{Zawgyi}
•မင္းကိုယ့္ကို ႏွာကစ္သြားေအာင္ လုပ္ႏိုင္ခဲ့တယ္•
ေသေသခ်ာခ်ာေတြးၾကည့္ၿပီးေနာက္မွသာ ေမာ့က်ဴးခ်န္ကို သင္ျပေပးဖို႔ လင္ရွန္းကမ္းလွမ္းလိုက္တာျဖစ္တယ္။
သူ ေမာ့က်ဴးခ်န္တစ္ေယာက္တည္းကို သင္ေပးမွာမဟုတ္ဘူး၊ စုတ်န္းတ်န္းကိုပါ သင္မွာ!
၀တၳဳထဲမွာ စုတ်န္းတ်န္းက ပညာပါရမီမပါေပမယ့္ ပုံဆြဲရာမွာေတာ့ အရမ္းကိုပါရမီပါတယ္။
ေနာက္ပိုင္း သူမက နာမည္ႀကီးတဲ့မ်က္ႏွာသစ္ comic artistတစ္ေယာက္ျဖစ္လာတယ္။
သို႔ေပမယ့္ သူမရဲ႕ဆိုးဝါးတဲ့ပညာေရးမွတ္တမ္းနဲ႔ တခ်ိဳ႕ေသာအေၾကာင္းအရာေတြေၾကာင့္ တကၠသိုလ္မွာ ပညာဆက္မသင္ခဲ့ဘူး။
ဒါက သူတို႔ႏွစ္ေယာက္အတူရွိႏိုင္ဖို႔ကို ေမာ့က်ဴးခ်န္မိဘေတြ ျငင္းဆန္ၾကတဲ့အေရးအပါဆုံးအေၾကာင္းအရာျဖစ္လာတယ္။
တကယ္လို႔ သူသာ၀တၳဳဇာတ္ကြက္အတိုင္း သြားခိုင္းမယ္ဆိုရင္...
စုတ်န္းတ်န္းနဲ႔ ေမာ့က်ဴးခ်န္တို႔ေတြ အထက္တန္းေက်ာင္းမွာတည္းက အခ်င္းခ်င္းအေကာင္းျမင္မႈေတြ တိုးတက္လာၿပီး မိသားစုရဲ႕အတားအဆီးေတြကို ေက်ာ္ျဖတ္ကာ အတူတကြေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္သြားႏိုင္ဖို႔ ငါးႏွစ္တိတိၾကာမယ္။
ငါးႏွစ္!
ယန္ရႈိ႕က သူ႔ထက္ေလးႏွစ္ႀကီးတယ္။
သူျပန္ေရာက္သြားတဲ့အခ်ိန္မွာ အဲ့လူက သူ႔ကေလးေတြဘာညာနဲ႔ေတာင္ျဖစ္ေနလိမ့္မယ္။
ဒါမ်ိဳး လင္ရွန္းလက္မခံပါ!
အဲ့ေတာ့ကာ__
သူတို႔ကို စာသင္ေပးလိုက္မယ္!
သူ စုတ်န္းတ်န္းကို ေက်ာင္းတြင္းအခ်စ္ဇာတ္လမ္းေလးထဲက စြယ္စုံရဇာတ္လိုက္မတစ္ေယာက္ျဖစ္လာေအာင္ ေလ့က်င့္ေပးမယ္။
အက်င့္စ႐ိုက္ေရာ ပညာေရးပါေကာင္းမြန္တဲ့ မိန္းမေကာင္းေလးတစ္ေယာက္ ေမြးဖြားခဲ့တယ္ဆိုတာကို ေမာ့က်ဴးခ်န္ရဲ႕မိဘႏွစ္ပါးစလုံး သူတို႔မ်က္လုံးေတြနဲ႔ တပ္အပ္ျမင္ေစခ်င္တယ္!
စုတ်န္းတ်န္းနဲ႔ ေမာ့က်ဴးခ်န္တို႔ေတြ တြဲလို႔ အဆင့္မေကာင္းတာေတြျဖစ္တယ္ဆိုၿပီး ဆင္ေျခဆင္လက္ေတြ မေပးႏိုင္ေအာင္လုပ္မယ္!
"မင္း..." ေမာ့က်ဴးခ်န္ႏႈတ္ခမ္းေထာင့္စြန္းေတြက ေလးကိုင္းအသြင္ ေကြးၫႊတ္သြားတယ္ "ငါ့ကို စာေလ့လာတာကူေပးခ်င္တယ္ေပါ့?"
သူ႔အတြက္ ရီစရာေကာင္းတာတစ္ခုခုၾကားလိုက္ရတဲ့အတိုင္းပဲ။
ပုံမွန္ မွင္ရည္လိုနက္ေမွာင္ေနတဲ့မ်က္လုံးေတြမွာေတာင္ ၿပဳံးေယာင္သမ္းသြားေသးတယ္။
"ဘာနဲ႔လဲ?" ေမာ့က်ဴးခ်န္ ႏွာေခါင္းရႈတ္လိုက္တယ္။ "ငါးဘာသာလုံးေပါင္းမွာ တစ္ရာမျပည့္နဲ႔အမွတ္ေတြနဲ႔လား?"
"အဲ့တာက မေတာ္တဆျဖစ္သြားတာ" လင္ရွန္းလည္း နည္းနည္းေတာ့ရင္နာရတယ္။
ဒါေပမယ့္ တျခားနည္းလမ္းရွိလို႔လား?
