Mr.Z..../ S1 ( Z &U )Complete
By KhineZar4
1M 61.6K 2.6K
Ep-1
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
ဇာတ်ကောင်မိတ်ဆက်
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20🔞
Ep-21
Ep-22
Ep_23
Ep-24
Ep-25🔞
Ep-26
Ep-27
Ep-28
Ep-29
Ep-30
Ep-31
Ep-32🔞
Ep-33
Ep-34
Ep-35
Ep-36
Ep-37
Ep-38
Ep-39
Ep-40
Ep-41
Ep-42
Ep-43
Ep-44
Ep-45🔞
Ep-46
Ep-47
Ep-48 ( Final )
Mr.Z Book
Mr.Z Book Mark📢
Gift Away🍀
Ep-2
32.7K 2.2K 67
By KhineZar4
Uni...
Z ဒီနေ့ ကုမ္ပဏီလဲ မသွား club လဲ မသွားဖြစ်တာကြောင့် အိမ်မှာ ဘဲ တစ်နေ့လုံး နေဖြစ်တယ်..... Z ရဲ့ စံအိမ်ဟာ မြို့ပြင်ဖြစ်တာကြောင့် တိတ်ဆိတ်သည်.....  အေးအေးချမ်းချမ်းလဲ ရှိတာကြောင့် Z ဒီနေရာကို သဘောကျသည်...Zဟာ သူ့ စံအိမ်တော် အနောက်မှာတော့ ငါးမန်းကန်  မွေးထားလေရဲ့......
လူသတ်ကုန်းလို့လဲ ပြောလို့ရတယ်...Z ဟာ သူ့အပေါ် သစ္စာဖောက်သူတွေကို မြေအောက်ခန်းထဲ စီရင်လေ့ ရှိသလို တခါတလေ ငါးမန်းကန်ထဲပစ်ထည့်ကာ.... ငါးစာကျွေးပစ်တက်သေးသည်...... ကိုယ့်ရဲ့မွေးစားမိဘ တွေကိုတောင် သတ်ခဲ့သူမို့ ဒါတွေဟာ သူ့အတွက် မပြောပ လောက်.....
Z သူ့ရဲ့ အိမ်မွေးခွေး တွေကို လေ့ကျင့်ပေးရအုံးမည်.... ဒါမျိုးက သခင်ကိုယ်တိုင်လေ့ကျင့်ပေးမှရမယ်လေ..... Z ကAlsatian ခွေမျိုးကြီးတွေဘဲ 4 ကောင်လောက်မွေးထားတယ် ဒါဟာ သူ့အတွက် အရမ်းအရေးပါတဲ့ ကောင်ကြီးတွေပေါ့.....
Zက သူ့ရဲ့ ခွေးတွေကို အစာကောင်းကောင်း ကျွေးတဲ့အပြင် သူတို့တွေကို စစ်မြေပြင်က ခွေးတွေအတိုင်းသင်ပေးထားတာကြောင့် တခြားခွေးတွေထက် အရမ်းထွားသည်.....သူတို့က Z ရဲ့ အချစ်တော်ကြီး 4 ကောင်ပေါ့....
>>>>>>>>>>>>>>>>>>>>>>>>>
"ရှုးးး....ရှုးးးး...... မလာနဲ့.... မလာစမ်းနဲ့.... ဟိတ်ကောင်တွေ .... ငါကြောက်လို့ပါ...ရှုးးးးးရှုးးး မလာနဲ့လို့"
မိုးသား အိပ်ယာခင်း အဖြူတွေကို ခုံခုပြီး လှန်းနေတုန်း သူ့အနားကို ခွေးအကြီးကြီး လာပြီး ရစ်သီရစ်သီ လုပ်နေတာကြောင့် .... မိုးသားမှာ ဆင်းပြေးရမလို့ မောင်းထုတ်ရမလိုနဲ့ အခက်တွေ့နေသည်....
