The LOEY

By Astronv_61

109K 15.8K 2.8K

တောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68

Part 13

1.3K 237 17
By Astronv_61

Unicode

စံအိမ်အတွင်း၌ဖြစ်သည်။

အကြည်ရောင် အမိုးကာခုံးဖြင့် အဝိုင်းသဏ္ဍာန် ပတ်ပတ်လည် အုပ်မိုးထားသော ခန်းမအတွင်းက နေရောင်ခြည် တိုက်ရိုက်ဖောက်ဝင်နေပြီး ကွင်းပြင်ကျယ်ကြီးအား မျက်စိပဒေသာ ရှိနေစေသည်။

သို့ပေမယ့် ကွင်းပြင်းကျယ်အတွင်းက ဖြစ်ပျက်နေသမျှကတော့ မျက်စိပဒေသာဟူ၍ မရှိလှသော်ငြား chanyeol ကတော့ စိတ်ပါဝင်စားလျက် အာရုံစူးစိုက်ကြည့်နေ၏။

တစ်ယောက်ကိုတစ်ယောက်၏ အစွမ်းအစများကို တစ်လတစ်ကြိမ် လက်ရည်ဖလှယ်သည့် ပွဲစဥ်များတွင်သာ လေ့လာနိုင်သည်မို့ chanyeol တစ်ချက်လေးပင် အကြည့်အလွှဲမခံနိုင်။ ယခုအချိန် တိုက်နေသည်မှာ အိုဆယ်ဟွန်းနှင့် လီချန်းဝူးဖြစ်သည်။ အချိန်အားဖြင့် ၁၅ မိနစ်လောက်သာ ရှိသေးသော်ငြား ယခုအချိန်ထိ မည်သူ့ဘက်ကမှ အနိုင်အရှုံး သဲသဲကွဲကွဲမရှိသေး။

လီချန်းဝူးသည်ကား နဂိုတည်းက ပေါက်ကရလေးဆယ် အရေးမပါသည့် စကားတို့အား လျှာရိုးမရှိတိုင်း လျှောက်ပြောနေတတ်သည့် ပေါ့ပျက်ပျက်ကောင် ဖြစ်သော်ငြား သူ့စွမ်းအားတို့ကဖြင့် အထင်သေး၍မရ။ သူ၏ တိုက်ခိုက်မှုများက ရန်ဖြစ်သတ်ပုတ်နေကျ chanyeol နှင့်လည်း အနည်းငယ် ရင်းနှီးပြီးသားမို့ ထိုကောင့်ထံမှ အကြည့်လွှဲကာ အိုဆယ်ဟွန်းထံသာ အာရုံပို့ထားလိုက်သည်။

အိုဆယ်ဟွန်းကား တိုက်ကွက်သိပ်မထုတ်။ သူ့အကျင့်အတိုင်းပင်။ အေးဆေးသည်။ ခုခံရုံသာခုခံပြီး တစ်ဖက်လူ၏ လုပ်နိုင်စွမ်းတို့ကို ခေါင်းအေးအေးနှင့် အသာအကဲခတ်နေသည်။ ဒါကို ချန်းယောလ်လည်းသိသလို ချန်းဝူးကလည်းသိသည်။

"ပြန်တိုက် !"

ပတ်ပတ်လည် အေးဆေးလိုက်ကြည့်နေသော ဘိုးတော်က တစ်ခွန်းတစ်သံဖြင့် အမိန့်ပေးလာ၏။ မည်သူ့ကို ဆိုလိုနေမှန်း နာမည်တပ်စရာပင်မလို။ ချန်းဝူးရှေ့တိုးသမျှ ဖြည်းဖြည်းချင်း နောက်ဆုတ်ကာ ခုခံနေသော အိုဆယ်ဟွန်းကိုသာ ရည်ညွှန်းမှန်း သိသာသည်နှင့် ဆယ်ဟွန်း ချက်ချင်းအနေအထားပြောင်းကာ ချန်းဝူးထံ တိုက်စစ်ဆင်သည်။ လက်နက်တန်ဆာတို့မကိုင်။ လက်ဗလာဖြင့်သာ ကြိုက်နှစ်သာရာ တိုက်ကွက်တို့ဖြင့် တိုက်ခိုက်ပြီး သာမန်လူတို့အနေဖြင့် ကြည့်မည်ဆိုလျှင် လက်ဝှေ့ပွဲတစ်ပွဲနှင့်သာ တူလိမ့်မည်။ မတူသည်ကား ၎င်းတို့ လက်သီးတစ်လုံးတစ်လုံးက သာမန်လူတစ်ယောက်ကို ချက်ချင်း အသက်ထွက်သွားစေနိုင်သည်ပဲ ဖြစ်သည်။ အင်အားကြောင့်မဟုတ်လျှင်တောင် စွမ်းအားတွေကြောင့်နှင့်ပင် ပြင်းထန်နေသောကြောင့်သာ။

တွေးထားသည့်အတိုင်းသာ sehun လက်သီးတစ်လုံးက ချန်းဝူး ဝမ်းဗိုက်ထံ ပစ်ဝင်သွားသည်နှင့် မျက်စိတစ်မှိတ်အတွင်း ခြေလှမ်းနှစ်လှမ်းဆုတ်ကာ သွေးတစ်ပွက်အန်ချ၏။

ချန်းဝူး ဟက်ကနဲ တစ်ချက်ရယ်၏။

chanyeol ပုံမပျက် အေးဆေးထိုင်နေသော်ငြား စိတ်ပါဝင်စားမှုကတော့ အမြင့်ဆုံးတွင်ရှိနေသည်။ အနီးကပ်တိုက်ကွက်တွေမှာတော့ ချန်းဝူးက သိပ်မသာသည်ကို သတိထားမိသည်။ sehun က အနားကပ်လာလေ သူဆုတ်လေဖြစ်ပြီး ကိုယ်ခံအား အနေအထားဟန်ပန်တို့ဟာလည်း သိပ်မကောင်းသေး။ စွမ်းအားကိုသာ အားကိုးတိုက်တတ်ပြီး ရံဖန်ရံခါ အနိုင်ရဖို့အတွက်သာ ဆိုလျှင် ဉာဏ်နီဉာဏ်နက်တို့ဖြင့်လည်း ကွန့်မြူးတတ်သည့် ကောင်ဖြစ်သည်ကြောင့် chanyeol တို့လို အင်အားချင်းနှင့်ယှဥ်လျှင်တော့ နောက်ကျကျန်တတ်သည်။

တိုက်ခိုက်မှုများက သွက်သည်။ လူငယ်တွေဖြစ်သည့်အလျောက် နှစ်ယောက်စလုံးက မျက်စိလျင်ပြီး ဖျက်လက်ကာ တိုက်ကွက်တစ်ခုချင်းဆီကိုပင် အမိဖမ်းရန် ခက်ခဲလှသည်။ ကွင်းပြင်ကျယ်ကြီးထဲ တည်ဆောက်ထားပြီး အမိုးအကြည်ရောင်ကို ခပ်မြင့်မြင့်လုပ်ထားပေးခြင်းကြောင့် အပြင်ဘက်တွေ ထိမိခိုက်မိမည်ကိုတော့ သိပ်ပြီး စိုးရိမ်စရာမရှိ။

အချိန်အားဖြင့် ကြာမြင့်နေသော်ငြား သွေးထွက်သည်ဟူ၍ ချန်းဝူးသာရှိသေးပြီး ဆယ်ဟွန်းအနေဖြင့် အေးဆေးသက်သာ ရှိနေသေးသည်။ ဆယ်ဟွန်းက အေးဆေးသည်၊ ငြိမ်သည် ဆိုသော်ငြား ငြိမ်သလောက် လျှော့တွက်မိလျှင်လည်း လျှော့တွက်သည့်သူကို နောင်တသာအတုံးလိုက်အတစ်လိုက် ရသွားစေမည့် အမျိုးအစားဖြစ်သည်။ ခပ်လျှိုလျှိုနေတတ်သည့် သူတွေက ပိုကြောက်ဖို့ကောင်းသည်ဟူ၍တောင် ရှိသည်မဟုတ်လား။

သွေးထွက်ထားသည့် ချန်းဝူးကတော့ အရှုံးမခံလိုသည့်အလား အကြည့်တို့က ပိုမိုကြောက်စရာကောင်းလာသော်ငြား ဆယ်ဟွန်းအနီးကပ်လေ သူခုခံအားနည်းလေဖြစ်ပြီး အရေးသာနိမ့်နေ၏။ သူ့အတွက် လုံလောက်သော အကွာအဝေးတစ်ခုကို အလျင် ရှောင်တိမ်းနေသော်ငြား ဆယ်ဟွန်းကလည်း လျင်သည်။ အကွက်ကျော်မြင်ကာ တစ်ချက်လေးပင် လွတ်ခွင့်မပေး။ ချောင်ပိတ်ကာ ဖမ်းနေပြီး လက်သီးဝိုက်တစ်ချက်ချင်းက အရေအတွက် နည်းသော်ငြား အာရုံစိုက်ထားသည်မို့ ထိလိုက်လျှင်လည်း ချက်ကောင်းတွေသာဖြစ်သည်။

အလျင်ချင်း ညီနေသည်မို့ ​စိတ်ကျဥ်းကျပ်ကာ ဖိစီးလာသည့်အလား တစ်ဖက်ကို ရှောင်တိမ်းပြေးနေရင်းမှ ချန်းဝူးက လက်တစ်ချက်ဝှေ့ယမ်းကာ အမည်မသိ စွမ်းအားတစ်ခုကို ပစ်သွင်းသည်။ sehun က အလျင်ပြေးလာနေဆဲဖြစ်ပြီး ထိုစွမ်းအားကို အလျင် ရှောင်တိမ်းလိုက်နိုင်သော်ငြား လက်တစ်ဖက်ကို ထိခတ်သွား၏။ မျက်နှာတစ်ချက် ပျက်သွားပေမယ့် မရပ်တန့်၊ ပြင်ဆင်လာသည့် ကျန်လက်သီးတစ်ဖက်ကလည်း ချန်းဝူးကို မရရအောင် ကျွေးလိုက်တော့သည်။

အင်အားကြီး စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့သည့်အလား လေဟာနယ်ထဲ တုန်ခါသွားစေပြီးနောက် လက်သီးချက်ကြောင့် လဲကျသွားသော ချန်းဝူးနှင့်အတူ ဆယ်ဟွန်းလည်း ရုတ်ချည်း ဒူးထောက်ကျသွား၏။ ချန်းဝူးက နာကျင်မှုကိုသာ အာရုံစိုက်နေပြီး အပျက်ပျက်အယွင်းယွင်းကြားမှ သူအရင် အရှုံးပေးသည့်အလား လက်ထောင်ပြလိုက်သည်။

chanyeol ထိုင်နေရာမှ ချက်ချင်းထကာ ဆယ်ဟွန်းထံလျှောက်သွားလိုက်သည်။ အိမ်တော်ထိန်းလည်း ထိုအတိုင်းပင်။ ခပ်မြန်မြန်လျှောက်လာကာ ဆယ်ဟွန်းဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်၏။

"အဆင်ပြေလား ဘာဖြစ်သွားတာလဲ"

သွေးတစ်စက်မထွက်သော်ငြား ဆယ်ဟွန်းအမူအရာ တောင့်တင်းပြီး ထိခိုက်မိသွားသည့် နေရာကိုသာ စိုက်ကြည့်နေသည်။ အိမ်တော်ထိန်းအဖိုးကြီးကား ချန်းဝူးဘက် ဒေါသတကြီး လှည့်ကြည့်ရင်း အေးစက်စက်မေး၏။

"မင်းထုတ်လိုက်တာ ဘာလဲ"

ချန်းဝူး အမူအရာက သူ့ရှေ့မှ ဆယ်ဟွန်းကို အခုမှ သတိထားမိပုံပေါ်သည်။ အထိတ်တလန့်ဖြစ်သွားပုံအရ သူကိုယ်တိုင်လည်း မရည်ရွယ်ထားသည့်ဟန်။

"ကျွန် ကျွန်တော် မသိလိုက်ဘဲ..."

"တောက် !"

