#Unicode
ထယ်ယောင်းအခန်းထဲမှာအင်္ကျီတွေပြန်ထားဖို့လုပ်နေတော့အန်နာကစကားတပြောပြောနဲ့ကူလုပ်ပေးနေသည်။နေ့လည်စာ စားပြီးထဲကထယ်ယောင်းအခန်းထဲမှာ လာနေတော့တာ။
"ကိုကို ဒီအိမ်မှာပဲနေမှာပေါ့နော် အန်နာကျောင်းပိတ်ရက်တိုင်းလာလည်မှာ"
"အန်နာလာလို့ရတာပေါ့ ကိုကိုကဒီမှာနေအုံးမှာလေ နောက်ကျရင်တော့ ကိုကို့မေမေတွေရှိတဲ့နေရာမှာ ကျောင်းသွားတက်အုံးမှာ"
"ကိုကိုက ဒီမှာကျောင်းတက်ပြီးရင်ပြီးပြီမလား"
"ကိုကိုကUSမှာ ကျောင်းဆက်တက်အုံးမှာလေ"
ထယ်ယောင်းက နိုင်ငံခြားမှာကျောင်းသွားတက်အုံးမှာဖြစ်သည်။မေမေတို့ကိုလည်းမပြောရသေးပေမယ့် ဆုံးဖြတ်ပြီးပြီဖြစ်သည်။
"ဒယ်ဒီကရော ကိုကိုသွားမှာသိလား"
သူ့ဒယ်ဒီကသဘောတူမတူကို
စိုးရိမ်စွာနဲ့ထယ်ယောင်းကိုလှည့်မေးနေတော့တာ။
"မသိသေးဘူး ကိုကိုနောက်မှပြောလိုက်မယ်"
"ကိုကိုပြောလို့ ဒယ်ဒီကမသွားခိုင်းရင်ဘယ်လိုလုပ်မလဲ အရင်ကဒယ်ဒီ့ရဲ့ချစ်သူမမဆိုရင်လေ...."
အန်နာက စကားအနည်းငယ်ပြောပြီးကာမှ ပါးစပ်ကိုလက်နဲ့အုပ်ကာ မျက်လုံးလေးပြူးပြီးထယ်ယောင်းကိုကြည့်နေသည်။အန်နာက အသက် ၁၁နှစ်အရွယ်ရှိနေပြီဖြစ်သောကြောင့် စကားကတက်ပြီး ပြောသင့်မပြောသင့်ကိုလည်းစဉ်းစားတက်တဲ့ကလေးမလေး။
"ဘာဖြစ်လဲ အန်နာ ကိုကို့ ကိုဆက်ပြောလို့ရပါတယ် သမီးဒယ်ဒီမှာ အရင်ကချစ်သူရှိတာ ကိုကိုသိပြီးသားပါ"
"အဲ့အမနဲ့ဒယ်ဒီနဲ့ကဘာမှမဆိုင်တော့ဘူးတဲ့ နိုင်ငံခြားကိုသွားတာဒယ်ဒီ့ကိုထားခဲ့ပြီး လမ်းခွဲလိုက်တာတဲ့"
အန်နာကစကားပြောတဲ့နေရာမှာအတော်ပါးနပ်တာ။သူ့ဒယ်ဒီနဲ့ဘာမှမဆိုင်ဘူးကထည့်ပြောနေသေးသည်။
"သမီးရဲ့ဒယ်ဒီက သူသွားတာကိုသဘောမတူဘူးလား"
"မတူဘူးတဲ့ အဲ့အမကသဘောလည်းမကောင်းပါဘူး အန်နာ ဒယ်ဒီ့ဆီလာရင်သူကမကြိုက်ဘူး ဒယ်ဒီနဲ့အမြဲရန်ဖြစ်ကြတယ် အဲ့ဒါကြောင့်ကိုကိုလည်း
အန်နာလာနေတာကို မကြိုက်မှာစိုးရိမ်နေတာ"
"အန်နာလေးကချစ်ဖို့ကောင်းတာကို
အမြဲလာနေသိလား"
အန်နာမေမေက ရောဂါကြောင့်အန်နာလေးအရွယ်မရောက်ခင်ဆုံးသွားမှာကို မိသားစုတွေကစိုးရိမ်နေကြသည်။အဘိုးအဘွားတွေကလည်းအသက်ကြီးနေပြီဖြစ်သောကြောင့် အန်နာကို ဂျွန် ဆီမှာပဲ အပ်ထားကြသည်။အဖေဖြစ်သူကလည်းအရင်အိမ်ထောင်ရှိနေတာကို အန်နာအမေကမသိဘဲ ကြိုက်ကာ အန်နာကိုယ်ဝန်ရမှအဖြစ်မှန်သိလိုက်ရသည်။သူ့ကလေးကို ကိုယ်တိုင်စောင့်ရှောက်ကာ အဲ့လူနဲ့အဆက်အသွယ်ဖြတ်ခဲ့သည်။အန်နာကအခုထိ သူ့အဖေဘယ်သူမှန်းမသိခဲ့။သူသိတာက သူ့အဖေဆိုရင် သူ့ဒယ်ဒီလို့ပြောခဲ့တာ။မူကြိုကအစ ကျောင်းတက်သည်အထိဖခင်နေရာလိုအပ်လာရင် ဂျွန်ကအမြဲသွားပေးတယ်ဟုပြောပြခဲ့သည်။ထယ်ယောင်းကတွေးတောနေတုန်း အန်နာက ဘောင်းဘီအရှည်သပ်သပ် အတိုသပ်သပ် အင်္ကျီတွေလည်းသူ့အပုံနဲ့သူ ကုတင်ပေါ်မှာထားပေးထားသည်။
