အတိတ်မေ့နေသောကျောင်းလူဆိုးလေး...

By Cora0411

402K 38.9K 1.2K

This is just Translation. ✨All credits to original author and english translator. Start date-12.1.2021 End da... More

//Description//
//Chapter 1//
//Chapter 2//
//Chapter 3//
//Chapter 5//
//Chapter 6//
//Chapter 7//
//Chapter 8.1//
//Chapter 8.2//
//Chapter 9.1//
//Chapter 9.2//
//Chapter 10.1//
//Chapter 10.2//
//Chapter 11.1//
//Chapter 11.2//
//Chapter 12.1//
//Chapter 12.2//
//Chapter 13.1//
//Chapter 13.2//
//Chapter 14//
//Chapter 15//
//Chapter 16//
//Chapter 17//
//Chapter 18//
//Chapter 19//
//Chapter 20//
//Chapter 21.1//
//Chapter 21.2//
//Chapter 22//
//Chapter 23//
//Chapter 24//

//Chapter 4//

8.5K 1.4K 67
By Cora0411

Unicode

ရှီပုဖန်၏ခေါင်းထက်တွင် ချုပ်ရိုးရာအနည်းငယ်ရှိနေပေမဲ့လည်း ယင်းက ကြမ်းကြုတ်၍အဟန့်ကောင်းသည့်သူ့အမူအရာကို ပိုလို့တောင်မဖုံးကွယ်နိုင်ပေ။

သူ ကုတင်အုံးတားပေါ်မှာ ခေါင်းမှီကာလှဲလိုက်ပြီး ကျန်းယွမ်ပိုင်၏အိပ်ယာကို အရေးမစိုက်ဘဲနေရာယူလျက်။ သူ ကုတင်တစ်ခုလုံးပေါ်မှာ ခြေပစ်လက်ပစ်လဲလျောင်းလိုက်တော့ ကုတင်ပိုင်ရှင်ဖြစ်သူ ကျန်းယွမ်ပိုင်ခမျာ ရွေးချယ်စရာမရှိဘဲ သူ့ဆုံလည်ကုလားထိုင်ပေါ်မှာ ကျိုးကျိုးနွံနွံသွားနေရလေသည်။

အော်ဒါမှာခါနီးတွင် ရှီပုဖန်၏ဒဏ်ရာကိုထည့်သွင်းစဉ်းစားမိပြီးနောက် ဟော့ပေါ့အစပ်ကို စွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်၏။ ထိုအစား သူ အခြားပေါ့ပါးသည့်စားစရာအချို့သာ မှာလိုက်သည်။ မှာထားတာတွေနဲ့အတူ အစားအစာပို့တဲ့သူရောက်လာတဲ့အချိန် ကျန်းယွမ်ပိုင် သူ့ခြေဖဝါးကို ဖိနပ်ပါးထဲထိုးသွင်းလိုက်ပြီး အခန်းအပြင်ဘက်သို့ ပြေးထွက်သွားလိုက်၏။ သူ အစေခံတစ်ယောက်လို ဆက်ဆံခံနေရတာပင်။

စားစရာတွေယူပြီးတာနဲ့ သူတံခါးကိုခေါက်ကာ သူ့ညီလေးကို ခေါ်လိုက်သည်။
“ ယိုရှို့?”

ကျန်းယိုရှို့က ထိုင်၍ သူ့PS4နှင့် ဗီဒီယိုဂိမ်းကစားနေတာပင်။ သူ ကျန်းယွမ်ပိုင်ဘက်ကို လှည့်လိုက်ပေမဲ့ သူ့နားကြပ်ကိုတော့ တပ်ထားဆဲ။ ကျန်းယွမ်ပိုင် သူ့ကို မစ်တီးဘူးပေးကာ ပြောလိုက်သည်
“ ဒါမင်းအတွက် ”

“ အဲ့မှာထားခဲ့လိုက်”

ထို့နောက် သူ စခရင်ဘက်ကို တစ်ဖန်မျက်နှာပြန်လှည့်သွားသည်။ ကျန်းယွမ်ပိုင် ၎င်းအား သူ၏ဘေးတွင်ထားလိုက်ကာ ဆက်ပြောလိုက်၏
“ မင်းဟာထဲမှာ ငါရေခဲနည်းနည်းပဲထည့်ထားတယ်။ အရမ်းအေးတာသောက်ဖို့အတွက်ကျ ရာသီဥတုကအေးလွန်းတယ်လေ”

ကျန်းယိုရှို့ရဲ့မျက်လုံးတွေက စခရင်ကနေ မခွာလာသော်ငြား ယဉ်ယဉ်ကျေးကျေးပြောလိုက်သည်။
“ ကျေးဇူးပါ ကော”

ကျန်းယွမ်ပိုင်က သူ့တုံ့ပြန်မှုနှင့်ပတ်သပ်၍ ကျေနပ်လေသည်။ သူ့ညီလေး၏ခေါင်းကို ပုတ်ပေးလိုက်ပြီး သူ့အခန်းသို့ပြန်လာလိုက်သည်။ သူ ရှီပုဖန်အတွက် ဆန်ပြုတ်ကို ကုတင်ဘေးရှိစားပွဲတွင် ထားလိုက်ပြီးနောက် လေ့ကျင့်ခန်းမေးခွန်းတွေလုပ်ဖို့အတွက် သူ့မစ်တီးဘူးကို ယူလာလိုက်သည်။ တစ်ခဏကြာပြီးနောက် ရှီပုဖန်က နေရာကနေမလှုပ်သေးမှန်း သူသတိထားမိသွား၏
“ ရှီပုဖန်?”

ရှီပုဖန်က အိပ်မောကျနေပြီး ကျန်းယွမ်ပိုင် သူ့ကိုတွန်းလိုက်ချင်ပေမဲ့ သူ့အားနှိုးတဲ့အတွက် ရှီပုဖန်ဒေါသထွက်မှာကိုလည်း ကြောက်နေမိလေသည်။ သူဆက်ခေါ်နေလိုက်သည်
“ ရှီပုဖန်? ရှီပုဖန်? ”

နောက်ဆုံးတော့ ရှီပုဖန်နိုးလာ၏။ သူမျက်မှောင်ကြုတ်လိုက်ပြီး အသံအရင်းအမြစ်ကို စိတ်ဆိုးမာန်ဆိုးကြည့်လိုက်သည်။ သူပိန်ပါးသွယ်လျတဲ့လက်ချောင်းတစ်ချောင်းကို မြင်လိုက်ရ၏
“ အမ် ငါစားစရာတွေယူလာတယ်။ ခဏနေရင် အေးသွားတော့မှာဆိုတော့ အခုစားလိုက်တာ အကောင်းဆုံးပဲ”

ရှီပုဖန် လှိမ့်လိုက်ပြီး အိပ်ရာကနေထွက်လိုက်သည်။ သူ အစားအသောက် ပလတ်စတစ်ဘူးကိုဖွင့်လိုက်ပြီးနောက် ရုတ်ခြည်းပင် ကျန်းယွမ်ပိုင်အား စိုက်ကြည့်လိုက်သည်။
“ မင်းပုံမှန်လဲ ငါ့ကိုဒီလိုပဲ ခေါ်တာလား?”

ကျန်းယွမ်ပိုင် စိတ်ရှုပ်သွားရ၏။

“ ငါတို့က သူငယ်ချင်းကောင်းတွေဆိုရင် မင်းက ဘာလို့ငါ့ကို နာမည်အပြည့်အစုံတပ်ခေါ်တာလဲ?” ရှီပုဖန် ဆန်ပြုတ်ကိုပါးစပ်အပြည့်စားလိုက်ပြီး သူ၏ပျင်းရိပျင်းတွဲအကြည့်တွင် သံသယတစ်စွန်းတစ်စ ပါဝင်ရောစွက်နေလျက်။ ကျန်းယွမ်ပိုင် ခဏတဖြုတ် ကြက်သေ,သေသွား၏။ ရှီပုဖန် သူ့နှုတ်ခမ်းကို သပ်လိုက်တဲ့အချိန်အထိ ဘယ်လိုပြန်ဖြေရမယ်မှန်း ကျန်းယွမ်ပိုင်စဉ်းစားလို့မရသေးပေ။

ပလတ်စတစ်ဇွန်းက သူ့နှုတ်ခမ်းထောင့်နှင့် မတော်တဆထိမိပြီး ကျိုးသွားတဲ့အခါ သူ့အမူအရာက အရင်ကထက်ပိုဆိုးလာသည်။ သူစကားဆိုလာ၏
“ ငါ့ကို နောက်တစ်ချောင်းထပ်ပေး”

“ မင်းစကားကို ကောင်းကောင်းမွန်မွန်မပြောတတ်ဘူးလား?” ကျန်းယွမ်ပိုင် သူ့အားဆူလိုက်သည်။
“ မင်းတစ်ယောက်ယောက်ကို အကူအညီတောင်းတယ်ဆိုရင် အနည်းဆုံးတော့ တောင်းဆိုနေတဲ့ပုံပေါ်အောင်တော့ ပြုမူသင့်တာပေါ့”

ရှီပုဖန် သူ့အားစိုက်ကြည့်လိုက်သည်။ ကျန်းယွမ်ပိုင် တစ်ခဏလောက်ရပ်သွားပြီး သူ့အတွက်ဇွန်းတစ်ချောင်း သွားယူပေးလိုက်၏။

ကျန်းယွမ်ပိုင် တောင့်တင်းနေသည့်အမူအရာနှင့် သူ့ဆီ ဇွန်းကမ်းပေးလိုက်သည်။ ရှီပုဖန် သူ့ထံမှ ယင်းကိုယူလိုက်တော့ သူ့ဆီကနေ ဟမ့်ခနဲပွစိပွစိရေရွတ်နေသံကို ကြားလိုက်ရသည်။
“ ငါ့မိသားစုထဲက တစ်ယောက်ယောက်မှာ ကူးစက်ရောဂါရှိနေမလားဆိုတာ ဘယ်သူသိမှာလဲ?”