အစကတည်းက ခွေးကြောက်တက်တာမို့.... မိုးသားတစ်ယောက် ကူရာမဲ့ မျက်နှာလေးနဲ့...လူက ဟိုကြည့်ဒီကြည့်.... ငိုမဲ့မဲ့ဖြင့်...
" ၀ုတ်~~~~၀ုတ်~~~~~၀ုတ်~~~~ "
မိုးသား မောင်းထုတ်ပေမဲ့လဲ .... မသွားဘဲ ထါဟောင်နေတဲ့ ခွေးကြောင့် လူက ပိုပိုပြီးကြောက်လာသည်။
" သွားဆိုနေ... သွားလို့..အဟင့်... သွားပါ..."
ဘယ်လောက်မောင်းထုတ်ထုတ် မသွားတာကြောင့် မိုးသားငိုချင်လာပြီ.....
" နင်မသွားရင် ငါငိုမှာနော်..... အီးးးးဟီးးးး သွား..... ငါနားမလာနဲ့...ရိုက်ပစ်မှာ.... "
ကလေးတစ်ယောက်လို ခုံပေါ် မဆင်းရဲဘဲ...အော်ငိုနေတာ....... ခွေးတွေကလဲ... ထွက်မသွားဘဲ.... မိုးသား နားရစ်သီရစ်သီဖြင့်...... မိုးသားကြောက်မှန်းသိလို့ တမင်ခြောက်နေသည့်အလား...
" ဂျက် Go away ! "
အနောက်က Z ရဲ့ အသံကြားတာကြောင့် ဂျက် သူသခင်အနားမှာ ပွတ်သီး ပွတ်သတ် သွားလုပ်လေရဲ့ ခုံပေါ်မှာ ရှိတဲ့ မိုးသားကတော့ သူ့ရဲ့ကယ်တင်ရှင်ကြီး​ပေါ်လာတာကြောင့် အခုမှဘဲ သက်ပျင်းချရတော့သည်....
" ဂျက်ကို ဟိုသုံးကောင်နဲ့ အတူလေ့ကျင့်ပေးထားလိုက် ပြီးရင်ငါလာခဲ့မယ် " Z ပြောတော့ သူ့ရဲ့ လူတွေ ဂျက်ကို ခေါ်သွားသည်.... Z ဂျာမနီမှာ နေတုန်းက ဂျက်ကိုလှောင်အိမ်အသေးလေးထဲက တွေ့ခဲ့တာပေါ့....ဂျက်ဆိုတာ မင်းဉာဏ်ပြီးရင် သူ့ရဲ့ အတော်ဆုံးကောင်ကြီးပင်....
Z နဲ့အနေများတော့ လူလဲယဥ်သည်.....သူသဘောကျတဲ့လူအနံ့ရရင် အဲ့လူနားမှာအမြဲလိုလို နေတက်သည်...... ဂျက်ဟာ ခွေးတွေထဲမှာဆို ခေါင်းဆောင်ကြီးပေါ့...... အခုလဲ မိုးသားရဲ့ အနံ့ကို ကြိုက်လို့နေမယ်.....
" လူကြီး ကျေးဇူးတင်ပါတယ်ခမျ.. ဟီး "
လာပြန်ပြီ မိုးသားတစ်ယောက် Z ကို သူ့ရဲ့အပြုံးလေးနဲ့သတ်နေတာလားမသိ.... ခုနက ​ ကြောက်လန့်တကြား ငိုထားတော့  မျက်လုံးဝိုင်းဝိုင်းလေးက  မျက်ရည်စတွေနဲ့ ..... မိုးသား ထိုမျက်ရည်စတွေကိုသုတ်ကာ သူ့ရှေ့က လူကြီးအား ကျေးဇူးတင်ပါတယ်တဲ့....။
Z တစ်ယောက် သူ့ရှေ့မှာ ပြုံးပြနေတဲ့ ကလေးငယ်ကို မျက်တောင်မခတ်ကြည့်နေမိသည်... ပြုံးလိုက်ရင် လခြမ်းလေးလို.....မှိတ်သွားတဲ့ မျက်လုံးလေးရယ်... ပါးပြင်ဖွေးဖွေးလေးပေါ်ကရွှေ၀ါရောင် သနပ်ခါးလေးတွေရယ်....ပြုံးလိုက်တိုင်း...ပေါ်လာတဲ့ သွားစွယ်လေးတွေရယ် အရမ်းကိုလှရက်လွန်းသည်....Zဘ၀မှာ အမွှေးနံ့သာတွေခြယ်မှုန်းထားတဲ့ အလှတရားတွေသာ မြင်ဖူးသည်... ဒီလို သဘာ၀ အလှတရားလေးက ထင်တာထက် အေးချမ်းလွန်းမှန်းZ အခုမှသိသည်။
" လူကြီး...လူကြီး...! "
Z မိုးသားရဲ့ အလှတရားထဲ ဘယ်လောက်တောင် နစ်မြောသွားလဲမသိ....ဟိုကခေါ်တာ​တောင် ငေးကြည့်လို့ကောင်းတုန်း..
