ဒီနေ့တော့ အိမ်ပြန်ရတော့မှာမို့ သွေးရတု အပျော်ကြီး ပျော်နေသည်။
ဆေးရုံက မဆင်းခင် သမီးဆီအရင်သွားရသေးသည်။
သမီးလိုအပ်တာတွေ လုပ်ပေးခဲ့ပြီး မြန်မာပြည် မပြန်ခင် လာတွေ့ခြင်းဖြစ်သည်။
ဒီမှာက သမီးလေးကို စောင့်ရှောက်ပေးဖို့ငှားထားတဲ့လူတွေပဲရှိတာ ဆွေမျိုးတွေကရှိတာမဟုတ်။
သမီးလေးကိုကိုယ့်သမီးအရင်းမဟုတ်ပေမဲ့ အဖေတစ်ယောက်အနေနဲ့ အကောင်းဆုံးပြုစုပျိုးထောင်ပေးသည်။
"sunny daddy ရန်ကုန်ပြန်တော့မှာမို့ လာနှုတ်ဆက်တာ "
"Daddy ကပြန်တော့မှာလား "
"အင်း daddy နောက်မှထပ်လာခဲ့မယ် သမီးလေး စာကိုကောင်းကောင်းသင်နော် "
"ဟုတ် "
"ဒါဆို daddy သွားတော့မယ်နော် "
နဖူးလေးကိုတချက်နမ်းကာ အပြင်ကိုထွက်လာခဲ့သည်။
"နာနီ သမီးလေးကိုဂရုစိုက်ပေးပါဦး လိုတာရှိရင် ဖုန်းဆက်လိုက်နော် ကျွန်တော် စိတ်ချမယ် "
"ဟုတ်ကဲ့ပါ Mr. "
"ဒါဆို ကျွန်တော်ပြန်တော့မယ် "
"ငါ့သမီးကို သေချာ ဂရုစိုက်ကြနော် "
"ဟုတ်ကဲ့ပါ boss "
သမီးလေးကိုတွေ့ပြီး မှာစရာရှိတာမှာပြီးတာနဲ့ ငယ့်ဆီကိုပြန်လာရသည်။
__________________________
"လာပြီလား တော်သေးတာပေါ့ ခင်ဗျားက ကြာလိုက်တာ ကျွန်တော်ဒီမှာမနေချင်တော့ဘူး "
"ဆောရီးပါ ကိုယ်အလုပ်ကိစ္စလေးရှိလို့ ငယ်ပြီးပြီလား သွားမယ်လေ "
"ကျွန်တော်က ပြီးတာကြာပြီ ခင်ဗျားမလာလို့စောင့်နေတာ "
"ကိုယ့်ကို ခင်ဗျားလို့မပြောပါနဲ့လား သူစိမ်းဆန်လွန်းတယ် "
"အင်း သွားရအောင် "
ပစ္စည်းတွေကသိပ်များများစားစားမရှိတာမို့ ကားထဲအကုန်ထည့်ပြီးသားဖြစ်သည်။
ဒါတွေလည်းမယူရင်တောင်ရတာကို ငယ်ကအကုန်ပြန်သယ်သွားချင်တယ်ဆိုလို့ ငယ့်စိတ်တိုင်းကျ ရှိသမျှဟာတွေထည့်ခိုင်းရသည်။
ဆေးရုံကထွက်တာနဲ့တန်းပြီး ထွက်လာခဲ့သည်။
လေဆိပ်ရောက်တာနဲ့ လေယာဥ်အဆင်သင့်စောင့်နေတာမို့ လေယာဥ်ပေါ်တက်ဖို့လုပ်တော့
"ငယ် လာလေ ဘာဖြစ်လို့လဲ "
နောက်ကိုပြန်လှည့်ကြည့်ကာ သံယောဇဉ်မပြတ်နိုင်တဲ့ပုံမျိုးဖြစ်နေသည်။
ကိုယ်အတင်းဆွဲခေါ်လာတော့မှ ပါလာသည်။
လေယာဥ်ပေါ်ရောက်တည်းက ကိုယ့်ကိုစကားလည်းမပြောပဲ အပြင်ကိုသာငေးနေသည်။
"ငယ် နေမကောင်းဘူးလား "
"ကောင်းပါတယ် "
"ဘာဖြစ်နေတာလဲ စကားလည်းမပြောဘူး "
"မဖြစ်ပါဘူး ကျွန်တော်ခဏ အိပ်လိုက်ဦးမယ် "
အခုလည်းစကားကိုဖြတ်ပြီး အိပ်မယ်လုပ်နေပြန်ပြီ။
"အင်း လာ ကိုယ့်ကိုမှီထားလိုက် "
ခေါင်းလေးကို ကိုင်ပြီးစောင်းလိုက်တော့ ကိုယ့်ပေါ်မှီချလာသည်။
