အချစ်စစ်(Yizhan version)

By sungdayune

170K 9.1K 693

"ကိုကို႔ကိုအျပစ္မတင္ပါဘူး... ဖူးစာမပါတဲ့ကံတရားႀကီးကိုပဲအျပစ္တင္ပါ့မယ္" :Xz "ကိုကို့ကိုအပြစ်မတင်ပါဘူး... ဖူးစာ... More

အခ်စ္စစ္(intro)
အချစ်စစ်(အပိုင်း၁)
အချစ်စစ်(အပိုင်း၂)
အချစ်စစ်(အပိုင်း၃)
အချစ်စစ်(အပိုင်း၄)
အချစ်စစ်(အပိုင်း၅)
အချစ်စစ်(အပိုင်း၆)
အချစ်စစ်(အပိုင်း၇)
အချစ်စစ်(အပိုင်း၈)
အချစ်စစ်(အပိုင်း၉)
အချစ်စစ်(အပိုင်း၁၀)
not update
တောင်းပန်လွှာ
အချစ်စစ်အပိုင်း(၁၁)
အချစ်စစ်(အပိုင်း၁၂)
အချစ်စစ်(အပိုင်း၁၃)
အချစ်စစ်(အပိုင်း၁၄)
တောင်းပန်လွှာ
အချစ်စစ်(အပိုင်း၁၅)
အချစ်စစ်(အပိုင်း၁၆)
အချစ်စစ်(အပိုင်း၁၇ part1)
အချစ်စစ် (အပိုင်း၁၇part2)
အချစ်စစ်(အပိုင်း၁၈)
အချစ်စစ်(အပိုင်း၁၉)
အချစ်စစ် (အပိုင်း၂၀)
အချစ်စစ်(အပိုင်း၂၁ part 1)
အချစ်စစ် (အပိုင်း၂၂)
အချစ်စစ်အပိုင်း(၂၃)
အချစ်စစ်(အပိုင်း၂၅)
အချစ်စစ်(အပိုင်း၂၆)
အချစ်စစ် (အပိုင်း၂၇)
အချစ်စစ်(အပိုင်း၂၈)
အချစ်စစ် အပိုင်း၂၉
အချစ်စစ်(အပိုင်း၃၀)
အချစ်စစ်ဇာတ်သိမ်းပိုင်း(part1)
အချစ်စစ်ဇာတ်သိမ်းပိုင်း

အချစ်စစ် အပိုင်း(၂၄)

3.5K 219 26
By sungdayune

Unicode

အပေါ်ထပ်တွင်ကြီးကြီးကရှောင်ကျန့်ကိုဆေးတိုက်ပြီးရှောင်ကျန့်အိပ်နေသည်သေချာမှအခန်းပြင်ထွက်လာခဲ့သည်
ထို့နောက်ညနေကသခင်လေးဝမ်ပြောထားတဲ့အတိုင်းအောက်ထပ်ဆင်းကာ စာကြည့်ခန်းထဲသို့ဝင်လာလိုက်သည်
စာကြည့်ခန်းဝင်သည်နှင့်သခင်မဝမ်နှင့်သခင်မရှောင်းရယ်သခင်လေးဝမ်တို့ကိုတွေ့လိုက်ရသည်

"ကြီးကြီးလာပါ"
"ဟုတ်"

အားလုံးရဲ့အာရုံ/အားလုံးရဲ့အကြည့်တွေကကလည်းရိပေါ်ဆီသို့ရောက်နေကြသည်
ရိပေါ်ကနေပြီးစကားစလိုက်ကာ
"ကျနော်ဆုံးဖြတ်ထားလိုက်တာက ကလေးကိုမဖြစ်မနေခွဲစိတ်ဖို့တိုက်တွန်းမယ်လို့ ဟုတ်ပါတယ် ရာခိုင်နှုန်းကမသေချာဘူး ဒါမဲ့ အချိန်တော့ရှိသေးတာမို့ကျနော်ကြိုးစားပါရစေ ကျနော့်ဆန္ဒကကလေးကျန်းမာလာတာမြင်ရဖို့ ကလေးနဲ့အတူအိုမင်းသွားချင်သေးတာမို့ ခွဲစိတ်ဖို့ကိုမဖြစ်မနေပြောချင်တယ် သိတဲ့အတိုင်း ကလေးက ကျနော့်ကိုစိတ်နာနေတယ် ကျနော့်ကိုမုန်းနေတယ် ကျနော်ချည်းကပ်တာနဲ့ အတင်း ငြင်းနေတာမို့ မထိရောက်မှာဆိုးတယ် အဲ့တော့ မေမေတို့တွေက ကျနော့်ကိုမငြင်းအောင်ဘေးကနေမသိမသာဆီလိုက်ကူညီဖို့လေးပါပဲ  ကျေးဇူးပြုပြီး ကလေးကို ခွဲစိတ်အောင်ကြိုးစားခွင့်ပြုပါ"