ဒါက မူလခႏၶာကိုယ္ပိုင္ရွင္က ေျဖသြားတဲ့စာေမးပြဲျဖစ္တယ္ဆိုေပမယ့္ လင္ရွန္းကသာ အဲ့တာႀကီးကို မ်က္ရည္လည္႐ႊဲနဲ႔ လက္ခံထားရတာျဖစ္တယ္။
"ခုေလးတင္ ေျဖၿပီးခဲ့တဲ့႐ူပေဗဒစာေမးပြဲနဲ႔ဆိုရင္ ဒီတစ္ေခါက္ ငါေအာက္ဆုံးေရာက္ေနမွာမဟုတ္ဘူး!" လင္ရွန္း အခိုင္အမာေျပာလိုက္တယ္။
"ေအာ္" ေမာ့က်ဴးခ်န္က "အဲ့ေတာ့ ငါက စာေမးပြဲေျခာက္ခုမွာ အမွတ္ေပါင္းတစ္ရာေက်ာ္ပဲရတဲ့ေကာင္ သင္ျပေပးတာကို လိုေနတယ္ေပါ့?"
"အဲ့အျပင္ မင္းဘ၀ကလည္း တကယ္ႀကီးမေတာ္တဆေတြနဲ႔ ျပည့္ေနတာပဲေနာ္" ေမာ့က်ဴးခ်န္ ၿပဳံးၿပဳံးေလးထပ္ေျပာလိုက္ျပန္တယ္။
လင္ရွန္း "..."
သူလည္း ဘယ္တတ္ႏိုင္ပါ့မလဲ?
ရွင္းဆန္းအထက္တန္းေက်ာင္းကို ဝင္ပါၿပီဆိုတည္းက မူလကိုယ္ပိုင္ရွင္က လပတ္စာေမးပြဲတိုင္းကိုက်ၿပီး ေနာက္ဆုံးစာေမးပြဲေတြမွာဆိုလည္း ေအာက္ဆုံးမွာသာေနတယ္။
သူ႔ရာထူးက လုံၿခဳံေရးကို ေစာင့္ၾကပ္ေနတဲ့ေခြးတစ္ေကာင္အတိုင္းပဲ။ အဲ့ေနရာကို ဘယ္သူမွထိလို႔မရဘူး!
ခ်င္မင္းမင္းလို ႏွစ္ဆင့္ကိုမေအာင္ျမင္တဲ့ အင္အားႀကီးၿပိဳင္ဘက္ကေတာင္မွ သူ႔ရဲ႕ၿပိဳင္ဘက္မဟုတ္ဘူး။ [ T/N : ေအာက္ဆုံးေနရာကို မလုႏိုင္ဘူးဆိုတဲ့သေဘာပါ LOL! ]
"အဲ့တာဆို..." လင္ရွန္း ခဏေလာက္ေတြးၾကည့္လိုက္တယ္။ "႐ူပေဗဒစာေမးပြဲရလဒ္ကို ေစာင့္ၾကည့္လိုက္ေလ၊ ၿပီးရင္ ႐ူပေဗဒနဲ႔စၿပီး ကူရမလား?"
"ေနာက္တစ္ခါ လပတ္စာေမးပြဲမွာ ငါ့ရဲ႕ရလဒ္ေတြကို ျမင္ၿပီဆိုေတာ့မွပဲ မင္းကို ဘာသာစကား၊ သခ်ၤာ၊ ႐ူပေဗဒနဲ႔ ဓာတုေတြကို အကုန္ကူညီေပးမယ္" သူ ေမာ့က်ဴးခ်န္နဲ႔ ေဆြးေႏြးလိုက္တယ္။
သူတကယ္ေတာ့ အရမ္းစိတ္ပူေနၿပီ!
သူတို႔ေတြ အထက္တန္းေက်ာင္းမွာ တတိယႏွစ္ေရာက္ေနၾကၿပီ။ စုတ်န္းတ်န္းရဲ႕အေျခခံနဲ႔ဆို သူတို႔အခုစၾကမယ္ဆိုရင္ေတာင္ ေကာလိပ္ဝင္စာေမးပြဲမတိုင္ခင္ သူမရဲ႕အဆင့္ေတြကို တိုးတက္ေအာင္လုပ္ေပးႏိုင္ပါ့မလားဆိုတာ လင္ရွန္းမေသခ်ာဘူး။
ေနာက္ၿပီး သူ႔အစ္ကိုလို ဉာဏ္ႀကီးရွင္ဆိုတာကလည္း ရွားတယ္ေလ။
"ငါက ဘာလို႔လုပ္ရမွာလဲ?" ေမာ့က်ဴးခ်န္ပါးစပ္က ဒီစကားလုံးေတြထြက္အံလာတယ္။
"ငါပိုက္ဆံမလိုဘူး!" လင္ရွန္း ေျပာလိုက္တယ္။
"ဟမ့္_" ေမာ့က်ဴးခ်န္ ႏွာရႈတ္လိုက္တယ္ "ငါက ပိုက္ဆံမရွိဘူးလို႔ထင္လား?"
သူ႔မွာ ပိုက္ဆံဆိုတာ ျပတ္လပ္မေနဘူး။
စာသင္ေဆာင္အေရွ႕ဘက္က ေနေရာင္ေအာက္မွာ ဖိတ္ဖိတ္ေတာက္ေနတဲ့ တန္ဖိုးႀကီး Rolls-Royce Phantomက ေမာ့က်ဴးခ်န္ရဲ႕ကားျဖစ္တယ္။
ၿပီးေတာ့ အဲ့တာကလည္း သူ႔ရဲ႕မေရမတြက္ႏိုင္ေသာ တန္ဖိုးႀကီးကားေတြထဲက တစ္ခုသာျဖစ္တယ္။
လင္ရွန္းက အဲ့တာကို မထင္မွတ္ထား႐ုံသာ...