မုန်းဖို့ကြိုးစားရင်း ပိုနီးစပ်လာတာလား ကျွန်တော်နားမလည်နိုင်ဘူး ကျွန်တော်လုပ်နေတာတွေက ခင်ဗျားကိုမုန်းလို့ ဒါကြောင့် ဒီထက်ပိုပြီး ဂရုစိုက်ပြတာတွေ ကြင်နာပြနေတာတွေ မလုပ်ပါနဲ့တော့။
ကျွန်တော်တို့ ညနေ ၅ နာရီလောက် အိမ်ကိုပြန်ရောက်ခဲ့တယ်။
ငါတစ်ယောက်တည်း နေတဲ့အိမ်ကိုခေါ်လာခဲ့မယ် ထင်ပေမဲ့ မိသားစုနေတဲ့ စံအိမ်ကြီးကိုခေါ်လာခဲ့တယ်။
"ငယ် လာ ကိုယ်တို့အိမ်ရောက်ပြီ "
သူကိုယ်တိုင်ကားတံခါးဖွင့်ပေးကာ ကိုယ့်ကိုဆင်းစေတယ်။
ဒီချိန်ဆို အန်ကယ်ရော မေခင်ရော အလုပ်ကပြန်မရောက်သေးတာကြောင့် အိမ်ထဲမှာ အလုပ်သမားတွေ လွဲပြီး ဘယ်သူမှမရှိပေ။
ထိုအချိန် အန်တီနု ကအနောက်ဘက်ကထွက်လာသည်။
"သား ရတု ပြန်လာပြီလား "
"ဟုတ် အန်တီနု "
"သား ငယ်လေးလည်းပါလာတယ် ဘယ်လိုဖြစ်ပြီး "
"အန်တီနု ကျွန်တော်တို့ ပင်ပန်းလာလို့ နားလိုက်ဦးမယ် နောက်မှရှင်းပြပါ့မယ် "
"အေး အေးပါကွယ် "
"လာ ငယ် အပေါ်တက်ရအောင် "
အောက်မှကျန်ခဲ့တဲ့ အန်တီနုတစ်ယောက်ကတော့ အံ့သြခြင်းများစွာနဲ့ ရှိနေခဲ့သည်။
"ငယ် ရေချိူးချင်လား "
"အင်း "
"ဒါဆို ရေအရင်ချိူးလိုက်နော် အကျီတွေ ဘီဒိုထဲမှာရှိတယ် အဆင်ပြေတာယူဝတ်လိုက် "
"အင်း "
ရေချိူးခန်းထဲရေကို စိမ်ပြေတစ်ပြေချိူးလိုက်သည်။
ရေချိုးခန်းထဲကထွက်လာတော့ သွေးရတုကအခန်းထဲမှာ မရှိတော့ပေ။
ကိုယ်လဲ Pajama တစ်စုံထုတ်ဝတ်ပြီး ကုတင်ပေါ်ထိုင်ကာ တီဗီဖွင့်ကြည့်နေလိုက်သည်။
ခဏနေတော့ သွေးရတု အခန်းထဲပြန်ဝင်လာသည်။
"ငယ် ပြီးပြီလား ပြီးရင်ထမင်းစားဖို့ အောက်ဆင်းရအောင် အောက်မှာမေမေတို့လည်းစောင့်နေတယ် "
မေခင်တို့လည်းစောင့်နေတယ်ဆိုတော့ အလင်းနဲနဲရှိန်မိသွားသည်။
သွေးရတုကို မသိချင်ယောင်ဆောင်လို့ရပေမဲ့ မေခင်နဲ့ဦးကိုတော့ မသိတဲ့လူတွေလိုနေရဖို့ကကိုယ့်အတွက်ခက်ခဲသည်။
တော်ကြာအလိမ်တွေပေါ်ကုန်မှဖြင့် အစီအစဉ်တွေအကုန်ပျက်ကုန်လိမ့်မယ် မဖြစ်ဘူး။
စိတ်ကိုလျော့ပြီး သတိထားနေဖို့မှရမယ်။
"ငယ် ဘာတွေစဥ်းစားနေတာလဲ လာလေ "
သွေးရတုပြောမှ သတိပြန်ဝင်လာသည်။
"အင်း "
သူ့လက်ဆွဲခေါ်ရာနောက်ကို လိုက်သွားလိုက်သည်။
အောက်ရောက်တော့ မေခင်ရော ဦးရော ဧည့်ခန်းထဲမှာရှိနေကြသည်။
မေခင်က အလုပ်ကိစ္စဖုန်းပြောနေသည်နှင့်တူသည်။
ဦးကတော့ လူကြီးပီပီသတင်းစာဖတ်နေသည်။
"အဖေ နဲ့ အမေ "
"အေး သားတို့လာလေ "
ဦးက သူ့ကိုတွေ့တာ သိပ်အံ့သြခြင်းမရှိ သွေးရတုကြိုပြောထားပုံ ရသည်။