အားလုံးကခဏတိတ်ဆိတ်နေကြသည်...ထို့နောက်ရှောင်းသခင်မက

"အန်တီ မပြောသင့်ပေမယ့် မေးပါမယ် နောက်ဆုံးအခြေအနေထိတော့ကြိုစဥ်းစားထားတယ်မလား"

ပြောရင်းနှင့်ရှောင်းသခင်မကြီးအသံများတုန်ယင်ကာ
"တကယ်လို့...သားကျန့်လေး.....မ..မအောင်မြင်ရင်ရော...အဲ့အထိမင်းခံနိုင်ရည်ရှိမလား"

"အမှန်တိုင်းပြောရရင် ကျနော်လည်းကြောက်တယ် ရာခိုင်နှုန်းကအရမ်းနည်းတာမို့ ဒါမဲ့ ကျနော်ကလေးရောဂါခံစားနေရတာမမြင်ရက်ဘူး အခွင့်အရေးက၁ရာခိုင်နှုန်း လေးရှိရင်တောင် အဲ့တာလေးကကျနော့်အတွက်မျှော်လင့်ချက်အလင်းရောင်လေးပါပဲ
ကလေးကကျနော့်အတွက်အရာရာမို့ ခံနိုင်ရည်မရှိနိုင်လောက်ဘူး
ဒါမဲ့ ကျနော်အဲ့အခြေအနေထိတွေးပြီးဆုံးဖြတ်ထားတာမို့ ဟုတ် ခံနိုင်ရည်မရှိလည်းရှိရမှာပေါ့"

ဝမ်သခင်မကမျက်ရည်ဝဲနေသောမျက်ဝန်းနှင့်ပြုံးကာ

"အဲ့ဆိုမေမေတို့ကဘာငြင်းစရာရှိပါအုန်းမလဲ
သားစိတ်တိုင်းကျစီစဥ်"

ရိပေါ်မျက်ဝန်းများအရည်ကြည်ဖြင့်ရွန်းလဲ့နေကာပြုံးရင်းသူ့မေမေကိုကြည့်နေစဥ်တွင်ပဲ

ရှောင်းသခင်မလည်း" သားဘက်ကရှိနေမယ်"
ကြီးကြီးကလည်းပြုံးကာခေါင်းငုံ့ရှာသည်
#######################

နေရောင်ခြည်များဆင်းသက်လာကာနွေးထွေးသောလေထုကလည်းနေရာယူလျက်
ရှောင်ကျန့်မျက်နှာနုနုလေးပေါ်သို့ဖြာကျနေလျက်ရှိသည်
နေရောင်ခြည်ကမျက်ဝန်းသို့လာစူးနေသော်လည်းလက်ကိုမြင့်၍ပင်ကာဖို့အားအင်မရှိ

ရောဂါဝေဒနာသည်ဖြစ်ရတဲ့ခံစားချက်ကတကယ်ကိုဒီလောကကြီးမှာဝန်ထုပ်ဝန်ပိုတစ်ခုထက်မပိုသကဲ့သို့ပင်
ခါးသက်သောအတွေးတို့ကိုအရိပ်တစ်ခုရပ်တန့်​စေလိုက်သည်

စူးရှနေမှုလည်းမခံစားရတော့သည်မို့မျက်ဝန်းနှစ်ဖက်ကိုအားယူဖွင့်လိုက်တော့ လက်ဖဝါးတစ်ခု ထိုလက်ရှိ လက်သူကြွယ်တွင်ငွေရောင်လက်စွပ်တစ်ကွင်းကနေရာယူလျက်ရှိသည်

အဲ့လက်စွပ်ကိုရင်းရင်းနှီးနှီးကိုမြင်ဖူးနေသလိုပဲ
လက်အချိုးအစားများကိုလည်းရင်းနှီးလွန်းပါသည် လက်ဖဝါးမှတဆင့်အပေါ်မော့ကြည့်တော့ ကိုကို

