The LOEY

By Astronv_61

109K 15.8K 2.8K

တောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68

Part 11

1.2K 236 17
By Astronv_61

Unicode

စံအိမ်ကပြန်မလာခင် ဘိုးတော်ခေါ်သည်မို့ သွားကြည့်တော့ တကူးတကမေးလာသည်က စွမ်းအားအခြေအနေသာ။ ဒီနေ့မှပဲ ပတ်ပတ်လည်ကလူတိုင်းက သူ့စွမ်းအားကို စိုးရိမ်နေကြလဲမသိပါ။ စိတ်ကျေနပ်သည်အထိ စစ်ဆေးခံ၊ လေ့ကျင့်ခံပြီးမှ ပြန်လာတော့ ညနေစောင်းနေပြီဖြစ်သည်။

နောက်ကျနေသော်ငြား ကျန်ခဲ့သည့်ကောင်လေးကိုတော့ ပိတ်ရက်မို့မစိုးရိမ်ပါ။ ထို့အပြင် သူကိုယ်တိုင်လည်း အန္တရာယ်ကင်းစေရန် စည်းအထပ်ထပ်ချပေးခဲ့သောကြောင့်။
တွေးစရာတွေများနေသည်မို့ တောထဲ အေးဆေးလမ်းလျှောက်ပြန်လာဖြစ်သည်။ တောအုပ်ထဲမ ရင်းနှီးနေသည့် နေရာတချို့ကိုတွေ့မိတိုင်း မြင်လွှာထဲ တောက်လျှောက် ဖြတ်ပြေးသွားသည်က ကောင်းကောင်းဆိုးဆိုး အတိတ်တချို့သာ။ chanyeol အတွက် မကောင်းခဲ့သော မိတ်ဆွေဟောင်းနှင့် ပြန်ဆုံရန်ရှိသည်ပင်။

_
_
_

စံအိမ်ထဲ လျှောက်လှမ်းလာသည့် ခြေလှမ်းများက ဒေါသတို့ ဆူပွက်နေသည့်နှယ် တစ်လှမ်းချင်းတိုင်းမှာ ဆောင့်ဆောင့်အောင့်အောင့်ဖြင့်။ ဘေးနားက ဖြတ်သွားသမျှ မည်သူမဆို အနားမှကပ်မလျှောက်ရဲသည်အထိ ထိုကောင်လေး၏ ဒေါသမီးတို့က ထိလိုက်မိသည်နှင့် ဟုန်းဟုန်းတောက် ထလောင်တော့မည့်အလား။

အခန်းတစ်ခုအရှေ့ရောက်သည်နှင့် တံခါးကိုဆောင့်ကန်ဖွင့်ချကာ အော်ဟစ်လိုက်သည်။

"လီချန်းဝူး !!! ငါ့နို့ဗူးတွေကို ဘာလုပ်လိုက်တာလဲ !!!"

အမေးသာရှိသော်ငြား အဖြေမရှိ။ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသော အခန်းအတွင်း မျက်စိလှည့်ကစားလိုက်သော်ငြား တစ်စက္ကန့်မျှသာ။ ထိုကောင်မရှိ ဆိုသည်ကို သတိထားမိလိုက်သည်နှင့် ပွင့်ဟနေသော ဝရံတာထံ ချက်ချင်းပြေးကာ ငုံ့ကြည့်လိုက်သည်တော့ သိသိသာသာ ထွက်ပြေးသွားသည့် ခြေရာများတွေ့လိုက်ရသည်။

"ခွေးသူတောင်းစား"

ဆဲရေးဆိုလိုက်သည်မှာ ၁၇ နှစ် အရွယ်လောက်သာ ရှိသေးသည့်အလား ဖြူစင်ဟန်ပေါက်နေသော ရုပ်လေးနှင့်ပင်မလိုက်မဖက်။ ဒါ တော်တော်ထိန်းထားရခြင်းဖြစ်သည်။ သူဒီနေ့မနက် မိုးလင်းကတည်းက နို့မသောက်ရသေးလို့ စံအိမ်တစ်ခုလုံးကို ပြဿနာပတ်ရှာနေတာဖြစ်သော်ငြား နောက်ဆုံးအရင်းအမြစ်က ဒီကောင်မှန်းသိလို့ ဒေါသဆူပွက်ကာ ရောက်ချလာခြင်းဖြစ်၏။ ဒါတောင် သူလိုက်လာမည်ကို သိသည့်အလား ရအောင်ထွက်ပြေးသွားသေးသည်။ ကြောက်၍ပြေးခြင်းမဟုတ်။ တမင်သူ့နောက်လိုက်အောင် စိမ်ပြေးတိုင်း ကစားချင်သည့်အလား ပြေးခြင်းဖြစ်သည်မို့ ပိုဒေါသထွက်ခြင်းဖြစ်သည်။ ထို့အပြင် မျက်လုံးထဲ ထိုပြောင်ချော်ချော်အပြုံးကို မြင်ယောင်မိလျှင် ပိုသွေးတက်သေးသည်။ အလုပ်မရှိ အလုပ်ရှာကာ တမင် သူသဘောကျသည့်အရုပ်လေးအား ခိုးယူကာ ပြန်လိုချင်လျှင် လိုက်ယူ ဟု ဆိုချင်နေသယောင်။

"တောက် !!"

ဒေါသနှင့်အတူ အားပါသွားသည့် လက်သီးဆုပ်က ဝရံတာလက်ရန်းပေါ် ထုချမိတော့ ကျောက်သားလက်ရန်းတို့ တစ်စစီကျိုးပဲ့ကျ၏။ သူသဘောကျရာကို အလုခံလိုက်ရ၍ ဖြစ်တည်လာသည့် ဒေါသသာဖြစ်သည်။

ချက်ချင်းပင် ဦးတည်ရာ ပြောင်းပြန်ချိုးကာ ပြန်လှည့်လာလိုက်သည်က စာဖတ်ခန်းထံသို့။

တံခါးကိုခပ်မြန်မြန်တွန်းဖွင့်လိုက်တော့ တိတ်ဆိတ်နေသော စာဖတ်ခန်းထဲမှ တစ်ခုတည်းသော ပုံရိပ်က လန့်သွားသည့်အလား တုန်တက်သွားသည်။

"အိုဆယ်ဟွန်း ဟိုကောင်ဘယ်ကိုပြေးသွားတာလဲ တွေ့မိလိုက်သေးလား"

"ဟမ်"

ငုပ်တုပ်ထိုင် စာဖတ်နေရာမှ ကြောင်တောင်တောင်လေး မော့ကြည့်လာသော ဆယ်ဟွန်းက သူပြောသမျှ လိုက်မမှီသည့်နှယ်။ စိတ်ပျက်လက်ပျက် ကျစ်စုပ်သတ်မိလိုက်သည်။ စကားကို နှစ်ခါပြန်ပြောရတာတွေ သူတကယ်မုန်းသည်။ အထူးသဖြင့် ဒေါသထွက်နေသည့်အချိန်မျိုးတွင်။

သူ့စိတ်မရှည်သောပုံစံကြောင့် sehun က ချက်ချင်းပင် ဦးနှောက်အလုပ်ပေးစဥ်းစားလာ၏။

"ငါ - သူဟိုဘက်ကိုပြေးသွားတာ တွေ့လိုက်တယ်"

ဝရံတာဘက်ကနေ လက်ညှိုးထိုးပြသလောက် လှမ်းကြည့်မိတော့ တောအုပ်ထံသာ။

"သေချာလား"

"အင်း"

ခေါင်းတစ်ချက်ညိတ်ပြလာ၍ ပြေးမည်ကြံတုန်းရှိသေး၊ အနောက်နားကနေ အသံထွက်လာ၏။

"ဒါဘယ်တုန်း"

တည်တည်ငြိမ်ငြိမ်ထွက်လာသော အသံကြောင့် chanyeol ခြေလှမ်းတို့ ​တောင့်ခဲသွားသကဲ့သို့ sehun လည်း ကုပ်ကုပ်လေးထိုင်နေရာမှ ချက်ချင်းထရပ်လာ၏။

"သခင်လေးက ကျွန်တော့်ကို အရိုအသေပေးစရာမလိုပါဘူး နေသာသလိုနေပါ"

sehun ထံ ဦးတည်ကာပြောလာသော စကားကြောင့် sehun က ခေါင်းတစ်ချက်ငုံ့ကာ နာခံလာ၏။ အဖေ့ကို လှမ်းအကဲခတ်ကြည့်မိတော့ sehun အပြုအမူကြောင့် မျက်ဝန်းထဲ အလိုမကျရိပ်များ ထင်းနေဟန်။ chanyeol လည်း တစ်ချက်တစ်ချက် အလိုမကျပါ။ sehun သည်ကား သူ့အား တစ်ယောက်ယောက်က အသားလွတ် လာရန်ဆောင်နေလျှင်တောင် ခေါင်းငုံ့ခံနေမည့်ပုံစံမျိုး။ စွမ်းအားမရှိသည်လည်းမဟုတ်။ သူ့ထက်လည်းစွမ်းအားမနိမ့်သည့်အပြင် ပိုတောင်ကြီးသေးသည်ကို လူတိုင်းကို အလျော့ပေးဆက်ဆံနေသည်မို့ chanyeol က အမြဲ အနောက်ကလိုက်ပြီး လူဆိုးလုပ်ရမြဲ။ ထို့နောက် အဖေ့အကြည့်က chanyeol ထံ လွင့်လာ၏။

"ထပ်မေးမယ် ဒီအချိန်ကြီးမင်းကဘယ်လဲ"

ဒီအချိန်ကြီးဆိုတော့မှ ခေါင်းကိုခပ်မြန်မြန်အလုပ်ပေး စဥ်းစားမိတော့ လေ့ကျင့်ရေးဆင်းချိန်ဖြစ်သည်ကို သတိရလိုက်မိသည်။ သူပြန်ဖြေဖို့ ပါးစပ်ပင်မဟရသေး၊ အသံခပ်သေးသေးကထွက်လာ၏။

"ကျွန်တော် ခုလေးတင် chanyeol ကို သတိပေးမလို့လုပ်နေတာပါ"

chanyeol ဘက်က ကာပြောပေးလာသော်ငြား chanyeol ကတော့ အကာမခံ။

"ကျွန်တော်မအားဘူး၊ တောထဲသွားရဦးမှာမို့၊ ပြန်လာမှလေ့ကျင့်ကွင်းထဲ ဆင်းနိုင်မယ်"

ခွင့်တောင်းခြင်းပင်မဟုတ်၊ အသိပေးခြင်းလောက်သာရှိသော လေသံကြောင့် သိသိသာသာအံကြိတ်သွားသော အဖေ့ကို မမြင်ချင်ယောင်ဆောင်လိုက်သည်။

"ဘာအရေးတကြီးကိစ္စတွေများရှိနေလို့လဲ"

ဒေါသထိန်းကာ အေးဆေးမေးလာသော မေးခွန်းကို ခပ်မြန်မြန်တုံ့ပြန်လိုက်၏။

"ချန်းဝူးကိုသွား သမ မလို့၊ သူကျွန်တော်ဝယ်ထားတဲ့နို့ဗူး ပါကင်လိုက်ကို လက်စဖျောက်သွားတယ်"

sehun ကတော့ ဘာကိုမျှဝင်မပြောရဲသည့်အလား ငြိမ်ငြိမ်လေးရပ်ရင်းသာ အရိပ်အကဲခတ်နေ၏။ အဖေကတော့ ဂုပ်ကိုလှမ်းကိုင်လိုက်ပုံအရ သွေးတက်သွားပုံပေါ်သည်။ သို့ပေမယ့် မအော်။ သူဒီနို့တွေဘယ်လောက်ကြိုက်လဲ အဖေအသိပဲ။ ထူးထူးခြားခြားလိုအပ်နေ၍မဟုတ်။ ဒီအတိုင်း ကလေးတချို့ သူတို့၏အကြိုက်ဆုံး အရုပ်ရှိသကဲ့သို့ သူ့အတွက်လည်း အကြိုက်ဆုံးအရာ တစ်ခုအဖြစ် တည်ရှိနေသလိုမျိုးပင်။ မတူသည်ကား ငယ်ငယ်တည်းကနေ ယခုအချိန်ထိ စွဲစွဲလမ်းလမ်းဖြစ်နေသည့်အပြင် မည်သူနှင့်မှ မျှဝေမခံသော အကျင့်ဆိုးသာကွာမည်။ နေ့တိုင်းသောက်နေရလို့ မရိုးသွားဘူးလား မေးလျှင်လည်း မရိုးပါ။ သဘာကျသည်၊ ကြိုက်သည်၊ ဆိုသည်မှာ သူ့အတွက် ရိုးသွားသည်ဟူ၍မရှိ။ ပို၍စွဲလမ်းလာသည်သာ ရှိသည်။ အဖေကတော့ မျက်လုံးအသာမှိတ်ကာ အသက်ရှူသံတို့ကို ထိန်းသိမ်းနေပြီး ခဏအကြာမှ ထပ်ပေါင်းဆိုရှာသည်။

"သောက်လို့ရအောင် ထပ်ဝယ်ခိုင်းလိုက်မယ်၊ လောလောဆယ် လိုက်ခဲ့ မင်းကိစ္စနောက်မှရှင်း"

သိသိသာသာစူပုပ်သွားသော chanyeol က မျက်ဝန်းစိမ်းများတွင် အာခံနေဟန်အပြည့်။ အဖေကလည်း သူ့ထက်မလျော့သည့် စိမ်းရင့်ရောင်သန်းနေသော မျက်ဝန်းများဖြင့် ဖိနှိပ်လာ၏။