အန်တီကဖုန်းကိုချပြီး အလင်းဘက်ကိုလှည့်ကြည့်လာသည်။
"သားငယ်လေး လာ မေခင်နားလာထိုင် "
"အမေ ငယ်ကနေမကောင်းသေးဘူး "
မေခင်ကလှမ်းကြည့်တော့ သူကပဲအားနာစွာနဲ့ အလိုက်တသိ မေခင်ဘေးဝင်ထိုင်လိုက်သည်။
"ရပါတယ် ကျွန်တော် အန်တီနားထိုင်လိုက်မယ် "
လို့ပြောလိုက်တော့ သွေးရတုက သဘောဆိုတဲ့ ပုံစံမျိုးနဲ့ ခေါင်းညိတ်ပြတယ်။
"အဖေ အမေ ငယ်ကကျွန်တော်နဲ့ ဒီအိမ်မှာနေမှာ "
သွေးရတု ပြောတော့ မေခင်ကကျွန်တော့်ကိုလှည့်ကြည့်လာသည်။
ဟုတ်လား ဆိုတဲ့အကြည့်နဲ့ ကြည့်သည်။
"ကျွန်တော် ကဒီမှာနေရမှာလား ကျွန်တော့်မိဘတွေအိမ်ပြန်ချင်တယ် "
"အဲ့တာက ကိုယ်နောက်နေ့လိုက်ပို့ပေးမယ်လေ နော် "
အလင်း ခေါင်းသာညိတ်ပြလိုက်တယ်။
"ကျွန်တော် ဗိုက်ဆာနေပြီ "
ဆိုတဲ့စကားကြောင့် အကုန်လုံးကတအံ့တသြကြည့်လာကြသည်။
အရင်ကအကုန်လုံးမျက်နှာကို ကြည့်ပြီးနေတတ်တဲ့သူက အခုအားလုံးရှေ့ ပေါ်တင်ကြီးပြောလိုက်တာကြောင့် အကုန်လုံးကထူးဆန်းနေတာဖြစ်မည်ထင်သည်။
"သားငယ်လေး ကဗိုက်ဆာနေတာလား ဒီကောင် မေခင်သားလေးကို ဘာမှမကျွေးဘူးလား
လာမေခင်နဲ့သွားစားမယ် "
မေခင်ကသူ့ထုံးစံအတိုင်း အလင်းက်ိုသားငယ်လေးလို့သာခေါ်သည်။ထမင်းစားမယ်ဆိုပြီး လက်ဆွဲခေါ်သွားတော့ သွေးရတုနဲ့ ဦးနဲ့က ဧည့်ခန်းထဲကျန်ခဲ့သည်။
ဦးကတော့ ခေါင်းတခါခါသာလုပ်နေသည်။
ထို့နောက် သွေးရတုကိုခေါ်ပြီး ပုခုံးဖက်ကာ ထမင်းစားခန်းထဲလိုက်လာသည်။
"လာ သား အဖေတို့သားဖနှစ်ယောက်ပဲသွားမယ် "
ထမင်းဝိုင်းမှာ အရင်လိုပဲ များစွာသောဟင်းခွက်တွေထဲ ဟင်းတွေကို တစ်ခုပြီးတစ်ခု အလင်းပန်းကန်ထဲကို မေခင်ကသူကိုယ်တိုင် ထည့်ပေးနေသည်။
"သားလေး စားနော် များများစား အဲတာမှ သွေးရတုကိုနှိပ်စက်နိုင်မှာ "
မေခင်ရဲ့စကားကြောင့် အလင်းလန့်သွားသည်။
သူ့အကြံတွေများမေခင်ရိပ်မိသွားတာလား။
ပြီးမှ မေခင်က ထရီသည်။
"ဘာလဲ သားကိုကို ကို နှိပ်စက်မယ်ပြောလို့ စိုးရိမ်သွားတာလား ဟားဟား စားစား သားလေး ဖေကြီးနဲ့ ရတုလည်းထည့်စားကြ "
အဲ့တော့မှ အလင်းတို့ မေခင်သူ့ကိုစနေတယ်ဆိုပြီး ဟင်း ချနိုင်တော့တယ်။
"အမေ ငယ့်ကိုစမနေနဲ့တော့ ငယ် မြန်မြန်စား "
"ဒါနဲ့ သော်လေးရော အဆင်ပြေရဲ့လား ကျောင်းပြောင်းတာဆိုတော့ ကျောင်းမှာအဆင်ပြေပါမလား အိမ်စောင့်တွေကိုသေချာရောမှာခဲ့ရဲ့လား "
"မှာခဲ့ပါတယ် အမေအဲ့ကိစ္စနောက်မှပြောရအောင် "
သွေးရတု သူ့အမေကို မျက်နှာရိပ်မျက်နှာကဲပြလိုက်တော့ သူ့အမေကနားလည်သလိုကြည့်ပြီးဆက်မပြောတော့ပေ။