ထိခိုက်မိသွားသည်က သာမန် ကျောင်းသားတစ်ဦးလောက်ဆို အိမ်တော်ထိန်း ဤမျှလောက် ပြာသွားမည်မဟုတ်မှန်း သေချာပါ၏။ ချန်းယောလ်လည်း ချက်ချင်းပင် ဘေးတွင်ဝင်ထိုင်ကာ ဆယ်ဟွန်းလက်ကောက်ဝတ်ကို ကိုင်စမ်းရင်း စွမ်းအားတချို့လွှဲပေးမိသည်။ သို့ပေမယ့် အသုံးမဝင်။ ထည့်သလောက် စိမ့်ဝင်သွားသော်ငြား ဒဏ်ရာက ဘာမျှမပြောင်းလဲ။ ချန်းယောလ်အမြန်ပင် ချန်းဝူးထံ လှည့်ကြည့်မိသည်။

"အဆိပ်ဖြေဆေးမရှိဘူးလား"

အိမ်တော်ထိန်းအဖိုးကြီးက ဝင်ပြောလာ၏။

"အသုံးမဝင်ဘူး သူအခုထိ အဲ့ဒါကိုရှာမတွေ့သေးဘူး"

ချန်းဝူးက ပလုံးပထွေးရေရွတ်လာ၏။

"ကျွန်တော် တကယ်မရည်ရွယ်ပါဘူး မသိလိုက်ဘဲ အလိုလိုလှုပ်ရှားမိသွားတာ"

"ပါးစပ်ပိတ်ထား ! မင်းအပြစ်ကို နောက်မှ ငါရှင်းမယ်"

အသေမသတ်ရုံကလွဲ၍ တိုက်ခိုက်၍ရသည်ဟု သူပြောထားခြင်းသာ။ ထိုနည်းတူ အသေသတ်ရန်သာ သုံးနိုင်သည့် ထိုဆိပ်ကိုလည်း သူတားမြစ်ထားသည်။ ဖြေဆေးရှိလျှင် ကိစ္စမရှိ။ ယခုအဆိပ်သည်ကား ဖြေဆေးနိတ္ထိ။ အထိတခိုက် ဒဏ်ရာရသည်ဆိုလည်း ချန်းယောလ်က ဒိုင်ခံ ဖြေရှင်းပေးနိုင်သေးသည်။ အခု အဆိပ်ကတော့ တစ်ဖက်သူကို သေစေရန် ရည်ညွှန်းလိုက်ခြင်းပင်။ သူ မည်သို့မှ လျော့ပေါ့မပေးနိုင်ပါချေ !

"ဘယ်လိုနေလဲ"

အိုဆယ်ဟွန်းကို လှည့်မေးမိတော့ ထိုင်နေရာမှ အေးဆေးခေါင်းခါပြလာ၏။

"အစချက်ချင်း နည်းနည်းပူသွားရုံကလွဲရင် ဘာမှမဖြစ်ပါဘူး"

အိမ်တော်ထိန်း မျက်နှာအနည်းငယ် သက်သာသွားသော်ငြား စိတ်ပူမှုတို့က မလျော့သေး။ လီချန်းဝူးက ထိန်းချုပ်ပေးထားခြင်း ဖြစ်နိုင်သော်ငြား ဤအဆိပ်က တစ်သက်လုံးပါသွားရန်မသင့်။ အလွယ်တကူ ထိန်းချုပ်ခံရမည်ကို စိုးရိမ်သင့်သည် ! ပြီးနောက် ထိုကလေးကို သူမကြိုက်။ သူ့အဖေနှင့်စရိုက်တူတွေ ပါလာကတည်းက သူမကြိုက်တာဖြစ်ပြီး ငယ်သေးသည်မို့ အချိုးမပြသေးခြင်းသာ ဖြစ်သည်။ အရွယ်ရောက်လာလျှင် ယခုကဲ့သို့ ဖြူစင်ရိုးသားမှုမျိုးဆိုသည်က သုံးစားမရတော့မည်မှာ မလွဲဧကန်ပေမို့။ ရှင်းထားသင့်သည်များကို ကြိုရှင်းသင့်သည်။ ထိုကောင်လေး အဖေ (ဆယ်ဟွန်းဦးလေးသာ) ထိုအဆိပ်ကိစ္စ သိသွားလျှင် ပွဲသိမ်းပြီဖြစ်သည်။ မရနိုင်မှန်းသိသိရက် သူ ဤနေရာကို မည်မျှ ငမ်းငမ်းတက်လိုချင်နေသလဲ စံအိမ်တစ်ခုလုံးအသိပင်။

ရုတ်တရက် sehun လက်ကို တောက်လျှောက် ဖိကိုင်ထားပေးသော chanyeol လက်က အလင်းဓာတ် တစ်ခုထွက်လာ၏။

"အားးးး !!!!"

ထိုအခါမှ ငြိမ်နေသော အိုဆယ်ဟွန်းခမျာ နာကျင်သည့်အလား အော်ဟစ်လာ၏။ chanyeol အလန့်တဖြတ် လက်ပြန်ရုတ်လိုက်တော့မှ တရှူးရှူးတရှဲရှဲနှင့် ငြိမ်ကျသွား၏။

ပတ်ပတ်လည်က လေထုသည် တိတ်ဆိတ်သွား၏။ အကုန်လုံး၏ အာရုံသည် သူ့ထံ ရောက်နေမှန်း မော့မကြည့်လျှင်တောင် chanyeol သိသည်။

"ဒါဘာလဲ"

မသိသာသော်ငြား အိမ်တော်ထိန်းအသံတွေ တုန်နေသည်။ မသိ၍မေးခြင်းလား အတည်ပြုခြင်းလား မသေချာပါပေ။ တစ်ခုဆိုတစ်ခု မြင်လိုက်သည်နှင့် အမျိုးအစား တန်းခွဲနိုင်သော ထိုလူက မေးလာတော့ chanyeol လည်း ခေါင်းသာ ခါပြနိုင်သည်။

"healing တချို့လွှတ်နေရင်း ထုတ်မိသွားတာ"

"နှစ် ၁၀၀ အတွင်း ပထမဆုံးမဟုတ်လား"

chanyeol ခေါင်းညိတ်ပြလိုက်သည်။ အိမ်တော်ထိန်းကြီးက သူ့ဘာသူ အတွေးနှင့်အတူ ခေါင်းတဆတ်ဆတ်ညိတ်သည်။ ထို့နောက် ဆို၏။

"နောက်မှ သေချာစစ်မယ်၊ ဒီကိစ္စ အပြင်မှာ ပေါက်ကြားတာ ငါမလိုချင်ဘူး၊ နားလည်တယ်မလား"

ခေါင်းသာညိတ်ပြလိုက်သည်။ ကိစ္စဆိုသည်က sehun ကို ဆိုလိုသည်လား chanyeol ကို ဆိုလိုသည်လား မသိသော်ငြား သေချာတာတော့ နှစ်ခုလုံးဖြစ်လောက်သည်။ sehun ကိစ္စကတော့ မပြောလျှင်တောင် အရေးကြီးသည်။ စွမ်းအားနှင့် ပတ်သက်၍ကား တစ်ယောက်ချင်းဆီ၏ အချက်အလက်မို့ လျှိုထားသင့်သည်က ထုံးစံတစ်ခုဖြစ်သောကြောင့်။

ချန်းဝူးကတော့ သူ့အပြစ်သူ သိသည့်အလား ခေါင်းသာ တဆတ်ဆတ် ညိတ်ပြလာခဲ့၏။

"လောလောဆယ် ထပ်ထုတ်ကြည့်လိုက်"

sehun နာကျင်သွားသည့် အပြုအမူကို သိပ်ခါင်းထဲမထည့်ဘဲ chanyeol အား နောက်တစ်ကြိမ် ထပ်လုပ်ခိုင်းနေသည်။

ခပ်ဆုတ်ဆုတ်ဖြင့်သာ တံတောင်နားက အညိုအမဲပေါ် အုပ်မိုးလိုက်သည်။ အလင်းဓာတ်တစ်ခုက ထွက်လာသည်နှင့် sehun အံတင်းတင်းကြိတ်၏။ ချွေးသီးချွေးပေါက်တွေပင် တတောက်တောက်ကျနေသော်ငြား တဖြည်းဖြည်း ပျောက်ကင်းလာသော ထိုဒဏ်ရာကြောင့် chanyeol မရပ်တန့်။ အိမ်တော်ထိန်းက မေးလာ၏။

"ဘယ်လိုနေလဲ"

sehun အသက်ရှူသံတို့ ပြင်းထန်နေ၏။ အမေးစကားအား တော်တော်ကြာမှ ပလုံးပထွေးပြန်ဖြေနိုင်သည်။

"ပူလွန်းတယ်"

chanyeol အာရုံစိုက်နေသည်ကို မပျက်သွားစေရန် သတိထားနေရသည်မို့ ဘေးကစကားများ သိပ်နားမဝင်။ တဖြည်းဖြည်း ပျောက်ကင်းလာသော အညိုအမဲကို ကြည့်နေရင်း sehun လည်း အနည်းငယ် သက်သာစပြုလာပြီဆိုမှ လက်မလွန်ခင် ရပ်တန့်လိုက်သည်။ မဟုတ်လျှင် သူ့စွမ်းအားက ဗလာသက်သက် အဆိပ်မရှိတော့သည့် sehun လက်ကို ထပ်မံ မထိခိုက်နိုင်ဟု အတပ်မပြောနိုင်သည်မို့။ ထိုအခါမှ အိမ်တော်ထိန်းလည်း သက်မချသလို ချန်းဝူးလည်း သက်မချနိုင်၏။

"ငါ ငါတောင်းပန်ပါတယ် ဆယ်ဟွန်း ငါတကယ်မရည်ရွယ်ဘူး"

အိမ်တော်ထိန်းက ဘာမျှပြန်မပြောတော့ဘဲ မတ်တပ်ရပ်လိုက်သည်။ sehun ကတော့ မူပိုင်အပြုံးတစ်ပွင့်ဖြင့်သာ။

"ငါသိပါတယ်"

မည်သို့ပင်ဆိုစေ၊ ချန်းဝူးကမူ ထိုဒဏ်ရာနေရာကိုသာ အကြည့်မလွှဲနိုင်ဖြစ်နေပြီး ထိချင်သော်ငြားလည်း မထိရဲသည့်ဟန်။

"မင်းတို့နှစ်ယောက်ကသွားတော့။ ချန်းဝူးနေခဲ့"

ဆယ်ဟွန်းနှင့် ချန်းယောလ် တစ်ပြိုင်နက် ချန်းဝူးကိုကြည့်မိသည်။ ဘာမှမဖြစ်ကြောင်း ခေါင်းခါပြလာတော့ sehun က ပုခုံးတစ်ချက်ပုတ်သည်။ chanyeol ကတော့ သက်ပြင်းအသာ ချရင်းသာ ရှေ့ဆုံးကထွက်သွားတော့၏။

ထိုနေ့မှစ၍ ချန်းယောလ်၏ အမည်မသိစွမ်းအားကို အဖေက သီးသန့်ခေါ်ယူကာ အကြိမ်ကြိမ် လေ့ကျင့်ပေးသော်ငြား ထူးဆန်းစွာပင် ပြန်ထုတ်မရတော့ချေ။ သို့နှင့် လျော့လျော့ပေါ့ပေါ့ နေခဲ့မိပြီး နှစ်အတော်အတန်ကြာမှ ထိုစွမ်းအားက ပြန်ရလာပြန်၏။ သို့သော်ငြား အများကြီးမဟုတ်။ အားနည်းသည်။ ရသည့်အချိန်ကလည်း တိုတောင်းသည်။ ထိုအချိန်ကတော့ အဖေနှင့် အတူရှိမနေသည့်အချိန်မို့ သိပ်လည်းထူးထူးခြားခြား မသိလိုက်ရ။ ထိုအတိုင်းသာ ရံဖန်ရံခါ ရလာတတ်သည်ကို သတိပြုမိပြီး နောက်ပိုင်းတွေ ပိုစိပ်လာသည်သာရှိသည်၊ မစိုးရိမ်ရသည်မို့ သိပ်လည်း ဂရုတစိုက်မရှိ။

သို့ပေမယ့် ထိုနေ့က အဖြစ်အပျက်အပြီး ပြောင်းလဲသွားသည်ကတော့ များသည်။ ချန်းဝူးသည် သူတို့နှစ်ယောက်ကို သိသိသာသာ ရှောင်လာ၏။ သွားအတူ လာအတူ ကိစ္စများတွင်လည်း သူမပါတော့သလို sehun က စကားစလျှင်လည်း တစ်ခွန်းနှစ်ခွန်းသာ တုံ့ပြန်တော့၏။ ချန်းယောလ်ကတော့ အရင်စပြောမည့်သူမျိုးမဟုတ်ပါချေ။ ထိုကောင်ဆို ပိုတောင်ဆိုးသေးသည်။ ဆယ်ဟွန်းက တိုက်တွန်းလာ၍ မျက်နှာချင်းဆိုင် ဆုံဖြစ်လျှင်တောင် စကားတော့မပြောဖြစ်ခဲ့။ အနည်းဆုံး ချန်းယောလ်လည်း သူ့နို့ဗူးလေးတွေအစား စိတ်အေးလက်အေးနေရသည်မို့။