ဂ႐ုတစိုက္ေတြးၿပီးေနာက္ ဒီလိုၿပီးျပည့္စုံတဲ့အစီအစဥ္က အရမ္းကိုျဖစ္ႏိုင္ေျခရွိေနတာေလ။
ပထမအဆင့္မွာတင္ ထင္မွတ္မထားေလာက္ေအာင္ လုံး၀ႀကီးပိတ္ဆို႔ခံလိုက္ရၿပီ!
သူက စာအုပ္ထဲမေရာက္လာခင္မွာတုန္းက ထက္ျမက္တဲ့ေက်ာင္းသားရဲ႕ေလ့က်င့္ခန္းစာအုပ္ေတြနဲ႔ သင္ခန္းစာေတြကို ငွားခ်င္လွပါခ်ည္ရဲ႕ဆိုၿပီး သူ႔အတန္းေဖာ္ေတြလိုက္တာကို ခံခဲ့ရသူဆိုတာ သိသင့္တယ္။
သူ႔မွာ ေျပာစရာစကားေတာင္မရွိေတာ့ဘူး!
ဒါက ေက်ာင္းတြင္းအခ်စ္၀တၳဳတစ္ခုဆိုတာကို မေမ့လိုက္သင့္ဘူး။
ဇာတ္လိုက္နဲ႔ ဇာတ္လိုက္မျဖစ္တာနဲ႔အညီ သူတို႔ေတြက စာေလ့လာစရာလိုလို႔လား?
ဘယ္လိုပါ့မလဲ!
ဒီတိုင္းသာ ခ်စ္လိုက္ၾကေတာ့!
"မင္းရဲ႕ရည္႐ြယ္ခ်က္..." ေမာ့က်ဴးခ်န္ အသံခဏတိတ္သြားၿပီး သူ႔မ်က္လုံးေတြက လင္ရွန္းမ်က္ႏွာေပၚ အႀကိမ္ေပါင္းမ်ားစြာ အထက္ေအာက္စုန္ဆန္ၾကည့္ၿပီးမွ "ဘာလဲ?"
သူ႔မ်က္လုံးေတြကို အနည္းငယ္ေမွးက်ဥ္းထားၿပီး သူ႔ရဲ႕နက္ရႈိင္းလွတဲ့မ်က္ဝန္းေတြထဲမွာ ေအးစက္တဲ့အလင္းေရာင္တစ္ခု ျဖတ္သန္းသြားတယ္။
ဒီလင္ရွန္းက သူ႔ရဲ႕အာ႐ုံစိုက္မႈကို ရေအာင္ႀကိဳးစားေနတာလား?
ဟမ့္__
အဲ့လိုဆိုရင္ေတာ့ တစ္ဖက္လူလုပ္တာ ေအာင္ျမင္တယ္လို႔ပဲေျပာရမယ္။
ေန႔ခင္းတည္းက လင္ရွန္းအေၾကာင္းေတြ သူ႔ဦးေႏွာက္ထဲမွာ ေနရာယူေနတာျဖစ္တယ္။
အရင္က တစ္ႀကိမ္မွမလုပ္ဖူးတဲ့ လင္ရွန္းရဲ႕အဆင့္ေတြကို တျခားလူနဲ႔စုံစမ္းခိုင္းတာမ်ိဳးေတြေတာင္ လုပ္မိခဲ့တယ္။
ဒီစာသင္ႏွစ္မွာေျပာင္းလာတဲ့ တျခားသူေတြနဲ႔ အရမ္းကြဲျပားပါတယ္ဆိုတဲ့ စုတ်န္းတ်န္းေတာင္ ေမာ့က်ဴးခ်န္ကို အေတြးမ်ားေအာင္ မလုပ္ႏိုင္ခဲ့ဘူး။
"ငါက မင္းနဲ႔ စုတ်န္းတ်န္းႏွစ္ေယာက္လုံးကို သင္ေပးခ်င္တာ" လင္ရွန္း ႐ိုးသားစြာေျပာလိုက္တယ္။
အဲ့ေနာက္ ေမာ့က်ဴးခ်န္ကို ေမာ့ၾကည့္ကာ "အတန္းေဖာ္ေမာ့က်ဴးခ်န္၊ မင္း ဒီစကားကိုၾကားဖူးလား?"
"စာအုပ္မ်က္ႏွာက ေက်ာက္စိမ္းလို ေခ်ာေမြ႕တယ္! ဆိုတာ" [ T/N : ႀကိဳးႀကိဳးစားစားေလ့လာမယ္ဆိုရင္ ေအာင္ျမင္မယ္ ၿပီးေတာ့ လွပတဲ့မိန္းကေလးက မင္းကိုလက္ထပ္ခ်င္လာမယ္ဆိုတဲ့ အဓိပၸါယ္ပါ ]
"အသိပညာေရွ႕မွာဆို အခက္အခဲေတြအားလုံးက စကၠဴက်ားသာသာပါကြာ!"
"မင္းမေျဖရွင္းႏိုင္တဲ့ျပႆနာေတြရွိတယ္ဆိုရင္ မင္းက လုံလုံေလာက္ေလာက္မသန္မာေသးလို႔ပဲျဖစ္မယ္၊ ပိုၿပီးသန္မာလာေအာင္လုပ္ႏိုင္တဲ့ အေကာင္းဆုံးနည္းလမ္းကေတာ့ ဆက္တိုက္သင္ယူေနတာပဲ!"
"ဘယ္လိုေနေနကြာ..."
"အသိပညာကသာ အင္အားပဲ!"
