲ့ hang out လုပ်ဖို့ပြောထားတာ နောက်နေ့မှပဲထပ်လာရှာတော့မယ်"

ပီကေမှုတ်ရင်း ပျင်းရိစရာ စာအုပ်ဆိုင်ထဲကနေ အမြန်ထွက်လာလိုက်တယ်။

ဆိုင်တံခါးကိုဖွင့်ဖွင့်ချင်းဝင်လာတဲ့လူကို PPမတွေ့ဘဲ ပီကေမှုတ်နေရင်းတန်းလန်း သူ့ရင်ဘတ်ကိုဝင်တိုက်မိသည်။

"အု..."

ပီကေတွေကဝင်လာတဲ့သူရဲ့ အကျီင်္ရင်ဘတ်မှာ ကပ်သွားတာပေါ့။

"အား...ဆောရီး"

PPကအားနာနာနဲ့လက်နဲ့ခွာပေးဖို့လုပ်ပေမယ့် သူက အခွာမခံဘဲ အနောက်ကိုတွန့်သွားတယ်။

"ရတယ် ကိစ္စမရှိဘူး"
ဆိုပြီးမျက်နှာတည်နဲ့ PPကိုတစ်ချက်ကြည့်ပြီးတာနဲ့ ပီကေ ကပ်နေတဲ့ဒီတိုင်းပဲ ဆိုင်ထဲဆက်လျှောက်သွားတယ်။

PPကိုကြည့်လိုက်တဲ့မျက်မှန်အောက်က မျက်လုံးတွေက ခဏတဖြုတ်ပဲတွေ့လိုက်ရတာပေမယ့် တစ်ခါတွေ့ဖူးရုံနဲ့ တစ်သက်လုံးမှတ်မိသွားစေနိုင်တဲ့မျက်လုံးမျိုး...
ကြည်ပြီးတောက်နေတဲ့ မျက်လုံးဝိုင်းဝိုင်းတွေကို ခပ်တုံးတုံးမျက်မှန်တစ်လက်နဲ့ကာထားတာ နှမြောစရာကောင်းတယ်လို့ PPတွေးမိလေရဲ့။

"သူက စိတ်လည်းမဆိုးပါလား"

PPက ခေါင်းကုပ်ရင်း ထပ်လှည့်ကြည့်လိုက်တယ်။

"သူဌေး ဒီနေ့ဆိုင်လာတာ နောက်ကျတယ်နော်"
ခုနက ဆိုင်ကောင်တာက အစ်ကိုက PPနဲ့တိုက်မိတဲ့ တစ်ယောက်ကိုမေးလိုက်တာကို PPတွေ့လိုက်တယ်။

"အင်း ငါ ပန်းခြံထဲမှာစာရေးနေလို့ နောက်ကျသွားတာ"
သူကပြန်ပြောပြီး စာကြည့်တိုက်ရှိတဲ့ဘက်ကို ဝင်သွားသည်။