"အခုလိုက်ခဲ့လို့ငါပြောနေတယ်"

chanyeol သက်ပြင်းတစ်ချက်ဆောင့်ချကာ တောအုပ်ထံ မြင်ရသလောက် အကွာအဝေးချုံ့ကြည့်လိုက်သည်။ အထဲတောနက်တွေထိ မမြင်ရတော့သော်ငြား ပြေးလွှားနေသည့် ခြေသံများကိုတော့ နားထဲတိုက်ရိုက် ကြားလိုက်ရသည်မို့ အံတင်းတင်းကြိတ်လိုက်မိသည်။ နေနှင့်ဦးပေါ့။ တွေ့လို့ကတော့ အရေခွံစုတ်ပစ်မည်။

တွေးပြီးသည်နှင့် ချက်ချင်းပင် အဖေ့နားလျှောက်သွားလိုက်သည်။

"သခင်လေးလည်းလေ့ကျင့်ရပါမယ်၊ လိုက်ခဲ့ပေးပါ"

"ဟုတ်"

ချက်ချင်းပင် လက်ထဲကစာအုပ်လေးချကာ မပြေးရုံတမယ် အမြန်လျှောက်လာသော sehun ။

လေ့ကျင့်ရေးဆင်းသည်ဟူသည်ကား သူတို့တစ်ယောက်ချင်းဆီအလိုက် ရရှိထားသော စွမ်းအားများကို ထိန်းချုပ်နိုင်ရန်နှင့် လုပ်နိုင်စွမ်းတို့ကိုမြှင့်တင်ရန် သင်ကြားပေးခြင်းသာ ဖြစ်သည်။ စာတွေ့နှင့်မဟုတ်ဘဲ လက်တွေ့ဖြစ်သည်ကတော့ တစ်ချက်။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း စွမ်းအားတက်သွားတိုင်း အဆင့်တူများနှင့် တစ်လတစ်ကြိမ် တိုက်ခိုက်ခိုင်းသည်။ အသေမသတ်ရုံကလွဲ၍ စည်းမျဥ်းမရှိ။

chanyeol နှင့် sehun ကတော့ တခြားကလေးများနှင့်မတူ၊ သီးသန့်အတန်းဖြင့်သာ လေ့ကျင့်သင်ကြားပေးသည်။ အဆင့်များက သာမန်ကလေးများထက် ကျော်လွန်နေသည့်အပြင် တိုးတက်နှုန်းမြန်သည်မို့။ သူတို့နှစ်ယောက်အပြင် တခြားတစ်ယောက်ဖြစ်သော ချန်းဝူးဟူသည့် ဆယ်ဟွန်း၏ တစ်ဝမ်းကွဲအစ်ကိုလည်း ရှိပါသေးသည်။ သူကတော့ တိုးတက်နှုန်းမြန်သည်ဆိုသည်ထက် မွေးရာပါ ရရှိလာသည့် စွမ်းအားကိုက အဆင့်မြင့်နေခြင်းဖြစ်သည်။

အဆိပ် တဲ့။

အဆိပ်ဆိုသည်ကလွဲ၍ အဖေက chanyeol တို့ကို သေချာရှင်းပြခြင်းမရှိပါ။ သူတို့ထံတွင်လည်း သိခွင့်မရှိသလို မေးခွင့်လည်းမရှိ။ အချင်းချင်း တီးတိုးမေး၍ သိရလျှင်တော့ တစ်မျိုးပေါ့။ တစ်ယောက်နှင့်တစ်ယောက်၏ စွမ်းအားများကို အချင်းချင်း လက်ရည်ယှဥ်ပြီဆိုတော့မှသာ မြင်ခွင့်ပေးပြီး ကိုယ်တိုင် အတွေးအမြင်နှင့်သာ ဆုံးဖြတ်စေသည်။

ညနေအထိ အီလည်လည်ဖြင့် လေ့ကျင့်ရေးပြီးသည်နှင့် တဟုန်ထိုးပြေးသည်က တောနက်ထဲ။ သို့ပေမယ့် အချိန်ကိုက်ပင် မိုးတွေရွာချလာသည်မို့ chanyeol အနံ့ခံမရတော့။ အမြင်ကိုသာ အားကိုးရင်း တောနက်ထဲ တစ်လှမ်းချင်းတိုးဝင်ခဲ့တော့၏။

အထဲရောက်သည်နှင့် မိုးလည်းမသည်းတော့သော်ငြား သစ်ကိုင်း သစ်ခြောက်များမှ တွဲလဲခိုနေသည့် မိုးရေစက်များကတော့ တပေါက်ပေါက် ကျနေတော့၏။ တောနက်ထဲက သူတို့ကစားတိုင်း ဝင်နေကြမို့ လမ်းတချို့က ရင်းနှီးနေသည်မို့ အေးဆေးသက်သာစွာ လျှောက်နေသော်ငြား အနောက်ကနေ တစ်ချက်တစ်ချက် ကြားနေရသော ခြေသံဖျော့ဖျော့ကြောင့် chanyeol မျက်မှောင်ကြုတ်လိုက်မိသည်။

မသေချာသေးသည်မို့ ပို၍ပင်သစ်ပင်ထူထပ်သော နေရာများထံသို့ဦးတည်လိုက်တော့ ခြေသံများကပိုသိသာလာသည်။ အနောက်တည့်တည့် ၅ မီတာလောက်အကွာကနေ ပုန်းလျှိုးကွယ်လျှိုး ဖြည်းဖြည်းချင်းလိုက်လာခြင်းဖြစ်ပြီး ခပ်ဖျော့ဖျော့လေးပြေးနေပုံအရ အန္တရာယ်ပေးချင်စိတ် အလျဥ်းမရှိမှန်း အတပ်သိလိုက်သည်။

sehun ?

ချက်ချင်းပင် ရပ်ကာ နောက်လှည့်ကြည့်လိုက်တော့ ထင်ထားသည့်အတိုင်းပင်။

"ဘာလိုက်လုပ်နေတာလဲ အိုဆယ်ဟွန်း"

ပုန်းကွယ်ခြင်းလည်းမရှိ။ chanyeol မေးသည်ကိုသာ မျက်နှာလွှဲကာ ဖြည်းဖြည်းချင်းပြန်ဖြေလာ၏။

"တစ်ယောက်တည်းကျန်ခဲ့တာ ငါပျင်းလို့"

chanyeol သက်ပြင်းဆောင့်ချလိုက်သည်။

"ဒီနေရာက ဒီလောက်အန္တရာယ်များတာ မင်းမလာသင့်ဘူးဆိုတာ နားမလည်ဘူးလား"

အော်လိုက်မိသည်က စိတ်ပူ၍တော့မဟုတ်။ sehun သာ တစ်ခုခုဖြစ်လျှင် ခံရမည့်ဒုက္ခက chanyeol ခေါင်းပေါ်တည့်တည့်မို့သာ။ ထိုကောင်ကတော့ နားမလည်သည့်အလား ဂရုပင်မစိုက်ဘဲ chanyeol အနားလျှောက်လာ၏။ chanyeol ထပ် အော်ပြောလိုက်သည်။

"ဘာလို့လာမှာလဲ သွား ပြန်တော့"

"မင်းတစ်ယောက်တည်းဆိုလည်း အန္တရာယ်များတယ်လေ၊ ဟိုကောင့်ရှာနေတာမလား ငါလည်းကူပေးမလို့"

"အန္တရာယ်များလည်း ငါငါ့ဘာငါကာကွယ်နိုင်တယ် မင်းဘက်ကို ငါအာရုံစိုက်မိမှ ပြဿနာအကြီးကြီးတက်ဦးမှာ"

"ငါလည်းငါ့ဘာငါကာကွယ်နိုင်တာမို့ အာရုံမစိုက်နဲ့"

ပြောတတ်သည့် ပါးစပ်လေး ရွှေချထားဖို့ကောင်းသည်။ ပြောမနေတော့။ အကြည့်တစ်ချက်သာလွှဲရင်း ရှေ့ဆက်လျှောက်လာလိုက်သည်။ အနောက်ကနေ ဖြည်းဖြည်းချင်းလိုက်လာသော sehun က မြေကြီးထံသို့သာ ဦးတည်ကာ ရှာဖွေနေသည်။

"ချန်းဝူးက တွင်းတွေ ဂူတွေထဲမှာပဲ အနေများတယ်မဟုတ်လား"

sehun ခန့်မှန်းချက်ကို chanyeol ခေါင်းညိတ်လက်ခံလိုက်သည်။

"သစ်ပင်ပေါ်တွေမှာလည်းအနေများတယ်၊ မိုးရွာထားတော့ သစ်ပင်ပေါ်ပိုတောင်တက်နိုင်ခြေရှိသေးတယ်"

သိသိာသာ ဆရာကြီးလုပ်မှုကို ခေါင်းတဆတ်ဆတ်ညိတ်ကာ လက်ခံနေသော sehun ကို လှည့်မကြည့်ဘဲ ထပ်ဆိုလိုက်သည်။

"မင်းက မြေကြီးပိုင်းတွေသေချာရှာ၊ ငါက အပေါ်ဘက်တွေရှာမယ် ငါ့နောက်ပဲလိုက်မနေနဲ့ အပုန်းကောင်းတဲ့ကောင် ဘယ်လောက်ကြာကြာပုန်းနိုင်မလဲ ကြည့်သေးတာပေါ့ လမ်းမပျောက်စေနဲ့နော်"

သတိပေးပြီးသည်နှင့် ကိုယ့်အာရုံနှင့်ကိုယ် လက်ဆစ်ချိုးကာ sehun နှင့် ဆန့်ကျင်ဘက်လမ်းကို အရှိန်မြှင့်လျှောက်လာလိုက်သည်။ တောနက်ထဲတွင် တဖြည်းဖြည်းမှောင်သထက် မှောင်လာသော်ငြား တဖြည်းဖြည်းကျော်လွန်လာသည်နှင့် အလင်းဓာတ်ပြန်ရလာသည်။ သစ်ပင်ကြီးများဖြင့် ဝန်းရံထားပြီး နေအလင်းရောင်က သစ်ကိုင်းသစ်ရွက်များကြားမှ တစ်စွန်းတစ်ပေါက် ဝင်ရောက်နေသည်။ ​စောနလေးတင်မှ မိုးရွာထားသော်ငြား မှောင်မဲစိုစွတ်နေသည့်ဘက်ခြမ်းနှင့် ကွဲလွဲစွာပင် ဤနေရာကတော့ ခြောက်သွေ့နေသည်။

အရှင်းပြောရလျှင်တော့ လူတွေနေသည့် နေရပ်တွေထဲ မရောက်သွားသေးသော်ငြား ဒီနေရာကလည်း သူတို့တစ်ခါမှ ခြေမချဖူးသေးသည့် နယ်မြေအပိုင်းပင်ဖြစ်သည်။ ကံကောင်းသည်က sehun အား သူတို့ကစားနေကျ နေရာကိုသာသွားစေလိုက်၍ အန္တရာယ်မရှိလောက်။ နယ်မြေအသစ်တွေဆိုလျှင် အန္တရာယ်လည်း အထိုက်အလျောက်ရှိနိုင်သည်မို့ အပြည့်အဝစိတ်ချရနေသည်မဟုတ်ပါ။

ခပ်ဖြည်းဖြည်းချင်း သွားနေရာမှ ရုတ်တရက် နှာဖျားဝတိုးဝင်လာသည့် အနံ့တစ်ခု။ chanyeol ခြေလှမ်းတို့ ရုတ်ချည်းရပ်သွား၏။ ဤသည်ကား သူမရင်းနှီးသည့် သွေးနံ့ဖြစ်သည်။ လူသွေး။

အဝေးတစ်နေရာမှ ရနေခြင်းဖြစ်သော်ငြား ထိုလတ်လတ်ဆက်ဆက် သွေးနံ့က ဒီအကွာအဝေးအတွင်းရှိ သားကောင်တို့အား မျှားခေါ်သည့်နှယ်ဖြစ်နေသည်။ ချက်ချင်းပင် chanyeol ခြေလှမ်းတို့အား အရှိန်မြှင့်ကာ ထိုအနံ့နောက်လိုက်တော့၏။

အနီးကပ်လာလေ ရနေသည့် သွေးနံ့က ပိုပိုပြင်းလာလေဖြစ်ပြီး သန့်ရှင်းလတ်ဆက်နေသည်မှာ သိသာလွန်း၏။ chanyeol မျက်မှောင်ကြုတ်မိလိုက်၏။ ယခုထိ သူတို့ပိုင်နက်နယ်နိမိတ်နား၌သာ ရှိသေးသည်ကို အဘယ်ကြောင့် လူသားတစ်ဦးကရောက်နေရသည်လဲ။ ထို့အပြင်သွေးနံ့နှင့် ? ဤတောအုပ်အတွင်းသို့ဝင်သည်က သေလမ်းသို့ဝင်သည်မှာ သိသာစေလောက်မည်ကို မည်သူကများ ဝင်သည်လဲဟူသည့် အတွေးက chanyeol ခြေလှမ်းတို့အား အရှိန်မြင့်စေ၏။

အနံ့ကတိုက်ရိုက်ပိုပြင်းလာလေတိုင်း ရေသံတစ်ချို့ကိုလည်း ပီပီပြင်ပြင် ကြားလာရသည်။ အနံ့နှင့်မျက်နှာချင်းဆိုင်ကို ရောက်သည်နှင့် ဖြည်းဖြည်းချင်းရပ်လိုက်တော့ ရောက်နေသည်က ရေတံခွန်တစ်ခုထံ။