လင္ရွန္း က်ယ္ေလာင္စြာေျပာလိုက္တယ္။
အနာဂတ္မွာ သူနဲ႔စုတ်န္းတ်န္းက အဆင့္ေတြမေကာင္းတာေၾကာင့္ သူတို႔မိဘေတြရဲ႕ ငါးႏွစ္ေလာက္ခြဲတာကို ခံရလိမ့္မယ္ဆိုတာ ေမာ့က်ဴးခ်န္ကို မေျပာႏိုင္ဘူး။
စုတ်န္းတ်န္းသာ ထိပ္ဆုံးတကၠသိုလ္ဆယ္ခုထဲက တစ္ခုမွာဝင္ႏိုင္ခဲ့ၿပီဆိုလို႔ကေတာ့ အခ်ိန္ကတစ္ႏွစ္ေလာက္အထိ တိုသြားလိမ့္မယ္။
စုတ်န္းတ်န္းသာ နည္းနည္းေလာက္ေလးပိုၿပီး ဇြဲေကာင္းမယ္ဆိုရင္ သိပၸံပညာသင္ဆုကို တစ္ခ်က္တည္းနဲ႔ ႏိုင္သြားမွာ။
အဲ့လိုဆို ေကာလိပ္ဝင္စာေမးပြဲရလဒ္ထြက္တဲ့ေန႔မွာ သူတို႔ႏွစ္ေယာက္ ခ်စ္ၾကည္ႏူးတစ္တီတူးၿပီး ေပ်ာ္ေနလို႔ရၿပီ။
သူအဲ့လိုေတြးၾကည့္ေလေလ ပိုၿပီးဆီေလ်ာ္ေလပဲလို႔ လင္ရွန္းခံစားမိတယ္။
သူတို႔ႏွစ္ေယာက္ေရွ႕မွာရွိေနတဲ့ အခက္အခဲေတြကို ေသခ်ာေပါက္ရွင္းေပးရမယ္။
ပထမအဆင့္ေအာင္ျမင္ဖို႔ စုတ်န္းတ်န္းဆီက သေဘာတူႏိုင္ေျခ 5-3အတြင္းရွိတယ္။
"သိပ္ေကာင္းတယ္" ေမာ့က်ဴးခ်န္ လင္ရွန္းကို စူးရွစြာၾကည့္လိုက္တယ္။
ဒီေကာင္က သူ႔ကို တကယ္ႏွာကစ္သြားေအာင္လုပ္ႏိုင္တယ္ဆိုတာ ဝန္ခံလိုက္ၿပီ။
ေမာ့က်ဴးခ်န္ရဲ႕ ဆယ့္ရွစ္ႏွစ္တာမွာ သူ႔ကိုဒီလိုမ်ိဳးေျပာရဲတဲ့လူေတာင္မရွိဘူး။
"မင္းသေဘာတူလိုက္တာလား?" လင္ရွန္းကေတာ့ အေပ်ာ္ႀကီးေပ်ာ္ကာ တစ္ဖက္လူကိုၾကည့္လိုက္တယ္။
"မင္း..." ႐ုတ္တရက္ ေမာ့က်ဴးခ်န္က လက္ကိုဆန႔္ထုတ္ကာ လင္ရွန္းရဲ႕လက္ေကာက္ဝတ္ကို ကိုင္လိုက္ျပန္တယ္။
လက္ရွိ သူတို႔က ေက်ာင္းအေဆာက္အအုံအျပင္ဘက္မွာရွိတဲ့ သစ္ပင္ႀကီးေအာက္မွာ ရပ္ေနတာျဖစ္တယ္။
သစ္ပင္ရိပ္က ေႏြဦးေနေရာင္ျခည္ကို ေ႐ႊေရာင္အစက္အေျပာက္ေလးေတြလို ျဖစ္ေပၚေစၿပီး လင္ရွန္းရဲ႕ျဖဴေဖြးေဖြးၾကည့္ေကာင္းတဲ့မ်က္ႏွာေလးေပၚ က်ေရာက္ေစတယ္။
ေမာ့က်ဴးခ်န္ရဲ႕လက္ေခ်ာင္းေတြက ရွည္သြယ္ၿပီး လက္ဖဝါးကေတာ့ ပူေလာင္လွတယ္။
သူက မ်က္ႏွာေလးတင္ၾကည့္ေကာင္းတာမဟုတ္ဘူး၊ ႀကီးျမတ္တဲ့အားကစားလိုက္စားသူတစ္ေယာက္ျဖစ္တာေၾကာင့္ အဝတ္အစားဝတ္ထားခ်ိန္မွာ ခႏၶာကိုယ္အခ်ိဳးအစားက ၾကည့္ေကာင္းၿပီး အဝတ္မရွိတဲ့အခ်ိန္ဆို ဖြံ႕ဖြံ႕ထြားထြားႀကီးျဖစ္တယ္။
လင္ရွန္းရဲ႕လက္ေကာက္ဝတ္ကို တင္းက်ပ္စြာဆုတ္ကိုင္ကာ ေရွ႕ကိုတစ္လွမ္းတိုးၿပီး သစ္ပင္ပင္စည္မွာ အားျပင္းျပင္းနဲ႔ဖိကပ္လိုက္တယ္။
သူကိုယ္ႀကီးနဲ႔ ပင္စည္ၾကားမွာ လုံး၀ကို ပိတ္ပစ္လိုက္တာသာျဖစ္တယ္။
ေမာ့က်ဴးခ်န္ သူ႔ရဲ႕ေနာက္လက္တစ္ဖက္ကို ေျမႇာက္ကာ တစ္ဖက္လူရဲ႕ေမး႐ိုးကို အသာေလးညႇစ္လိုက္တယ္။
လင္ရွန္းရဲ႕ေၾကာင္ေတာင္ေတာင္မ်က္လုံးေတြနဲ႔ အၾကည့္ခ်င္းဆုံေတာ့ ခပ္ညစ္ညစ္ေတာင္ၿပဳံးလိုက္ေသးတယ္။
"မင္း..." သူကိုယ္ကိုကိုင္းခ်ကာ လင္ရွန္းနားထဲ ေလမႈတ္ၿပီး တီးတိုးေျပာလိုက္တယ္ "ေအာင္ျမင္သြားၿပီ!"