သူဌေးတဲ့လား....ဒါဆို ဒီဆိုင်ပိုင်ရှင်ပေါ့...။

ဒီစာအုပ်ဆိုင်လေးကိုနောက်နေ့ပြန်လာဖြစ်ဖို့ PPအတွက်သေချာသွားပြီ။စာအုပ်တွေကို စိတ်မဝင်စားပေမယ်​့ စာအုပ်ဆိုင်ပိုင်ရှင်ကတော့ စိတ်ဝင်စားစရာကောင်းသား...။ အဲ... မမပြောတဲ့စာအုပ်ကိုလည်း ရှာရဦးမယ်မဟုတ်လား။
~~~~~~~~~~~~~~~~~~~~~~~~~~

ဒီနေ့တော့ PPစာအုပ်ဆိုင်မှာ ရောက်နေတာ တစ်နာရီကျော်နေပေမယ့် မပြန်ဖြစ်သေး...စာအုပ်တွေဆီလည်းအာရုံကမရောက်သလို မမရှာခိုင်းတဲ့စာအုပ်ရဲ့အဆက်ဆိုတာလည်း အစနလေးတောင်ရှာမရရပေ။
PP တွေ့ချင်တဲ့ သူ့ကိုလည်း မတွေ့ရဘူး။

စိတ်ညစ်ညစ်နဲ့ပြန်လိုက်ချင်ပေမယ့်လည်း ခဏလောက်စောင့်ကြည့်မယ်ဆိုပြီး နားကြပ်နှစ်ဖက်ကိုတပ်လို့ မျက်နှာပေါ်စာအုပ်တင်ကာ အိပ်ပျော်သွားတယ်။

"ဟေ့ ဒီနေရာမှာ မအိပ်ရဘူးလေ"

ခဏကြာတော့ တစ်စုံတစ်ယောက်က PPကို လှုပ်နိုးနေတယ်လို့ခံစားမိတယ်။

နားကြပ်တပ်လျက်နဲ့ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေတော့ နှိုးနေတဲ့သူက စိတ်မရှည်တော့ဘူးထင်ပါရဲ့...နားကြပ်ကိုဆွဲဖြုတ်ပြီး မျက်နှာပေါ်က စာအုပ်ကိုဖယ်လိုက်တယ်။
ပြီးတော့ အနားတိုးပြီး အသံမြှင့်ပြောလိုက်မှ PPလည်း လန့်နိုးသွားတော့တယ်။

"ဒီနေရာမှာ မအိပ်ရဘူးဆို"

"ဟင် သူ ပါလား"

PPအိပ်ချင်ပြေပြီး စာအုပ်စင်က်ိုမှီနေရာကနေ မတ်မတ်ထိုင်လိုက်ပြီး လက်ဝါးတစ်ဖက်ထောင်ကာ သွားဖြဲပြီးနှုတ်ဆက်လိုက်တယ်။

"ဟိုင်း P' တွေ့ရတာဝမ်းသာပါတယ် ဟီး"

"ဒီနေရာမှာ ခြေဆန့်ပြီးအိပ်နေတော့ customerတွေလမ်းပိတ်ကုန်တာပေါ့ ခုံပေါ်မှာ အိပ်လို့ရတယ်"

"ဆောရီးနော် P' ကျွန်တော်ပြန်တော့မှာပါ"

PPနှုတ်ဆက်တာကို သူက အဖတ်မလုပ်...မနေ့ကလိုပဲ မပြုံးမရယ် မျက်နှာတည်နဲ့ပဲ PPကိုပြန်ပြောပြီး ထသွားဖို့လုပ်နေတယ်။
ဟွန့်...တော်တော်သဘောမကောင်းတဲ့ဆိုင်ရှင်ကြီး...

"အာ ခဏလေး P' "

ထသွားတဲ့ သူ့ရဲ့လက်မောင်းကို အချိန်မီလှမ်းဆွဲလိုက်နိုင်တယ်။
သူက ဆက်မသွားပဲလှည့်ကြည့်တော့ PPကအရဲစွန့်ပြီး...

"P' ရဲ့နာမည်ကိုသိချင်လို့"

"Billkin Putthipong Assaratanakul"

"နာမည်က မိုက်သားပဲ ဟီး ဒါဆို P'Kinလို့ခေါ်လို့ရမလား"

သူကအလွယ်ပဲခေါင်းညိတ်ပြီး ထွက်သွားဖို့​ကြိုးစားပေမယ့်PPက မလွှတ်ပေး။

"P'Kin ခဏလေး ..."

သူစိတ်မရှည်စွာနဲ့ PPကို ပြန်လှည့်ကြည့်ရပြန်တယ်။

"ဘာလဲ..."

"ကျွန်တော့်နာမည်ကိုရောမသိချင်ဘူးလား...ဟင်"

"မင်းနာမည်ကဘာလဲ"

"PP တဲ့ PP kritt ....နာမည်အပြည့်စုံက PP Kritt Amnuaydechkornလို့ခေါ်တယ် သူငယ်ချင်းတွေက ကျွန်တော့်ကို PKလို့လည်း ခေါ်တယ် ပီကေအရမ်းဝါးလို့တဲ့...ပြီးတော့ PP Kritt ရဲ့ နာမည်အတိုကောက်ကလည်း PKလေ P' ကြိုက်သလိုခေါ်..."

PPက ဝမ်းသာအားရပြောပြနေပေမယ့် သူကတော့ မျက်နှာပျက်သွားပြီး သူ့လက်မောင်းကိုဆွဲထားတဲ့​PPရဲ့လက်ကိုဖြုတ်ချပြီး PPရှေ့ကထွက်သွားသည်။

"ဟင်...စိတ်ဆိုးသွားတာလား ငါဘာလုပ်မိလို့လဲ စကားများလို့စိတ်ပျက်သွားတာလား"
နာမည်လေးမိတ်ဆက်ရုံနဲ့တော့ စိတ်ဆိုးသွားစရာအကြောင်းမရှိဘူးလို့ PPကတော့ထင်တာပဲ။ ဒီနေ့တော့ သူ့နာမည်သိခွင့်ရသွားပြီမို့ PP ပျော်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~
"ဟိုင်း...P' ဒီနေ့စောတယ်နော် ပန်းခြံထဲမှစာမရေးတော့ဘူးလား"
ကောင်တာမှာတစ်ယောက်တည်း ထိုင်နေတဲ့ သူ့ကို PP ပီကေကို ဝါးနေရင်းနှုတ်ဆက်လိုက်တယ်။ ဒီနေ့တော့ PPကံကောင်းတယ် သူ့ကိုစောစောတွေ့ရသလို အကြာကြီးလဲတွေ့ရတယ်။

"ရော့ P' ကြိုက်လားတော့မသိဘူး PP က ဒိန်ချဉ်သောက်ရတာကြိုက်လ်ို့ P'Kin အတွက်တစ်ဘူးယူလာတယ်"

သူ့ကြည့်ရတာ PPကို သိပ်ခင်သေးပုံမပေါ်သေးပေမယ့်​ဒိန်ချဉ်ဘူးကို အကြာကြီးကြည့်နေပြီး ကျေးဇူးတင်ကြောင်းပြောပြီးယူလိုက်တယ်။
တော်သေးတာပေါ့...PP ပေးတာမငြင်းလို့။

စာအုပ်ကိုရှေ့မှာထောင်ထားပေမယ့် ကောင်တာဘက်ကို မျက်လုံး​ရောက်ရောက်နေတာကတော့​PP လည်းမတတ်နိုင်ဘူး။ P'Kinက PP ဆီတစ်စက်လေးမှမကြည့်ဘူး...ဒါပေမယ့် PP ကတော့ P'kin ကိုကြည့်ရတာ ပျော်တယ်။ P'Kin စာဖတ်နေရင်း မျက်မှန်လေးကိုတစ်ချက်တစ်ချက်ပင့်တင်လိုက်ရင် PP သဘောအကျဆုံးပဲ...

P'Kin က PPကိုမကြည့်မှတော့​ဘယ်တတ်နိုင်မလဲ...PP ကြံရတော့တာပေါ့။

"P'Kin...PPလေ စာအုပ်ကောင်းကောင်းလေးတွေဖတ်ချင်လို့ ပြပေးပါလား PPကသိပ်မသိဘူး"

သူက အဲ့လိုကျ သဘောကောင်းတယ်။
ချက်ချင်းထပြီး စာအုပ်တန်းတွေရှိရာကိုလိုက်လာလေရဲ့။

စာအုပ်အချို့ကိုရှာပြီး PPလက်ထဲထည့်ပေးတယ်။

"အာ ကျေးဇူးပဲ P'Kin ဒါနဲ့ ဒီနားမှာ စာလာဖတ်ပါလား PP ဘေးမှာလေ....
ကောင်တာမှာက ဟိုအကိုကြီးရောက်လာပြီပဲ..."

"...."

"နော်"

သူက မပြုံးမရယ်နဲ့ PPကိုကြည့်နေပြန်တယ်။ မျက်မှန်အောက်က မျက်လုံးတောက်တောက်​တွေနဲ့ပေါ့...

"ဘာလို့လဲ"
သူက အေးစက်စက်နဲ့ပြန်မေးတယ်။

"P' နဲ့အတူဖတ်ပြီး မသိတာတွေမေးချင်လို့ပေါ့ ပြီးတော့....P'Kinနဲ့ ရင်နှီးချင်လို့လေ"

သူကလက်ခံပုံရတယ်...စာအုပ်ယူလာပြီး PP ဘေးမှာလာထိုင်တယ်။ ဒါပေမယ့် အေးစက်စက်ရေခဲတုံးကြီးလိုပဲ PPကို အဖက်မလုပ်ပြန်ဘူး။

"P'Kinက အသက်ဘယ်လောက်လဲ"

"၃၆နှစ်"

"ဟမ်..."
PPထက်ကြီးတယ်ဆ်ိုတာသိပေမယ့် ဒီလောက်မထင်ထားဘူး...ဒါဆို PPနဲ့၂၀တောင်ကွာတာပဲ။

"P'လို့ခေါ်ဖို့ အသက်ကြီးနေပြီမလား"
သူက အံ့ဩသွားတဲ့ PPကို ပြန်မေးတော့
PPကသွားဖြဲပြသည်။

"အင်း ဒါဆို ပြောင်းခေါ်မယ်လေ P'လို့ခေါ်တော့ဘူး ဦးလေးကြီးလို့ခေါ်ရတော့မှာပေါ​့ နော်ဦးလေးကြီး"

သူ့ဒုတိယအကြိမ်မျက်နှာပျက်ပြန်ပါသည်။
ဒါကို Billkinမျက်နှာကို အရိပ်လိုကြည့်နေတဲ့ PPကသတိထားမိတယ်။

"အာ ဦးလေးကြီးလ်ို့ခေါ်တာမကြိုက်ဘူးလား ဒါဆ်ိုမခေါ်တော့ဘူးနော် ဟီး"
ဒီနေ့တော့ PP သူ့အနားမှာ ထိုင်ခွင့်ရခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~

"ဦးလေးကြီး အဲ မှားလို့ P'Kin!..."

"ဒီနေ့လည်း လာပြန်ပြီလား"
သူက ပါးစပ်ကသာ လာပြန်ပြီလားလို့မေးနေပေမယ့် PPထိုင်နေကျစားပွဲပေါ်မှာ PPဖတ်ဖို့ စာအုပ်တစ်အုပ် တင်ပေးထားလေ့ရှိတယ်။

"ဟီး ရော့ P'Kinအတွက် ဒိန်ချဉ်..."
PPကလည်း စာအုပ်ဆိုင်လာတိုင်း Kinအတွက် ဒိန်ချဉ်တစ်ဘူးယူလာလေ့ရှိတယ်။
P'Kin ဒိန်ချဉ်ကြိုက်မှန်း PPသိတယ်လေ...PPပေးတိုင်း ခဏလေးနဲ့ကုန်အောင်စားစားပစ်တာကိုး။

ပြီးရင် ထုံးစံအတိုင်း PPက Kinဘေးမှာထိုင်ပြီးစာဖတ်နေတဲ့ Kinကို စကားတွေများနေကြ...

"P'Kin...ဒီစာအုပ်ကလေ..."
"P'Kin က ဘယ်မှာနေတာလဲ"
"P'ကို ဘာလို့ ဦးလေးကြီးလို့ခေါ်ရင်မကြိုက်တာလဲ..."
"P'Kin......ဟိုဟာလေ"

Kinကစိတ်မရှည်တော့တဲ့အခါ
"ပီကေ စကားမများနဲ့တော့...."
လို့ပြောလိုက်မိတယ်။
ပြီးမှ စကားမှားပြောမိသွားတဲ့ပုံစံနဲ့ ပါးစပ်ကိုလက်နဲ့အုပ်လိုက်တယ်။

"ဟင် PPကို ပီကေလို့ခေါ်လိုက်တယ်...P'Kin ဒါဆို PPနဲ့ရင်းနှီးသွားတဲ့သဘောပေါ့နော်"

"မှားခေါ်တာ..."
ထပ်ပြီးအေးစက်စက်နဲ့ဆက်ဆံပြန်တယ်။
ဒါပေမယ့် PPကတော့ အေးစက်နေလည်း ကိစ္စတော့မရှိဘူး။အတူတူရှိနေရတာကိုပဲ ကျေနပ်နေတာ...

PPကို စကားမများနဲ့လို့ P'Kinကပြောထားတော့ PPကလိမ္မာရမှာပေါ့..
ငြိမ်​ငြိမ်လေးနေဖို့ PPကြိုးစားရင်း ဘယ်လိုအိပ်ပျော်သွားမှန်းမသိဘူး။
ခဏကြာတော့ အိပ်ပျော်နေတဲ့ PPပေါ်ခြုံပေးထားတဲ့စောင်ပြုတ်ကျသွားမှ လန့်နိုးလာတယ်။

"ဟင် ဒါ P'Kinခြုံပေးထားတာများလား"
P'Kinကို ကြည့်လိုက်တော့ ကောင်တာမှ ရုပ်တည်ကြီးနဲ့ထိုင်နေပြန်ပြီ ...သူနဲ့မဆိုင်သလိုပဲ။
ကြည့်ရတာ ကောင်တာကအကိုကြီးခြုံပေးတာပဲနေမှာ...
P'Kinလား ခြုံပေးမှာ။

အဲ့နေ့က PPပြန်ခါနီး သူက ထူးထူးဆန်းဆန်း စကားစပြောတယ်။
"နောက်နေ့ပြန်လာဦးမှာလား"တဲ့လေ...

PPလည်းစချင်တာနဲ့
"ဟင့်အင်း..."လို့ပြောတော့ သူ့မျက်နှာပျက်သွားတာကို PPတွေ့တော့ သိပ်ပျော်တာပဲ။

"စတာ လာမှာ.."

အဲ့ကျတော့ သူ မပြုံးပေမယ့်မျက်လုံးတွေတောက်သွားတာကို PPသတိထားမိတယ်။
ဒါပေမယ့်လည်း သူကထုံးစံအတိုင်း ဘုကလန့်ပြောတာပါပဲ...

"ဘာလာလုပ်မှာလဲ"တဲ့...

"PPလေ တကယ်တော့ စာအုပ်တစ်အုပ်ကိုရှာနေတာ အဲ့တာကြောင့် ဒီကိုခဏခဏလာနေတာ"

"ဘာစာအုပ်လဲ..."

"အဲ စာအုပ်နာမည်က.."
ပြောကာမှ PPစာအုပ်နာမည်မေ့နေသည်။ စာအုပ်ကလည်း အိမ်မှာကျန်ခဲ့တာကိုး...
စာအုပ်သွားရှာတာကို စာအုပ်နာမည်မေ့နေလို့P'Petch တော့သိရင် စိတ်ဆိုးမှာသေချာသည်။

"မေ့နေလို့ မနက်ဖြန်မှ ပြန်မေးခဲ့မယ် ဟီး"

"စာအုပ်ရှာမှာရော ဟုတ်လို့လား"
သူက PPကိုမယုံသင်္ကာနဲ့မေးတယ်။

"ဒါပေါ့ ဘာလဲ မယုံဘူးလား စာအုပ်မရှာဘဲ စာအုပ်ဆိုင်ကိုလာတယ်ဆိုတော့ ဆိုင်ပိုင်ရှင်ကိုစိတ်ဝင်စားလို့လို့ ထင်နေတာလား"

PPရဲ့ စကားကြောင့် သူ့ပါးစပ်တွေအနည်းငယ်ဟကာ မျက်လုံးဝိုင်းဝိုင်းတွေက ပိုဝိုင်းသွားသည်။
လန့်သွားတဲ့သဘော...
P'Kinရဲ့ဖြစ်သွားတဲ့ပုံကိုကြည့်ပြီး PPစိတ်ထဲမှာကြိတ်ရယ်မိသည်။

"ပေါက်ကရ..."
သူမျက်မှောင်ကြုံ့ပြီးဟိုဘက်လှည့်သွားတယ်။
PPကပြုံးကာ ထပ်ပြောတယ်။

"အကယ်၍ တကယ်စိတ်ဝင်စားတယ်ဆိုရင်ကော..."

Kinရဲ့လှုပ်ရှားမှုတွေ တုံ့ခနဲ...

"စိတ်ဝင်စားလို့မရဘူးလားဟင်"လို့
PPက ဆက်မေးလိုက်တယ်။

Kinကဘာမှမပြောဘဲ အံ့ဩနေတဲ့ပုံနဲ့ PPကိုကြည့်နေတယ်။ဒီတစ်ခါတော့ တကယ်လန့်သွားတဲ့ပုံပဲ...

"ဘာလဲ ၁၆နှစ်သားဆိုပြီး အထင်သေးတာလား PPက ကျောင်းပြီးတာနဲ့ P' ကိုအတည်တွဲမှာနော် ဒါပဲ"

မသိဘူး...PPတော့ ပြောချင်ရာပြောခဲ့ပြီး သူ့မျက်နှာကိုမကြည့်ဘဲ ပြေးထွက်လာခဲ့ပြီ။ သူစိတ်ဆိုးပြီး PPကို ထပ်မလာခိုင်းတော့ရင် ဘယ်လိုလုပ်မလဲ...
အဲ့တာဆိုလည်း မရပါဘူး...PPကတော့လာမှာပဲ။

စာအုပ်ဆိုင်ထဲမှာကျန်ခဲ့တဲ့ Billkinကတော့ ကျောင်းပြီးတာနဲ့အတည်တွဲမှာဆိုတဲ့ ကောင်လေးကြောင့် မပြုံးတာကြာတဲ့ အပြုံးနဲ့ရယ်နေမိတယ်။

"ဘာတဲ့..P'ကို အတည်တွဲမှာဆိုပဲ...တော်တော်ဘရုတ်ကျတဲ့ ကောင်လေး"

မပြောတာကြာတဲ့ စကားတစ်ခွန်းကို PPနဲ့တွေ့မှ ထပ်ပြောမိပြန်ပြီ။
သူ့ရှေ့မှာတည်နေပေမယ့် သူလာတိုင်း Kinပျော်နေရတယ်ဆိုတာကို PPမသိလောက်ဘူး...

အတိတ်တစ်ချိန်က Billkinဘဝထဲကိုဝင်လာတဲ့ ဘရုတ်ကျတဲ့ကောင်မလေးနဲ့ အရာရာသိပ်တူနေတဲ့ ဘရုတ်ကျတဲ့ ကောင်လေးကလည်း မလွယ်ကြောလေးပါပဲ...

အေးစက်နေတဲ့ Kinရဲ့နှလုံးသားကို အရည်ဖျော်နိုင်စွမ်းတယ်လေ........။