အမြင့်ပိုင်း ကျောက်ဆောင်ပေါ်ကနေ အရှိန်ပြင်းစွာ စီးဆင်းနေသော ရေအားတစ်လျှောက် ဘေးတွင် ဖွာထွက်နေသော ရေမှုန်လေးများက နေရောင်အောက်တွင် နေအစက်အပြောက်လေးများနှယ် ပတ်ပတ်လည်ပျံ့လွင့်နေပြီး သွေးနံ့ရောနေသည့် မြေသင်းနံ့က ခပ်ဖျော့ဖျော့ပျံ့ကျဲနေသည်။ အောက်ငုံ့ကြည့်လျှင်တော့ အရှိန်ပြင်းစွာ စီးဆင်းကျနေသောကြောင့် ကြမ်းရမ်းစွာ လှိုင်းခတ်နေသော ရေအိုင်တစ်ခုကို မြင်ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် စမ်းချောင်းငယ်အဖြစ် တောင်စောင်းတစ်လျှောက် တသွင်သွင်စီးဆင်းသွား၏။ ရေစီးကြောင်းတစ်လျှောက်မှာလည်း ကြမ်းပြင်အောက် ထွင်းဖောက်မြင်နိုင်သည်အထိ ကြည်လင်နေပြီး မြင်ရသူတိုင်း ပင့်သက်ရှိုက်စေပြီး အကြည့်မလွှဲနိုင် ဖြစ်စေလောက်သည်။

chanyeol အတွက်တော့ အကြည့်မလွှဲနိုင်ဖြစ်စေသည်ကား ရေတံခွန်ဘေး ကျောက်ဆောင်အောက်နားတွင် ခပ်ပုံ့ပုံ့လေးထိုင်နေသော ကလေးလေးတစ်ယောက်သာ။ ဖိနပ်မပါသော ခြေချောင်းဖြူလေးများက ပဲ့ရွဲ့ထိခိုက်ကာ သွေးစွန်းနေပြီး ဒူးခေါင်းထိပ်လေးများတွင်လည်း နီရဲကာ ပေါက်ပြဲနေသည်။ ဒူးနှစ်ချောင်းထောင်ကာ ကုပ်ထိုင်နေသော ကောင်လေးက ခေါင်းပါမှောက်ထားပုံအရ chanyeol ကို မြင်ပုံမရ။

လတ်လတ်ဆက်ဆက်သွေးနံ့က ထိုအပေါက်အပြဲဒဏ်ရာလေးများမှ ဖြစ်ပြီး တော်တော်ဝေးဝေးထိဆွဲဆောင်နေနိုင်ပုံအရ ဒီကောင်လေး၏ သွေးသည်အတော်သန့်ရှင်းပုံရမည်။ chanyeol အနားကပ်သွားကာ ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်သည်။

"ဟေ့ အဆင်ပြေရဲ့လား"

သူ့အသံကြားသည်နှင့် တုန်တက်ကာ ပက်ကနဲမော့ကြည့်လာ၏။ မျှော်လင့်ချက်အပြည့်နှင့် မျက်ဝန်းများက တလတ်လတ်တောက်နေခဲ့ပြီး နှုတ်ခမ်းတွင်လည်း အပြုံးခပ်ဖျော့ဖျော့တွဲလဲခိုနေခဲ့၏။

chanyeol ခဏလောက်မင်သက်သွား၏။ ချစ်ဖို့ကောင်းသည်။ မြင်မြင်ချင်း မှတ်ချက်ပြုမိသည်က ချစ်ဖို့ကောင်းသည်ဟူသော တစ်ချက်သာဖြစ်ပြီး ရုပ်လေးက မျက်ရည်များ၊ အညစ်အကြေးများနှင့် ပေတလူးနေသည့်တိုင် ကြည်လင်နေသည်မှာ နံဘေးရှိရေတံခွန်နှင့်အပြိုင် အရှုံးမရှိ။

မင်သက်နေစေတွင်ပင် ခံစားလိုက်ရသော လက်တစ်ဖက်က အအေးဓာတ်။ ကပြာကယာ ငုံ့ကြည့်မိတော့ သူ့လက်အကြီးကြီးတစ်ဖက်ကို ကုပ်တွယ်လာသည့် လက်သေးသေးလေးနှစ်ဖက်ဖြစ်ပြီး အားမလျော့စွာ ဆုပ်ကိုင်ထား၏။

"ကိုကို ကိုကို သားကိုတစ်ခုလောက်ကူညီပါ၊ မားလေ မားက ကားထဲမှာပိတ်မိနေတယ် လိုက်ကယ်ပေးပါ နော်"

ထွက်လာသည့် အသံသေးသေးလေးအား ကြားမှ အလျင်အမြန်ရုန်းရင်ပြင်လိုက်မိသည်။ သို့ပေမယ့် လက်သေးသေးလေးက အပီအပြင်ကုပ်တွယ်ထားသည်မှာ မျှော်လင့်ချက်တစ်ခုတည်းကို ဆုပ်ကိုင်ထားရသည့်အလား၊ ရုန်းမရ။ အားအရမ်းထည့်မိလျှင်လည်း ကလေးကိုထိခိုက်မည်ကို စိုးရသေးသည်မို့ chanyeol မျက်နှာပုပ်သိုးလာ၏။

"လွှတ်"

"ဟင့်အင်း မားကိုကယ်ပေးပါ"

နဂိုတည်းက chanyeol ကို မော့ကြည့်နေသည့် မျက်လုံးရွှဲများက ချက်ချင်းပင် အရည်ပျော်ကျကာ မျက်ရည်စက်များ တပေါက်ပေါက်နှင့် ကျလာတော့၏။ ပါးစပ်ကလည်း ဝူးဝူးဝါးဝါးနှင့် အော်ဟစ်ငိုယိုနေသေးသည်က မား ဟူသော တစ်လုံးတည်းကိုသာ။ အမေပျောက်နေသည်ဖြစ်မည်။ လျှာရှည်ပြီးလာလိုက်မိတာ အခုတော့ မပြန်ရက်တော့သည်မို့ နောက်ကျတော့မည့်အရေးကိုသာ စိတ်ပျက်လက်ပျက် တွေးမိလိုက်တော့၏။

"​ဟေ့ မငိုနဲ့တော့ ဘယ်နားမှာလဲ မင်းအမေက"

မငိုနဲ့တော့ ဟု လေသံမာမာနှင့်ပြောမိတော့ ချက်ချင်းပင် လက်ဖမိုးနှင့်မျက်ရည်တို့ကို ပွတ်နေရင်းမှ မပီမပြင် လက်ညှိုထိုးပြသည်က ရေရေရာရာမရှိသည့် တောအုပ်ထဲသို့။ chanyeol သက်ပြင်းချလိုက်ပြီးမှ ထိုကလေးဘက်လှည့်လိုက်သည်။

"လမ်းလျှောက်နိုင်လား"

မလျှောက်နိုင်လည်း ရအောင်လျှောက်ရမည်။ သူကလေးမချီချင်ဘူး။

စိတ်ထဲကသာ ပြောလိုက်မိတာ ဖြည်းဖြည်းချင်းထရပ်နေသော ကလေးအား ဒူးခေါင်းအောက်မှာ လက်လျှိုသွင်းကာ လက်မောင်းသေးသေးကိုလည်း ခပ်ဖွဖွဆွဲထားပေးရသေးသည်။ တည့်တည့် ရပ်လိုက်သည်နှင့် နာကျင်မှုကြောင့်ရှုံ့မဲ့သွားသော မျက်နှာထားလေးက မြင်ရသည့်သူပါ စိတ်မကောင်းချင်စရာ။ ထိကိုင်ထားသော လက်မောင်းကနေ စွမ်းအားတစ်ချို့လွှတ်ပေးကာ နာကျင်မှုကို သက်သာစေလိုက်သော်ငြား ထိုကလေးကတော့ သတိပြုမိပုံမပေါ်။

ဒီလောက်ဆိုရင်တော့ လမ်းလျှောက်လို့ရကောင်းပါရဲ့။

"လာ ငါ့နောက်လိုက်ခဲ့"

သူ့လက်တစ်ဖက်ထဲ လျှိုသွင်းလာသည့် လက်သေးသေးလေးအား သေချာဆုပ်ကိုင်ပေးကာ ညွှန်းပြသည့်တောထဲဝင်လာလိုက်သည်။

"ဒီထဲမှာဆိုတာ သေချာလား"

ငုံ့ကြည့်ပြီး မေးမိလိုက်တော့ ခြေလှမ်းသေးသေးလေးများက သူ့ကိုမမှီသည့်အလား ခုန်ဆွလိုက်နေရာမှ ရပ်တန့်ကာ ပြန်ဖြေသည်။

"မ မှတ်မိဘူး ဒီထဲကထွက်လာတာတော့ သေချာတယ်၊ သားလမ်းပျောက်သွားလို့"

အင်းပေါ့
လမ်းပျောက်သွားလို့ပဲ အကူအညီတောင်းတာပေါ့

ဘာမှပြောမနေတော့။ ရှေ့ကိုဆက်လျှောက်လာခဲ့သည်။ လိုက်မမှီမှာစိုး၍ အရှိန်လျှော့ပေးပြန်တော့ ထိုသေးသေးလေးကပဲ ဦးဆောင်ဆွဲချင်နေပြန်သည်။ chanyeol ထက် အလျင်လိုနေသည့်အလား။

"ခဏရပ်"

သစ်ပင်ကြီးတစ်နေရာအဖြတ် ချက်ချင်းပင် ထိုင်ချကာ ထိုကလေးကိုသစ်ပင်နားကပ်ထားလိုက်သည်။ chanyeol ကတော့ မပုန်း။ သူ့ခန္တာကိုယ်နှင့်သာ ထိုကလေးကို သစ်ပင်ကြားညပ်ပြီး ကွယ်ထားပေးပြီး ထိုသစ်ပင် အနောက်ကိုသာ တစိုက်မတ်မတ်ကြည့်နေ၏။

"ရှူး"

အသံထွက်ချင်နေသော ကလေးကို မျက်နှာရိပ်မျက်နှာကဲ ပြလိုက်တော့ ချက်ချင်းပင် ပါးစပ်ပိတ်သွား၏။ ထိုစဥ် ရုတ်ချည်းပင် သစ်ပင်အနောက်ကနေ ပြေးလွှား ဖြတ်သွားကြသည့် ခွေးအ တစ်အုပ်။ အကောင်ရေ တော်တော်များသည်။ ဒီကောင်တွေက စည်းမရှိ ကမ်းမရှိအပြင် ရွံစရာလည်းတော်တော်ကောင်းသေးသည်မို့ chanyeol မကြိုက်။ တစ်ကောင်တည်းရှိလောက်မည်ဆို chanyeol ကို မြင်သည်နှင့် ပြေးလောက်မည်ဖြစ်သော်ငြား အုပ်လိုက်မို့ ရန်ဆောင်နေချင်သေးသည့်အလား ပြေးနေသည်များ ရပ်ကာ တစ်ကောင်စ နှစ်ကောင်စ လှည့်ကြည့်လာတော့၏။

chanyeol အကြည့်ကိုမလွှဲ။ အသွင်မပြောင်းထားပေမယ့် အစိမ်းရောင်သန်းနေသည့် စူးစူးရဲရဲ မျက်ဝန်းတစ်စုံက ၎င်းတို့ထံသာ တစိုက်မတ်မတ် စူးစိုက်ကြည့်နေ၏။ ဒေါင်လိုက်ကန့်လန့်ဖြတ် ကျုံ့ဝင်နေသော မျက်စံအနက်က သတိပေးနေသည့်အလား၊ ဓားသွားနှယ်။

၎င်းအုပ်ထဲမှ တစ်ကောင် နှစ်​ကောင်လောက်ကလည်း အုပ်စုအားကိုးနှင့် သွားရေတမြားမြားကျသည်အထိ Chanyeol ကို စိုက်ကြည့်လာသည်။ chanyeol လက်ထဲ ထိုလူသားပေါက်စလေးသာ မရှိလျှင် ထိုအုပ်လိုက်ကို ဝင်သတ်လိုက်ပြီးဖြစ်သော်ငြား ယခုတော့စိတ်ထိန်းထားရသည်။ ရာရာစစ အဆင့်နိမ့်သတ္တဝါတွေကများ သူ့ကို လာယှဥ်ချင်နေကြသေးသည်။

အကြည့်က တစ်ချက်လေးပင်မယိမ်းယိုင်။ အထဲကမျက်စံအနက်သည်လည်း နည်းနည်းလေးပင် လှုပ်ရှားသွားခြင်းမရှိ၊ စူးမတ်နေသည်မှာ အာရုံတစ်ခုတည်းကိုသာ စိုက်ထားပုံပေါ်ပြီး သတ်ဖြတ်ချင်ရိပ်တို့ကလည်း တရိပ်ရိပ်တက်လာနေ၏။

ထိုစဥ်ပင် တစ်ဖက်က အုပ်စုခေါင်းဆောင်က ချက်ချင်းပင် အမိန့်ပေးသံအလား အော်ဟစ်လိုက်သည်နှင့် ကျန်ကောင်များက အကြည့်များရုတ်ကာ လှည့်ထွက်သွားကြတော့၏။ chanyeol မျက်စံတို့ အရောင်ပြန်ဖျော့သွားသည်။ ခေါင်းဆောင်ကပင် အညံ့ခံနေလျှင် ၎င်းတို့ ကိုယ့်အဆင့်ကိုယ်သိသင့်သည်။

တစ်ကောင်တစ်မြှီးမှ မကျန်သည်အထိ သစ်ပင်နောက်ကို ကြည့်နေရာမှ အကြည့်ကိုသူ့ရှေ့တည့်တည့်က ကောင်လေးထံပို့လိုက်သည်။ အသက်ရှူအောင့်ထားသည့်အလား တစ်ချက်လေးပင်မလှုပ်ရဲ၊ တောင့်တောင့်လေးဖြစ်နေသောကြောင့် လက်ကိုပြန်ကိုင်ပေးရင်း ဆိုလိုက်သည်။