ေမာ့က်ဴးခ်န္ ရပ္လိုက္ၿပီး သူ႔ရဲ႕ေအးစက္စက္ႏွာတံက လင္ရွန္းရဲ႕ပါးကို ပြတ္တိုက္သြားတယ္ "ငါ့ရဲ႕စိတ္ဝင္စားမႈကို ေအာင္ေအာင္ျမင္ျမင္ႏႈိးလိုက္ႏိုင္ၿပီ!"
ထိုသို႔ေျပာၿပီး ခပ္ဟဟသာ ဆက္ရယ္ေနခဲ့တယ္။
_______________________________________
{Unicode}
•မင်းကိုယ့်ကို နှာကစ်သွားအောင် လုပ်နိုင်ခဲ့တယ်•
သေသေချာချာတွေးကြည့်ပြီးနောက်မှသာ မော့ကျူးချန်ကို သင်ပြပေးဖို့ လင်ရှန်းကမ်းလှမ်းလိုက်တာဖြစ်တယ်။
သူ မော့ကျူးချန်တစ်ယောက်တည်းကို သင်ပေးမှာမဟုတ်ဘူး၊ စုတျန်းတျန်းကိုပါ သင်မှာ!
၀တ္ထုထဲမှာ စုတျန်းတျန်းက ပညာပါရမီမပါပေမယ့် ပုံဆွဲရာမှာတော့ အရမ်းကိုပါရမီပါတယ်။
နောက်ပိုင်း သူမက နာမည်ကြီးတဲ့မျက်နှာသစ် comic artistတစ်ယောက်ဖြစ်လာတယ်။
သို့ပေမယ့် သူမရဲ့ဆိုးဝါးတဲ့ပညာရေးမှတ်တမ်းနဲ့ တချို့သောအကြောင်းအရာတွေကြောင့် တက္ကသိုလ်မှာ ပညာဆက်မသင်ခဲ့ဘူး။
ဒါက သူတို့နှစ်ယောက်အတူရှိနိုင်ဖို့ကို မော့ကျူးချန်မိဘတွေ ငြင်းဆန်ကြတဲ့အရေးအပါဆုံးအကြောင်းအရာဖြစ်လာတယ်။
တကယ်လို့ သူသာ၀တ္ထုဇာတ်ကွက်အတိုင်း သွားခိုင်းမယ်ဆိုရင်...
စုတျန်းတျန်းနဲ့ မော့ကျူးချန်တို့တွေ အထက်တန်းကျောင်းမှာတည်းက အချင်းချင်းအကောင်းမြင်မှုတွေ တိုးတက်လာပြီး မိသားစုရဲ့အတားအဆီးတွေကို ကျော်ဖြတ်ကာ အတူတကွပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနိုင်ဖို့ ငါးနှစ်တိတိကြာမယ်။
ငါးနှစ်!
ယန်ရှို့က သူ့ထက်လေးနှစ်ကြီးတယ်။
သူပြန်ရောက်သွားတဲ့အချိန်မှာ အဲ့လူက သူ့ကလေးတွေဘာညာနဲ့တောင်ဖြစ်နေလိမ့်မယ်။
ဒါမျိုး လင်ရှန်းလက်မခံပါ!
အဲ့တော့ကာ__
သူတို့ကို စာသင်ပေးလိုက်မယ်!
သူ စုတျန်းတျန်းကို ကျောင်းတွင်းအချစ်ဇာတ်လမ်းလေးထဲက စွယ်စုံရဇာတ်လိုက်မတစ်ယောက်ဖြစ်လာအောင် လေ့ကျင့်ပေးမယ်။
အကျင့်စရိုက်ရော ပညာရေးပါကောင်းမွန်တဲ့ မိန်းမကောင်းလေးတစ်ယောက် မွေးဖွားခဲ့တယ်ဆိုတာကို မော့ကျူးချန်ရဲ့မိဘနှစ်ပါးစလုံး သူတို့မျက်လုံးတွေနဲ့ တပ်အပ်မြင်စေချင်တယ်!
စုတျန်းတျန်းနဲ့ မော့ကျူးချန်တို့တွေ တွဲလို့ အဆင့်မကောင်းတာတွေဖြစ်တယ်ဆိုပြီး ဆင်ခြေဆင်လက်တွေ မပေးနိုင်အောင်လုပ်မယ်!
"မင်း..." မော့ကျူးချန်နှုတ်ခမ်းထောင့်စွန်းတွေက လေးကိုင်းအသွင် ကွေးညွှတ်သွားတယ် "ငါ့ကို စာလေ့လာတာကူပေးချင်တယ်ပေါ့?"