ထိုမှ ရက်အနည်းငယ် ကြာပြီးနောက်တွင် ကြင်ရာတော်သတင်း ထွက်လာသည်။ နာမည်ပေါက်ကြားသွားသည်ဟူ၍၊ မည်သူစလိုက်မှန်းမသိသော်ငြား ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြ၏။ ယခင် မျိုးဆက် ၃ ဆက်လုံးတွင် ထိုနိမိတ်ဟောရာ နေရာမှ သတင်းမှန်သမျှ အနည်းငယ်ပင် ပေါက်ကြားယိုစိမ့်ခြင်းမရှိခဲ့သည်ကို ယခုကျမှ အဘယ်သို့ ဖြစ်သွားမှန်း မသိကြသလို သိဖို့လည်း စိတ်မဝင်စားနိုင်ကြ။ အကုန်လုံး၏ ခေါင်းထဲတွင် ထိုကြင်ရာတော်ဟူသည်ကိုသာ အပိုင်ရဖို့ ရှိကြတော့၏။

မည်သူမျှ ကြိုတင်သတ်မှတ်ပေးထားသော ခေါင်းဆောင်နေရာကို ရူးလို့မျှော်မည်မဟုတ်။ သို့သော်ငြား ကြင်ရာတော်ကို ရယူနိုင်လျှင် ခေါင်းဆောင်နေရာသို့ ရသည်နှင့် မခြား။ ဤမျှလောက် လွယ်ကူနေသည့် ကိစ္စအား မည်သူမဆို ဝင်ပါချင်ကြသည်က မဆန်း။ သို့နှင့် ထိုကြင်ရာတော်ကို အပြိုင်ရှာဖွေခဲ့ကြသော်ငြား အဖြေသည်ကား နိတ္ထိ။ ရှာ၍မတွေ့သည့်အပြင် ခြေရာပင်ခံမရခဲ့။ ၎င်းတို့ လျှော့တွက်မိသည့် ကြင်ရာတော်သည် မလွယ်ခဲ့ပါချေ။ သို့နှင့် လက်လျှော့ကုန်ကြသူများလည်း ရှိသလို ဆက်လက်ရှာဖွေရေးပြုနေခဲ့ကြသော ဆယ်ဟွန်းတို့လို အုပ်စုများလည်း ရှိ၏။

ထို ကာလအတွင်း မည်သူမှသတိမထားမိလိုက်သည့် ကိစ္စတစ်ခုဖြစ်ခဲ့၏။ ချန်းဝူးပျောက်သွားခြင်းပင်။ အရွယ်ရောက်လာကြသည်နှင့် စံအိမ်တွင် အခြေတကျ နေထိုင်သည်ဆိုသူများကလည်း ရှားသွားပြီဖြစ်ပြီး မတွေ့လျှင်လည်း မည်သူမှအရေးတယူလုပ်လိမ့်မည်မဟုတ်။ သို့ပေမယ့် ချန်းဝူးအဖေကတော့ မတူခဲ့ပါချေ။ သူ့သားပျောက်၍ လိုက်ရှာနေရင်းမှ တောစပ်တွင် အလောင်းသာကျန်ခဲ့သည်မို့ ကောက်လာရသည်ဟုဆိုကာ သားဆုံးရသည့် မိခင်နှယ် ချုံးပွဲချငိုယိုပြ၏။

လီချန်းဝူးလိုကောင်က သေမည်တဲ့လား။

ဆယ်ဟွန်းက နှစ်သိမ့်ပေးသော်ငြား ချန်းယောလ်ကဖြင့် သတိပင်မမူမိပါချေ။ တကယ်သေတာ ဟုတ်ရဲ့လားပင် အပ်နှင့်သွားထိုးချင်စိတ်ကို မနည်းချိုးနှိမ်ပြီး ပြန်လာခဲ့ရရုံသာ။

chanyeol တို့လို အဆင့်မြင့်အသွင်ပြောင်း သတ္တဝါများသည် မသေမျိုးမဟုတ်ပါ။ သို့ဖြစ်၍ သေနိုင်သည်ဆိုသော်ငြား သတ်ဖို့ရန်လည်း လွယ်ကူမနေ။ သတ်နိုင်ဖို့ရန် နည်းလမ်း နှစ်သွယ်သာရှိသည်။ တစ်နည်းက လောကသုံးပါးလုံးတွင် သုံးခုတည်းသာရှိသည့် အထူးပြုလုပ်ထားသော ဓားမြှောင်ဖြင့်။ နောက်တစ်နည်းသည် လည်ပင်းက လည်ဆွဲဖြင့်။

သုံးခုတည်းသာ ရှိသည်ဆိုသော ဓားမြှောင်က အဖွဲ့အစည်းလေးပါး ကမ္ဘာ့ပျက်ကပ်နီးနီးဖြစ်စေသည်အထိ ကတောက်ကဆဖြစ်ပြီး နောက်ပိုင်းကတည်းက အလျှိုလျှိုပျောက်ဆုံးသွားခြင်းဖြစ်သည်။ တစ်ခုသည် နေအဖွဲ့အစည်းထံတွင်ရှိသည်ဆိုသော်ငြား ၎င်းတို့က အင်အားကြီးအဖြစ် အဘက်ဘက်အဖွဲ့အစည်းများ ဦးညွတ်ခဲ့ရကတည်းက ပျောက်ကွယ်သွားသည်မှာ ယနေ့မျက်မှောက်ထိတိုင်ဖြစ်သည်။ ကျန်နှစ်ခုသည် မြေကမ္ဘာပေါ်တွင် ရှိသည်ဟု ကောလဟာလများ ထွက်နေကြပြီး ထိုထဲကမှ တစ်ခုကို chanyeol တို့ မြေဓာတ်အဖွဲ့အစည်းက ရထားသည်။

သို့နှင့် ချန်းဝူးသေသည်ဟူသည့် အလောင်းအား ကြည့်မိတော့ ဒဏ်ရာဒဏ်ချက် အလျဥ်းမရှိ။ သို့သော်ငြား လည်ပင်းကဆွဲကြိုးတော့ မရှိတော့ပေ။ တစ်ခုရှိသည်ကတော့ အလောင်းကြီးချပြ ငိုယိုပြ တိုင်း chanyeol မယုံ။ ထိုဖြစ်စဥ်အတွင်း ထူးထူးခြားခြား ဘာမျှလည်းမခံစားခဲ့ရသကဲ့သို့ ကြင်ရာတော် ကိစ္စနှင့်သာ အလုပ်ရှုပ်နေသည့် ကာလမို့ စိတ်ထဲလည်း မထည့်ဖြစ်ခဲ့ပါ။

ထင်သည့်အတိုင်းပါပေ။
ပျောက်သွားတာ ၇ နှစ်လောက်ကြာမှ ယခုလူသားတွေကြားထဲ ရောထွေးနေနေသည်တဲ့လား။ အရေပြောင်းလိုက်သည်ဆိုတိုင်း ထိုရိသဲ့သဲ့အပြုံးကတော့ ဘယ်တော့မှပြောင်းလဲမသွားပေ။ ထိုကောင်လည်း တခြားသူတွေနှင့် ရည်ရွယ်ချက်က အတူတူပင်။ သူ့အဖေ၏စည်းရုံးမှုကြောင့်ဖြစ်စေ၊ သူ့စိတ်သဘောကြောင့်ဖြစ်စေ အဓိက ဦးတည်နေသည်က ကြင်ရာတော်ထံသာဖြစ်ပြီး တစ်နည်း ခေါင်းဆောင်ထံသာဖြစ်၏။ chanyeol ဂရုမစိုက်ပါ။ အရေးမပါသည့် သံယောဇဥ်တွေ သူထောက်ထားနေမည်မဟုတ်သလို သံယောဇဥ်ဟူ၍လည်း တစ်စက်ကလေးပင် မရှိသည်မို့။ မည်သူပင်ဖြစ်စေ ကြင်ရာတော်ကို ထိခိုက်သမျှသူ chanyeol ရန်သူသာဖြစ်၏။

____

နေဝင်သွားကာစမို့ ပုဇွန်ဆီရောင်သန်းနေသော ကောင်းကင်က တဖြည်းဖြည်းအမှောင်ရိပ်သန်းလာသည်။ အိမ်ပြန်လမ်းတစ်လျှောက် အတွေးတို့ပွားနေသည်ကြောင့် နောက်ကျနေသည်ကို သတိပြုမိသည်နှင့် ချက်ချင်းအလျင်ကို အားစိုက်လိုက်တော့ အိမ်အပေါ်ထပ် တန်းရောက်သည်။

အခန်းထဲဝင်ရန် ခြေလှမ်းစဥ်တွင်ပင် chanyeol အတွေးတို့ ရုတ်ချည်းဗလာဖြစ်သွား၏။

ထိုကောင်လေး အိမ်တွင်မရှိပေ !

အမြန်တွန်းဖွင့်ဝင်ကြည့်မိတော့ မှောင်မည်းနေသည့် အခန်းတွင်းက ထိုကောင်လေးမရှိသည်နှင့် ပို၍ပင် ခြောက်ကပ်ကပ်ဖြစ်သွားသယောင်။ အပြင်ကမည်သည့် သတ္တဝါမှန်သမျှ ဝင်လို့မရစေရန် စည်းတားပေးထားခဲ့သော်ငြား အထဲက လူက ထွက်သွားသည်ကိုတော့ တားမရ။

အားမလို အားမရဖြစ်စွာ ကျစ်စုပ်သက်မိသည်။

chanyeol ဒါကို မစဥ်းစားမိခဲ့။ သူဘာလို့ဒီလောက်ညံ့ရတာလဲ !

ပိတ်ရက်ဆိုပြီး ထိုသကောင့်သားလေးကလည်း ဘယ်တွေလျှောက်သွားနေပြန်လဲ မသိ။ စိုးရိမ်မှုနှင့်အတူ အပြင်ပြန်ထွက်လာတော့ သိသိသာသာ ကျန်ခဲ့သော အနံ့တို့ကြောင့် ထွက်သွားတာ မကြာသေးမှန်းသိလိုက်သည်။ ရလက်စ အနံ့နောက် အမြင်ကျဥ်းကာ အကြည့်ကိုဦးတည်တော့ ချောင်ချိုချောင်ကြားတွေထဲ သွားထားသည့် ခြေရာတွေကြောင့် chanyeol တွေဝေသွား၏။ baekhyun က ထိုသို့သောနေရာတွေ ကြောက်တတ်သည်ကို သူသိသည်။

ခပ်မြန်မြန်ပင် အချိန်ဆွဲမနေဘဲ မျက်စိတစ်မှိတ်အတွင်း လိုက်ဝင်လာလိုက်တော့ ဆူဆူညံညံအသံတစ်ချို့ ကြားလိုက်ရ၏။

စွန့်ပစ်တိုက်ခန်းဟောင်းများ ဘက်ခြမ်းတွင်ဖြစ်ပြီး လူခြေတိတ်သည်မို့ အသံတို့ကို ရှင်းလင်းစွာကြားနေရသည်။

အကွေ့နားတစ်ခုရောက်ခါနီးမှ ရိုက်နှက်နေသံတစ်ချို့နှင့်အတူ ညည်းသံသဲ့သဲ့ကြောင့် ခပ်မြန်မြန်ဝင်ချိုးလိုက်တော့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဘာမျှမစဥ်းစားနိုင်တော့။ အကြောင်းအရင်း ဘာညာ မစဥ်းစားနိုင်။ ရိုက်နှက်နေသည့် သုံးကောင်ထဲက အလယ်ကောင်ကို ဂုပ်ကကိုင်ဆွဲကာ နံရံဘက်ပစ်ပေါက်မိလိုက်သည်။

"အ"

အသံပင် အဆုံးထိမထွက်သွားနိုင်။ ကျောရိုးထိသွားသည်မို့ အတောင့်လိုက် လဲကျသွားသော ကောင်က မသေရုံတမယ်။ ကျန်နှစ်ယောက်ကလည်း ဝင်ရှုပ်သည့်အမှုနှင့် ဟောက်လားရမ်းလား လုပ်ရန်လှည့်အကြည့် အတုံးအရုံးလဲကျသွားသော တစ်ယောက်ကြောင့် ခပ်ကြောင်ကြောင်မော့ကြည့်လာ၏။

အနံ့အရတော့ သာမန် လူသားတွေဖြစ်သည်။ သူ့တွင် အသေသတ်ခွင့်မရှိသော်ငြား မသေရုံတမယ်ဖြစ်အောင်တော့ လုပ်ခွင့်ရှိသည်။

နံရံထောင့် စည်ပိုင်းများကြားတွင် ဗိုက်လေးအုပ်ကာ ခပ်ခွေခွေလဲကျနေသော ကောင်လေးက သူ့ဒေါသတွေကို အဆုံးစွန်ထိတွန်းပို့ပေးလိုက်သည် မဟုတ်ပေလား။