~~~~~~~~~~~~~~~~~~~~~~~
To be continued...❤️

BKကို အငြိမ်၊ PPကို အသွက်လေးရေးထားတယ်။
Kyl ဖတ်ချင်တဲ့ပုံစံလေးကို စိတ်ကူးယဉ်ကြည့်တာရယ်ပါ...အပြင်ကနဲ့တော့တခြားစီပေါ့😜
နောက်တစ်ပိုင်းမှာ Kin's POVလေးလာပါ့မယ်။
Coming soon....😉

​💫Once upon a time ... in a library 📖
~~~~~~~~~~~~~~~~~~~~~~~~~~

ပန္းပင္ေလးေတြကို ျဖတ္တိုက္လို႔လာတဲ့ မနက္ခင္းရဲ့ေလညႇင္းေအးေအးေလးေတြက ႏွာေခါင္းဝဆီကိုလာေရာက္တို႔ထိ ေဆာ့ကစားၾကတယ္...။

ေကာင္းကင္ကိုေမာ့ၾကည့္တဲ့အခါ ေနေရာင္ျခည္က မ်က္မွန္ေအာက္က မ်က္လုံးေတြဆီ ျခင္းနင္းဝင္ေရာက္လာတာမို႔ လက္တစ္ဖက္နဲ႔ မ်က္လုံးကိုကာၿပီး သူေခါင္းငုံ႔လိုက္တယ္။

"ေဟး ငါ့ကိုလိုက္ဖမ္း"

မူလတန္းအရြယ္ေကာင္ေလးတစ္ေယာက္က ပန္းၿခံထဲမွာထိုင္ေနတဲ့သူ႔ေရွ႕ကေနျဖတ္ၿပီးေျပးသြားတယ္။ ေနာက္ထပ္ရြယ္တူေကာင္မေလးတစ္ေယာက္က အဲ့ဒီေကာင္ေလး ေနာက္ကေနေျပးၿပီးလိုက္ဖမ္းေနတာေပါ့...။

အတိတ္တစ္ခ်ိန္က ခုနကကေလးေလးေတြလို ေျပးလႊားေနတဲ့ ဆယ္ေက်ာ္သက္ေကာင္မေလးတစ္ေယာက္ကို သူကိုယ္တိုင္ လိုက္ဖမ္းခဲ့ဖူးတယ္။

"ဦးေလးႀကီး...ပီေက့ကိုလိုက္ဖမ္းေလ"

ကေလးေတြကိုျမင္တိုင္း ပီေက့ကို သတိရတယ္။ပီေက့အေၾကာင္း သတိရမိတိုင္းလည္း သူျပဳံးျဖစ္တယ္...

"ေတာ္ေတာ္ဘ႐ုတ္က်တတ္တဲ့ေကာင္မေလး"

ဒါ ပီေကဆိုတဲ့ ေကာင္မေလး ကိုေတြ႕တိုင္းသူေျပာေနက်စကားပါပဲ...
ပီေကက သူ႔ထက္ ၂ႏွစ္ပဲငယ္ေပမယ့္ ခပ္တုံးတုံးမ်က္မွန္ႀကီးနဲ႔ အဝတ္အစားစတိုင္ရိုးရိုးေတြကိုပဲဝတ္ေလ့ရွိတဲ့ သူ႔ကို အစ္ကိုလို႔မေခၚဘဲ ဦးေလးႀကီးလို႔ပဲေခၚတယ္...။

"ဦးေလးႀကီးကို ပီေက ခ်စ္လို႔မရဘူးလား ဦးေလးႀကီးက ပီေက့ကိုမခ်စ္လည္း ပီေကကေတာ့ Billkin Putthipongဆိုတဲ့ ဦးေလးႀကီးကိုခ်စ္မွာပဲ"
တဲ့....
ပီေကက ႏွုတ္ခမ္းေလးဆူၿပီးေျပာခဲ့တာ ...။

တဇြတ္ထိုးဆန္တဲ့ပီေကက စာအုပ္ေတြကလြဲၿပီးဘာမွမသိတဲ့ မခ်စ္တတ္တဲ့ သူ႔လိုလူရဲ့ဘဝကို ခြင့္မေတာင္းဘဲ အတင္းဝင္လာခဲ့တယ္။
ဒါေပမယ့္ ခြင့္မေတာင္းဘဲနဲ႔ျပန္ထြက္သြားခဲ့တာလည္း အခ်ိန္ေတြေတာ္ေတာ္ၾကာခဲ့ပါၿပီေလ။

အတိတ္ကို ျပန္လည္သတိရျခင္းကိုေခတၱရပ္ၿပီး သူေရးေနက် စာအုပ္ေလးကိုထုတ္ၿပီး ေရးလိုက္တယ္။

"ေန႔သစ္တစ္ခုရဲ့စတင္ျခင္းဟာ မနက္ခင္းဆိုရင္...
ဘဝသစ္တစ္ခုကိုေရာ အဲ့ဒီမနက္ခင္းမွာပဲ စလိုက္လို႔မရဘူးလား....
Sunrise"

ေခါင္းထဲေပၚလာတဲ့စာေၾကာင္းအခ်ိဳ႕ကိုေရးလိုက္ၿပီး စာအုပ္ကိုပိတ္လိုက္တယ္။
~~~~~~~~~~~~~~~~~~~~~~~~~