သူ့အတွက် ရီစရာကောင်းတာတစ်ခုခုကြားလိုက်ရတဲ့အတိုင်းပဲ။
ပုံမှန် မှင်ရည်လိုနက်မှောင်နေတဲ့မျက်လုံးတွေမှာတောင် ပြုံးယောင်သမ်းသွားသေးတယ်။
"ဘာနဲ့လဲ?" မော့ကျူးချန် နှာခေါင်းရှုတ်လိုက်တယ်။ "ငါးဘာသာလုံးပေါင်းမှာ တစ်ရာမပြည့်နဲ့အမှတ်တွေနဲ့လား?"
"အဲ့တာက မတော်တဆဖြစ်သွားတာ" လင်ရှန်းလည်း နည်းနည်းတော့ရင်နာရတယ်။
ဒါပေမယ့် တခြားနည်းလမ်းရှိလို့လား?
ဒါက မူလခန္ဓာကိုယ်ပိုင်ရှင်က ဖြေသွားတဲ့စာမေးပွဲဖြစ်တယ်ဆိုပေမယ့် လင်ရှန်းကသာ အဲ့တာကြီးကို မျက်ရည်လည်ရွှဲနဲ့ လက်ခံထားရတာဖြစ်တယ်။
"ခုလေးတင် ဖြေပြီးခဲ့တဲ့ရူပဗေဒစာမေးပွဲနဲ့ဆိုရင် ဒီတစ်ခေါက် ငါအောက်ဆုံးရောက်နေမှာမဟုတ်ဘူး!" လင်ရှန်း အခိုင်အမာပြောလိုက်တယ်။
"အော်" မော့ကျူးချန်က "အဲ့တော့ ငါက စာမေးပွဲခြောက်ခုမှာ အမှတ်ပေါင်းတစ်ရာကျော်ပဲရတဲ့ကောင် သင်ပြပေးတာကို လိုနေတယ်ပေါ့?"
"အဲ့အပြင် မင်းဘ၀ကလည်း တကယ်ကြီးမတော်တဆတွေနဲ့ ပြည့်နေတာပဲနော်" မော့ကျူးချန် ပြုံးပြုံးလေးထပ်ပြောလိုက်ပြန်တယ်။
လင်ရှန်း "..."
သူလည်း ဘယ်တတ်နိုင်ပါ့မလဲ?
ရှင်းဆန်းအထက်တန်းကျောင်းကို ဝင်ပါပြီဆိုတည်းက မူလကိုယ်ပိုင်ရှင်က လပတ်စာမေးပွဲတိုင်းကိုကျပြီး နောက်ဆုံးစာမေးပွဲတွေမှာဆိုလည်း အောက်ဆုံးမှာသာနေတယ်။
သူ့ရာထူးက လုံခြုံရေးကို စောင့်ကြပ်နေတဲ့ခွေးတစ်ကောင်အတိုင်းပဲ။ အဲ့နေရာကို ဘယ်သူမှထိလို့မရဘူး!
ချင်မင်းမင်းလို နှစ်ဆင့်ကိုမအောင်မြင်တဲ့ အင်အားကြီးပြိုင်ဘက်ကတောင်မှ သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး။ [ T/N : အောက်ဆုံးနေရာကို မလုနိုင်ဘူးဆိုတဲ့သဘောပါ LOL! ]
"အဲ့တာဆို..." လင်ရှန်း ခဏလောက်တွေးကြည့်လိုက်တယ်။ "ရူပဗေဒစာမေးပွဲရလဒ်ကို စောင့်ကြည့်လိုက်လေ၊ ပြီးရင် ရူပဗေဒနဲ့စပြီး ကူရမလား?"
"နောက်တစ်ခါ လပတ်စာမေးပွဲမှာ ငါ့ရဲ့ရလဒ်တွေကို မြင်ပြီဆိုတော့မှပဲ မင်းကို ဘာသာစကား၊ သင်္ချာ၊ ရူပဗေဒနဲ့ ဓာတုတွေကို အကုန်ကူညီပေးမယ်" သူ မော့ကျူးချန်နဲ့ ဆွေးနွေးလိုက်တယ်။
သူတကယ်တော့ အရမ်းစိတ်ပူနေပြီ!
သူတို့တွေ အထက်တန်းကျောင်းမှာ တတိယနှစ်ရောက်နေကြပြီ။ စုတျန်းတျန်းရဲ့အခြေခံနဲ့ဆို သူတို့အခုစကြမယ်ဆိုရင်တောင် ကောလိပ်ဝင်စာမေးပွဲမတိုင်ခင် သူမရဲ့အဆင့်တွေကို တိုးတက်အောင်လုပ်ပေးနိုင်ပါ့မလားဆိုတာ လင်ရှန်းမသေချာဘူး။
နောက်ပြီး သူ့အစ်ကိုလို ဉာဏ်ကြီးရှင်ဆိုတာကလည်း ရှားတယ်လေ။
"ငါက ဘာလို့လုပ်ရမှာလဲ?" မော့ကျူးချန်ပါးစပ်က ဒီစကားလုံးတွေထွက်အံလာတယ်။
"ငါပိုက်ဆံမလိုဘူး!" လင်ရှန်း ပြောလိုက်တယ်။
"ဟမ့်_" မော့ကျူးချန် နှာရှုတ်လိုက်တယ် "ငါက ပိုက်ဆံမရှိဘူးလို့ထင်လား?"
သူ့မှာ ပိုက်ဆံဆိုတာ ပြတ်လပ်မနေဘူး။
စာသင်ဆောင်အရှေ့ဘက်က နေရောင်အောက်မှာ ဖိတ်ဖိတ်တောက်နေတဲ့ တန်ဖိုးကြီး Rolls-Royce Phantomက မော့ကျူးချန်ရဲ့ကားဖြစ်တယ်။
ပြီးတော့ အဲ့တာကလည်း သူ့ရဲ့မရေမတွက်နိုင်သော တန်ဖိုးကြီးကားတွေထဲက တစ်ခုသာဖြစ်တယ်။
လင်ရှန်းက အဲ့တာကို မထင်မှတ်ထားရုံသာ...