ပြေးရန်ကြံနေသော နှစ်ကောင်စလုံးက သူတို့ကိုယ်တိုင် ရွေးချယ်ထားသည့် ချောင်ပိတ်အနေအထားဖြင့်သာမို့ ပြန်တိုက်ရန် ဆုံးဖြတ်လိုက်ပုံရသည်။ ပြေးဝင်လာသော ကလေးသာသာကောင်လေးတွေကို ကြည့်ရင်း chanyeol လှောင်ပြုံးပြုံးလိုက်မိသည်။

လူသားတွေက တကယ် ဦးနှောက်မရှိဘူး။

သူတို့လူတစ်ယောက်ကို လက်တစ်ဖက်တည်းနှင့် အမှောက်သိပ်လိုက်သည်ကို သတိပြုမိပုံမရဘဲ နှစ်ယောက်တစ်ယောက်မို့ ယုံကြည်ချက်ရှိနေသည့်ဟန်တွေနှင့်။

ပြေးဝင်လာသည့် ဘယ်ညာ နှစ်ဖက်စလုံး၏ မျက်ခွက်တို့အား တစ်ချက်ချင်း ထိုးချလိုက်သည့် အရှိန်ကမြန်လွန်းသဖြင့် ဘာမျှမသိလိုက်ခင်တွင်ပင် နှစ်ကောင်သား ပြိုင်တူလဲကျ၏။

မည်သည့် စွမ်းအားမှမထည့်ထားသော သူ့လက်သီးက ၅ ရက် တစ်ပတ်လောက် မစားနိုင်မသောက်နိုင် ဖြစ်သွားစေလိမ့်မည်တော့ သေချာသည်။ ခက်သည်က သူမကျေနပ်သေး။ ဒီလောက်လေးတွေနှင့် ကျသွားသည်မို့ ဒေါသမပြေသေး။

သက်ပြင်းတစ်ချက် ရှိုက်ရင်း မေ့လဲကျနေသော ကောင်လေးနား ထိုင်ကြည့်လိုက်တော့ မျက်လုံးတို့ခပ်ဟဟပွင့်ကာ အသိဝင်နေသေးသည်။ နဖူးပေါ် အုပ်မိုးပေးလိုက်ပြီး နွေးထွေးမှုတစ်ခု စီးဝင်စေလိုက်သည်နှင့် ထိုကောင်လေး မျက်လုံးတို့မှေးမှိတ်ကာ အိပ်ပျော်သွားတော့၏။

ထို့နောက် အကြည့်ရောက်မိသည်က ပါးမို့ပေါ်က အညိုအမဲ။

အံကြိတ်မိလိုက်ပြီး တစ်ဖက်က ခပ်စွန်းစွန်းမြင်နေရသည့် ကောင်၏ ဦးခေါင်းကကိုင်ဆွဲကာ နံဘေးရှိအုတ်နံရံပေါ် ကိုင်ပေါက်လိုက်၏။ ဒုတိယမြောက်လူ သတိလစ်သွားပြန်၏။ နောက်ဆုံးကျန်နေသည့် တစ်ကောင်ကတော့ နှာခေါင်းသွေးအလျှံလျှံနှင့် တဆတ်ဆတ်တုန်ရီကာ လဲကျနေ၏။ ပြန်ထဖို့ အားမရှိသည်လား၊ ကြောက်နေသည်လားတော့ မသဲကွဲသော်ငြား chanyeol လှည့်မကြည့်။

သို့ပေမယ့် နားထဲကြားလိုက်ရသော သံထည်ထိခိုက်သံတစ်ချက်နှင့် လက်ဖျံမှ ခံစားလိုက်ရသော အထိအတွေ့တစ်ချက်။ ဘေးက ကောင်ကို ငဲ့ကြည့်လိုက်တော့ သူ့အား ထိုးစိုက်ရန် ကြံရွယ်ထားသော ဓားတစ်ချောင်းကို တုန်လှုပ်စွာကိုင်ထားသည်။ ဓားဟုပင် ဆို၍မရတော့ပါ။ သူ့အသားထဲ စိုက်မဝင်ဘဲ အစိတ်စိတ်ကျိုးသွားသော အပိုင်းအစများက ပတ်ပတ်လည်ပျံ့ကျဲကုန်သည်မို့။ လက်ကိုင်ရိုးသာ ကျန်ခဲ့သော ဓားသေးသေးကို ကိုင်ကာ တုန်တုန်ရီရီဖြင့် chanyeol ကို တစ်လှည့် ဓားကိုတစ်လှည့် ကြည့်နေပြီး စကားပင်မဟနိုင်ရှာ။

"ငါ့ကိုအဲ့အပေါစားလေးတွေနဲ့များ ထိခိုက်နိုင်မယ်ထင်နေတာလား"

အကြည့်ပြန်လွှဲလိုက်သည်။ သနား၍ အလွတ်ပေးဖို့တော့မဟုတ်။ မျက်စိရှေ့က ကောင်ငယ်လေးကိုသာ ဒူးအောက်က လက်လျှိုသွင်းရင်း ချီမလိုက်သည်။ နာကျင်မှုကြောင့် ရှုံ့မဲ့သွားသော မျက်နှာငယ်က chanyeol ကို အထပ်ထပ်အခါခါ သွေးဆူအောင်လုပ်နိုင်လွန်းသည်။ ချီလျက်သားပင် မတ်တပ်ထရပ်ပြီး လဲကျနေသည့်ကောင်ကို ငုံ့ကြည့်လိုက်တော့ သူ့ကိုပြန်မော့ကြည့်နေ၏။ ခြေတံရှည်တွေဖြင့် မယိမ်းမယိုင် တစ်ချက်ဆောင့်ကန်ပေးလိုက်တော့ အော်သံတစ်ချက်နှင့်အတူ ထိုကောင်လည်း တိတ်ကျသွားတော့၏။

ထိုနေရာကနေ အခန်းထဲ ချက်ချင်းရောက်စေပြီး ချီထားရင်းဖြင့်သာ ဂွမ်းစောင်ကိုခင်းပြီးသည်နှင့် အသာချပေးရသည်။ မျက်နှာပေါ်က ညိုမဲစွဲနေသည်များက မလိုက်မဖက်။ ဒဏ်ရာတစ်ခုချင်းဆီကို တစ်ချက်ချင်းလိုက်ထိတွေ့မိတော့ ရှုံ့မဲ့ကာ ညည်းသံခပ်ဖျော့ဖျော့ ထွက်လာ၏။ ခပ်မြန်မြန်ပင် အချိန်ဆွဲမနေဘဲ သက်သာစေလိုက်တော့ အရောင်ပါကျကာ ပုံမှန်အတိုင်းဖြစ်သွား၏။

ထို့နောက် ဝမ်းဗိုက်နေရာ။ အကန်ခံထားရပုံပါ်သည်။ အဆုံးအစမရှိ ထွက်လာသော ဒေါသက လေထုကိုတင်းကျပ်စေသည်။ အင်္ကျီပေါ်ကနေသာ အုပ်မိုးကိုင်ထားပေးလိုက်ပြီး သက်သာစေလိုက်တော့မှ ရှုံ့မဲ့နေသည့် မျက်နှာထားက ပြေလျော့သွား၏။

တဖြည်းဖြည်းသက်သောင့်သက်သာ ရှိသွားသော ခန္တာကိုယ်က အကျင့်ဖြစ်နေသည့်အလား chanyeol အနွေးဓာတ်ကိုရှာလာသည်မို့ လက်တစ်ဖက်ကို ကိုင်ထားပေးလိုက်တော့မှ ငြိမ်သွားသည်။

အမြဲ ဘေးနားတွင်ထိုင်နေတိုင်း ထိုကောင်လေးထံ၌သာ အကြည့်ကို စုံချီဆန်ချီကြည့်နေတတ်သည်က အကျင့်တစ်ခုကဲ့သို့ပင်။

ထိုကောင်လေး အသားအရေက ဖြူဆွတ်နေသည်မဟုတ်ဘဲ သာမန်ယောကျ်ားလေးတစ်ယောက်၏ အကြည်ဓာတ်ရှိနေသည့်အလား ပြေပြစ်နေသယောင်။
မိန်းကလေးများကဲ့သို့ လှပနေသည်မျိုးလည်းမဟုတ်ဘဲ ယောကျ်ားလေးတစ်ယောက် လှနေသလိုမျိုးသာ။ စကားလုံးအလှများနှင့် သူမဖော်ကျူးပြတတ်တာ ခက်သည်။ chanyeol ခေါင်းထဲ ရှိသည့် စကားလုံးကလည်း လှသည် ဆိုတာပဲဖြစ်သည်။ ပါးမို့လေးများကလည်း လှသလို၊ နှုတ်ခမ်းပါးလေးကလည်း လှသည်။ ချွေးပေါက်တို့သီးနေသော နှာတံလုံးလုံးလေးကလည်း လှသလို မျက်တောင် စိပ်လေးများ ဝန်းရံထားသည်ကလည်း လှသည်။

မှိတ်ထားသော မျက်ဝန်းများက ရုတ်ချည်းပွင့်ဟလာသည်နှင့် မြင်လိုက်ရသည့် မျက်ဝန်းညိုများက လှလှပပ ပင် သူ့ထံတည့်တည့်အကြည့်ပို့လာ၏။

"......."

မျက်နှာချင်းဆိုင် တည့်စုံသွားသော မျက်ဝန်းတစ်စုံကြောင့် chanyeol နှလုံးသားတစ်ခုလုံး ရုတ်ချည်းခဲသေသွား၏။

________

မလည်ရှုပ်ဖြစ်နေကြမှာစိုးလို့ ထပ်ရှင်းပေးမယ်။ အခုလက်ရှိမှာ sehun က ခေါင်းဆောင်၊ chanyeol က အစေခံနော် ။ ဇာတ်ကောင်တွေကို ကြိုတင်နေရာချထားသလို ပုံစံခွက်ထဲ မထည့်ထားပေးဘဲ လှည့်ထားတာမို့ စာကြောင်းတစ်ကြောင်းချင်းစီတိုင်းကို သတိထားပါ xDDD

Zawgyi

စံအိမ္အတြင္း၌ျဖစ္သည္။

အၾကည္ေရာင္ အမိုးကာခံုးျဖင့္ အဝိုင္းသ႑ာန္ ပတ္ပတ္လည္ အုပ္မိုးထားေသာ ခန္းမအတြင္းက ေနေရာင္ျခည္ တိုက္ရိုက္ေဖာက္ဝင္ေနၿပီး ကြင္းျပင္က်ယ္ႀကီးအား မ်က္စိပေဒသာ ရိွေနေစသည္။

သို႔ေပမယ့္ ကြင္းျပင္းက်ယ္အတြင္းက ျဖစ္ပ်က္ေနသမ်ွကေတာ့ မ်က္စိပေဒသာဟူ၍ မရိွလွေသာ္ျငား chanyeol ကေတာ့ စိတ္ပါဝင္စားလ်က္ အာရံုစူးစိုက္ၾကည့္ေန၏။

တစ္ေယာက္ကိုတစ္ေယာက္၏ အစြမ္းအစမ်ားကို တစ္လတစ္ႀကိမ္ လက္ရည္ဖလွယ္သည့္ ပြဲစဥ္မ်ားတြင္သာ ေလ့လာႏိုင္သည္မို႔ chanyeol တစ္ခ်က္ေလးပင္ အၾကည့္အလႊဲမခံႏိုင္။ ယခုအခ်ိန္ တိုက္ေနသည္မွာ အိုဆယ္ဟြန္းႏွင့္ လီခ်န္းဝူးျဖစ္သည္။ အခ်ိန္အားျဖင့္ ၁၅ မိနစ္ေလာက္သာ ရိွေသးေသာ္ျငား ယခုအခ်ိန္ထိ မည္သူ႔ဘက္ကမွ အႏိုင္အရႈံး သဲသဲကြဲကြဲမရိွေသး။

လီခ်န္းဝူးသည္ကား နဂိုတည္းက ေပါက္ကရေလးဆယ္ အေရးမပါသည့္ စကားတို႔အား လ်ွာရိုးမရိွတိုင္း ေလ်ွာက္ေျပာေနတတ္သည့္ ေပါ့ပ်က္ပ်က္ေကာင္ ျဖစ္ေသာ္ျငား သူ႔စြမ္းအားတို႔ကျဖင့္ အထင္ေသး၍မရ။ သူ၏ တိုက္ခိုက္မႈမ်ားက ရန္ျဖစ္သတ္ပုတ္ေနက် chanyeol ႏွင့္လည္း အနည္းငယ္ ရင္းႏွီးၿပီးသားမို႔ ထိုေကာင့္ထံမွ အၾကည့္လႊဲကာ အိုဆယ္ဟြန္းထံသာ အာရံုပို႔ထားလိုက္သည္။

အိုဆယ္ဟြန္းကား တိုက္ကြက္သိပ္မထုတ္။ သူ႔အက်င့္အတိုင္းပင္။ ေအးေဆးသည္။ ခုခံရံုသာခုခံၿပီး တစ္ဖက္လူ၏ လုပ္ႏိုင္စြမ္းတို႔ကို ေခါင္းေအးေအးႏွင့္ အသာအကဲခတ္ေနသည္။ ဒါကို ခ်န္းေယာလ္လည္းသိသလို ခ်န္းဝူးကလည္းသိသည္။

"ျပန္တိုက္ !"