ကလေးကမျက်လုံးပွင့်တာနဲ့ကျနော့်လက်ကိုစူးစူးစိုက်စိုက်ကိုကြည့်နေသေးတာ လူကိုမကြည့်
ဟောဗျာပြောနေရင်းကြည့်လာပါပြီ
လူကိုတွေ့တာနဲ့ချက်ချင်းဟိုဘက်ကိုစောင်းအိပ်သွားတယ် ပြောချင်တာကမမြင်ချင်ဖူးပေါ့
ဒီကလေးနှယ့် တကယ့်ကို မာနခဲလေး
ဆော်တီးပဲကလေးရေ ဒီနေ့ကစပြီးကိုယ်နောက်မဆုတ်တော့ဘူး

ကုတင်ပေါ်တွင်ထိုင်လိုက်ပြီးစောင်းအိပ်နေတဲ့ဘက်ကို ခေါင်းလည်းစောင်းလိုက်တော့ ဖွင့်ထားတဲ့မျက်လုံးကိုအတင်းပိတ်ကာ စုတ် တချက်သပ်သည်

"ဟိတ် "
"...."
"ကလေး"
"ထွက်သွားမမြင်ချင်ဘူး"
"ဒါမဲ့ကိုယ်ကကလေးကိုမြင်ချင်တယ်လေ"
"......"
"ကိုယ့်ကိုစကားမပြောတော့ဖူးလား"
"......"
"မင်းပြောတော့ကိုယ့်ကိုခွင့်လွှတ်တယ်ဆို"
"....."
"ခွင့်လွှတ်တဲ့သူကစကားတောင်မပြောနိုင်ဖူးလား စကားကိုဒီတိုင်းလွယ်လွယ်ပြောလိုက်တာပေါ့"
"ကျနော့်စကားကျနော်တည်တယ် ဟုတ်တယ် ခွင့်လွှတ်တယ်ပြောတယ်"
"ခွင့်လွှတ်တယ်ဆို ရှောင်ပြေးမနေနဲ့ ထိပ်တိုက်စကားပြော"
"အဲ့လောက်တောင်ထိပ်တိုက်ပြောချင်နေတယ်ပေါ့"
"အင်း"

ရှောင်ကျန့်မွေ့ယာကိုအမှီပြုပြီးအားစိုက်ထလိုက်သည်
ရိပေါ်လည်းချက်ချင်း ဘေနားကနေကူညီဖို့လာလိုက်သည်နှင့်
"မလာနဲ့မထိနဲ့ မလိုဘူးထနိုင်တယ် အရင်ကလည်းပစ်ထားခဲ့တာပဲ အခုလည်းအရင်လိုပစ်ထား အကူအညီမလိုဘူး"
ဆိုကာထရင်းမှီလိုက်ကာ
"မှန်တယ်ခွင့်လွှတ်တယ်အဲ့တော့အိမ်ပြန်တော့"
"ဒါကကိုယ့်အိမ်လေ ဘယ်ကိုပြန်မှာလဲ ကိုယ့်ကောင်လေးအိမ်က ကိုယ့်အိမ်ပဲလေ"
"ဒီမှာနောက်နေတယ်ပုံနဲ့တူသလား စကားပြောနေရတာပင်ပန်းတယ် ထွက်သွားမမြင်ချင်ဘူး "

"ခွင့်လွှတ်တယ်ဆိုရုပ်မမြင်ချင်လို့မှမရဘဲ လေ "

ရှောင်ကျန့်ပြန်မပြောဘဲရိပေါ်ကိုစိတ်ကုန်သည့်မျက်လုံးနှင့်သာကြည့်နေသည်

"ရပါတယ်ကိုယ်ထွက်သွားပေးမယ် ဒီဆန်ပြုတ်တော့ကုန်အောင်စားပေးဟုတ်ပြီလား"
"ပြီးရင်ပြန်မှာမလား"
"အင်းပြန်မယ် (အလကားအာချောင်တာ မပြန်ပါဘူးဒီအိမ်ကသူ့အိမ်ဆိုလည်းမမှားဖူးပဲကို)"
"ပေး"
"ခွံကျွေးမယ်"
"မလိုဖူး"
"မဟုတ်ရင်မပြန်ဖူး"
"ဘယ်လိုဖြစ်နေတာလဲ မလိုဖူးပြောနေတယ်လေ"
"အဲ့ဆိုမပြန်စေချင်တာပေါ့ "
"ဘယ်သူကပြောလဲ ပြန်စေချင်လွန်းလို့
မြင်ကိုမမြင်ချင်တာ"

