Mafia Is My Alpha ( Lion ) {...

By MikkyLay1

4.8M 515K 61.4K

ဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ်... More

ဇာတ်ကောင်မိတ်ဆက် 💕
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4 ( 🚨🔞🚨 )
Chapter - 5 ( 🚨🔞🚨 )
Intro💕
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10 ( 🚨🔞🚨 )
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15 ( 🚨🔞🚨 )
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20 ( 🚨🔞🚨 )
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28 ( Kiss 💋💋💋 )
Chapter - 29
Chapter - 30 ( 🚨🔞🚨 )
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45 ( 🚨🔞🚨 )
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52 ( 💔💔💔 )
Chapter - 53 ( 💔💔💔 )
Chapter - 54
Chapter - 55 ( 💔💔💔😭 )
Chapter - 56 ( S1 End 💕 )
Chapter - 57 ( S2 💕 )
Chapter - 58 ( 👪💕👼 )
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62 ( 👪💕 )
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67 ( 👪💕👪 )
Chapter - 68
Chapter - 69
Chpter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75 ( Kiss 💑💕💕 )
Chapter - 76 ( 🚨🔞🚨 )
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
💔💔💔💔
🎉🎉 Happy Birthday 🎉🎉
Chapter - 85
Chapter - 86
Chapter - 87 ( 💕💕💕 )
Chapter - 88
Chapter - 89 ( 🚨🔞🚨 )
Chapter - 90 ( S2 End )💕💕
Chapter - 91 ( S3 )
Chapter - 92
Chapter - 93
အသိပေးချက်💕
သတင်းထူး ( ဖန်းဂူတို့နဲ့မဆိုင်ပေမဲ့ ဒီမှာလဲတင်မယ် 😁 ) 💕
Chapter - 94
Chapter - 95
Chapter - 96 ( ☃️❄️🌚🚨 )
Chapter - 97 🚨🌚
Chapter - 98
📢 Order 📣 ( ဖန်းဂူရဲ့အကိုဖန်လုံးရဲ့စာအုပ်လေး )
Chapter - 99
Chapter - 100
Chapter - 101
Chapter -102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
အသဲကျော်လေးတွေ 💕
Chapter - 109
❗❗❗
Chapter-110 ( 🌚🌚🌚 )
Chapter - 111
Chapter - 112
Chapter - 113
Chapter - 114
Chapter - 115
Chapter - 116
Chapter - 117 🚨🚨🚨
Chapter - 118
Chapter - 119
Chapter - 120
Chapter - 121
Chapter - 122
Chapter - 123
Chapter - 124 ( 🚨🔞🚨 )
Chapter - 125
Chapter - 126
Chapter - 127
Chapter -128
Chapter - 129
Chapter - 130
Chapter - 131
Chapter - 132
Happy Birthday 🎂🎊🎉
Chapter - 133
Chapter - 134
Chapter - 135 💔💔💔
Chapter - 136👪👬💏
Chapter - 137
Chapter - 138
Chapter - 139
Chapter - 140 ( End ❣️ )
Extra - 1 🚨🔞🚨
Extra - 2
Extra - 3
Extra - 4 ( 🚨🔞🚨 )
Extra - 5
Extra - 6 ( End )❤️
ကျေးဇူးတင်လွှာ ❤️