ပတ္ပတ္လည္ ေအးေဆးလိုက္ၾကည့္ေနေသာ ဘိုးေတာ္က တစ္ခြန္းတစ္သံျဖင့္ အမိန္႔ေပးလာ၏။ မည္သူ႔ကို ဆိုလိုေနမွန္း နာမည္တပ္စရာပင္မလို။ ခ်န္းဝူးေရ႔ွတိုးသမ်ွ ျဖည္းျဖည္းခ်င္း ေနာက္ဆုတ္ကာ ခုခံေနေသာ အိုဆယ္ဟြန္းကိုသာ ရည္ၫႊန္းမွန္း သိသာသည္ႏွင့္ ဆယ္ဟြန္း ခ်က္ခ်င္းအေနအထားေျပာင္းကာ ခ်န္းဝူးထံ တိုက္စစ္ဆင္သည္။ လက္နက္တန္ဆာတို႔မကိုင္။ လက္ဗလာျဖင့္သာ ႀကိဳက္ႏွစ္သာရာ တိုက္ကြက္တို႔ျဖင့္ တိုက္ခိုက္ၿပီး သာမန္လူတို႔အေနျဖင့္ ၾကည့္မည္ဆိုလ်ွင္ လက္ေဝ႔ွပြဲတစ္ပြဲႏွင့္သာ တူလိမ့္မည္။ မတူသည္ကား ၄တို႔ လက္သီးတစ္လံုးတစ္လံုးက သာမန္လူတစ္ေယာက္ကို ခ်က္ခ်င္း အသက္ထြက္သြားေစႏိုင္သည္ပဲ ျဖစ္သည္။ အင္အားေၾကာင့္မဟုတ္လ်ွင္ေတာင္ စြမ္းအားေတြေၾကာင့္ႏွင့္ပင္ ျပင္းထန္ေနေသာေၾကာင့္သာ။

ေတြးထားသည့္အတိုင္းသာ sehun လက္သီးတစ္လံုးက ခ်န္းဝူး ဝမ္းဗိုက္ထံ ပစ္ဝင္သြားသည္ႏွင့္ မ်က္စိတစ္မိွတ္အတြင္း ေျခလွမ္းႏွစ္လွမ္းဆုတ္ကာ ေသြးတစ္ပြက္အန္ခ်၏။

ခ်န္းဝူး ဟက္ကနဲ တစ္ခ်က္ရယ္၏။

chanyeol ပံုမပ်က္ ေအးေဆးထိုင္ေနေသာ္ျငား စိတ္ပါဝင္စားမႈကေတာ့ အျမင့္ဆံုးတြင္ရိွေနသည္။ အနီးကပ္တိုက္ကြက္ေတြမွာေတာ့ ခ်န္းဝူးက သိပ္မသာသည္ကို သတိထားမိသည္။ sehun က အနားကပ္လာေလ သူဆုတ္ေလျဖစ္ၿပီး ကိုယ္ခံအား အေနအထားဟန္ပန္တို႔ဟာလည္း သိပ္မေကာင္းေသး။ စြမ္းအားကိုသာ အားကိုးတိုက္တတ္ၿပီး ရံဖန္ရံခါ အႏိုင္ရဖို႔အတြက္သာ ဆိုလ်ွင္ ဉာဏ္နီဉာဏ္နက္တို႔ျဖင့္လည္း ကြန္႔ျမဴးတတ္သည့္ ေကာင္ျဖစ္သည္ေၾကာင့္ chanyeol တို႔လို အင္အားခ်င္းႏွင့္ယွဥ္လ်ွင္ေတာ့ ေနာက္က်က်န္တတ္သည္။

တိုက္ခိုက္မႈမ်ားက သြက္သည္။ လူငယ္ေတျြဖစ္သည့္အေလ်ာက္ ႏွစ္ေယာက္စလံုးက မ်က္စိလ်င္ၿပီး ဖ်က္လက္ကာ တိုက္ကြက္တစ္ခုခ်င္းဆီကိုပင္ အမိဖမ္းရန္ ခက္ခဲလွသည္။ ကြင္းျပင္က်ယ္ႀကီးထဲ တည္ေဆာက္ထားၿပီး အမိုးအၾကည္ေရာင္ကို ခပ္ျမင့္ျမင့္လုပ္ထားေပးျခင္းေၾကာင့္ အျပင္ဘက္ေတြ ထိမိခိုက္မိမည္ကိုေတာ့ သိပ္ၿပီး စိုးရိမ္စရာမရိွ။

အခ်ိန္အားျဖင့္ ၾကာျမင့္ေနေသာ္ျငား ေသြးထြက္သည္ဟူ၍ ခ်န္းဝူးသာရိွေသးၿပီး ဆယ္ဟြန္းအေနျဖင့္ ေအးေဆးသက္သာ ရိွေနေသးသည္။ ဆယ္ဟြန္းက ေအးေဆးသည္၊ ၿငိမ္သည္ ဆိုေသာ္ျငား ၿငိမ္သေလာက္ ေလ်ွာ့တြက္မိလ်ွင္လည္း ေလ်ွာ့တြက္သည့္သူကို ေနာင္တသာအတံုးလိုက္အတစ္လိုက္ ရသြားေစမည့္ အမ်ိဳးအစားျဖစ္သည္။ ခပ္လ်ိႈလ်ိႈေနတတ္သည့္ သူေတြက ပိုေၾကာက္ဖို႔ေကာင္းသည္ဟူ၍ေတာင္ ရိွသည္မဟုတ္လား။

ေသြးထြက္ထားသၫ့္ ခ်န္းဝူးကေတာ့ အရႈံးမခံလိုသည့္အလား အၾကည့္တို႔က ပိုမိုေၾကာက္စရာေကာင္းလာေသာ္ျငား ဆယ္ဟြန္းအနီးကပ္ေလ သူခုခံအားနည္းေလျဖစ္ၿပီး အေရးသာနိမ့္ေန၏။ သူ႔အတြက္ လံုေလာက္ေသာ အကြာအေဝးတစ္ခုကို အလ်င္ ေရွာင္တိမ္းေနေသာ္ျငား ဆယ္ဟြန္းကလည္း လ်င္သည္။ အကြက္ေက်ာ္ျမင္ကာ တစ္ခ်က္ေလးပင္ လြတ္ခြင့္မေပး။ ေခ်ာင္ပိတ္ကာ ဖမ္းေနၿပီး လက္သီးဝိုက္တစ္ခ်က္ခ်င္းက အေရအတြက္ နည္းေသာ္ျငား အာရံုစိုက္ထားသည္မို႔ ထိလိုက္လ်ွင္လည္း ခ်က္ေကာင္းေတြသာျဖစ္သည္။

အလ်င္ခ်င္း ညီေနသည္မို႔ ​စိတ္က်ဥ္းက်ပ္ကာ ဖိစီးလာသည့္အလား တစ္ဖက္ကို ေရွာင္တိမ္းေျပးေနရင္းမွ ခ်န္းဝူးက လက္တစ္ခ်က္ေဝ႔ွယမ္းကာ အမည္မသိ စြမ္းအားတစ္ခုကို ပစ္သြင္းသည္။ sehun က အလ်င္ေျပးလာေနဆဲျဖစ္ၿပီး ထိုစြမ္းအားကို အလ်င္ ေရွာင္တိမ္းလိုက္ႏိုင္ေသာ္ျငား လက္တစ္ဖက္ကို ထိခတ္သြား၏။ မ်က္ႏွာတစ္ခ်က္ ပ်က္သြားေပမယ့္ မရပ္တန္႔၊ ျပင္ဆင္လာသည့္ က်န္လက္သီးတစ္ဖက္ကလည္း ခ်န္းဝူးကို မရရေအာင္ ေကြၽးလိုက္ေတာ့သည္။

အင္အားႀကီး စြမ္းအားႏွစ္ခု ထိပ္တိုက္ေတြ့သည့္အလား ေလဟာနယ္ထဲ တုန္ခါသြားေစၿပီးေနာက္ လက္သီးခ်က္ေၾကာင့္ လဲက်သြားေသာ ခ်န္းဝူးႏွင့္အတူ ဆယ္ဟြန္းလည္း ရုတ္ခ်ည္း ဒူးေထာက္က်သြား၏။ ခ်န္းဝူးက နာက်င္မႈကိုသာ အာရံုစိုက္ေနၿပီး အပ်က္ပ်က္အယြင္းယြင္းၾကားမွ သူအရင္ အရႈံးေပးသည့္အလား လက္ေထာင္ျပလိုက္သည္။

chanyeol ထိုင္ေနရာမွ ခ်က္ခ်င္းထကာ ဆယ္ဟြန္းထံေလ်ွာက္သြားလိုက္သည္။ အိမ္ေတာ္ထိန္းလည္း ထိုအတိုင္းပင္။ ခပ္ျမန္ျမန္ေလ်ွာက္လာကာ ဆယ္ဟြန္းေဘးတြင္ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္၏။

"အဆင္ေျပလား ဘာျဖစ္သြားတာလဲ"

ေသြးတစ္စက္မထြက္ေသာ္ျငား ဆယ္ဟြန္းအမူအရာ ေတာင့္တင္းၿပီး ထိခိုက္မိသြားသည့္ ေနရာကိုသာ စိုက္ၾကည့္ေနသည္။ အိမ္ေတာ္ထိန္းအဖိုးႀကီးကား ခ်န္းဝူးဘက္ ေဒါသတႀကီး လွည့္ၾကည့္ရင္း ေအးစက္စက္ေမး၏။

"မင္းထုတ္လိုက္တာ ဘာလဲ"

ခ်န္းဝူး အမူအရာက သူ႔ေရ႔ွမွ ဆယ္ဟြန္းကို အခုမွ သတိထားမိပံုေပၚသည္။ အထိတ္တလန္႔ျဖစ္သြားပံုအရ သူကိုယ္တိုင္လည္း မရည္ရြယ္ထားသည့္ဟန္။

"ကြၽန္ ကြၽန္ေတာ္ မသိလိုက္ဘဲ..."

"ေတာက္ !"

ထိခိုက္မိသြားသည္က သာမန္ ေက်ာင္းသားတစ္ၪီးေလာက္ဆို အိမ္ေတာ္ထိန္း ဤမ်ွေလာက္ ျပာသြားမည္မဟုတ္မွန္း ေသခ်ာပါ၏။ ခ်န္းေယာလ္လည္း ခ်က္ခ်င္းပင္ ေဘးတြင္ဝင္ထိုင္ကာ ဆယ္ဟြန္းလက္ေကာက္ဝတ္ကို ကိုင္စမ္းရင္း စြမ္းအားတခ်ိဳ႕လႊဲေပးမိသည္။ သို႔ေပမယ့္ အသံုးမဝင္။ ထည့္သေလာက္ စိမ့္ဝင္သြားေသာ္ျငား ဒဏ္ရာက ဘာမ်ွမေျပာင္းလဲ။ ခ်န္းေယာလ္အျမန္ပင္ ခ်န္းဝူးထံ လွည့္ၾကည့္မိသည္။

"အဆိပ္ေျဖေဆးမရိွဘူးလား"

အိမ္ေတာ္ထိန္းအဖိုးႀကီးက ဝင္ေျပာလာ၏။

"အသံုးမဝင္ဘူး သူအခုထိ အဲ့ဒါကိုရွာမေတြ့ေသးဘူး"

ခ်န္းဝူးက ပလံုးပေထြးေရရြတ္လာ၏။

"ကြၽန္ေတာ္ တကယ္မရည္ရြယ္ပါဘူး မသိလိုက္ဘဲ အလိုလိုလႈပ္ရွားမိသြားတာ"

"ပါးစပ္ပိတ္ထား ! မင္းအျပစ္ကို ေနာက္မွ ငါရွင္းမယ္"

အေသမသတ္ရံုကလြဲ၍ တိုက္ခိုက္၍ရသည္ဟု သူေျပာထားျခင္းသာ။ ထိုနည္းတူ အေသသတ္ရန္သာ သံုးႏိုင္သည့္ ထိုဆိပ္ကိုလည္း သူတားျမစ္ထားသည္။ ေျဖေဆးရိွလ်ွင္ ကိစၥမရိွ။ ယခုအဆိပ္သည္ကား ေျဖေဆးနိတၴိ။ အထိတခိုက္ ဒဏ္ရာရသည္ဆိုလည္း ခ်န္းေယာလ္က ဒိုင္ခံ ေျဖရွင္းေပးႏိုင္ေသးသည္။ အခု အဆိပ္ကေတာ့ တစ္ဖက္သူကို ေသေစရန္ ရည္ၫႊန္းလိုက္ျခင္းပင္။ သူ မည္သို႔မွ ေလ်ာ့ေပါ့မေပးႏိုင္ပါေခ် !