ရှီပုဖန် နှုတ်ခမ်းပေါ်မှ ဒဏ်ရာကိုလျှာနဲ့သပ်လိုက်ပေမဲ့ မည်သည့်စကားမှမဆိုခဲ့ချေ။

သူ စားစရာကို အငမ်းမရအမြန်စားလိုက်ကာ သူပြီးသွားတဲ့နောက် ဘူးကိုဘေးဘက်သို့တွန်းပို့လိုက်၏။ သူ လက်ကိုင်ပဝါတစ်ထည်ကိုဆွဲယူကာ ပါးစပ်သုတ်လိုက်ပြီးနောက် သူလှိမ့်၍ ကျန်းယွမ်ပိုင်၏ခုတင်ပေါ်မှာ ပြန်လဲလျောင်းလိုက်သည်။ အဲ့နောက် ကျန်းယွမ်ပိုင် သူ့ဆီကနေဘာစကားမှ ထပ်မကြားရလေတော့ဘူး။

ကျန်းယွမ်ပိုင် သူ့ကုလားထိုင်မှာထိုင်ပြီးတော့ ရှီပုဖန်ကို လှမ်းကြည့်လိုက်သည်။
“ တကယ်လို့ မင်းအဆင်မပြေဘူးဆိုရင် မင်းဆေးရုံကိုသွားရမယ်နော်။ မင်း အိပ်ပဲအိပ်မနေနဲ့”

“ ပါးစပ်ပိတ်ထား” ရှီပုဖန် သူ့အားအော်လိုက်သည်။ ကျန်းယွမ်ပိုင် သူ့Milk teaကို တစ်ငုံစုပ်သောက်လိုက်ပြီး တိတ်ဆိတ်စွာနဲ့ပဲ သူ့လေ့ကျင့်ခန်းတွေအား ပြန်လုပ်နေလိုက်၏။

တစ်ခဏကြာပြီးနောက် အခန်းထဲမှာ ဘောပင်ထိပ်ဖျားနဲ့ စာရွက်ပွတ်တိုက်မိသံတစ်ခုတည်းသာ ကြီးစိုးလို့နေလေ၏။ ၎င်းက တိတ်ဆိတ်နေတဲ့အခန်းထဲမှာ သိသာလို့နေပြီး ASMR သက်ရောက်မှုတစ်ခုကို ဖန်တီးလို့နေသည်။ ရှီပုဖန် တစ်ဖြည်းဖြည်းနဲ့ စိတ်သက်သာရာရသွားပြီး လုံးဝအိပ်မောကျသွားတော့သည်။

[ *ASMR ဆိုတာက တစ်စုံတစ်ယောက်က videoတစ်ခုခုကိုကြည့်နေရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အချို့အသံတွေကိုနားထောင်ရင်ပဲဖြစ်ဖြစ် အဲ့အခြေအနေမှာ စိတ်အေးချမ်းလာတာမျိုးဖြစ်ပေါ်လာတဲ့ အခြေအနေကို ပြောတာပါ]

ကျန်းယွမ်ပိုင် မေးခွန်းတစ်ခုပြီးတဲ့အချိန်တိုင်း ရှီပုဖန်ကိုလှမ်း လှမ်းကြည့်တတ်သည်။ ရှီပုဖန်က ထိုနေရာမှာ တိတ်ဆိတ်စွာလဲလျောင်း၍ ဆက်လက်မလှုပ်မယှက်ဖြစ်နေတာကိုမြင်တော့ သူစတင်ပြီး ဂနာမငြိမ်ဖြစ်လာတော့သည်။

ရှီပုဖန်မှာ မကောင်းတဲ့နာမည်ဂုဏ်သတင်းရှိတာကို လူတိုင်းသိကြ၏။ သူက အနီးနားကျောင်းက လူတွေနဲ့ရန်ဖြစ်ပြီး ယင်းကို ပြည်တွင်းသတင်းမှာတောင် ပါလာအောင် လုပ်ခဲ့ဖူးသည်။ ဆရာတွေနှင့်ကျောင်းသားတွေကပဲ သူ့သတင်းဆိုးတွေကို သိတာမဟုတ်ဘဲ မိဘတွေကပါသိကြလေသည်။ ကျန်းဖျင်ကျင့်နှင့် ချင်ယင်းပါ ပါဝင်လေ၏။

ကျန်းယွမ်ပိုင် သူ့မေးခွန်းတွေအား ဆက်လုပ်ချင်စိတ်လေး ဆုံးရှုံးသွားရတော့သည်။

သူစတင်၍ စိုးရိမ်ပူပန်လာမိတော့သည်။

တကယ်လို့ သူ့မိဘတွေသာ သူက ရှီပုဖန်လိုဆိုးသွမ်းလူငယ်နဲ့ အတူရှိနေတာကို သိသွားခဲ့ကြရင် သူတို့တွေ သူ့ကို ဘယ်လိုမြင်ကြမယ်ဆိုတာကို ဘယ်သူသိမှာလဲ။ အကယ်၍ သူတို့ကမေးလာခဲ့ရင်....သူဒါကို ဘယ်လိုရှင်းပြရမလဲ? ကျန်းယိုရှို့က သူ့ဘာသာပဲနေမှာဖြစ်တဲ့အတွက် မိဘတွေကို ပြန်တိုင်ပြောမှာအား သူစိတ်ပူနေစရာမလိုလေဘူး။ သို့ပေမဲ့ သူ့မိဘတွေသာ ဒီမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့သွားမယ်ဆိုရင်...ယင်းကိုတွေးလိုက်မိတာနဲ့ ကျန်းယွမ်ပိုင်၏ဦးရေ ထုံသွားသလိုမျိုး ခံစားလိုက်ရ၏။

သူ့အမေက အထွေထွေဆေးခန်းမှာ အလုပ်လုပ်တာဖြစ်ပြီး သူမ၏အလုပ်ချိန်က မနက်ရှစ်နာရီမှ ညနေခြောက်နာရီအထိဖြစ်သည်။ သူ့အဖေက ဂိမ်းကုမ္ပဏီတစ်ခုမှာ ပရောဂျက်မန်နေဂျာတစ်ယောက်ဖြစ်ပြီး မကြာခဏဆိုသလို အချိန်ပိုဆင်းရတဲ့အတွက် သူဘယ်အချိန်အိမ်ပြန်လာမလဲဆိုတာကို ပုံမှန်သတ်မှတ်ထားတာမျိုး မရှိပေ။ အခုလေးနာရီတောင်ခွဲနေပြီ။ ရှီပုဖန်က အိပ်မောကျနေဆဲဖြစ်ပြီး မတုံ့ပြန်လေဘူး။

သူ ဒါကို မခွင့်ပြုနိုင်ဘူး။
ခြောက်နာရီမထိုးခင် ရှီပုဖန်ထွက်သွားအောင် သူလုပ်ရမည်။

“ ရှီပုဖန်? ” ကျန်းယွမ်ပိုင် ခေါ်လိုက်၏။ သူ့မှာ အရင်က အအော်ခံထားရသည့်အတွေ့အကြုံရှိတာမို့ ဒီတစ်ခေါက်မှာတော့ သူ့အသံကို ခြင်တစ်ကောင်အော်သံလောက်အထိတိုးကာ ရှီပုဖန်နာမည်ကို ခပ်တိုးတိုးလေးရေရွတ်လိုက်သည်။ သေချာတာပေါ့ ရှီပုဖန် သူခေါ်တာကိုကြားလိမ့်မည်မဟုတ်ချေ။

ရှီပုဖန်က အိပ်နေရင်းအနှိုးခံလိုက်ရရင် စိတ်တိုတတ်တဲ့လူစားမျိုးဟုတ်မဟုတ် သူသေချာမသိပေ။ သို့သော်ငြား သူကတော်တော်လေးဒေါသထွက်နေတာကို ကြည့်ခြင်းဖြင့် ယင်းကဖြစ်နိုင်၏။ ကျန်းယွမ်ပိုင် သူ့နာမည်ကို ကျယ်ကျယ်လည်း အော်မခေါ်ရဲပေ။ သူဘယ်ညာကြည့်လိုက်ပြီးနောက် သူ့ဖုန်းထဲက ကြုံရာသီချင်းတစ်ပုဒ်ကို ဖွင့်လိုက်၏။ ရှီပုဖန်ကို စောင့်ကြည့်လေ့လာနေရင်းနဲ့ပဲ သီချင်းအသံကို မြှင့်လိုက်သည်။

ရှီပုဖန်က မလှုပ်မယှက်ဆက်ရှိနေဆဲ။ ယင်းနောက် ကျန်းယွမ်ပိုင် သူ့စပီကာကိုဖွင့်လိုက်ပြီး သူ့bluetoothနှင့် ချိတ်လိုက်သည်။ ယခင်သီချင်းက ခုလေးတင်ပြီးသွားရာ တိုက်တိုက်ဆိုင်ဆိုင် နောက်တစ်ပုဒ်ကို ကူးပြောင်းသွားလေသည်။

ကျယ်လောင်စူးရှတဲ့ ဒရမ်တီးသံမြည်ဟည်းလာပြီး စပီကာကလည်း ကျန်းယွမ်ပိုင်၏တောင်းဆိုမှုကို ပြီးပြည့်စုံစွာ ဖော်ပြပေးနေလျက်။ ရှီပုဖန် ရှော့ခ်ရစွာဖြင့် နိုးလာသည်။ သူ့မျက်လုံးတွေကိုဖွင့်လိုက်ပြီး မိုးပြာရောင်စောင်က သူ့အား တစ်ခဏမျှတွေဝေမိန်းမောသွားစေသည်။ နောက်တစ်စက္ကန့်မှာတော့ စိတ်ပျက်ပူဆွေးဖွယ်စာသားတွေက သူ့နားစည်ကို ရိုက်ခတ်လာ၏:

[ ဒါပေမဲ့ မင်းရှင်သန်ဖို့ရွေးတာက မင်းရဲ့ရွေးချယ်မှုပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းဘယ်လိုလုပ် အသက်တစ်ရာအထိ ရှင်သန်နိုင်မှာလဲ?

ဒါက မင်းရဲ့နောက်ဆုံးနေ့လိုမျိုး ရှင်သန်လိုက်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ တက်တက်ကြွကြွရှင်သန်လိုက်ပါ။

ဒါက မင်းရဲ့နောက်ဆုံးနေ့လိုမျိုး ရှင်သန်လိုက်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ တက်တက်ကြွကြွရှင်သန်လိုက်ပါ။]

စပီကာမှသီချင်းသံက ထွက်ပေါ်မြည်ဟည်းနေရင်း ရှီပုဖန် သူ့ကိုယ်ကို ကုတင်ခေါင်းရင်းဘောင်နဲ့ဖြည်းဖြည်းချင်းမှီလိုက်သည်။ ကျန်းယွမ်ပိုင် တမဟုတ်ချင်းသီချင်းသံကိုတိုးလိုက်ပြီး မမှန်မကန်ဆိုလိုက်သည်
“ ဆောရီးပါကွာ ငါမတော်တဆ အသံကိုအရမ်းကျယ်လိုက်မိတယ် မင်းကိုနှိုးမိသွားပြီ”

ရှီပုဖန်က သူ့အား ခံစားချက်မဲ့စွာဖြင့် ကြည့်နေလေ၏။

စပီကာထဲမှ သီချင်းသံက ဆက်လက်ထွက်ပေါ်လာနေဆဲ:
[ အမျိုးသားတွေမှာ ဓားနဲ့တိုက်ခိုက်ဖို့ သတ္တိတွေရှိတယ်။ မိန်းမပျိုလေးတွေမှာ ကြင်နာမှုနှလုံးသားနဲ့ဓားတွေရှိတယ်။ ဓားခုနှစ်လက် အတူတူဆုံစည်းသွားပြီး ငါတို့အချင်းချင်း သိခဲ့ကြတယ်…]