"ဒီတစ္ေခါက္ေတာ့ ငါမေဆာ့ျဖစ္ေတာ့ဘူး"

သုတ္လက္စ မ်က္ႏွာသုတ္ပဝါကို အဝတ္စင္ေပၚပစ္တင္လိုက္ၿပီး တစ္ဖက္ကလူရဲ့အေမးကိုဖုန္းထဲကေနေျဖရင္း အိပ္ယာေပၚပစ္လွဲခ်လိုက္တယ္။

အိပ္ယာကနိုးခါစ သူ႔မ်က္ႏွာက ပကတိနို႔ႏွစ္ေရာင္အသားအရည္ေၾကာင့္ ဘာမွမလိမ္းထားသည့္တိုင္ ၾကည္လင္ၿပီး ၾကည့္ေကာင္းေနသည္။

"ဟာ ဘာလို႔လဲ သူတို႔ကိုအရွုံးေပးလိုက္သလိုျဖစ္မွာေပါ့"
ဖုန္းေျပာေနတဲ့တစ္ဖက္က သူငယ္ခ်င္းရဲ့ အားမလိုအားမရျပန္ေျပာတဲ့အသံ...

"မင္းကိုေျပာၿပီးသားေလ အိမ္ကကြန္ပ်ဴတာကပ်က္သြားလို႔ဒီရက္ပိုင္း ငါ ဘယ္သူနဲ႔မွဂိမ္းၿပိဳင္မေဆာ့ဘူးလို႔ ေနာက္ျပန္ေကာင္းမွ တစ္ပြဲျပန္ခ်ိန္းမယ္"

ဂိမ္းၿပိဳင္ေဆာ့ေနက် ၿပိဳင္ဘက္အဖြဲ႕က PPတို႔နဲ႔ၿပိဳင္ေဆာ့တိုင္း ရွုံးေနက်မို႔ မေက်နပ္...ဒီတစ္ခါလည္း ထပ္ၿပီး စိန္ေခၚျပန္သည္။ ဘယ္ႏွခါေဆာ့ေဆာ့ PPကနိုင္ေနက်ဆ္ိုေတာ့ သူတို႔ကိုမေၾကာက္ေပမယ့္ PPေဆာ့ေနက် ကြန္ပ်ဳတာက ဒီရက္ပိုင္းနည္းနည္းေၾကာင္ေနလို႔ ေဆာ့လို႔အဆင္မေျပျဖစ္ေနသည္။ဖုန္းနဲ႔ေဆာ့ဖို႔ကလည္း အားမရ...

"ဟာ Krit မင္းကလည္း သူေဌးသားျဖစ္ၿပီး အသစ္ဝယ္ခိုင္းလိုက္ေလ လုပ္ပါကြာ ငါတို႔အဖြဲ႕မွာ မင္းမေဆာ့ရင္အားေလ်ာ့တယ္ကြ"

"Maeနဲ႔ Phawက ငါ့ကိုစာေမးပြဲအမွတ္နည္းလို႔ မုန႔္ဖိုးျဖတ္ထားတယ္။ဂိမ္းေဆာ့ဖို႔ကြန္ပ်ဴတာဝယ္ေပးဖို႔ဆို အေဝးႀကီး...ဒါေပမယ့္ ထားလိုက္ပါ ငါၾကည့္ႀကံပါမယ္ သူတို႔ကို ေဆာ့မယ္လို႔ေျပာလိုက္"

ေက်နပ္သြားတဲ့သူငယ္ခ်င္းကေတာ့ ဖုန္းခ်သြားတယ္။

အိမ္မွာ Maeနဲ႔ Phawကလြဲရင္ PPပူဆာလို႔ရတာဆိုလို႔ P'Petch တစ္ေယာက္ပဲက်န္ေတာ့သည္။

P'Petchက PP Kritt ရဲ့ တစ္ဦးတည္းေသာအစ္မျဖစ္သူ...PPက အထက္တန္းေက်ာင္းသားအရြယ္ျဖစ္ၿပီး Petchကေတာ့ တကၠသိုလ္ေက်ာင္းသူတစ္ေယာက္ျဖစ္ေနၿပီေလ...။

P'Petchက PPအေပၚအရမ္းေကာင္းသလို PPကလည္းP'Petchကို သိပ္ခ်စ္တယ္။ သူမက PPထက္ ပိုလိမၼာၿပီး ပိုေအးကာ စာအုပ္ေတြနဲ႔သာ သူမဘဝကိုအခ်ိန္ျဖဳန္းေနတတ္သည္။အခုလည္း သူမရဲ့အခန္းထဲက အိပ္ရာေပၚမွာ တစ္ေယာက္တည္း စာဖတ္ေနေလရဲ့...

"မမ..."

"အင္းလာ PPေလး ဘာေျပာမို႔လဲ"

မမက သူဖတ္လက္စစာအုပ္ကိုခ်ၿပီး အိပ္ရာေပၚမွာ PPထိုင္ဖို႔ ေနရာနည္းနည္းတိုးေပးလိုက္သည္။

PPက အိပ္ရာေပၚတက္တာနဲ႔ Petchရဲ့ခါးကိုဖက္ၿပီး ေခါင္းေဝွ႕ကာခၽြဲေတာ့သည္။

"ဒီတိုင္းေလးေနခ်င္လို႔"

"အမယ္ PPေလး ဘာလဲ ထူးထူးဆန္းဆန္းဂိမ္းမေဆာ့ဘဲ အစ္မကိုလာခၽြဲေနပါ့လား ေျပာပါဦး ဘာလိုခ်င္လို႔လဲ"

"ဟာ မမကလည္း ဒီတိုင္းခၽြဲလို႔မရဘူးလား"
ႏွုတ္ခမ္းဆူၿပီးေျပာလိုက္တဲ့ PPကိုၾကည့္ၿပီး Petchအသည္းလည္းယား ရယ္လည္းရယ္ခ်င္လာသည္။

"ခၽြဲလို႔ရပါတယ္...၁၆ႏွစ္သားက ကေလးလုပ္ေနတုန္းလား ငယ္ငယ္က PPခၽြဲၿပီဆိုရင္ ဗိုက္ဆာလို႔ရယ္ တစ္ခုခုလိုခ်င္လို႔ရယ္ကမ်ားတယ္မဟုတ္လား"

"ဟီး ဟုတ္တယ္"

"ကဲ ၾကည့္စမ္း ဒီေကာင္ေလး မမဆီကဘာလိုခ်င္လို႔လဲ"

"PPဂိမ္းေဆာ့ေနက် ကြန္ပ်ဴတာပ်က္ေနလို႔အဲ့တာ..."