" ကိုယ်...ကိုယ်သွားတော့မယ် "
Zသတိ၀င်လာတော့ ထုံးစံ အတိုင်း ကလေးငယ်ကို ဥပေက္ခာပြုပြီး ထွက်သွားပြန်လေရော ။
*ငါက ဆင်းရဲလို့ မပေါင်းချင်တာလားဟင် * မိုးသား စိတ်ထဲ အနည်းငယ်တော့ ၀မ်းနည်းသွားသည်....Z ရှေ့မှာ ဥပေက္ခာ ပြုခံရတာ ခနခနဘဲလေ.......မိုးသားလဲ မတွေးချင်တော့ဘဲ လုပ်စရာရှိတာ ဆက်လုပ်နေတော့သည်.....
ထပ်တွေးရင် ထပ်ပြီး နာကျင်ရမှာ ဆိုးတယ်.....
.
.
.
.
.
.
" မင်းဉာဏ် ဂျက်ကို ငါ့ဆီပေး "
" ဝုတ် ဝုတ်.. " ဂျက်က Z အသံကြားတာနဲ့ သူ့သခင်ဆီပြေးပြီး လျှာလေးထုပ်ကာ.... ကြည်စယ် နေသည်....
" ဂျက်...ဂျက်.... သာကြီး.... ဒီကြည့်.. အခုကစပြီး... မိုးသားကို အဖေ့လိုဘဲ ကာကွယ်ရမယ်နော်...ကြားလား..ဂျက်...ဖေ့သားကြီး " Z ဂျက်ရဲ့ ခေါင်းကို ပွတ်ပေးပြီး နားနား ကပ်ကာ ပြောနေသည်.....
ဂျက်လဲ နားလည်သည့်ဟန်နဲ့ တစ်ဟက်ဟက်ဖြင့်... Zရဲ့ ခြေထောက်နား ပွတ်သတ်နေတော့သည်....
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ညရောက်တော့.....,
" Boss နောက်2ရက် ဦးတခေတ် ရဲ့ Party ရှိပါတယ် ဒီမှာဖိတ်စာပါ "
မင်းဉာဏ်ပေးတဲ့ ဖိတ်စာကို Zယူကြည့်လိုက်သည်.....
ဒီပွဲက မသွားလို့လဲ မဖြစ်..ဦးတခေတ် ဆိုတာ Zရဲ့ စီးပွားရေး လုပ်ငန်းရှင်ထဲက တစ်ဦးဖြစ်တာကြောင့် သွားတော့ သွားရမည်...
" အရင်လိုဘဲ ပါတနာ ခေါ်လိုက်ရမလား Boss "
ဘယ်ပွဲမဆို Z ပါတနာ တစ်ယောက်ယောက်ခေါ်လေ့ ရှိသည်... ဘာရယ်လို့ မဟုတ်ပေမဲ့ Z အတွက်အထောက်အကူဖြစ်စေသည်...
Z အချိန်အနည်းငယ်စဥ်းစားပြီးနောက်...