ဦးကတော့ ဝိုင်းမှာ အငြိမ်ဆုံး စကားတောင်တစ်ခွန်းနှစ်ခွန်းလောက်ပဲပြောသည်။
ပြီးတော့ ဝိုင်းကနေအရင်ဆုံးထသွားသည်။
"ကိုယ်တော်ပြီ ဆေးသောက်ပြီး အခန်းထဲဝင်နှင့်တော့မယ် "
"အင်း ပြီးမှ ခင်လိုက်လာခဲ့မယ် "
ဖေဖေ ထသွားတော့ ခဏနေတော့ မေမေလဲလိုက်သွားတယ်။
ထမင်းဝိုင်းမှာ ငယ်နဲ့ကျွန်တော်နှစ်ယောက်ပဲကျန်တော့တယ်။
"ကျွန်တော်လည်းတော်ပြီ "
"အင်း ဒါဆိုအပေါ်တက်ကြမယ်လေ "
အခန်းထဲရောက်တော့ အလင်းကဆိုဖာပေါ်တက်ထိုင်နေသည်။
သွေးရတုကတော့ ကုတင်ပေါ် မှာထိုင်လိုက်သည်။
"ငယ် အိပ်ချင်ပြီလား "
"ဟင်အင်း မနက်ဖြန် ကျွန်တော့်အိမ်ကိုသွားချင်တယ် "
"အင်း ကိုယ်လိုက်ပို့ပေးပါမယ် အခုဘာလုပ်ချင်လဲ တီဗီကြည့်မလား အောက်ဆင်းပြီးလမ်းလျှောက်မလား ဂိမ်းဆော့မလား "
"ခင်ဗျားအိပ်ချင် အိပ်နှင့်လေ ကျွန်တော်
ဒီမှာခဏထိုင်လိုက်ဦးမယ် "
"အင်း ကိုယ်လည်းမအိပ်ချင်သေးပါဘူး "
ဆိုဖာပေါ်ထိုင်ပြီး အပြင်ကိုငေးနေတဲ့ကောင်လေးက နောက်ကကြည့်ရင်တောင်ချစ်စရာကောင်းလွန်းသည်။
အသက်တွေသာကြီးလာတာ မျက်နှာလေးက အရင်လိုဖြူစင်တုန်း
ပြောင်းလဲသွားတာ အရပ်နည်းနည်းထပ်ရှည်လာတယ်။
လူကြီးဆန်သွားတယ် ဒီလောက်ပဲ ပုံစံလေးကတော့ စတွေ့တုန်းက လို ၁၉နှစ်သားပုံစံလေးပဲ။
အဲကွန်းရဲ့အအေးဒဏ်ရော အပြင်က ရာသီဥတုကြောင့်ပါ နည်းနည်းအေးစိမ့်စိမ့်ဖြစ်နေသည်။
ဘီဒိုထဲကဆွယ်တာတစ်ခုကိုထုတ်ကာ အနားကိုလျှောက်လာလိုက်သည်။
ထို့နောက် ဆွယ်တာလေးကို အနောက်ကိုခြုံပေးပြီး.ခါးလေးကိုဖက်လိုက်တော့ လှည့်ကြည့်လာသည်။
"အေးနေပြီမဟုတ်လား ငြိမ်ငြိမ်လေးနေ နွေးအောင်ဖက်ထားပေးမယ် "
ဘာမှပြန်မပြောပဲရှေ့က်ိုပြန်လှည့်သွားသည်။
အခုချိန်ကစပြီးကိုယ့်ဘက်က လိုနေတဲ့ကွက်လပ်တွေအားလုံးဖြည့်ပေးမှာမို့ ငယ်ကိုယ့်ကို လက်မလွှတ်လိုက်ပါနဲ့ငယ်....
ကျွန်တော် မလိုချင်ဘူး ဒီလိုဂရုစိုက်မှုတွေ အခုချိန်မှ လာလုပ်ပြနေလို့ မထူးတော့ဘူး လိုနေတဲ့အချိန်မှာ ကမ်းလာပေးမဲ့လက်ကိုမျှော်နေပေမဲ့ အဲ့လက်နဲ့ အောက်ဆုံးထိဆွဲချခဲ့တယ်။
အခုမှ ဒီလက်နဲ့ပြန်လာကယ်မယ်ဆို ကျွန်တော် ခင်ဗျားလက်ကိုဘယ်လိုယုံကြည့်မှုမျိုးနဲ့စုပ်ကိုင်ရမလဲ။
ဆိုဖာပေါ်ထိုင်နေတဲ့ကောင်လေးနှစ်ယောက်မှာ ရှေ့ကတစ်ယောက် မျက်ရည်တွေ ကျနေခဲ့ပြီး ကျန်တစ်ယောက်ကတော့ အပြုံးတွေနဲ့ အချစ်ကိုအလှဆင်နေတယ်။
______________________________________
Thaw
ဆက်ရန်.....