"အဲ့တာMae နဲ႔ Phawကို မပူဆာရဲဘူးေပါ့..."

PPကမ်က္ႏွာငယ္ေလးနဲ႔ ေခါင္းညိတ္ျပသည္။

"ဟုတ္ၿပီ PPေလးလိုခ်င္တာ မမသိၿပီ ငဆိုးေလး ဒါဆို အစ္မကိုခ်စ္လို႔လာခၽြဲတာဟုတ္ဘူးေပါ့"

"မမကိုလည္းခ်စ္တာေပါ့...ဒီအစ္မတစ္ေယာက္ပဲရွိတာ"

ခၽြဲစိန္ေမာင္ေလးရဲ့ေခါင္းက ဆံပင္အုပ္အုပ္ေလးကိုဖြလိုက္ၿပီး Petchက စကားတစ္ခြန္းျပန္ေျပာသည္။

"မမက PPေလးဂိမ္းေဆာ့ဖို႔ ကူညီသလို PPကလည္း မမကိုတစ္ခုကူညီရမယ္"

"ဘာလဲဟင္ ကူညီမွာေပါ့"

Petchက သူ႔ရဲ့စားပြဲေပၚက စာအုပ္ပုံထဲကေန အေပၚဆုံးတစ္အုပ္ကိုဆြဲယူလိုက္သည္။ ၿပီးေတာ့ စာအုပ္ကိုေထာင္ျပကာ

"ဒီစာအုပ္က မၿပီးေသးဘူး အဆက္ရွိေသးတဲ့ပုံပဲ မမရွာေနတာ စာအုပ္ဆိုင္ႏွံ့ေနၿပီ လာမယ့္အပတ္ကစၿပီး မမက examနဲ႔မအားေတာ့ဘူး အဲ့တာ PPက ေက်ာင္းပိတ္ထားတုန္း မမအစား ဒီစာအုပ္ရဲ့အဆက္ကို ရွာေပးပါလား"

Petchကေျပာလည္းေျပာ စာအုပ္ကိုလည္း PPရဲ့လက္ထဲထည့္လိုက္သည္။

PPကသူ႔လက္ထဲေရာက္လာတဲ့ စာအုပ္ကို ၾကည့္လိုက္ေတာ့ စာအုပ္အဖုံးေပၚမွာ "Once upon a time... In A Library" လို႔ေရးထားၿပီး ေအာက္နားေဘးမွာ "By Sunset" လို႔ေရးထားသည္။ အေပၚကေတာ့ စာအုပ္ရဲ့နာမည္ျဖစ္ၿပီး ေအာက္ကေတာ့ ေရးတဲ့သူျဖစ္လိမ့္မည္လို႔ PPေကာက္ခ်က္ခ်လိုက္သည္။ စာအုပ္အဖုံးကရိုးရွင္းလြန္းတာမို႔ အစကတည္း စာဖတ္ရတာ စိတ္မဝင္စားတဲ့ PPအတြက္ပ်င္းစရာေကာင္းေနသည္။

"ဒါက နည္းနည္းေဟာင္းေနၿပီေနာ္ မမ ရွာရလြယ္ပါ့မလား"

"ဟုတ္ေတာ့ဟုတ္တယ္ ေတာ္ေတာ္ၾကာေနၿပီ Mae ပစၥည္းအေဟာင္းေတြထဲကေတြ႕တာ ၁၀ႏွစ္၁၅ႏွစ္ေတာင္မကေတာ့ဘူးထင္တယ္"

"ဟာ မမရာ ဒီစာအုပ္ရဲ့အဆက္က္ို ရွာမယ့္အစားေလ လကမၻာကိုသြားရင္ေတာင္ တကယ္ေရာက္ဦးမွာ"

"PPေလးရယ္ လုပ္ပါ မမဇာတ္သိမ္းကိုသိခ်င္လို႔ မမ မရွာရေသးတဲ့ စာအုပ္ဆ္ိုင္ ႏွစ္ခုရွိေသးတယ္ အဲ့ႏွစ္ဆိုင္က စာအုပ္အေဟာင္းေတြပါေရာင္းတယ္တဲ့"

ေနာက္ဆုံးေတာ့ PPက စာအုပ္ရွာေပးဖို႔ သေဘာတူျဖစ္ခဲ့တယ္။ မမက သိပ္သေဘာက်တဲ့စာအုပ္မို႔ေရာ...ဂိမ္းဆာ့ဖို႔ ကြန္ပ်ဴတာအသစ္ရမွာမို႔ေရာေပါ့..။
ဒီလိုနဲ႔ တစ္ခါမွ ေျခဦးမလွည့္ဖူးတဲ့ စာအုပ္ဆ္ိုင္ေတြဆီ သြားျဖစ္ခဲ့တယ္ဆိုပါေတာ့...
~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဟိုဘက္ဆိုင္ကညႊန္းလိုက္တာ ဒီဆိုင္မွာေတာ့ရွိေလာက္တယ္တဲ့"

"ရွူး အသံေလးနည္းနည္းေလၽွာ့ပါ"

PPက ပီေကဝါးေနရင္း ေျပာေတာ့
စာအုပ္ဆိုင္ေကာင္တာက အစ္ကိုက အသံက်ယ္သြားတဲ့ PPကိုသတိေပးလိုက္သည္။ အဲ့က်မွ PPလည္း ဆိုင္ထဲမွာစာဖတ္ေနတဲ့သူေတြကို သတိထားမိသည္။ တစ္ေယာက္နဲ႔တစ္ေယာက္စကားမေျပာၾကတာမို႔ PPအသံကလြဲရင္ တိတ္ဆိတ္ေနတာပဲ...။

"ဪ ေဆာရီး"

မမေျပာတဲ့ႏွစ္ဆိုင္မွာ တစ္ဆိုင္က လုံးဝမရွိဘူးလို႔ ျငင္းလိုက္တာေၾကာင့္ ဒုတိယေျမာက္ဆ္ိုင္ကို PPေရာက္ေနျခင္းပင္...။

ပုံမွန္ဆိုစာအုပ္ဆိုင္ဆိုတာ PPသြားေလ့မရွိေတာ့ ဒီစာအုပ္ဆိုင္ေလးက အျခားေနရာေတြထက္ပိုထူးျခားသလိုခံစားမိသည္။

တစ္ခါတစ္ေလ မမနဲ႔လိုက္ဖူးတဲ့ဆိုင္ေတြက စာအုပ္ေတြခ်ည္းပဲရွိေပမယ့္ အခုဆိုင္ကေတာ့ စာအုပ္ေရာင္း႐ုံပဲမဟုတ္ဘဲ မဝယ္နိုင္တဲ့သူေတြအတြက္ အလကားဖတ္လို႔ရေအာင္ စာၾကည့္တိုက္ေလးတစ္ခုပါ တြဲလ်က္ဖြင့္ထားသည္။
အျပင္အဆင္က ရိုးရိုးေလးေပမယ့္ အထဲဝင္လိုက္တာနဲ႔ စိတ္ကိုေအးခ်မ္းေစသည္။
တိတ္ဆိတ္ၿငိမ္သက္လြန္းေနၿပီး သီခ်င္းသံေအးေအးေလးကို တိုးတိုးေလးဖြင့္ထားသည္။
စာအုပ္ဖတ္ရတာႀကိဳက္တဲ့သူေတြခ်ည္းစုေနတဲ့ အသိုက္အျမဳံေလးေပါ့...။

ဒါေပမယ့္PP အတြက္ေတာ့မဟုတ္ဘူး..
ဂိမ္းေတြလို စိန္ေခၚမွုေတြ အႏၲရာယ္ေတြၾကားထဲ ဆူဆူညံညံေနခဲ့ရေတာ့ ဒီလိုေနရာက PP အတြက္ၿငိမ္သက္လြန္းၿပီးပ်င္းစရာေကာင္းေနတယ္။

ဆိုင္ရွင္ အစ္ကိုေျပာတဲ့ စာအုပ္အေဟာင္းေတြရွိေလာက္မယ့္ ဆိုင္ထဲက စာၾကည့္တိုက္မွာ တစ္နာရီေလာက္အခ်ိန္ျဖဳန္းရတာ PPအတြက္ ၁၀နာရီေလာက္ၾကာသလိုပဲ...။ တစ္နာရီေလာက္ စာအုပ္ေတြေမႊေႏွာက္ေပမယ့္လည္းရွာမေတြ႕...ဆိုင္ပိုင္ရွင္ကလည္း အားကိုးမရေပ။

"ဟာ ဟုတ္သားပဲ သူငယ္ခ်င္းေတြနဲ႔ hang out လုပ္ဖို႔ေျပာထားတာ ေနာက္ေန႔မွပဲထပ္လာရွာေတာ့မယ္"

ပီေကမွုတ္ရင္း ပ်င္းရိစရာ စာအုပ္ဆိုင္ထဲကေန အျမန္ထြက္လာလိုက္တယ္။

ဆိုင္တံခါးကိုဖြင့္ဖြင့္ခ်င္းဝင္လာတဲ့လူကို PPမေတြ႕ဘဲ ပီေကမွုတ္ေနရင္းတန္းလန္း သူ႔ရင္ဘတ္ကိုဝင္တိုက္မိသည္။

"အု..."