"ရပြီ ဘာမှမဖြစ်တော့ဘူး"

ပြောလိုက်တော့မှ ဖြည်းဖြည်းချင်းမော့ကြည့်လာပြီး တစ်ခွန်းရွတ်လာ၏။

"မား"

"အင်းပါ အင်းပါ လိုက်ပို့ပါ့မယ်"

သူ့ခရီးသာသူအာရုံစိုက်နေပုံအရ တော်တော်ပင် အလျင်လိုနေလောက်သည်မို့ chanyeol တောင်စောင်းတစ်လျှောက် တက်လာလိုက်သည်။ တဖြည်းဖြည်းနီးလာသည်နှင့် မကြာသေးခင်ကတွေ့ခဲ့ရသော ခွေးအအုပ်စု၏ ခြေရာများကိုတွေ့လာရသည်။

တစ်ဆက်တည်းဆိုသလို လှိုက်တက်လာသည့် သွေးနံ့ခပ်ပြင်းပြင်းတို့ကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ အလန့်တဖြတ် အနောက်ကကောင်လေးထံ စကားလှည့်ပြောရန် ကြံတုန်းရှိသေး chanyeol လက်ကို ဆွဲကာ တောင်စောင်းအောက်ပြေးဆင်းသွားသည်မို့ အလျင်လိုက်ရသည်။

သို့ပေမယ့် ရောက်သွားသည်က မြေကွက်လပ်တစ်ခုထံသာ။ သွေးတို့က မြင်မကောင်းအောင်ပျံ့ကျဲစီးဆင်းနေပြီး အိုင်တစ်ခုနှယ်ဖြစ်ထွန်းနေသည်။ လက်ထဲက တဆတ်ဆတ်တုန်ရီလာသည်ကို ခံစားမိသည်မို့ ခပ်မြန်မြန်ပင် ထိုကလေးကိုအမြင်ကွယ်ကာ ပွေ့ဖက်ပေးထားလိုက်သည်။

"ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး ငါရှိတယ်"

ပြောသည်ကိုလည်း ကြားပုံမရ။ တစ်ချက်ချင်းတုန်ရီနေသည်မို့ ခေါင်းပေါ်လက်တင်ကာ ခပ်ဖွဖွပွတ်သပ်ပေးမိသည်။

"ဒီနားမှာ၊ ခုနက ဒီနားလေးတင် ရှိနေတာကို ဟင့်"

ဖက်ထားရင်းမှ ပလုံးပထွေးရေရွတ်လာသော အသံတိုးတိုးကြောင့် ထိုနေရာကို chanyeol ထပ်ကြည့်လိုက်သည်။ ကံမကောင်းပေမယ့် သူတို့နောက်ကျသွားသည်ကိုသာ အသံတိတ်ဝန်ခံရမည်။

"ဘယ် ဘယ်ရောက်သွားတာလဲ မသိဘူး၊ မား ဟင့် စောင့်နေမယ်လို့ပြောထားပြီးတော့ အီးဟီး"

ကျောပြင်တို့ကိုလည်း ပွတ်သပ်ပေးသည်။ ခေါင်းကိုလည်းပွတ်သပ်ပေးသည်။ မငိုနဲ့ဟု ဆိုချင်သော်ငြား အမေဆုံးရှုံးလိုက်ရသည့် ကလေးတစ်ယောက်၏ ခံစားချက်ကို သူကိုယ်ချင်းမစာနိုင်သည်မို့ လက်လွတ်စပယ်မပြောရဲ။ ဆုံးရှုံးလိုက်ရသည်မှာ ရိုးရိုးသားသားပင်မဟုတ်။ သွေးပျက်စရာအနေအထားတစ်ခုနှင့်။ အော်ဟစ်ငိုယိုနေသည်ကို မညောင်းမညူ ဖက်ပေးထားလိုက်သည်မှာ နေဝင်သွားသည်အထိ။

သက်ပြင်းချလိုက်မိသည်။
ရင်ခွင်ထဲ မျက်ရည်များပေတလူးကာ မေ့မျောနေပြီဖြစ်သော ကောင်လေးကိုငုံ့ကြည့်လိုက်တော့ တစ်ချက်တစ်ချက် တုန်နေသေးသည်။ ချီသယ်လာသော်ငြား ဘယ်ပို့ရမှန်းလည်း chanyeol စဥ်းစားမရ။ စံအိမ်ကိုလည်းမခေါ်ချင်။ ဒီအတိုင်း ထားခဲ့ရအာင်လည်း အန္တရာယ်တွေက ပေါကျင်းသောကျင်း။

သို့ပေမယ့် chanyeol အချိန်တွေလည်း တော်တော်ကုန်နေပြီဖြစ်သည်။ နေဝင်သွားပြီမို့ မှောင်မဲကာ လရောင်လွှမ်းနေသော တောအုပ်က ရံဖန်ရံခါ သားရဲများအော်ဟစ်သံတို့နှင့် ခြောက်ခြားစရာကောင်းနေ၏။ chanyeol ထိုကလေးကို အချိန်အတော်ကြာသည်အထိ မချီထားချင်သည်မို့ ထားခဲ့ဖို့သင့်တော်သည့်နေရာ ခပ်မြန်မြန်စဥ်းစားရသည်။ တော်ကြာနိုးလာမှ သူ့အားအတင်းဖက်တွယ်ထားပါက ထားခဲ့ဖို့ ပို၍ပင်ခက်ခဲလာလိမ့်မည်ကို သိနေသည်မို့​။ သို့ပေမယ့် လတ်လွတ်စပယ်လည်း မထားခဲ့ရက်သည်မို့ တောစပ်နားထိ ဆင်းလာဖြစ်သည်။ လူတွေနားပို့ခဲ့လိုက်ရင်တော့ အန္တရာယ်ကင်းလောက်မှာပါ။ ပြီးနောက် ကလေးက သွက်သွက်လက်လက်ရှိသည့်အပြင် အနားအလွယ်တကူ ကပ်လို့မရသည့် ရောင်ဝါတစ်ခုကိုလည်း ခံစားနေရသေးသည်မို့ သာမန်မဟုတ်မှန်းသိလိုက်ရသည်။

တောင်အောက်ဆင်းလာသည့်တစ်လျှောက် အမှောင်ထဲမှာမို့ ပုံမှန်မှိန်နေတတ်သည့် မျက်ဝန်းစိမ်းများက တောက်ပလင်းထိန်နေသကဲ့သို့ အမြင်အာရုံကလည်း နေ့ဘက်ထက် ဆယ်ဆလောက် ပိုမိုစူးရှနေ၏။

တောစပ်နားရောက်လာသည်နှင့် အဝေးကနေ မြင်နေရသည်က မီးပုံတစ်ခု။ ထို့နောက် လူတချို့စကားပြောသံနှင့် အစားအသောက်များအနံ့။ အနားရောက်ခါနီးမှ အရှိန်သတ်ကာ သေချာကြည့်မိတော့ လူငယ်ချည်း ခြောက်ယောက်လောက် ရှိသည်။ မိန်းကလေး ၄ ယောက်၊ ယောကျ်ားလေး ၂ ယောက်ဖြစ်ပြီး ပျော်ရွှင်ရယ်မောနေကြသည့်ပုံအရ ပျော်ပွဲစားထွက်လာကြသည့်ပုံ။

အမှောင်ထဲကနေထွက်ရန် ပုံမှန်ထက် အရှိန်လျှော့ကာ တစ်လှမ်းချင်းဆီ ခြေချတိုင်းမှာ ခြေသံဟူ၍ ထွက်မနေစေရန် သတိထားရသည်။ အမှောင်ထဲက ဖြည်းညှင်းစွာ ထွက်လာသည့်တစ်လျှောက် မည်သူမှသတိမထားမိခင်တွင်ပင် လက်ထဲက ချီထားသည့် ကလေးအား မြေပြင်ပေါ် ဖြည်းညှင်းစွာချပေးလိုက်သည်။ ပြီးသည်နှင့် ချက်ချင်းပင်ခြေရာဖျောက်ကာ တောနက်ထဲ တရိပ်ရိပ် တိုးဝင်ပျောက်ကွယ်သွား၏။

လက်ထဲက ကောက်ထားသည့် ကျောက်စရစ်ခဲတစ်လုံးကို လက်ညိုးနှင့်လက်မသုံးကာ တောက်လိုက်တော့ အုပ်စုအဖွဲ့ထဲမှ မှန်ကြောင်ကောင်လေးတစ်ယောက် ဦးစောင်းကိုသွားမှန်၏။ နာကျင်သည့် အမူအရာနှင့် ချက်ချင်းလှည့်ကြည့်လာသည်က chanyeol ထံမဟုတ်။ မေ့လဲကျနေသော ကလေးထံဖြစ်ပြီး တွေ့သည်နှင့် အလျှိုလျှိုပြေးလာကာ ချီပွေ့ထားတော့၏။ ဖုန်းဆက်သူကဆက်၊ လှုပ်နှိုးသူကနှိုးဖြင့် ပြာယာခတ်နေသော အခြေအနေအား အမှောင်ထဲမှ မျက်လုံးစိမ်းတစ်စုံက တစိုက်မတ်မတ်စူးစိုက်ကြည့်နေခဲ့၏။

ကံကောင်းပါစေ ကောင်လေး

______•°•°•°•°•

စိတ်ခံစားချက်တွေပေါ်မူတည်ပြီး အထဲကမျက်စံ အပြောင်းအလဲရှိ ✨

ဓားသွားလို မျက်စံဆိုတာ ဒါမျိုးကိုဆိုလိုချင်တာ ပုံဖော်တာမပေါ်မှာစိုးလို့ TT

နောက်ကြောင်းပြန်တာတွေက လာဦးမှာ တစ်ခါတည်းတော့အကုန်မပြန်ဘူး ပျင်းသွားမယ်စိုးလို့ နည်းနည်းချင်းဆီ လိုအပ်တဲ့တစ်ကွက်ချင်းဆီပဲ ဖြတ်ပြန်မယ် ပြီးရင် အစကနေပြန်ဖတ်ပြီးဆက်စပ်ကြည့်ပေါ့ ဇာတ်ရည်ပိုလည်သလို view လည်း ပိုတက်တာပေါ့ ဟားဟား 😁

Zawgyi

စံအိမ္ကျပန္မလာခင္ ဘိုးေတာ္ေခၚသည္မို႔ သြားၾကည့္ေတာ့ တကူးတကေမးလာသည္က စြမ္းအားအေျခအေနသာ။ ဒီေန့မွပဲ ပတ္ပတ္လည္ကလူတိုင္းက သူ႔စြမ္းအားကို စိုးရိမ္ေနၾကလဲမသိပါ။ စိတ္ေက်နပ္သည္အထိ စစ္ေဆးခံ၊ ေလ့က်င့္ခံၿပီးမွ ျပန္လာေတာ့ ညေနေစာင္းေနၿပီျဖစ္သည္။

ေနာက္က်ေနေသာ္ျငား က်န္ခဲ့သည့္ေကာင္ေလးကိုေတာ့ ပိတ္ရက္မို႔မစိုးရိမ္ပါ။ ထို႔အျပင္ သူကိုယ္တိုင္လည္း အႏၲရာယ္ကင္းေစရန္ စည္းအထပ္ထပ္ခ်ေပးခဲ့ေသာေၾကာင့္။
ေတြးစရာေတြမ်ားေနသည္မို႔ ေတာထဲ ေအးေဆးလမ္းေလ်ွာက္ျပန္လာျဖစ္သည္။ ေတာအုပ္ထဲမ ရင္းႏွီးေနသည့္ ေနရာတခ်ိဳ႕ကိုေတြ့မိတိုင္း ျမင္လႊာထဲ ေတာက္ေလ်ွာက္ ျဖတ္ေျပးသြားသည္က ေကာင္းေကာင္းဆိုးဆိုး အတိတ္တခ်ိဳ႕သာ။ chanyeol အတြက္ မေကာင္းခဲ့ေသာ မိတ္ေဆြေဟာင္းႏွင့္ ျပန္ဆံုရန္ရိွသည္ပင္။

_
_
_

စံအိမ္ထဲ ေလ်ွာက္လွမ္းလာသည့္ ေျခလွမ္းမ်ားက ေဒါသတို႔ ဆူပြက္ေနသည့္ႏွယ္ တစ္လွမ္းခ်င္းတိုင္းမွာ ေဆာင့္ေဆာင့္ေအာင့္ေအာင့္ျဖင့္။ ေဘးနားက ျဖတ္သြားသမ်ွ မည္သူမဆို အနားမွကပ္မေလ်ွာက္ရဲသည္အထိ ထိုေကာင္ေလး၏ ေဒါသမီးတို႔က ထိလိုက္မိသည္ႏွင့္ ဟုန္းဟုန္းေတာက္ ထေလာင္ေတာ့မည့္အလား။

အခန္းတစ္ခုအေရ႔ွေရာက္သည္ႏွင့္ တံခါးကိုေဆာင့္ကန္ဖြင့္ခ်ကာ ေအာ္ဟစ္လိုက္သည္။

"လီခ်န္းဝူး !!! ငါ့ႏို႔ဗူးေတြကို ဘာလုပ္လိုက္တာလဲ !!!"