ဘယ်လောက်ပဲခဏခဏကြားနေရတဲ့စကားဖြစ်သော်လည်း နာတော့နာကျင်ရပါသည်သို့သော်လည်းအတတ်နိုင်ဆုံးပြုံးပြီး ရှောင်ကျန့်မျက်လုံးများကိုစိုက်ကြည့်ကာအငြင်သာဆုံးပြောလိုက်သည်

"ကိုယ်ကတော့ကလေးမျက်နှာလေးမြင်ချင်လွန်းလို့ "

ကိုကို့ဆီကဒီလိုစကားလုံးတွေဒီလိုအကြည့်တွေသိပ်လိုချင်ခဲ့ပေမယ့်မယုံကြည်ရဲတော့ဖူး ကိုကို
ကျနော်ထပ်ပြီးနာကျင်ရမှာကြောက်တယ် ကျနော့်ကိုချိုသာတဲ့စကားလုံးတွေနဲ့မလှည့်စားပါနဲ့တော့ ကျနော်ထပ်ပြီးနာကျင်ရရင်သေလိမ့်မယ်

.
.
.
.
ရှောင်ကျန့်တခြားတဖက်သို့မျက်နှာကိုလှည့်ကာ
"မြန်မြန်ကျွေး ပြီးရင်ထွက်သွားတော့"

"ကျွေးရင်ထွက်သွားရမယ်ဆိုတော့မကျွေးဘဲကြီးကြီးကိုခွံခိုင်းပြီး ကိုက ဆက်နေရင်ကောင်းမလား"
"ကိုဝမ်ရိပေါ် ခင်များစကားကို ဗလောင်းဗလဲ ဘာလို့ပြောနေတာလဲ ခင်များအရင်ကဒီလိုလူမျိုးမဟုတ်ပါဘူး"
"အချစ်နဲ့တွေ့သွားလို့ဖြစ်မှာပေါ့ "

"ကျစ်"

"တိတ်ဆိတ်နေမှတော့ငြိမ်နေမှတော့ကိုယ့်စကားကိုလက်ခံတယ်မှတ်မယ်"
"ဘယ်သူက.."
စကားတောင်မဆုံးခင်ဘဲ
"ကြီးကြီးရေလာပါအုန်း"

ဘယ်ချိန်ကတည်းကအပြင်မှာစောင့်နေလည်းမသိခေါ်လိုက်သည်နှင့်အထဲတန်းဝင်လာသည်

"ဟုတ်ကြီးကြီးပဲကျွေးလိုက်ပါမယ်သခင်လေး"

အားလုံးထဲမှာငြိမ်ခံနေရပြီးအံ့သြနေရတာကတော့ကျနော်ပါ ဘယ့်နယ့်မနေ့တနေ့ကရောက်တဲ့သူက အဲ့လောက်ကြီးကြီးနဲ့ခင်ပြီး ကျနော့်ကိုတောင် သစ္စာဖောက်သွားရတာလဲ..

ကြီးကြီးကိုကြည့်ပြီးအံ့သြနေချိန်တွင်ပဲ
ပါးပြင်တစ်ဖက်ကစိုစွတ်ပြီးနွေးထွေးနေသလိုခံစားချက်

"ဘာလုပ်တာလဲ!!!! ဘယ်သူသဘောနဲ့ လာထိတာလဲ!!!!!! "

ရှောင်ကျန့်သူအနမ်းခံရသောပါးကိုလက်နှင့်ကိုင်ကာပြောလိုက်သည်

လူကဘေးတွင်မရှိတော့ပဲ တံခါးပေါက်နားတွင်ရောက်နှင့်နေကာ

"ကိုယ့်သဘောနဲ့ ထိတာ ကိုယ့်မယားကို"

လို့ပြောကာထွက်သွားသောထိုသူ
အမြဲတမ်းသူ့စိတ်တိုင်းကျသာလုပ်သည်
အခုလည်း သူ့စိတ်တိုင်းကျတွေချည်း
ဒီနွံ့ထဲကထွက်ဖို့အတင်းအကန်ရုန်းနေပေမယ့် ပိုပြီးနစ်လာနေသည်မှာလည်းခက်ပါသည်

"တရက်တည်းနဲ့ဘယ်လိုများလူစားလဲသလိုပြောင်းလဲနိုင်ရတာလဲ"