ပီေကေတြကဝင္လာတဲ့သူရဲ့ အက်ီရၤင္ဘတ္မွာ ကပ္သြားတာေပါ့။

"အား...ေဆာရီး"

PPကအားနာနာနဲ႔လက္နဲ႔ခြာေပးဖို႔လုပ္ေပမယ့္ သူက အခြာမခံဘဲ အေနာက္ကိုတြန႔္သြားတယ္။

"ရတယ္ ကိစၥမရွိဘူး"
ဆိုၿပီးမ်က္ႏွာတည္နဲ႔ PPကိုတစ္ခ်က္ၾကည့္ၿပီးတာနဲ႔ ပီေက ကပ္ေနတဲ့ဒီတိုင္းပဲ ဆိုင္ထဲဆက္ေလၽွာက္သြားတယ္။

PPကိုၾကည့္လိုက္တဲ့မ်က္မွန္ေအာက္က မ်က္လုံးေတြက ခဏတျဖဳတ္ပဲေတြ႕လိုက္ရတာေပမယ့္ တစ္ခါေတြ႕ဖူး႐ုံနဲ႔ တစ္သက္လုံးမွတ္မိသြားေစနိုင္တဲ့မ်က္လုံးမ်ိဳး...
ၾကည္ၿပီးေတာက္ေနတဲ့ မ်က္လုံးဝိုင္းဝိုင္းေတြကို ခပ္တုံးတုံးမ်က္မွန္တစ္လက္နဲ႔ကာထားတာ ႏွေျမာစရာေကာင္းတယ္လို႔ PPေတြးမိေလရဲ့။

"သူက စိတ္လည္းမဆိုးပါလား"

PPက ေခါင္းကုပ္ရင္း ထပ္လွည့္ၾကည့္လိုက္တယ္။

"သူေဌး ဒီေန႔ဆိုင္လာတာ ေနာက္က်တယ္ေနာ္"
ခုနက ဆိုင္ေကာင္တာက အစ္ကိုက PPနဲ႔တိုက္မိတဲ့ တစ္ေယာက္ကိုေမးလိုက္တာကို PPေတြ႕လိုက္တယ္။

"အင္း ငါ ပန္းၿခံထဲမွာစာေရးေနလို႔ ေနာက္က်သြားတာ"
သူကျပန္ေျပာၿပီး စာၾကည့္တိုက္ရွိတဲ့ဘက္ကို ဝင္သြားသည္။

သူေဌးတဲ့လား....ဒါဆို ဒီဆိုင္ပိုင္ရွင္ေပါ့...။

ဒီစာအုပ္ဆိုင္ေလးကိုေနာက္ေန႔ျပန္လာျဖစ္ဖို႔ PPအတြက္ေသခ်ာသြားၿပီ။စာအုပ္ေတြကို စိတ္မဝင္စားေပမယ္​့ စာအုပ္ဆိုင္ပိုင္ရွင္ကေတာ့ စိတ္ဝင္စားစရာေကာင္းသား...။ အဲ... မမေျပာတဲ့စာအုပ္ကိုလည္း ရွာရဦးမယ္မဟုတ္လား။
~~~~~~~~~~~~~~~~~~~~~~~~~~

ဒီေန႔ေတာ့ PPစာအုပ္ဆိုင္မွာ ေရာက္ေနတာ တစ္နာရီေက်ာ္ေနေပမယ့္ မျပန္ျဖစ္ေသး...စာအုပ္ေတြဆီလည္းအာ႐ုံကမေရာက္သလို မမရွာခိုင္းတဲ့စာအုပ္ရဲ့အဆက္ဆိုတာလည္း အစနေလးေတာင္ရွာမရရေပ။
PP ေတြ႕ခ်င္တဲ့ သူ႔ကိုလည္း မေတြ႕ရဘူး။

စိတ္ညစ္ညစ္နဲ႔ျပန္လိုက္ခ်င္ေပမယ့္လည္း ခဏေလာက္ေစာင့္ၾကည့္မယ္ဆိုၿပီး နားၾကပ္ႏွစ္ဖက္ကိုတပ္လို႔ မ်က္ႏွာေပၚစာအုပ္တင္ကာ အိပ္ေပ်ာ္သြားတယ္။

"ေဟ့ ဒီေနရာမွာ မအိပ္ရဘူးေလ"

ခဏၾကာေတာ့ တစ္စုံတစ္ေယာက္က PPကို လွုပ္နိုးေနတယ္လို႔ခံစားမိတယ္။

နားၾကပ္တပ္လ်က္နဲ႔ အိပ္တစ္ဝက္နိုးတစ္ဝက္ျဖစ္ေနေတာ့ ႏွိုးေနတဲ့သူက စိတ္မရွည္ေတာ့ဘူးထင္ပါရဲ့...နားၾကပ္ကိုဆြဲျဖဳတ္ၿပီး မ်က္ႏွာေပၚက စာအုပ္ကိုဖယ္လိုက္တယ္။
ၿပီးေတာ့ အနားတိုးၿပီး အသံျမႇင့္ေျပာလိုက္မွ PPလည္း လန႔္နိုးသြားေတာ့တယ္။

"ဒီေနရာမွာ မအိပ္ရဘူးဆို"

"ဟင္ သူ ပါလား"

PPအိပ္ခ်င္ေျပၿပီး စာအုပ္စင္က္ိုမွီေနရာကေန မတ္မတ္ထိုင္လိုက္ၿပီး လက္ဝါးတစ္ဖက္ေထာင္ကာ သြားျဖဲၿပီးႏွုတ္ဆက္လိုက္တယ္။

"ဟိုင္း P' ေတြ႕ရတာဝမ္းသာပါတယ္ ဟီး"

"ဒီေနရာမွာ ေျခဆန႔္ၿပီးအိပ္ေနေတာ့ customerေတြလမ္းပိတ္ကုန္တာေပါ့ ခုံေပၚမွာ အိပ္လို႔ရတယ္"

"ေဆာရီးေနာ္ P' ကၽြန္ေတာ္ျပန္ေတာ့မွာပါ"

PPႏွုတ္ဆက္တာကို သူက အဖတ္မလုပ္...မေန႔ကလိုပဲ မျပဳံးမရယ္ မ်က္ႏွာတည္နဲ႔ပဲ PPကိုျပန္ေျပာၿပီး ထသြားဖို႔လုပ္ေနတယ္။
ဟြန႔္...ေတာ္ေတာ္သေဘာမေကာင္းတဲ့ဆိုင္ရွင္ႀကီး...

"အာ ခဏေလး P' "

ထသြားတဲ့ သူ႔ရဲ့လက္ေမာင္းကို အခ်ိန္မီလွမ္းဆြဲလိုက္နိုင္တယ္။
သူက ဆက္မသြားပဲလွည့္ၾကည့္ေတာ့ PPကအရဲစြန႔္ၿပီး...

"P' ရဲ့နာမည္ကိုသိခ်င္လို႔"

"Billkin Putthipong Assaratanakul"

"နာမည္က မိုက္သားပဲ ဟီး ဒါဆို P'Kinလို႔ေခၚလို႔ရမလား"

သူကအလြယ္ပဲေခါင္းညိတ္ၿပီး ထြက္သြားဖို႔​ႀကိဳးစားေပမယ့္PPက မလႊတ္ေပး။

"P'Kin ခဏေလး ..."

သူစိတ္မရွည္စြာနဲ႔ PPကို ျပန္လွည့္ၾကည့္ရျပန္တယ္။

"ဘာလဲ..."

"ကၽြန္ေတာ့္နာမည္ကိုေရာမသိခ်င္ဘူးလား...ဟင္"

"မင္းနာမည္ကဘာလဲ"

"PP တဲ့ PP kritt ....နာမည္အျပည့္စုံက PP Kritt Amnuaydechkornလို႔ေခၚတယ္ သူငယ္ခ်င္းေတြက ကၽြန္ေတာ့္ကို PKလို႔လည္း ေခၚတယ္ ပီေကအရမ္းဝါးလို႔တဲ့...ၿပီးေတာ့ PP Kritt ရဲ့ နာမည္အတိုေကာက္ကလည္း PKေလ P' ႀကိဳက္သလိုေခၚ..."

PPက ဝမ္းသာအားရေျပာျပေနေပမယ့္ သူကေတာ့ မ်က္ႏွာပ်က္သြားၿပီး သူ႔လက္ေမာင္းကိုဆြဲထားတဲ့​PPရဲ့လက္ကိုျဖဳတ္ခ်ၿပီး PPေရွ႕ကထြက္သြားသည္။

"ဟင္...စိတ္ဆိုးသြားတာလား ငါဘာလုပ္မိလို႔လဲ စကားမ်ားလို႔စိတ္ပ်က္သြားတာလား"
နာမည္ေလးမိတ္ဆက္႐ုံနဲ႔ေတာ့ စိတ္ဆိုးသြားစရာအေၾကာင္းမရွိဘူးလို႔ PPကေတာ့ထင္တာပဲ။ ဒီေန႔ေတာ့ သူ႔နာမည္သိခြင့္ရသြားၿပီမို႔ PP ေပ်ာ္ပါတယ္။
~~~~~~~~~~~~~~~~~~~~~~~~
"ဟိုင္း...P' ဒီေန႔ေစာတယ္ေနာ္ ပန္းၿခံထဲမွစာမေရးေတာ့ဘူးလား"
ေကာင္တာမွာတစ္ေယာက္တည္း ထိုင္ေနတဲ့ သူ႔ကို PP ပီေကကို ဝါးေနရင္းႏွုတ္ဆက္လိုက္တယ္။ ဒီေန႔ေတာ့ PPကံေကာင္းတယ္ သူ႔ကိုေစာေစာေတြ႕ရသလို အၾကာႀကီးလဲေတြ႕ရတယ္။