ရှီပုဖန် သူ့ခေါင်းပေါက်ကွဲတော့မလိုခံစားလိုက်ရပြီး နဖူးပေါ်မှ သွေးကြောတွေကလည်း ကွဲထွက်တော့မယောင်
“ အဲ့ဒါကြီးကို ပိတ်ထားလိုက်စမ်း “

ကျန်းယွမ်ပိုင် ချက်ချင်းစပီကာကို ပိတ်လိုက်ပေမဲ့ သီချင်းသံက သူ့ဖုန်းထဲကနေ ထွက်ပေါ်လာနေတုန်းပင် : ငါတို့ရဲ့လှပတဲ့အိမ်အတွက် ငါတို့တွေစောင့်ကြပ်ပေးရမယ်။ ထာဝရတိုင်အောင် စောင့်ကြပ်…

ရှီပုဖန်၏ လူသတ်ချင်နေတဲ့အကြည့်အောက်တွင် ကျန်းယွမ်ပိုင် သူ့ဖုန်းအား ဆန္ဒမရှိစွာဖြင့် ပိတ်လိုက်ရလေသည်။

အခန်းထဲမှာတော့ နှစ်ယောက်သားက အသံတိတ်ဖြင့် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လို့နေကြ၏။ ရှီပုဖန်ရဲ့မျက်တောင်တွေ စင်းကျလာပြီး သူ့ကြည့်ရတာ နောက်တစ်ကြိမ်ထပ်အိပ်ပျော်တော့မယောင်ပင်။ ကျန်းယွမ်ပိုင်က သူ့ကိုခက်ခက်ခဲခဲနဲ့နှိုးထားရတာမို့ ထပ်ပြီးအိပ်ပျော်သွားဖို့ ဘယ်နည်းနဲ့မှ ခွင့်မပြုနိုင်လေဘူး။ သူပြေးသွားလိုက်ပြီး ရှီပုဖန်ကိုဆွဲကာ
“ မင်း..ဆက်မအိပ်နဲ့တော့ မင်းကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ။ ငါမင်းကို ဆေးရုံခေါ်သွားပေးမယ်။ ဘာမှမဖြစ်ရင်တော့ ပိုကောင်းတာပေါ့”

“ ငါ့ကို နည်းနည်းလောက်ထပ်ပေးအိပ်”

ထပ်အိပ်မယ်?! သူ့အမေက အိမ်ပြန်လာတော့မှာလေ။ ကျန်းယွမ်ပိုင် ရှီပုဖန်ကို ကြမ်းကြမ်းတမ်းတမ်းဆွဲထူလိုက်ပြီး ပြောလိုက်သည်
“ ဆက်မအိပ်နဲ့တော့ ရှီပုဖန်။ ငါမင်းကို အိမ်ပြန်ပို့ပေးမယ် ငါကြားတာတော့ မင်းရဲ့အခန်းကအရမ်းကျယ်ပြီး king-sizeကုတင်ကြီးလည်းရှိတယ်ဆို။ အဲ့နေရာက လေက ပိုပြီးလန်းဆန်းတယ်၊ ငါ့နေရာမှာ ဆက်အိပ်နေဖို့မတန်ပါဘူးကွာ ဒီနေရာမှာ အိပ်တာက မင်းကိုအသက်တိုစေလိမ့်မယ် ”

ရှီပုဖန်ရဲ့မျက်လုံးတွေက ကျိန်းစပ်လာပြီး သူစကားဆိုလိုက်၏
“ ငါအိမ်ပြန်မှာ မဟုတ်ဘူး ”

“ ဒါဆို ငါမင်းမိဘတွေကို ဖုန်းလှမ်းဆက်ခေါ်ပြီး မင်းကိုလာကြိုခိုင်းလိုက်မယ်ဆိုရင်ရော? သူတို့မင်းကို တော်တော်စိတ်ပူနေလောက်ပြီ”

“ သူတို့က ငါ့မိဘတွေမဟုတ်ဘူး ”

“ သေချာပေါက်တော့ မင်းသူတို့ကို ဘယ်မှတ်မိမလဲ။ မင်းက မှတ်ဉာဏ်ဆုံးရှုံးထားတာလေ မင်းပြန်ကောင်းသွားတာနဲ့ မှတ်မိလာမှာပါ ရှီပုဖန်....”

“ မင်းငါ့ကို ထပ်ပြီးနှောင့်ယှက်နေဦးမယ်ဆိုရင် ငါမင်းကိုရိုက်ပစ်မယ်”

ရှီပုဖန်က သူ့လက်တွေကို တွန်းထုတ်ပစ်လိုက်ပြီး အိပ်ရာပေါ်မှာပြန်လဲလျောင်းလိုက်သည်။ ဤမြင်ကွင်းအားကြည့်ရင်း ကျန်းယွမ်ပိုင်ငိုချင်တော့၏။ သူအချိန်ကိုကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ အခန်းထဲတွင် ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်နေမိသည်။

ရှီပုဖန်က ဘယ်တုန်းက ဒီလောက်ထိအရှက်မရှိဖြစ်သွားတာလဲ? သူက သူ့အိပ်ရာကိုတောင် မောင်ပိုင်စီးထားပြီး ထွက်သွားဖို့ကိုငြင်းဆန်နေသည်။ တကယ်လို့ သူမထွက်သွားဘူးဆိုရင် ဘယ်လိုလုပ်မလဲ? သူ့အမေက မကြာခင် ဘယ်အချိန်မဆို ပြန်လာတော့မှာလေ။

အဲ့အချိန်မှာပဲ ရုတ်တရက် ရှီပုဖန်၏ဖုန်းက ရုတ်ခြည်း အသံမြည်လာသည်။ ဖုန်းက သူ့လက်မောင်းအောက်မှာ ဖြစ်တဲ့အတွက် ကျန်းယွမ်ပိုင် ခေါ်ဆိုသူကို မကြည့်ရဲလေဘူး။ ဖုန်းခေါ်သူတွေက ရှီပုဖန်၏မိဘတွေဖြစ်ပါစေလို့ အသံတိတ်တောင်းဆုပြုနေမိသည်။

သို့ရာတွင် အဆုံးမှာတော့ ရှီပုဖန်က ဖုန်းကိုလုံးဝမကိုင်ဘဲ ဆက်မြည်ခွင့်ပေးထားလေ၏။

ကျန်းယွမ်ပိုင် စိတ်သက်သာရာရသွားပြီးနောက် တစ်ဖန်စိုးရိမ်လာရပြန်သည်။ သူရှီပုဖန်အား ညှိုးငယ်စွာဖြင့် ကြည့်လိုက်၏။ နောက်တစ်စက္ကန့်လောက်ကြာတော့ ရှီပုဖန်၏ဖုန်းက နောက်တစ်ခေါက်ထပ်မြည်လာသည်။ ကျန်းယွမ်ပိုင်၏နှလုံးသားက သူ့လည်ချောင်းထဲရောက်လာပြီးး အကြံပြုလိုက်သည်
“ ဘာလို့...ဘာလို့ဖုန်းမကိုင်တာလဲ? ”

ကျန်းယွမ်ပိုင်ပြောတာကို နားထောင်ပြီးနောက် အဆုံးမှာတော့ ရှီပုဖန်လှုပ်ရှားလာသည်။ သူ့လက်တွေက ဖုန်းကိုရှာယူလိုက်ပြီးနောက် ဖုန်းခေါ်သူအားကြည့်လိုက်၏။ သူဖုန်းကိုင်လိုက်ပြီး စပီကာဖွင့်လိုက်ကာ အိပ်ရာပေါ်မှာလဲလျောင်းနေရင်းနဲ့ပဲ အက်ကွဲနေသောအသံဖြင့် ပြောလိုက်သည်။
“ ပြော ”

“ ရှီကော ငါကြားတာတော့ မင်းအရေးပေါ်ကားနဲ့သယ်သွားခံလိုက်ရတယ်ဆို၊ အခုမင်းဘယ်လိုနေသေးလဲ? ”

ရှီပုဖန် ကျွတ်ခနဲစုပ်သပ်လိုက်ပြီး ကျန်းယွမ်ပိုင်အား စိုက်ကြည့်လိုက်သည်။
“ မင်းက ဘယ်သူလဲ? ”

“ ငါက ချုံးကျင့်လေ မင်းမှတ်ဉာဏ်တွေပျောက်သွားတာတော့ မဟုတ်ဘူးမလား ? ”

“ မင်းပြောတာ အမှန်ပဲ”
အပြန်အလှန်စကားပြောတဲ့ပုံစံကနေ ဖုန်းခေါ်သူနဲ့ သူက ရင်းနှီးတယ်လို့ ရှီပုဖန်ခံစားလိုက်ရသည်။ သူ ထထိုင်လိုက်ပြီး စာရေးဟန်ဆောင်နေသည့် ကျန်းယွမ်ပိုင်ကိုကြည့်လိုက်သည်။
“ ငါ့မှတ်ဉာဏ်တွေ ပျောက်သွားပြီးတော့ အခုငါ့သူငယ်ချင်းကောင်းရဲ့အိမ်မှာ ရောက်နေတယ်”

“ ခဏလေး ဘာပြောလိုက်တယ်? မင်းတကယ်ကြီး မှတ်ဉာဏ်တွေ ပျောက်သွားတာ?”
အသံတွေကို နားထောင်ခြင်းဖြင့် အဲ့ဘက်မှာ လူတစ်ယောက်တည်းမကလေဘူး။ အခြားအသံတစ်ခုက ပြောလာသည်
“ ကော ငါက မင်မိုင့်လေ ငါ့ကိုရော မှတ်မိသေးလား ?”