###########################

ဘယ်ချိန်ကတည်းကဘေးရောက်နေမှန်းမသိတဲ့ယွီပင်းက

"မင်းကအတတ်လွယ်သားပဲ အရင်က ရေခဲတုန်းဂုဏ်တွေပျောက်ဆုံးသွားပြီဟေ့"
"ကလေးအတွက်ပဲလေ
ဒီနည်းက အဆင်ပြေလားမသိပေမယ့် ငါ့မှာလည်းဒီနည်းပဲရှိတယ် "

ယွီပင်း ရိပေါ်ပခုံးကိုပုတ်ကာ
"အဆင်ပြေမှာပါ သူ့ရင်ထဲမှာမင်းပဲရှိသေးတာပါ
မင်းကြိုးစားလို့ရသေးတယ် တခြားသူတွေသူ့ဖျောင်းဖျလို့မရပေမယ့် မင်းတော့ရမှာပါ ပြီးတော့ တကယ်လို့မရဖူးဆိုရင်လည်းငါ့မှာနည်းရှိတယ်

"ဘာနည်းလဲ"

"အဲ့အချိန်ပြောမယ်"

"လေယာဥ်လက်မှတ်တွေစီစဥ်ပြီးပြီလား"

"အေ ပေကျင်းကိုသွားမယ့်နေ့လည်လေယာဥ်ငါ့စီစဥ်ပြီးပြီ ကျန်းချန်ကိုလည်းပြောပြီးပြီ"

"အင်းကျေးဇူး ကျန်တာကိုတော့minaကိုပဲအားကိုးရတော့မယ်"

"အားတင်းထားဘဒို"

"အင်း"

"ရှေ့ဆက်မယ့်လမ်းကမင်းခင်းထားတဲ့လမ်းဆို
ရဲရဲကြီးလျှောက်လှမ်းဖို့အဆင်သင့်ဖြစ်နေပြီးသားပါအကြင်သူ'

#sungdayune

..................................................................................

ကဲlong time no see ချစ်တို့ရေပေကျင်းကိုဘာသွားလုပ်ကြမလဲနောက်ဘာဆက်ဖြစ်ကြမလဲ တို့လည်းသိချင်တယ်ဟေ့ Stay tune 💚❤️
Vote70 💚❤️

သာသာပြောချင်တာလေးတစ်ခုရှိပါတယ် အခုဆိုနိုင်ငံကလည်းအခြေအနေမကောင်းတာမို့ကျန်းမာရေးဂရုစိုက်ကြပါ အပြင်မထွက်နိုင်သမျှမထွက်ကြပါနဲ့ သတိနဲ့နေပါ ဘေးကင်းပါစေ ကျန်းမာချမ်းသာကြပါစေ
ဒါဒါတို့ကို ချစ်တဲ့သာသာ💚❤️

.
Zawgyi code


"ကြီးကြီးလာပါ"
"ဟုတ်"

"ကျနော်ဆုံးဖြတ်ထားလိုက်တာက ကလေးကိုမဖြစ်မနေခွဲစိတ်ဖို့တိုက်တွန်းမယ်လို့ ဟုတ်ပါတယ် ရာခိုင်နှုန်းကမသေချာဝူး ဒါမဲ့ အချိန်တော့ရှိသေးတာမို့ကျနော်ကြိုးစားပါရစေ ကျနော့်ဆန္ဒကကလေးကျန်းမာလာတာမြင်ရဖို့ ကလေးနဲ့အတူအိုမင်းသွားချင်သေးတာမို့ ခွဲစိတ်ဖို့ကိုမဖြစ်မနေပြောချင်တယ် သိတဲ့အတိုင်း ကလေးက ကျနော့်ကိုစိတ်နာနေတယ် ကျနော့်ကိုမုန်းနေတယ် ကျနော်ချည်းကပ်တာနဲ့ အတင်း ငြင်းနေတာမို့ မထိရောက်မှာဆိုးတယ် အဲ့တော့ မေမေတို့တေဠက ကျနော့်ကိုမငြင်းအောင်ဘေးကနေမသိမသာဆီလိုက်ကူညီဖို့လေးပါပဲ  ကျေးဇူးပြုပြီး ကလေးကို ခွဲစိတ်အောင်ကြိုးစားခွင့်ပြုပါ"




"အမှန်တိုင်းပြောရရင် ကျနော်လည်းကြောက်တယ် ရာခိုင်နှုန်းကအရမ်းနည်းတာမို့ ဒါမဲ့ ကျနော်ကလေးရောဂါခံစားနေရတာမမြင်ရက်ဖူး အခွင့်အရေးက၁ရာခိုင်နှုန်း လေးရှိရင်တောင် အဲ့တာလေးကကျနော့်အတွက်မျှော်လင့်ချက်အလင်းရောင်လေးပါပဲ
ကလေးကကျနော့်အတွက်အရာရာမို့ ခံနိုင်ရည်မရှိနိုင်လောက်ဖူး
ဒါမဲ့ ကျနော်အဲ့အခြေအနေထိတွေးပြီးဆုံးဖြတ်ထားတာမို့ ဟုတ် ခံနိုင်ရည်မရှိလည်းရှိပါတယ်"




#######################




လက်အချိုးအစားများကိုလည်းရင်းနှီးလွန်းပါသည် လက်ဖဝါးမှတဆင့်အပေါ်မော့ကြည့်သည်တော့ ကိုကို

ကလေးကမျက်လုံးပွင့်တာနဲ့ကျနော့်လက်ကိုစူးစူးစိုက်စိုက်ကိုကြည့်နေသေး လူကိုမကြည့်
လူကိုတွေ့တာနဲ့ချက်ချင်းဟိုဘက်ကိုစောင်းအိပ်သွားသည် ပြောချင်တာကမမြင်ချင်ဖူးပေါ့
ဆော်တီးပဲကလေးရေ ဒီနေ့ကစပြီးကိုယ်နောက်မဆုတ်တော့ဝူး


"ဟိတ် "
"...."
"ကလေး"
"ထွက်သွားမမြင်ချင်ဝူး"
"......"
"......"
"....."
"ခွင့်လွှတ်တယ်ဆို ရှောင်ပြေးမနေနဲ့ ထိတိုက်စကားပြော"
"အဲ့လောက်တောင်ထိတိုက်ပြောချင်နေတယ်ပေါ့"
"အင်း"

"မလာနဲ့မထိနဲ့ မလိုဝူး ထနိုင်တယ် အရင်ကလည်းပြစ်ထားခဲ့တာပဲ အခုလည်းအရင်လိုပြစ်ထား အကူအညီမလိုဝူး"
"ဒီမှာနောက်နေတယ်ပုံနဲ့တူသလား စကားပြောနေရတာပင်ပန်းတယ် ထွက်သွားမမြင်ချင်ဝူး "



"ပြီးရင်ပြန်မှာမလား"
"အင်းပြန်မယ် (အလကားအာချောင်တာ မပြန်ပါဝူးဒီအိမ်ကသူ့အိမ်ဆိုလည်းမမှားဖူးပဲကို)"
"ပေး"
"ခွံကျွေးမယ်"
"မလိုဖူး"
"မဟုတ်ရင်မပြန်ဖူး"
မြင်ကိုမမြင်ချင်တာ"




.
.
.
.

"ကိုဝမ်ရိပေါ် ခင်များစကားကို ဗလောင်းဗလဲ ဘာလို့ပြောနေတာလဲ ခင်များအရင်ကဒီလိုလူမျိုးမဟုတ်ပါဝူး"

"ကျစ်"

"ဘယ်သူက.."
စကားတောင်မဆုံးခင်ဘဲ
"ကြီးကြီးရေလာပါအုန်း"











###########################


"ကလေးအတွက်ပဲလေ


"ဘာနည်းလဲ"

"အဲ့အချိန်ပြောမယ်"




"အားတင်းထားဘဒို"

"အင်း"

"ရှေ့ဆက်မယ့်လမ်းကမင်းခင်းထားတာလမ်းဆို

#sungdayune

..................................................................................

Vote70 💚❤️


Continue Reading

You'll Also Like

891K 41.2K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
97.2K 6.3K 35
ZSWW {Myanmar Fan Fiction) Birthday present for someone who love me~~💚💚💚 မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကိုတခြား mediaများကိုလုံး...
11.6K 466 40
" လေပြေဆိုတာ တိုးဝှေ့သွားရုံ‌ေလးပဲ လာ.?.." &&&& ""မင်းပျော်လား! ဟမ်!! ဘာလို့ငိုနေတာလည်း!!. မင်းပျော်နေရမှာလေ!! မင်းကြောင့်! မင်းကြောင့်ကွ! သူအခုလိုလု...
2.3M 117K 65
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...