"အန်နာလေးကလည်း ဘာလို့လုပ်ပေးထားတာလည်း ကိုကိုလုပ်မှာပေါ့"
"ရပါတယ် အန်နာက တော်တော်များများလုပ်တက်တယ် ကိုကိုရဲ့ မေမေကသင်ပေးထားတယ် သူမရှိတော့လို့
ဒယ်ဒီနဲ့လာနေရင် ကိုယ့်တာဝန်ကိုယ်ယူပြီးနေရမယ်တဲ့"
"အန်နာ့ မေမေက အသက်ရှည်ကြီးနေရမှာပါ စိတ်မကောင်းမဖြစ်နဲ့နော် ကိုကိုကအန်နာလေးကို ကာကွယ်ပေးမယ် ကိုကိုက စူပါမန်းကြီးလေ အန်နာတွေ့လား ခဏနေရင် ပျံပြမယ်"
အိမ်နေရင်းအင်္ကျီပွပွအဖြူလေးကိုဝတ်ထားပြီးလက်နှစ်ဖက်ဆန့်တန်းပြီး
ပျံပြတော့မလိုထလုပ်နေသော
ထယ်ယောင်းကို ဂျောင်ဂုမှာတံခါးအကွယ်ကနေကြည့်ပြီးရယ်နေရသည်။
ချစ်လိုက်တာ ကိုယ့်ရဲ့လူဆိုးလေးကို။
"အား.....ကိုကိုကတကယ်ကိုချစ်ဖို့ကောင်းတာပဲ အန်နာ့ကိုချစ်ပေးလို့ကျေးဇူးတင်ပါတယ်"
အန်နာကသဘောအကျကြီးကျနေပြီးထယ်ယောင်းကို အရမ်းချစ်တာပဲဆိုတဲ့စကားကိုလည်းပြောနေသည်။ဂျောင်ဂုမှာ တံခါးဝကနေရပ်ကြည့်ရင်းအန်နာလေးအတွက်လည်းပြုံးနေရသည်။
အန်နာ အိမ်ပြန်ရောက်လာထဲက နှစ်ယောက်လုံးသူ့ကိုရှိတယ်လို့တောင်မထင်ကြ။များလိုက်တဲ့စကားတွေဆိုတာ မကုန်နိုင်ဘူး။ခွေးအကြောင်းရော ကြောင်အကြောင်းရော အဝတ်အစားအကြောင်းရော မျိုးစုံပြောတာ။အခုလည်းသူအခန်းတံခါးအဝမှာ ရပ်နေတာနှစ်ယောက်လုံးမသိကြ။
"နှစ်ယောက်သားစကားများနေလိုက်ကြတာ အန်နာ ဒယ်ဒီ့ကိုပစ်ထားတယ်ပေါ့ babeရော ကိုယ်ရှိနေတာသတိရောထားမိရဲ့လား"
ဂျောင်ဂုပြောပြီးဝင်သွားတော့
ထယ်ယောင်းအကြည့်က ကလေးနဲ့အပြိုင်မနိုင်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်နေတော့တာ။
"သတိထားမိပါတယ် ခဏနေရင်ဂျွန်က ပီဇာမှာကျွေးမှာဆို"
"ဒယ်ဒီမှာကျွေးမှာဆိုလို့ သမီးတို့က အိမ်ကမုန့်တောင်မစားထားဘူး"
"မ ကျွေး ဘူး "
တစ်လုံးချင်းပြောလိုက်ကာ ကုတင်ပေါ်မှာပက်လက်လှန်ချလိုက်သော ဂျောင်ဂုကိုကြည့်ကာ အန်နာကအော်ရယ်ပါလေတော့သည်။
"ကိုကို ဒယ်ဒီကအမြဲစိတ်ကောက်နေကြ သူကအငယ်ဆုံးလား ဒီအိမ်မှာ"
ထယ်ယောင်းက မနိုင်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်ကာအဝတ်တွေကိုထည့်ပြီး ဗီရိုတံခါးကိုပိတ်လိုက်တော့သည်။
"အန်နာ မေမေဖုန်းဆက်တယ် အိမ်ရောက်ပြီတဲ့ ညနေသမီးကိုပြန်လာခဲ့ပါတဲ့"