ဂရုတစိုက်တွေးပြီးနောက် ဒီလိုပြီးပြည့်စုံတဲ့အစီအစဉ်က အရမ်းကိုဖြစ်နိုင်ခြေရှိနေတာလေ။
ပထမအဆင့်မှာတင် ထင်မှတ်မထားလောက်အောင် လုံး၀ကြီးပိတ်ဆို့ခံလိုက်ရပြီ!
သူက စာအုပ်ထဲမရောက်လာခင်မှာတုန်းက ထက်မြက်တဲ့ကျောင်းသားရဲ့လေ့ကျင့်ခန်းစာအုပ်တွေနဲ့ သင်ခန်းစာတွေကို ငှားချင်လှပါချည်ရဲ့ဆိုပြီး သူ့အတန်းဖော်တွေလိုက်တာကို ခံခဲ့ရသူဆိုတာ သိသင့်တယ်။
သူ့မှာ ပြောစရာစကားတောင်မရှိတော့ဘူး!
ဒါက ကျောင်းတွင်းအချစ်၀တ္ထုတစ်ခုဆိုတာကို မမေ့လိုက်သင့်ဘူး။
ဇာတ်လိုက်နဲ့ ဇာတ်လိုက်မဖြစ်တာနဲ့အညီ သူတို့တွေက စာလေ့လာစရာလိုလို့လား?
ဘယ်လိုပါ့မလဲ!
ဒီတိုင်းသာ ချစ်လိုက်ကြတော့!
"မင်းရဲ့ရည်ရွယ်ချက်..." မော့ကျူးချန် အသံခဏတိတ်သွားပြီး သူ့မျက်လုံးတွေက လင်ရှန်းမျက်နှာပေါ် အကြိမ်ပေါင်းများစွာ အထက်အောက်စုန်ဆန်ကြည့်ပြီးမှ "ဘာလဲ?"
သူ့မျက်လုံးတွေကို အနည်းငယ်မှေးကျဉ်းထားပြီး သူ့ရဲ့နက်ရှိုင်းလှတဲ့မျက်ဝန်းတွေထဲမှာ အေးစက်တဲ့အလင်းရောင်တစ်ခု ဖြတ်သန်းသွားတယ်။
ဒီလင်ရှန်းက သူ့ရဲ့အာရုံစိုက်မှုကို ရအောင်ကြိုးစားနေတာလား?
ဟမ့်__
အဲ့လိုဆိုရင်တော့ တစ်ဖက်လူလုပ်တာ အောင်မြင်တယ်လို့ပဲပြောရမယ်။
နေ့ခင်းတည်းက လင်ရှန်းအကြောင်းတွေ သူ့ဦးနှောက်ထဲမှာ နေရာယူနေတာဖြစ်တယ်။
အရင်က တစ်ကြိမ်မှမလုပ်ဖူးတဲ့ လင်ရှန်းရဲ့အဆင့်တွေကို တခြားလူနဲ့စုံစမ်းခိုင်းတာမျိုးတွေတောင် လုပ်မိခဲ့တယ်။
ဒီစာသင်နှစ်မှာပြောင်းလာတဲ့ တခြားသူတွေနဲ့ အရမ်းကွဲပြားပါတယ်ဆိုတဲ့ စုတျန်းတျန်းတောင် မော့ကျူးချန်ကို အတွေးများအောင် မလုပ်နိုင်ခဲ့ဘူး။
"ငါက မင်းနဲ့ စုတျန်းတျန်းနှစ်ယောက်လုံးကို သင်ပေးချင်တာ" လင်ရှန်း ရိုးသားစွာပြောလိုက်တယ်။
အဲ့နောက် မော့ကျူးချန်ကို မော့ကြည့်ကာ "အတန်းဖော်မော့ကျူးချန်၊ မင်း ဒီစကားကိုကြားဖူးလား?"
"စာအုပ်မျက်နှာက ကျောက်စိမ်းလို ချောမွေ့တယ်! ဆိုတာ" [ T/N : ကြိုးကြိုးစားစားလေ့လာမယ်ဆိုရင် အောင်မြင်မယ် ပြီးတော့ လှပတဲ့မိန်းကလေးက မင်းကိုလက်ထပ်ချင်လာမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ ]
"အသိပညာရှေ့မှာဆို အခက်အခဲတွေအားလုံးက စက္ကူကျားသာသာပါကွာ!"
"မင်းမဖြေရှင်းနိုင်တဲ့ပြဿနာတွေရှိတယ်ဆိုရင် မင်းက လုံလုံလောက်လောက်မသန်မာသေးလို့ပဲဖြစ်မယ်၊ ပိုပြီးသန်မာလာအောင်လုပ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ ဆက်တိုက်သင်ယူနေတာပဲ!"
"ဘယ်လိုနေနေကွာ..."
"အသိပညာကသာ အင်အားပဲ!"
