Part 3 {the story continues...❤️}

453 46 28
                                    

Part-3 💗

PP နားမလည်ဘူး...။
P' Kin က PPကို အလကားနေရင်း ဒေါသထွက်နေတယ်။
"ပီကေ့လို ဟန်ဆောင်နေတယ်" လို့လည်း P' Kinက စွပ်စွဲတယ်။
ပြီးတော့ ဆိုင်ကိုမလာနဲ့တော့တဲ့...
PPဘာလုပ်မိလို့လဲ.?

မနေ့ကတောင် PPမလာလို့ P'Kinက မျှော်နေခဲ့တာ ငိုနေခဲ့တာမဟုတ်ဘူးလား။
PPနဲ့ Coffee dateတောင် လုပ်ခဲ့ပြီးမှ
ဒီနေ့မှ PPယူလာတဲ့စာအုပ်ကိုတွေ့ပြီး P'Kinပြောင်းလဲသွားခဲ့တယ်...

ဘာလို့လဲ...?

PPဆိုင်ရှေ့မှာရပ်ပြီး ငိုနေတာတောင် သူထွက်မလာဘူး...
ရက်စက်တယ် P' ရယ်...
~~~~~~~~~~~~~~~~~~~~~~~~~~~~
"PPလေး မျက်နှာမကောင်းပါလား ဘာဖြစ်လို့လဲ"

P' Petch က အခန်းထဲမှာတစ်ယောက်တည်း ထိုင်ပြီး ငိုင်နေတဲ့ PPကိုတွေ့သွားတယ်။

"ဘာမှမဖြစ်ပါဘူး မမရယ် ဪ ဒါနဲ့ စာအုပ်အဆက်ကိုPP သိပြီ"

"ဟုတ်လား ရလာပြီလား တော်လိုက်တဲ့ PPလေး"

"ဒါပေမယ့်..."

"ဒါပေမယ့်...?"

"အဆက်ကမရှိတော့ဘူးတဲ့ ဇာတ်သိမ်းမှာ မင်းသမီးက မင်းသားဆီရောက်မလာခဲ့ဘူးတဲ့"

PPစကားကြောင့် P'Petchရဲ့မျက်နှာမှာ ဝမ်းနည်းရိပ်တွေသန်းသွားတာကိုတွေ့လိုက်ရတယ်။
"ဟင် ဟုတ်လား...ပီကေက သူ့ရဲ့ဦးလေးကြီးကိုသိပ်ချစ်တဲ့ဟာ သူ့ရဲ့ဦးလေးကြီးကစောင့်နေရှာမှာကို ဘာလို့မလာဖြစ်တော့တာလဲမသိဘူး ဇာတ်သိမ်းကလည်း ဝမ်းနည်းစရာကြီး"

P'Petchက ယူကျုံးမရ ပြောလိုက်တဲ့စကားကို PPကြားလိုက်တဲ့အခါ လန့်သွားမိတယ်...

"မမပြောတဲ့ ပီကေဆိုတာဘယ်သူလဲ ဦးလေးကြီးကရော?"

"once upon a time in a libraryထဲက ဇာတ်ကောင်တွေလေ... သူတို့နာမည်တွေမပါဘူး တစ်အုပ်လုံးမှာ ပီကေနဲ့ ဦးလေးကြီးလို့ပဲသုံးသွားတာ... ဦးလေးကြီးဆိုပေမယ့် မင်းသားက မင်းသမီးထက် ၂နှစ်ပဲကြီးတာ ၁၈နဲ့၁၆နှစ်လေးတွေ သူတို့က libraryတစ်ခုမှာစတွေ့တယ် ပြီးတော့မင်းသားက သူ့ရဲ့အိပ်မက်ဖြစ်တဲ့စာအုပ်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ကြိုးစားတာ ပီကေဆိုတဲ့ကောင်မလေးက ဘေးကနေတစ်ချိန်လုံး supportပေးနေခဲ့တာ..."

Once upon a time in a Library 📖Where stories live. Discover now