" မင်းဉာဏ် မိုးသားကို သွားခေါ်လိုက် "
Z ပြောတော့ မင်းဉာဏ်ကြောင်အသွားတာအမှန်.... Party နဲ့ ဒီကလေးနဲ့ ဘာမှမဆိုင်ဘူးမဟုတ်လား....
" ဟုတ် Boss "
မင်းဉာဏ်လဲအထွန့် မတက်ရဲတာကြောင့် Z ​ခိုင်းသည့်အတိုင်းသာ....
ခနကြာတော့ ;
" Boss ရောက်ပါပြီ "
ကြည့်လိုက်တော့ လူကို မကြည့်ဘဲ ကြမ်းပြင်ကို ပေါက်ထွက်မတက်ကြည့်နေတဲ့ မိုးသား... ကြောက်လို့လား မသိ အင်္ကျီအနားစလေးတွေကို ကျေမွအောင်ချေနေတာ.... အောင်နှုတ်ခမ်းလေးကို ကိုက်ကာ.... အင်္ကျီအနားစလေးတွေကို ချေနေတဲ့ကောင်လေး....
ဟက် ! ဘာကောင်လေးမှန်းမသိ....
" ခေါင်းမော့... "
Z ပြောလိုက်တော့.... မရဲတရဲလေး မော့ရှာတယ်.....
" ရော့... "
မိုးသား သူ့လက်ထဲကို ထိုးပေးတဲ့ ဖိတ်စာကို ပြူးကြောင်ကြောင်လေး ကြည့်နေမိသည်...
ဒါက ဘာကြီးလဲဟင်? ဒီလူကြီးက သားကို ဘာလုပ်ခိုင်းမို့လဲဟင်?
" ဘာလုပ်နေတာလဲ ဖွင့်ဖတ်လေ "
Z သူပေးလိုက်တဲ့ဖိတ်စာကို မျက်လုံး ပြူးကြောင်ကြောင်လေးနဲ့ ...ကြည့်နေတဲ့ သတ္တဝါလေးကြောင့်....စိတ်မရှည်ဘဲ အသံမာမာနဲ့အော်လိုက်တော့....ကြောက်လို့ထင်ပါရဲ့....ကိုယ်လုံးသေးသေး တွန့်သွားသည်....
ပြီးတော့ မျက်ရည်ဥလေးတွေကလဲ မျက်လုံးမှာ ရစ်သီနေလို့.... Z ကိုကြောက်နေသည့်ပုံ.... ထိုနောက် တုန်တုန်ရီရီဖြင့် ထွက်လာတဲ့ အသံလေး...
" သားမှ စာမဖတ်တက်တာ....."
ဝမ်းနည်း အားငယ်...တဲ့ အသံနဲ့ပြောလာတဲ့ ကလေးငယ်စကားကြောင့် Z ကိုယ့်ပါးကိုယ်သာ ပြန်ရိုက်လိုက်ချင်သည်.... ဒီကလေးငယ်ကို သူ့မို့အသံမာမာနဲ့​အော်ပြောရက်တယ်....
မိုးသား အမှန်ပင် စာမဖတ်တက်.... သူတို့ရွာလေးမှာ ကျောင်းမှမရှိတာ....အရမ်းခေါင်ခိုက်တဲ့ ဒေသလေးမို့..... လူဦးရေလဲနည်းသလို....စစ်ပွဲကြားက မြေစာပင် ရွာလေးပေါ့....ကျောင်းမရှိ ဆေးရုံဆေးခန်းဆိုတာ အဝေးကြီး....စစ်ပွဲတွေကြား ရှင်သန်ခဲ့ရတော့ ကျောင်းဆိုတာ သူ့အတွက် မေးခွန်းထုတ်စရာတခုဖြစ်လို့နေတယ်
Z တကယ်ပင်စိတ်မကောင်းဖြစ်သွားသည် သူမပြောသင့် သူလုံးဝ မပြောသင့်ခဲ့ဘူး ကလေးငယ်ရဲ့ ' သားမှစာမဖတ်တက်တာ.....' ဆိုတဲ့စကားဟာသူ့နှလုံးသားကို သံရေပူလောင်းချလိုက်သလို နာကျင်ရသည်... လူမိုက်ကြီး Z ရဲ့ နှလုံးသားကို အပိုင်သိမ်းသွားပြီထင်ပါရဲ့....