လင်ရှန်း ကျယ်လောင်စွာပြောလိုက်တယ်။
အနာဂတ်မှာ သူနဲ့စုတျန်းတျန်းက အဆင့်တွေမကောင်းတာကြောင့် သူတို့မိဘတွေရဲ့ ငါးနှစ်လောက်ခွဲတာကို ခံရလိမ့်မယ်ဆိုတာ မော့ကျူးချန်ကို မပြောနိုင်ဘူး။
စုတျန်းတျန်းသာ ထိပ်ဆုံးတက္ကသိုလ်ဆယ်ခုထဲက တစ်ခုမှာဝင်နိုင်ခဲ့ပြီဆိုလို့ကတော့ အချိန်ကတစ်နှစ်လောက်အထိ တိုသွားလိမ့်မယ်။
စုတျန်းတျန်းသာ နည်းနည်းလောက်လေးပိုပြီး ဇွဲကောင်းမယ်ဆိုရင် သိပ္ပံပညာသင်ဆုကို တစ်ချက်တည်းနဲ့ နိုင်သွားမှာ။
အဲ့လိုဆို ကောလိပ်ဝင်စာမေးပွဲရလဒ်ထွက်တဲ့နေ့မှာ သူတို့နှစ်ယောက် ချစ်ကြည်နူးတစ်တီတူးပြီး ပျော်နေလို့ရပြီ။
သူအဲ့လိုတွေးကြည့်လေလေ ပိုပြီးဆီလျော်လေပဲလို့ လင်ရှန်းခံစားမိတယ်။
သူတို့နှစ်ယောက်ရှေ့မှာရှိနေတဲ့ အခက်အခဲတွေကို သေချာပေါက်ရှင်းပေးရမယ်။
ပထမအဆင့်အောင်မြင်ဖို့ စုတျန်းတျန်းဆီက သဘောတူနိုင်ခြေ 5-3အတွင်းရှိတယ်။
"သိပ်ကောင်းတယ်" မော့ကျူးချန် လင်ရှန်းကို စူးရှစွာကြည့်လိုက်တယ်။
ဒီကောင်က သူ့ကို တကယ်နှာကစ်သွားအောင်လုပ်နိုင်တယ်ဆိုတာ ဝန်ခံလိုက်ပြီ။
မော့ကျူးချန်ရဲ့ ဆယ့်ရှစ်နှစ်တာမှာ သူ့ကိုဒီလိုမျိုးပြောရဲတဲ့လူတောင်မရှိဘူး။
"မင်းသဘောတူလိုက်တာလား?" လင်ရှန်းကတော့ အပျော်ကြီးပျော်ကာ တစ်ဖက်လူကိုကြည့်လိုက်တယ်။
"မင်း..." ရုတ်တရက် မော့ကျူးချန်က လက်ကိုဆန့်ထုတ်ကာ လင်ရှန်းရဲ့လက်ကောက်ဝတ်ကို ကိုင်လိုက်ပြန်တယ်။
လက်ရှိ သူတို့က ကျောင်းအဆောက်အအုံအပြင်ဘက်မှာရှိတဲ့ သစ်ပင်ကြီးအောက်မှာ ရပ်နေတာဖြစ်တယ်။
သစ်ပင်ရိပ်က နွေဦးနေရောင်ခြည်ကို ရွှေရောင်အစက်အပြောက်လေးတွေလို ဖြစ်ပေါ်စေပြီး လင်ရှန်းရဲ့ဖြူဖွေးဖွေးကြည့်ကောင်းတဲ့မျက်နှာလေးပေါ် ကျရောက်စေတယ်။
မော့ကျူးချန်ရဲ့လက်ချောင်းတွေက ရှည်သွယ်ပြီး လက်ဖဝါးကတော့ ပူလောင်လှတယ်။
သူက မျက်နှာလေးတင်ကြည့်ကောင်းတာမဟုတ်ဘူး၊ ကြီးမြတ်တဲ့အားကစားလိုက်စားသူတစ်ယောက်ဖြစ်တာကြောင့် အဝတ်အစားဝတ်ထားချိန်မှာ ခန္ဓာကိုယ်အချိုးအစားက ကြည့်ကောင်းပြီး အဝတ်မရှိတဲ့အချိန်ဆို ဖွံ့ဖွံ့ထွားထွားကြီးဖြစ်တယ်။
လင်ရှန်းရဲ့လက်ကောက်ဝတ်ကို တင်းကျပ်စွာဆုတ်ကိုင်ကာ ရှေ့ကိုတစ်လှမ်းတိုးပြီး သစ်ပင်ပင်စည်မှာ အားပြင်းပြင်းနဲ့ဖိကပ်လိုက်တယ်။
သူကိုယ်ကြီးနဲ့ ပင်စည်ကြားမှာ လုံး၀ကို ပိတ်ပစ်လိုက်တာသာဖြစ်တယ်။
မော့ကျူးချန် သူ့ရဲ့နောက်လက်တစ်ဖက်ကို မြှောက်ကာ တစ်ဖက်လူရဲ့မေးရိုးကို အသာလေးညှစ်လိုက်တယ်။
လင်ရှန်းရဲ့ကြောင်တောင်တောင်မျက်လုံးတွေနဲ့ အကြည့်ချင်းဆုံတော့ ခပ်ညစ်ညစ်တောင်ပြုံးလိုက်သေးတယ်။
"မင်း..." သူကိုယ်ကိုကိုင်းချကာ လင်ရှန်းနားထဲ လေမှုတ်ပြီး တီးတိုးပြောလိုက်တယ် "အောင်မြင်သွားပြီ!"
မော့ကျူးချန် ရပ်လိုက်ပြီး သူ့ရဲ့အေးစက်စက်နှာတံက လင်ရှန်းရဲ့ပါးကို ပွတ်တိုက်သွားတယ် "ငါ့ရဲ့စိတ်ဝင်စားမှုကို အောင်အောင်မြင်မြင်နှိုးလိုက်နိုင်ပြီ!"
ထိုသို့ပြောပြီး ခပ်ဟဟသာ ဆက်ရယ်နေခဲ့တယ်။
_____
Thanks 😉