“ ငါမင်းကိုမမှတ်မိဘူး ”

“နေပါအုံး ရှီကောမှာ အခြားဘယ်သူငယ်ချင်းရှိသေးလို့လဲ? မင်းမှာ ငါရယ် ချုံးကျင့်ရယ် ယဲ့လျန်ရယ်ပဲရှိတာ မဟုတ်ဘူးလား? ”

“ သောက်ချီး! ရှီကောမှတ်ဉာဏ်ပျောက်နေတဲ့အချိန်မှာ ဘယ်အကောင်က ငါတို့ထဲကတစ်ယောက်လို ဟန်ဆောင်ရဲတာလဲ? ငါအဲ့ကောင်ကို ရိုက်ပစ်မယ် ”

ကျန်းယွမ်ပိုင် တံတွေးမျိုချလိုက်မိပြီး မသိစိတ်၏စေ့ဆော်မှုအရ ဘောပင်ကို ကိုင်ကာ သူ့လေ့ကျင့်ရေးမေးခွန်းတွေနဲ့ မျက်နှာချင်းဆိုင်လိုက်သည်။ သို့ပေသိ သူ့မျက်လုံးတွေကတော့ တဖျပ်ဖျပ်လှုပ်ခတ်နေလျက်။

ချုံးကျင့်၊မင်မိုင့်နဲ့ယဲ့လျန်။ သူတို့တွေက ရှီပုဖန် မကောင်းတာတစ်ခုခုလုပ်တိုင်း အမြဲတမ်းအဖော်ပြုပေးနေကျပင်။ သူတို့အားလုံးက အဆင့်က မကောင်းကြပေမဲ့လည်း ရှီပုဖန်နဲ့အတူတူ အဆင့်မြင့်အတန်းမှာ တူတူလိုက်တက်ကြ၏။ သူတို့တွေက ဆရာတွေကိုတောင် ရိုက်ရဲကြတဲ့လူတွေပင်။ ထပ်ပေါင်းပြောရရင် သူတို့အားလုံးက အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ပေါက်တောင့်တင်းကြသည်။ ကျန်းယွမ်ပိုင် Milk teaကိုပါးစပ်အပြည့်တစ်ငုံသောက်လိုက်ပြီး သူ့ပါးစပ်အား လက်ကိုင်ပဝါနဲ့သုတ်လိုက်တဲ့အချိန် လက်တွေကတုန်ယင်နေလေသည်။

သူ အလောတကြီး တွေးမိခဲ့တဲ့ဗျူဟာက ဘယ်လောက်တောင်ရူးနှမ်းဖွယ်ကောင်းလဲဆိုတာ ခုမှပဲသူသတိထားမိလိုက်သည်။ ဟိုကောင်တွေက ရှီပုဖန်အား အမှန်တရားကိုနည်းနည်းလောက်ပြောလိုက်တာနဲ့ သူ့အတွက်ပြီးဆုံးသွားပြီပင်။

ရှီပုဖန်က အဆက်မပြတ် ခြေထောက်တွေတုန်ယင်နေသည့်ကျန်းယွမ်ပိုင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာပြီး
“ ငါမင်းတို့ကို ငါ့တည်နေရာပို့ပေးလိုက်မယ်။ ငါ့ကိုလာခေါ်ကြ “

သူတို့ကို တည်နေရာပို့ပေးမယ်?!

ကျန်းယွမ်ပိုင်၏နှလုံးသားက ရင်ဘတ်ထဲက ခုန်ထွက်မတတ်ပင်။ ရှီပုဖန်က သူ့ရဲ့တည်နေရာကို ပို့ပေးလိုက်တဲ့အချိန် ‘နတ်ဆိုး’လေးကောင်က သူဘယ်မှာနေမှန်း သိကုန်ကြတော့မှာပေါ့။ ရှီပုဖန်က မှတ်ဉာဏ်တွေဆုံးရှုံးနေတာတောင်မှ တည်နေရာပို့ပေးဖို့ကို ဘယ်လိုလုပ်သတိရသွားတာလဲ?!

ရှီပုဖန်က ဖုန်းချလိုက်ပြီး သူ့ဖုန်းအားစတင်လိုက်ကလိတော့သည်။ သူ Wechatကို ဖွင့်လိုက်တဲ့အချိန်မှာပဲ ကျန်းယွမ်ပိုင်က ရုတ်တရက်သူ့ကိုပြောလိုက်၏
“ မင်း သူတို့ကို တည်နေရာပို့ပေးလို့မရဘူး ”

“ ဘာလို့လဲ ?”

“ ဘာလို့လဲဆိုတော့ ...ဘာလို့လဲဆိုတော့ ငါသူတို့ကို ငါ့အိမ်ဘယ်မှာရှိမှန်း ပေးမသိချင်ဘူး”
ရှီပုဖန် ဘာမှမပြောနိုင်သေးခင်မှာဘဲ ကျန်းယွမ်ပိုင်က အသက်တစ်ရှိုက်တည်းဖြင့် အရာအားလုံးပြောလာလေသည်
“ ငါကမင်းရဲ့အခင်ဆုံးသူငယ်ချင်းဆိုပေမဲ့ သူတို့ရဲ့အခင်ဆုံးတော့ မဟုတ်ဘူးလေ။ ငါက သူတို့နဲ့မရင်းနှီးဘူး ငါက…ငါက မင်းတစ်ယောက်တည်းနဲ့ပဲ ရင်းနှီးတာ ”

ရှီပုဖန်က သူ့ကိုတစ်ခဏလောက်စိုက်ကြည့်နေပြီး အဲ့အကြောင်းကို တွေးကြည့်လိုက်သည်။
“ဒါဆို ငါမင်းကို သူတို့နဲ့မိတ်ဆက်ပေးသင့်တာပေါ့ ”

“ ငါမလုပ်ချင်ဘူး!”
ကျန်းယွမ်ပိုင် ငြင်းပယ်ကာ ရှင်းပြလိုက်၏။
“ ငါတို့... ငါတို့မှာ ငါတို့ကိုယ်ပိုင်အပေါင်းအသင်းအဖွဲ့တွေ ရှိတယ်လေ...ငါ သူတို့နဲ့အဆင်မပြေလောက်ဘူးလို့ ထင်တယ်”

ရှီပုဖန်က လက်နှစ်ဖက်ကြားမှာ သူ့ပါးကို ထည့်ထားလိုက်ပြီး
“ ငါရှိတယ်လေ မင်းကဘာကိုကြောက်နေတာလဲ? ”

“ ငါမကြောက်ပါဘူး ”
ကျန်းယွမ်ပိုင် တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပက်ပြောလိုက်သည်။
“ ငါက မင်းနဲ့ဆက်ဆံရေးကောင်းမှန်း သူတို့မသိကြဘူး။ ထပ်ပြောရရင် ငါကအဆင့်တွေကောင်းပေမဲ့ သူတို့ကတော့မကောင်းကြဘူး။ တကယ်လို့သူတို့သိသွားကြမယ်ဆိုရင် ...သူတို့အားငယ်သွားကြလိမ့်မယ်”

တကယ်တော့ သူတို့တွေက သူ့ကိုသေအောင် ရိုက်ကြမှာ

ရှီပုဖန် စိတ်ရှုပ်သွားသလိုပြုမူလိုက်ပြီး စကားဆိုလိုက်၏
“ဒါဆို ငါကမင်းနဲ့ပိုရင်းနှီးတာလား သူတို့နဲ့ပိုရင်းနှီးတာလား? ” 

“ ကြည့်လေ။ မင်းက အရမ်းချောမောပြီး ဖော်ရွေတယ်လေ မင်းက ဘယ်သူနဲ့ပဲဖြစ်ဖြစ် ဆက်ဆံရေးကောင်းတယ်။ ဒါကြောင့် မင်းက ငါနဲ့ရော သူတို့နဲ့ပါဆက်ဆံရေးကောင်းတယ် ဒါပေမဲ့ သူတို့က မင်းနဲ့ငါ့ကြားမှာ ဆက်ဆံရေးကောင်းမှန်းတော့ မသိကြဘူး”

ရှီပုဖန် ပုံစံကြည့်ရတာတော့ အမှန်တရားကိုနားထောင်နေသကဲ့သို့ပင်။ သူ့မေးစေ့ကိုထိလိုက်ပြီး ယင်းအားတစိမ့်စိမ့်တွေးတောလိုက်သည်။
“ဒါဆို မင်းပြောချင်တာက ငါက ငါနဲ့မင်းရဲ့ဆက်ဆံရေးကို သူတို့မသိအောင် ဖုံးကွယ်ထားတာပေါ့?”

“ အွန်း ”
ကျန်းယွမ်ပိုင်၏လက်ချောင်းလေးတွေက သူ့ဘောင်းဘီကို ဆွဲလိမ်နေလိုက်ရင်း
“ ငါတို့...ဆက်ဆံရေးကိုအတည်ပြုတဲ့အချိန်တုန်းက မင်းကဒီလိုပြောခဲ့တယ်လေ။ ကောင်းကင်နဲ့မြေပြင်ကပဲဒီအကြောင်းကို သိနိုင်ပြီးတော့ ငါတို့နှစ်ယောက်လုံး ဘယ်သူမှ ဒီလျို့ဝှက်ချက်ကို မဖော်ထုတ်ရဘူးလို့ ”

ရှီပုဖန် ရုတ်ခြည်း တစ်စုံတစ်ခုအားတွေးမိသွားသည်။ သူ့မျက်ခွံတွေ ပင့်တက်သွားပြီး
“ ငါတို့ ဘယ်အချိန်တုန်းက ...ငါတို့ဆက်ဆံရေးကို အတည်ပြုလိုက်တာလဲ? ”

သူ ကျန်းယွမ်ပိုင်၏နူးညံ့ချောမွတ်နေတဲ့မျက်နှာလေးကို ထပ်ခါတလဲလဲကြည့်လိုက်ရင်း ရဲတင်းသည့်အတွေးတစ်ခုက သူ့စိတ်ထဲ၌ ရုတ်တရက်ထင်ဟပ်လာ၏။

ဖြစ်နိုင်တာက ကျန်းယွမ်ပိုင်ဆိုလိုတဲ့ “ သူငယ်ချင်းကောင်း” ဆိုတာက ရှက်စရာကောင်းတဲ့စကားရပ်တစ်ခုအတွက် အဖုံးအကာမျှသာပင်။

__________________

စာရေးသူမှာ ပြောစရာရှိတယ် :

ရှီကော : သိပြီ

ယွမ်ယွမ် : ဘာကိုလဲ?

[Cora: ပြောချင်တာကတော့ သူငယ်ချင်းကောင်း လို့ပြောနေတာက ရည်းစားဆိုတဲ့စကားကိုမပြောချင်လို့ coverယူပြီးပြောနေတယ်ပေါ့ ]

▪️🍬▪️🍬▪️🍬▪️🍬▪️🍬▪️🍬

Zawgyi

ရွီပုဖန္၏ေခါင္းထက္တြင္ ခ်ဳပ္ရိုးရာအနည္းငယ္ရွိေနေပမဲ့လည္း ယင္းက ၾကမ္းၾကဳတ္၍အဟန႔္ေကာင္းသည့္သူ႕အမူအရာကို ပိုလို႔ေတာင္မဖုံးကြယ္နိုင္ေပ။

သူ ကုတင္အုံးတားေပၚမွာ ေခါင္းမွီကာလွဲလိုက္ၿပီး က်န္းယြမ္ပိုင္၏အိပ္ယာကို အေရးမစိုက္ဘဲေနရာယူလ်က္။ သူ ကုတင္တစ္ခုလုံးေပၚမွာ ေျခပစ္လက္ပစ္လဲေလ်ာင္းလိုက္ေတာ့ ကုတင္ပိုင္ရွင္ျဖစ္သူ က်န္းယြမ္ပိုင္ခမ်ာ ေ႐ြးခ်ယ္စရာမရွိဘဲ သူ႕ဆုံလည္ကုလားထိုင္ေပၚမွာ က်ိဳးက်ိဳးႏြံႏြံသြားေနရေလသည္။

ေအာ္ဒါမွာခါနီးတြင္ ရွီပုဖန္၏ဒဏ္ရာကိုထည့္သြင္းစဥ္းစားမိၿပီးေနာက္ ေဟာ့ေပါ့အစပ္ကို စြန႔္ပစ္ဖို႔ ဆုံးျဖတ္လိုက္၏။ ထိုအစား သူ အျခားေပါ့ပါးသည့္စားစရာအခ်ိဳ႕သာ မွာလိုက္သည္။ မွာထားတာေတြနဲ႕အတူ အစားအစာပို႔တဲ့သူေရာက္လာတဲ့အခ်ိန္ က်န္းယြမ္ပိုင္ သူ႕ေျခဖဝါးကို ဖိနပ္ပါးထဲထိုးသြင္းလိုက္ၿပီး အခန္းအျပင္ဘက္သို႔ ေျပးထြက္သြားလိုက္၏။ သူ အေစခံတစ္ေယာက္လို ဆက္ဆံခံေနရတာပင္။

စားစရာေတြယူၿပီးတာနဲ႕ သူတံခါးကိုေခါက္ကာ သူ႕ညီေလးကို ေခၚလိုက္သည္။
“ ယိုရွို႔?”