" သွားတော့...မင်းဉာဏ်လိုက်ပို့လိုက် "
မိုးသားလဲထွက်သွားကော Z မှာအရုပ်ကြိုးပျက်သလိုပင်.. သူ့လက်ဖြင့် ဆံပင်တွေကိုထိုးခွဲပြီး စုတ်သတ်မိသည်......မိုးသားမျက်လုံးအိမ်လေးထဲက မျက်ရည်ကြည်တွေ မြင်တိုင်း Z ကိုယ့်ကိုကိုယ် အပြစ်တင်မိသည်....
သူ့ကြောင့် ကလေးငယ် ၀မ်းနည်းတာကို မမြင်ချင်ဘူး.....မိုးသား ထွက်သွားပြီးသည့်တိုင်အောင်Z မျက်လုံးထဲ ဒီကလေးငယ်ကြောက်လန့်နေတဲ့ ပုံရိပ်တွေသာ ကြီးစိုးလို့ နေတယ်....
" အကိုကြီး.... သားကိုအဲ့လူကြီးက မကြိုက်ဘူးလားဟင်.... သားဒီမှာနေတာမကြိုက်ဘူးလားဟင် "
မင်းဉာဏ်ကို အားကိုတကြီး ပြောတဲ့ ကလေးငယ်ကြောင့် သူလဲသနားမိသည်... ဒီကလေးက အဖြူထည်လေးသက်သက်ပင်....
" မဟုတ်လောက်ပါဘူး.... မိုးသားစိတ်ထဲ ဘာမှမတွေးနဲ့နော် Boss က အဲ့လိုပါဘဲ "
မင်းဉာဏ်ပြောလိုက်တော့မှသာ မျက်ရည်တွေကြားထဲက သူ့အားပြုံးပြပြန်သည်....ဒီကလေးငယ်အပြုံးလေးကို မြင်တော့ တစ်ယောက်သော သူကိုလွမ်းမိသား...။
>>>>>>>>>>>>>>>>>>>>>>>>>>
" မင်းဉာဏ် "
"ဟုတ် Boss"
" ပါတနာမရှာ နဲ့တော့ "  Boss စကားကြောင့် မင်းဉာဏ် မျက်ခုံးတစ်ဖက်ပင့် အနည်းငယ်ကြောင်သွားသည်  သို့သော်လည်း အထွန့်မတက်ရဲတာကြောင့်...
" ဟုတ် Boss "
"သွားတော့ " Z အမိန့်ပေးလိုက်သည်နဲ့ Z ကို ခေါင်းငြိမ့်ပြကာ နာခံသည့် သဘောဖြင့် ....
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
" ခများ ရှာခိုင်းထားတဲ့ လူရဲ့ အချက်အလက်တွေ ရပြီ " အင်္ကျီအနက် mask အနက်ရောင် ၀တ်ထားပြီး ဦးထုပ်ကို ငိုက်ငိုက် ဆောင်းထားတဲ့ လူတစ်ယောက် coffee ဆိုင်တွင်
မဟာမှိုင်း ဆိုတဲ့ သက်လက်ပိုင်း ရွယ် အရပ် ရှည်ရှည် မျက်နှာပေါက်က အနောက်တိုင်းဆန်ဆန် မေးရိုးကားတယ် သူ့မှာ စူးရှတဲ့ အကြည့်တွေကို ပိုင်ဆိုင်ထားတယ်.....သူ့ပုံစံနဲ့ လိုက်ဖတ်စွာ ရက်စက် ကြမ်းကြုတ် တက်ပုံကလဲ အတော်လေးကို ကြောက်စရာ ကောင်းသည်....
" ကောင်းပြီး ဒီမှာ သိန်းတစ်ထောင် " မဟာမှိုင်း သိန်းတစ်ထောင်ပါ ချက်လက်မှတ်စာရွက်ကို ထိုလူရှေ့ထိုးပေးလိုက်သည်...