အေမးသာရိွေသာ္ျငား အေျဖမရိွ။ တိတ္ဆိတ္ၿမဲ တိတ္ဆိတ္ေနေသာ အခန္းအတြင္း မ်က္စိလွည့္ကစားလိုက္ေသာ္ျငား တစ္စကၠန္႔မ်ွသာ။ ထိုေကာင္မရိွ ဆိုသည္ကို သတိထားမိလိုက္သည္ႏွင့္ ပြင့္ဟေနေသာ ဝရံတာထံ ခ်က္ခ်င္းေျပးကာ ငံု႔ၾကည့္လိုက္သည္ေတာ့ သိသိသာသာ ထြက္ေျပးသြားသည့္ ေျခရာမ်ားေတြ့လိုက္ရသည္။

"ေခြးသူေတာင္းစား"

ဆဲေရးဆိုလိုက္သည္မွာ ၁၇ ႏွစ္ အရြယ္ေလာက္သာ ရိွေသးသည့္အလား ျဖဴစင္ဟန္ေပါက္ေနေသာ ရုပ္ေလးႏွင့္ပင္မလိုက္မဖက္။ ဒါ ေတာ္ေတာ္ထိန္းထားရျခင္းျဖစ္သည္။ သူဒီေန့မနက္ မိုးလင္းကတည္းက ႏို႔မေသာက္ရေသးလို႔ စံအိမ္တစ္ခုလံုးကို ျပႆနာပတ္ရွာေနတာျဖစ္ေသာ္ျငား ေနာက္ဆံုးအရင္းအျမစ္က ဒီေကာင္မွန္းသိလို႔ ေဒါသဆူပြက္ကာ ေရာက္ခ်လာျခင္းျဖစ္၏။ ဒါေတာင္ သူလိုက္လာမည္ကို သိသည့္အလား ရေအာင္ထြက္ေျပးသြားေသးသည္။ ေၾကာက္၍ေျပးျခင္းမဟုတ္။ တမင္သူ႔ေနာက္လိုက္ေအာင္ စိမ္ေျပးတိုင္း ကစားခ်င္သည့္အလား ေျပးျခင္းျဖစ္သည္မို႔ ပိုေဒါသထြက္ျခင္းျဖစ္သည္။ ထို႔အျပင္ မ်က္လံုးထဲ ထိုေျပာင္ေခ်ာ္ေခ်ာ္အၿပံဳးကို ျမင္ေယာင္မိလ်ွင္ ပိုေသြးတက္ေသးသည္။ အလုပ္မရိွ အလုပ္ရွာကာ တမင္ သူသေဘာက်သည့္အရုပ္ေလးအား ခိုးယူကာ ျပန္လိုခ်င္လ်ွင္ လိုက္ယူ ဟု ဆိုခ်င္ေနသေယာင္။

"ေတာက္ !!"

ေဒါသႏွင့္အတူ အားပါသြားသည့္ လက္သီးဆုပ္က ဝရံတာလက္ရန္းေပၚ ထုခ်မိေတာ့ ေက်ာက္သားလက္ရန္းတို႔ တစ္စစီက်ိဳးပဲ့က်၏။ သူသေဘာက်ရာကို အလုခံလိုက္ရ၍ ျဖစ္တည္လာသည့္ ေဒါသသာျဖစ္သည္။

ခ်က္ခ်င္းပင္ ၪီးတည္ရာ ေျပာင္းျပန္ခ်ိဳးကာ ျပန္လွည့္လာလိုက္သည္က စာဖတ္ခန္းထံသို႔။

တံခါးကိုခပ္ျမန္ျမန္တြန္းဖြင့္လိုက္ေတာ့ တိတ္ဆိတ္ေနေသာ စာဖတ္ခန္းထဲမွ တစ္ခုတည္းေသာ ပံုရိပ္က လန္႔သြားသည့္အလား တုန္တက္သြားသည္။

"အိုဆယ္ဟြန္း ဟိုေကာင္ဘယ္ကိုေျပးသြားတာလဲ ေတြ့မိလိုက္ေသးလား"

"ဟမ္"

ငုပ္တုပ္ထိုင္ စာဖတ္ေနရာမွ ေၾကာင္ေတာင္ေတာင္ေလး ေမာ့ၾကည့္လာေသာ ဆယ္ဟြန္းက သူေျပာသမ်ွ လိုက္မမွီသည့္ႏွယ္။ စိတ္ပ်က္လက္ပ်က္ က်စ္စုပ္သတ္မိလိုက္သည္။ စကားကို ႏွစ္ခါျပန္ေျပာရတာေတြ သူတကယ္မုန္းသည္။ အထူးသျဖင့္ ေဒါသထြက္ေနသည့္အခ်ိန္မ်ိဳးတြင္။

သူ႔စိတ္မရွည္ေသာပံုစံေၾကာင့္ sehun က ခ်က္ခ်င္းပင္ ၪီးေနွာက္အလုပ္ေပးစဥ္းစားလာ၏။

"ငါ - သူဟိုဘက္ကိုေျပးသြားတာ ေတြ့လိုက္တယ္"

ဝရံတာဘက္ကေန လက္ၫွိုးထိုးျပသေလာက္ လွမ္းၾကည့္မိေတာ့ ေတာအုပ္ထံသာ။

"ေသခ်ာလား"

"အင္း"

ေခါင္းတစ္ခ်က္ညိတ္ျပလာ၍ ေျပးမည္ႀကံတုန္းရိွေသး၊ အေနာက္နားကေန အသံထြက္လာ၏။

"ဒါဘယ္တုန္း"

တည္တည္ၿငိမ္ၿငိမ္ထြက္လာေသာ အသံေၾကာင့္ chanyeol ေျခလွမ္းတို႔ ​ေတာင့္ခဲသြားသကဲ့သို႔ sehun လည္း ကုပ္ကုပ္ေလးထိုင္ေနရာမွ ခ်က္ခ်င္းထရပ္လာ၏။

"သခင္ေလးက ကြၽန္ေတာ့္ကို အရိုအေသေပးစရာမလိုပါဘူး ေနသာသလိုေနပါ"

sehun ထံ ၪီးတည္ကာေျပာလာေသာ စကားေၾကာင့္ sehun က ေခါင္းတစ္ခ်က္ငံု႔ကာ နာခံလာ၏။ အေဖ့ကို လွမ္းအကဲခတ္ၾကည့္မိေတာ့ sehun အျပဳအမူေၾကာင့္ မ်က္ဝန္းထဲ အလိုမက်ရိပ္မ်ား ထင္းေနဟန္။ chanyeol လည္း တစ္ခ်က္တစ္ခ်က္ အလိုမက်ပါ။ sehun သည္ကား သူ႔အား တစ္ေယာက္ေယာက္က အသားလြတ္ လာရန္ေဆာင္ေနလ်ွင္ေတာင္ ေခါင္းငံု႔ခံေနမည့္ပံုစံမ်ိဳး။ စြမ္းအားမရိွသည္လည္းမဟုတ္။ သူ႔ထက္လည္းစြမ္းအားမနိမ့္သည့္အျပင္ ပိုေတာင္ႀကီးေသးသည္ကို လူတိုင္းကို အေလ်ာ့ေပးဆက္ဆံေနသည္မို႔ chanyeol က အၿမဲ အေနာက္ကလိုက္ၿပီး လူဆိုးလုပ္ရၿမဲ။ ထို႔ေနာက္ အေဖ့အၾကည့္က chanyeol ထံ လြင့္လာ၏။

"ထပ္ေမးမယ္ ဒီအခ်ိန္ႀကီးမင္းကဘယ္လဲ"

ဒီအခ်ိန္ႀကီးဆိုေတာ့မွ ေခါင္းကိုခပ္ျမန္ျမန္အလုပ္ေပး စဥ္းစားမိေတာ့ ေလ့က်င့္ေရးဆင္းခ်ိန္ျဖစ္သည္ကို သတိရလိုက္မိသည္။ သူျပန္ေျဖဖို႔ ပါးစပ္ပင္မဟရေသး၊ အသံခပ္ေသးေသးကထြက္လာ၏။

"ကြၽန္ေတာ္ ခုေလးတင္ chanyeol ကို သတိေပးမလို႔လုပ္ေနတာပါ"

chanyeol ဘက္က ကာေျပာေပးလာေသာ္ျငား chanyeol ကေတာ့ အကာမခံ။

"ကြၽန္ေတာ္မအားဘူး၊ ေတာထဲသြားရၪီးမွာမို႔၊ ျပန္လာမွေလ့က်င့္ကြင္းထဲ ဆင္းႏိုင္မယ္"

ခြင့္ေတာင္းျခင္းပင္မဟုတ္၊ အသိေပးျခင္းေလာက္သာရိွေသာ ေလသံေၾကာင့္ သိသိသာသာအံႀကိတ္သြားေသာ အေဖ့ကို မျမင္ခ်င္ေယာင္ေဆာင္လိုက္သည္။

"ဘာအေရးတႀကီးကိစၥေတြမ်ားရိွေနလို႔လဲ"

ေဒါသထိန္းကာ ေအးေဆးေမးလာေသာ ေမးခြန္းကို ခပ္ျမန္ျမန္တံု႔ျပန္လိုက္၏။

"ခ်န္းဝူးကိုသြား သမ မလို႔၊ သူကြၽန္ေတာ္ဝယ္ထားတဲ့ႏို႔ဗူး ပါကင္လိုက္ကို လက္စေဖ်ာက္သြားတယ္"

sehun ကေတာ့ ဘာကိုမ်ွဝင္မေျပာရဲသည့္အလား ၿငိမ္ၿငိမ္ေလးရပ္ရင္းသာ အရိပ္အကဲခတ္ေန၏။ အေဖကေတာ့ ဂုပ္ကိုလွမ္းကိုင္လိုက္ပံုအရ ေသြးတက္သြားပံုေပၚသည္။ သို႔ေပမယ့္ မေအာ္။ သူဒီႏို႔ေတြဘယ္ေလာက္ႀကိဳက္လဲ အေဖအသိပဲ။ ထူးထူးျခားျခားလိုအပ္ေန၍မဟုတ္။ ဒီအတိုင္း ကေလးတခ်ိဳ႕ သူတို႔၏အႀကိဳက္ဆံုး အရုပ္ရိွသကဲ့သို႔ သူ႔အတြက္လည္း အႀကိဳက္ဆံုးအရာ တစ္ခုအျဖစ္ တည္ရိွေနသလိုမ်ိဳးပင္။ မတူသည္ကား ငယ္ငယ္တည္းကေန ယခုအခ်ိန္ထိ စြဲစြဲလမ္းလမ္းျဖစ္ေနသည့္အျပင္ မည္သူႏွင့္မွ မ်ွေဝမခံေသာ အက်င့္ဆိုးသာကြာမည္။ ေန့တိုင္းေသာက္ေနရလို႔ မရိုးသြားဘူးလား ေမးလ်ွင္လည္း မရိုးပါ။ သဘာက်သည္၊ ႀကိဳက္သည္၊ ဆိုသည္မွာ သူ႔အတြက္ ရိုးသြားသည္ဟူ၍မရိွ။ ပို၍စြဲလမ္းလာသည္သာ ရိွသည္။ အေဖကေတာ့ မ်က္လံုးအသာမိွတ္ကာ အသက္ရႉသံတို႔ကို ထိန္းသိမ္းေနၿပီး ခဏအၾကာမွ ထပ္ေပါင္းဆိုရွာသည္။

"ေသာက္လို႔ရေအာင္ ထပ္ဝယ္ခိုင္းလိုက္မယ္၊ ေလာေလာဆယ္ လိုက္ခဲ့ မင္းကိစၥေနာက္မွရွင္း"

သိသိသာသာစူပုပ္သြားေသာ chanyeol က မ်က္ဝန္းစိမ္းမ်ားတြင္ အာခံေနဟန္အျပည့္။ အေဖကလည္း သူ႔ထက္မေလ်ာ့သၫ့္ စိမ္းရင့္ေရာင္သန္းေနေသာ မ်က္ဝန္းမ်ားျဖင့္ ဖိႏိွပ္လာ၏။

"အခုလိုက္ခဲ့လို႔ငါေျပာေနတယ္"

chanyeol သက္ျပင္းတစ္ခ်က္ေဆာင့္ခ်ကာ ေတာအုပ္ထံ ျမင္ရသေလာက္ အကြာအေဝးခ်ံဳ႔ၾကည့္လိုက္သည္။ အထဲေတာနက္ေတြထိ မျမင္ရေတာ့ေသာ္ျငား ေျပးလႊားေနသည့္ ေျခသံမ်ားကိုေတာ့ နားထဲတိုက္ရိုက္ ၾကားလိုက္ရသည္မို႔ အံတင္းတင္းႀကိတ္လိုက္မိသည္။ ေနႏွင့္ၪီးေပါ့။ ေတြ့လို႔ကေတာ့ အေရခြံစုတ္ပစ္မည္။

ေတြးၿပီးသည္ႏွင့္ ခ်က္ခ်င္းပင္ အေဖ့နားေလ်ွာက္သြားလိုက္သည္။

"သခင္ေလးလည္းေလ့က်င့္ရပါမယ္၊ လိုက္ခဲ့ေပးပါ"

"ဟုတ္"