က်န္းယိုရွို႔က ထိုင္၍ သူ႕PS4ႏွင့္ ဗီဒီယိုဂိမ္းကစားေနတာပင္။ သူ က်န္းယြမ္ပိုင္ဘက္ကို လွည့္လိုက္ေပမဲ့ သူ႕နားၾကပ္ကိုေတာ့ တပ္ထားဆဲ။ က်န္းယြမ္ပိုင္ သူ႕ကို မစ္တီးဘူးေပးကာ ေျပာလိုက္သည္
“ ဒါမင္းအတြက္ ”

“ အဲ့မွာထားခဲ့လိုက္”

ထို႔ေနာက္ သူ စခရင္ဘက္ကို တစ္ဖန္မ်က္ႏွာျပန္လွည့္သြားသည္။ က်န္းယြမ္ပိုင္ ၎အား သူ၏ေဘးတြင္ထားလိုက္ကာ ဆက္ေျပာလိုက္၏
“ မင္းဟာထဲမွာ ငါေရခဲနည္းနည္းပဲထည့္ထားတယ္။ အရမ္းေအးတာေသာက္ဖို႔အတြက္က် ရာသီဥတုကေအးလြန္းတယ္ေလ”

က်န္းယိုရွို႔ရဲ႕မ်က္လုံးေတြက စခရင္ကေန မခြာလာေသာ္ျငား ယဥ္ယဥ္ေက်းေက်းေျပာလိုက္သည္။
“ ေက်းဇူးပါ ေကာ”

က်န္းယြမ္ပိုင္က သူ႕တုံ႕ျပန္မႈႏွင့္ပတ္သပ္၍ ေက်နပ္ေလသည္။ သူ႕ညီေလး၏ေခါင္းကို ပုတ္ေပးလိုက္ၿပီး သူ႕အခန္းသို႔ျပန္လာလိုက္သည္။ သူ ရွီပုဖန္အတြက္ ဆန္ျပဳတ္ကို ကုတင္ေဘးရွိစားပြဲတြင္ ထားလိုက္ၿပီးေနာက္ ေလ့က်င့္ခန္းေမးခြန္းေတြလုပ္ဖို႔အတြက္ သူ႕မစ္တီးဘူးကို ယူလာလိုက္သည္။ တစ္ခဏၾကာၿပီးေနာက္ ရွီပုဖန္က ေနရာကေနမလႈပ္ေသးမွန္း သူသတိထားမိသြား၏
“ ရွီပုဖန္?”

ရွီပုဖန္က အိပ္ေမာက်ေနၿပီး က်န္းယြမ္ပိုင္ သူ႕ကိုတြန္းလိုက္ခ်င္ေပမဲ့ သူ႕အားႏွိုးတဲ့အတြက္ ရွီပုဖန္ေဒါသထြက္မွာကိုလည္း ေၾကာက္ေနမိေလသည္။ သူဆက္ေခၚေနလိုက္သည္
“ ရွီပုဖန္? ရွီပုဖန္? ”

ေနာက္ဆုံးေတာ့ ရွီပုဖန္နိုးလာ၏။ သူမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး အသံအရင္းအျမစ္ကို စိတ္ဆိုးမာန္ဆိုးၾကည့္လိုက္သည္။ သူပိန္ပါးသြယ္လ်တဲ့လက္ေခ်ာင္းတစ္ေခ်ာင္းကို ျမင္လိုက္ရ၏
“ အမ္ ငါစားစရာေတြယူလာတယ္။ ခဏေနရင္ ေအးသြားေတာ့မွာဆိုေတာ့ အခုစားလိုက္တာ အေကာင္းဆုံးပဲ”

ရွီပုဖန္ လွိမ့္လိုက္ၿပီး အိပ္ရာကေနထြက္လိုက္သည္။ သူ အစားအေသာက္ ပလတ္စတစ္ဘူးကိုဖြင့္လိုက္ၿပီးေနာက္ ႐ုတ္ျခည္းပင္ က်န္းယြမ္ပိုင္အား စိုက္ၾကည့္လိုက္သည္။
“ မင္းပုံမွန္လဲ ငါ့ကိုဒီလိုပဲ ေခၚတာလား?”

က်န္းယြမ္ပိုင္ စိတ္ရႈပ္သြားရ၏။

“ ငါတို႔က သူငယ္ခ်င္းေကာင္းေတြဆိုရင္ မင္းက ဘာလို႔ငါ့ကို နာမည္အျပည့္အစုံတပ္ေခၚတာလဲ?” ရွီပုဖန္ ဆန္ျပဳတ္ကိုပါးစပ္အျပည့္စားလိုက္ၿပီး သူ၏ပ်င္းရိပ်င္းတြဲအၾကည့္တြင္ သံသယတစ္စြန္းတစ္စ ပါဝင္ေရာစြက္ေနလ်က္။ က်န္းယြမ္ပိုင္ ခဏတျဖဳတ္ ၾကက္ေသ,ေသသြား၏။ ရွီပုဖန္ သူ႕ႏႈတ္ခမ္းကို သပ္လိုက္တဲ့အခ်ိန္အထိ ဘယ္လိုျပန္ေျဖရမယ္မွန္း က်န္းယြမ္ပိုင္စဥ္းစားလို႔မရေသးေပ။

ပလတ္စတစ္ဇြန္းက သူ႕ႏႈတ္ခမ္းေထာင့္ႏွင့္ မေတာ္တဆထိမိၿပီး က်ိဳးသြားတဲ့အခါ သူ႕အမူအရာက အရင္ကထက္ပိုဆိုးလာသည္။ သူစကားဆိုလာ၏
“ ငါ့ကို ေနာက္တစ္ေခ်ာင္းထပ္ေပး”

“ မင္းစကားကို ေကာင္းေကာင္းမြန္မြန္မေျပာတတ္ဘူးလား?” က်န္းယြမ္ပိုင္ သူ႕အားဆူလိုက္သည္။
“ မင္းတစ္ေယာက္ေယာက္ကို အကူအညီေတာင္းတယ္ဆိုရင္ အနည္းဆုံးေတာ့ ေတာင္းဆိုေနတဲ့ပုံေပၚေအာင္ေတာ့ ျပဳမူသင့္တာေပါ့”

ရွီပုဖန္ သူ႕အားစိုက္ၾကည့္လိုက္သည္။ က်န္းယြမ္ပိုင္ တစ္ခဏေလာက္ရပ္သြားၿပီး သူ႕အတြက္ဇြန္းတစ္ေခ်ာင္း သြားယူေပးလိုက္၏။

က်န္းယြမ္ပိုင္ ေတာင့္တင္းေနသည့္အမူအရာႏွင့္ သူ႕ဆီ ဇြန္းကမ္းေပးလိုက္သည္။ ရွီပုဖန္ သူ႕ထံမွ ယင္းကိုယူလိုက္ေတာ့ သူ႕ဆီကေန ဟမ့္ခနဲပြစိပြစိေရ႐ြတ္ေနသံကို ၾကားလိုက္ရသည္။
“ ငါ့မိသားစုထဲက တစ္ေယာက္ေယာက္မွာ ကူးစက္ေရာဂါရွိေနမလားဆိုတာ ဘယ္သူသိမွာလဲ?”

ရွီပုဖန္ ႏႈတ္ခမ္းေပၚမွ ဒဏ္ရာကိုလွ်ာနဲ႕သပ္လိုက္ေပမဲ့ မည္သည့္စကားမွမဆိုခဲ့ေခ်။

သူ စားစရာကို အငမ္းမရအျမန္စားလိုက္ကာ သူၿပီးသြားတဲ့ေနာက္ ဘူးကိုေဘးဘက္သို႔တြန္းပို႔လိုက္၏။ သူ လက္ကိုင္ပဝါတစ္ထည္ကိုဆြဲယူကာ ပါးစပ္သုတ္လိုက္ၿပီးေနာက္ သူလွိမ့္၍ က်န္းယြမ္ပိုင္၏ခုတင္ေပၚမွာ ျပန္လဲေလ်ာင္းလိုက္သည္။ အဲ့ေနာက္ က်န္းယြမ္ပိုင္ သူ႕ဆီကေနဘာစကားမွ ထပ္မၾကားရေလေတာ့ဘူး။

က်န္းယြမ္ပိုင္ သူ႕ကုလားထိုင္မွာထိုင္ၿပီးေတာ့ ရွီပုဖန္ကို လွမ္းၾကည့္လိုက္သည္။
“ တကယ္လို႔ မင္းအဆင္မေျပဘူးဆိုရင္ မင္းေဆး႐ုံကိုသြားရမယ္ေနာ္။ မင္း အိပ္ပဲအိပ္မေနနဲ႕”

“ ပါးစပ္ပိတ္ထား” ရွီပုဖန္ သူ႕အားေအာ္လိုက္သည္။ က်န္းယြမ္ပိုင္ သူ႕Milk teaကို တစ္ငုံစုပ္ေသာက္လိုက္ၿပီး တိတ္ဆိတ္စြာနဲ႕ပဲ သူ႕ေလ့က်င့္ခန္းေတြအား ျပန္လုပ္ေနလိုက္၏။

တစ္ခဏၾကာၿပီးေနာက္ အခန္းထဲမွာ ေဘာပင္ထိပ္ဖ်ားနဲ႕ စာ႐ြက္ပြတ္တိုက္မိသံတစ္ခုတည္းသာ ႀကီးစိုးလို႔ေနေလ၏။ ၎က တိတ္ဆိတ္ေနတဲ့အခန္းထဲမွာ သိသာလို႔ေနၿပီး ASMR သက္ေရာက္မႈတစ္ခုကို ဖန္တီးလို႔ေနသည္။ ရွီပုဖန္ တစ္ျဖည္းျဖည္းနဲ႕ စိတ္သက္သာရာရသြားၿပီး လုံးဝအိပ္ေမာက်သြားေတာ့သည္။

[ *ASMR ဆိုတာက တစ္စုံတစ္ေယာက္က videoတစ္ခုခုကိုၾကည့္ေနရင္ပဲျဖစ္ျဖစ္ ဒါမွမဟုတ္ အခ်ိဳ႕အသံေတြကိုနားေထာင္ရင္ပဲျဖစ္ျဖစ္ အဲ့အေျခအေနမွာ စိတ္ေအးခ်မ္းလာတာမ်ိဳးျဖစ္ေပၚလာတဲ့ အေျခအေနကို ေျပာတာပါ]