"ဘယ္လိုေနလဲ"

အိုဆယ္ဟြန္းကို လွည့္ေမးမိေတာ့ ထိုင္ေနရာမွ ေအးေဆးေခါင္းခါျပလာ၏။

"အစခ်က္ခ်င္း နည္းနည္းပူသြားရံုကလြဲရင္ ဘာမွမျဖစ္ပါဘူး"

အိမ္ေတာ္ထိန္း မ်က္ႏွာအနည္းငယ္ သက္သာသြားေသာ္ျငား စိတ္ပူမႈတို႔က မေလ်ာ့ေသး။ လီခ်န္းဝူးက ထိန္းခ်ဳပ္ေပးထားျခင္း ျဖစ္ႏိုင္ေသာ္ျငား ဤအဆိပ္က တစ္သက္လံုးပါသြားရန္မသင့္။ အလြယ္တကူ ထိန္းခ်ဳပ္ခံရမည္ကို စိုးရိမ္သင့္သည္ ! ၿပီးေနာက္ ထိုကေလးကို သူမႀကိဳက္။ သူ႔အေဖႏွင့္စရိုက္တူေတြ ပါလာကတည္းက သူမႀကိဳက္တာျဖစ္ၿပီး ငယ္ေသးသည္မို႔ အခ်ိဳးမျပေသးျခင္းသာ ျဖစ္သည္။ အရြယ္ေရာက္လာလ်ွင္ ယခုကဲ့သို႔ ျဖဴစင္ရိုးသားမႈမ်ိဳးဆိုသည္က သံုးစားမရေတာ့မည္မွာ မလြဲဧကန္ေပမို႔။ ရွင္းထားသင့္သည္မ်ားကို ႀကိဳရွင္းသင့္သည္။ ထိုေကာင္ေလး အေဖ (ဆယ္ဟြန္းၪီးေလးသာ) ထိုအဆိပ္ကိစၥ သိသြားလ်ွင္ ပြဲသိမ္းၿပီျဖစ္သည္။ မရႏိုင္မွန္းသိသိရက္ သူ ဤေနရာကို မည္မ်ွ ငမ္းငမ္းတက္လိုခ်င္ေနသလဲ စံအိမ္တစ္ခုလံုးအသိပင္။

ရုတ္တရက္ sehun လက္ကို ေတာက္ေလ်ွာက္ ဖိကိုင္ထားေပးေသာ chanyeol လက္က အလင္းဓာတ္ တစ္ခုထြက္လာ၏။

"အားးးး !!!!"

ထိုအခါမွ ၿငိမ္ေနေသာ အိုဆယ္ဟြန္းခမ်ာ နာက်င္သည့္အလား ေအာ္ဟစ္လာ၏။ chanyeol အလန႔္တျဖတ္ လက္ျပန္ရုတ္လိုက္ေတာ့မွ တရႉးရႉးတရွဲရွဲႏွင့္ ၿငိမ္က်သြား၏။

ပတ္ပတ္လည္က ေလထုသည္ တိတ္ဆိတ္သြား၏။ အကုန္လံုး၏ အာရံုသည္ သူ႔ထံ ေရာက္ေနမွန္း ေမာ့မၾကည့္လ်ွင္ေတာင္ chanyeol သိသည္။

"ဒါဘာလဲ"

မသိသာေသာ္ျငား အိမ္ေတာ္ထိန္းအသံေတြ တုန္ေနသည္။ မသိ၍ေမးျခင္းလား အတည္ျပဳျခင္းလား မေသခ်ာပါေပ။ တစ္ခုဆိုတစ္ခု ျမင္လိုက္သည္ႏွင့္ အမ်ိဳးအစား တန္းခြဲႏိုင္ေသာ ထိုလူက ေမးလာေတာ့ chanyeol လည္း ေခါင္းသာ ခါျပႏိုင္သည္။

"healing တခ်ိဳ႕လႊတ္ေနရင္း ထုတ္မိသြားတာ"

"ႏွစ္ ၁၀၀ အတြင္း ပထမဆံုးမဟုတ္လား"

chanyeol ေခါင္းညိတ္ျပလိုက္သည္။ အိမ္ေတာ္ထိန္းႀကီးက သူ႔ဘာသူ အေတြးႏွင့္အတူ ေခါင္းတဆတ္ဆတ္ညိတ္သည္။ ထို႔ေနာက္ ဆို၏။

"ေနာက္မွ ေသခ်ာစစ္မယ္၊ ဒီကိစၥ အျပင္မွာ ေပါက္ၾကားတာ ငါမလိုခ်င္ဘူး၊ နားလည္တယ္မလား"

ေခါင္းသာညိတ္ျပလိုက္သည္။ ကိစၥဆိုသည္က sehun ကို ဆိုလိုသည္လား chanyeol ကို ဆိုလိုသည္လား မသိေသာ္ျငား ေသခ်ာတာေတာ့ ႏွစ္ခုလံုးျဖစ္ေလာက္သည္။ sehun ကိစၥကေတာ့ မေျပာလ်ွင္ေတာင္ အေရးႀကီးသည္။ စြမ္းအားႏွင့္ ပတ္သက္၍ကား တစ္ေယာက္ခ်င္းဆီ၏ အခ်က္အလက္မို႔ လ်ိႈထားသင့္သည္က ထံုးစံတစ္ခုျဖစ္ေသာေၾကာင့္။

ခ်န္းဝူးကေတာ့ သူ႔အျပစ္သူ သိသည့္အလား ေခါင္းသာ တဆတ္ဆတ္ ညိတ္ျပလာခဲ့၏။

"ေလာေလာဆယ္ ထပ္ထုတ္ၾကည့္လိုက္"

sehun နာက်င္သြားသည့္ အျပဳအမူကို သိပ္ခါင္းထဲမထည့္ဘဲ chanyeol အား ေနာက္တစ္ႀကိမ္ ထပ္လုပ္ခိုင္းေနသည္။

ခပ္ဆုတ္ဆုတ္ျဖင့္သာ တံေတာင္နားက အညိုအမဲေပၚ အုပ္မိုးလိုက္သည္။ အလင္းဓာတ္တစ္ခုက ထြက္လာသည္ႏွင့္ sehun အံတင္းတင္းႀကိတ္၏။ ေခြၽးသီးေခြၽးေပါက္ေတြပင္ တေတာက္ေတာက္က်ေနေသာ္ျငား တျဖည္းျဖည္း ေပ်ာက္ကင္းလာေသာ ထိုဒဏ္ရာေၾကာင့္ chanyeol မရပ္တန္႔။ အိမ္ေတာ္ထိန္းက ေမးလာ၏။

"ဘယ္လိုေနလဲ"

sehun အသက္ရႉသံတို႔ ျပင္းထန္ေန၏။ အေမးစကားအား ေတာ္ေတာ္ၾကာမွ ပလံုးပေထြးျပန္ေျဖႏိုင္သည္။

"ပူလြန္းတယ္"

chanyeol အာရံုစိုက္ေနသည္ကို မပ်က္သြားေစရန္ သတိထားေနရသည္မို႔ ေဘးကစကားမ်ား သိပ္နားမဝင္။ တျဖည္းျဖည္း ေပ်ာက္ကင္းလာေသာ အညိုအမဲကို ၾကည့္ေနရင္း sehun လည္း အနည္းငယ္ သက္သာစျပဳလာၿပီဆိုမွ လက္မလြန္ခင္ ရပ္တန္႔လိုက္သည္။ မဟုတ္လ်ွင္ သူ႔စြမ္းအားက ဗလာသက္သက္ အဆိပ္မရိွေတာ့သည့္ sehun လက္ကို ထပ္မံ မထိခိုက္ႏိုင္ဟု အတပ္မေျပာႏိုင္သည္မို႔။ ထိုအခါမွ အိမ္ေတာ္ထိန္းလည္း သက္မခ်သလို ခ်န္းဝူးလည္း သက္မခ်ႏိုင္၏။

"ငါ ငါေတာင္းပန္ပါတယ္ ဆယ္ဟြန္း ငါတကယ္မရည္ရြယ္ဘူး"

အိမ္ေတာ္ထိန္းက ဘာမ်ျွပန္မေျပာေတာ့ဘဲ မတ္တပ္ရပ္လိုက္သည္။ sehun ကေတာ့ မူပိုင္အၿပံဳးတစ္ပြင့္ျဖင့္သာ။

"ငါသိပါတယ္"

မည္သို႔ပင္ဆိုေစ၊ ခ်န္းဝူးကမူ ထိုဒဏ္ရာေနရာကိုသာ အၾကည့္မလႊဲႏိုင္ျဖစ္ေနၿပီး ထိခ်င္ေသာ္ျငားလည္း မထိရဲသည့္ဟန္။

"မင္းတို႔ႏွစ္ေယာက္ကသြားေတာ့။ ခ်န္းဝူးေနခဲ့"

ဆယ္ဟြန္းႏွင့္ ခ်န္းေယာလ္ တစ္ၿပိဳင္နက္ ခ်န္းဝူးကိုၾကည့္မိသည္။ ဘာမွမျဖစ္ေၾကာင္း ေခါင္းခါျပလာေတာ့ sehun က ပုခံုးတစ္ခ်က္ပုတ္သည္။ chanyeol ကေတာ့ သက္ျပင္းအသာ ခ်ရင္းသာ ေရ႔ွဆံုးကထြက္သြားေတာ့၏။

ထိုေန့မွစ၍ ခ်န္းေယာလ္၏ အမည္မသိစြမ္းအားကို အေဖက သီးသန္႔ေခၚယူကာ အႀကိမ္ႀကိမ္ ေလ့က်င့္ေပးေသာ္ျငား ထူးဆန္းစြာပင္ ျပန္ထုတ္မရေတာ့ေခ်။ သို႔ႏွင့္ ေလ်ာ့ေလ်ာ့ေပါ့ေပါ့ ေနခဲ့မိၿပီး ႏွစ္အေတာ္အတန္ၾကာမွ ထိုစြမ္းအားက ျပန္ရလာျပန္၏။ သို႔ေသာ္ျငား အမ်ားႀကီးမဟုတ္။ အားနည္းသည္။ ရသည့္အခ်ိန္ကလည္း တိုေတာင္းသည္။ ထိုအခ်ိန္ကေတာ့ အေဖႏွင့္ အတူရိွမေနသည့္အခ်ိန္မို႔ သိပ္လည္းထူးထူးျခားျခား မသိလိုက္ရ။ ထိုအတိုင္းသာ ရံဖန္ရံခါ ရလာတတ္သည္ကို သတိျပဳမိၿပီး ေနာက္ပိုင္းေတြ ပိုစိပ္လာသည္သာရိွသည္၊ မစိုးရိမ္ရသည္မို႔ သိပ္လည္း ဂရုတစိုက္မရိွ။

သို႔ေပမယ့္ ထိုေန့က အျဖစ္အပ်က္အၿပီး ေျပာင္းလဲသြားသည္ကေတာ့ မ်ားသည္။ ခ်န္းဝူးသည္ သူတို႔ႏွစ္ေယာက္ကို သိသိသာသာ ေရွာင္လာ၏။ သြားအတူ လာအတူ ကိစၥမ်ားတြင္လည္း သူမပါေတာ့သလို sehun က စကားစလ်ွင္လည္း တစ္ခြန္းႏွစ္ခြန္းသာ တံု႔ျပန္ေတာ့၏။ ခ်န္းေယာလ္ကေတာ့ အရင္စေျပာမည့္သူမ်ိဳးမဟုတ္ပါေခ်။ ထိုေကာင္ဆို ပိုေတာင္ဆိုးေသးသည္။ ဆယ္ဟြန္းက တိုက္တြန္းလာ၍ မ်က္ႏွာခ်င္းဆိုင္ ဆံုျဖစ္လ်ွင္ေတာင္ စကားေတာ့မေျပာျဖစ္ခဲ့။ အနည္းဆံုး ခ်န္းေယာလ္လည္း သူ႔ႏို႔ဗူးေလးေတြအစား စိတ္ေအးလက္ေအးေနရသည္မို႔။