ခ်က္ခ်င္းပင္ လက္ထဲကစာအုပ္ေလးခ်ကာ မေျပးရံုတမယ္ အျမန္ေလ်ွာက္လာေသာ sehun ။

ေလ့က်င့္ေရးဆင္းသည္ဟူသည္ကား သူတို႔တစ္ေယာက္ခ်င္းဆီအလိုက္ ရရိွထားေသာ စြမ္းအားမ်ားကို ထိန္းခ်ဳပ္ႏိုင္ရန္ႏွင့္ လုပ္ႏိုင္စြမ္းတို႔ကိုျမႇင့္တင္ရန္ သင္ၾကားေပးျခင္းသာ ျဖစ္သည္။ စာေတြ့ႏွင့္မဟုတ္ဘဲ လက္ေတြ့ျဖစ္သည္ကေတာ့ တစ္ခ်က္။ တစ္ဆင့္ခ်င္း တစ္ဆင့္ခ်င္း စြမ္းအားတက္သြားတိုင္း အဆင့္တူမ်ားႏွင့္ တစ္လတစ္ႀကိမ္ တိုက္ခိုက္ခိုင္းသည္။ အေသမသတ္ရံုကလြဲ၍ စည္းမ်ဥ္းမရိွ။

chanyeol ႏွင့္ sehun ကေတာ့ တျခားကေလးမ်ားႏွင့္မတူ၊ သီးသန္႔အတန္းျဖင့္သာ ေလ့က်င့္သင္ၾကားေပးသည္။ အဆင့္မ်ားက သာမန္ကေလးမ်ားထက္ ေက်ာ္လြန္ေနသည့္အျပင္ တိုးတက္ႏႈန္းျမန္သည္မို႔။ သူတို႔ႏွစ္ေယာက္အျပင္ တျခားတစ္ေယာက္ျဖစ္ေသာ ခ်န္းဝူးဟူသည့္ ဆယ္ဟြန္း၏ တစ္ဝမ္းကြဲအစ္ကိုလည္း ရိွပါေသးသည္။ သူကေတာ့ တိုးတက္ႏႈန္းျမန္သည္ဆိုသည္ထက္ ေမြးရာပါ ရရိွလာသည့္ စြမ္းအားကိုက အဆင့္ျမင့္ေနျခင္းျဖစ္သည္။

အဆိပ္ တဲ့။

အဆိပ္ဆိုသည္ကလြဲ၍ အေဖက chanyeol တို႔ကို ေသခ်ာရွင္းျပျခင္းမရိွပါ။ သူတို႔ထံတြင္လည္း သိခြင့္မရိွသလို ေမးခြင့္လည္းမရိွ။ အခ်င္းခ်င္း တီးတိုးေမး၍ သိရလ်ွင္ေတာ့ တစ္မ်ိဳးေပါ့။ တစ္ေယာက္ႏွင့္တစ္ေယာက္၏ စြမ္းအားမ်ားကို အခ်င္းခ်င္း လက္ရည္ယွဥ္ၿပီဆိုေတာ့မွသာ ျမင္ခြင့္ေပးၿပီး ကိုယ္တိုင္ အေတြးအျမင္ႏွင့္သာ ဆံုးျဖတ္ေစသည္။

ညေနအထိ အီလည္လည္ျဖင့္ ေလ့က်င့္ေရးၿပီးသည္ႏွင့္ တဟုန္ထိုးေျပးသည္က ေတာနက္ထဲ။ သို႔ေပမယ့္ အခ်ိန္ကိုက္ပင္ မိုးေတြရြာခ်လာသည္မို႔ chanyeol အနံ႔ခံမရေတာ့။ အျမင္ကိုသာ အားကိုးရင္း ေတာနက္ထဲ တစ္လွမ္းခ်င္းတိုးဝင္ခဲ့ေတာ့၏။

အထဲေရာက္သည္ႏွင့္ မိုးလည္းမသည္းေတာ့ေသာ္ျငား သစ္ကိုင္း သစ္ေျခာက္မ်ားမွ တြဲလဲခိုေနသည့္ မိုးေရစက္မ်ားကေတာ့ တေပါက္ေပါက္ က်ေနေတာ့၏။ ေတာနက္ထဲက သူတို႔ကစားတိုင္း ဝင္ေနၾကမို႔ လမ္းတခ်ိဳ႕က ရင္းႏွီးေနသည္မို႔ ေအးေဆးသက္သာစြာ ေလ်ွာက္ေနေသာ္ျငား အေနာက္ကေန တစ္ခ်က္တစ္ခ်က္ ၾကားေနရေသာ ေျခသံေဖ်ာ့ေဖ်ာ့ေၾကာင့္ chanyeol မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။

မေသခ်ာေသးသည္မို႔ ပို၍ပင္သစ္ပင္ထူထပ္ေသာ ေနရာမ်ားထံသို႔ၪီးတည္လိုက္ေတာ့ ေျခသံမ်ားကပိုသိသာလာသည္။ အေနာက္တည့္တည့္ ၅ မီတာေလာက္အကြာကေန ပုန္းလ်ိႈးကြယ္လ်ိႈး ျဖည္းျဖည္းခ်င္းလိုက္လာျခင္းျဖစ္ၿပီး ခပ္ေဖ်ာ့ေဖ်ာ့ေလးေျပးေနပံုအရ အႏၲရာယ္ေပးခ်င္စိတ္ အလ်ဥ္းမရိွမွန္း အတပ္သိလိုက္သည္။

sehun ?

ခ်က္ခ်င္းပင္ ရပ္ကာ ေနာက္လွည့္ၾကည့္လိုက္ေတာ့ ထင္ထားသည့္အတိုင္းပင္။

"ဘာလိုက္လုပ္ေနတာလဲ အိုဆယ္ဟြန္း"

ပုန္းကြယ္ျခင္းလည္းမရိွ။ chanyeol ေမးသည္ကိုသာ မ်က္ႏွာလႊဲကာ ျဖည္းျဖည္းခ်င္းျပန္ေျဖလာ၏။

"တစ္ေယာက္တည္းက်န္ခဲ့တာ ငါပ်င္းလို႔"

chanyeol သက္ျပင္းေဆာင့္ခ်လိုက္သည္။

"ဒီေနရာက ဒီေလာက္အႏၲရာယ္မ်ားတာ မင္းမလာသင့္ဘူးဆိုတာ နားမလည္ဘူးလား"

ေအာ္လိုက္မိသည္က စိတ္ပူ၍ေတာ့မဟုတ္။ sehun သာ တစ္ခုခုျဖစ္လ်ွင္ ခံရမည့္ဒုကၡက chanyeol ေခါင္းေပၚတည့္တည့္မို႔သာ။ ထိုေကာင္ကေတာ့ နားမလည္သည့္အလား ဂရုပင္မစိုက္ဘဲ chanyeol အနားေလ်ွာက္လာ၏။ chanyeol ထပ္ ေအာ္ေျပာလိုက္သည္။

"ဘာလို႔လာမွာလဲ သြား ျပန္ေတာ့"

"မင္းတစ္ေယာက္တည္းဆိုလည္း အႏၲရာယ္မ်ားတယ္ေလ၊ ဟိုေကာင့္ရွာေနတာမလား ငါလည္းကူေပးမလို႔"

"အႏၲရာယ္မ်ားလည္း ငါငါ့ဘာငါကာကြယ္ႏိုင္တယ္ မင္းဘက္ကို ငါအာရံုစိုက္မိမွ ျပႆနာအႀကီးႀကီးတက္ၪီးမွာ"

"ငါလည္းငါ့ဘာငါကာကြယ္ႏိုင္တာမို႔ အာရံုမစိုက္နဲ႔"

ေျပာတတ္သည့္ ပါးစပ္ေလး ေရႊခ်ထားဖို႔ေကာင္းသည္။ ေျပာမေနေတာ့။ အၾကည့္တစ္ခ်က္သာလႊဲရင္း ေရ႔ွဆက္ေလ်ွာက္လာလိုက္သည္။ အေနာက္ကေန ျဖည္းျဖည္းခ်င္းလိုက္လာေသာ sehun က ေျမၾကီးထံသို႔သာ ၪီးတည္ကာ ရွာေဖြေနသည္။

"ခ်န္းဝူးက တြင္းေတြ ဂူေတြထဲမွာပဲ အေနမ်ားတယ္မဟုတ္လား"

sehun ခန္႔မွန္းခ်က္ကို chanyeol ေခါင္းညိတ္လက္ခံလိုက္သည္။

"သစ္ပင္ေပၚေတြမွာလည္းအေနမ်ားတယ္၊ မိုးရြာထားေတာ့ သစ္ပင္ေပၚပိုေတာင္တက္ႏိုင္ေျခရိွေသးတယ္"

သိသိာသာ ဆရာႀကီးလုပ္မႈကို ေခါင္းတဆတ္ဆတ္ညိတ္ကာ လက္ခံေနေသာ sehun ကို လွည့္မၾကည့္ဘဲ ထပ္ဆိုလိုက္သည္။

"မင္းက ေျမၾကီးပိုင္းေတြေသခ်ာရွာ၊ ငါက အေပၚဘက္ေတြရွာမယ္ ငါ့ေနာက္ပဲလိုက္မေနနဲ႔ အပုန္းေကာင္းတဲ့ေကာင္ ဘယ္ေလာက္ၾကာၾကာပုန္းႏိုင္မလဲ ၾကည့္ေသးတာေပါ့ လမ္းမေပ်ာက္ေစနဲ႔ေနာ္"

သတိေပးၿပီးသည္ႏွင့္ ကိုယ့္အာရံုႏွင့္ကိုယ္ လက္ဆစ္ခ်ိဳးကာ sehun ႏွင့္ ဆန္႔က်င္ဘက္လမ္းကို အရိွန္ျမႇင့္ေလ်ွာက္လာလိုက္သည္။ ေတာနက္ထဲတြင္ တျဖည္းျဖည္းေမွာင္သထက္ ေမွာင္လာေသာ္ျငား တျဖည္းျဖည္းေက်ာ္လြန္လာသည္ႏွင့္ အလင္းဓာတ္ျပန္ရလာသည္။ သစ္ပင္ႀကီးမ်ားျဖင့္ ဝန္းရံထားၿပီး ေနအလင္းေရာင္က သစ္ကိုင္းသစ္ရြက္မ်ားၾကားမွ တစ္စြန္းတစ္ေပါက္ ဝင္ေရာက္ေနသည္။ ​ေစာနေလးတင္မွ မိုးရြာထားေသာ္ျငား ေမွာင္မဲစိုစြတ္ေနသည့္ဘက္ျခမ္းႏွင့္ ကြဲလြဲစြာပင္ ဤေနရာကေတာ့ ေျခာက္ေသြ့ေနသည္။

အရွင္းေျပာရလ်ွင္ေတာ့ လူေတြေနသည့္ ေနရပ္ေတြထဲ မေရာက္သြားေသးေသာ္ျငား ဒီေနရာကလည္း သူတို႔တစ္ခါမွ ေျခမခ်ဖူးေသးသည့္ နယ္ေျမအပိုင္းပင္ျဖစ္သည္။ ကံေကာင္းသည္က sehun အား သူတို႔ကစားေနက် ေနရာကိုသာသြားေစလိုက္၍ အႏၲရာယ္မရိွေလာက္။ နယ္ေျမအသစ္ေတြဆိုလ်ွင္ အႏၲရာယ္လည္း အထိုက္အေလ်ာက္ရိွႏိုင္သည္မို႔ အျပည့္အဝစိတ္ခ်ရေနသည္မဟုတ္ပါ။

ခပ္ျဖည္းျဖည္းခ်င္း သြားေနရာမွ ရုတ္တရက္ ႏွာဖ်ားဝတိုးဝင္လာသည့္ အနံ႔တစ္ခု။ chanyeol ေျခလွမ္းတို႔ ရုတ္ခ်ည္းရပ္သြား၏။ ဤသည္ကား သူမရင္းႏွီးသည့္ ေသြးနံ႔ျဖစ္သည္။ လူေသြး။

အေဝးတစ္ေနရာမွ ရေနျခင္းျဖစ္ေသာ္ျငား ထိုလတ္လတ္ဆက္ဆက္ ေသြးနံ႔က ဒီအကြာအေဝးအတြင္းရိွ သားေကာင္တို႔အား မ်ွားေခၚသည့္ႏွယ္ျဖစ္ေနသည္။ ခ်က္ခ်င္းပင္ chanyeol ေျခလွမ္းတို႔အား အရိွန္ျမႇင့္ကာ ထိုအနံ႔ေနာက္လိုက္ေတာ့၏။

အနီးကပ္လာေလ ရေနသည့္ ေသြးနံ႔က ပိုပိုျပင္းလာေလျဖစ္ၿပီး သန္႔ရွင္းလတ္ဆက္ေနသည္မွာ သိသာလြန္း၏။ chanyeol မ်က္ေမွာင္ၾကဳတ္မိလိုက္၏။ ယခုထိ သူတို႔ပိုင္နက္နယ္နိမိတ္နား၌သာ ရိွေသးသည္ကို အဘယ္ေၾကာင့္ လူသားတစ္ၪီးကေရာက္ေနရသည္လဲ။ ထို႔အျပင္ေသြးနံ႔ႏွင့္ ? ဤေတာအုပ္အတြင္းသို႔ဝင္သည္က ေသလမ္းသို႔ဝင္သည္မွာ သိသာေစေလာက္မည္ကို မည္သူကမ်ား ဝင္သည္လဲဟူသည့္ အေတြးက chanyeol ေျခလွမ္းတို႔အား အရိွန္ျမင့္ေစ၏။

အနံ႔ကတိုက္ရိုက္ပိုျပင္းလာေလတိုင္း ေရသံတစ္ခ်ိဳ႕ကိုလည္း ပီပီျပင္ျပင္ ၾကားလာရသည္။ အနံ႔ႏွင့္မ်က္ႏွာခ်င္းဆိုင္ကို ေရာက္သည္ႏွင့္ ျဖည္းျဖည္းခ်င္းရပ္လိုက္ေတာ့ ေရာက္ေနသည္က ေရတံခြန္တစ္ခုထံ။