က်န္းယြမ္ပိုင္ ေမးခြန္းတစ္ခုၿပီးတဲ့အခ်ိန္တိုင္း ရွီပုဖန္ကိုလွမ္း လွမ္းၾကည့္တတ္သည္။ ရွီပုဖန္က ထိုေနရာမွာ တိတ္ဆိတ္စြာလဲေလ်ာင္း၍ ဆက္လက္မလႈပ္မယွက္ျဖစ္ေနတာကိုျမင္ေတာ့ သူစတင္ၿပီး ဂနာမၿငိမ္ျဖစ္လာေတာ့သည္။

ရွီပုဖန္မွာ မေကာင္းတဲ့နာမည္ဂုဏ္သတင္းရွိတာကို လူတိုင္းသိၾက၏။ သူက အနီးနားေက်ာင္းက လူေတြနဲ႕ရန္ျဖစ္ၿပီး ယင္းကို ျပည္တြင္းသတင္းမွာေတာင္ ပါလာေအာင္ လုပ္ခဲ့ဖူးသည္။ ဆရာေတြႏွင့္ေက်ာင္းသားေတြကပဲ သူ႕သတင္းဆိုးေတြကို သိတာမဟုတ္ဘဲ မိဘေတြကပါသိၾကေလသည္။ က်န္းဖ်င္က်င့္ႏွင့္ ခ်င္ယင္းပါ ပါဝင္ေလ၏။

က်န္းယြမ္ပိုင္ သူ႕ေမးခြန္းေတြအား ဆက္လုပ္ခ်င္စိတ္ေလး ဆုံးရႈံးသြားရေတာ့သည္။

သူစတင္၍ စိုးရိမ္ပူပန္လာမိေတာ့သည္။

တကယ္လို႔ သူ႕မိဘေတြသာ သူက ရွီပုဖန္လိုဆိုးသြမ္းလူငယ္နဲ႕ အတူရွိေနတာကို သိသြားခဲ့ၾကရင္ သူတို႔ေတြ သူ႕ကို ဘယ္လိုျမင္ၾကမယ္ဆိုတာကို ဘယ္သူသိမွာလဲ။ အကယ္၍ သူတို႔ကေမးလာခဲ့ရင္....သူဒါကို ဘယ္လိုရွင္းျပရမလဲ? က်န္းယိုရွို႔က သူ႕ဘာသာပဲေနမွာျဖစ္တဲ့အတြက္ မိဘေတြကို ျပန္တိုင္ေျပာမွာအား သူစိတ္ပူေနစရာမလိုေလဘူး။ သို႔ေပမဲ့ သူ႕မိဘေတြသာ ဒီျမင္ကြင္းကို ကိုယ္တိုင္ကိုယ္က် ေတြ႕သြားမယ္ဆိုရင္...ယင္းကိုေတြးလိုက္မိတာနဲ႕ က်န္းယြမ္ပိုင္၏ဦးေရ ထုံသြားသလိုမ်ိဳး ခံစားလိုက္ရ၏။

သူ႕အေမက အေထြေထြေဆးခန္းမွာ အလုပ္လုပ္တာျဖစ္ၿပီး သူမ၏အလုပ္ခ်ိန္က မနက္ရွစ္နာရီမွ ညေနေျခာက္နာရီအထိျဖစ္သည္။ သူ႕အေဖက ဂိမ္းကုမၸဏီတစ္ခုမွာ ပေရာဂ်က္မန္ေနဂ်ာတစ္ေယာက္ျဖစ္ၿပီး မၾကာခဏဆိုသလို အခ်ိန္ပိုဆင္းရတဲ့အတြက္ သူဘယ္အခ်ိန္အိမ္ျပန္လာမလဲဆိုတာကို ပုံမွန္သတ္မွတ္ထားတာမ်ိဳး မရွိေပ။ အခုေလးနာရီေတာင္ခြဲေနၿပီ။ ရွီပုဖန္က အိပ္ေမာက်ေနဆဲျဖစ္ၿပီး မတုံ႕ျပန္ေလဘူး။

သူ ဒါကို မခြင့္ျပဳနိုင္ဘူး။
ေျခာက္နာရီမထိုးခင္ ရွီပုဖန္ထြက္သြားေအာင္ သူလုပ္ရမည္။

“ ရွီပုဖန္? ” က်န္းယြမ္ပိုင္ ေခၚလိုက္၏။ သူ႕မွာ အရင္က အေအာ္ခံထားရသည့္အေတြ႕အႀကဳံရွိတာမို႔ ဒီတစ္ေခါက္မွာေတာ့ သူ႕အသံကို ျခင္တစ္ေကာင္ေအာ္သံေလာက္အထိတိုးကာ ရွီပုဖန္နာမည္ကို ခပ္တိုးတိုးေလးေရ႐ြတ္လိုက္သည္။ ေသခ်ာတာေပါ့ ရွီပုဖန္ သူေခၚတာကိုၾကားလိမ့္မည္မဟုတ္ေခ်။

ရွီပုဖန္က အိပ္ေနရင္းအႏွိုးခံလိုက္ရရင္ စိတ္တိုတတ္တဲ့လူစားမ်ိဳးဟုတ္မဟုတ္ သူေသခ်ာမသိေပ။ သို႔ေသာ္ျငား သူကေတာ္ေတာ္ေလးေဒါသထြက္ေနတာကို ၾကည့္ျခင္းျဖင့္ ယင္းကျဖစ္နိုင္၏။ က်န္းယြမ္ပိုင္ သူ႕နာမည္ကို က်ယ္က်ယ္လည္း ေအာ္မေခၚရဲေပ။ သူဘယ္ညာၾကည့္လိုက္ၿပီးေနာက္ သူ႕ဖုန္းထဲက ႀကဳံရာသီခ်င္းတစ္ပုဒ္ကို ဖြင့္လိုက္၏။ ရွီပုဖန္ကို ေစာင့္ၾကည့္ေလ့လာေနရင္းနဲ႕ပဲ သီခ်င္းအသံကို ျမႇင့္လိုက္သည္။

ရွီပုဖန္က မလႈပ္မယွက္ဆက္ရွိေနဆဲ။ ယင္းေနာက္ က်န္းယြမ္ပိုင္ သူ႕စပီကာကိုဖြင့္လိုက္ၿပီး သူ႕bluetoothႏွင့္ ခ်ိတ္လိုက္သည္။ ယခင္သီခ်င္းက ခုေလးတင္ၿပီးသြားရာ တိုက္တိုက္ဆိုင္ဆိုင္ ေနာက္တစ္ပုဒ္ကို ကူးေျပာင္းသြားေလသည္။

က်ယ္ေလာင္စူးရွတဲ့ ဒရမ္တီးသံျမည္ဟည္းလာၿပီး စပီကာကလည္း က်န္းယြမ္ပိုင္၏ေတာင္းဆိုမႈကို ၿပီးျပည့္စုံစြာ ေဖာ္ျပေပးေနလ်က္။ ရွီပုဖန္ ေရွာ့ခ္ရစြာျဖင့္ နိုးလာသည္။ သူ႕မ်က္လုံးေတြကိုဖြင့္လိုက္ၿပီး မိုးျပာေရာင္ေစာင္က သူ႕အား တစ္ခဏမွ်ေတြေဝမိန္းေမာသြားေစသည္။ ေနာက္တစ္စကၠန႔္မွာေတာ့ စိတ္ပ်က္ပူေဆြးဖြယ္စာသားေတြက သူ႕နားစည္ကို ရိုက္ခတ္လာ၏:

[ ဒါေပမဲ့ မင္းရွင္သန္ဖို႔ေ႐ြးတာက မင္းရဲ႕ေ႐ြးခ်ယ္မႈပဲ။ ဘယ္လိုပဲျဖစ္ျဖစ္ မင္းဘယ္လိုလုပ္ အသက္တစ္ရာအထိ ရွင္သန္နိုင္မွာလဲ?

ဒါက မင္းရဲ႕ေနာက္ဆုံးေန႕လိုမ်ိဳး ရွင္သန္လိုက္၊ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ တက္တက္ႂကြႂကြရွင္သန္လိုက္ပါ။

ဒါက မင္းရဲ႕ေနာက္ဆုံးေန႕လိုမ်ိဳး ရွင္သန္လိုက္၊ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ တက္တက္ႂကြႂကြရွင္သန္လိုက္ပါ။]

စပီကာမွသီခ်င္းသံက ထြက္ေပၚျမည္ဟည္းေနရင္း ရွီပုဖန္ သူ႕ကိုယ္ကို ကုတင္ေခါင္းရင္းေဘာင္နဲ႕ျဖည္းျဖည္းခ်င္းမွီလိုက္သည္။ က်န္းယြမ္ပိုင္ တမဟုတ္ခ်င္းသီခ်င္းသံကိုတိုးလိုက္ၿပီး မမွန္မကန္ဆိုလိုက္သည္
“ ေဆာရီးပါကြာ ငါမေတာ္တဆ အသံကိုအရမ္းက်ယ္လိုက္မိတယ္ မင္းကိုႏွိုးမိသြားၿပီ”

ရွီပုဖန္က သူ႕အား ခံစားခ်က္မဲ့စြာျဖင့္ ၾကည့္ေနေလ၏။

စပီကာထဲမွ သီခ်င္းသံက ဆက္လက္ထြက္ေပၚလာေနဆဲ:
[ အမ်ိဳးသားေတြမွာ ဓားနဲ႕တိုက္ခိုက္ဖို႔ သတၱိေတြရွိတယ္။ မိန္းမပ်ိဳေလးေတြမွာ ၾကင္နာမႈႏွလုံးသားနဲ႕ဓားေတြရွိတယ္။ ဓားခုႏွစ္လက္ အတူတူဆုံစည္းသြားၿပီး ငါတို႔အခ်င္းခ်င္း သိခဲ့ၾကတယ္…]

ရွီပုဖန္ သူ႕ေခါင္းေပါက္ကြဲေတာ့မလိုခံစားလိုက္ရၿပီး နဖူးေပၚမွ ေသြးေၾကာေတြကလည္း ကြဲထြက္ေတာ့မေယာင္
“ အဲ့ဒါႀကီးကို ပိတ္ထားလိုက္စမ္း “

က်န္းယြမ္ပိုင္ ခ်က္ခ်င္းစပီကာကို ပိတ္လိုက္ေပမဲ့ သီခ်င္းသံက သူ႕ဖုန္းထဲကေန ထြက္ေပၚလာေနတုန္းပင္ : ငါတို႔ရဲ႕လွပတဲ့အိမ္အတြက္ ငါတို႔ေတြေစာင့္ၾကပ္ေပးရမယ္။ ထာဝရတိုင္ေအာင္ ေစာင့္ၾကပ္…

ရွီပုဖန္၏ လူသတ္ခ်င္ေနတဲ့အၾကည့္ေအာက္တြင္ က်န္းယြမ္ပိုင္ သူ႕ဖုန္းအား ဆႏၵမရွိစြာျဖင့္ ပိတ္လိုက္ရေလသည္။