ထိုမွ ရက္အနည္းငယ္ ၾကာၿပီးေနာက္တြင္ ၾကင္ရာေတာ္သတင္း ထြက္လာသည္။ နာမည္ေပါက္ၾကားသြားသည္ဟူ၍၊ မည္သူစလိုက္မွန္းမသိေသာ္ျငား ရုတ္ရုတ္သဲသဲျဖစ္ကုန္ၾက၏။ ယခင္ မ်ိဳးဆက္ ၃ ဆက္လံုးတြင္ ထိုနိမိတ္ေဟာရာ ေနရာမွ သတင္းမွန္သမ်ွ အနည္းငယ္ပင္ ေပါက္ၾကားယိုစိမ့္ျခင္းမရိွခဲ့သည္ကို ယခုက်မွ အဘယ္သို႔ ျဖစ္သြားမွန္း မသိၾကသလို သိဖို႔လည္း စိတ္မဝင္စားႏိုင္ၾက။ အကုန္လံုး၏ ေခါင္းထဲတြင္ ထိုၾကင္ရာေတာ္ဟူသည္ကိုသာ အပိုင္ရဖို႔ ရိွၾကေတာ့၏။

မည္သူမ်ွ ႀကိဳတင္သတ္မွတ္ေပးထားေသာ ေခါင္းေဆာင္ေနရာကို ရူးလို႔ေမ်ွာ္မည္မဟုတ္။ သို႔ေသာ္ျငား ၾကင္ရာေတာ္ကို ရယူႏိုင္လ်ွင္ ေခါင္းေဆာင္ေနရာသို႔ ရသည္ႏွင့္ မျခား။ ဤမ်ွေလာက္ လြယ္ကူေနသည့္ ကိစၥအား မည္သူမဆို ဝင္ပါခ်င္ၾကသည္က မဆန္း။ သို႔ႏွင့္ ထိုၾကင္ရာေတာ္ကို အၿပိဳင္ရွာေဖြခဲ့ၾကေသာ္ျငား အေျဖသည္ကား နိတၴိ။ ရွာ၍မေတြ့သည့္အျပင္ ေျခရာပင္ခံမရခဲ့။ ၄တို႔ ေလ်ွာ့တြက္မိသည့္ ၾကင္ရာေတာ္သည္ မလြယ္ခဲ့ပါေခ်။ သို႔ႏွင့္ လက္ေလ်ွာ့ကုန္ၾကသူမ်ားလည္း ရိွသလို ဆက္လက္ရွာေဖြေရးျပဳေနခဲ့ၾကေသာ ဆယ္ဟြန္းတို႔လို အုပ္စုမ်ားလည္း ရိွ၏။

ထို ကာလအတြင္း မည္သူမွသတိမထားမိလိုက္သည့္ ကိစၥတစ္ခုျဖစ္ခဲ့၏။ ခ်န္းဝူးေပ်ာက္သြားျခင္းပင္။ အရြယ္ေရာက္လာၾကသည္ႏွင့္ စံအိမ္တြင္ အေျခတက် ေနထိုင္သည္ဆိုသူမ်ားကလည္း ရွားသြားၿပီျဖစ္ၿပီး မေတြ့လ်ွင္လည္း မည္သူမွအေရးတယူလုပ္လိမ့္မည္မဟုတ္။ သို႔ေပမယ့္ ခ်န္းဝူးအေဖကေတာ့ မတူခဲ့ပါေခ်။ သူ႔သားေပ်ာက္၍ လိုက္ရွာေနရင္းမွ ေတာစပ္တြင္ အေလာင္းသာက်န္ခဲ့သည္မို႔ ေကာက္လာရသည္ဟုဆိုကာ သားဆံုးရသည့္ မိခင္ႏွယ္ ခ်ံဳးပြဲခ်ငိုယိုျပ၏။

လီခ်န္းဝူးလိုေကာင္က ေသမည္တဲ့လား။

ဆယ္ဟြန္းက ႏွစ္သိမ့္ေပးေသာ္ျငား ခ်န္းေယာလ္ကျဖင့္ သတိပင္မမူမိပါေခ်။ တကယ္ေသတာ ဟုတ္ရဲ့လားပင္ အပ္ႏွင့္သြားထိုးခ်င္စိတ္ကို မနည္းခ်ိဳးႏိွမ္ၿပီး ျပန္လာခဲ့ရရံုသာ။

chanyeol တို႔လို အဆင့္ျမင့္အသြင္ေျပာင္း သတၲဝါမ်ားသည္ မေသမ်ိဳးမဟုတ္ပါ။ သို႔ျဖစ္၍ ေသႏိုင္သည္ဆိုေသာ္ျငား သတ္ဖို႔ရန္လည္း လြယ္ကူမေန။ သတ္ႏိုင္ဖို႔ရန္ နည္းလမ္း ႏွစ္သြယ္သာရိွသည္။ တစ္နည္းက ေလာကသံုးပါးလံုးတြင္ သံုးခုတည္းသာရိွသည့္ အထူးျပဳလုပ္ထားေသာ ဓားေျမႇာင္ျဖင့္။ ေနာက္တစ္နည္းသည္ လည္ပင္းက လည္ဆြဲျဖင့္။

သံုးခုတည္းသာ ရိွသည္ဆိုေသာ ဓားေျမႇာင္က အဖြဲ႔အစည္းေလးပါး ကမ႓ာ့ပ်က္ကပ္နီးနီးျဖစ္ေစသည္အထိ ကေတာက္ကဆျဖစ္ၿပီး ေနာက္ပိုင္းကတည္းက အလ်ိႈလ်ိႈေပ်ာက္ဆံုးသြားျခင္းျဖစ္သည္။ တစ္ခုသည္ ေနအဖြဲ႔အစည္းထံတြင္ရိွသည္ဆိုေသာ္ျငား ၄တို႔က အင္အားႀကီးအျဖစ္ အဘက္ဘက္အဖြဲ႔အစည္းမ်ား ၪီးၫြတ္ခဲ့ရကတည္းက ေပ်ာက္ကြယ္သြားသည္မွာ ယေန့မ်က္ေမွာက္ထိတိုင္ျဖစ္သည္။ က်န္ႏွစ္ခုသည္ ေျမကမ႓ာေပၚတြင္ ရိွသည္ဟု ေကာလဟာလမ်ား ထြက္ေနၾကၿပီး ထိုထဲကမွ တစ္ခုကို chanyeol တို႔ ေျမဓာတ္အဖြဲ႔အစည္းက ရထားသည္။

သို႔ႏွင့္ ခ်န္းဝူးေသသည္ဟူသည့္ အေလာင္းအား ၾကည့္မိေတာ့ ဒဏ္ရာဒဏ္ခ်က္ အလ်ဥ္းမရိွ။ သို႔ေသာ္ျငား လည္ပင္းကဆြဲႀကိဳးေတာ့ မရိွေတာ့ေပ။ တစ္ခုရိွသည္ကေတာ့ အေလာင္းႀကီးခ်ျပ ငိုယိုျပ တိုင္း chanyeol မယံု။ ထိုျဖစ္စဥ္အတြင္း ထူးထူးျခားျခား ဘာမ်ွလည္းမခံစားခဲ့ရသကဲ့သို႔ ၾကင္ရာေတာ္ ကိစၥႏွင့္သာ အလုပ္ရႈပ္ေနသည့္ ကာလမို႔ စိတ္ထဲလည္း မထည့္ျဖစ္ခဲ့ပါ။

ထင္သည့္အတိုင္းပါေပ။
ေပ်ာက္သြားတာ ၇ ႏွစ္ေလာက္ၾကာမွ ယခုလူသားေတြၾကားထဲ ေရာေထြးေနေနသည္တဲ့လား။ အေရေျပာင္းလိုက္သည္ဆိုတိုင္း ထိုရိသဲ့သဲ့အၿပံဳးကေတာ့ ဘယ္ေတာ့မွေျပာင္းလဲမသြားေပ။ ထိုေကာင္လည္း တျခားသူေတြႏွင့္ ရည္ရြယ္ခ်က္က အတူတူပင္။ သူ႔အေဖ၏စည္းရံုးမႈေၾကာင့္ျဖစ္ေစ၊ သူ႔စိတ္သေဘာေၾကာင့္ျဖစ္ေစ အဓိက ၪီးတည္ေနသည္က ၾကင္ရာေတာ္ထံသာျဖစ္ၿပီး တစ္နည္း ေခါင္းေဆာင္ထံသာျဖစ္၏။ chanyeol ဂရုမစိုက္ပါ။ အေရးမပါသည့္ သံေယာဇဥ္ေတြ သူေထာက္ထားေနမည္မဟုတ္သလို သံေယာဇဥ္ဟူ၍လည္း တစ္စက္ကေလးပင္ မရိွသည္မို႔။ မည္သူပင္ျဖစ္ေစ ၾကင္ရာေတာ္ကို ထိခိုက္သမ်ွသူ chanyeol ရန္သူသာျဖစ္၏။

____

ေနဝင္သြားကာစမို႔ ပုဇြန္ဆီေရာင္သန္းေနေသာ ေကာင္းကင္က တျဖည္းျဖည္းအေမွာင္ရိပ္သန္းလာသည္။ အိမ္ျပန္လမ္းတစ္ေလ်ွာက္ အေတြးတို႔ပြားေနသည္ေၾကာင့္ ေနာက္က်ေနသည္ကို သတိျပဳမိသည္ႏွင့္ ခ်က္ခ်င္းအလ်င္ကို အားစိုက္လိုက္ေတာ့ အိမ္အေပၚထပ္ တန္းေရာက္သည္။

အခန္းထဲဝင္ရန္ ေျခလွမ္းစဥ္တြင္ပင္ chanyeol အေတြးတို႔ ရုတ္ခ်ည္းဗလာျဖစ္သြား၏။

ထိုေကာင္ေလး အိမ္တြင္မရိွေပ !

အျမန္တြန္းဖြင့္ဝင္ၾကည့္မိေတာ့ ေမွာင္မည္းေနသၫ့္ အခန္းတြင္းက ထိုေကာင္ေလးမရိွသည္ႏွင့္ ပို၍ပင္ ေျခာက္ကပ္ကပ္ျဖစ္သြားသေယာင္။ အျပင္ကမည္သၫ့္ သတၲဝါမွန္သမ်ွ ဝင္လို႔မရေစရန္ စည္းတားေပးထားခဲ့ေသာ္ျငား အထဲက လူက ထြက္သြားသည္ကိုေတာ့ တားမရ။

အားမလို အားမရျဖစ္စြာ က်စ္စုပ္သက္မိသည္။

chanyeol ဒါကို မစဥ္းစားမိခဲ့။ သူဘာလို႔ဒီေလာက္ညံ့ရတာလဲ !

ပိတ္ရက္ဆိုၿပီး ထိုသေကာင့္သားေလးကလည္း ဘယ္ေတြေလ်ွာက္သြားေနျပန္လဲ မသိ။ စိုးရိမ္မႈႏွင့္အတူ အျပင္ျပန္ထြက္လာေတာ့ သိသိသာသာ က်န္ခဲ့ေသာ အနံ႔တို႔ေၾကာင့္ ထြက္သြားတာ မၾကာေသးမွန္းသိလိုက္သည္။ ရလက္စ အနံ႔ေနာက္ အျမင္က်ဥ္းကာ အၾကည့္ကိုၪီးတည္ေတာ့ ေခ်ာင္ခ်ိဳေခ်ာင္ၾကားေတြထဲ သြားထားသည့္ ေျခရာေတြေၾကာင့္ chanyeol ေတြေဝသြား၏။ baekhyun က ထိုသို႔ေသာေနရာေတြ ေၾကာက္တတ္သည္ကို သူသိသည္။

ခပ္ျမန္ျမန္ပင္ အခ်ိန္ဆြဲမေနဘဲ မ်က္စိတစ္မိွတ္အတြင္း လိုက္ဝင္လာလိုက္ေတာ့ ဆူဆူညံညံအသံတစ္ခ်ိဳ႕ ၾကားလိုက္ရ၏။

စြန္႔ပစ္တိုက္ခန္းေဟာင္းမ်ား ဘက္ျခမ္းတြင္ျဖစ္ၿပီး လူေျခတိတ္သည္မို႔ အသံတို႔ကို ရွင္းလင္းစြာၾကားေနရသည္။

အေကြ့နားတစ္ခုေရာက္ခါနီးမွ ရိုက္ႏွက္ေနသံတစ္ခ်ိဳ႕ႏွင့္အတူ ညည္းသံသဲ့သဲ့ေၾကာင့္ ခပ္ျမန္ျမန္ဝင္ခ်ိဳးလိုက္ေတာ့ ျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ ဘာမ်ွမစဥ္းစားႏိုင္ေတာ့။ အေၾကာင္းအရင္း ဘာညာ မစဥ္းစားႏိုင္။ ရိုက္ႏွက္ေနသည့္ သံုးေကာင္ထဲက အလယ္ေကာင္ကို ဂုပ္ကကိုင္ဆြဲကာ နံရံဘက္ပစ္ေပါက္မိလိုက္သည္။

"အ"