** Z ....Z မင်းကိုမင်း သိပ်တော်နေတယ်ထင်နေလား.... ငါတို့ရန်ကြွေးမပြီးသေးဘူး ငါမင်းကို သေချာပေါက်လိုက်သတ်မှာ .... ** ထိုလူလာပေးတဲ့ ဓာတ်ပုံတွေကို တစ်ပုံချင်းကြည့်ရင်း မဟာမှိုင်းရဲ့ စိတ်ထဲအမုန်းတရား များစွာဖြင့်.....
" Z တက်မဲ့ Party ပွဲ ဖိတ်စာ ငါလိုချင်တယ် " မဟာမှိုင်း သူ့ရဲ့ ရုံးခန်းထဲ မှာရှိတဲ့စားပွဲပေါ်ကို ခြေထောက်တင်ကာ ဆေးလိပ်ဖွာလျက် အမိန့်ပေးလိုက်သည်...
" ရစေ ရပါမယ် Boss "
" ကောင်းပြီ " မဟာမှိုင်းရင်ထဲက အမုန်းတရား တွေဟာ သူသောက်နေတဲ့ အရက်ခွက်တွေဆီမှာပင်....
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
Z ကတော်ရုံဆို အလုပ်ကိစ္စရှိမှသာ အပြင်ထွက်ဖြစ်သည်....ကုမ္ပဏီကိစ္စ တွေကိုလဲမင်းဉာဏ်နဲ့ လွှတ်ထားပြီး Z ကတော့ နောက်ကနေ control လုပ်သည်..... သူ့ရဲ့ အမှောင်ဘက်ခြမ်းကိုတော့ သူကိုယ်တိုင်ကိုင်တွယ်လေ့ ရှိသည်... မနက်တိုင်း အားရင်အားသလို လေ့ကျင့်ခန်းလုပ်လေ့ရှိပြီး သေနက်ပစ်လဲ ဝါသနာပါသည်.... သူ့ကျောင်းသားဘ၀တုန်းက သေနက်ပစ်ချန်ပီယံ ဖြစ်ခဲ့ဖူးသည် ဒါကြောင့် သူက ပစ်မှတ်တစ်ခုကို တစ်ချက်နှုန်းနဲ့ ပစ်နိုင်သည်ထိကို တော်လွန်းသည်....
" လူကြီး...ဟီးး "
အားကစားလုပ်ပြီး စံအိမ်ပေါ်တက်မလို့အလုပ် ဟိုကလေးသူ့ကိုလှမ်းခေါ်နေတာတွေ့တော့ ခြေလှမ်းတစ်စုံက အလိုလိုရပ်သွားသည်.... ဒါဟာပထမဆုံးအကြိမ်ပင်.... သူ့ကိုရီပြပြန်ပြီ သူ့အပြုံးလေးက အရမ်းကို နူးညံလွန်းသည်.... သူ့ရဲ့အပြုံးတွေထဲမှာ ဖြူစင်မှု့က 100 ရာခိုင်နှုန်းပါသည်....
ဘာလဲလို့ မေးငေ့ပြလိုက်တော့...
" လူကြီး သားကိုTV ဖွင့်ပြပါလားဟင်...သားTv ကြည့်ချင်လို့ မဖွင့်တက်ဘူးရယ် "
မျက်နှာ၀င်း၀င်းလေးကိုမှ သနပ်ခါးတွေ လူးထားတာ ၀င်းလို့နေတယ် သူလေးရဲ့ အသားဖြူဖြူထက် jj အနီ၀မ်းဆက်လေးနဲ့က တစ်ကယ့်ကလေးအတိုင်းပင်..။
" ဒီTV ထက် အပေါ်မှာ ရှိတဲ့ TV ကပိုကြည့်ကောင်းတယ် "
ပြောလိုက်တော့ ပါးစပ်လေး အဟောင်းသားနဲ့မျက်လုံးလေးပြူးကာ
" TV ကနှစ်ခုတောင် ရှိတာလား မိုက်လိုက်တာ " လက်ညှိုးလေး ၂ချောင်းထောင်ပြီး ပြောနေတာ.....