"ေရာ့ P' ႀကိဳက္လားေတာ့မသိဘူး PP က ဒိန္ခ်ဥ္ေသာက္ရတာႀကိဳက္လ္ို႔ P'Kin အတြက္တစ္ဘူးယူလာတယ္"

သူ႔ၾကည့္ရတာ PPကို သိပ္ခင္ေသးပုံမေပၚေသးေပမယ့္​ဒိန္ခ်ဥ္ဘူးကို အၾကာႀကီးၾကည့္ေနၿပီး ေက်းဇူးတင္ေၾကာင္းေျပာၿပီးယူလိုက္တယ္။
ေတာ္ေသးတာေပါ့...PP ေပးတာမျငင္းလို႔။

စာအုပ္ကိုေရွ႕မွာေထာင္ထားေပမယ့္ ေကာင္တာဘက္ကို မ်က္လုံး​ေရာက္ေရာက္ေနတာကေတာ့​PP လည္းမတတ္နိုင္ဘူး။ P'Kinက PP ဆီတစ္စက္ေလးမွမၾကည့္ဘူး...ဒါေပမယ့္ PP ကေတာ့ P'kin ကိုၾကည့္ရတာ ေပ်ာ္တယ္။ P'Kin စာဖတ္ေနရင္း မ်က္မွန္ေလးကိုတစ္ခ်က္တစ္ခ်က္ပင့္တင္လိုက္ရင္ PP သေဘာအက်ဆုံးပဲ...

P'Kin က PPကိုမၾကည့္မွေတာ့​ဘယ္တတ္နိုင္မလဲ...PP ႀကံရေတာ့တာေပါ့။

"P'Kin...PPေလ စာအုပ္ေကာင္းေကာင္းေလးေတြဖတ္ခ်င္လို႔ ျပေပးပါလား PPကသိပ္မသိဘူး"

သူက အဲ့လိုက် သေဘာေကာင္းတယ္။
ခ်က္ခ်င္းထၿပီး စာအုပ္တန္းေတြရွိရာကိုလိုက္လာေလရဲ့။

စာအုပ္အခ်ိဳ႕ကိုရွာၿပီး PPလက္ထဲထည့္ေပးတယ္။

"အာ ေက်းဇူးပဲ P'Kin ဒါနဲ႔ ဒီနားမွာ စာလာဖတ္ပါလား PP ေဘးမွာေလ....
ေကာင္တာမွာက ဟိုအကိုႀကီးေရာက္လာၿပီပဲ..."

"...."

"ေနာ္"

သူက မျပဳံးမရယ္နဲ႔ PPကိုၾကည့္ေနျပန္တယ္။ မ်က္မွန္ေအာက္က မ်က္လုံးေတာက္ေတာက္​ေတြနဲ႔ေပါ့...

"ဘာလို႔လဲ"
သူက ေအးစက္စက္နဲ႔ျပန္ေမးတယ္။

"P' နဲ႔အတူဖတ္ၿပီး မသိတာေတြေမးခ်င္လို႔ေပါ့ ၿပီးေတာ့....P'Kinနဲ႔ ရင္ႏွီးခ်င္လို႔ေလ"

သူကလက္ခံပုံရတယ္...စာအုပ္ယူလာၿပီး PP ေဘးမွာလာထိုင္တယ္။ ဒါေပမယ့္ ေအးစက္စက္ေရခဲတုံးႀကီးလိုပဲ PPကို အဖက္မလုပ္ျပန္ဘူး။

"P'Kinက အသက္ဘယ္ေလာက္လဲ"

"၃၆ႏွစ္"

"ဟမ္..."
PPထက္ႀကီးတယ္ဆ္ိုတာသိေပမယ့္ ဒီေလာက္မထင္ထားဘူး...ဒါဆို PPနဲ႔၂၀ေတာင္ကြာတာပဲ။

"P'လို႔ေခၚဖို႔ အသက္ႀကီးေနၿပီမလား"
သူက အံ့ဩသြားတဲ့ PPကို ျပန္ေမးေတာ့
PPကသြားျဖဲျပသည္။

"အင္း ဒါဆို ေျပာင္းေခၚမယ္ေလ P'လို႔ေခၚေတာ့ဘူး ဦးေလးႀကီးလို႔ေခၚရေတာ့မွာေပါ​့ ေနာ္ဦးေလးႀကီး"

သူ႔ဒုတိယအႀကိမ္မ်က္ႏွာပ်က္ျပန္ပါသည္။
ဒါကို Billkinမ်က္ႏွာကို အရိပ္လိုၾကည့္ေနတဲ့ PPကသတိထားမိတယ္။