12/1/2021
(တိုင်းပြည်လည်းအမြန်ငြိမ်းချမ်းပါစေနော်
မဟုတ်ရင် ကိုယ့်မှာမှောင်ရင်းတန်းလန်းဘယ်ချိန်လာဆွဲခံရမလဲကြောက်နေရတယ်)
#Zawgyi
ဒီေန႕ေတာ့ အိမ္ျပန္ရေတာ့မွာမို႔ ေသြးရတု အေပ်ာ္ႀကီး ေပ်ာ္ေနသည္။
ေဆး႐ုံက မဆင္းခင္ သမီးဆီအရင္သြားရေသးသည္။
သမီးလိုအပ္တာေတြ လုပ္ေပးခဲ့ၿပီး ျမန္မာျပည္ မျပန္ခင္ လာေတြ႕ျခင္းျဖစ္သည္။
ဒီမွာက သမီးေလးကို ေစာင့္ေရွာက္ေပးဖို႔ငွားထားတဲ့လူေတြပဲရွိတာ ေဆြမ်ိဳးေတြကရွိတာမဟုတ္။
သမီးေလးကိုကိုယ့္သမီးအရင္းမဟုတ္ေပမဲ့ အေဖတစ္ေယာက္အေနနဲ႕ အေကာင္းဆုံးျပဳစုပ်ိဳးေထာင္ေပးသည္။
"sunny daddy ရန္ကုန္ျပန္ေတာ့မွာမို႔ လာႏႈတ္ဆက္တာ "
"Daddy ကျပန္ေတာ့မွာလား "
"အင္း daddy ေနာက္မွထပ္လာခဲ့မယ္ သမီးေလး စာကိုေကာင္းေကာင္းသင္ေနာ္ "
"ဟုတ္ "
"ဒါဆို daddy သြားေတာ့မယ္ေနာ္ "
နဖူးေလးကိုတခ်က္နမ္းကာ အျပင္ကိုထြက္လာခဲ့သည္။
"နာနီ သမီးေလးကိုဂ႐ုစိုက္ေပးပါဦး လိုတာရွိရင္ ဖုန္းဆက္လိုက္ေနာ္ ကြၽန္ေတာ္ စိတ္ခ်မယ္ "
"ဟုတ္ကဲ့ပါ Mr. "
"ဒါဆို ကြၽန္ေတာ္ျပန္ေတာ့မယ္ "
"ငါ့သမီးကို ေသခ်ာ ဂ႐ုစိုက္ၾကေနာ္ "
"ဟုတ္ကဲ့ပါ boss "
သမီးေလးကိုေတြ႕ၿပီး မွာစရာရွိတာမွာၿပီးတာနဲ႕ ငယ့္ဆီကိုျပန္လာရသည္။
__________________________
"လာၿပီလား ေတာ္ေသးတာေပါ့ ခင္ဗ်ားက ၾကာလိုက္တာ ကြၽန္ေတာ္ဒီမွာမေနခ်င္ေတာ့ဘူး "
"ေဆာရီးပါ ကိုယ္အလုပ္ကိစၥေလးရွိလို႔ ငယ္ၿပီးၿပီလား သြားမယ္ေလ "
"ကြၽန္ေတာ္က ၿပီးတာၾကာၿပီ ခင္ဗ်ားမလာလို႔ေစာင့္ေနတာ "
"ကိုယ့္ကို ခင္ဗ်ားလို႔မေျပာပါနဲ႕လား သူစိမ္းဆန္လြန္းတယ္ "
"အင္း သြားရေအာင္ "
ပစၥည္းေတြကသိပ္မ်ားမ်ားစားစားမရွိတာမို႔ ကားထဲအကုန္ထည့္ၿပီးသားျဖစ္သည္။
ဒါေတြလည္းမယူရင္ေတာင္ရတာကို ငယ္ကအကုန္ျပန္သယ္သြားခ်င္တယ္ဆိုလို႔ ငယ့္စိတ္တိုင္းက် ရွိသမွ်ဟာေတြထည့္ခိုင္းရသည္။
ေဆး႐ုံကထြက္တာနဲ႕တန္းၿပီး ထြက္လာခဲ့သည္။
ေလဆိပ္ေရာက္တာနဲ႕ ေလယာဥ္အဆင္သင့္ေစာင့္ေနတာမို႔ ေလယာဥ္ေပၚတက္ဖို႔လုပ္ေတာ့
"ငယ္ လာေလ ဘာျဖစ္လို႔လဲ "
ေနာက္ကိုျပန္လွည့္ၾကည့္ကာ သံေယာဇဥ္မျပတ္နိုင္တဲ့ပုံမ်ိဳးျဖစ္ေနသည္။
ကိုယ္အတင္းဆြဲေခၚလာေတာ့မွ ပါလာသည္။
ေလယာဥ္ေပၚေရာက္တည္းက ကိုယ့္ကိုစကားလည္းမေျပာပဲ အျပင္ကိုသာေငးေနသည္။
"ငယ္ ေနမေကာင္းဘူးလား "
"ေကာင္းပါတယ္ "
"ဘာျဖစ္ေနတာလဲ စကားလည္းမေျပာဘူး "
"မျဖစ္ပါဘူး ကြၽန္ေတာ္ခဏ အိပ္လိုက္ဦးမယ္ "
အခုလည္းစကားကိုျဖတ္ၿပီး အိပ္မယ္လုပ္ေနျပန္ၿပီ။
"အင္း လာ ကိုယ့္ကိုမွီထားလိုက္ "