Chapter - 108

11.3K 1.4K 225
By MikkyLay1


Unicode
~~~~~~~

လေထုကအနည်းငယ်အေးစက်လျှက်ရှိနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ကာနေတယ် … ထမင်းစားဝိုင်းရဲ့ဘေးပတ်ပတ်လည်မှာ လူ ၃ ယောက်ထိုင်နေပြီး ဘယ်သူမှလဲစကားမဆိုကြဘူး … ညကအကြောင်းအရာတွေကိုပြန်တွေးမိပြီး ချူးရှန့် အနေရခက်လာသည်နှင့် သူနဲ့ ၂ ခုံခြားလောက်မှာထိုင်နေတဲ့ ယုယွမ်ကိုလှမ်းကြည့်လိုက်တဲ့အခါ သူမကသူချက်ပေးထားတဲ့ခေါက်ဆွဲပြုတ်ပန်းကန်အားခေါင်းနှစ်ကာအားရပါးရစားနေတာကိုတွေ့ရတော့ ချူးရှန့်သူကပဲအတွေးလွန်နေတာများလားထင်မိလိုက်တယ် … သူမကတော့ ပုံမှန်အတိုင်း အစားကိုစားနေမြဲ နည်းနည်းလေးမှပျက်မသွားခဲ့ … မသိရင်မနေ့ညကမစားခဲ့ရ၍ နှစ်နှပ်စာပေါင်းစားနေသည့်အလားပင် …

ထိုစဉ် ချူးရှန့်သူ့အား တစ်စုံတစ်ရာကစိုက်ကြည့်နေသလိုခံစားနေရ၍ မျက်ဝန်းဒေါင့်ကနေမြင်နေရတဲ့မလှုပ်မယှက်ထိုင်နေတဲ့ ရှန်ဝေထံအကြည့်ပို့လိုက်တယ် … ရှန်ဝေဟာ သူ့အတွက်မနက်စာကိုမစားတဲ့အပြင် ခုံပေါ်သို့မေးထောက်လျှက် ချူးရှန့်အားငေးကြည့်နေခြင်းဖြစ်တယ် … တကယ်ဆိုရင် စိတ်ဆိုးနေတဲ့ကောင်မလေးကိုချော့သင့်တာကို သူ့ကိုသာကြည့်နေတဲ့ရှန်ဝေအား ချူးရှန့်အတော်လေးနားလည်ရခက်သွားတယ် … သူတို့ရဲ့တင်းမာနေတဲ့အခြေအနေကြား ယုယွမ်ရဲ့စကားသံထွက်ပေါ်လာခဲ့တယ် …

" မနက်စာဘာလို့မစားကြတာလဲ … မစားချင်ရင်ယုကိုပေး … အကုန်စားပြစ်မယ် "

သူမခွက်ထဲကခေါက်ဆွဲတွေကကုန်သွားခြေပြီ … သူမထိုသို့ပြောလာတော့ ချူးရှန့် ကသူမရှန်ဝေကိုစိတ်ဆိုးနေသေးမှန်းသဘောပေါက်သွားတယ် …. ထိုအခါ သူကအပြစ်လုပ်ထားသူမို့ ကြားထဲကနေဖြန်ဖြေပေးရတော့တယ် …

" စိတ်မဆိုးပါနဲ့ … အကိုဗိုက်မစာလို့ အကိုဟာစားလိုက်နော် "

ချူးရှန့်က သူ့ရဲ့မနက်စာကို ယုယွမ်ထံပေးနေတာမြင်လိုက်တော့ ရှန်ဝေကချက်ချင်းတားလိုက်တယ် …

" အကို့ဟာကို ဘာလို့ပေးမှာလဲ … ကျွန်တော့ဟာပေးလိုက်မယ် "

ထိုအခါမှချူးရှန့်ကသဘောပေါက်သွားလေတယ် … * ဟုတ်သားပဲ … တကယ်ဆိုရှန်ဝေကချော့ရမှာဆိုတော့ သူဟာပဲပေးသင့်တာ *

" အကို့ဟာကျွန်တော်ပဲစားမယ် "

ရှန်ဝေကသူ့ဟာကိုယုယွမ်ထံပေးပြီး သူကရှန်ဝေဟာကိုယူလိုက်တယ် …

" …… "

" အတူတူစားမယ်လေ … အကိုဟ "

ရှန်ဝေက တူကိုယူကာ ခေါက်ဆွဲကိုကော်ယူပြီးနောက် ချူးရှန့်အား ခွင့်ကြွေးလေတော့တယ် …

" မဟုတ် … မဟုတ်သေးဘူးလေ "

* တကယ်ဆို ရှန်ဝေက သူမကိုဒီလိုပြုမူသင့်တာမဟုတ်လား … သူ့ပန်းကန်ထဲကဟာကို သူမစိတ်ဆိုးပြေအောင် ညှင်ညှင်သာသာလေးခွင့်ကြွေးရမှာလေ … ခုတော့ဘာကြောင့် သူမမဟုတ်ပဲ ငါဖြစ်နေတာလဲ … * ချူးရှန့်အတွေးများဖြင့်ယောက်ရက်ခက်ကာ ရှန်ဝေပြုသမျှကိုသာငြိမ်ခံနေရတယ် … သူ့ပါစပ်ထဲ ဘယ်နှကြိမ်ခွင့်ကြွေးပြီးလဲပင်မမှတ်မိတော့ပေ …

" အကိုနေမကောင်းဘူးလား "

ရှန်ဝေက ချူးရှန့်နဘေးကခုံပေါ်သို့ထိုင်လိုက်ပြီး ချူးရှန့်နှဖူးပေါ်သို့ ညှင်သာစွာ စမ်းသပ်ကြည့်လိုက်တယ် … ထိုခန၌ ချူးရှန့်ဘာလုပ်ရမည်ကိုပင်မသိတော့ချေ … သူတို့ကိုအထင်လွဲမည်ဆို၍ ရှင်ပြချင်ပေမဲ့ လက်တွေ့မှာတော့ ပို၍အထင်လွဲလောက်သည့်အခြေအနေဖြစ်နေတယ် …

" အကို့အသားတွေက နီနေတာပဲ … တကယ်နေမကောင်းဘူးလား "

" မဟုတ် … "

" ဒါဆို ဒီခေါက်ဆွဲတွေမစားနဲ့တော့ … ကျွန်တော်နဲ့အတူ မနက်စာဝယ်စားရအောင် "

" မလို … "

" ကျွန်တော်အပြင်ကနေစောင့်နေမှာမို့ လိုက်လာခဲ့ "

သူပင်ဘာမှမပြောရသေးခင် ရှန်ဝေဟာ ကားသော့ဆွဲယူကာ ထွက်သွားလေတယ် … ချူးရှန့်က ယုယွမ်အား အာနာစွာဖြင့်ကြည့်လိုက်တော့  သူမအရှေ့က ချူးရှန့်ပန်းကန်ကိုပါ လက်တစ်ဖက်ကလှမ်းယူနေတယ် … သူမယူနေတာကို ချူးရှန့်မိသွားတော့ သူမကရှက်ပြုံးလေးပြုံးကာဖြင့်ဆိုလာခဲ့တယ် …

" အကိုလိုက်သွားလေ … ဘာမှစိတ်မပူနဲ့ … ယု အကုန်စားထားလိုက်မယ် "

" …… "

* ငါကခေါက်ဆွဲတွေအလကားဖြစ်ကုန်မှာဆိုးလို့စိတ်ပူနေတဲ့ရုပ်ပေါက်နေတာလား … တကယ်ကိုစားနိုင်သောက်နိုင်တဲ့အရွယ်ကောင်းလေးပဲ * သူကစိတ်ထဲ၌သာတွေးရင်း ထိုနေရာကနေ လှည့်ထွက်လာခဲ့တယ် … တံခါးကိုဖွင့်လိုက်စဉ်အပြင်၌ တစ်စုံတစ်ယောက်က ချူးရှန့်အား ဖမ်းချုပ်လိုက်လေတော့တယ် … ဆူညံသံကြောင့် ယုယွမ်ထွက်လာတော့ သူမကိုပါဖမ်းချုပ်ကာ သူတို့အား အနက်ရောင်ကားအကြီးပေါ်သို့ခေါ်သွားလေတော့တယ် …

" အကို … ယုယွမ် "

ကားရဲ့အတွင်းထဲမှာ ရှန်ဝေရှိနေပြီး ချူးရှန့်တို့ကိုမြင်တော့ စိုးရိမ်မှုတို့ပြင်းထန်လာခဲ့တယ် … ရှန်ဝေအကြည့်တွေက ယုယွမ်ထံရောက်သွားတော့ သူမကအပြစ်လုပ်ထားသည့်လူပမာ ရှန်ဝေအားအကြည့်ခြင်းမစုံခဲ့ပေ … ရှန်ဝေက သူ့ရဲ့ဘေးနားမှာ ချူးရှန့်ကိုထိုင်စေပြီး စိတ်အေးအေးထားဖို့ ဘာမှမကြောက်ဖို့သာပြောနေခဲ့တယ် … ချူးရှန့်သူ့တို့အားခေါ်လာတဲ့လူတွေကိုကြည့်မိတော့ အမှောင်ဂိုဏ်ကလူတွေနဲ့လဲမတူသလို ကားရဲ့အမှတ်တံဆိတ်မှာလဲ ကျန်းအမှတ်အသားပါနေ၍ ရှန်ဝေရဲ့လူတွေဆိုတာသိနေခဲ့တယ် … ဘာရည်ရွယ်ချက်နဲ့ကြောင့်မှန်းမသိပေမဲ့ သူ့အနားမှာရှန်ဝေရှိနေ၍ အလိုလိုစိတ်အေးနေခဲ့တယ် …

သူတို့ကားလေးက ချူးရှန့်တစ်ခါကရောက်ခဲ့ဖူးတဲ့ ကျန်အိမ်တော်ကြီးအထဲသို့ဝင်လာခဲ့တယ် … ဒီတစ်ကြိမ်က လူတွေလဲများသလို ခြံထဲမှာစောင့်နေတဲ့အစောင့်တွေကလဲ ပုံမှန်ထက်များနေတယ် … မသိရင် အကျဉ်းသားထွက်ပြေးမှာဆိုး၍ စောင့်ကြည့်နေကြသည့်အလား … တကယ်တော့ ထိုအရာတွေက အရာရှိတွေအတွက် ယုံကြည်စိတ်ချရတဲ့လုံခြုံရေတစ်ခုပင် …

အိမ်ထဲကိုဝင်လာတော့ အစောင့်တော်တော်များများက သူတို့အားဝန်းရံထားကြတယ် … ချူးရှန့်သတိမထားမိခင်မှာပင် ရှန်ဝေက ချူးရှန့်လက်အားဆွဲကိုင်ထားပြီခြေပြီ … ချူးရှန့်အိမ်တော်ကြီးအားလှည့်ပတ်ကြည့်နေတာနဲ့ ထိုအရာအားသတိမထားမိလိုက်ဘူး … သူတို့ ဧည့်ခန်းထဲကိုရောက်တော့ အစေခံတချို့က စားဖို့သောက်ဖို့ မုန့်တွေ ဖျော်ရည်အပူအအေးတွေယူပြီးလာချပေးကြတယ် … ပြီးနောက်အိမ်တော်ထိန်းနဲ့တူတဲ့အသက်ကြီးကြီးဦးလေးကြီးတစ်ယောက်ရောက်လာပြီး ရှန်ဝေအား ဂါဝရပြုကာဆိုလိုက်တယ် …

" သခင်လေး … ရောက်လာပါပြီလား "

ရှန်ဝေက ချူးရှန့်မကြားအောင် ထိုဦးလေးကြီးနဲ့အဝေးတစ်နေရာမှာ စကားတွေပြောပြီးနောက် ချူးရှန့်တို့အနား ပြန်ရောက်လာခဲ့တယ် … သူက ယုယွမ်ကို မျက်စောင်းတစ်ချက်ထိုကာကြည့်လိုက်ပြီး ဆိုလိုက်တယ် …

" ယုယွမ် … မာမားကိုသွားကြိုလိုက် "

" ဟုတ် "

သူမက ဘယ်အချိန်ကတည်းက သွားချင်နေလဲမသိ ချက်ချင်းပြေးထွက်သွားလေတယ် … ခနကြာတော့ အိမ်တော်ထဲကအစောင့်တွေလဲတစ်ယောက်မှမရှိကြတော့ပဲ ရှန်ဝေနဲ့ချူးရှန့်သာလျှင် ကျန်နေခဲ့တော့တယ် … ထိုစဉ်တိတ်ဆိတ်နေသည့်လေထုကြားမှ ထွက်ပေါ်လာသည့် နွေးထွေသည့်သံစဉ်တစ်ခု … ချူးရှန့်လှည့်ကြည့်မိတော့ ရှန်ဝေက Piano တစ်ခုပေါ်မှာထိုင်ပြီး လှပတဲ့သံဇဉ်တစ်ခုကို တီးခပ်နေခဲ့တယ် … သူ့ရဲ့လက်ချောင်းတွေက သေနတ်ပတ်ခတ်သည့်နေရာမှာ ကြမ်းတမ်းသလို ခုလိုသံစဉ်လှိုင်းတွေထွက်ပေါ်လာအောင်တီးခတ်သည့်နေရာမှာတော့ နူးညံ့ညှင်သာလှတယ် …

ထိုအခါ ချူးရှန့် ထိုမြင်ကွင်းများက တစ်ချိန်တုန်းက သူ့ရဲ့သခင်ရှန်ဖန်းဂူအားပြန်မြင်နေရသည်ဟုခံစားလိုရတယ် … သူတို့ရဲ့လုပ်ပုံကိုင်ပုံတွေ ဘယ်လောက်ကြမ်တန်းနေပါစေ သံဇဉ်လှိုင်းတွေတီးခတ်နေတဲ့အချိန်မှာတော့ စိတ်ငြိမ်လွန်းပြီး တစ်ခြားတစ်ယောက်ပြောင်းသွားသည်ဟုပင်ခံစားရသည်ထိပင် … သူတို့ကအလွန်ကိုတူညီကြတယ် … သူ့ရဲ့သခင်တွေက တူညီကြတာပဲ … ချူးရှန့်အလိုလိုပြုံးမိသွားလေတယ် …

သူ့ရဲ့ခြေလှမ်းတွေက ရှန်ဝေထိုင်နေသည့်အနားလျှောက်သွားကာ ဘေးမှနေရပ်၍နားထောင်နေခဲ့တယ် … သူ့ရဲ့ယခင်ကသခင်နဲ့မတူညီတဲ့အချက်ကတော့ ရှန်ဝေဟာ သူ့အားရပ်မနေစေဘဲ သူ့ရဲ့ဘေးသို့ဆွဲကာထိုင်စေလိုက်တယ် … ပြီးတော့ သူ့ရဲ့လက်တွေကို ဆွဲယူပြီး သံစဉ်တစ်ခုကို လူနှစ်ယောက် ဖန်တီးလိုက်ကြတယ် … ရှန်ဝေလက်တွေက သူ့ရဲ့လက်ပေါ်မှာယှက်နွယ်နေပြီး သူ့အား Piano ခလုပ်တွေပေါ် ဆော့ကစားစေခဲ့တယ် … ချူးရှန့်က သံစဉ်ကိုသာနားထောင်တတ်ပြီး မတီးခတ်တတ်၍ ရှန်ဝေလှုပ်ရှားမှုအတိုင်းသာအလိုက်သင့်လေး ပြုမူနေလိုက်တယ် … လူတစ်ယောက်ရဲ့ဂရုစိုက်မှုတွေနဲ့ နေသားမကျတဲ့ ချူးရှန့် ရင်တစ်ခုလုံးလှုပ်ခပ်နေပြီး ရှန်ဝေရဲ့ထိတွေ့မှုတွေကို ငြင်းဆန်ချင်ပေမဲ့ သူ့ကိုယ်တစ်ခုလုံးကိုအနောက်ကနေအုပ်မိုးခံထားရခြင်းကြောင့် ရှန်ဝေရဲ့လက်ကနေရုန်းမထွက်နိုင်ခဲ့ပေ … ရှန်ဝေအသက်ရှူထုတ်လိုက်တိုင်း ပူနွေးနွေးလေတွေက နားထပ်သို့ထိခပ်နေပြီး စစ်တိုက်ရသည်ထက်ပင် စိတ်လှုပ်ရှားစေတယ် …  ဘယ်လောက်ပင်ကြာသွားလဲမသိ အိမ်ထဲသို့ကားအတန်းလိုက်ကြီးဝင်လာမှသူတို့ရပ်တန့်လိုက်ကြတယ် …

" အားရှန် "

နူးညံ့ညှင်သာတဲ့အသံတစ်စထွက်ပေါ်လာပြီး သူမဟာ ကားပေါ်မှဆင်းလာပြီးချက်ချင်း ရှန်ဝေထံပြေးကာဖက်သွယ်လိုက်လေတယ် … သူမကတော့ လှပပြီးငယ်ရွယ်ပုံပေါ်ပေမဲ့ သခင်မတွေကြားမှာသိပ်ပြီးထင်ထင်ပေါ်ပေါ်မနေတတ်တဲ့ ရှန်ဝေရဲ့မိခင်ဖြစ်သူပင် … ရှန်ဝေကလဲ သူမအားပြန်လည်ဖက်သွယ်ကာ သားအမိတွေအလွမ်းသယ်နေကြတယ် … ပြီးနောက်သူမက ရှန်ဝေအားလွှတ်လိုက်ပြီး ရှန်ဝေအနောက်က ချူးရှန့်အားအကဲခတ်ကာကြည့်လိုက်ပြီးနောက် ဆိုလာခဲ့တယ် …

" သူလေးကဘယ်သူလဲ "

သူမကဘယ်သူမှပင်အဖြေမပေးရသေး မှတ်မိသွားသည့်ပုံ တအံ့တဩဆိုလိုက်ပြန်တယ် …

" သူလေးပေါ့လေ … အပြင်မှာပိုချောတာပဲ … အသက်လဲအရမ်းမကြီးသေးဘူး "

ချူးရှန့်ကကြောင်ကြောင်လေးသာရပ်နေခဲ့တယ် … သူမသူ့ကိုလာဖက်တဲ့အချိန်မရောက်ခင်ထိ … ရုတ်တရပ်သူမက ချူးရှန့်ကိုဖက်လိုက်တဲ့အခါ ချူးရှန့်တစ်ကိုယ်လုံးခဲတောင့်သွားလေတယ် … သခင်မကြီးက အသက် ၆၀ ကျော်နေပေမဲ့ ၄၀ ကျော်လောက်ဟုပင်ထင်ရလောက်အောင်နုပျိုနေပြီး ချူးရှန့်ကတော့ ၃၀ ကျော်ဖြစ်ပေမဲ့ ပါဝါမျက်မှန်ထူကြောင့် ၆၀ အရွယ်သူမထက်ပင်ကြီးပုံပေါ်နေလိမ့်မယ် … ချူးရှန့်ကအလန့်တကြားသူမကိုဦးညွှတ်လိုက်တော့မှ သူမလဲလွှတ်ပေးလိုက်တယ် …

" တောင်းပန်ပါတယ် … လန့်သွားလား "

" ရ … ရပါတယ်သခင်မကြီး "

" ဘာကိုသခင်မကြီးလဲ … မားလို့ခေါ်လဲရပါတယ် "

" ဗျာ "

သူမက ချူးရှန့်ပုံစံအားကြည့်ပြီး ခိုးခိုးခ်ခ်ရယ်လေတော့တယ် … ရှန်ဝေကြည့်လိုက်တော့လဲပြုံးနေပြီး ယုယွမ်ကလဲပျော်နေပုံပင် … ချူးရှန့်ဘာမှန်းမသိပေမဲ့ သူလဲအလိုလိုပြုံးမိသွားတယ် … သူ့ဘဝမှာ အမေဆိုတဲ့စကားလုံးကို လူမှန်းသိတတ်တဲ့အချိန်ကနေစပြီးဒီအရွယ်ထိမသုံးဖူးခဲ့သလို မိခင်တစ်ယောက်ထံကမေတ္တာကိုလဲမရရှိခဲ့ဘူး … အမြဲတမ်းသခင်အပေါ်ကာကွယ်ပေးရမယ်ဆိုတဲ့စိတ်တစ်ခုထည်းနဲ့သာအသက်ရှင်သန်ခဲ့ရတယ် … ခုလိုနွေထွေးပြီး သူ့အပေါ်ကြိုဆိုပေးလာတဲ့မိသားစုနဲ့တွေ့ကြုံလိုက်ရတော့ ချူးရှန်နှလုံးသားလေးထဲထိကိုနွေထွေးသွားတယ်လို့ခံစားလိုက်ရတယ် … သခင်မကြီးက ချူးရှန်လက်အားဆွဲကိုင်ကာ ဆိုလိုက်တယ် …

" ဒီကသားလေးက ဟင်းချက်ကြွမ်းကျင်တယ်ဆိုဟုတ်လား "

" ဟုတ်ကဲ့ … ကျွန်တော် ချက်တတ်ပါတယ် "

" ဒါဆိုမားနဲ့အတူချက်ပြုတ်ဖို့ကူညီပေးပါလား … မိသားစုထမင်းဝိုင်းလေးကိုအတူတူဖန်တီးကြရအောင် "

" ဟုတ် "

ချူးရှန့်အလွန်ပင်ပျော်ရွှင်နေမိတယ် … သူ့ဘဝမှာ ခုလိုနွေးထွေးတဲ့မိသားစုအငွှေ့သက်လေးတွေရလာခဲ့ခြင်းက ပထမဆုံးအကြိမ်မို့ ထိုအချိန်အခါလေးကို လက်လွှတ်ဖို့ဆန္ဒမရှိခဲ့ဘူး … အမြဲထာဝရဆုတ်ကိုင်ထားချင်မိတယ် …

" ဒေါ်လေး … သမီးလဲကူမယ်လေ "

ယုယွမ်ကပြောလာတော့ သခင်မကြီးကလက်မခံခဲ့ဘူး …

" သမီးလေးကဘာလို့မီးဖိုချောင်အလုပ်လုပ်မှာလဲ … အကိုရှန်နဲ့အတူနေ … ဒေါ်လေးတို့ပြီးရင်ခေါ်လိုက်မယ် "

ချူးရှန့်ရဲ့ပျော်ရွှင်မှုတွေက ခနသာရပ်တန့်သွားခဲ့တယ် … သူ့ဘဝအမှန်ကိုထောက်ပြလိုက်သည့်အလား … * ဟုတ်သားပဲ … ငါကအစေအပါးတစ်ယောက် … ဘာကြောင့်များ ဒီလိုမိသားစုမျိုးပိုင်ဆိုင်ရမယ်လို့တွေးမိခဲ့တာလဲ … တကယ်ကိုအရူးပဲ * သူဟာ ထွက်သွားတဲ့ရှန်ဝေနဲ့ယုယွမ်အား ငေးမောကာကြည့်နေမိတယ် … ပြီးမှ သခင်မကြီးနဲ့အတူချက်ပြုတ်ဖို့ မီးဖိုချောင်ကို လိုက်လာခဲ့လေတယ် … သခင်မကြီးဟာ ထင်ထားတာထက်ပင်သဘောကောင်းပြီး သူ့အားအရေးတယူပြုတဲ့အပြင် သူ့ထံကပင်အကြံဉာဏ်တောင်းခံကာ စုံလင်လှသောအစားအသောက်တွေကိုဖန်တီးချက်ပြုတ်ကြတယ် … ချူးရှန့်က ရှန်ဟွှာကလူမို့ သူ့ရဲ့လက်ရာက အထူးကောင်းမွန်လှပြီး သခင်မကြီးပင်လျှင်အံ့အားသင့်ရသည်ထိပင် … နေ့လည်ထမင်းစားချိန်ရောက်တော့ စားပွဲပေါ်မှာ ဟင်းပွဲများအစုံအလင်ရောက်ရှိနေကြလေပြီ …

" အားလုံးပြီးပြည့်စုံပြီ … ကလေးတို့လာကြ "

တစ်နေ့လုံးပျောက်နေတဲ့ ရှန်ဝေနဲ့ယုယွမ်တို့ရောက်ရှိလာကြတယ် … ယုယွမ်ကအစားအသောက်တွေလဲမြင်ရော သူ့ရဲ့မျက်ဝန်းတွေက ဘလင်းဘလင်းထကာ လွန်စွာပျော်ရွှင်သွားလေတယ် … ချူးရှန့်အပါအဝင် သူတို့မိသားစု ၄ ယောက်ဟာ စားပွဲဝိုင်းမှာဝင်ထိုင်လိုက်ကြပြီးနေ့လည်စာကိုသပျော်တပါးစားသောက်ကြတော့တယ် …

" ဒေါ်လေး သမီးမပြောဘူးလား … ဒီကကိုကြီးလက်ရာက တကယ်ကောင်းပါတယ်ဆို "

သူမကလဲ ထောက်ခံလေတယ် …

" အမှန်ပဲ … သူကတကယ်တော်တယ် "

ထိုသို့ပြောလာတော့ ချူးရှန့်အလိုလိုပျော်ရွှင်နေမိတယ် … သို့ပေမဲ့ ရှန်ဝေကတော့ ငြိမ်သက်စွာထိုင်နေပြီး ချူးရှန့်အား ဟင်းတွေထည့်ပေးနေခဲ့တယ် …

" အကို ဒါလေးစား … ဒါလေးရောပဲ … အားရှိအောင်စား "

သူတို့ ၂ ယောက်အား သခင်မကြီးနဲ့ ယုယွမ်ကငေးကြည့်နေ၍နောက်ဆုံး ချူးရှန့်ငြိမ်မနေတော့ပဲ အော်ကာတားလိုက်လေတော့တယ် …

" တော်တော့ "

" ဟင် … အကိုမကြိုက်လို့လား "

အပြစ်ကင်းစင်လှတဲ့မျက်နှာနဲ့ ရှန်ဝေကဆိုလာတော့ ချူးရှန့်သူအော်လိုက်တာ လွန်များသွားပြီလားဟု စိတ်ထဲ၌မှတ်ယူကာ စိတ်မကောင်းဖြစ်မိသွားတယ် …

" မဟုတ်ပါဘူး … မင်းငါ့ကိုဒီလိုတွေလုပ်ပေးစရာမလိုဘူး "

" ဘာကြောင့်လဲ … အကို့ကိုဘာကြောင့် လုပ်ပေးလို့မရတာလဲ "

ရှန်ဝေရဲ့ ပုံစံက လိမ်မာတဲ့ခွေးလေးတစ်ကောင်သခင်ကပြစ်ပယ်တာခံလိုက်ရသလို ဝမ်းနည်းပုံပေါ်နေ၍ ချူးရှန့် စကားများပင်အထစ်ထစ်ဖြစ်သွားခဲ့လေတယ် …

" ငါ … ငါ မဟုတ်ဘူး … မင်း လုပ်ပေးသင့်တာက ယုယွမ်ကို "

" သူ့ကို … ဘာကြောင့်လဲ "

ရှန်ဝေကချူးရှန်စကားအား နားမလည်ဟန်ပြန်မေးလာတော့ ချူးရှန့်ပင်အနည်းငယ်ကြောင်အမ်းသွားတယ် … သူတကယ်မသိတာလား …

" သူက မင်းချစ်သူလေ "

" ဟမ် "

" …… "

" ဖူး "

တုန့်ပြန်မှုတွေက လွန်စွာထူးဆန်းနေပြီး ချူးရှန့်တစ်ယောက် ဘာပြောရမည်ပင်မသိတော့ခြေ … ယုယွမ်က ဟင်ရည်သောက်နေရင်း ပန်းထွက်ကာသီးပါသွားလေတယ် … သခင်မကြီးကတော့ ပြောစရာစကားရှာမတွေ့သည့်နယ်ကြောင်းအမ်းနေခဲ့တယ် … ရှန်ဝေကတော့ ကို့နှဖူးကိုပြန်ရိုက်ရင်း မျက်နှာကို လက်ဖြင့်အုပ်ကာ ရယ်နေခဲ့တယ် … ဘာကြောင့်ဒီလောက်ထိတုံးအရတာလဲဆိုတဲ့အကြည့်မျိုးနဲ့ကြည့်လျှက် … နောက်ဆုံး ချူးရှန့် နားမလည်နိုင်တော့၍ မေးကြည့်လိုက်တယ် …

" ဘာဖြစ်သွားတာလဲ … ကျွန်တော်ပြောတာမှားလို့လား "

ထိုအခါမှ သခင်မကြီးက ဝင်ပြောလေတော့တယ် …

" ဒါသားအမှားမဟုတ်ဘူး … အားရှန်အမှား "

သူမက ဘေးနားက ရှန်ဝေနားကို အားပါပါလိမ်ဆွဲလိုက်တော့ ရှန်ဝေက နာကျင်စွာနဲ့ ချူးရှန့်လက်အားဆွဲထားကာ အကူအညီတောင်းလေးတော့တယ် …

" အား … မေမေ သားဘာလုပ်မိလို့လဲ … ကိုကို ကျွန်တော့ကိုကယ်ပါ "

ချူးရှန့် ခန္ဒကိုယ်တောင့်တောင့်ကြီးနဲ့ကြောင်အမ်းနေပြီး  ရှန်ဝေရဲ့ကလေးငယ်ပမာအမူအရာတွေနဲ့ မိခင်တစ်ယောက်ရဲ့စနောက်သည့်ပုံအား ငေးကြည့်နေခဲ့တယ် … အခြေအနေက ရှန်ဝေပြောပြထားတာတွေနဲ့ခြားနားနေပြီး ရှန်ဝေရဲ့မိသားစုဘဝက သူထင်ထားတာထက်ပျော်စရာကောင်းလွန်းနေတယ် … ရှန်ဝေရဲ့ ငယ်ရွယ်မှုပုံစံက ချူးရှန့်အားစိတ်မဆိုးစေတဲ့အပြင် ပြုံးရယ်စေခဲ့တယ် … ဒီကြားထဲ ယုယွမ်ကပါအားပေးအားမြှောက်လုပ်နေသေးတယ် …

" နာနာလေးလုပ်ဒေါ်လေး … သူ့ကြောင့် သမီးပါအထင်လွဲခံရတာ "

" ဟုတ်ပါ့ ကောင်စုတ်လေး … ကို့ညီမကိုတောင် အထင်လွဲခံရအောင်လုပ်တယ် "

ထိုခန၌ ချူးရှန့်ဘာတစ်ခုမှနားမလည်တော့ခြေ …

" ညီမလေး ? "

ချူးရှန့်ရဲ့စကားကြောင့် သခင်မကြီးလဲ ရှန်စေကိုစနေတာရပ်လိုက်ပြီး ယုယွမ်လဲ ငြိမ်သွားတယ် … သူမက အပြစ်ရှိနေသည့်နယ် ခေါင်းလေးငုံ့လျှက် ချူးရှန်ဘေးနား တိုးသွားပြီး တောင်းပန်လေတော့တယ် …

" ဟိုလေ ဒီကကိုကြီးကို ညီမတောင်းပန်ပါတယ် … တကယ်တော့လေ အကိုရှန်ဝေက အိမ်ပြန်လာတာရှားပါးတယ် … သူ့ကိုဘယ်သူမှထိန်းချုပ်လို့မရဘူး … အဲ့ဒါနဲ့ညီမက သူပြန်မလာမချင်းသူ့အိမ်မှာလိုက်နေမယ်လို့ချိန်းခြောက်ထားတာ … ပြီးတော့ လေဒေါ်လေးကိုလဲ အကိုတို့ပုံပြပြီး ဒီကိုမရရအောင်ခေါ်ဖို့ပြောလိုက်မိတယ် ဟီး … ဒီကအကိုကညီမကို အဲ့လိုထင်လိမ့်မယ်လို့မတွေးမိခဲ့ဘူး … ညီမကအကိုရှန်ရဲ့ ဝမ်းကွဲညီမပါ … မိဘတွေဆုံးသွားပြီးကတည်းက ဒေါ်လေးတို့ကမွေးစားထားတာ … ပြီးတော့ ညီမက ဘီတာမဟုတ်ဘူးအယ်ဖာ … ကာကွယ်ရေးဌာနမှာလုပ်ပါတယ် "

" …… "

ထိုအခါမှ ချူးရှန့်သူမအား သေချာကြည့်မိတော့တယ် … သူမကအသက်ငယ်ရွယ်သေးပေမဲ့ သူမမျက်ဝန်းတွေက ရဲရင့်ပြီး အင်အားကြီးပုံပေါ်တယ် … သူမရဲ့မျက်ခုံးထူထူက သာမန်မိန်းကလေးတွေလို နူးညံ့မှုအနည်းငယ်သာရှိပြီးခန့်ညားမှုဘက်မှာရှိနေတယ် … သူမရဲ့လုံးဝန်းတဲ့မျက်ဝန်းတွေက ယုံကြည်ချက်အပြည့်နဲ့ လူတစ်ယောက်ကိုစိုက်ကြည့်လိုက်ရင် တုန်လှုပ်သွားစေနိုင်တယ် … သူမရဲ့အရပ်အမောင်းက ချူးရှန့်ထက်မရှည်ပေမဲ့ ချူးရှန်ထက်လဲနိမ့်ပုံမပေါ်ဘူး … သူမခန္ဓာကိုယ်က သေးသွယ်ပေမဲ့ သူမလက်မောင်းတွေက အားအင်ပြည့်ဝကာ တောင့်ခိုင်လွန်းတယ် … ဒီအချင့်အရာတွေနဲ့တင် သူမက အင်အားကြီးအယ်ဖာတစ်ယောက်ဆိုတာ သံသယဝင်စရာပင်မလိုပဲ မှန်ကန်လွန်းနေပြီ …

သူမကိုယ်က ဟော်မုန်းနံ့မရခြင်းကအထူးအဆန်းတော့မဟုတ်နေဘူး … အဖွဲ့အစည်းတစ်ခုရဲ့လက်အောက်မှာရှိနေရင် ထိုလူက သူ့ရဲ့ Pheromones တွေကို ထိန်းချုပ်ရမှာက ထိပ်ဆုံးက စည်းကမ်းချက်တစ်ခုပဲ … အိုမီဂါဖြစ်စေ အယ်ဖာဖြစ်စေ သူတို့ရဲ့ဟော်မုန်းတွေကို အလွယ်တစ်ကူထုတ်ပြလို့မဖြစ်ဘူး … ထိုအရာက သူတို့ရဲ့အားနည်းချက်ဖြစ်စေတာမို့ … ခုသူမကလဲ ရဲတစ်ယောက်ဖြစ်နေ၍ သူမပုံအမှန်ကိုဖုံးကွယ်ပြီး သာမန်အတိုင်းနေနေခြင်းပင် … ဒါကြောင့်လဲ ချူးရှန့်က သူမကို ဘီတာဟုထင်ခဲ့မိတာအမှားတစ်ခုတော့မဟုတ်နေဘူး … ထိုအခါမှ ချူးရှန့် သက်ပြင်းဖွဖွချနိုင်တော့တယ် … အချိန်အကြာကြီး အထင်မှားခဲ့မိတဲ့အတွက်လဲ အားနာမိပြန်တယ် … အထင်လွဲမှားမှုတွေ ရှင်းသွားတော့မှ သခင်မကြီးက မေးလာခဲ့တယ် …

" ဒါဆို အားရှန်က သားကိုဘာမှမပြောထားဘူးလား "

ချူးရှန့်ကလဲ ဘာမှမသိကြောင်းပြန်ဖြေလိုက်တယ် …

" ကျွန်တော်ဘာမှမသိပါဘူး … ကျွန်တော်က ဒီကညီမလေးကို ရှန်ဝေမိတ်ဖက်လို့ပဲထင်နေမိတာ "

" ဒါဆိုသားတို့ကရော ဘယ်လိုပတ်သပ်မှုမျိုးလဲ "

" ကျွန်တော်တို့က ဆရာတပည့် မဟုတ်သေးဘူး ခုသူက သခင်ဖြစ်သွားပြီ "

သူမက ရှန်ဝေကို တစ်ချက်ကြည့်မိတော့ ရှန်ဝေမျက်နှာက စိုးရိမ်မှုအပြည့်နဲ့ ချူးရှန့်သူ့အားစိတ်ဆိုးသွားမည်ကိုကြောက်နေပုံပင် … ဒီပုံအတိုင်းဆိုလျှင် ယုယွမ်ပြတဲ့ပုံထဲကလို အဆင့်မျိုးထိ သူ့သားမရောက်နိုင်သေးမှန်း သခင်မကြီးသဘောပေါက်သွားလေတယ် … ဒီလိုဆိုတော့ မိဘတွေရဲ့တာဝန်အတိုင်း ရှေ့ကဦးဆောင်ပေးဖို့ လိုလာပြီမို့ သူမကချူးရှန်းအား အပြုံးလေးနဲ့ကြည့်ကာ ဆိုလာတော့တယ် …

" ဒီကလေးလေးက ဘာတွေဒီလောက်တောင် အချိန်ဆွဲနေတာလဲမသိဘူး … ဒီလိုဆိုတော့ အဒေါ်ကပဲ ပြောရတော့မှာပေါ့ "

သူမက ရုတ်တရပ် ချူးရှန့်လက်တစ်ဖက်ကို ဆုတ်ကိုင်လိုက်ရင်း နူးညံ့သောလေသံဖြင့် ဆိုလိုက်တယ် …

" သား …  ရှန်ဝေကို သားလက်ထဲကိုအပ်ထားချင်တယ် … သူ့ကိုသားနဲ့မှ စိတ်ချနိုင်မှာ "

" ဗျာ "

ယုယွမ်ကပါ ချူးရှန့်ရဲ့ကျန်လက်တစ်ဖက်ကို ဆုတ်ကိုင်ကာ ထပ်မံတောင်းဆိုလာခဲ့တယ် …

" ဟုတ်တယ် … ကိုကြီးက ယုတို့နဲ့အတူလာနေပါနော် … ဒါဆို ယုနေ့တိုင်း ကိုကြီးလက်ရာကိုစားလို့ရပြီး … ကိုကိုရှန်ကို ကိုကြီးကိုပေးမယ်လေ "