"အာ ဦးေလးႀကီးလ္ို႔ေခၚတာမႀကိဳက္ဘူးလား ဒါဆ္ိုမေခၚေတာ့ဘူးေနာ္ ဟီး"
ဒီေန႔ေတာ့ PP သူ႔အနားမွာ ထိုင္ခြင့္ရခဲ့ပါတယ္။
~~~~~~~~~~~~~~~~~~~~~

"ဦးေလးႀကီး အဲ မွားလို႔ P'Kin!..."

"ဒီေန႔လည္း လာျပန္ၿပီလား"
သူက ပါးစပ္ကသာ လာျပန္ၿပီလားလို႔ေမးေနေပမယ့္ PPထိုင္ေနက်စားပြဲေပၚမွာ PPဖတ္ဖို႔ စာအုပ္တစ္အုပ္ တင္ေပးထားေလ့ရွိတယ္။

"ဟီး ေရာ့ P'Kinအတြက္ ဒိန္ခ်ဥ္..."
PPကလည္း စာအုပ္ဆိုင္လာတိုင္း Kinအတြက္ ဒိန္ခ်ဥ္တစ္ဘူးယူလာေလ့ရွိတယ္။
P'Kin ဒိန္ခ်ဥ္ႀကိဳက္မွန္း PPသိတယ္ေလ...PPေပးတိုင္း ခဏေလးနဲ႔ကုန္ေအာင္စားစားပစ္တာကိုး။

ၿပီးရင္ ထုံးစံအတိုင္း PPက Kinေဘးမွာထိုင္ၿပီးစာဖတ္ေနတဲ့ Kinကို စကားေတြမ်ားေနၾက...

"P'Kin...ဒီစာအုပ္ကေလ..."
"P'Kin က ဘယ္မွာေနတာလဲ"
"P'ကို ဘာလို႔ ဦးေလးႀကီးလို႔ေခၚရင္မႀကိဳက္တာလဲ..."
"P'Kin......ဟိုဟာေလ"

Kinကစိတ္မရွည္ေတာ့တဲ့အခါ
"ပီေက စကားမမ်ားနဲ႔ေတာ့...."
လို႔ေျပာလိုက္မိတယ္။
ၿပီးမွ စကားမွားေျပာမိသြားတဲ့ပုံစံနဲ႔ ပါးစပ္ကိုလက္နဲ႔အုပ္လိုက္တယ္။

"ဟင္ PPကို ပီေကလို႔ေခၚလိုက္တယ္...P'Kin ဒါဆို PPနဲ႔ရင္းႏွီးသြားတဲ့သေဘာေပါ့ေနာ္"

"မွားေခၚတာ..."
ထပ္ၿပီးေအးစက္စက္နဲ႔ဆက္ဆံျပန္တယ္။
ဒါေပမယ့္ PPကေတာ့ ေအးစက္ေနလည္း ကိစၥေတာ့မရွိဘူး။အတူတူရွိေနရတာကိုပဲ ေက်နပ္ေနတာ...

PPကို စကားမမ်ားနဲ႔လို႔ P'Kinကေျပာထားေတာ့ PPကလိမၼာရမွာေပါ့..
ၿငိမ္​ၿငိမ္ေလးေနဖို႔ PPႀကိဳးစားရင္း ဘယ္လိုအိပ္ေပ်ာ္သြားမွန္းမသိဘူး။
ခဏၾကာေတာ့ အိပ္ေပ်ာ္ေနတဲ့ PPေပၚျခဳံေပးထားတဲ့ေစာင္ျပဳတ္က်သြားမွ လန႔္နိုးလာတယ္။

"ဟင္ ဒါ P'Kinျခဳံေပးထားတာမ်ားလား"
P'Kinကို ၾကည့္လိုက္ေတာ့ ေကာင္တာမွ ႐ုပ္တည္ႀကီးနဲ႔ထိုင္ေနျပန္ၿပီ ...သူနဲ႔မဆိုင္သလိုပဲ။
ၾကည့္ရတာ ေကာင္တာကအကိုႀကီးျခဳံေပးတာပဲေနမွာ...
P'Kinလား ျခဳံေပးမွာ။

အဲ့ေန႔က PPျပန္ခါနီး သူက ထူးထူးဆန္းဆန္း စကားစေျပာတယ္။
"ေနာက္ေန႔ျပန္လာဦးမွာလား"တဲ့ေလ...

PPလည္းစခ်င္တာနဲ႔
"ဟင့္အင္း..."လို႔ေျပာေတာ့ သူ႔မ်က္ႏွာပ်က္သြားတာကို PPေတြ႕ေတာ့ သိပ္ေပ်ာ္တာပဲ။

"စတာ လာမွာ.."

အဲ့က်ေတာ့ သူ မျပဳံးေပမယ့္မ်က္လုံးေတြေတာက္သြားတာကို PPသတိထားမိတယ္။
ဒါေပမယ့္လည္း သူကထုံးစံအတိုင္း ဘုကလန႔္ေျပာတာပါပဲ...

"ဘာလာလုပ္မွာလဲ"တဲ့...

"PPေလ တကယ္ေတာ့ စာအုပ္တစ္အုပ္ကိုရွာေနတာ အဲ့တာေၾကာင့္ ဒီကိုခဏခဏလာေနတာ"

"ဘာစာအုပ္လဲ..."

"အဲ စာအုပ္နာမည္က.."
ေျပာကာမွ PPစာအုပ္နာမည္ေမ့ေနသည္။ စာအုပ္ကလည္း အိမ္မွာက်န္ခဲ့တာကိုး...
စာအုပ္သြားရွာတာကို စာအုပ္နာမည္ေမ့ေနလို႔P'Petch ေတာ့သိရင္ စိတ္ဆိုးမွာေသခ်ာသည္။

"ေမ့ေနလို႔ မနက္ျဖန္မွ ျပန္ေမးခဲ့မယ္ ဟီး"

"စာအုပ္ရွာမွာေရာ ဟုတ္လို႔လား"
သူက PPကိုမယုံသကၤာနဲ႔ေမးတယ္။

"ဒါေပါ့ ဘာလဲ မယုံဘူးလား စာအုပ္မရွာဘဲ စာအုပ္ဆိုင္ကိုလာတယ္ဆိုေတာ့ ဆိုင္ပိုင္ရွင္ကိုစိတ္ဝင္စားလို႔လို႔ ထင္ေနတာလား"

PPရဲ့ စကားေၾကာင့္ သူ႔ပါးစပ္ေတြအနည္းငယ္ဟကာ မ်က္လုံးဝိုင္းဝိုင္းေတြက ပိုဝိုင္းသြားသည္။
လန႔္သြားတဲ့သေဘာ...
P'Kinရဲ့ျဖစ္သြားတဲ့ပုံကိုၾကည့္ၿပီး PPစိတ္ထဲမွာႀကိတ္ရယ္မိသည္။

"ေပါက္ကရ..."
သူမ်က္ေမွာင္ၾကဳံ႕ၿပီးဟိုဘက္လွည့္သြားတယ္။
PPကျပဳံးကာ ထပ္ေျပာတယ္။

"အကယ္၍ တကယ္စိတ္ဝင္စားတယ္ဆိုရင္ေကာ..."

Kinရဲ့လွုပ္ရွားမွုေတြ တုံ႔ခနဲ...

"စိတ္ဝင္စားလို႔မရဘူးလားဟင္"လို႔
PPက ဆက္ေမးလိုက္တယ္။

Kinကဘာမွမေျပာဘဲ အံ့ဩေနတဲ့ပုံနဲ႔ PPကိုၾကည့္ေနတယ္။ဒီတစ္ခါေတာ့ တကယ္လန႔္သြားတဲ့ပုံပဲ...

"ဘာလဲ ၁၆ႏွစ္သားဆိုၿပီး အထင္ေသးတာလား PPက ေက်ာင္းၿပီးတာနဲ႔ P' ကိုအတည္တြဲမွာေနာ္ ဒါပဲ"

မသိဘူး...PPေတာ့ ေျပာခ်င္ရာေျပာခဲ့ၿပီး သူ႔မ်က္ႏွာကိုမၾကည့္ဘဲ ေျပးထြက္လာခဲ့ၿပီ။ သူစိတ္ဆိုးၿပီး PPကို ထပ္မလာခိုင္းေတာ့ရင္ ဘယ္လိုလုပ္မလဲ...
အဲ့တာဆိုလည္း မရပါဘူး...PPကေတာ့လာမွာပဲ။

စာအုပ္ဆိုင္ထဲမွာက်န္ခဲ့တဲ့ Billkinကေတာ့ ေက်ာင္းၿပီးတာနဲ႔အတည္တြဲမွာဆိုတဲ့ ေကာင္ေလးေၾကာင့္ မျပဳံးတာၾကာတဲ့ အျပဳံးနဲ႔ရယ္ေနမိတယ္။

"ဘာတဲ့..P'ကို အတည္တြဲမွာဆိုပဲ...ေတာ္ေတာ္ဘ႐ုတ္က်တဲ့ ေကာင္ေလး"

မေျပာတာၾကာတဲ့ စကားတစ္ခြန္းကို PPနဲ႔ေတြ႕မွ ထပ္ေျပာမိျပန္ၿပီ။
သူ႔ေရွ႕မွာတည္ေနေပမယ့္ သူလာတိုင္း Kinေပ်ာ္ေနရတယ္ဆိုတာကို PPမသိေလာက္ဘူး...

အတိတ္တစ္ခ်ိန္က Billkinဘဝထဲကိုဝင္လာတဲ့ ဘ႐ုတ္က်တဲ့ေကာင္မေလးနဲ႔ အရာရာသိပ္တူေနတဲ့ ဘ႐ုတ္က်တဲ့ ေကာင္ေလးကလည္း မလြယ္ေၾကာေလးပါပဲ...

ေအးစက္ေနတဲ့ Kinရဲ့ႏွလုံးသားကို အရည္ေဖ်ာ္နိုင္စြမ္းတယ္ေလ........။

~~~~~~~~~~~~~~~~~~~~~~~
To be continued...❤️

BKကို အၿငိမ္၊ PPကို အသြက္ေလးေရးထားတယ္။
Kyl ဖတ္ခ်င္တဲ့ပုံစံေလးကို စိတ္ကူးယဥ္ၾကည့္တာရယ္ပါ...အျပင္ကနဲ႔ေတာ့တျခားစီေပါ့😜
ေနာက္တစ္ပိုင္းမွာ Kin's POVေလးလာပါ့မယ္။
Coming soon....😉

Continue Reading

You'll Also Like

1.1M 38.2K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
965K 22K 49
In wich a one night stand turns out to be a lot more than that.
1.4M 59.1K 106
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC