ဒီနေရာမှာ ကျွန်တော် စာဖတ်သူတို့ကို တစ်ခုတောင်းဆိုချင်ပါတယ်။ အပိုင်း ၁၅အထိ ဖတ်လာခဲ့ပြီးပြီဆိုတော့ ဇာတ်ရည်တော်တော်လည်နေပြီလို့ ဆိုရမှာပေါ့။ ဒီ အပိုင်း ၁၆ ဖတ်ပြီးရင် ဉီးလွှမ်းမိုးရဲ့ မနှင်းဆီသီချင်းကို နားထောင်ပါမယ်လို့ ကျွန်တော့်ကို ကတိပေးပါ။
မနှင်းဆီကို နားထောင်တဲ့အခါ လွန်းမောင်နေရာကရော မြတင့်နေရာကနေပါ သေချာခံစားပြီး နားထောင်ပေးပါ။ ဘာလို့ဆို မနှင်းဆီ သီချင်းက ကြီးကြီးကျယ်ကျယ်တွေပြောရရင် ဇာတ်ဝင်တေးဘာညာပေါ့။
စာဖတ်သူတို့ကတော့ မပြောတတ်ဘူး။ ကျွန်တော်ကတော့ မနှင်းဆီကို နားထောင်လိုက်တိုင်း ရင်ထဲမှာ ကျင်ခနဲပဲ။
မပြေလည်နိုင်တာတွေ ပြေလည်နိုင်အောင်
ကိုယ်ကြိုးစားခဲ့ပြီးမှ ဆန့်ကျင်ဘက်လမ်း
လျှောက်ကာ သွားကြသည်
မနှင်းဆီ မနှင်းဆီရေ
မနှင်းဆီရေ...
အချိန်မလွန်ခင်မှာ ဒီလိုအချစ်မျိုး
အဖြစ်ဆိုးမှန်းသိခဲ့ရင်
အစအချိန်ကတည်းက အချစ်တွေ မပေးဘူးလေ
မနှင်းဆီ မနှင်းဆီရေ
မနှင်းဆီရေ...
အကျွန် ချစ်သည့်ပန်း ဆူးရှိမှန်း သိသော်လည်း
အလိုလိုက်မိမှန်း အခုမှပဲ သိတယ်ကွယ်
ချစ်မိခဲ့လို့ ထွေးပွေ့မိမှ
မောင့်အသည်းကို ဆူးစိုက်ဝင်ပြီ
မိန်းမလှ အမုန်းရဲ့ ဒီဆူးဒဏ်
သဒ္ဒါပြန်ခံမယ်လေ
သေရွာပါပါစေ နာပါပြီလို့လည်း
မငြီးတော့ပါ
အချစ်မျဉ်းပြိုင်လေး အဝေးတစ်ဖက်မှာ
ပျော်သလိုနေပါတော့
တို့တတွေ ဝေးနေတာပဲ
ပိုကောင်းတယ်လေ မနှင်းဆီရေ
မနှင်းဆီရေ မနှင်းဆီရေ...