" အားယွမ် … နင်ငါ့ကိုရောင်းစားနေတာလား "

" မဟုတ်ပါဘူးနော် … ကိုကြီးကိုလက်ထိုးတာ … ကိုကိုကနစ်နာမဲ့သူမှမဟုတ်တာ "

ချူးရှန့် ဘာတစ်ခွန်းမှမဆိုနိုင်တော့ချေ … အခြေအနေကသူ့အား စိတ်လှုပ်ရှားစေသည့်အပြင် စိတ်လွတ်သွားမတတ်ပင် ရှုတ်ထွေးလွန်းလှတယ် … သူ့ရဲ့လက်တွေကို နွေးထွေးစွာဆုတ်ကိုင်ပေးထားတဲ့ ရှန်ဝေမိခင်နဲ့ညီမလေး … သူ့အား နူးညံ့စွာကြည့်နေတဲ့ ရှန်ဝေ … စနောက်ကာပျော်ရွှင်နေကြတဲ့သူတို့လေးတွေ … အသက် ၃၀ ကျော်မှ မိသားစုဆိုတဲ့ အငွှေ့အသက်လေးကို ခံစားလိုက်ရတဲ့တစ်ခန ယောက်ျားရင့်မာကြီးဖြစ်တဲ့ ချူးရှန့် မျက်ရည်များပင်ဝဲလာခဲ့တယ် …

" အကို "

" ကိုကြီး "

" သား "

အားလုံးက ချူးရှန့်ရဲ့မျက်ဝန်းက မျက်ရည်စတွေကြောင့် စနောက်နေတာတွေကိုရပ်ပြီး စိုးရိမ်စိတ်အပြည့်ဖြင့် ကြည့်လာခဲ့တယ် … ရှန်ဝေက ပိုလို့ပင် စိုးရိမ်နေပြီး အားလုံးကိုမစနောက်ဖို့ပြောကာ လေးနက်စွာဖြင့်ဆိုလာခဲ့တယ် …

" ကျွန်တော် အကို့ကို အမှန်တိုင်းမပြောခဲ့တာက အကိုကျွန်တော့အပေါ် အေးဆက်သွားမှာကြောက်လို့ပါ … အကိုကရှန်ဟွှာပိုင်တဲ့လူဆိုတာသိပါတယ် … အကို့ရဲ့တစ်ဘဝလုံးကို ရှန်ဟွှာကိုပေးဆပ်ဖို့သွေးစာချုပ်ချုပ်ထားမှန်းလဲသိတယ် … ဒါပေမဲ့ ကျွန်တော်ကြိုးစားကြည့်ချင်တယ် … အကိုကျွန်တော့ဘဝမှန်ကို လက်ခံလာမဲ့အချိန်ထိ ကျွန်တော်စောင့်နေမယ် … အကို့တစ်ဘဝလုံးကို ကျွန်တော် စောင့်ရှောက်ပေးချင်တယ် "

ရှန်ဝေရဲ့စကားက လေးနက်လွန်း၍ ချူးရှန့် အဖြေစကားမပေးနိုင်ခဲ့ဘူး … ရှန်ဝေကအရာရှိဖြစ်ပြီး သူကအမှောင်ဂိုဏ်ကလူဖြစ်နေ၍ သူတို့ဆက်ဆံရေးကကြာရှည်ခံမည်မဟုတ်ခြေ … တစ်ချိန်ချိန်တော့ လမ်းခွဲရလိမ့်မယ် … သခင်မကြီးကလဲ လေးနက်စွာဖြင့် ဆိုလာခဲ့တယ် …

" သားကရှန်သခင်ကြီးရဲ့လက်ရုံးမှန်း အဒေါ်သိတယ် … ဒါတောင်မှ အဒေါ်သားတို့ကိုကန့်ကွက်ဖို့ဆန္ဒမရှိပါဘူး .… ရှန်ဟွှာက ဘယ်လောက်ပဲအတိုက်အခုံတွေရှိနေပါစေ အမှောင်နဲ့အလင်းက ဘယ်လောက်ပဲဆန့်ကျင်နေပါစေ စစ်မှန်တဲ့မေတ္တာကိုတော့ သူတို့မဖျက်စီးနိုင်ဘူး … သားတို့ ၂ ယောက်လုံးက ဘီတာဖြစ်နေလို့မပူပါနဲ့ … ဘဝကမျိုးဆက်ရဖို့ထက်ပျော်ရွှင်ဖို့က ပိုအရေးကြီးတယ် … အဒေါ်သားလေးက ဘီတာအဖြစ်မွေးဖွားလာပြီးကတည်းက ပျော်ရွှင်မှုဆိုတာ မခံစားခဲ့ရဘူး … မိခင်တစ်ယောက်ဖြစ်တဲ့ အဒေါ်ကအစဘီတာဖြစ်နေတော့ လူ့ပတ်ဝန်းကျင်မှာ ဘယ်လောက်မျက်နှာငယ်ရလဲအသိဆုံးပါ … သားလေးရဲ့အေးဆက်လှတဲ့အခြေအနေကိုပြောင်းလဲပေးနိုင်တာ သားတစ်ယောက်ပဲရှိတယ် …  လွန်ခဲ့တဲ့ ၄ နှစ်ကစလို တစ်စုံတစ်ယောက်အတွက်နဲ့ ရည်မှန်းချက်မဲ့နေတဲ့သားလေးပြန်ကြိုးစားလာတာမြင်ရလို့ အဒေါ်ဝမ်းသားပြီး သူကဘယ်သူလဲသိချင်နေခဲ့တာ … သားကအဒေါ်သားလေးကို ပြောင်းလဲပေးနိုင်ခဲ့တဲ့တစ်ဦးတည်းသောသူပါ … ဆိုးတူကောင်းဖက်တူတူလက်တွဲသွားဖို့မျှော်လင့်ပါတယ် "

သခင်မကြီးက ဖြူစင်သောအပြုံးလေးနဲ့ ချူးရှန့်က ယောက်ျားလေးဘီတာတစ်ယောက်ဖြစ်နေတာတောင် မကန့်ကွက်တဲ့အပြင် သူ့သားရဲ့တွဲဖက်ဖြစ်ထိုက်သူဟုချီးကျူးပြောဆိုခဲ့ခြင်းကြောင့် ချူးရှန့်ပျော်ရွှင်သွားမိတယ် … သူမပြောသွားတဲ့အဓိပ္ပါယ်ကိုတော့ ချူးရှန့်နားမလည်ခဲ့ဘူး … သူထင်တာက ရှန်ဝေနဲ့သူ့ရဲ့ခင်မင်မှုကို ဆိုလိုခြင်းဖြစ်လိမ့်မည်ဟူ၍ပင် …

" အကို ကျွန်တော်တို့ စကားပြောရအောင် "

ရှန်ဝေက အထင်လွဲမှားမှုတွေကို ရှင်းလင်းဖို့ စကားပြောရန်လိုလာပြီမို့ ချူးရှန့်အားခေါ်ကာ အပေါ်ထပ်သို့တက်လာခဲ့လေတယ် … အိမ်ကြီးရဲ့အပေါ်ဆုံးထပ်၌ အခန်းလေးတစ်ခုရှိနေပြီး ထိုအခန်းထဲ၌ လူနေသည့်ပုံမပေါ်ပေ … အခန်းတွင်းဝင်လာတော့ ကစားစရာအပြည့်နဲ့ ကလေးတစ်ယောက်ရဲ့အခန်းမှန်း ချူးရှန့်သိလိုက်တယ် … ဒါကရှန်ဝေငယ်ငယ်ကနေခဲ့တဲ့အခန်းပဲ … အားလုံးကိုအမှတ်တရသိမ်းစည်းထားပုံအရ သခင်ကြီးနဲ့သခင်မကြီးက သားလေးကိုမေ့မရခဲ့ခြင်းဖြစ်လိမ့်မယ် … ရှန်ဝေက အခန်းလေးထဲရောက်တော့ ချူးရှန့်အား ကုတင်ပေါ်ထိုင်စေလိုက်ပြီး အမှတ်တရများသိမ်စည်းထားသည့်ဓာတ်ပုံတစ်ချို့ကိုယူလာခဲ့တယ် …

" အကို ဒါကကျွန်တော်တို့ ကျန်းမိသားစုဝင်တွေလေ … ကျွန်တော့ဘဝအမှန်ကို အကို့ကိုလိမ်ညာခဲ့မိလို့တောင်းပန်ပါတယ် … တကယ်တော့ ကျွန်တော်ပြောခဲ့တာတွေထဲမှာ အမှန်တရားတွေကများပါတယ် "

ချူးရှန့်က ရှန်ဝေပေးလာတဲ့ဓာတ်ပုံတွေကို ယူကြည့်လိုက်တော့ ကွယ်လွန်သွားတဲ့ကျန်းသခင်ကြီးအပါအဝင် သားသမီး ၄ ယောက်နှင့် မြေးတွေ တွဲရိုက်ထားတဲ့ပုံကိုတွေ့လိုက်ရတယ် … ထိုထဲမှာ အသက်ရှင်ကျန်ရစ်သူဟာ ကျန်းရှားမေ့နှင့် သူ့ရဲ့အကိုဖြစ်သူ ကျန်းရှီးတို့ဖြစ်ကြတယ် … အငယ်ဆုံး ၂ ယောက်ကတော့ အယ်ဖာနဲ့အိုမီဂါဖြစ်ကြပြီး တိုက်ပွဲမှာ အသက်ဆုံးသွားရှာတဲ့ သူရဲကောင်းများဖြစ်ကြတယ် … ချူးရှန့် သူတို့ကိုကောင်းကောင်းကြီးမှတ်မိနေသေးတယ် … အဲ့ဒိအချိန်တုန်းက သူ့အသက်ကငယ်ရွယ်သေးပေမဲ့ ကြီးမားတဲ့တိုက်ပွဲကြီးရဲ့မြင်ကွင်းတွေကို မေ့မရခဲ့ဘူး …

ငယ်ရွယ်တဲ့ ကျန်းမောင်နှမလေးယောက်က အတွဲညီပြီး တိုက်ခိုက်ရေးမှာကြွမ်းကျင်သူများဖြစ်ကြသလို နိုင်ငံကိုကာကွယ်ဖို့လဲ စိတ်အားထက်သန်တဲ့လူငယ်များဖြစ်ကြတယ် … ဒီဓာတ်ပုံက တိုက်ပွဲမဖြစ်ခင် သခင်ကြီးအသက်ရှင်သန်စဉ်ကရိုက်ထားပုံပင် … ပုံထဲ၌ ရှန်ဝေကလဲငယ်ရွယ်သေးသလို ရှုယွမ်းကလဲ ဖန်းဂူနဲ့ခင်မင်နေဆဲအရွယ်ပင် … ချူးရှန့် ကျန်းမိသားစု ရှန်ဟွှာကို ပျော်ရွှင်စွာ လာရောက်လည်ပတ်သည့်အချိန်တွေကို ပြင်မြင်ရောင်လာမိတယ် … တဖန် ငိုကြွေးနေတဲ့မျက်ဝန်းတွေနဲ့ အနက်ရောင်အသုဘပို့ဆောင်သည့်အဝတ်အစားတွေဝတ်ဆင်ကာ သေနတ်တွေကိုင်ဆောင်ထားလျှက် ရှန်ဟွှာကို လာရောက်ဝန်းရံသည့်အချိန်တွေကို မှတ်မိနေခဲ့တယ် … အဲ့ဒိအချိန်က ရှန်ဟွှာနဲ့ကျန်းမိသားစု သွေးကွဲပြီး ကြီးမားတဲ့တံတိုင်းကြီးခြားလိုက်တဲ့အချိန်အခါလဲဖြစ်တယ် … သခင်ကြီးနဲ့ အငယ်ဆုံး ၂ ယောက်ဆုံးပါးပြီး ကျန်းမိသားစုအတော်လေးအခက်တွေ့ခဲ့ရပုံပင် … ခုတော့ ကျန်းမိသားစုဟာ A မြို့ရဲ့အထင်ကရတွေအဖြစ်နဲ့ရှိနေပြီး ရှန်ဟွှာကိုတိုက်ခိုက်ဖို့ အင်အားအလုံအလောက်ရှိနေခဲ့ပြီ …

" အကို "

ရှန်ဝေရဲ့ခေါ်သံကြားတော့မှ ချူးရှန့်အတိတ်ကနေရုန်းထွက်လာနိုင်ခဲ့တယ် … ရှန်ဟွှာနဲ့ကျန်းရဲ့ကြားမှာ တင်းမာသည့်အခြေအနေတစ်ခုရှိပေမဲ့ ခုကျန်းက မှန်ကန်တဲ့ဘက်မှာရှိနေ၍ အမှောင်ဘက်နဲ့ပူးပေါင်းကာရှန်ဖန်းဂူကို အလွယ်တကူကောက်ကျစ်မည်မဟုတ်ကြောင်းသိနေ၍ ချူးရှန့်သက်ပြင်ချလိုက်တယ် … ရှန်ဝေကိုကြည့်လိုက်တော့ အပြစ်ကင်စင်တဲ့မျက်နှာလေးနဲ့သူ့အားစိုက်ကြည့်နေ၍ ချူးရှန့်မနေတတ်တော့ပုံ လက်ထဲကပုံကိုသာ ပြန်ကြည့်လိုက်တယ် …

" ရှန်ဝေ … ငါသူတို့ကို အရင်ကမြင်ဖူးတယ် "

" တကယ်လား … ကျွန်တော်က ဒေါ်လေးရှားမေ့ကိုပဲမှတ်မိတယ် … ကျွန်တော့အဖေက အရမ်းစည်းကမ်းကြီးတော့ ကျွန်တော်ကျန်တဲ့မိသားစုဝင်တွေအကြောင်းဘာမှမသိရဘူး … သူတို့က ကျွန်တော်ငယ်ငယ်လေးမှာပဲ ဆုံးပါးသွားကြတာတဲ့ … ကျွန်တော်မှတ်မိတာက ကျွန်တော်က ဒီကျန်းမျိုးရိုးထဲမှာ တစ်ဦးတည်းသောဘီတာဖြစ်နေလို့ အဖေနဲ့ အဖိုးကကျွန်တော့ကို အမြဲဆူပူလေ့ရှိတယ် … ယုယွမ်က ကျွန်တော် ၁၀ နှစ်အရွယ်မှာ မွေးစားခဲ့တာ … သူမကချစ်ဖို့ကောင်းပြီး အင်အားကြီးတဲ့အယ်ဖာမလို့သူမကကျွန်တော့ထက်အားလုံးရဲ့အချစ်တွေကိုရရှိထားတယ် … သူမက ကွယ်လွန်သွားတဲ့ ဦးငယ်ရဲ့ကျန်ရစ်နေတဲ့မျိုးဆက် ကျွန်တော့ရဲ့ဝမ်းကွဲညီမလေ … သူတို့နဲ့ကျွန်တော်ကမသက်ဆိုင်ဘူးလို့ထင်မိပြီး ကျွန်တော်ဦးတည်ရာမဲ့လျှောက်သွားနေခဲ့တာ … အကို့ကြောင့်သာမဟုတ်ရင် ခုကျွန်တော် ဒီမှာရှိနေမှာမဟုတ်ဘူး "

ရှန်ဝေစကားတွေက ချူးရှန့်ကြားဖူးခဲ့တာနဲ့တူညီနေတယ် … ကျန်းရှီးဆိုတဲ့အရာရှိက အေးဆက်လွန်းပေမဲ့ သူကအချစ်ကိုကိုးကွယ်တဲ့သူ … သူလိုအင်အားကြီးအယ်ဖာက ပုံမှန်ဘီတာတစ်ယောက်ကို လက်ထက်ပြီး မိသားစုတွေပတ်ဝန်းကျင်တွေရဲ့အတိုက်အခုံတွေကိုရင်ဆိုင်ပြီးနေထိုင်ခဲ့သူတစ်ယောက် … သူ့မှာမျိုးဆက်မရှိဘူးလို့ အားလုံးကယုံကြည်ထားကြတယ် … အဲ့ဒါကရှန်ဝေအိမ်တော်ကနေ ထွက်ခွာသွားတဲ့အချိန်ကြာမြင့်တာကြောင့်လဲဖြစ်မယ် … ခုကျန်းသခင်လေးက ကျန်းရှီးအံ့အားသင့်စေလောက်တဲ့အရှိန်အဝါတွေနဲ့ပြန်ပေါ်လာခဲ့ပြီ … ဒါကြောင့် ရှန်ဟွှာအမှုကိုကိုင်သွယ်နေတဲ့ ကျန်းရှန်ဝေက အရာရှိကျန်းရှီးရဲ့တစ်ဦးတည်းသောသားဆိုတာကို အားလုံးက အံ့အားသင့်စွာနဲ့လက်ခံလိုက်ကြတယ် … သခင်မတွေကြားမှာ မှေးမှိန်ခဲ့တဲ့ မိခင်ကတော့ခုချိန်ထိသူမရဲ့ဖြစ်တည်မှုကိုဂရုမစိုက်ပဲ မိသားစုအတွက်သာကြည့်ပြီးပျော်ရွှင်မှုကိုသာရှာဖွေနေခဲ့တယ် … မျိုးဆက်တွေကိုစိတ်မဝင်စားပဲ သားလေးပျော်ရွှင်ဖို့ကိုသာ ရွေးချယ်ခဲ့တယ် … ဒါကချူးရှန့်လိုချင်ခဲ့တဲ့စစ်မှန်တဲ့မေတ္တာနဲ့မိသားစုမျိုးပဲ …

" အကို "

ရုတ်တရပ် ရှန်ဝေက ချူးရှန့်အရှေ့တည့်တည့်၌ဒူးထောက်ချလျှက် သူ့ရဲ့လက်တွေက ချူးရှန့်ရဲ့ လက်ဖဝါးတွေကို တင်းကြပ်စွာဆုတ်ကိုင်ကာ ကြည့်နေခဲ့တယ် … ဘာ Pheromones မှမရှိတဲ့ သာမာန်ယောက်ျားအရင့်အမာကြီး ၂ ယောက်က ဒီလိုအနေအထားမျိုးမဖြစ်သင့်၍ ချူးရှန့် ရှန်ဝေလက်ထဲကနေရုန်းထွက်ဖို့ကြိုးစားလိုက်တယ် … ဘယ်လောက်ပဲ မိသားစုကကြိုးဆိုနေပါစေ သူလိုအမှောင်ဂိုဏ်းသားတစ်ဦးပြီးတော့ ရှန်ဖန်းဂူရဲ့လူနဲ့ အလင်းဘက်ကအရာရှိ သူတို့ကိုဖမ်းဆီးဖို့လက်မှတ်ရထားတဲ့အရာရှိနဲ့ ဒီလိုအနေအထားမျိုးက လုံးဝမဖြစ်သင့်ဘူး …

" ရှန်ဝေ … မင်းဘာလုပ်နေတာလဲ … ငါ့ကိုဒီလိုမျိုးဆက်ဆံလို့မရဘူး … မင်းနဲ့ငါကမတူဘူး "

" အကို … ကျွန်တော် ဘာမှတောင်မပြောရသေးဘူး ငြင်းနေတာလား "

ရှန်ဝေအသံကဝမ်းနည်းမှုတို့ပါဝင်နေပြီး အသနားခံတဲ့အကြည့်လေးတွေနဲ့ စိုက်ကြည့်လာတော့ ချူးရှန့်ဘာမှပင်ဆက်မပြောနိုင်တော့ပေ …

" ငါဆိုလိုတာက မင်းကအရာရှိ ငါကရှန်ဟွှာကလူ … ဒါကြောင့် ငါတို့လမ်းမတူကြဘူး … ငါတို့ … "

" ကျွန်တော်တို့ကအတူတူပဲ … အကိုသွားတဲ့နောက်ကို ကျွန်တော်လိုက်မှာမို့ ကျွန်တော်တို့ကအတူတူပဲ "

" …… "

ရှန်ဝေရဲ့စကားလုံးတွေအောက်မှာ ချူးရှန်တုန့်ပြန်ဖို့ စကားလုံးရှာမတွေ့တော့ခြေ … ဘာကြောင့်များ ဒီကောင်လေး မဖြစ်နိုင်တာကိုတွေးပြီး ခေါင်းမာနေရတာလဲ … ရုတ်တရပ် ရှန်ဝေက သူ့ရဲ့လက်တွေနဲ့ ချူးရှန့်ပခုံးတွေကို တင်းကြပ်စွာဖိကိုင်လိုက်တယ် … သူ့ရဲ့အကြည့်တွေက လေးနက်လှပြီး ထွက်ကျလာတဲ့စကားလုံးတွေက ချူးရှန့်နှလုံးသားလေးကို သေးငယ်တဲ့အပ်တွေနဲ့ ထိုးစိုက်နေသလိုပင် …

" အကိုကျွန်တော့ကိုစွန်ပြစ်တော့မှာလား … ကျွန်တော့ကို မလိုအပ်တော့ဘူးလား "

" ငါ … ငါမင်းကို မစွန့်ပြစ်ပါဘူး "

နောက်ဆုံးရှန်ဝေ ရှိသမျှသတ္တိတွေကို စုဝေးလျှက် ချူးရှန့်ရဲ့မျက်ဝန်းတွေနဲ့အကြည့်ချင်းစုံပြီး လေးနပ်စွာဖြင့်ဆိုလာခဲ့တယ် …

" ကျွန်တော်အကို့ကိုချစ်တယ် … ကျွန်တော်ကဘီတာဖြစ်နေရင်တောင် အကိုကယောက်ျားတစ်ယောက်ဖြစ်နေရင်တောင်မှ ကျွန်တော့အချစ်တွေက ပြောင်းလဲမသွားဘူး … အကိုနဲ့လက်ထက်ပြီးအကိုနဲ့အတူ နေချင်တယ် … ကျွန်တော့ရဲ့မိတ်ဖက်က အကိုတစ်ယောက်ပဲဖြစ်ရမယ် "

ဒီစကားလုံးတွေက ချူးရှန့်အား အားပြင်းတဲ့လက်နတ်ဖြင့်တိုက်ခိုက်ခံနေရသလို ထိတ်လန့်စေပြီး ရှောင်ဖယ်ဖို့ပင်မေ့လျော့စေခဲ့တယ် … ဘယ်လိုအဖြေပေးသင့်လဲ … ဖြစ်သင့်လား မဖြစ်သင့်ဘူးလား … လက်ခံသင့်လား ငြင်းဆန်သင့်လား … ဝေခွဲမရတဲ့နောက်ဆုံး ချူးရှန် သူ့အရှေ့က ရှန်ဝေအား တွန်းထုတ်လိုက်လေတော့တယ် … ရှန်ဝေးအကြည့်တွေက ချူးရှန့်ထံကနည်းနည်းလေးမှရွေ့မသွားပဲ ချူးရှန့်ရဲ့တုန့်ပြန်စကားတွေကို လေးနက်စွာနားထောင်နေခဲ့တယ် …

" မင်း ဒီစကားကို ဘယ်လိုတွေးပြီး ပြောထွက်နိုင်တာလဲ …  ငါ … ငါက သာမန်ဘီတာ ပြီးတော့ ယောက်ျားတစ်ယောက် … ပတ်ဝန်းကျင်မှာ ဒီလိုမျိုးတွဲဖက်တယ်လို့မြင်ဖူးလား … မင်းအဖေသိရင် မင်းကို ဘယ်လောက်ဒေါသထွက်လိုက်မလဲ … လူကြီးတွေကို မျက်နှာပျက်အောင်လုပ်နေတာလား "

" ကျွန်တော်မဟုတ် … "

ချူးရှန့်က ရှန်ဝေအားဆက်၍ပြောခွင့်မပြုနိုင်တော့ပေ … ဒီကောင်လေးဆက်ပြောနေရင် သူ့ရဲ့နောက်ဆုံးသော သည်းခံနိုင်သည့်စိတ်လေးပျောက်ကွယ်သွားမှာကြောက်မိတယ် … မဖြစ်နိုင်တဲ့တောင်ဆိုမှုကို စိတ်ကူးယဉ်ဆန်စွာရွေးချယ်ဖို့ ခွန်အားမရှိပေ … ဒီအရွယ်ရောက်မှ အချစ်ကိုရွေးချယ်တော့ရောဘာလုပ်ရမှာတဲ့လဲ … သူကနှလုံးသားကိုသော့ခပ်သိမ်းထားပြီး သခင်ကိုသာကာကွယ်ဖို့ဆုံးဖြတ်ထားသူ … အဆုံးသတ်မသိနိုင်တဲ့ဘဝမျိုးမှာ အချစ်ကိုကိုးကွယ်ဖို့မဖြစ်နိုင်ဘူး …

" မင်းက လူကြီးတွေရဲ့ရည်မှန်းချက်ကို ဖျက်စီးနေတာလား … မင်း … မင်းက မျိုးရိုးမြင့်မိသားစုနဲ့တွဲဖက်သင့်တာ … ငါကဘာမှမဟုတ်တဲ့လူတစ်ယောက် … သခင့်အတွက်အသက်ပေးရမဲ့ကာကွယ်ရေးပစ္စည်းတစ်ခုသာသာပဲ … ငါ့မှာအနာဂတ်မရှိဘူး … ငါအသက်ရှင်နေတာကငါ့ရဲ့အနာဂတ်ပဲ … ငါသေတဲ့ထိ ငါ့ကိုသခင်ကပဲပိုင်တာ … ငါကမင်းရဲ့မိတ်ဖက်မဖြစ်နိုင်ဘူး "

ချူးရှန့်ရဲ့အသံကအနည်းငယ်တုန်ရင်နေသည်ဟုခံစားရတယ် … ခံစားချက်တွေက ဝမ်းနည်းမှုဘက်ဦးတည်နေပြီး ခုလိုငြင်းပယ်လိုက်ခြင်းက ချူးရှန့်ရင်အား နာကျင်စေတယ် … ရှန်ဝေကပို၍ပင်နာကျင်သွားခဲ့တယ် …

" ဒါဆို ကျွန်တော် သခင်ဖန်းဂူဆီကနေအကို့ကိုရအောင်တောင်းမယ် … အကို့ဖြစ်တည်မှုကကျွန်တော့အတွက်ဖြစ်အောင်လုပ်မယ် … ဒီလိုဆိုရင်ရော ကျွန်တော့မိတ်ဖက်ဖြစ်ပေးနိုင်မလား "

ရှန်ဝေရဲ့မလျော့သောဇွဲနဲ့တောင်းဆိုနေမှုက ချူးရှန့်ရဲ့သည်းခံနိုင်စွမ်းကိုကျော်လွန်သွားစေခဲ့တယ် … ဖြူစင်လွန်တဲ့ခွေးလေးတစ်ကောင်ကသခင်ထံအသနားခံနေသလိုမျက်နှာလေးနဲ့ သူ့အရှေ့မှာ ဒူးထောက်နေဆဲဖြစ်တဲ့ ရှန်ဝေအား ချူးရှန့်ကြည့်ရင်း သက်ပြင်ဖွဖွချလိုက်မိတယ် … သူဘယ်လိုလုပ်ပြီး ငြင်းပယ်နိုင်တော့မှာလဲ …

" ငါကအသက်ကြီးနေပြီ … ပြီးတော့ ရုပ်လဲမလှဘူး "

" အကိုကအရမ်းချောလွန်းလို့ မျက်မှန်ချွတ်လိုက်ရင် ပတ်ဝန်းကျင်ကလူတွေကြွေမှာတောင်ဆိုးမိတယ် "

" ငါက ဟင်းချက်နဲ့သေနတ်ပြစ်တာပဲကြွမ်းတယ် … လူမှုဆက်ဆံရေးသိပ်မကောင်းဘူး "

" လူတွေနဲ့ဆက်ဆံရေးမကောင်းရင်နေပါ … ကျွန်တော်နဲ့ဆက်ဆံရေးကောင်းရင်ရပြီ "

" ငါက ခုချိန်ထိ အတွေ့အကြုံမရှိသေးဘူး "

ထိုစကားအဆုံး ချူးရှန့်ပါးလေးတွေက ရဲကနဲဖြစ်သွားပြီး ရှန်ဝေထံမှအကြည့်တွေကိုလွှဲလိုက်တယ် … အမှန်တကယ်ရှက်သွားပုံပင် … အမှန်ပင်ချူးရှန့်ဟာ တစ်စုံတစ်ယောက်ကို ချစ်ကြိုက်ဖို့မတွေးဖူးခဲ့သလို တစ်စုံတစ်ယောက်ချစ်ကြိုက်လိမ့်မည်ဟုလဲ ထင်မထားခဲ့ပေ … ဒါကြောင့်မို့ သူ့ထံ၌ အရာအားလုံးဟာ ပထမသာဖြစ်နေလိမ့်မယ် … ဒါကိုတွေးမိတော့ ရှန်ဝေအပြုံးတွေကအရိုင်းဆန်လာခဲ့တယ် … သူက ပါးလေးတွေနီရဲနေတဲ့ ချူးရှန့် မျက်နှာလေးထံကပ်ကာသူ့ရဲ့လက်လေးနဲ့ ပါးအိအိလေးအားပွတ်သပ်လိုက်ရင်း …

" ကျွန်တော်သင်ပေးမှာပေါ့ … ခုပဲ အနမ်းကနေ စကြမလား "

ချူးရှန့်ပင်မဖြေရသေး ရှန်ဝေဟာ သူကိုင်ထားတဲ့ ချူးရှန့်ပါးအိအိလေးအား  ' ပြွတ် ' ကနဲမြည်အောင် အနမ်းပေးလိုက်တယ် … ချူးရှန့်ထိတ်လန့်သွားခြင်းကြောင့် မျက်နှာက နီနေရာကနေပို၍ရဲသွားတော့ ရှန်ဝေမပြုံးပဲမနေနိုင် … အမှောင်လောကနတ်ဘုရားလေးက အရမ်းကိုဖြူစင်လွန်းလှတဲ့အပြင် ရှက်တတ်လွန်လှ၍ ပို၍ပင်စနောက်ချင်လာမိတယ် …

" အကို … ကျွန်တော့ကို ပြန်နမ်းပေးပါလား "

ရှန်ဝေက သူ့ရဲ့မျက်နှာအား ချူးရှန့်နားကပ်သွားတော့ ချူးရှန် ဘာပြန်လုပ်ရမည်မသိ ရှက်သည့်စိတ်နဲ့တင် ရူးသွားမတတ်ပင် … အဖြေတောင်မပေးရသေးဘူး သူ့အားဝါးစားလုမတတ်အနားတိုကပ်လာ၍ ရုန်းထွက်ချင်သော်လဲ ခန္ဓာကိုယ်က လှုပ်မရအောင် ကျောက်ရုပ်ဖြစ်နေတယ် … နောက်ဆုံး ရှိသမျှသတ္တိတွေကိုစုစည်းပြီး တုန့်ပြန်နိုင်ခဲ့တယ် …

" ငါ … ငါတို့ သွားသင့်ပြီ "

" ကောင်းပြီး … ဆက်သွားကြတာပေါ့ "

ပြောချင်သည့်အဓိပ္ပာယ်နှင့် သက်သက်စင်အောင်လွဲမှားကာ ရှန်ဝေဟာ သူ့အရှေ့က အရှက်ကြီးလွန်တဲ့လူသားအား သူ့ရဲ့ရင်ခွင်ထဲဆွဲပွေ့လိုက်ပြီး အံ့ဩထိတ်လန့်မှုကြောင့် အနည်းငယ်ပွင့်ဟနေတဲ့ ပန်းဆီရောင်နှုတ်ခမ်းသားလေးအား သူ့ရဲ့နှုတ်ခမ်ဖြင့် ဖိပိတ်လိုက်လေတော့တယ် … ရှန်ဝေရဲ့အနမ်းက ညှင်သာပေမဲ့ ချူးရှန့်အတွက်တော့ ထိုးစစ်ဆင်ခံလိုက်ရသလို ပြန်လည်တိုက်ထုတ်နိုင်ဖို့ခွန်အားမရှိတော့ပဲ သူ့ရဲ့ခံတွင်းထဲဝင်ရောက်လာတဲ့ ရှန်ဝေရဲ့လျှာနွေးနွေရဲ့အရသာကိုသာခံစားရင်း အသက်ရှူဖို့မေ့လျော့သွားလေတော့တယ် …

' သူ့နှုတ်ခမ်းကအရမ်းနူးညံ့တယ် … သူ့လျှာက သေးပြီးတော့နွေးနွေးလေးပဲ … ကြောက်နေတာလေးက ချစ်ဖို့ကောင်းလိုက်တာ … ဆက်နမ်းချင်သေးတယ် … ' ရှန်ဝေအတွေးတွေကတည်းငြိမ်မနေခဲ့ပေ …

အနမ်းတွေကနွေးထွေးတယ် သို့ပေမဲ့ ချူးရှန့်တုန့်ပြန်မှုမပေးခဲ့ … ရှန်ဝေရဲ့ စုပ်ယူနေတဲ့နှုတ်ခမ်းသားတွေအောက်မှု ငြိမ်သက်နေပြီး နွေးထွေးမှုကိုခံစားရင်းချူးရှန့်အသက်မရှူနိုင်ခဲ့ပေ … အင်အားကြီးပါတယ်ဆိုတဲ့သူ့ရဲ့ကိုယ်က ရှန်ဝေရဲ့ရင်ခွင်ထဲမှာ အရုပ်ကြိုးပျက် လဲလျှောင်းနေရပြီး တွန်းလှန်ဖို့ပင်ခွင့်မသာခဲ့ပေ … အရမ်းကိုနွေးထွေးလွန်းတာမို့ ရုန်းမထွက်ချင်ခဲ့ချင်းပင် … နှုတ်ခမ်းတစ်ခုနဲ့တစ်ခု ပွတ်သပ်နေမှုက မြန်ဆန်လာပြီး ရှန်ဝေရဲ့ အသက်ရှူသံပြင်းပြင်းကို ခံစားနေရတယ် … နို့ငတ်နေသည့်ကလေးငယ် မိခင်နို့ရည်ကိုအနမ်းမရစုပ်ယူနေသည့်နယ် … သူတို့မှာသာဟော်မုန်းတွေရှိနေရင် ပတ်ဝန်းကျင်တစ်ခုလုံးအရောင်ပြောင်းနေလောက်ပြီ … ချူးရှန့်အနည်းငယ်ရုန်းကန်ကြည့်ပေမဲ့ ရှန်ဝေက နည်းနည်းလေးမှလွှတ်ပေးမဲ့ပုံမပေါ်သလို သူ့ရဲ့လျှာကအတွင်းနက်နက်ထိရောက်လာ၍နောက်ဆုံး ချူးရှန့်အရှုံးပေးလိုက်ရတော့တယ် … သူ့ရဲ့ပထမဆုံးအနမ်းတစ်ပွင့်ကအရိုင်းဆန်လွန်း၍ အသိစိတ်ပင်မကပ်နိုင်တော့ခြေ …

အချိန်ကြာလာသည်နှင့်အမျှ ရှန်ဝေလက်တွေက ငြိမ်နေနိုင်တော့ပဲ သူ့ရဲ့ကျောပြင်အတွင်းတစ်လျှောက်ပွတ်သပ်လာခြင်းကြောင့် ချူးရှန့်တစ်ကိုယ်လုံးကြက်သီးမွေးညှင်းများပင်ထလာတယ် … အေးဆက်ဆက်လက်ဝါးတွေက သူ့ရဲ့အသွေးအသားတွေကို ဆွဲစုတ်ပြစ်မှာကြောက်နေမိတယ် … ပြီးရင်သူ့ရဲ့နှုတ်ခမ်းတွေနဲ့ဝါးမြိုပြစ်မှာကြောက်နေမိတယ် … အတွေ့အကြုံမရှိတဲ့လူတစ်ယောက်ရဲ့အကြောက်တရားတွေက သန်မာပါတယ်ဆိုတဲ့ချူးရှန့်ကို ယုန်တစ်ကောင်ကျားလက်ထဲရောက်နေသလိုမျိုးတုန်ရင်သွားစေတယ် … ရှန်ဝေလဲရိပ်မိသွားပုံပင် နယ်ချဲ့နေတဲ့သူ့ရဲ့လက်တွေကို ရုပ်သိမ်းလိုက်ပြီး တင်းကြပ်စွာဖက်သွယ်ရင်း အနမ်းကိုသာဦးစားပေးလုပ်ဆောင်နေခဲ့တယ် … နောက်ဆုံးအနေနဲ့ ချူးရှန့် ရှန်ဝေရဲ့စကားသံတိုးတိုးကို ကြားနိုင်ခဲ့တယ် …

" အကို မကြောက်ပါနဲ့ … အကို … အကို "

" …… "

" သူမရုန်းတော့ဘူး "

" …… "

" မျက်ရည်တွေလား "

" …… "

ရှန်ဝေရဲ့အသံတွေကတစ်ဖြေးဖြေးအဝေးမှာကျန်နေခဲ့ပြီး ချူးရှန့် ခနမျှလောကကြီးနဲ့အဆက်အသွယ်ပျက်သွားလေတော့တယ် … ဟုတ်ပါတယ် အနမ်းပေးရင်း အသက်ရှူမမှန်၍ သတိလစ်သွားချင်းပင် … ရှန်ဝေထိတ်လန့်သွားပြီး ရင်ခွင်ထဲ၌ငြိမ်သက်နေတဲ့ချူးရှန့်အားကြည့်လိုက်တော့ မျက်လုံးလေးပိတ်ကာ မျက်ဝန်းဒေါင့်၌ မျက်ရည်စီးကြောင်းလေးကပါးပေါ်သို့စီးဆင်လာသည်ကိုမြင်လိုက်ရတယ် … ဘယ်လောက်တောင်ကြောက်နေရှာတဲ့ယုန်ငယ်လေးလဲ … ရှန်ဝေ ပြုံးလိုက်ရင်း ယုန်ငယ်လေးအား သူ့ရင်ခွင်ထဲ၌တင်းကြပ်စွာ ပွေ့ဖက်ထားလေတော့တယ် …

" အရူးလေး … အနမ်းပေးရင်း အသက်ရှူမယ်ဆိုတာ မသိဘူးလား … မျက်ရည်တောင်ကျလိုက်သေးတယ် … အရမ်းချစ်ဖို့ကောင်းတာပဲ "

.

.

.

.

To Be Continued …

( ကဲ ချူးချူးတို့က အနမ်းပေးတာတောင်သတိလစ်ပါတယ်တဲ့နော် … Papapa ရင်တော့ တစ်ပတ်လောက်လဲနေမလားပဲ 🧛‍♀️ နောက်အပိုင်းမှာ လုယီလေးတို့လာပါမယ် ဆက်မျှော်နေပေးပါ 🥰 )

( GZ လေးတို့ရေ အရေးတော်ပုံအောင်ရမည် ✊💪 )

( ချူးရှန့်နဲ့ရှန်ဝေ တို့အတွဲနဲ့ကိုက်ညီမဲ့ပုံလေးပါ 🥰🤗 )

Zawgyi
~~~~~~

ေလထုကအနည္းငယ္ေအးစက္လွ်က္ရွိေနၿပီး ပတ္ဝန္းက်င္တစ္ခုလုံးတိတ္ဆိတ္ကာေနတယ္ … ထမင္းစားဝိုင္းရဲ႕ေဘးပတ္ပတ္လည္မွာ လူ ၃ ေယာက္ထိုင္ေနၿပီး ဘယ္သူမွလဲစကားမဆိုၾကဘူး … ညကအေၾကာင္းအရာေတြကိုျပန္ေတြးမိၿပီး ခ်ဴးရွန႔္ အေနရခက္လာသည္ႏွင့္ သူနဲ႕ ၂ ခုံျခားေလာက္မွာထိုင္ေနတဲ့ ယုယြမ္ကိုလွမ္းၾကည့္လိုက္တဲ့အခါ သူမကသူခ်က္ေပးထားတဲ့ေခါက္ဆြဲျပဳတ္ပန္းကန္အားေခါင္းႏွစ္ကာအားရပါးရစားေနတာကိုေတြ႕ရေတာ့ ခ်ဴးရွန႔္သူကပဲအေတြးလြန္ေနတာမ်ားလားထင္မိလိုက္တယ္ … သူမကေတာ့ ပုံမွန္အတိုင္း အစားကိုစားေနၿမဲ နည္းနည္းေလးမွပ်က္မသြားခဲ့ … မသိရင္မေန႕ညကမစားခဲ့ရ၍ ႏွစ္ႏွပ္စာေပါင္းစားေနသည့္အလားပင္ …

ထိုစဥ္ ခ်ဴးရွန႔္သူ႕အား တစ္စုံတစ္ရာကစိုက္ၾကည့္ေနသလိုခံစားေနရ၍ မ်က္ဝန္းေဒါင့္ကေနျမင္ေနရတဲ့မလႈပ္မယွက္ထိုင္ေနတဲ့ ရွန္ေဝထံအၾကည့္ပို႔လိုက္တယ္ … ရွန္ေဝဟာ သူ႕အတြက္မနက္စာကိုမစားတဲ့အျပင္ ခုံေပၚသို႔ေမးေထာက္လွ်က္ ခ်ဴးရွန႔္အားေငးၾကည့္ေနျခင္းျဖစ္တယ္ … တကယ္ဆိုရင္ စိတ္ဆိုးေနတဲ့ေကာင္မေလးကိုေခ်ာ့သင့္တာကို သူ႕ကိုသာၾကည့္ေနတဲ့ရွန္ေဝအား ခ်ဴးရွန႔္အေတာ္ေလးနားလည္ရခက္သြားတယ္ … သူတို႔ရဲ႕တင္းမာေနတဲ့အေျခအေနၾကား ယုယြမ္ရဲ႕စကားသံထြက္ေပၚလာခဲ့တယ္ …

" မနက္စာဘာလို႔မစားၾကတာလဲ … မစားခ်င္ရင္ယုကိုေပး … အကုန္စားျပစ္မယ္ "

သူမခြက္ထဲကေခါက္ဆြဲေတြကကုန္သြားေျခၿပီ … သူမထိုသို႔ေျပာလာေတာ့ ခ်ဴးရွန႔္ ကသူမရွန္ေဝကိုစိတ္ဆိုးေနေသးမွန္းသေဘာေပါက္သြားတယ္ …. ထိုအခါ သူကအျပစ္လုပ္ထားသူမို႔ ၾကားထဲကေနျဖန္ေျဖေပးရေတာ့တယ္ …

" စိတ္မဆိုးပါနဲ႕ … အကိုဗိုက္မစာလို႔ အကိုဟာစားလိုက္ေနာ္ "

ခ်ဴးရွန႔္က သူ႕ရဲ႕မနက္စာကို ယုယြမ္ထံေပးေနတာျမင္လိုက္ေတာ့ ရွန္ေဝကခ်က္ခ်င္းတားလိုက္တယ္ …

" အကို႔ဟာကို ဘာလို႔ေပးမွာလဲ … ကြၽန္ေတာ့ဟာေပးလိုက္မယ္ "

ထိုအခါမွခ်ဴးရွန႔္ကသေဘာေပါက္သြားေလတယ္ … * ဟုတ္သားပဲ … တကယ္ဆိုရွန္ေဝကေခ်ာ့ရမွာဆိုေတာ့ သူဟာပဲေပးသင့္တာ *

" အကို႔ဟာကြၽန္ေတာ္ပဲစားမယ္ "

ရွန္ေဝကသူ႕ဟာကိုယုယြမ္ထံေပးၿပီး သူကရွန္ေဝဟာကိုယူလိုက္တယ္ …

" …… "

" အတူတူစားမယ္ေလ … အကိုဟ "

ရွန္ေဝက တူကိုယူကာ ေခါက္ဆြဲကိုေကာ္ယူၿပီးေနာက္ ခ်ဴးရွန႔္အား ခြင့္ေႂကြးေလေတာ့တယ္ …

" မဟုတ္ … မဟုတ္ေသးဘူးေလ "

* တကယ္ဆို ရွန္ေဝက သူမကိုဒီလိုျပဳမူသင့္တာမဟုတ္လား … သူ႕ပန္းကန္ထဲကဟာကို သူမစိတ္ဆိုးေျပေအာင္ ညွင္ညွင္သာသာေလးခြင့္ေႂကြးရမွာေလ … ခုေတာ့ဘာေၾကာင့္ သူမမဟုတ္ပဲ ငါျဖစ္ေနတာလဲ … * ခ်ဴးရွန႔္အေတြးမ်ားျဖင့္ေယာက္ရက္ခက္ကာ ရွန္ေဝျပဳသမွ်ကိုသာၿငိမ္ခံေနရတယ္ … သူ႕ပါစပ္ထဲ ဘယ္ႏွႀကိမ္ခြင့္ေႂကြးၿပီးလဲပင္မမွတ္မိေတာ့ေပ …

" အကိုေနမေကာင္းဘူးလား "

ရွန္ေဝက ခ်ဴးရွန႔္နေဘးကခုံေပၚသို႔ထိုင္လိုက္ၿပီး ခ်ဴးရွန႔္ႏွဖူးေပၚသို႔ ညွင္သာစြာ စမ္းသပ္ၾကည့္လိုက္တယ္ … ထိုခန၌ ခ်ဴးရွန႔္ဘာလုပ္ရမည္ကိုပင္မသိေတာ့ေခ် … သူတို႔ကိုအထင္လြဲမည္ဆို၍ ရွင္ျပခ်င္ေပမဲ့ လက္ေတြ႕မွာေတာ့ ပို၍အထင္လြဲေလာက္သည့္အေျခအေနျဖစ္ေနတယ္ …

" အကို႔အသားေတြက နီေနတာပဲ … တကယ္ေနမေကာင္းဘူးလား "

" မဟုတ္ … "

" ဒါဆို ဒီေခါက္ဆြဲေတြမစားနဲ႕ေတာ့ … ကြၽန္ေတာ္နဲ႕အတူ မနက္စာဝယ္စားရေအာင္ "

" မလို … "

" ကြၽန္ေတာ္အျပင္ကေနေစာင့္ေနမွာမို႔ လိုက္လာခဲ့ "

သူပင္ဘာမွမေျပာရေသးခင္ ရွန္ေဝဟာ ကားေသာ့ဆြဲယူကာ ထြက္သြားေလတယ္ … ခ်ဴးရွန႔္က ယုယြမ္အား အာနာစြာျဖင့္ၾကည့္လိုက္ေတာ့  သူမအေရွ႕က ခ်ဴးရွန႔္ပန္းကန္ကိုပါ လက္တစ္ဖက္ကလွမ္းယူေနတယ္ … သူမယူေနတာကို ခ်ဴးရွန႔္မိသြားေတာ့ သူမကရွက္ၿပဳံးေလးၿပဳံးကာျဖင့္ဆိုလာခဲ့တယ္ …

" အကိုလိုက္သြားေလ … ဘာမွစိတ္မပူနဲ႕ … ယု အကုန္စားထားလိုက္မယ္ "

" …… "

* ငါကေခါက္ဆြဲေတြအလကားျဖစ္ကုန္မွာဆိုးလို႔စိတ္ပူေနတဲ့႐ုပ္ေပါက္ေနတာလား … တကယ္ကိုစားနိုင္ေသာက္နိုင္တဲ့အ႐ြယ္ေကာင္းေလးပဲ * သူကစိတ္ထဲ၌သာေတြးရင္း ထိုေနရာကေန လွည့္ထြက္လာခဲ့တယ္ … တံခါးကိုဖြင့္လိုက္စဥ္အျပင္၌ တစ္စုံတစ္ေယာက္က ခ်ဴးရွန႔္အား ဖမ္းခ်ဳပ္လိုက္ေလေတာ့တယ္ … ဆူညံသံေၾကာင့္ ယုယြမ္ထြက္လာေတာ့ သူမကိုပါဖမ္းခ်ဳပ္ကာ သူတို႔အား အနက္ေရာင္ကားအႀကီးေပၚသို႔ေခၚသြားေလေတာ့တယ္ …

" အကို … ယုယြမ္ "

ကားရဲ႕အတြင္းထဲမွာ ရွန္ေဝရွိေနၿပီး ခ်ဴးရွန႔္တို႔ကိုျမင္ေတာ့ စိုးရိမ္မႈတို႔ျပင္းထန္လာခဲ့တယ္ … ရွန္ေဝအၾကည့္ေတြက ယုယြမ္ထံေရာက္သြားေတာ့ သူမကအျပစ္လုပ္ထားသည့္လူပမာ ရွန္ေဝအားအၾကည့္ျခင္းမစုံခဲ့ေပ … ရွန္ေဝက သူ႕ရဲ႕ေဘးနားမွာ ခ်ဴးရွန႔္ကိုထိုင္ေစၿပီး စိတ္ေအးေအးထားဖို႔ ဘာမွမေၾကာက္ဖို႔သာေျပာေနခဲ့တယ္ … ခ်ဴးရွန႔္သူ႕တို႔အားေခၚလာတဲ့လူေတြကိုၾကည့္မိေတာ့ အေမွာင္ဂိုဏ္ကလူေတြနဲ႕လဲမတူသလို ကားရဲ႕အမွတ္တံဆိတ္မွာလဲ က်န္းအမွတ္အသားပါေန၍ ရွန္ေဝရဲ႕လူေတြဆိုတာသိေနခဲ့တယ္ … ဘာရည္႐ြယ္ခ်က္နဲ႕ေၾကာင့္မွန္းမသိေပမဲ့ သူ႕အနားမွာရွန္ေဝရွိေန၍ အလိုလိုစိတ္ေအးေနခဲ့တယ္ …

သူတို႔ကားေလးက ခ်ဴးရွန႔္တစ္ခါကေရာက္ခဲ့ဖူးတဲ့ က်န္အိမ္ေတာ္ႀကီးအထဲသို႔ဝင္လာခဲ့တယ္ … ဒီတစ္ႀကိမ္က လူေတြလဲမ်ားသလို ၿခံထဲမွာေစာင့္ေနတဲ့အေစာင့္ေတြကလဲ ပုံမွန္ထက္မ်ားေနတယ္ … မသိရင္ အက်ဥ္းသားထြက္ေျပးမွာဆိုး၍ ေစာင့္ၾကည့္ေနၾကသည့္အလား … တကယ္ေတာ့ ထိုအရာေတြက အရာရွိေတြအတြက္ ယုံၾကည္စိတ္ခ်ရတဲ့လုံၿခဳံေရတစ္ခုပင္ …

အိမ္ထဲကိုဝင္လာေတာ့ အေစာင့္ေတာ္ေတာ္မ်ားမ်ားက သူတို႔အားဝန္းရံထားၾကတယ္ … ခ်ဴးရွန႔္သတိမထားမိခင္မွာပင္ ရွန္ေဝက ခ်ဴးရွန႔္လက္အားဆြဲကိုင္ထားၿပီေျခၿပီ … ခ်ဴးရွန႔္အိမ္ေတာ္ႀကီးအားလွည့္ပတ္ၾကည့္ေနတာနဲ႕ ထိုအရာအားသတိမထားမိလိုက္ဘူး … သူတို႔ ဧည့္ခန္းထဲကိုေရာက္ေတာ့ အေစခံတခ်ိဳ႕က စားဖို႔ေသာက္ဖို႔ မုန႔္ေတြ ေဖ်ာ္ရည္အပူအေအးေတြယူၿပီးလာခ်ေပးၾကတယ္ … ၿပီးေနာက္အိမ္ေတာ္ထိန္းနဲ႕တူတဲ့အသက္ႀကီးႀကီးဦးေလးႀကီးတစ္ေယာက္ေရာက္လာၿပီး ရွန္ေဝအား ဂါဝရျပဳကာဆိုလိုက္တယ္ …

" သခင္ေလး … ေရာက္လာပါၿပီလား "

ရွန္ေဝက ခ်ဴးရွန႔္မၾကားေအာင္ ထိုဦးေလးႀကီးနဲ႕အေဝးတစ္ေနရာမွာ စကားေတြေျပာၿပီးေနာက္ ခ်ဴးရွန႔္တို႔အနား ျပန္ေရာက္လာခဲ့တယ္ … သူက ယုယြမ္ကို မ်က္ေစာင္းတစ္ခ်က္ထိုကာၾကည့္လိုက္ၿပီး ဆိုလိုက္တယ္ …

" ယုယြမ္ … မာမားကိုသြားႀကိဳလိုက္ "

" ဟုတ္ "

သူမက ဘယ္အခ်ိန္ကတည္းက သြားခ်င္ေနလဲမသိ ခ်က္ခ်င္းေျပးထြက္သြားေလတယ္ … ခနၾကာေတာ့ အိမ္ေတာ္ထဲကအေစာင့္ေတြလဲတစ္ေယာက္မွမရွိၾကေတာ့ပဲ ရွန္ေဝနဲ႕ခ်ဴးရွန႔္သာလွ်င္ က်န္ေနခဲ့ေတာ့တယ္ … ထိုစဥ္တိတ္ဆိတ္ေနသည့္ေလထုၾကားမွ ထြက္ေပၚလာသည့္ ေႏြးေထြသည့္သံစဥ္တစ္ခု … ခ်ဴးရွန႔္လွည့္ၾကည့္မိေတာ့ ရွန္ေဝက Piano တစ္ခုေပၚမွာထိုင္ၿပီး လွပတဲ့သံဇဥ္တစ္ခုကို တီးခပ္ေနခဲ့တယ္ … သူ႕ရဲ႕လက္ေခ်ာင္းေတြက ေသနတ္ပတ္ခတ္သည့္ေနရာမွာ ၾကမ္းတမ္းသလို ခုလိုသံစဥ္လွိုင္းေတြထြက္ေပၚလာေအာင္တီးခတ္သည့္ေနရာမွာေတာ့ ႏူးညံ့ညွင္သာလွတယ္ …

ထိုအခါ ခ်ဴးရွန႔္ ထိုျမင္ကြင္းမ်ားက တစ္ခ်ိန္တုန္းက သူ႕ရဲ႕သခင္ရွန္ဖန္းဂူအားျပန္ျမင္ေနရသည္ဟုခံစားလိုရတယ္ … သူတို႔ရဲ႕လုပ္ပုံကိုင္ပုံေတြ ဘယ္ေလာက္ၾကမ္တန္းေနပါေစ သံဇဥ္လွိုင္းေတြတီးခတ္ေနတဲ့အခ်ိန္မွာေတာ့ စိတ္ၿငိမ္လြန္းၿပီး တစ္ျခားတစ္ေယာက္ေျပာင္းသြားသည္ဟုပင္ခံစားရသည္ထိပင္ … သူတို႔ကအလြန္ကိုတူညီၾကတယ္ … သူ႕ရဲ႕သခင္ေတြက တူညီၾကတာပဲ … ခ်ဴးရွန႔္အလိုလိုၿပဳံးမိသြားေလတယ္ …

သူ႕ရဲ႕ေျခလွမ္းေတြက ရွန္ေဝထိုင္ေနသည့္အနားေလွ်ာက္သြားကာ ေဘးမွေနရပ္၍နားေထာင္ေနခဲ့တယ္ … သူ႕ရဲ႕ယခင္ကသခင္နဲ႕မတူညီတဲ့အခ်က္ကေတာ့ ရွန္ေဝဟာ သူ႕အားရပ္မေနေစဘဲ သူ႕ရဲ႕ေဘးသို႔ဆြဲကာထိုင္ေစလိုက္တယ္ … ၿပီးေတာ့ သူ႕ရဲ႕လက္ေတြကို ဆြဲယူၿပီး သံစဥ္တစ္ခုကို လူႏွစ္ေယာက္ ဖန္တီးလိုက္ၾကတယ္ … ရွန္ေဝလက္ေတြက သူ႕ရဲ႕လက္ေပၚမွာယွက္ႏြယ္ေနၿပီး သူ႕အား Piano ခလုပ္ေတြေပၚ ေဆာ့ကစားေစခဲ့တယ္ … ခ်ဴးရွန႔္က သံစဥ္ကိုသာနားေထာင္တတ္ၿပီး မတီးခတ္တတ္၍ ရွန္ေဝလႈပ္ရွားမႈအတိုင္းသာအလိုက္သင့္ေလး ျပဳမူေနလိုက္တယ္ … လူတစ္ေယာက္ရဲ႕ဂ႐ုစိုက္မႈေတြနဲ႕ ေနသားမက်တဲ့ ခ်ဴးရွန႔္ ရင္တစ္ခုလုံးလႈပ္ခပ္ေနၿပီး ရွန္ေဝရဲ႕ထိေတြ႕မႈေတြကို ျငင္းဆန္ခ်င္ေပမဲ့ သူ႕ကိုယ္တစ္ခုလုံးကိုအေနာက္ကေနအုပ္မိုးခံထားရျခင္းေၾကာင့္ ရွန္ေဝရဲ႕လက္ကေန႐ုန္းမထြက္နိုင္ခဲ့ေပ … ရွန္ေဝအသက္ရႉထုတ္လိုက္တိုင္း ပူေႏြးေႏြးေလေတြက နားထပ္သို႔ထိခပ္ေနၿပီး စစ္တိုက္ရသည္ထက္ပင္ စိတ္လႈပ္ရွားေစတယ္ …  ဘယ္ေလာက္ပင္ၾကာသြားလဲမသိ အိမ္ထဲသို႔ကားအတန္းလိုက္ႀကီးဝင္လာမွသူတို႔ရပ္တန႔္လိုက္ၾကတယ္ …

" အားရွန္ "

ႏူးညံ့ညွင္သာတဲ့အသံတစ္စထြက္ေပၚလာၿပီး သူမဟာ ကားေပၚမွဆင္းလာၿပီးခ်က္ခ်င္း ရွန္ေဝထံေျပးကာဖက္သြယ္လိုက္ေလတယ္ … သူမကေတာ့ လွပၿပီးငယ္႐ြယ္ပုံေပၚေပမဲ့ သခင္မေတြၾကားမွာသိပ္ၿပီးထင္ထင္ေပၚေပၚမေနတတ္တဲ့ ရွန္ေဝရဲ႕မိခင္ျဖစ္သူပင္ … ရွန္ေဝကလဲ သူမအားျပန္လည္ဖက္သြယ္ကာ သားအမိေတြအလြမ္းသယ္ေနၾကတယ္ … ၿပီးေနာက္သူမက ရွန္ေဝအားလႊတ္လိုက္ၿပီး ရွန္ေဝအေနာက္က ခ်ဴးရွန႔္အားအကဲခတ္ကာၾကည့္လိုက္ၿပီးေနာက္ ဆိုလာခဲ့တယ္ …

" သူေလးကဘယ္သူလဲ "

သူမကဘယ္သူမွပင္အေျဖမေပးရေသး မွတ္မိသြားသည့္ပုံ တအံ့တဩဆိုလိုက္ျပန္တယ္ …

" သူေလးေပါ့ေလ … အျပင္မွာပိုေခ်ာတာပဲ … အသက္လဲအရမ္းမႀကီးေသးဘူး "

ခ်ဴးရွန႔္ကေၾကာင္ေၾကာင္ေလးသာရပ္ေနခဲ့တယ္ … သူမသူ႕ကိုလာဖက္တဲ့အခ်ိန္မေရာက္ခင္ထိ … ႐ုတ္တရပ္သူမက ခ်ဴးရွန႔္ကိုဖက္လိုက္တဲ့အခါ ခ်ဴးရွန႔္တစ္ကိုယ္လုံးခဲေတာင့္သြားေလတယ္ … သခင္မႀကီးက အသက္ ၆၀ ေက်ာ္ေနေပမဲ့ ၄၀ ေက်ာ္ေလာက္ဟုပင္ထင္ရေလာက္ေအာင္ႏုပ်ိဳေနၿပီး ခ်ဴးရွန့္ကေတာ့ ၃၀ ေက်ာ္ျဖစ္ေပမဲ့ ပါဝါမ်က္မွန္ထူေၾကာင့္ ၆၀ အ႐ြယ္သူမထက္ပင္ႀကီးပုံေပၚေနလိမ့္မယ္ … ခ်ဴးရွန႔္ကအလန႔္တၾကားသူမကိုဦးၫႊတ္လိုက္ေတာ့မွ သူမလဲလႊတ္ေပးလိုက္တယ္ …

" ေတာင္းပန္ပါတယ္ … လန႔္သြားလား "

" ရ … ရပါတယ္သခင္မႀကီး "

" ဘာကိုသခင္မႀကီးလဲ … မားလို႔ေခၚလဲရပါတယ္ "

" ဗ်ာ "

သူမက ခ်ဴးရွန႔္ပုံစံအားၾကည့္ၿပီး ခိုးခိုးခ္ခ္ရယ္ေလေတာ့တယ္ … ရွန္ေဝၾကည့္လိုက္ေတာ့လဲၿပဳံးေနၿပီး ယုယြမ္ကလဲေပ်ာ္ေနပုံပင္ … ခ်ဴးရွန႔္ဘာမွန္းမသိေပမဲ့ သူလဲအလိုလိုၿပဳံးမိသြားတယ္ … သူ႕ဘဝမွာ အေမဆိုတဲ့စကားလုံးကို လူမွန္းသိတတ္တဲ့အခ်ိန္ကေနစၿပီးဒီအ႐ြယ္ထိမသုံးဖူးခဲ့သလို မိခင္တစ္ေယာက္ထံကေမတၱာကိုလဲမရရွိခဲ့ဘူး … အၿမဲတမ္းသခင္အေပၚကာကြယ္ေပးရမယ္ဆိုတဲ့စိတ္တစ္ခုထည္းနဲ႕သာအသက္ရွင္သန္ခဲ့ရတယ္ … ခုလိုေႏြေထြးၿပီး သူ႕အေပၚႀကိဳဆိုေပးလာတဲ့မိသားစုနဲ႕ေတြ႕ႀကဳံလိုက္ရေတာ့ ခ်ဴးရွန္ႏွလုံးသားေလးထဲထိကိုေႏြေထြးသြားတယ္လို႔ခံစားလိုက္ရတယ္ … သခင္မႀကီးက ခ်ဴးရွန္လက္အားဆြဲကိုင္ကာ ဆိုလိုက္တယ္ …

" ဒီကသားေလးက ဟင္းခ်က္ႂကြမ္းက်င္တယ္ဆိုဟုတ္လား "

" ဟုတ္ကဲ့ … ကြၽန္ေတာ္ ခ်က္တတ္ပါတယ္ "

" ဒါဆိုမားနဲ႕အတူခ်က္ျပဳတ္ဖို႔ကူညီေပးပါလား … မိသားစုထမင္းဝိုင္းေလးကိုအတူတူဖန္တီးၾကရေအာင္ "

" ဟုတ္ "

ခ်ဴးရွန႔္အလြန္ပင္ေပ်ာ္႐ႊင္ေနမိတယ္ … သူ႕ဘဝမွာ ခုလိုေႏြးေထြးတဲ့မိသားစုအေငႊ႕သက္ေလးေတြရလာခဲ့ျခင္းက ပထမဆုံးအႀကိမ္မို႔ ထိုအခ်ိန္အခါေလးကို လက္လႊတ္ဖို႔ဆႏၵမရွိခဲ့ဘူး … အၿမဲထာဝရဆုတ္ကိုင္ထားခ်င္မိတယ္ …

" ေဒၚေလး … သမီးလဲကူမယ္ေလ "

ယုယြမ္ကေျပာလာေတာ့ သခင္မႀကီးကလက္မခံခဲ့ဘူး …

" သမီးေလးကဘာလို႔မီးဖိုေခ်ာင္အလုပ္လုပ္မွာလဲ … အကိုရွန္နဲ႕အတူေန … ေဒၚေလးတို႔ၿပီးရင္ေခၚလိုက္မယ္ "

ခ်ဴးရွန႔္ရဲ႕ေပ်ာ္႐ႊင္မႈေတြက ခနသာရပ္တန႔္သြားခဲ့တယ္ … သူ႕ဘဝအမွန္ကိုေထာက္ျပလိုက္သည့္အလား … * ဟုတ္သားပဲ … ငါကအေစအပါးတစ္ေယာက္ … ဘာေၾကာင့္မ်ား ဒီလိုမိသားစုမ်ိဳးပိုင္ဆိုင္ရမယ္လို႔ေတြးမိခဲ့တာလဲ … တကယ္ကိုအ႐ူးပဲ * သူဟာ ထြက္သြားတဲ့ရွန္ေဝနဲ႕ယုယြမ္အား ေငးေမာကာၾကည့္ေနမိတယ္ … ၿပီးမွ သခင္မႀကီးနဲ႕အတူခ်က္ျပဳတ္ဖို႔ မီးဖိုေခ်ာင္ကို လိုက္လာခဲ့ေလတယ္ … သခင္မႀကီးဟာ ထင္ထားတာထက္ပင္သေဘာေကာင္းၿပီး သူ႕အားအေရးတယူျပဳတဲ့အျပင္ သူ႕ထံကပင္အႀကံဉာဏ္ေတာင္းခံကာ စုံလင္လွေသာအစားအေသာက္ေတြကိုဖန္တီးခ်က္ျပဳတ္ၾကတယ္ … ခ်ဴးရွန႔္က ရွန္ဟႊာကလူမို႔ သူ႕ရဲ႕လက္ရာက အထူးေကာင္းမြန္လွၿပီး သခင္မႀကီးပင္လွ်င္အံ့အားသင့္ရသည္ထိပင္ … ေန႕လည္ထမင္းစားခ်ိန္ေရာက္ေတာ့ စားပြဲေပၚမွာ ဟင္းပြဲမ်ားအစုံအလင္ေရာက္ရွိေနၾကေလၿပီ …

" အားလုံးၿပီးျပည့္စုံၿပီ … ကေလးတို႔လာၾက "

တစ္ေန႕လုံးေပ်ာက္ေနတဲ့ ရွန္ေဝနဲ႕ယုယြမ္တို႔ေရာက္ရွိလာၾကတယ္ … ယုယြမ္ကအစားအေသာက္ေတြလဲျမင္ေရာ သူ႕ရဲ႕မ်က္ဝန္းေတြက ဘလင္းဘလင္းထကာ လြန္စြာေပ်ာ္႐ႊင္သြားေလတယ္ … ခ်ဴးရွန႔္အပါအဝင္ သူတို႔မိသားစု ၄ ေယာက္ဟာ စားပြဲဝိုင္းမွာဝင္ထိုင္လိုက္ၾကၿပီးေန႕လည္စာကိုသေပ်ာ္တပါးစားေသာက္ၾကေတာ့တယ္ …

" ေဒၚေလး သမီးမေျပာဘူးလား … ဒီကကိုႀကီးလက္ရာက တကယ္ေကာင္းပါတယ္ဆို "

သူမကလဲ ေထာက္ခံေလတယ္ …

" အမွန္ပဲ … သူကတကယ္ေတာ္တယ္ "

ထိုသို႔ေျပာလာေတာ့ ခ်ဴးရွန႔္အလိုလိုေပ်ာ္႐ႊင္ေနမိတယ္ … သို႔ေပမဲ့ ရွန္ေဝကေတာ့ ၿငိမ္သက္စြာထိုင္ေနၿပီး ခ်ဴးရွန႔္အား ဟင္းေတြထည့္ေပးေနခဲ့တယ္ …

" အကို ဒါေလးစား … ဒါေလးေရာပဲ … အားရွိေအာင္စား "

သူတို႔ ၂ ေယာက္အား သခင္မႀကီးနဲ႕ ယုယြမ္ကေငးၾကည့္ေန၍ေနာက္ဆုံး ခ်ဴးရွန႔္ၿငိမ္မေနေတာ့ပဲ ေအာ္ကာတားလိုက္ေလေတာ့တယ္ …

" ေတာ္ေတာ့ "

" ဟင္ … အကိုမႀကိဳက္လို႔လား "

အျပစ္ကင္းစင္လွတဲ့မ်က္ႏွာနဲ႕ ရွန္ေဝကဆိုလာေတာ့ ခ်ဴးရွန႔္သူေအာ္လိုက္တာ လြန္မ်ားသြားၿပီလားဟု စိတ္ထဲ၌မွတ္ယူကာ စိတ္မေကာင္းျဖစ္မိသြားတယ္ …

" မဟုတ္ပါဘူး … မင္းငါ့ကိုဒီလိုေတြလုပ္ေပးစရာမလိုဘူး "

" ဘာေၾကာင့္လဲ … အကို႔ကိုဘာေၾကာင့္ လုပ္ေပးလို႔မရတာလဲ "

ရွန္ေဝရဲ႕ ပုံစံက လိမ္မာတဲ့ေခြးေလးတစ္ေကာင္သခင္ကျပစ္ပယ္တာခံလိုက္ရသလို ဝမ္းနည္းပုံေပၚေန၍ ခ်ဴးရွန႔္ စကားမ်ားပင္အထစ္ထစ္ျဖစ္သြားခဲ့ေလတယ္ …

" ငါ … ငါ မဟုတ္ဘူး … မင္း လုပ္ေပးသင့္တာက ယုယြမ္ကို "

" သူ႕ကို … ဘာေၾကာင့္လဲ "

ရွန္ေဝကခ်ဴးရွန္စကားအား နားမလည္ဟန္ျပန္ေမးလာေတာ့ ခ်ဴးရွန႔္ပင္အနည္းငယ္ေၾကာင္အမ္းသြားတယ္ … သူတကယ္မသိတာလား …

" သူက မင္းခ်စ္သူေလ "

" ဟမ္ "

" …… "

" ဖူး "

တုန႔္ျပန္မႈေတြက လြန္စြာထူးဆန္းေနၿပီး ခ်ဴးရွန႔္တစ္ေယာက္ ဘာေျပာရမည္ပင္မသိေတာ့ေျခ … ယုယြမ္က ဟင္ရည္ေသာက္ေနရင္း ပန္းထြက္ကာသီးပါသြားေလတယ္ … သခင္မႀကီးကေတာ့ ေျပာစရာစကားရွာမေတြ႕သည့္နယ္ေၾကာင္းအမ္းေနခဲ့တယ္ … ရွန္ေဝကေတာ့ ကို႔ႏွဖူးကိုျပန္ရိုက္ရင္း မ်က္ႏွာကို လက္ျဖင့္အုပ္ကာ ရယ္ေနခဲ့တယ္ … ဘာေၾကာင့္ဒီေလာက္ထိတုံးအရတာလဲဆိုတဲ့အၾကည့္မ်ိဳးနဲ႕ၾကည့္လွ်က္ … ေနာက္ဆုံး ခ်ဴးရွန႔္ နားမလည္နိုင္ေတာ့၍ ေမးၾကည့္လိုက္တယ္ …

" ဘာျဖစ္သြားတာလဲ … ကြၽန္ေတာ္ေျပာတာမွားလို႔လား "

ထိုအခါမွ သခင္မႀကီးက ဝင္ေျပာေလေတာ့တယ္ …

" ဒါသားအမွားမဟုတ္ဘူး … အားရွန္အမွား "

သူမက ေဘးနားက ရွန္ေဝနားကို အားပါပါလိမ္ဆြဲလိုက္ေတာ့ ရွန္ေဝက နာက်င္စြာနဲ႕ ခ်ဴးရွန႔္လက္အားဆြဲထားကာ အကူအညီေတာင္းေလးေတာ့တယ္ …

" အား … ေမေမ သားဘာလုပ္မိလို႔လဲ … ကိုကို ကြၽန္ေတာ့ကိုကယ္ပါ "

ခ်ဴးရွန႔္ ခႏၵကိုယ္ေတာင့္ေတာင့္ႀကီးနဲ႕ေၾကာင္အမ္းေနၿပီး  ရွန္ေဝရဲ႕ကေလးငယ္ပမာအမူအရာေတြနဲ႕ မိခင္တစ္ေယာက္ရဲ႕စေနာက္သည့္ပုံအား ေငးၾကည့္ေနခဲ့တယ္ … အေျခအေနက ရွန္ေဝေျပာျပထားတာေတြနဲ႕ျခားနားေနၿပီး ရွန္ေဝရဲ႕မိသားစုဘဝက သူထင္ထားတာထက္ေပ်ာ္စရာေကာင္းလြန္းေနတယ္ … ရွန္ေဝရဲ႕ ငယ္႐ြယ္မႈပုံစံက ခ်ဴးရွန႔္အားစိတ္မဆိုးေစတဲ့အျပင္ ၿပဳံးရယ္ေစခဲ့တယ္ … ဒီၾကားထဲ ယုယြမ္ကပါအားေပးအားျမႇောက္လုပ္ေနေသးတယ္ …

" နာနာေလးလုပ္ေဒၚေလး … သူ႕ေၾကာင့္ သမီးပါအထင္လြဲခံရတာ "

" ဟုတ္ပါ့ ေကာင္စုတ္ေလး … ကို႔ညီမကိုေတာင္ အထင္လြဲခံရေအာင္လုပ္တယ္ "

ထိုခန၌ ခ်ဴးရွန႔္ဘာတစ္ခုမွနားမလည္ေတာ့ေျခ …

" ညီမေလး ? "

ခ်ဴးရွန႔္ရဲ႕စကားေၾကာင့္ သခင္မႀကီးလဲ ရွန္ေစကိုစေနတာရပ္လိုက္ၿပီး ယုယြမ္လဲ ၿငိမ္သြားတယ္ … သူမက အျပစ္ရွိေနသည့္နယ္ ေခါင္းေလးငုံ႕လွ်က္ ခ်ဴးရွန္ေဘးနား တိုးသြားၿပီး ေတာင္းပန္ေလေတာ့တယ္ …

" ဟိုေလ ဒီကကိုႀကီးကို ညီမေတာင္းပန္ပါတယ္ … တကယ္ေတာ့ေလ အကိုရွန္ေဝက အိမ္ျပန္လာတာရွားပါးတယ္ … သူ႕ကိုဘယ္သူမွထိန္းခ်ဳပ္လို႔မရဘူး … အဲ့ဒါနဲ႕ညီမက သူျပန္မလာမခ်င္းသူ႕အိမ္မွာလိုက္ေနမယ္လို႔ခ်ိန္းေျခာက္ထားတာ … ၿပီးေတာ့ ေလေဒၚေလးကိုလဲ အကိုတို႔ပုံျပၿပီး ဒီကိုမရရေအာင္ေခၚဖို႔ေျပာလိုက္မိတယ္ ဟီး … ဒီကအကိုကညီမကို အဲ့လိုထင္လိမ့္မယ္လို႔မေတြးမိခဲ့ဘူး … ညီမကအကိုရွန္ရဲ႕ ဝမ္းကြဲညီမပါ … မိဘေတြဆုံးသြားၿပီးကတည္းက ေဒၚေလးတို႔ကေမြးစားထားတာ … ၿပီးေတာ့ ညီမက ဘီတာမဟုတ္ဘူးအယ္ဖာ … ကာကြယ္ေရးဌာနမွာလုပ္ပါတယ္ "

" …… "

ထိုအခါမွ ခ်ဴးရွန႔္သူမအား ေသခ်ာၾကည့္မိေတာ့တယ္ … သူမကအသက္ငယ္႐ြယ္ေသးေပမဲ့ သူမမ်က္ဝန္းေတြက ရဲရင့္ၿပီး အင္အားႀကီးပုံေပၚတယ္ … သူမရဲ႕မ်က္ခုံးထူထူက သာမန္မိန္းကေလးေတြလို ႏူးညံ့မႈအနည္းငယ္သာရွိၿပီးခန႔္ညားမႈဘက္မွာရွိေနတယ္ … သူမရဲ႕လုံးဝန္းတဲ့မ်က္ဝန္းေတြက ယုံၾကည္ခ်က္အျပည့္နဲ႕ လူတစ္ေယာက္ကိုစိုက္ၾကည့္လိုက္ရင္ တုန္လႈပ္သြားေစနိုင္တယ္ … သူမရဲ႕အရပ္အေမာင္းက ခ်ဴးရွန႔္ထက္မရွည္ေပမဲ့ ခ်ဴးရွန္ထက္လဲနိမ့္ပုံမေပၚဘူး … သူမခႏၶာကိုယ္က ေသးသြယ္ေပမဲ့ သူမလက္ေမာင္းေတြက အားအင္ျပည့္ဝကာ ေတာင့္ခိုင္လြန္းတယ္ … ဒီအခ်င့္အရာေတြနဲ႕တင္ သူမက အင္အားႀကီးအယ္ဖာတစ္ေယာက္ဆိုတာ သံသယဝင္စရာပင္မလိုပဲ မွန္ကန္လြန္းေနၿပီ …

သူမကိုယ္က ေဟာ္မုန္းနံ႕မရျခင္းကအထူးအဆန္းေတာ့မဟုတ္ေနဘူး … အဖြဲ႕အစည္းတစ္ခုရဲ႕လက္ေအာက္မွာရွိေနရင္ ထိုလူက သူ႕ရဲ႕ Pheromones ေတြကို ထိန္းခ်ဳပ္ရမွာက ထိပ္ဆုံးက စည္းကမ္းခ်က္တစ္ခုပဲ … အိုမီဂါျဖစ္ေစ အယ္ဖာျဖစ္ေစ သူတို႔ရဲ႕ေဟာ္မုန္းေတြကို အလြယ္တစ္ကူထုတ္ျပလို႔မျဖစ္ဘူး … ထိုအရာက သူတို႔ရဲ႕အားနည္းခ်က္ျဖစ္ေစတာမို႔ … ခုသူမကလဲ ရဲတစ္ေယာက္ျဖစ္ေန၍ သူမပုံအမွန္ကိုဖုံးကြယ္ၿပီး သာမန္အတိုင္းေနေနျခင္းပင္ … ဒါေၾကာင့္လဲ ခ်ဴးရွန႔္က သူမကို ဘီတာဟုထင္ခဲ့မိတာအမွားတစ္ခုေတာ့မဟုတ္ေနဘူး … ထိုအခါမွ ခ်ဴးရွန႔္ သက္ျပင္းဖြဖြခ်နိဳင္ေတာ့တယ္ … အခ်ိန္အၾကာႀကီး အထင္မွားခဲ့မိတဲ့အတြက္လဲ အားနာမိျပန္တယ္ … အထင္လြဲမွားမႈေတြ ရွင္းသြားေတာ့မွ သခင္မႀကီးက ေမးလာခဲ့တယ္ …

" ဒါဆို အားရွန္က သားကိုဘာမွမေျပာထားဘူးလား "

ခ်ဴးရွန႔္ကလဲ ဘာမွမသိေၾကာင္းျပန္ေျဖလိုက္တယ္ …

" ကြၽန္ေတာ္ဘာမွမသိပါဘူး … ကြၽန္ေတာ္က ဒီကညီမေလးကို ရွန္ေဝမိတ္ဖက္လို႔ပဲထင္ေနမိတာ "

" ဒါဆိုသားတို႔ကေရာ ဘယ္လိုပတ္သပ္မႈမ်ိဳးလဲ "

" ကြၽန္ေတာ္တို႔က ဆရာတပည့္ မဟုတ္ေသးဘူး ခုသူက သခင္ျဖစ္သြားၿပီ "

သူမက ရွန္ေဝကို တစ္ခ်က္ၾကည့္မိေတာ့ ရွန္ေဝမ်က္ႏွာက စိုးရိမ္မႈအျပည့္နဲ႕ ခ်ဴးရွန႔္သူ႕အားစိတ္ဆိုးသြားမည္ကိုေၾကာက္ေနပုံပင္ … ဒီပုံအတိုင္းဆိုလွ်င္ ယုယြမ္ျပတဲ့ပုံထဲကလို အဆင့္မ်ိဳးထိ သူ႕သားမေရာက္နိုင္ေသးမွန္း သခင္မႀကီးသေဘာေပါက္သြားေလတယ္ … ဒီလိုဆိုေတာ့ မိဘေတြရဲ႕တာဝန္အတိုင္း ေရွ႕ကဦးေဆာင္ေပးဖို႔ လိုလာၿပီမို႔ သူမကခ်ဴးရွန္းအား အၿပဳံးေလးနဲ႕ၾကည့္ကာ ဆိုလာေတာ့တယ္ …

" ဒီကေလးေလးက ဘာေတြဒီေလာက္ေတာင္ အခ်ိန္ဆြဲေနတာလဲမသိဘူး … ဒီလိုဆိုေတာ့ အေဒၚကပဲ ေျပာရေတာ့မွာေပါ့ "

သူမက ႐ုတ္တရပ္ ခ်ဴးရွန႔္လက္တစ္ဖက္ကို ဆုတ္ကိုင္လိုက္ရင္း ႏူးညံ့ေသာေလသံျဖင့္ ဆိုလိုက္တယ္ …

" သား …  ရွန္ေဝကို သားလက္ထဲကိုအပ္ထားခ်င္တယ္ … သူ႕ကိုသားနဲ႕မွ စိတ္ခ်နိဳင္မွာ "

" ဗ်ာ "

ယုယြမ္ကပါ ခ်ဴးရွန႔္ရဲ႕က်န္လက္တစ္ဖက္ကို ဆုတ္ကိုင္ကာ ထပ္မံေတာင္းဆိုလာခဲ့တယ္ …

" ဟုတ္တယ္ … ကိုႀကီးက ယုတို႔နဲ႕အတူလာေနပါေနာ္ … ဒါဆို ယုေန႕တိုင္း ကိုႀကီးလက္ရာကိုစားလို႔ရၿပီး … ကိုကိုရွန္ကို ကိုႀကီးကိုေပးမယ္ေလ "

" အားယြမ္ … နင္ငါ့ကိုေရာင္းစားေနတာလား "

" မဟုတ္ပါဘူးေနာ္ … ကိုႀကီးကိုလက္ထိုးတာ … ကိုကိုကနစ္နာမဲ့သူမွမဟုတ္တာ "

ခ်ဴးရွန႔္ ဘာတစ္ခြန္းမွမဆိုနိုင္ေတာ့ေခ် … အေျခအေနကသူ႕အား စိတ္လႈပ္ရွားေစသည့္အျပင္ စိတ္လြတ္သြားမတတ္ပင္ ရႈတ္ေထြးလြန္းလွတယ္ … သူ႕ရဲ႕လက္ေတြကို ေႏြးေထြးစြာဆုတ္ကိုင္ေပးထားတဲ့ ရွန္ေဝမိခင္နဲ႕ညီမေလး … သူ႕အား ႏူးညံ့စြာၾကည့္ေနတဲ့ ရွန္ေဝ … စေနာက္ကာေပ်ာ္႐ႊင္ေနၾကတဲ့သူတို႔ေလးေတြ … အသက္ ၃၀ ေက်ာ္မွ မိသားစုဆိုတဲ့ အေငႊ႕အသက္ေလးကို ခံစားလိုက္ရတဲ့တစ္ခန ​ေယာက္်ားရင့္မာႀကီးျဖစ္တဲ့ ခ်ဴးရွန႔္ မ်က္ရည္မ်ားပင္ဝဲလာခဲ့တယ္ …

" အကို "

" ကိုႀကီး "

" သား "

အားလုံးက ခ်ဴးရွန႔္ရဲ႕မ်က္ဝန္းက မ်က္ရည္စေတြေၾကာင့္ စေနာက္ေနတာေတြကိုရပ္ၿပီး စိုးရိမ္စိတ္အျပည့္ျဖင့္ ၾကည့္လာခဲ့တယ္ … ရွန္ေဝက ပိုလို႔ပင္ စိုးရိမ္ေနၿပီး အားလုံးကိုမစေနာက္ဖို႔ေျပာကာ ေလးနက္စြာျဖင့္ဆိုလာခဲ့တယ္ …