အခန္းထဲမွာေတာ့ ႏွစ္ေယာက္သားက အသံတိတ္ျဖင့္ တစ္ေယာက္ကိုတစ္ေယာက္ စိုက္ၾကည့္လို႔ေနၾက၏။ ရွီပုဖန္ရဲ႕မ်က္ေတာင္ေတြ စင္းက်လာၿပီး သူ႕ၾကည့္ရတာ ေနာက္တစ္ႀကိမ္ထပ္အိပ္ေပ်ာ္ေတာ့မေယာင္ပင္။ က်န္းယြမ္ပိုင္က သူ႕ကိုခက္ခက္ခဲခဲနဲ႕ႏွိုးထားရတာမို႔ ထပ္ၿပီးအိပ္ေပ်ာ္သြားဖို႔ ဘယ္နည္းနဲ႕မွ ခြင့္မျပဳနိုင္ေလဘူး။ သူေျပးသြားလိုက္ၿပီး ရွီပုဖန္ကိုဆြဲကာ
“ မင္း..ဆက္မအိပ္နဲ႕ေတာ့ မင္းၾကည့္ရတာ တစ္ခုခုျဖစ္ေနသလိုပဲ။ ငါမင္းကို ေဆး႐ုံေခၚသြားေပးမယ္။ ဘာမွမျဖစ္ရင္ေတာ့ ပိုေကာင္းတာေပါ့”

“ ငါ့ကို နည္းနည္းေလာက္ထပ္ေပးအိပ္”

ထပ္အိပ္မယ္?! သူ႕အေမက အိမ္ျပန္လာေတာ့မွာေလ။ က်န္းယြမ္ပိုင္ ရွီပုဖန္ကို ၾကမ္းၾကမ္းတမ္းတမ္းဆြဲထူလိုက္ၿပီး ေျပာလိုက္သည္
“ ဆက္မအိပ္နဲ႕ေတာ့ ရွီပုဖန္။ ငါမင္းကို အိမ္ျပန္ပို႔ေပးမယ္ ငါၾကားတာေတာ့ မင္းရဲ႕အခန္းကအရမ္းက်ယ္ၿပီး king-sizeကုတင္ႀကီးလည္းရွိတယ္ဆို။ အဲ့ေနရာက ေလက ပိုၿပီးလန္းဆန္းတယ္၊ ငါ့ေနရာမွာ ဆက္အိပ္ေနဖို႔မတန္ပါဘူးကြာ ဒီေနရာမွာ အိပ္တာက မင္းကိုအသက္တိုေစလိမ့္မယ္ ”

ရွီပုဖန္ရဲ႕မ်က္လုံးေတြက က်ိန္းစပ္လာၿပီး သူစကားဆိုလိုက္၏
“ ငါအိမ္ျပန္မွာ မဟုတ္ဘူး ”

“ ဒါဆို ငါမင္းမိဘေတြကို ဖုန္းလွမ္းဆက္ေခၚၿပီး မင္းကိုလာႀကိဳခိုင္းလိုက္မယ္ဆိုရင္ေရာ? သူတို႔မင္းကို ေတာ္ေတာ္စိတ္ပူေနေလာက္ၿပီ”

“ သူတို႔က ငါ့မိဘေတြမဟုတ္ဘူး ”

“ ေသခ်ာေပါက္ေတာ့ မင္းသူတို႔ကို ဘယ္မွတ္မိမလဲ။ မင္းက မွတ္ဉာဏ္ဆုံးရႈံးထားတာေလ မင္းျပန္ေကာင္းသြားတာနဲ႕ မွတ္မိလာမွာပါ ရွီပုဖန္....”

“ မင္းငါ့ကို ထပ္ၿပီးေႏွာင့္ယွက္ေနဦးမယ္ဆိုရင္ ငါမင္းကိုရိုက္ပစ္မယ္”

ရွီပုဖန္က သူ႕လက္ေတြကို တြန္းထုတ္ပစ္လိုက္ၿပီး အိပ္ရာေပၚမွာျပန္လဲေလ်ာင္းလိုက္သည္။ ဤျမင္ကြင္းအားၾကည့္ရင္း က်န္းယြမ္ပိုင္ငိုခ်င္ေတာ့၏။ သူအခ်ိန္ကိုၾကည့္လိုက္ၿပီး စိတ္လႈပ္ရွားစြာနဲ႕ အခန္းထဲတြင္ ေရွ႕ေလွ်ာက္လိုက္ ေနာက္ေလွ်ာက္လိုက္ လုပ္ေနမိသည္။

ရွီပုဖန္က ဘယ္တုန္းက ဒီေလာက္ထိအရွက္မရွိျဖစ္သြားတာလဲ? သူက သူ႕အိပ္ရာကိုေတာင္ ေမာင္ပိုင္စီးထားၿပီး ထြက္သြားဖို႔ကိုျငင္းဆန္ေနသည္။ တကယ္လို႔ သူမထြက္သြားဘူးဆိုရင္ ဘယ္လိုလုပ္မလဲ? သူ႕အေမက မၾကာခင္ ဘယ္အခ်ိန္မဆို ျပန္လာေတာ့မွာေလ။

အဲ့အခ်ိန္မွာပဲ ႐ုတ္တရက္ ရွီပုဖန္၏ဖုန္းက ႐ုတ္ျခည္း အသံျမည္လာသည္။ ဖုန္းက သူ႕လက္ေမာင္းေအာက္မွာ ျဖစ္တဲ့အတြက္ က်န္းယြမ္ပိုင္ ေခၚဆိုသူကို မၾကည့္ရဲေလဘူး။ ဖုန္းေခၚသူေတြက ရွီပုဖန္၏မိဘေတြျဖစ္ပါေစလို႔ အသံတိတ္ေတာင္းဆုျပဳေနမိသည္။

သို႔ရာတြင္ အဆုံးမွာေတာ့ ရွီပုဖန္က ဖုန္းကိုလုံးဝမကိုင္ဘဲ ဆက္ျမည္ခြင့္ေပးထားေလ၏။

က်န္းယြမ္ပိုင္ စိတ္သက္သာရာရသြားၿပီးေနာက္ တစ္ဖန္စိုးရိမ္လာရျပန္သည္။ သူရွီပုဖန္အား ညွိုးငယ္စြာျဖင့္ ၾကည့္လိုက္၏။ ေနာက္တစ္စကၠန႔္ေလာက္ၾကာေတာ့ ရွီပုဖန္၏ဖုန္းက ေနာက္တစ္ေခါက္ထပ္ျမည္လာသည္။ က်န္းယြမ္ပိုင္၏ႏွလုံးသားက သူ႕လည္ေခ်ာင္းထဲေရာက္လာၿပီးး အႀကံျပဳလိုက္သည္
“ ဘာလို႔...ဘာလို႔ဖုန္းမကိုင္တာလဲ? ”

က်န္းယြမ္ပိုင္ေျပာတာကို နားေထာင္ၿပီးေနာက္ အဆုံးမွာေတာ့ ရွီပုဖန္လႈပ္ရွားလာသည္။ သူ႕လက္ေတြက ဖုန္းကိုရွာယူလိုက္ၿပီးေနာက္ ဖုန္းေခၚသူအားၾကည့္လိုက္၏။ သူဖုန္းကိုင္လိုက္ၿပီး စပီကာဖြင့္လိုက္ကာ အိပ္ရာေပၚမွာလဲေလ်ာင္းေနရင္းနဲ႕ပဲ အက္ကြဲေနေသာအသံျဖင့္ ေျပာလိုက္သည္။
“ ေျပာ ”

“ ရွီေကာ ငါၾကားတာေတာ့ မင္းအေရးေပၚကားနဲ႕သယ္သြားခံလိုက္ရတယ္ဆို၊ အခုမင္းဘယ္လိုေနေသးလဲ? ”

ရွီပုဖန္ ကြၽတ္ခနဲစုပ္သပ္လိုက္ၿပီး က်န္းယြမ္ပိုင္အား စိုက္ၾကည့္လိုက္သည္။
“ မင္းက ဘယ္သူလဲ? ”

“ ငါက ခ်ဳံးက်င့္ေလ မင္းမွတ္ဉာဏ္ေတြေပ်ာက္သြားတာေတာ့ မဟုတ္ဘူးမလား ? ”

“ မင္းေျပာတာ အမွန္ပဲ”
အျပန္အလွန္စကားေျပာတဲ့ပုံစံကေန ဖုန္းေခၚသူနဲ႕ သူက ရင္းႏွီးတယ္လို႔ ရွီပုဖန္ခံစားလိုက္ရသည္။ သူ ထထိုင္လိုက္ၿပီး စာေရးဟန္ေဆာင္ေနသည့္ က်န္းယြမ္ပိုင္ကိုၾကည့္လိုက္သည္။
“ ငါ့မွတ္ဉာဏ္ေတြ ေပ်ာက္သြားၿပီးေတာ့ အခုငါ့သူငယ္ခ်င္းေကာင္းရဲ႕အိမ္မွာ ေရာက္ေနတယ္”

“ ခဏေလး ဘာေျပာလိုက္တယ္? မင္းတကယ္ႀကီး မွတ္ဉာဏ္ေတြ ေပ်ာက္သြားတာ?”
အသံေတြကို နားေထာင္ျခင္းျဖင့္ အဲ့ဘက္မွာ လူတစ္ေယာက္တည္းမကေလဘူး။ အျခားအသံတစ္ခုက ေျပာလာသည္
“ ေကာ ငါက မင္မိုင့္ေလ ငါ့ကိုေရာ မွတ္မိေသးလား ?”

