💫Once upon a time ... in a library 📖
~~~~~~~~~~~~~~~~~~~~~~~~~~ပန်းပင်လေးတွေကို ဖြတ်တိုက်လို့လာတဲ့ မနက်ခင်းရဲ့လေညှင်းအေးအေးလေးတွေက နှာခေါင်းဝဆီကိုလာရောက်တို့ထိ ဆော့ကစားကြတယ်...။
ကောင်းကင်ကိုမော့ကြည့်တဲ့အခါ နေရောင်ခြည်က မျက်မှန်အောက်က မျက်လုံးတွေဆီ ခြင်းနင်းဝင်ရောက်လာတာမို့ လက်တစ်ဖက်နဲ့ မျက်လုံးကိုကာပြီး သူခေါင်းငုံ့လိုက်တယ်။
"ဟေး ငါ့ကိုလိုက်ဖမ်း"
မူလတန်းအရွယ်ကောင်လေးတစ်ယောက်က ပန်းခြံထဲမှာထိုင်နေတဲ့သူ့ရှေ့ကနေဖြတ်ပြီးပြေးသွားတယ်။ နောက်ထပ်ရွယ်တူကောင်မလေးတစ်ယောက်က အဲ့ဒီကောင်လေး နောက်ကနေပြေးပြီးလိုက်ဖမ်းနေတာပေါ့...။
အတိတ်တစ်ချိန်က ခုနကကလေးလေးတွေလို ပြေးလွှားနေတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ကို သူကိုယ်တိုင် လိုက်ဖမ်းခဲ့ဖူးတယ်။
"ဦးလေးကြီး...ပီကေ့ကိုလိုက်ဖမ်းလေ"
ကလေးတွေကိုမြင်တိုင်း ပီကေ့ကို သတိရတယ်။ပီကေ့အကြောင်း သတိရမိတိုင်းလည်း သူပြုံးဖြစ်တယ်...
"တော်တော်ဘရုတ်ကျတတ်တဲ့ကောင်မလေး"
ဒါ ပီကေဆိုတဲ့ ကောင်မလေး ကိုတွေ့တိုင်းသူပြောနေကျစကားပါပဲ...
ပီကေက သူ့ထက် ၂နှစ်ပဲငယ်ပေမယ့် ခပ်တုံးတုံးမျက်မှန်ကြီးနဲ့ အဝတ်အစားစတိုင်ရိုးရိုးတွေကိုပဲဝတ်လေ့ရှိတဲ့ သူ့ကို အစ်ကိုလို့မခေါ်ဘဲ ဦးလေးကြီးလို့ပဲခေါ်တယ်...။"ဦးလေးကြီးကို ပီကေ ချစ်လို့မရဘူးလား ဦးလေးကြီးက ပီကေ့ကိုမချစ်လည်း ပီကေကတော့ Billkin Putthipongဆိုတဲ့ ဦးလေးကြီးကိုချစ်မှာပဲ"
တဲ့....
ပီကေက နှုတ်ခမ်းလေးဆူပြီးပြောခဲ့တာ ...။တဇွတ်ထိုးဆန်တဲ့ပီကေက စာအုပ်တွေကလွဲပြီးဘာမှမသိတဲ့ မချစ်တတ်တဲ့ သူ့လိုလူရဲ့ဘဝကို ခွင့်မတောင်းဘဲ အတင်းဝင်လာခဲ့တယ်။
ဒါပေမယ့် ခွင့်မတောင်းဘဲနဲ့ပြန်ထွက်သွားခဲ့တာလည်း အချိန်တွေတော်တော်ကြာခဲ့ပါပြီလေ။အတိတ်ကို ပြန်လည်သတိရခြင်းကိုခေတ္တရပ်ပြီး သူရေးနေကျ စာအုပ်လေးကိုထုတ်ပြီး ရေးလိုက်တယ်။
YOU ARE READING
Once upon a time in a Library 📖
Fanfiction"ဦးလေးကြီးကို ပီကေ ချစ်လို့မရဘူးလား ဦးလေးကြီးက ပီကေ့ကိုမချစ်လည်း ပီကေကတော့ Billkin Putthipongဆိုတဲ့ ဦးလေးကြီးကိုချစ်မှာပဲ"