" ကြၽန္ေတာ္ အကို႔ကို အမွန္တိုင္းမေျပာခဲ့တာက အကိုကြၽန္ေတာ့အေပၚ ေအးဆက္သြားမွာေၾကာက္လို႔ပါ … အကိုကရွန္ဟႊာပိုင္တဲ့လူဆိုတာသိပါတယ္ … အကို႔ရဲ႕တစ္ဘဝလုံးကို ရွန္ဟႊာကိုေပးဆပ္ဖို႔ေသြးစာခ်ဳပ္ခ်ဳပ္ထားမွန္းလဲသိတယ္ … ဒါေပမဲ့ ကြၽန္ေတာ္ႀကိဳးစားၾကည့္ခ်င္တယ္ … အကိုကြၽန္ေတာ့ဘဝမွန္ကို လက္ခံလာမဲ့အခ်ိန္ထိ ကြၽန္ေတာ္ေစာင့္ေနမယ္ … အကို႔တစ္ဘဝလုံးကို ကြၽန္ေတာ္ ေစာင့္ေရွာက္ေပးခ်င္တယ္ "

ရွန္ေဝရဲ႕စကားက ေလးနက္လြန္း၍ ခ်ဴးရွန႔္ အေျဖစကားမေပးနိုင္ခဲ့ဘူး … ရွန္ေဝကအရာရွိျဖစ္ၿပီး သူကအေမွာင္ဂိုဏ္ကလူျဖစ္ေန၍ သူတို႔ဆက္ဆံေရးကၾကာရွည္ခံမည္မဟုတ္ေျခ … တစ္ခ်ိန္ခ်ိန္ေတာ့ လမ္းခြဲရလိမ့္မယ္ … သခင္မႀကီးကလဲ ေလးနက္စြာျဖင့္ ဆိုလာခဲ့တယ္ …

" သားကရွန္သခင္ႀကီးရဲ႕လက္႐ုံးမွန္း အေဒၚသိတယ္ … ဒါေတာင္မွ အေဒၚသားတို႔ကိုကန႔္ကြက္ဖို႔ဆႏၵမရွိပါဘူး .… ရွန္ဟႊာက ဘယ္ေလာက္ပဲအတိုက္အခုံေတြရွိေနပါေစ အေမွာင္နဲ႕အလင္းက ဘယ္ေလာက္ပဲဆန႔္က်င္ေနပါေစ စစ္မွန္တဲ့ေမတၱာကိုေတာ့ သူတို႔မဖ်က္စီးနိုင္ဘူး … သားတို႔ ၂ ေယာက္လုံးက ဘီတာျဖစ္ေနလို႔မပူပါနဲ႕ … ဘဝကမ်ိဳးဆက္ရဖို႔ထက္ေပ်ာ္႐ႊင္ဖို႔က ပိုအေရးႀကီးတယ္ … အေဒၚသားေလးက ဘီတာအျဖစ္ေမြးဖြားလာၿပီးကတည္းက ေပ်ာ္႐ႊင္မႈဆိုတာ မခံစားခဲ့ရဘူး … မိခင္တစ္ေယာက္ျဖစ္တဲ့ အေဒၚကအစဘီတာျဖစ္ေနေတာ့ လူ႕ပတ္ဝန္းက်င္မွာ ဘယ္ေလာက္မ်က္ႏွာငယ္ရလဲအသိဆုံးပါ … သားေလးရဲ႕ေအးဆက္လွတဲ့အေျခအေနကိုေျပာင္းလဲေပးနိုင္တာ သားတစ္ေယာက္ပဲရွိတယ္ …  လြန္ခဲ့တဲ့ ၄ ႏွစ္ကစလို တစ္စုံတစ္ေယာက္အတြက္နဲ႕ ရည္မွန္းခ်က္မဲ့ေနတဲ့သားေလးျပန္ႀကိဳးစားလာတာျမင္ရလို႔ အေဒၚဝမ္းသားၿပီး သူကဘယ္သူလဲသိခ်င္ေနခဲ့တာ … သားကအေဒၚသားေလးကို ေျပာင္းလဲေပးနိုင္ခဲ့တဲ့တစ္ဦးတည္းေသာသူပါ … ဆိုးတူေကာင္းဖက္တူတူလက္တြဲသြားဖို႔ေမွ်ာ္လင့္ပါတယ္ "

သခင္မႀကီးက ျဖဴစင္ေသာအၿပဳံးေလးနဲ႕ ခ်ဴးရွန႔္က ေယာက္်ားေလးဘီတာတစ္ေယာက္ျဖစ္ေနတာေတာင္ မကန႔္ကြက္တဲ့အျပင္ သူ႕သားရဲ႕တြဲဖက္ျဖစ္ထိုက္သူဟုခ်ီးက်ဴးေျပာဆိုခဲ့ျခင္းေၾကာင့္ ခ်ဴးရွန႔္ေပ်ာ္႐ႊင္သြားမိတယ္ … သူမေျပာသြားတဲ့အဓိပၸါယ္ကိုေတာ့ ခ်ဴးရွန႔္နားမလည္ခဲ့ဘူး … သူထင္တာက ရွန္ေဝနဲ႕သူ႕ရဲ႕ခင္မင္မႈကို ဆိုလိုျခင္းျဖစ္လိမ့္မည္ဟူ၍ပင္ …

" အကို ကြၽန္ေတာ္တို႔ စကားေျပာရေအာင္ "

ရွန္ေဝက အထင္လြဲမွားမႈေတြကို ရွင္းလင္းဖို႔ စကားေျပာရန္လိုလာၿပီမို႔ ခ်ဴးရွန႔္အားေခၚကာ အေပၚထပ္သို႔တက္လာခဲ့ေလတယ္ … အိမ္ႀကီးရဲ႕အေပၚဆုံးထပ္၌ အခန္းေလးတစ္ခုရွိေနၿပီး ထိုအခန္းထဲ၌ လူေနသည့္ပုံမေပၚေပ … အခန္းတြင္းဝင္လာေတာ့ ကစားစရာအျပည့္နဲ႕ ကေလးတစ္ေယာက္ရဲ႕အခန္းမွန္း ခ်ဴးရွန႔္သိလိုက္တယ္ … ဒါကရွန္ေဝငယ္ငယ္ကေနခဲ့တဲ့အခန္းပဲ … အားလုံးကိုအမွတ္တရသိမ္းစည္းထားပုံအရ သခင္ႀကီးနဲ႕သခင္မႀကီးက သားေလးကိုေမ့မရခဲ့ျခင္းျဖစ္လိမ့္မယ္ … ရွန္ေဝက အခန္းေလးထဲေရာက္ေတာ့ ခ်ဴးရွန႔္အား ကုတင္ေပၚထိုင္ေစလိုက္ၿပီး အမွတ္တရမ်ားသိမ္စည္းထားသည့္ဓာတ္ပုံတစ္ခ်ိဳ႕ကိုယူလာခဲ့တယ္ …

" အကို ဒါကကြၽန္ေတာ္တို႔ က်န္းမိသားစုဝင္ေတြေလ … ကြၽန္ေတာ့ဘဝအမွန္ကို အကို႔ကိုလိမ္ညာခဲ့မိလို႔ေတာင္းပန္ပါတယ္ … တကယ္ေတာ့ ကြၽန္ေတာ္ေျပာခဲ့တာေတြထဲမွာ အမွန္တရားေတြကမ်ားပါတယ္ "

ခ်ဴးရွန႔္က ရွန္ေဝေပးလာတဲ့ဓာတ္ပုံေတြကို ယူၾကည့္လိုက္ေတာ့ ကြယ္လြန္သြားတဲ့က်န္းသခင္ႀကီးအပါအဝင္ သားသမီး ၄ ေယာက္ႏွင့္ ေျမးေတြ တြဲရိုက္ထားတဲ့ပုံကိုေတြ႕လိုက္ရတယ္ … ထိုထဲမွာ အသက္ရွင္က်န္ရစ္သူဟာ က်န္းရွားေမ့ႏွင့္ သူ႕ရဲ႕အကိုျဖစ္သူ က်န္းရွီးတို႔ျဖစ္ၾကတယ္ … အငယ္ဆုံး ၂ ေယာက္ကေတာ့ အယ္ဖာနဲ႕အိုမီဂါျဖစ္ၾကၿပီး တိုက္ပြဲမွာ အသက္ဆုံးသြားရွာတဲ့ သူရဲေကာင္းမ်ားျဖစ္ၾကတယ္ … ခ်ဴးရွန႔္ သူတို႔ကိုေကာင္းေကာင္းႀကီးမွတ္မိေနေသးတယ္ … အဲ့ဒိအခ်ိန္တုန္းက သူ႕အသက္ကငယ္႐ြယ္ေသးေပမဲ့ ႀကီးမားတဲ့တိုက္ပြဲႀကီးရဲ႕ျမင္ကြင္းေတြကို ေမ့မရခဲ့ဘူး …

ငယ္႐ြယ္တဲ့ က်န္းေမာင္ႏွမေလးေယာက္က အတြဲညီၿပီး တိုက္ခိုက္ေရးမွာႂကြမ္းက်င္သူမ်ားျဖစ္ၾကသလို နိုင္ငံကိုကာကြယ္ဖို႔လဲ စိတ္အားထက္သန္တဲ့လူငယ္မ်ားျဖစ္ၾကတယ္ … ဒီဓာတ္ပုံက တိုက္ပြဲမျဖစ္ခင္ သခင္ႀကီးအသက္ရွင္သန္စဥ္ကရိုက္ထားပုံပင္ … ပုံထဲ၌ ရွန္ေဝကလဲငယ္႐ြယ္ေသးသလို ရႈယြမ္းကလဲ ဖန္းဂူနဲ႕ခင္မင္ေနဆဲအ႐ြယ္ပင္ … ခ်ဴးရွန႔္ က်န္းမိသားစု ရွန္ဟႊာကို ေပ်ာ္႐ႊင္စြာ လာေရာက္လည္ပတ္သည့္အခ်ိန္ေတြကို ျပင္ျမင္ေရာင္လာမိတယ္ … တဖန္ ငိုေႂကြးေနတဲ့မ်က္ဝန္းေတြနဲ႕ အနက္ေရာင္အသုဘပို႔ေဆာင္သည့္အဝတ္အစားေတြဝတ္ဆင္ကာ ေသနတ္ေတြကိုင္ေဆာင္ထားလွ်က္ ရွန္ဟႊာကို လာေရာက္ဝန္းရံသည့္အခ်ိန္ေတြကို မွတ္မိေနခဲ့တယ္ … အဲ့ဒိအခ်ိန္က ရွန္ဟႊာနဲ႕က်န္းမိသားစု ေသြးကြဲၿပီး ႀကီးမားတဲ့တံတိုင္းႀကီးျခားလိုက္တဲ့အခ်ိန္အခါလဲျဖစ္တယ္ … သခင္ႀကီးနဲ႕ အငယ္ဆုံး ၂ ေယာက္ဆုံးပါးၿပီး က်န္းမိသားစုအေတာ္ေလးအခက္ေတြ႕ခဲ့ရပုံပင္ … ခုေတာ့ က်န္းမိသားစုဟာ A ၿမိဳ႕ရဲ႕အထင္ကရေတြအျဖစ္နဲ႕ရွိေနၿပီး ရွန္ဟႊာကိုတိုက္ခိုက္ဖို႔ အင္အားအလုံအေလာက္ရွိေနခဲ့ၿပီ …

" အကို "

ရွန္ေဝရဲ႕ေခၚသံၾကားေတာ့မွ ခ်ဴးရွန႔္အတိတ္ကေန႐ုန္းထြက္လာနိုင္ခဲ့တယ္ … ရွန္ဟႊာနဲ႕က်န္းရဲ႕ၾကားမွာ တင္းမာသည့္အေျခအေနတစ္ခုရွိေပမဲ့ ခုက်န္းက မွန္ကန္တဲ့ဘက္မွာရွိေန၍ အေမွာင္ဘက္နဲ႕ပူးေပါင္းကာရွန္ဖန္းဂူကို အလြယ္တကူေကာက္က်စ္မည္မဟုတ္ေၾကာင္းသိေန၍ ခ်ဴးရွန႔္သက္ျပင္ခ်လိဳက္တယ္ … ရွန္ေဝကိုၾကည့္လိုက္ေတာ့ အျပစ္ကင္စင္တဲ့မ်က္ႏွာေလးနဲ႕သူ႕အားစိုက္ၾကည့္ေန၍ ခ်ဴးရွန႔္မေနတတ္ေတာ့ပုံ လက္ထဲကပုံကိုသာ ျပန္ၾကည့္လိုက္တယ္ …

" ရွန္ေဝ … ငါသူတို႔ကို အရင္ကျမင္ဖူးတယ္ "

" တကယ္လား … ကြၽန္ေတာ္က ေဒၚေလးရွားေမ့ကိုပဲမွတ္မိတယ္ … ကြၽန္ေတာ့အေဖက အရမ္းစည္းကမ္းႀကီးေတာ့ ကြၽန္ေတာ္က်န္တဲ့မိသားစုဝင္ေတြအေၾကာင္းဘာမွမသိရဘူး … သူတို႔က ကြၽန္ေတာ္ငယ္ငယ္ေလးမွာပဲ ဆုံးပါးသြားၾကတာတဲ့ … ကြၽန္ေတာ္မွတ္မိတာက ကြၽန္ေတာ္က ဒီက်န္းမ်ိဳးရိုးထဲမွာ တစ္ဦးတည္းေသာဘီတာျဖစ္ေနလို႔ အေဖနဲ႕ အဖိုးကကြၽန္ေတာ့ကို အၿမဲဆူပူေလ့ရွိတယ္ … ယုယြမ္က ကြၽန္ေတာ္ ၁၀ ႏွစ္အ႐ြယ္မွာ ေမြးစားခဲ့တာ … သူမကခ်စ္ဖို႔ေကာင္းၿပီး အင္အားႀကီးတဲ့အယ္ဖာမလို႔သူမကကြၽန္ေတာ့ထက္အားလုံးရဲ႕အခ်စ္ေတြကိုရရွိထားတယ္ … သူမက ကြယ္လြန္သြားတဲ့ ဦးငယ္ရဲ႕က်န္ရစ္ေနတဲ့မ်ိဳးဆက္ ကြၽန္ေတာ့ရဲ႕ဝမ္းကြဲညီမေလ … သူတို႔နဲ႕ကြၽန္ေတာ္ကမသက္ဆိုင္ဘူးလို႔ထင္မိၿပီး ကြၽန္ေတာ္ဦးတည္ရာမဲ့ေလွ်ာက္သြားေနခဲ့တာ … အကို႔ေၾကာင့္သာမဟုတ္ရင္ ခုကြၽန္ေတာ္ ဒီမွာရွိေနမွာမဟုတ္ဘူး "

ရွန္ေဝစကားေတြက ခ်ဴးရွန႔္ၾကားဖူးခဲ့တာနဲ႕တူညီေနတယ္ … က်န္းရွီးဆိုတဲ့အရာရွိက ေအးဆက္လြန္းေပမဲ့ သူကအခ်စ္ကိုကိုးကြယ္တဲ့သူ … သူလိုအင္အားႀကီးအယ္ဖာက ပုံမွန္ဘီတာတစ္ေယာက္ကို လက္ထက္ၿပီး မိသားစုေတြပတ္ဝန္းက်င္ေတြရဲ႕အတိုက္အခုံေတြကိုရင္ဆိုင္ၿပီးေနထိုင္ခဲ့သူတစ္ေယာက္ … သူ႕မွာမ်ိဳးဆက္မရွိဘူးလို႔ အားလုံးကယုံၾကည္ထားၾကတယ္ … အဲ့ဒါကရွန္ေဝအိမ္ေတာ္ကေန ထြက္ခြာသြားတဲ့အခ်ိန္ၾကာျမင့္တာေၾကာင့္လဲျဖစ္မယ္ … ခုက်န္းသခင္ေလးက က်န္းရွီးအံ့အားသင့္ေစေလာက္တဲ့အရွိန္အဝါေတြနဲ႕ျပန္ေပၚလာခဲ့ၿပီ … ဒါေၾကာင့္ ရွန္ဟႊာအမႈကိုကိုင္သြယ္ေနတဲ့ က်န္းရွန္ေဝက အရာရွိက်န္းရွီးရဲ႕တစ္ဦးတည္းေသာသားဆိုတာကို အားလုံးက အံ့အားသင့္စြာနဲ႕လက္ခံလိုက္ၾကတယ္ … သခင္မေတြၾကားမွာ ေမွးမွိန္ခဲ့တဲ့ မိခင္ကေတာ့ခုခ်ိန္ထိသူမရဲ႕ျဖစ္တည္မႈကိုဂ႐ုမစိုက္ပဲ မိသားစုအတြက္သာၾကည့္ၿပီးေပ်ာ္႐ႊင္မႈကိုသာရွာေဖြေနခဲ့တယ္ … မ်ိဳးဆက္ေတြကိုစိတ္မဝင္စားပဲ သားေလးေပ်ာ္႐ႊင္ဖို႔ကိုသာ ေ႐ြးခ်ယ္ခဲ့တယ္ … ဒါကခ်ဴးရွန႔္လိုခ်င္ခဲ့တဲ့စစ္မွန္တဲ့ေမတၱာနဲ႕မိသားစုမ်ိဳးပဲ …

" အကို "

႐ုတ္တရပ္ ရွန္ေဝက ခ်ဴးရွန႔္အေရွ႕တည့္တည့္၌ဒူးေထာက္ခ်လွ်က္ သူ႕ရဲ႕လက္ေတြက ခ်ဴးရွန႔္ရဲ႕ လက္ဖဝါးေတြကို တင္းၾကပ္စြာဆုတ္ကိုင္ကာ ၾကည့္ေနခဲ့တယ္ … ဘာ Pheromones မွမရွိတဲ့ သာမာန္ေယာက္်ားအရင့္အမာႀကီး ၂ ေယာက္က ဒီလိုအေနအထားမ်ိဳးမျဖစ္သင့္၍ ခ်ဴးရွန႔္ ရွန္ေဝလက္ထဲကေန႐ုန္းထြက္ဖို႔ႀကိဳးစားလိုက္တယ္ … ဘယ္ေလာက္ပဲ မိသားစုကႀကိဳးဆိုေနပါေစ သူလိုအေမွာင္ဂိုဏ္းသားတစ္ဦးၿပီးေတာ့ ရွန္ဖန္းဂူရဲ႕လူနဲ႕ အလင္းဘက္ကအရာရွိ သူတို႔ကိုဖမ္းဆီးဖို႔လက္မွတ္ရထားတဲ့အရာရွိနဲ႕ ဒီလိုအေနအထားမ်ိဳးက လုံးဝမျဖစ္သင့္ဘူး …

" ရွန္ေဝ … မင္းဘာလုပ္ေနတာလဲ … ငါ့ကိုဒီလိုမ်ိဳးဆက္ဆံလို႔မရဘူး … မင္းနဲ႕ငါကမတူဘူး "

" အကို … ကြၽန္ေတာ္ ဘာမွေတာင္မေျပာရေသးဘူး ျငင္းေနတာလား "

ရွန္ေဝအသံကဝမ္းနည္းမႈတို႔ပါဝင္ေနၿပီး အသနားခံတဲ့အၾကည့္ေလးေတြနဲ႕ စိုက္ၾကည့္လာေတာ့ ခ်ဴးရွန႔္ဘာမွပင္ဆက္မေျပာနိုင္ေတာ့ေပ …

" ငါဆိုလိုတာက မင္းကအရာရွိ ငါကရွန္ဟႊာကလူ … ဒါေၾကာင့္ ငါတို႔လမ္းမတူၾကဘူး … ငါတို႔ … "

" ကြၽန္ေတာ္တို႔ကအတူတူပဲ … အကိုသြားတဲ့ေနာက္ကို ကြၽန္ေတာ္လိုက္မွာမို႔ ကြၽန္ေတာ္တို႔ကအတူတူပဲ "

" …… "

ရွန္ေဝရဲ႕စကားလုံးေတြေအာက္မွာ ခ်ဴးရွန္တုန႔္ျပန္ဖို႔ စကားလုံးရွာမေတြ႕ေတာ့ေျခ … ဘာေၾကာင့္မ်ား ဒီေကာင္ေလး မျဖစ္နိုင္တာကိုေတြးၿပီး ေခါင္းမာေနရတာလဲ … ႐ုတ္တရပ္ ရွန္ေဝက သူ႕ရဲ႕လက္ေတြနဲ႕ ခ်ဴးရွန႔္ပခုံးေတြကို တင္းၾကပ္စြာဖိကိုင္လိုက္တယ္ … သူ႕ရဲ႕အၾကည့္ေတြက ေလးနက္လွၿပီး ထြက္က်လာတဲ့စကားလုံးေတြက ခ်ဴးရွန႔္ႏွလုံးသားေလးကို ေသးငယ္တဲ့အပ္ေတြနဲ႕ ထိုးစိုက္ေနသလိုပင္ …