အျမင့္ပိုင္း ေက်ာက္ေဆာင္ေပၚကေန အရိွန္ျပင္းစြာ စီးဆင္းေနေသာ ေရအားတစ္ေလ်ွာက္ ေဘးတြင္ ဖြာထြက္ေနေသာ ေရမႈန္ေလးမ်ားက ေနေရာင္ေအာက္တြင္ ေနအစက္အေျပာက္ေလးမ်ားႏွယ္ ပတ္ပတ္လည္ပ်ံ့လြင့္ေနၿပီး ေသြးနံ႔ေရာေနသည့္ ေျမသင္းနံ႔က ခပ္ေဖ်ာ့ေဖ်ာ့ပ်ံ့က်ဲေနသည္။ ေအာက္ငံု႔ၾကည့္လ်ွင္ေတာ့ အရိွန္ျပင္းစြာ စီးဆင္းက်ေနေသာေၾကာင့္ ၾကမ္းရမ္းစြာ လိႈင္းခတ္ေနေသာ ေရအိုင္တစ္ခုကို ျမင္ရမည္ျဖစ္ၿပီး ထိုမွတစ္ဆင့္ စမ္းေခ်ာင္းငယ္အျဖစ္ ေတာင္ေစာင္းတစ္ေလ်ွာက္ တသြင္သြင္စီးဆင္းသြား၏။ ေရစီးေၾကာင္းတစ္ေလ်ွာက္မွာလည္း ၾကမ္းျပင္ေအာက္ ထြင္းေဖာက္ျမင္ႏိုင္သည္အထိ ၾကည္လင္ေနၿပီး ျမင္ရသူတိုင္း ပင့္သက္ရိႈက္ေစၿပီး အၾကည့္မလႊဲႏိုင္ ျဖစ္ေစေလာက္သည္။

chanyeol အတြက္ေတာ့ အၾကည့္မလႊဲႏိုင္ျဖစ္ေစသည္ကား ေရတံခြန္ေဘး ေက်ာက္ေဆာင္ေအာက္နားတြင္ ခပ္ပံု႔ပံု႔ေလးထိုင္ေနေသာ ကေလးေလးတစ္ေယာက္သာ။ ဖိနပ္မပါေသာ ေျခေခ်ာင္းျဖဴေလးမ်ားက ပဲ့ရြဲ႔ထိခိုက္ကာ ေသြးစြန္းေနၿပီး ဒူးေခါင္းထိပ္ေလးမ်ားတြင္လည္း နီရဲကာ ေပါက္ၿပဲေနသည္။ ဒူးႏွစ္ေခ်ာင္းေထာင္ကာ ကုပ္ထိုင္ေနေသာ ေကာင္ေလးက ေခါင္းပါေမွာက္ထားပံုအရ chanyeol ကို ျမင္ပံုမရ။

လတ္လတ္ဆက္ဆက္ေသြးနံ႔က ထိုအေပါက္အၿပဲဒဏ္ရာေလးမ်ားမွ ျဖစ္ၿပီး ေတာ္ေတာ္ေဝးေဝးထိဆြဲေဆာင္ေနႏိုင္ပံုအရ ဒီေကာင္ေလး၏ ေသြးသည္အေတာ္သန္႔ရွင္းပံုရမည္။ chanyeol အနားကပ္သြားကာ ဒူးတစ္ဖက္ေထာက္ ထိုင္ခ်လိုက္သည္။

"ေဟ့ အဆင္ေျပရဲ့လား"

သူ႔အသံၾကားသည္ႏွင့္ တုန္တက္ကာ ပက္ကနဲေမာ့ၾကည့္လာ၏။ ေမ်ွာ္လင့္ခ်က္အျပည့္ႏွင့္ မ်က္ဝန္းမ်ားက တလတ္လတ္ေတာက္ေနခဲ့ၿပီး ႏႈတ္ခမ္းတြင္လည္း အၿပံဳးခပ္ေဖ်ာ့ေဖ်ာ့တြဲလဲခိုေနခဲ့၏။

chanyeol ခဏေလာက္မင္သက္သြား၏။ ခ်စ္ဖို႔ေကာင္းသည္။ ျမင္ျမင္ခ်င္း မွတ္ခ်က္ျပဳမိသည္က ခ်စ္ဖို႔ေကာင္းသည္ဟူေသာ တစ္ခ်က္သာျဖစ္ၿပီး ရုပ္ေလးက မ်က္ရည္မ်ား၊ အညစ္အေၾကးမ်ားႏွင့္ ေပတလူးေနသည့္တိုင္ ၾကည္လင္ေနသည္မွာ နံေဘးရိွေရတံခြန္ႏွင့္အၿပိဳင္ အရႈံးမရိွ။

မင္သက္ေနေစတြင္ပင္ ခံစားလိုက္ရေသာ လက္တစ္ဖက္က အေအးဓာတ္။ ကျပာကယာ ငံု႔ၾကၫ့္မိေတာ့ သူ႔လက္အႀကီးႀကီးတစ္ဖက္ကို ကုပ္တြယ္လာသည့္ လက္ေသးေသးေလးႏွစ္ဖက္ျဖစ္ၿပီး အားမေလ်ာ့စြာ ဆုပ္ကိုင္ထား၏။

"ကိုကို ကိုကို သားကိုတစ္ခုေလာက္ကူညီပါ၊ မားေလ မားက ကားထဲမွာပိတ္မိေနတယ္ လိုက္ကယ္ေပးပါ ေနာ္"

ထြက္လာသည့္ အသံေသးေသးေလးအား ၾကားမွ အလ်င္အျမန္ရုန္းရင္ျပင္လိုက္မိသည္။ သို႔ေပမယ့္ လက္ေသးေသးေလးက အပီအျပင္ကုပ္တြယ္ထားသည္မွာ ေမ်ွာ္လင့္ခ်က္တစ္ခုတည္းကို ဆုပ္ကိုင္ထားရသၫ့္အလား၊ ရုန္းမရ။ အားအရမ္းထည့္မိလ်ွင္လည္း ကေလးကိုထိခိုက္မည္ကို စိုးရေသးသည္မို႔ chanyeol မ်က္ႏွာပုပ္သိုးလာ၏။

"လႊတ္"

"ဟင့္အင္း မားကိုကယ္ေပးပါ"

နဂိုတည္းက chanyeol ကို ေမာ့ၾကည့္ေနသည့္ မ်က္လံုးရႊဲမ်ားက ခ်က္ခ်င္းပင္ အရည္ေပ်ာ္က်ကာ မ်က္ရည္စက္မ်ား တေပါက္ေပါက္ႏွင့္ က်လာေတာ့၏။ ပါးစပ္ကလည္း ဝူးဝူးဝါးဝါးႏွင့္ ေအာ္ဟစ္ငိုယိုေနေသးသည္က မား ဟူေသာ တစ္လံုးတည္းကိုသာ။ အေမေပ်ာက္ေနသည္ျဖစ္မည္။ လ်ွာရွည္ၿပီးလာလိုက္မိတာ အခုေတာ့ မျပန္ရက္ေတာ့သည္မို႔ ေနာက္က်ေတာ့မည့္အေရးကိုသာ စိတ္ပ်က္လက္ပ်က္ ေတြးမိလိုက္ေတာ့၏။

"​ေဟ့ မငိုနဲ႔ေတာ့ ဘယ္နားမွာလဲ မင္းအေမက"

မငိုနဲ႔ေတာ့ ဟု ေလသံမာမာႏွင့္ေျပာမိေတာ့ ခ်က္ခ်င္းပင္ လက္ဖမိုးႏွင့္မ်က္ရည္တို႔ကို ပြတ္ေနရင္းမွ မပီမျပင္ လက္ၫွိုထိုးျပသည္က ေရေရရာရာမရိွသည့္ ေတာအုပ္ထဲသို႔။ chanyeol သက္ျပင္းခ်လိုက္ၿပီးမွ ထိုကေလးဘက္လွည့္လိုက္သည္။

"လမ္းေလ်ွာက္ႏိုင္လား"

မေလ်ွာက္ႏိုင္လည္း ရေအာင္ေလ်ွာက္ရမည္။ သူကေလးမခ်ီခ်င္ဘူး။

စိတ္ထဲကသာ ေျပာလိုက္မိတာ ျဖည္းျဖည္းခ်င္းထရပ္ေနေသာ ကေလးအား ဒူးေခါင္းေအာက္မွာ လက္လ်ိႈသြင္းကာ လက္ေမာင္းေသးေသးကိုလည္း ခပ္ဖြဖြဆြဲထားေပးရေသးသည္။ တည့္တည့္ ရပ္လိုက္သည္ႏွင့္ နာက်င္မႈေၾကာင့္ရႈံ႔မဲ့သြားေသာ မ်က္ႏွာထားေလးက ျမင္ရသည့္သူပါ စိတ္မေကာင္းခ်င္စရာ။ ထိကိုင္ထားေသာ လက္ေမာင္းကေန စြမ္းအားတစ္ခ်ိဳ႕လႊတ္ေပးကာ နာက်င္မႈကို သက္သာေစလိုက္ေသာ္ျငား ထိုကေလးကေတာ့ သတိျပဳမိပံုမေပၚ။

ဒီေလာက္ဆိုရင္ေတာ့ လမ္းေလ်ွာက္လို႔ရေကာင္းပါရဲ့။

"လာ ငါ့ေနာက္လိုက္ခဲ့"

သူ႔လက္တစ္ဖက္ထဲ လ်ိႈသြင္းလာသည့္ လက္ေသးေသးေလးအား ေသခ်ာဆုပ္ကိုင္ေပးကာ ၫႊန္းျပသည့္ေတာထဲဝင္လာလိုက္သည္။

"ဒီထဲမွာဆိုတာ ေသခ်ာလား"

ငံု႔ၾကည့္ၿပီး ေမးမိလိုက္ေတာ့ ေျခလွမ္းေသးေသးေလးမ်ားက သူ႔ကိုမမွီသည့္အလား ခုန္ဆြလိုက္ေနရာမွ ရပ္တန္႔ကာ ျပန္ေျဖသည္။

"မ မွတ္မိဘူး ဒီထဲကထြက္လာတာေတာ့ ေသခ်ာတယ္၊ သားလမ္းေပ်ာက္သြားလို႔"

အင္းေပါ့
လမ္းေပ်ာက္သြားလို႔ပဲ အကူအညီေတာင္းတာေပါ့

ဘာမွေျပာမေနေတာ့။ ေရ႔ွကိုဆက္ေလ်ွာက္လာခဲ့သည္။ လိုက္မမွီမွာစိုး၍ အရိွန္ေလ်ွာ့ေပးျပန္ေတာ့ ထိုေသးေသးေလးကပဲ ၪီးေဆာင္ဆြဲခ်င္ေနျပန္သည္။ chanyeol ထက္ အလ်င္လိုေနသည့္အလား။

"ခဏရပ္"

သစ္ပင္ႀကီးတစ္ေနရာအျဖတ္ ခ်က္ခ်င္းပင္ ထိုင္ခ်ကာ ထိုကေလးကိုသစ္ပင္နားကပ္ထားလိုက္သည္။ chanyeol ကေတာ့ မပုန္း။ သူ႔ခႏၲာကိုယ္ႏွင့္သာ ထိုကေလးကို သစ္ပင္ၾကားညပ္ၿပီး ကြယ္ထားေပးၿပီး ထိုသစ္ပင္ အေနာက္ကိုသာ တစိုက္မတ္မတ္ၾကည့္ေန၏။

"ရႉး"

အသံထြက္ခ်င္ေနေသာ ကေလးကို မ်က္ႏွာရိပ္မ်က္ႏွာကဲ ျပလိုက္ေတာ့ ခ်က္ခ်င္းပင္ ပါးစပ္ပိတ္သြား၏။ ထိုစဥ္ ရုတ္ခ်ည္းပင္ သစ္ပင္အေနာက္ကေန ေျပးလႊား ျဖတ္သြားၾကသည့္ ေခြးအ တစ္အုပ္။ အေကာင္ေရ ေတာ္ေတာ္မ်ားသည္။ ဒီေကာင္ေတြက စည္းမရိွ ကမ္းမရိွအျပင္ ရြံစရာလည္းေတာ္ေတာ္ေကာင္းေသးသည္မို႔ chanyeol မႀကိဳက္။ တစ္ေကာင္တည္းရိွေလာက္မည္ဆို chanyeol ကို ျမင္သည္ႏွင့္ ေျပးေလာက္မည္ျဖစ္ေသာ္ျငား အုပ္လိုက္မို႔ ရန္ေဆာင္ေနခ်င္ေသးသည့္အလား ေျပးေနသည္မ်ား ရပ္ကာ တစ္ေကာင္စ ႏွစ္ေကာင္စ လွည့္ၾကည့္လာေတာ့၏။

chanyeol အၾကည့္ကိုမလႊဲ။ အသြင္မေျပာင္းထားေပမယ့္ အစိမ္းေရာင္သန္းေနသည့္ စူးစူးရဲရဲ မ်က္ဝန္းတစ္စံုက ၄တို႔ထံသာ တစိုက္မတ္မတ္ စူးစိုက္ၾကည့္ေန၏။ ေဒါင္လိုက္ကန္႔လန္႔ျဖတ္ က်ံဳ႔ဝင္ေနေသာ မ်က္စံအနက္က သတိေပးေနသည့္အလား၊ ဓားသြားႏွယ္။

၄အုပ္ထဲမွ တစ္ေကာင္ ႏွစ္​ေကာင္ေလာက္ကလည္း အုပ္စုအားကိုးႏွင့္ သြားေရတျမားျမားက်သည္အထိ Chanyeol ကို စိုက္ၾကည့္လာသည္။ chanyeol လက္ထဲ ထိုလူသားေပါက္စေလးသာ မရိွလ်ွင္ ထိုအုပ္လိုက္ကို ဝင္သတ္လိုက္ၿပီးျဖစ္ေသာ္ျငား ယခုေတာ့စိတ္ထိန္းထားရသည္။ ရာရာစစ အဆင့္နိမ့္သတၲဝါေတြကမ်ား သူ႔ကို လာယွဥ္ခ်င္ေနၾကေသးသည္။