ေခါင္းေလးကို ကိုင္ၿပီးေစာင္းလိုက္ေတာ့ ကိုယ့္ေပၚမွီခ်လာသည္။
မုန္းဖို႔ႀကိဳးစားရင္း ပိုနီးစပ္လာတာလား ကြၽန္ေတာ္နားမလည္နိုင္ဘူး ကြၽန္ေတာ္လုပ္ေနတာေတြက ခင္ဗ်ားကိုမုန္းလို႔ ဒါေၾကာင့္ ဒီထက္ပိုၿပီး ဂ႐ုစိုက္ျပတာေတြ ၾကင္နာျပေနတာေတြ မလုပ္ပါနဲ႕ေတာ့။
ကြၽန္ေတာ္တို႔ ညေန ၅ နာရီေလာက္ အိမ္ကိုျပန္ေရာက္ခဲ့တယ္။
ငါတစ္ေယာက္တည္း ေနတဲ့အိမ္ကိုေခၚလာခဲ့မယ္ ထင္ေပမဲ့ မိသားစုေနတဲ့ စံအိမ္ႀကီးကိုေခၚလာခဲ့တယ္။
"ငယ္ လာ ကိုယ္တို႔အိမ္ေရာက္ၿပီ "
သူကိုယ္တိုင္ကားတံခါးဖြင့္ေပးကာ ကိုယ့္ကိုဆင္းေစတယ္။
ဒီခ်ိန္ဆို အန္ကယ္ေရာ ေမခင္ေရာ အလုပ္ကျပန္မေရာက္ေသးတာေၾကာင့္ အိမ္ထဲမွာ အလုပ္သမားေတြ လြဲၿပီး ဘယ္သူမွမရွိေပ။
ထိုအခ်ိန္ အန္တီႏု ကအေနာက္ဘက္ကထြက္လာသည္။
"သား ရတု ျပန္လာၿပီလား "
"ဟုတ္ အန္တီႏု "
"သား ငယ္ေလးလည္းပါလာတယ္ ဘယ္လိုျဖစ္ၿပီး "
"အန္တီႏု ကြၽန္ေတာ္တို႔ ပင္ပန္းလာလို႔ နားလိုက္ဦးမယ္ ေနာက္မွရွင္းျပပါ့မယ္ "
"ေအး ေအးပါကြယ္ "
"လာ ငယ္ အေပၚတက္ရေအာင္ "
ေအာက္မွက်န္ခဲ့တဲ့ အန္တီႏုတစ္ေယာက္ကေတာ့ အံ့ၾသျခင္းမ်ားစြာနဲ႕ ရွိေနခဲ့သည္။
"ငယ္ ေရခ်ိဴးခ်င္လား "
"အင္း "
"ဒါဆို ေရအရင္ခ်ိဴးလိုက္ေနာ္ အက်ီေတြ ဘီဒိုထဲမွာရွိတယ္ အဆင္ေျပတာယူဝတ္လိုက္ "
"အင္း "
ေရခ်ိဴးခန္းထဲေရကို စိမ္ေျပတစ္ေျပခ်ိဴးလိုက္သည္။
ေရခ်ိဳးခန္းထဲကထြက္လာေတာ့ ေသြးရတုကအခန္းထဲမွာ မရွိေတာ့ေပ။
ကိုယ္လဲ Pajama တစ္စုံထုတ္ဝတ္ၿပီး ကုတင္ေပၚထိုင္ကာ တီဗီဖြင့္ၾကည့္ေနလိုက္သည္။
ခဏေနေတာ့ ေသြးရတု အခန္းထဲျပန္ဝင္လာသည္။
"ငယ္ ၿပီးၿပီလား ၿပီးရင္ထမင္းစားဖို႔ ေအာက္ဆင္းရေအာင္ ေအာက္မွာေမေမတို႔လည္းေစာင့္ေနတယ္ "
ေမခင္တို႔လည္းေစာင့္ေနတယ္ဆိုေတာ့ အလင္းနဲနဲရွိန္မိသြားသည္။
ေသြးရတုကို မသိခ်င္ေယာင္ေဆာင္လို႔ရေပမဲ့ ေမခင္နဲ႕ဦးကိုေတာ့ မသိတဲ့လူေတြလိုေနရဖို႔ကကိုယ့္အတြက္ခက္ခဲသည္။
ေတာ္ၾကာအလိမ္ေတြေပၚကုန္မွျဖင့္ အစီအစဥ္ေတြအကုန္ပ်က္ကုန္လိမ့္မယ္ မျဖစ္ဘူး။
စိတ္ကိုေလ်ာ့ၿပီး သတိထားေနဖို႔မွရမယ္။
"ငယ္ ဘာေတြစဥ္းစားေနတာလဲ လာေလ "
ေသြးရတုေျပာမွ သတိျပန္ဝင္လာသည္။
"အင္း "
သူ႕လက္ဆြဲေခၚရာေနာက္ကို လိုက္သြားလိုက္သည္။
ေအာက္ေရာက္ေတာ့ ေမခင္ေရာ ဦးေရာ ဧည့္ခန္းထဲမွာရွိေနၾကသည္။
ေမခင္က အလုပ္ကိစၥဖုန္းေျပာေနသည္ႏွင့္တူသည္။
ဦးကေတာ့ လူႀကီးပီပီသတင္းစာဖတ္ေနသည္။
"အေဖ နဲ႕ အေမ "
"ေအး သားတို႔လာေလ "
ဦးက သူ႕ကိုေတြ႕တာ သိပ္အံ့ၾသျခင္းမရွိ ေသြးရတုႀကိဳေျပာထားပုံ ရသည္။