" သားအပေါ်ကို လိုက်လို့ရလားဟင် "
မရ​ဲတရဲလေးမေးရှာတယ်....
Z လဲ ဒီကလေးငယ်ရဲ့ဆန္ဒဆိုရင် အလိုလိုဖြည့်ဆည်းပေးချင်နေတာ ကိုယ့်ဟာကိုယ်ဘာဖြစ်မှန်းမသိပါဘူးလေ....
" လိုက်ခဲ့ "
ပြောပြီး Zက ဦးဆောင်တက်သွားတော့သည်...... နောက်က ကလေးပေါက်စကတော့ TV ကြည့်ရမယ်ဆိုတဲ့ အတွေးနဲ့ Z နောက်ကနေတစ်ကောက်ကောက်....
Z သူ့ရဲ့ အခန်းထဲကို မည်သူတစ်ဦးတစ်ယောက်ကိုမှ မခေါ်ဘူးပေ..မင်းဉာဏ်တောင် ဒီစံအိမ်ကြီး တစ်အိမ်လုံးမှာ Z ရဲ့အခန်းကလွဲလို့ ကျန်တဲ့နေရာအကုန်ရောက်ဖူးသည်.... Z ရဲ့အခန်းက လျှို့ဝှက် ဆန်လွန်းသည်....ဒီအိမ်ကြီးဒီဇိုင်းကိုလဲ Z ကိုတိုင်ရေးဆွဲထားတာကြောင့် အိမ်ကြီးက လျှို့ဝှက်ခန်း မှန်သမျှကို Z နဲ့ မင်းဉာဏ် ၂ယောက်သာ သိသည်။
Z သူ့အခန်းထဲကို ကလေးငယ်ကို ၀င်ခိုင်းတော့ မျက်လုံးပြူးကြောင်ကြောင်နဲ့ သူမရောက်ဖူးတဲ့ နေရာဆိုတော့ စိတ်၀င်တစားကြည့်နေတာ....Z ရဲ့ အခန်းက ပစ္စည်းတော်တော်များက အနက်ရောင်တွေများသည် ပြောရရင် အကုန်နီးပါး အနက်ရောင်တွေကြီးဘဲ....
" လူကြီး ကအတော်ချမ်းသာတာဘဲ "
သူ့ကိုမကြည့်ဘဲ အခန်းကို စိတ်၀င်စားနေတဲ့ အကောင်ပေါက်လေး....
" ဖြောင်း....ဖြောင်း " လက်ခုတ် ၂ချက်တီးလိုက်တော့ TV ပွင့်လာတယ်.... ဒါကိုလဲ သူ့လေးက ဝါးးးးမိုက်တယ်ရော်.... ဆိုပြီး ထအော်သေးသတဲ့.... တကယ့် ဘယ်လို ဟာလေးပါလိမ့်......
သူကြည့်ချင်တဲ့လိုင်း တစ်လိုင်းပြီး တစ်လိုင်းဖွင့်ပြတော့ မကြည့် သားကြိုက်ဘူးတဲ့.....ဟော နောက်ဆုံး သူကြည့်ချင်တဲ့ လိုင်းတွေ့ပါပြီ....ဒါကတော့ ကြောင်နဲ့ကြွက် ကာတွန်းကားပေါ့....
Z နှုတ်ခမ်းကွေးရုံမျှ ပြုံးလိုက်မိသည်...... ဒီကလေးငယ်က အဖြူထည်လေးဘဲ....Z သူ့အရွယ်တုန်းက လိင်ကိစ္စတွေ လက်တက်ဆန်းတက်နေပြီ.....ဘာလို့ ဒီကလေးကျမှ ကာတွန်းကားကြည့်မပျက်တာပါလိမ့်.....