" အကိုကြၽန္ေတာ့ကိုစြန္ျပစ္ေတာ့မွာလား … ကြၽန္ေတာ့ကို မလိုအပ္ေတာ့ဘူးလား "

" ငါ … ငါမင္းကို မစြန႔္ျပစ္ပါဘူး "

ေနာက္ဆုံးရွန္ေဝ ရွိသမွ်သတၱိေတြကို စုေဝးလွ်က္ ခ်ဴးရွန႔္ရဲ႕မ်က္ဝန္းေတြနဲ႕အၾကည့္ခ်င္းစုံၿပီး ေလးနပ္စြာျဖင့္ဆိုလာခဲ့တယ္ …

" ကြၽန္ေတာ္အကို႔ကိုခ်စ္တယ္ … ကြၽန္ေတာ္ကဘီတာျဖစ္ေနရင္ေတာင္ အကိုကေယာက္်ားတစ္ေယာက္ျဖစ္ေနရင္ေတာင္မွ ကြၽန္ေတာ့အခ်စ္ေတြက ေျပာင္းလဲမသြားဘူး … အကိုနဲ႕လက္ထက္ၿပီးအကိုနဲ႕အတူ ေနခ်င္တယ္ … ကြၽန္ေတာ့ရဲ႕မိတ္ဖက္က အကိုတစ္ေယာက္ပဲျဖစ္ရမယ္ "

ဒီစကားလုံးေတြက ခ်ဴးရွန႔္အား အားျပင္းတဲ့လက္နတ္ျဖင့္တိုက္ခိုက္ခံေနရသလို ထိတ္လန႔္ေစၿပီး ေရွာင္ဖယ္ဖို႔ပင္ေမ့ေလ်ာ့ေစခဲ့တယ္ … ဘယ္လိုအေျဖေပးသင့္လဲ … ျဖစ္သင့္လား မျဖစ္သင့္ဘူးလား … လက္ခံသင့္လား ျငင္းဆန္သင့္လား … ေဝခြဲမရတဲ့ေနာက္ဆုံး ခ်ဴးရွန္ သူ႕အေရွ႕က ရွန္ေဝအား တြန္းထုတ္လိုက္ေလေတာ့တယ္ … ရွန္ေဝးအၾကည့္ေတြက ခ်ဴးရွန႔္ထံကနည္းနည္းေလးမွေ႐ြ႕မသြားပဲ ခ်ဴးရွန႔္ရဲ႕တုန႔္ျပန္စကားေတြကို ေလးနက္စြာနားေထာင္ေနခဲ့တယ္ …

" မင္း ဒီစကားကို ဘယ္လိုေတြးၿပီး ေျပာထြက္နိုင္တာလဲ …  ငါ … ငါက သာမန္ဘီတာ ၿပီးေတာ့ ေယာက္်ားတစ္ေယာက္ … ပတ္ဝန္းက်င္မွာ ဒီလိုမ်ိဳးတြဲဖက္တယ္လို႔ျမင္ဖူးလား … မင္းအေဖသိရင္ မင္းကို ဘယ္ေလာက္ေဒါသထြက္လိုက္မလဲ … လူႀကီးေတြကို မ်က္ႏွာပ်က္ေအာင္လုပ္ေနတာလား "

" ကြၽန္ေတာ္မဟုတ္ … "

ခ်ဴးရွန႔္က ရွန္ေဝအားဆက္၍ေျပာခြင့္မျပဳနိုင္ေတာ့ေပ … ဒီေကာင္ေလးဆက္ေျပာေနရင္ သူ႕ရဲ႕ေနာက္ဆုံးေသာ သည္းခံနိုင္သည့္စိတ္ေလးေပ်ာက္ကြယ္သြားမွာေၾကာက္မိတယ္ … မျဖစ္နိုင္တဲ့ေတာင္ဆိုမႈကို စိတ္ကူးယဥ္ဆန္စြာေ႐ြးခ်ယ္ဖို႔ ခြန္အားမရွိေပ … ဒီအ႐ြယ္ေရာက္မွ အခ်စ္ကိုေ႐ြးခ်ယ္ေတာ့ေရာဘာလုပ္ရမွာတဲ့လဲ … သူကႏွလုံးသားကိုေသာ့ခပ္သိမ္းထားၿပီး သခင္ကိုသာကာကြယ္ဖို႔ဆုံးျဖတ္ထားသူ … အဆုံးသတ္မသိနိုင္တဲ့ဘဝမ်ိဳးမွာ အခ်စ္ကိုကိုးကြယ္ဖို႔မျဖစ္နိုင္ဘူး …

" မင္းက လူႀကီးေတြရဲ႕ရည္မွန္းခ်က္ကို ဖ်က္စီးေနတာလား … မင္း … မင္းက မ်ိဳးရိုးျမင့္မိသားစုနဲ႕တြဲဖက္သင့္တာ … ငါကဘာမွမဟုတ္တဲ့လူတစ္ေယာက္ … သခင့္အတြက္အသက္ေပးရမဲ့ကာကြယ္ေရးပစၥည္းတစ္ခုသာသာပဲ … ငါ့မွာအနာဂတ္မရွိဘူး … ငါအသက္ရွင္ေနတာကငါ့ရဲ႕အနာဂတ္ပဲ … ငါေသတဲ့ထိ ငါ့ကိုသခင္ကပဲပိုင္တာ … ငါကမင္းရဲ႕မိတ္ဖက္မျဖစ္နိုင္ဘူး "

ခ်ဴးရွန႔္ရဲ႕အသံကအနည္းငယ္တုန္ရင္ေနသည္ဟုခံစားရတယ္ … ခံစားခ်က္ေတြက ဝမ္းနည္းမႈဘက္ဦးတည္ေနၿပီး ခုလိုျငင္းပယ္လိုက္ျခင္းက ခ်ဴးရွန႔္ရင္အား နာက်င္ေစတယ္ … ရွန္ေဝကပို၍ပင္နာက်င္သြားခဲ့တယ္ …

" ဒါဆို ကြၽန္ေတာ္ သခင္ဖန္းဂူဆီကေနအကို႔ကိုရေအာင္ေတာင္းမယ္ … အကို႔ျဖစ္တည္မႈကကြၽန္ေတာ့အတြက္ျဖစ္ေအာင္လုပ္မယ္ … ဒီလိုဆိုရင္ေရာ ကြၽန္ေတာ့မိတ္ဖက္ျဖစ္ေပးနိုင္မလား "

ရွန္ေဝရဲ႕မေလ်ာ့ေသာဇြဲနဲ႕ေတာင္းဆိုေနမႈက ခ်ဴးရွန႔္ရဲ႕သည္းခံနိုင္စြမ္းကိုေက်ာ္လြန္သြားေစခဲ့တယ္ … ျဖဴစင္လြန္တဲ့ေခြးေလးတစ္ေကာင္ကသခင္ထံအသနားခံေနသလိုမ်က္ႏွာေလးနဲ႕ သူ႕အေရွ႕မွာ ဒူးေထာက္ေနဆဲျဖစ္တဲ့ ရွန္ေဝအား ခ်ဴးရွန႔္ၾကည့္ရင္း သက္ျပင္ဖြဖြခ်လိဳက္မိတယ္ … သူဘယ္လိုလုပ္ၿပီး ျငင္းပယ္နိုင္ေတာ့မွာလဲ …

" ငါကအသက္ႀကီးေနၿပီ … ၿပီးေတာ့ ႐ုပ္လဲမလွဘူး "

" အကိုကအရမ္းေခ်ာလြန္းလို႔ မ်က္မွန္ခြၽတ္လိုက္ရင္ ပတ္ဝန္းက်င္ကလူေတြေႂကြမွာေတာင္ဆိုးမိတယ္ "

" ငါက ဟင္းခ်က္နဲ႕ေသနတ္ျပစ္တာပဲႂကြမ္းတယ္ … လူမႈဆက္ဆံေရးသိပ္မေကာင္းဘူး "

" လူေတြနဲ႕ဆက္ဆံေရးမေကာင္းရင္ေနပါ … ကြၽန္ေတာ္နဲ႕ဆက္ဆံေရးေကာင္းရင္ရၿပီ "

" ငါက ခုခ်ိန္ထိ အေတြ႕အႀကဳံမရွိေသးဘူး "

ထိုစကားအဆုံး ခ်ဴးရွန႔္ပါးေလးေတြက ရဲကနဲျဖစ္သြားၿပီး ရွန္ေဝထံမွအၾကည့္ေတြကိုလႊဲလိုက္တယ္ … အမွန္တကယ္ရွက္သြားပုံပင္ … အမွန္ပင္ခ်ဴးရွန႔္ဟာ တစ္စုံတစ္ေယာက္ကို ခ်စ္ႀကိဳက္ဖို႔မေတြးဖူးခဲ့သလို တစ္စုံတစ္ေယာက္ခ်စ္ႀကိဳက္လိမ့္မည္ဟုလဲ ထင္မထားခဲ့ေပ … ဒါေၾကာင့္မို႔ သူ႕ထံ၌ အရာအားလုံးဟာ ပထမသာျဖစ္ေနလိမ့္မယ္ … ဒါကိုေတြးမိေတာ့ ရွန္ေဝအၿပဳံးေတြကအရိုင္းဆန္လာခဲ့တယ္ … သူက ပါးေလးေတြနီရဲေနတဲ့ ခ်ဴးရွန႔္ မ်က္ႏွာေလးထံကပ္ကာသူ႕ရဲ႕လက္ေလးနဲ႕ ပါးအိအိေလးအားပြတ္သပ္လိုက္ရင္း …

" ကြၽန္ေတာ္သင္ေပးမွာေပါ့ … ခုပဲ အနမ္းကေန စၾကမလား "

ခ်ဴးရွန႔္ပင္မေျဖရေသး ရွန္ေဝဟာ သူကိုင္ထားတဲ့ ခ်ဴးရွန႔္ပါးအိအိေလးအား  ' ႁပြတ္ ' ကနဲ​ျမည္ေအာင္ အနမ္းေပးလိုက္တယ္ … ခ်ဴးရွန႔္ထိတ္လန႔္သြားျခင္းေၾကာင့္ မ်က္ႏွာက နီေနရာကေနပို၍ရဲသြားေတာ့ ရွန္ေဝမၿပဳံးပဲမေနနိုင္ … အေမွာင္ေလာကနတ္ဘုရားေလးက အရမ္းကိုျဖဴစင္လြန္းလွတဲ့အျပင္ ရွက္တတ္လြန္လွ၍ ပို၍ပင္စေနာက္ခ်င္လာမိတယ္ …

" အကို … ကြၽန္ေတာ့ကို ျပန္နမ္းေပးပါလား "

ရွန္ေဝက သူ႕ရဲ႕မ်က္ႏွာအား ခ်ဴးရွန႔္နားကပ္သြားေတာ့ ခ်ဴးရွန္ ဘာျပန္လုပ္ရမည္မသိ ရွက္သည့္စိတ္နဲ႕တင္ ႐ူးသြားမတတ္ပင္ … အေျဖ​ေတာင္မေပးရေသးဘူး သူ႕အားဝါးစားလုမတတ္အနားတိုကပ္လာ၍ ႐ုန္းထြက္ခ်င္ေသာ္လဲ ခႏၶာကိုယ္က လႈပ္မရေအာင္ ေက်ာက္႐ုပ္ျဖစ္ေနတယ္ … ေနာက္ဆုံး ရွိသမွ်သတၱိေတြကိုစုစည္းၿပီး တုန႔္ျပန္နိုင္ခဲ့တယ္ …

" ငါ … ငါတို႔ သြားသင့္ၿပီ "

" ေကာင္းၿပီး … ဆက္သြားၾကတာေပါ့ "

ေျပာခ်င္သည့္အဓိပၸာယ္ႏွင့္ သက္သက္စင္ေအာင္လြဲမွားကာ ရွန္ေဝဟာ သူ႕အေရွ႕က အရွက္ႀကီးလြန္တဲ့လူသားအား သူ႕ရဲ႕ရင္ခြင္ထဲဆြဲေပြ႕လိုက္ၿပီး အံ့ဩထိတ္လန႔္မႈေၾကာင့္ အနည္းငယ္ပြင့္ဟေနတဲ့ ပန္းဆီေရာင္ႏႈတ္ခမ္းသားေလးအား သူ႕ရဲ႕ႏႈတ္ခမ္ျဖင့္ ဖိပိတ္လိုက္ေလေတာ့တယ္ … ရွန္ေဝရဲ႕အနမ္းက ညွင္သာေပမဲ့ ခ်ဴးရွန႔္အတြက္ေတာ့ ထိုးစစ္ဆင္ခံလိုက္ရသလို ျပန္လည္တိုက္ထုတ္နိုင္ဖို႔ခြန္အားမရွိေတာ့ပဲ သူ႕ရဲ႕ခံတြင္းထဲဝင္ေရာက္လာတဲ့ ရွန္ေဝရဲ႕လွ်ာေႏြးေႏြရဲ႕အရသာကိုသာခံစားရင္း အသက္ရႉဖို႔ေမ့ေလ်ာ့သြားေလေတာ့တယ္ …

' သူ႕ႏႈတ္ခမ္းကအရမ္းႏူးညံ့တယ္ … သူ႕လွ်ာက ေသးၿပီးေတာ့ေႏြးေႏြးေလးပဲ … ေၾကာက္​ေနတာေလးက ခ်စ္ဖို႔ေကာင္းလိုက္တာ … ဆက္နမ္းခ်င္ေသးတယ္ … ' ရွန္ေဝအေတြးေတြကတည္းၿငိမ္မေနခဲ့ေပ …

အနမ္းေတြကေႏြးေထြးတယ္ သို႔ေပမဲ့ ခ်ဴးရွန႔္တုန႔္ျပန္မႈမေပးခဲ့ … ရွန္ေဝရဲ႕ စုပ္ယူေနတဲ့ႏႈတ္ခမ္းသားေတြေအာက္မႈ ၿငိမ္သက္ေနၿပီး ေႏြးေထြးမႈကိုခံစားရင္းခ်ဴးရွန႔္အသက္မရႉနိုင္ခဲ့ေပ … အင္အားႀကီးပါတယ္ဆိုတဲ့သူ႕ရဲ႕ကိုယ္က ရွန္ေဝရဲ႕ရင္ခြင္ထဲမွာ အ႐ုပ္ႀကိဳးပ်က္ လဲေလွ်ာင္းေနရၿပီး တြန္းလွန္ဖို႔ပင္ခြင့္မသာခဲ့ေပ … အရမ္းကိုေႏြးေထြးလြန္းတာမို႔ ႐ုန္းမထြက္ခ်င္ခဲ့ခ်င္းပင္ … ႏႈတ္ခမ္းတစ္ခုနဲ႕တစ္ခု ပြတ္သပ္ေနမႈက ျမန္ဆန္လာၿပီး ရွန္ေဝရဲ႕ အသက္ရႉသံျပင္းျပင္းကို ခံစားေနရတယ္ … နို႔ငတ္ေနသည့္ကေလးငယ္ မိခင္နို႔ရည္ကိုအနမ္းမရစုပ္ယူေနသည့္နယ္ … သူတို႔မွာသာေဟာ္မုန္းေတြရွိေနရင္ ပတ္ဝန္းက်င္တစ္ခုလုံးအေရာင္ေျပာင္းေနေလာက္ၿပီ … ခ်ဴးရွန႔္အနည္းငယ္႐ုန္းကန္ၾကည့္ေပမဲ့ ရွန္ေဝက နည္းနည္းေလးမွလႊတ္ေပးမဲ့ပုံမေပၚသလို သူ႕ရဲ႕လွ်ာကအတြင္းနက္နက္ထိေရာက္လာ၍ေနာက္ဆုံး ခ်ဴးရွန႔္အရႈံးေပးလိုက္ရေတာ့တယ္ … သူ႕ရဲ႕ပထမဆုံးအနမ္းတစ္ပြင့္ကအရိုင္းဆန္လြန္း၍ အသိစိတ္ပင္မကပ္နိုင္ေတာ့ေျခ …

အခ်ိန္ၾကာလာသည္ႏွင့္အမွ် ရွန္ေဝလက္ေတြက ၿငိမ္ေနနိုင္ေတာ့ပဲ သူ႕ရဲ႕ေက်ာျပင္အတြင္းတစ္ေလွ်ာက္ပြတ္သပ္လာျခင္းေၾကာင့္ ခ်ဴးရွန႔္တစ္ကိုယ္လုံးၾကက္သီးေမြးညွင္းမ်ားပင္ထလာတယ္ … ေအးဆက္ဆက္လက္ဝါးေတြက သူ႕ရဲ႕အေသြးအသားေတြကို ဆြဲစုတ္ျပစ္မွာေၾကာက္ေနမိတယ္ … ၿပီးရင္သူ႕ရဲ႕ႏႈတ္ခမ္းေတြနဲ႕ဝါးၿမိဳျပစ္မွာေၾကာက္ေနမိတယ္ … အေတြ႕အႀကဳံမရွိတဲ့လူတစ္ေယာက္ရဲ႕အေၾကာက္တရားေတြက သန္မာပါတယ္ဆိုတဲ့ခ်ဴးရွန႔္ကို ယုန္တစ္ေကာင္က်ားလက္ထဲေရာက္ေနသလိုမ်ိဳးတုန္ရင္သြားေစတယ္ … ရွန္ေဝလဲရိပ္မိသြားပုံပင္ နယ္ခ်ဲ့ေနတဲ့သူ႕ရဲ႕လက္ေတြကို ႐ုပ္သိမ္းလိုက္ၿပီး တင္းၾကပ္စြာဖက္သြယ္ရင္း အနမ္းကိုသာဦးစားေပးလုပ္ေဆာင္ေနခဲ့တယ္ … ေနာက္ဆုံးအေနနဲ႕ ခ်ဴးရွန႔္ ရွန္ေဝရဲ႕စကားသံတိုးတိုးကို ၾကားနိုင္ခဲ့တယ္ …

" အကို မေၾကာက္ပါနဲ႕ … အကို … အကို "

" …… "

" သူမ႐ုန္းေတာ့ဘူး "

" …… "

" မ်က္ရည္ေတြလား "

" …… "

ရွန္ေဝရဲ႕အသံေတြကတစ္ေျဖးေျဖးအေဝးမွာက်န္ေနခဲ့ၿပီး ခ်ဴးရွန႔္ ခနမွ်ေလာကႀကီးနဲ႕အဆက္အသြယ္ပ်က္သြားေလေတာ့တယ္ … ဟုတ္ပါတယ္ အနမ္းေပးရင္း အသက္ရႉမမွန္၍ သတိလစ္သြားခ်င္းပင္ … ရွန္ေဝထိတ္လန႔္သြားၿပီး ရင္ခြင္ထဲ၌ၿငိမ္သက္ေနတဲ့ခ်ဴးရွန႔္အားၾကည့္လိုက္ေတာ့ မ်က္လုံးေလးပိတ္ကာ မ်က္ဝန္းေဒါင့္၌ မ်က္ရည္စီးေၾကာင္းေလးကပါးေပၚသို႔စီးဆင္လာသည္ကိုျမင္လိုက္ရတယ္ … ဘယ္ေလာက္ေတာင္ေၾကာက္ေနရွာတဲ့ယုန္ငယ္ေလးလဲ … ရွန္ေဝ ၿပဳံးလိုက္ရင္း ယုန္ငယ္ေလးအား သူ႕ရင္ခြင္ထဲ၌တင္းၾကပ္စြာ ေပြ႕ဖက္ထားေလေတာ့တယ္ …

" အ႐ူးေလး … အနမ္းေပးရင္း အသက္ရႉမယ္ဆိုတာ မသိဘူးလား … မ်က္ရည္ေတာင္က်လိဳက္ေသးတယ္ … အရမ္းခ်စ္ဖို႔ေကာင္းတာပဲ "

.

.

.

.

To Be Continued …

( ကဲ ခ်ဴးခ်ဴးတို႔က အနမ္းေပးတာေတာင္သတိလစ္ပါတယ္တဲ့ေနာ္ … Papapa ရင္ေတာ့ တစ္ပတ္ေလာက္လဲေနမလားပဲ 🧛‍♀️ ေနာက္အပိုင္းမွာ လုယီေလးတို႔လာပါမယ္ ဆက္ေမွ်ာ္ေနေပးပါ 🥰 )

( GZ ေလးတို႔ေရ အေရးေတာ္ပုံေအာင္ရမည္ ✊💪 )

( ခ်ဴးခ်ဴး💕ရွန္ေဝတို႔အတြဲနဲ႕ကိုက္ညီမဲ့ပုံေလး 🥰💕 )

Continue Reading

You'll Also Like

1.2M 118K 101
Zawgyi/Unicode Started date: 25.oct.2020 End date: 26.dec.2023 ေလာ့က်န္းေပ့ x ေလာ့႐ွန္ဟြာ
1.8M 120K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
88.8K 15.4K 29
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
258K 29K 160
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...