အသံပင္ အဆံုးထိမထြက္သြားႏိုင္။ ေက်ာရိုးထိသြားသည္မို႔ အေတာင့္လိုက္ လဲက်သြားေသာ ေကာင္က မေသရံုတမယ္။ က်န္ႏွစ္ေယာက္ကလည္း ဝင္ရႈပ္သည့္အမႈႏွင့္ ေဟာက္လားရမ္းလား လုပ္ရန္လွည့္အၾကည့္ အတံုးအရံုးလဲက်သြားေသာ တစ္ေယာက္ေၾကာင့္ ခပ္ေၾကာင္ေၾကာင္ေမာ့ၾကည့္လာ၏။

အနံ႔အရေတာ့ သာမန္ လူသားေတျြဖစ္သည္။ သူ႔တြင္ အေသသတ္ခြင့္မရိွေသာ္ျငား မေသရံုတမယ္ျဖစ္ေအာင္ေတာ့ လုပ္ခြင့္ရိွသည္။

နံရံေထာင့္ စည္ပိုင္းမ်ားၾကားတြင္ ဗိုက္ေလးအုပ္ကာ ခပ္ေခြေခြလဲက်ေနေသာ ေကာင္ေလးက သူ႔ေဒါသေတြကို အဆံုးစြန္ထိတြန္းပို႔ေပးလိုက္သည္ မဟုတ္ေပလား။

ေျပးရန္ႀကံေနေသာ ႏွစ္ေကာင္စလံုးက သူတို႔ကိုယ္တိုင္ ေရြးခ်ယ္ထားသည့္ ေခ်ာင္ပိတ္အေနအထားျဖင့္သာမို႔ ျပန္တိုက္ရန္ ဆံုးျဖတ္လိုက္ပံုရသည္။ ေျပးဝင္လာေသာ ကေလးသာသာေကာင္ေလးေတြကို ၾကည့္ရင္း chanyeol ေလွာင္ၿပံဳးၿပံဳးလိုက္မိသည္။

လူသားေတြက တကယ္ ၪီးေနွာက္မရိွဘူး။

သူတို႔လူတစ္ေယာက္ကို လက္တစ္ဖက္တည္းႏွင့္ အေမွာက္သိပ္လိုက္သည္ကို သတိျပဳမိပံုမရဘဲ ႏွစ္ေယာက္တစ္ေယာက္မို႔ ယံုၾကည္ခ်က္ရိွေနသည့္ဟန္ေတြႏွင့္။

ေျပးဝင္လာသည့္ ဘယ္ညာ ႏွစ္ဖက္စလံုး၏ မ်က္ခြက္တို႔အား တစ္ခ်က္ခ်င္း ထိုးခ်လိုက္သည့္ အရိွန္ကျမန္လြန္းသျဖင့္ ဘာမ်ွမသိလိုက္ခင္တြင္ပင္ ႏွစ္ေကာင္သား ၿပိဳင္တူလဲက်၏။

မည္သၫ့္ စြမ္းအားမွမထည့္ထားေသာ သူ႔လက္သီးက ၅ ရက္ တစ္ပတ္ေလာက္ မစားႏိုင္မေသာက္ႏိုင္ ျဖစ္သြားေစလိမ့္မည္ေတာ့ ေသခ်ာသည္။ ခက္သည္က သူမေက်နပ္ေသး။ ဒီေလာက္ေလးေတြႏွင့္ က်သြားသည္မို႔ ေဒါသမေျပေသး။

သက္ျပင္းတစ္ခ်က္ ရိႈက္ရင္း ေမ့လဲက်ေနေသာ ေကာင္ေလးနား ထိုင္ၾကည့္လိုက္ေတာ့ မ်က္လံုးတို႔ခပ္ဟဟပြင့္ကာ အသိဝင္ေနေသးသည္။ နဖူးေပၚ အုပ္မိုးေပးလိုက္ၿပီး ေနြးေထြးမႈတစ္ခု စီးဝင္ေစလိုက္သည္ႏွင့္ ထိုေကာင္ေလး မ်က္လံုးတို႔ေမွးမိွတ္ကာ အိပ္ေပ်ာ္သြားေတာ့၏။

ထို႔ေနာက္ အၾကည့္ေရာက္မိသည္က ပါးမို႔ေပၚက အညိုအမဲ။

အံႀကိတ္မိလိုက္ၿပီး တစ္ဖက္က ခပ္စြန္းစြန္းျမင္ေနရသၫ့္ ေကာင္၏ ၪီးေခါင္းကကိုင္ဆြဲကာ နံေဘးရိွအုတ္နံရံေပၚ ကိုင္ေပါက္လိုက္၏။ ဒုတိယေျမာက္လူ သတိလစ္သြားျပန္၏။ ေနာက္ဆံုးက်န္ေနသည့္ တစ္ေကာင္ကေတာ့ ႏွာေခါင္းေသြးအလ်ွံလ်ွံႏွင့္ တဆတ္ဆတ္တုန္ရီကာ လဲက်ေန၏။ ျပန္ထဖို႔ အားမရိွသည္လား၊ ေၾကာက္ေနသည္လားေတာ့ မသဲကြဲေသာ္ျငား chanyeol လွည့္မၾကည့္။

သို႔ေပမယ့္ နားထဲၾကားလိုက္ရေသာ သံထည္ထိခိုက္သံတစ္ခ်က္ႏွင့္ လက္ဖ်ံမွ ခံစားလိုက္ရေသာ အထိအေတြ့တစ္ခ်က္။ ေဘးက ေကာင္ကို ငဲ့ၾကည့္လိုက္ေတာ့ သူ႔အား ထိုးစိုက္ရန္ ႀကံရြယ္ထားေသာ ဓားတစ္ေခ်ာင္းကို တုန္လႈပ္စြာကိုင္ထားသည္။ ဓားဟုပင္ ဆို၍မရေတာ့ပါ။ သူ႔အသားထဲ စိုက္မဝင္ဘဲ အစိတ္စိတ္က်ိဳးသြားေသာ အပိုင္းအစမ်ားက ပတ္ပတ္လည္ပ်ံ့က်ဲကုန္သည္မို႔။ လက္ကိုင္ရိုးသာ က်န္ခဲ့ေသာ ဓားေသးေသးကို ကိုင္ကာ တုန္တုန္ရီရီျဖင့္ chanyeol ကို တစ္လွည့္ ဓားကိုတစ္လွည့္ ၾကည့္ေနၿပီး စကားပင္မဟႏိုင္ရွာ။

"ငါ့ကိုအဲ့အေပါစားေလးေတြနဲ႔မ်ား ထိခိုက္ႏိုင္မယ္ထင္ေနတာလား"

အၾကည့္ျပန္လႊဲလိုက္သည္။ သနား၍ အလြတ္ေပးဖို႔ေတာ့မဟုတ္။ မ်က္စိေရ႔ွက ေကာင္ငယ္ေလးကိုသာ ဒူးေအာက္က လက္လ်ိႈသြင္းရင္း ခ်ီမလိုက္သည္။ နာက်င္မႈေၾကာင့္ ရႈံ႔မဲ့သြားေသာ မ်က္ႏွာငယ္က chanyeol ကို အထပ္ထပ္အခါခါ ေသြးဆူေအာင္လုပ္ႏိုင္လြန္းသည္။ ခ်ီလ်က္သားပင္ မတ္တပ္ထရပ္ၿပီး လဲက်ေနသည့္ေကာင္ကို ငံု႔ၾကည့္လိုက္ေတာ့ သူ႔ကိုျပန္ေမာ့ၾကည့္ေန၏။ ေျခတံရွည္ေတျြဖင့္ မယိမ္းမယိုင္ တစ္ခ်က္ေဆာင့္ကန္ေပးလိုက္ေတာ့ ေအာ္သံတစ္ခ်က္ႏွင့္အတူ ထိုေကာင္လည္း တိတ္က်သြားေတာ့၏။

ထိုေနရာကေန အခန္းထဲ ခ်က္ခ်င္းေရာက္ေစၿပီး ခ်ီထားရင္းျဖင့္သာ ဂြမ္းေစာင္ကိုခင္းၿပီးသည္ႏွင့္ အသာခ်ေပးရသည္။ မ်က္ႏွာေပၚက ညိုမဲစြဲေနသည္မ်ားက မလိုက္မဖက္။ ဒဏ္ရာတစ္ခုခ်င္းဆီကို တစ္ခ်က္ခ်င္းလိုက္ထိေတြ့မိေတာ့ ရႈံ႔မဲ့ကာ ညည္းသံခပ္ေဖ်ာ့ေဖ်ာ့ ထြက္လာ၏။ ခပ္ျမန္ျမန္ပင္ အခ်ိန္ဆြဲမေနဘဲ သက္သာေစလိုက္ေတာ့ အေရာင္ပါက်ကာ ပံုမွန္အတိုင္းျဖစ္သြား၏။

ထို႔ေနာက္ ဝမ္းဗိုက္ေနရာ။ အကန္ခံထားရပံုပၚသည္။ အဆံုးအစမရိွ ထြက္လာေသာ ေဒါသက ေလထုကိုတင္းက်ပ္ေစသည္။ အက်ႌေပၚကေနသာ အုပ္မိုးကိုင္ထားေပးလိုက္ၿပီး သက္သာေစလိုက္ေတာ့မွ ရႈံ႔မဲ့ေနသၫ့္ မ်က္ႏွာထားက ေျပေလ်ာ့သြား၏။

တျဖည္းျဖည္းသက္ေသာင့္သက္သာ ရိွသြားေသာ ခႏၲာကိုယ္က အက်င့္ျဖစ္ေနသည့္အလား chanyeol အေနြးဓာတ္ကိုရွာလာသည္မို႔ လက္တစ္ဖက္ကို ကိုင္ထားေပးလိုက္ေတာ့မွ ၿငိမ္သြားသည္။

အၿမဲ ေဘးနားတြင္ထိုင္ေနတိုင္း ထိုေကာင္ေလးထံ၌သာ အၾကည့္ကို စံုခ်ီဆန္ခ်ီၾကည့္ေနတတ္သည္က အက်င့္တစ္ခုကဲ့သို႔ပင္။

ထိုေကာင္ေလး အသားအေရက ျဖဴဆြတ္ေနသည္မဟုတ္ဘဲ သာမန္ေယာက်္ားေလးတစ္ေယာက္၏ အၾကည္ဓာတ္ရိွေနသည့္အလား ေျပျပစ္ေနသေယာင္။
မိန္းကေလးမ်ားကဲ့သို႔ လွပေနသည္မ်ိဳးလည္းမဟုတ္ဘဲ ေယာက်္ားေလးတစ္ေယာက္ လွေနသလိုမ်ိဳးသာ။ စကားလံုးအလွမ်ားႏွင့္ သူမေဖာ္က်ူးျပတတ္တာ ခက္သည္။ chanyeol ေခါင္းထဲ ရိွသည့္ စကားလံုးကလည္း လွသည္ ဆိုတာပဲျဖစ္သည္။ ပါးမို႔ေလးမ်ားကလည္း လွသလို၊ ႏႈတ္ခမ္းပါးေလးကလည္း လွသည္။ ေခြၽးေပါက္တို႔သီးေနေသာ ႏွာတံလံုးလံုးေလးကလည္း လွသလို မ်က္ေတာင္ စိပ္ေလးမ်ား ဝန္းရံထားသည္ကလည္း လွသည္။

မိွတ္ထားေသာ မ်က္ဝန္းမ်ားက ရုတ္ခ်ည္းပြင့္ဟလာသည္ႏွင့္ ျမင္လိုက္ရသည့္ မ်က္ဝန္းညိုမ်ားက လွလွပပ ပင္ သူ႔ထံတည့္တည့္အၾကည့္ပို႔လာ၏။

"......."

မ်က္ႏွာခ်င္းဆိုင္ တည့္စံုသြားေသာ မ်က္ဝန္းတစ္စံုေၾကာင့္ chanyeol ႏွလံုးသားတစ္ခုလံုး ရုတ္ခ်ည္းခဲေသသြား၏။

________

မလည္ရႈပ္ျဖစ္ေနၾကမွာစိုးလို႔ ထပ္ရွင္းေပးမယ္။ အခုလက္ရိွမွာ sehun က ေခါင္းေဆာင္၊ chanyeol က အေစခံေနာ္ ။ ဇာတ္ေကာင္ေတြကို ႀကိဳတင္ေနရာခ်ထားသလို ပံုစံခြက္ထဲ မထည့္ထားေပးဘဲ လွည့္ထားတာမို႔ စာေၾကာင္းတစ္ေၾကာင္းခ်င္းစီတိုင္းကို သတိထားပါ xDDD

Continue Reading

You'll Also Like

83.3K 5.4K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
316K 75.2K 106
මේ ලෝකෙ කැතයි කියලා පාටක් නෑ... හැම පාටම ලස්සනයි.... ඔයා සුදු පාටට ආසයි... මම කලුපාටට ආසයි... සරලයි ... ඔයා ආස දේ මම ආස දේ නොවෙන්න පුලුවන් ... ඒත් මම...
46.2K 12.4K 45
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
535K 105K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!