“ ငါမင္းကိုမမွတ္မိဘူး ”

“ေနပါအုံး ရွီေကာမွာ အျခားဘယ္သူငယ္ခ်င္းရွိေသးလို႔လဲ? မင္းမွာ ငါရယ္ ခ်ဳံးက်င့္ရယ္ ယဲ့လ်န္ရယ္ပဲရွိတာ မဟုတ္ဘူးလား? ”

“ ေသာက္ခ်ီး! ရွီေကာမွတ္ဉာဏ္ေပ်ာက္ေနတဲ့အခ်ိန္မွာ ဘယ္အေကာင္က ငါတို႔ထဲကတစ္ေယာက္လို ဟန္ေဆာင္ရဲတာလဲ? ငါအဲ့ေကာင္ကို ရိုက္ပစ္မယ္ ”

က်န္းယြမ္ပိုင္ တံေတြးမ်ိဳခ်လိဳက္မိၿပီး မသိစိတ္၏ေစ့ေဆာ္မႈအရ ေဘာပင္ကို ကိုင္ကာ သူ႕ေလ့က်င့္ေရးေမးခြန္းေတြနဲ႕ မ်က္ႏွာခ်င္းဆိုင္လိုက္သည္။ သို႔ေပသိ သူ႕မ်က္လုံးေတြကေတာ့ တဖ်ပ္ဖ်ပ္လႈပ္ခတ္ေနလ်က္။

ခ်ဳံးက်င့္၊မင္မိုင့္နဲ႕ယဲ့လ်န္။ သူတို႔ေတြက ရွီပုဖန္ မေကာင္းတာတစ္ခုခုလုပ္တိုင္း အၿမဲတမ္းအေဖာ္ျပဳေပးေနက်ပင္။ သူတို႔အားလုံးက အဆင့္က မေကာင္းၾကေပမဲ့လည္း ရွီပုဖန္နဲ႕အတူတူ အဆင့္ျမင့္အတန္းမွာ တူတူလိုက္တက္ၾက၏။ သူတို႔ေတြက ဆရာေတြကိုေတာင္ ရိုက္ရဲၾကတဲ့လူေတြပင္။ ထပ္ေပါင္းေျပာရရင္ သူတို႔အားလုံးက အရပ္ရွည္ၿပီး ကိုယ္လုံးကိုယ္ေပါက္ေတာင့္တင္းၾကသည္။ က်န္းယြမ္ပိုင္ Milk teaကိုပါးစပ္အျပည့္တစ္ငုံေသာက္လိုက္ၿပီး သူ႕ပါးစပ္အား လက္ကိုင္ပဝါနဲ႕သုတ္လိုက္တဲ့အခ်ိန္ လက္ေတြကတုန္ယင္ေနေလသည္။

သူ အေလာတႀကီး ေတြးမိခဲ့တဲ့ဗ်ဴဟာက ဘယ္ေလာက္ေတာင္႐ူးႏွမ္းဖြယ္ေကာင္းလဲဆိုတာ ခုမွပဲသူသတိထားမိလိုက္သည္။ ဟိုေကာင္ေတြက ရွီပုဖန္အား အမွန္တရားကိုနည္းနည္းေလာက္ေျပာလိုက္တာနဲ႕ သူ႕အတြက္ၿပီးဆုံးသြားၿပီပင္။

ရွီပုဖန္က အဆက္မျပတ္ ေျခေထာက္ေတြတုန္ယင္ေနသည့္က်န္းယြမ္ပိုင္ကို တစ္ခ်က္လွမ္းၾကည့္လိုက္သည္။ သူ႕စိတ္ထဲတြင္ အေတြးတစ္ခုေပၚလာၿပီး
“ ငါမင္းတို႔ကို ငါ့တည္ေနရာပို႔ေပးလိုက္မယ္။ ငါ့ကိုလာေခၚၾက ”

သူတို႔ကို တည္ေနရာပို႔ေပးမယ္?!

က်န္းယြမ္ပိုင္၏ႏွလုံးသားက ရင္ဘတ္ထဲက ခုန္ထြက္မတတ္ပင္။ ရွီပုဖန္က သူ႕ရဲ႕တည္ေနရာကို ပို႔ေပးလိုက္တဲ့အခ်ိန္ ‘နတ္ဆိုး’ေလးေကာင္က သူဘယ္မွာေနမွန္း သိကုန္ၾကေတာ့မွာေပါ့။ ရွီပုဖန္က မွတ္ဉာဏ္ေတြဆုံးရႈံးေနတာေတာင္မွ တည္ေနရာပို႔ေပးဖို႔ကို ဘယ္လိုလုပ္သတိရသြားတာလဲ?!

ရွီပုဖန္က ဖုန္းခ်လိဳက္ၿပီး သူ႕ဖုန္းအားစတင္လိုက္ကလိေတာ့သည္။ သူ Wechatကို ဖြင့္လိုက္တဲ့အခ်ိန္မွာပဲ က်န္းယြမ္ပိုင္က ႐ုတ္တရက္သူ႕ကိုေျပာလိုက္၏
“ မင္း သူတို႔ကို တည္ေနရာပို႔ေပးလို႔မရဘူး ”

“ ဘာလို႔လဲ ?”

“ ဘာလို႔လဲဆိုေတာ့ ...ဘာလို႔လဲဆိုေတာ့ ငါသူတို႔ကို ငါ့အိမ္ဘယ္မွာရွိမွန္း ေပးမသိခ်င္ဘူး”
ရွီပုဖန္ ဘာမွမေျပာနိုင္ေသးခင္မွာဘဲ က်န္းယြမ္ပိုင္က အသက္တစ္ရွိုက္တည္းျဖင့္ အရာအားလုံးေျပာလာေလသည္
“ ငါကမင္းရဲ႕အခင္ဆုံးသူငယ္ခ်င္းဆိုေပမဲ့ သူတို႔ရဲ႕အခင္ဆုံးေတာ့ မဟုတ္ဘူးေလ။ ငါက သူတို႔နဲ႕မရင္းႏွီးဘူး ငါက…ငါက မင္းတစ္ေယာက္တည္းနဲ႕ပဲ ရင္းႏွီးတာ ”

ရွီပုဖန္က သူ႕ကိုတစ္ခဏေလာက္စိုက္ၾကည့္ေနၿပီး အဲ့အေၾကာင္းကို ေတြးၾကည့္လိုက္သည္။
“ဒါဆို ငါမင္းကို သူတို႔နဲ႕မိတ္ဆက္ေပးသင့္တာေပါ့ ”

“ ငါမလုပ္ခ်င္ဘူး!”
က်န္းယြမ္ပိုင္ ျငင္းပယ္ကာ ရွင္းျပလိုက္၏။
“ ငါတို႔... ငါတို႔မွာ ငါတို႔ကိုယ္ပိုင္အေပါင္းအသင္းအဖြဲ႕ေတြ ရွိတယ္ေလ...ငါ သူတို႔နဲ႕အဆင္မေျပေလာက္ဘူးလို႔ ထင္တယ္”

ရွီပုဖန္က လက္ႏွစ္ဖက္ၾကားမွာ သူ႕ပါးကို ထည့္ထားလိုက္ၿပီး
“ ငါရွိတယ္ေလ မင္းကဘာကိုေၾကာက္ေနတာလဲ? ”

“ ငါမေၾကာက္ပါဘူး ”
က်န္းယြမ္ပိုင္ တည္တည္ၿငိမ္ၿငိမ္ပဲ ျပန္ပက္ေျပာလိုက္သည္။
“ ငါက မင္းနဲ႕ဆက္ဆံေရးေကာင္းမွန္း သူတို႔မသိၾကဘူး။ ထပ္ေျပာရရင္ ငါကအဆင့္ေတြေကာင္းေပမဲ့ သူတို႔ကေတာ့မေကာင္းၾကဘူး။ တကယ္လို႔သူတို႔သိသြားၾကမယ္ဆိုရင္ ...သူတို႔အားငယ္သြားၾကလိမ့္မယ္”

တကယ္ေတာ့ သူတို႔ေတြက သူ႕ကိုေသေအာင္ ရိုက္ၾကမွာ

ရွီပုဖန္ စိတ္ရႈပ္သြားသလိုျပဳမူလိုက္ၿပီး စကားဆိုလိုက္၏
“ဒါဆို ငါကမင္းနဲ႕ပိုရင္းႏွီးတာလား သူတို႔နဲ႕ပိုရင္းႏွီးတာလား? ” 

“ ၾကည့္ေလ။ မင္းက အရမ္းေခ်ာေမာၿပီး ေဖာ္ေ႐ြတယ္ေလ မင္းက ဘယ္သူနဲ႕ပဲျဖစ္ျဖစ္ ဆက္ဆံေရးေကာင္းတယ္။ ဒါေၾကာင့္ မင္းက ငါနဲ႕ေရာ သူတို႔နဲ႕ပါဆက္ဆံေရးေကာင္းတယ္ ဒါေပမဲ့ သူတို႔က မင္းနဲ႕ငါ့ၾကားမွာ ဆက္ဆံေရးေကာင္းမွန္းေတာ့ မသိၾကဘူး”

ရွီပုဖန္ ပုံစံၾကည့္ရတာေတာ့ အမွန္တရားကိုနားေထာင္ေနသကဲ့သို႔ပင္။ သူ႕ေမးေစ့ကိုထိလိုက္ၿပီး ယင္းအားတစိမ့္စိမ့္ေတြးေတာလိုက္သည္။
“ဒါဆို မင္းေျပာခ်င္တာက ငါက ငါနဲ႕မင္းရဲ႕ဆက္ဆံေရးကို သူတို႔မသိေအာင္ ဖုံးကြယ္ထားတာေပါ့?”

“ အြန္း ”
က်န္းယြမ္ပိုင္၏လက္ေခ်ာင္းေလးေတြက သူ႕ေဘာင္းဘီကို ဆြဲလိမ္ေနလိုက္ရင္း
“ ငါတို႔...ဆက္ဆံေရးကိုအတည္ျပဳတဲ့အခ်ိန္တုန္းက မင္းကဒီလိုေျပာခဲ့တယ္ေလ။ ေကာင္းကင္နဲ႕ေျမျပင္ကပဲဒီအေၾကာင္းကို သိနိုင္ၿပီးေတာ့ ငါတို႔ႏွစ္ေယာက္လုံး ဘယ္သူမွ ဒီလ်ိဳ႕ဝွက္ခ်က္ကို မေဖာ္ထုတ္ရဘူးလို႔ ”

ရွီပုဖန္ ႐ုတ္ျခည္း တစ္စုံတစ္ခုအားေတြးမိသြားသည္။ သူ႕မ်က္ခြံေတြ ပင့္တက္သြားၿပီး
“ ငါတို႔ ဘယ္အခ်ိန္တုန္းက ...ငါတို႔ဆက္ဆံေရးကို အတည္ျပဳလိုက္တာလဲ? ”

သူ က်န္းယြမ္ပိုင္၏ႏူးညံ့ေခ်ာမြတ္ေနတဲ့မ်က္ႏွာေလးကို ထပ္ခါတလဲလဲၾကည့္လိုက္ရင္း ရဲတင္းသည့္အေတြးတစ္ခုက သူ႕စိတ္ထဲ၌ ႐ုတ္တရက္ထင္ဟပ္လာ၏။

ျဖစ္နိုင္တာက က်န္းယြမ္ပိုင္ဆိုလိုတဲ့ “ သူငယ္ခ်င္းေကာင္း” ဆိုတာက ရွက္စရာေကာင္းတဲ့စကားရပ္တစ္ခုအတြက္ အဖုံးအကာမွ်သာပင္။

__________________

စာေရးသူမွာ ေျပာစရာရွိတယ္ :

ရွီေကာ : သိၿပီ

ယြမ္ယြမ္ : ဘာကိုလဲ?

[Cora: ေျပာခ်င္တာကေတာ့ သူငယ္ခ်င္းေကာင္း လို႔ေျပာေနတာက ရည္းစားဆိုတဲ့စကားကိုမေျပာခ်င္လို႔ coverယူၿပီးေျပာေနတယ္ေပါ့ ]

Continue Reading

You'll Also Like

288K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
58.3K 7.3K 30
⚡THIS IS A PURE FUN TRANSLATION.All credits to original authors and English translators. I don't own any part of this novel. I'm just a translator. ⚡...
1.1M 58.3K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...