TV ကိုငေးနေတဲ့ ကောင်လေးကို Z အနောက်ကနေ ခါးထောက်ပြီး ကြည့်နေသည်.... ကာတွန်းကားကြည့်ပြီးတခစ်ခစ်ရယ်နေတဲ့ကောင်လေး.....
" ကလေး... "
" ဗျာ....သားကိုခေါ်တာလားဟင် " Z သူလေးကို ငေးကြည့်နေရင်း ပါးစပ်မှ..... သူကိုယ်တိုင်တောင်မသိဘဲ လွှတ်ခနဲ ထွက်သွားမိတယ်....
အဲ့တော့ကောင်လေးက....သားကိုခေါ်တာလားဟင်.... ဆိုကာ...လူကို လာကြည့်နေတဲ့ကောင်ငယ်လေး.....
" ကိုယ်ရေချိုးလိုက်အုံးမယ် " ရှက်ရှက်နဲ့ဘဲ Z ရေချိုးခန်းဆီသို့..... ပြောပြီး ထွက်ပြေးသွားပေမဲ့ ကျန်ခဲ့တဲ့ မိုးသားလေးကတော့ နားမလည်ဟန် ခေါင်းလေးကုတ်ကာ....
ရေချိုးတာ ဘယ်လောက်ကြာသွားမှန်းမသိပါဘူး....ရေချိုးခန်းထဲက ထွက်လာတော့ Z ရဲ့ King size အနက်ရောင်ကုတင်ကြီးမှ ပုဇွန် ထုပ်လေးလို ကွေးကွေးလေး အိပ်နေတာ အရမ်းအသဲယားဖို့ ကောင်းသည်...... စစ်ဘေးကြောင့် ဘယ်လောက်ဒုက္ခခံခဲ့ရလဲမသိ.... လက်ကလေးတွေမှာ မီးလောင် ဒဏ်ရာလေးတွေနဲ့... ဒီကလေးငယ် အရွယ်နဲ့မလိုက်အောင်အတော်လေး ဒုက္ခခံခဲ့ရမှာ.....
မျက်စိရှေ့မှာ မိဘတွေကို မီးစွဲနေတဲ့ပုံရိပ်တွေ ကိုယ်တိုင်အသက်လုပြီး ပြေးခဲ့ရတဲ့ ပုံရိပ်တွေ တနေ့လုံးနေမှ စားစရာမရှိလို့ ရေဘဲသောက်နေခဲ့ရတဲ့ ဘ၀လေးတွေ မီးလောင်ပြီးတော့ ကိုယ်ဒေသကို ပြန်တဲ့ အခါ ပျာကြနေတဲ့ ကိုယ့်ရဲ့ အိမ်လေးတွေ အရင်က ပျော်ရွှင် စရာကောင်းတဲ့ ရွာလေးဟာ စစ်ဘေးကြောင့် ရစရာမရှိအောင် ပျက်စီးလို့နေပြီ....
#Vote_Comment Plz
#Love_Yourself
_______________________________________________________________________________________
Zawgy...
>>>>>>>>>>>>>>>>>>>>>>>>>
" ဝုတ်~~~~ဝုတ်~~~~~ဝုတ်~~~~ "
" ဂျက် Go away ! "
" လူကြီး...လူကြီး...! "
.
.
.
.
.
.
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ညရောက်တော့.....,
" ဟုတ် Boss "
ခနကြာတော့ ;
" Boss ရောက်ပါပြီ "
" ခေါင်းမော့... "
" ရော့... "
" သားမှ စာမဖတ်တက်တာ....."
>>>>>>>>>>>>>>>>>>>>>>>>>>
" မင်းဉာဏ် "
"ဟုတ် Boss"
" ဟုတ် Boss "
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
" ရစေ ရပါမယ် Boss "
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
" လူကြီး...ဟီးး "
မရဲတရဲလေးမေးရှာတယ်....
" လိုက်ခဲ့ "
" ကလေး... "
#Vote_Comment Plz
#Love_Yourself
_______________________________________________________________________________________
Continue Reading
You'll Also Like
188K 4.6K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
868K 131K 191
ဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်...
543K 55.6K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
1.1M 47.3K 59
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...