အၾကည့္က တစ္ခ်က္ေလးပင္မယိမ္းယိုင္။ အထဲကမ်က္စံအနက္သည္လည္း နည္းနည္းေလးပင္ လႈပ္ရွားသြားျခင္းမရိွ၊ စူးမတ္ေနသည္မွာ အာရံုတစ္ခုတည္းကိုသာ စိုက္ထားပံုေပၚၿပီး သတ္ျဖတ္ခ်င္ရိပ္တို႔ကလည္း တရိပ္ရိပ္တက္လာေန၏။

ထိုစဥ္ပင္ တစ္ဖက္က အုပ္စုေခါင္းေဆာင္က ခ်က္ခ်င္းပင္ အမိန္႔ေပးသံအလား ေအာ္ဟစ္လိုက္သည္ႏွင့္ က်န္ေကာင္မ်ားက အၾကည့္မ်ားရုတ္ကာ လွည့္ထြက္သြားၾကေတာ့၏။ chanyeol မ်က္စံတို႔ အေရာင္ျပန္ေဖ်ာ့သြားသည္။ ေခါင္းေဆာင္ကပင္ အညံ့ခံေနလ်ွင္ ၄တို႔ ကိုယ့္အဆင့္ကိုယ္သိသင့္သည္။

တစ္ေကာင္တစ္ၿမႇီးမွ မက်န္သည္အထိ သစ္ပင္ေနာက္ကို ၾကည့္ေနရာမွ အၾကည့္ကိုသူ႔ေရ႔ွတၫ့္တည့္က ေကာင္ေလးထံပို႔လိုက္သည္။ အသက္ရႉေအာင့္ထားသည့္အလား တစ္ခ်က္ေလးပင္မလႈပ္ရဲ၊ ေတာင့္ေတာင့္ေလးျဖစ္ေနေသာေၾကာင့္ လက္ကိုျပန္ကိုင္ေပးရင္း ဆိုလိုက္သည္။

"ရၿပီ ဘာမွမျဖစ္ေတာ့ဘူး"

ေျပာလိုက္ေတာ့မွ ျဖည္းျဖည္းခ်င္းေမာ့ၾကည့္လာၿပီး တစ္ခြန္းရြတ္လာ၏။

"မား"

"အင္းပါ အင္းပါ လိုက္ပို႔ပါ့မယ္"

သူ႔ခရီးသာသူအာရံုစိုက္ေနပံုအရ ေတာ္ေတာ္ပင္ အလ်င္လိုေနေလာက္သည္မို႔ chanyeol ေတာင္ေစာင္းတစ္ေလ်ွာက္ တက္လာလိုက္သည္။ တျဖည္းျဖည္းနီးလာသည္ႏွင့္ မၾကာေသးခင္ကေတြ့ခဲ့ရေသာ ေခြးအအုပ္စု၏ ေျခရာမ်ားကိုေတြ့လာရသည္။

တစ္ဆက္တည္းဆိုသလို လိႈက္တက္လာသည့္ ေသြးနံ႔ခပ္ျပင္းျပင္းတို႔ေၾကာင့္ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ အလန္႔တျဖတ္ အေနာက္ကေကာင္ေလးထံ စကားလွည့္ေျပာရန္ ႀကံတုန္းရိွေသး chanyeol လက္ကို ဆြဲကာ ေတာင္ေစာင္းေအာက္ေျပးဆင္းသြားသည္မို႔ အလ်င္လိုက္ရသည္။

သို႔ေပမယ့္ ေရာက္သြားသည္က ေျမကြက္လပ္တစ္ခုထံသာ။ ေသြးတို႔က ျမင္မေကာင္းေအာင္ပ်ံ့က်ဲစီးဆင္းေနၿပီး အိုင္တစ္ခုႏွယ္ျဖစ္ထြန္းေနသည္။ လက္ထဲက တဆတ္ဆတ္တုန္ရီလာသည္ကို ခံစားမိသည္မို႔ ခပ္ျမန္ျမန္ပင္ ထိုကေလးကိုအျမင္ကြယ္ကာ ေပြ့ဖက္ေပးထားလိုက္သည္။

"ဘာမွမျဖစ္ဘူး ဘာမွမျဖစ္ဘူး ငါရိွတယ္"

ေျပာသည္ကိုလည္း ၾကားပံုမရ။ တစ္ခ်က္ခ်င္းတုန္ရီေနသည္မို႔ ေခါင္းေပၚလက္တင္ကာ ခပ္ဖြဖြပြတ္သပ္ေပးမိသည္။

"ဒီနားမွာ၊ ခုနက ဒီနားေလးတင္ ရိွေနတာကို ဟင့္"

ဖက္ထားရင္းမွ ပလံုးပေထြးေရရြတ္လာေသာ အသံတိုးတိုးေၾကာင့္ ထိုေနရာကို chanyeol ထပ္ၾကည့္လိုက္သည္။ ကံမေကာင္းေပမယ့္ သူတို႔ေနာက္က်သြားသည္ကိုသာ အသံတိတ္ဝန္ခံရမည္။

"ဘယ္ ဘယ္ေရာက္သြားတာလဲ မသိဘူး၊ မား ဟင့္ ေစာင့္ေနမယ္လို႔ေျပာထားၿပီးေတာ့ အီးဟီး"

ေက်ာျပင္တို႔ကိုလည္း ပြတ္သပ္ေပးသည္။ ေခါင္းကိုလည္းပြတ္သပ္ေပးသည္။ မငိုနဲ႔ဟု ဆိုခ်င္ေသာ္ျငား အေမဆံုးရႈံးလိုက္ရသည့္ ကေလးတစ္ေယာက္၏ ခံစားခ်က္ကို သူကိုယ္ခ်င္းမစာႏိုင္သည္မို႔ လက္လြတ္စပယ္မေျပာရဲ။ ဆံုးရႈံးလိုက္ရသည္မွာ ရိုးရိုးသားသားပင္မဟုတ္။ ေသြးပ်က္စရာအေနအထားတစ္ခုႏွင့္။ ေအာ္ဟစ္ငိုယိုေနသည္ကို မေညာင္းမၫူ ဖက္ေပးထားလိုက္သည္မွာ ေနဝင္သြားသည္အထိ။

သက္ျပင္းခ်လိုက္မိသည္။
ရင္ခြင္ထဲ မ်က္ရည္မ်ားေပတလူးကာ ေမ့ေမ်ာေနၿပီျဖစ္ေသာ ေကာင္ေလးကိုငံု႔ၾကည့္လိုက္ေတာ့ တစ္ခ်က္တစ္ခ်က္ တုန္ေနေသးသည္။ ခ်ီသယ္လာေသာ္ျငား ဘယ္ပို႔ရမွန္းလည္း chanyeol စဥ္းစားမရ။ စံအိမ္ကိုလည္းမေခၚခ်င္။ ဒီအတိုင္း ထားခဲ့ရအာင္လည္း အႏၲရာယ္ေတြက ေပါက်င္းေသာက်င္း။

သို႔ေပမယ့္ chanyeol အခ်ိန္ေတြလည္း ေတာ္ေတာ္ကုန္ေနၿပီျဖစ္သည္။ ေနဝင္သြားၿပီမို႔ ေမွာင္မဲကာ လေရာင္လႊမ္းေနေသာ ေတာအုပ္က ရံဖန္ရံခါ သားရဲမ်ားေအာ္ဟစ္သံတို႔ႏွင့္ ေျခာက္ျခားစရာေကာင္းေန၏။ chanyeol ထိုကေလးကို အခ်ိန္အေတာ္ၾကာသည္အထိ မခ်ီထားခ်င္သည္မို႔ ထားခဲ့ဖို႔သင့္ေတာ္သည့္ေနရာ ခပ္ျမန္ျမန္စဥ္းစားရသည္။ ေတာ္ၾကာႏိုးလာမွ သူ႔အားအတင္းဖက္တြယ္ထားပါက ထားခဲ့ဖို႔ ပို၍ပင္ခက္ခဲလာလိမ့္မည္ကို သိေနသည္မို႔​။ သို႔ေပမယ့္ လတ္လြတ္စပယ္လည္း မထားခဲ့ရက္သည္မို႔ ေတာစပ္နားထိ ဆင္းလာျဖစ္သည္။ လူေတြနားပို႔ခဲ့လိုက္ရင္ေတာ့ အႏၲရာယ္ကင္းေလာက္မွာပါ။ ၿပီးေနာက္ ကေလးက သြက္သြက္လက္လက္ရိွသည့္အျပင္ အနားအလြယ္တကူ ကပ္လို႔မရသည့္ ေရာင္ဝါတစ္ခုကိုလည္း ခံစားေနရေသးသည္မို႔ သာမန္မဟုတ္မွန္းသိလိုက္ရသည္။

ေတာင္ေအာက္ဆင္းလာသည့္တစ္ေလ်ွာက္ အေမွာင္ထဲမွာမို႔ ပံုမွန္မိွန္ေနတတ္သည့္ မ်က္ဝန္းစိမ္းမ်ားက ေတာက္ပလင္းထိန္ေနသကဲ့သို႔ အျမင္အာရံုကလည္း ေန့ဘက္ထက္ ဆယ္ဆေလာက္ ပိုမိုစူးရွေန၏။

ေတာစပ္နားေရာက္လာသည္ႏွင့္ အေဝးကေန ျမင္ေနရသည္က မီးပံုတစ္ခု။ ထို႔ေနာက္ လူတခ်ိဳ႕စကားေျပာသံႏွင့္ အစားအေသာက္မ်ားအနံ႔။ အနားေရာက္ခါနီးမွ အရိွန္သတ္ကာ ေသခ်ာၾကည့္မိေတာ့ လူငယ္ခ်ည္း ေျခာက္ေယာက္ေလာက္ ရိွသည္။ မိန္းကေလး ၄ ေယာက္၊ ေယာက်္ားေလး ၂ ေယာက္ျဖစ္ၿပီး ေပ်ာ္ရႊင္ရယ္ေမာေနၾကသည့္ပံုအရ ေပ်ာ္ပြဲစားထြက္လာၾကသည့္ပံု။

အေမွာင္ထဲကေနထြက္ရန္ ပံုမွန္ထက္ အရိွန္ေလ်ွာ့ကာ တစ္လွမ္းခ်င္းဆီ ေျခခ်တိုင္းမွာ ေျခသံဟူ၍ ထြက္မေနေစရန္ သတိထားရသည္။ အေမွာင္ထဲက ျဖည္းၫွင္းစြာ ထြက္လာသည့္တစ္ေလ်ွာက္ မည္သူမွသတိမထားမိခင္တြင္ပင္ လက္ထဲက ခ်ီထားသည့္ ကေလးအား ေျမျပင္ေပၚ ျဖည္းၫွင္းစြာခ်ေပးလိုက္သည္။ ၿပီးသည္ႏွင့္ ခ်က္ခ်င္းပင္ေျခရာေဖ်ာက္ကာ ေတာနက္ထဲ တရိပ္ရိပ္ တိုးဝင္ေပ်ာက္ကြယ္သြား၏။

လက္ထဲက ေကာက္ထားသည့္ ေက်ာက္စရစ္ခဲတစ္လံုးကို လက္ညိုးႏွင့္လက္မသံုးကာ ေတာက္လိုက္ေတာ့ အုပ္စုအဖြဲ႔ထဲမွ မွန္ေၾကာင္ေကာင္ေလးတစ္ေယာက္ ၪီးေစာင္းကိုသြားမွန္၏။ နာက်င္သည့္ အမူအရာႏွင့္ ခ်က္ခ်င္းလွၫ့္ၾကည့္လာသည္က chanyeol ထံမဟုတ္။ ေမ့လဲက်ေနေသာ ကေလးထံျဖစ္ၿပီး ေတြ့သည္ႏွင့္ အလ်ိႈလ်ိႈေျပးလာကာ ခ်ီေပြ့ထားေတာ့၏။ ဖုန္းဆက္သူကဆက္၊ လႈပ္ႏိႈးသူကႏိႈးျဖင့္ ျပာယာခတ္ေနေသာ အေျခအေနအား အေမွာင္ထဲမွ မ်က္လံုးစိမ္းတစ္စံုက တစိုက္မတ္မတ္စူးစိုက္ၾကည့္ေနခဲ့၏။

ကံေကာင္းပါေစ ေကာင္ေလး

______•°•°•°•°•

စိတ္ခံစားခ်က္ေတြေပၚမူတည္ၿပီး အထဲကမ်က္စံ အေျပာင္းအလဲရိွ ✨

ဓားသြားလို မ်က္စံဆိုတာ ဒါမ်ိဳးကိုဆိုလိုခ်င္တာ ပံုေဖာ္တာမေပၚမွာစိုးလို႔ TT

ေနာက္ေၾကာင္းျပန္တာေတြက လာၪီးမွာ တစ္ခါတည္းေတာ့အကုန္မျပန္ဘူး ပ်င္းသြားမယ္စိုးလို႔ နည္းနည္းခ်င္းဆီ လိုအပ္တဲ့တစ္ကြက္ခ်င္းဆီပဲ ျဖတ္ျပန္မယ္ ၿပီးရင္ အစကေနျပန္ဖတ္ၿပီးဆက္စပ္ၾကည့္ေပါ့ ဇာတ္ရည္ပိုလည္သလို view လည္း ပိုတက္တာေပါ့ ဟားဟား 😁

Continue Reading

You'll Also Like

161K 35.1K 95
අවසරද නිල් කටරොලු මලකට.... බොරලු පොලොවක සෙනෙහෙ පතන්නට........... (ධතාශ් X තීනු)
74.8K 10.6K 51
کچ زوتر بە ڕێگا ئەڕوات ، زوتر بە قسـە دێت زوتر گـەورە ئەبێ.. ئەسـڵەن ئەڵێی هەر لە سـەرەتاوە پەلـەیەتی! ئەڵێی هیـچ کات کاتی بـۆ خۆی نییە..هەتـا یاریەک...
88.3K 4.2K 42
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
520K 103K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!