အန္တီကဖုန္းကိုခ်ၿပီး အလင္းဘက္ကိုလွည့္ၾကည့္လာသည္။
"သားငယ္ေလး လာ ေမခင္နားလာထိုင္ "
"အေမ ငယ္ကေနမေကာင္းေသးဘူး "
ေမခင္ကလွမ္းၾကည့္ေတာ့ သူကပဲအားနာစြာနဲ႕ အလိုက္တသိ ေမခင္ေဘးဝင္ထိုင္လိုက္သည္။
"ရပါတယ္ ကြၽန္ေတာ္ အန္တီနားထိုင္လိုက္မယ္ "
လို႔ေျပာလိုက္ေတာ့ ေသြးရတုက သေဘာဆိုတဲ့ ပုံစံမ်ိဳးနဲ႕ ေခါင္းညိတ္ျပတယ္။
"အေဖ အေမ ငယ္ကကြၽန္ေတာ္နဲ႕ ဒီအိမ္မွာေနမွာ "
ေသြးရတု ေျပာေတာ့ ေမခင္ကကြၽန္ေတာ့္ကိုလွည့္ၾကည့္လာသည္။
ဟုတ္လား ဆိုတဲ့အၾကည့္နဲ႕ ၾကည့္သည္။
"ကြၽန္ေတာ္ ကဒီမွာေနရမွာလား ကြၽန္ေတာ့္မိဘေတြအိမ္ျပန္ခ်င္တယ္ "
"အဲ့တာက ကိုယ္ေနာက္ေန႕လိုက္ပို႔ေပးမယ္ေလ ေနာ္ "
အလင္း ေခါင္းသာညိတ္ျပလိုက္တယ္။
"ကြၽန္ေတာ္ ဗိုက္ဆာေနၿပီ "
ဆိုတဲ့စကားေၾကာင့္ အကုန္လုံးကတအံ့တၾသၾကည့္လာၾကသည္။
အရင္ကအကုန္လုံးမ်က္ႏွာကို ၾကည့္ၿပီးေနတတ္တဲ့သူက အခုအားလုံးေရွ႕ ေပၚတင္ႀကီးေျပာလိုက္တာေၾကာင့္ အကုန္လုံးကထူးဆန္းေနတာျဖစ္မည္ထင္သည္။
"သားငယ္ေလး ကဗိုက္ဆာေနတာလား ဒီေကာင္ ေမခင္သားေလးကို ဘာမွမေကြၽးဘူးလား
လာေမခင္နဲ႕သြားစားမယ္ "
ေမခင္ကသူ႕ထုံးစံအတိုင္း အလင်းက်ိုသားငယ်လေးလို့သာခေါ်သည်။ထမင်းစားမယ်ဆိုပြီး လက္ဆြဲေခၚသြားေတာ့ ေသြးရတုနဲ႕ ဦးနဲ႕က ဧည့္ခန္းထဲက်န္ခဲ့သည္။
ဦးကေတာ့ ေခါင္းတခါခါသာလုပ္ေနသည္။
ထို႔ေနာက္ ေသြးရတုကိုေခၚၿပီး ပုခုံးဖက္ကာ ထမင္းစားခန္းထဲလိုက္လာသည္။
"လာ သား အေဖတို႔သားဖႏွစ္ေယာက္ပဲသြားမယ္ "
ထမင္းဝိုင္းမွာ အရင္လိုပဲ မ်ားစြာေသာဟင္းခြက္ေတြထဲ ဟင္းေတြကို တစ္ခုၿပီးတစ္ခု အလင္းပန္းကန္ထဲကို ေမခင္ကသူကိုယ္တိုင္ ထည့္ေပးေနသည္။
"သားေလး စားေနာ္ မ်ားမ်ားစား အဲတာမွ ေသြးရတုကိုႏွိပ္စက္နိုင္မွာ "
ေမခင္ရဲ႕စကားေၾကာင့္ အလင္းလန့္သြားသည္။
သူ႕အႀကံေတြမ်ားေမခင္ရိပ္မိသြားတာလား။
ၿပီးမွ ေမခင္က ထရီသည္။
"ဘာလဲ သားကိုကို ကို ႏွိပ္စက္မယ္ေျပာလို႔ စိုးရိမ္သြားတာလား ဟားဟား စားစား သားေလး ေဖႀကီးနဲ႕ ရတုလည္းထည့္စားၾက "
အဲ့ေတာ့မွ အလင္းတို႔ ေမခင္သူ႕ကိုစေနတယ္ဆိုၿပီး ဟင္း ခ်နိဳင္ေတာ့တယ္။
"အေမ ငယ့္ကိုစမေနနဲ႕ေတာ့ ငယ္ ျမန္ျမန္စား "
"ဒါနဲ႕ ေသာ္ေလးေရာ အဆင္ေျပရဲ႕လား ေက်ာင္းေျပာင္းတာဆိုေတာ့ ေက်ာင္းမွာအဆင္ေျပပါမလား အိမ္ေစာင့္ေတြကိုေသခ်ာေရာမွာခဲ့ရဲ႕လား "
"မွာခဲ့ပါတယ္ အေမအဲ့ကိစၥေနာက္မွေျပာရေအာင္ "
ေသြးရတု သူ႕အေမကို မ်က္ႏွာရိပ္မ်က္ႏွာကဲျပလိုက္ေတာ့ သူ႕အေမကနားလည္သလိုၾကည့္ၿပီးဆက္မေျပာေတာ့ေပ။
ဦးကေတာ့ ဝိုင္းမွာ အၿငိမ္ဆုံး စကားေတာင္တစ္ခြန္းႏွစ္ခြန္းေလာက္ပဲေျပာသည္။
ၿပီးေတာ့ ဝိုင္းကေနအရင္ဆုံးထသြားသည္။
"ကိုယ္ေတာ္ၿပီ ေဆးေသာက္ၿပီး အခန္းထဲဝင္ႏွင့္ေတာ့မယ္ "
"အင္း ၿပီးမွ ခင္လိုက္လာခဲ့မယ္ "
ေဖေဖ ထသြားေတာ့ ခဏေနေတာ့ ေမေမလဲလိုက္သြားတယ္။
ထမင္းဝိုင္းမွာ ငယ္နဲ႕ကြၽန္ေတာ္ႏွစ္ေယာက္ပဲက်န္ေတာ့တယ္။
"ကြၽန္ေတာ္လည္းေတာ္ၿပီ "
"အင္း ဒါဆိုအေပၚတက္ၾကမယ္ေလ "
အခန္းထဲေရာက္ေတာ့ အလင္းကဆိုဖာေပၚတက္ထိုင္ေနသည္။
ေသြးရတုကေတာ့ ကုတင္ေပၚ မွာထိုင္လိုက္သည္။
"ငယ္ အိပ္ခ်င္ၿပီလား "
"ဟင္အင္း မနက္ျဖန္ ကြၽန္ေတာ့္အိမ္ကိုသြားခ်င္တယ္ "
"အင္း ကိုယ္လိုက္ပို႔ေပးပါမယ္ အခုဘာလုပ္ခ်င္လဲ တီဗီၾကည့္မလား ေအာက္ဆင္းၿပီးလမ္းေလွ်ာက္မလား ဂိမ္းေဆာ့မလား "
"ခင္ဗ်ားအိပ္ခ်င္ အိပ္ႏွင့္ေလ ကြၽန္ေတာ္
ဒီမွာခဏထိုင္လိုက္ဦးမယ္ "
"အင္း ကိုယ္လည္းမအိပ္ခ်င္ေသးပါဘူး "
ဆိုဖာေပၚထိုင္ၿပီး အျပင္ကိုေငးေနတဲ့ေကာင္ေလးက ေနာက္ကၾကည့္ရင္ေတာင္ခ်စ္စရာေကာင္းလြန္းသည္။
အသက္ေတြသာႀကီးလာတာ မ်က္ႏွာေလးက အရင္လိုျဖဴစင္တုန္း
ေျပာင္းလဲသြားတာ အရပ္နည္းနည္းထပ္ရွည္လာတယ္။
လူႀကီးဆန္သြားတယ္ ဒီေလာက္ပဲ ပုံစံေလးကေတာ့ စေတြ႕တုန္းက လို ၁၉ႏွစ္သားပုံစံေလးပဲ။
အဲကြန္းရဲ႕အေအးဒဏ္ေရာ အျပင္က ရာသီဥတုေၾကာင့္ပါ နည္းနည္းေအးစိမ့္စိမ့္ျဖစ္ေနသည္။
ဘီဒိုထဲကဆြယ္တာတစ္ခုကိုထုတ္ကာ အနားကိုေလွ်ာက္လာလိုက္သည္။
ထို႔ေနာက္ ဆြယ္တာေလးကို အေနာက္ကိုၿခဳံေပးၿပီး.ခါးေလးကိုဖက္လိုက္ေတာ့ လွည့္ၾကည့္လာသည္။
"ေအးေနၿပီမဟုတ္လား ၿငိမ္ၿငိမ္ေလးေန ႏြေးေအာင္ဖက္ထားေပးမယ္ "
ဘာမှပြန်မပြောပဲရှေ့က်ိုပြန်လှည့်သွားသည်။
အခုခ်ိန္ကစၿပီးကိုယ့္ဘက္က လိုေနတဲ့ကြက္လပ္ေတြအားလုံးျဖည့္ေပးမွာမို႔ ငယ္ကိုယ့္ကို လက္မလႊတ္လိုက္ပါနဲ႕ငယ္....
ကြၽန္ေတာ္ မလိုခ်င္ဘူး ဒီလိုဂ႐ုစိုက္မႈေတြ အခုခ်ိန္မွ လာလုပ္ျပေနလို႔ မထူးေတာ့ဘူး လိုေနတဲ့အခ်ိန္မွာ ကမ္းလာေပးမဲ့လက္ကိုေမွ်ာ္ေနေပမဲ့ အဲ့လက္နဲ႕ ေအာက္ဆုံးထိဆြဲခ်ခဲ့တယ္။
အခုမွ ဒီလက္နဲ႕ျပန္လာကယ္မယ္ဆို ကြၽန္ေတာ္ ခင္ဗ်ားလက္ကိုဘယ္လိုယုံၾကည့္မႈမ်ိဳးနဲ႕စုပ္ကိုင္ရမလဲ။
ဆိုဖာေပၚထိုင္ေနတဲ့ေကာင္ေလးႏွစ္ေယာက္မွာ ေရွ႕ကတစ္ေယာက္ မ်က္ရည္ေတြ က်ေနခဲ့ၿပီး က်န္တစ္ေယာက္ကေတာ့ အၿပဳံးေတြနဲ႕ အခ်စ္ကိုအလွဆင္ေနတယ္။
______________________________________
Thaw
ဆက္ရန္.....
12/1/2021
(တိုင္းျပည္လည္းအျမန္ၿငိမ္းခ်မ္းပါေစေနာ္
မဟုတ္ရင္ ကိုယ့္မွာေမွာင္ရင္းတန္းလန္းဘယ္ခ်ိန္လာဆြဲခံရမလဲေၾကာက္ေနရတယ္)