"ဟုတ်ကဲ့ ဒယ်ဒီ"
"ဟင်....ပြန်တော့မလို့လား နေပါအုံးကိုကိုတို့နဲ့"
"မေမေကနေသိပ်မကောင်းတော့ အန်နာပြန်လိုက်အုံးမယ် ကျောင်းဝတ်စုံကလည်းအိမ်မှာလေ ကိုကိုရဲ့မနက်ဖြန်ကျောင်းလည်းတက်ရမှာ"
ထယ်ယောင်းကမပြန်ဖို့တားတာကို
အန်နာကတော့လူကြီးလေးတစ်ယောက်လိုသာပြုမူနေပြပြန်တယ်။
"အဲ့ဒါဆို ကျောင်းပိတ်ရက်တွေလာလည်နော်"
အန်နာကခေါင်းတဆက်ဆက်ငြိမ့်ပြကာ လက်ကိုဆန့်တန်းပြတော့ ထယ်ယောင်းကပြေးလာကာ အန်နာကဖက်လိုက်သေးတာကို ဂျောင်ဂုကြည့်နေရတော့သည်။ ဒီနှစ်ယောက်ကိုအမြင်ကကပ်လာပြီ ခေါင်းတွေကိုသာခေါက်ပလိုက်ချင်တော့သည်။
"သမီးဒယ်ဒီ ကိုကိုတို့ကိုစိတ်ဆိုးနေပြီထင်တယ် ဟားဟား လာလေဂျွန်ဖက်ထားပေးမယ်"
"မပြောချင်ဘူးနော်"
ဆူပုတ်ပုတ်ထလာကာအန်နာရော ထယ်ယောင်းကိုပါနောက်ကနေဖက်ထားပေးသည်။အမြဲတမ်းလုံခြုံသွားသလိုခံစားလိုက်ရသည်။အန်နာလေးက ဦးလေးကောင်းကိုရ ထားတာပဲ။ကျွန်တော်ကလည်းချစ်သူကောင်းကိုရ ထားတာ။
"အန်နာ တစ်ခုခုဆိုရင် ဒယ်ဒီကိုဖုန်းဆက်နော် ဖုန်းတွေဘာတွေမရှိရင်ဘာလုပ်ရမလဲ"
"လမ်းမှာတွေ့တဲ့သူတွေကိုအကူညီတောင်းပြီး ဒယ်ဒီဆီကိုဖုန်းဆက်ရမယ် ကားဆိုလည်းငှားလာနိုင်ရမယ်"
ဒါကတော့ငယ်ငယ်ထဲက ဂျောင်ဂု
အန်နာလေးကိုသင်ပေးနေကြ။
သင်လွယ်တက်လွယ်အန်နာလေးကအကုန်မှတ်ထားသည်။အခုလည်းသူ့အိမ်ကိုရောက်တော့ပြန်ဖို့နှုတ်ဆက်နေတာဖြစ်သည်။
"Ok ကဲသမီးဝင်တော့နော် အမကျွန်တော်တို့သွားတော့မယ်"
"အန်နာ တာ့တာ"
"တာ့တာ ကိုကို ဒယ်ဒီခရီးသွားရင်အန်နာလာနေပေးမယ်နော်"
အန်နာကိုသူ့အိမ်ပို့ပြီးတာနဲ့နှုတ်ဆက်ကာပြန်လာလိုက်ကြသည်။ကားပေါ်မှာငြိမ်ငြိမ်လိုက်လာတာမဟုတ်။EDM သီးချင်းမြူးမြူးကြွကြွကိုဖွင့်ကာ ခေါင်းကသံစဉ်အတိုင်း ကာရန်ညီစွာလှုပ်နေရင်းလက်ကပါအငြိမ်မနေ။
"ဂျွန် ကျွန်တော် မနက်ကျရင်အိမ်သွားပြီး DJစက်ယူအုံးမယ်"
"ဘာလုပ်မလို့လဲ"
"DJစက်ယူပါတယ်ဆိုမှ"
"မဟုတ်မှ အိမ်မှာဆူဆူညံညံအသံတွေလုပ်မလို့လား"
ဘိုးတော်လို့ပြောရင်လည်းမြောက်သွားအုံးမယ်ထင်တယ်။အသက်က တကယ်ကို၃၀မကျော်သေးဘူး။သူ့ပုံစံက
ဖေဖေ့ရဲ့အသက်နှစ်ဆလောက်ကြီးနေသလို။
"Babe ပြောနေတာကြားလား"
"အဖိုးကြီး"
"ဘာ...."
"မဟုတ်ပါဘူး အဖိုးကိုသတိရသွားလို့ဟီး"
ဂျောင်ဂုပြန်တွေးနေလိုက်သည်။clubလည်းမသွားခိုင်း night outလည်းမထွက်ခိုင်းနဲ့ဆိုတော့ ပျင်းနေမှာလည်းစိုးရိမ်သည်။
"သဘောကွာ သွားယူရင်လည်းယူ"
"သဘောကွာဆိုတာက သိပ်သဘောမတူသလိုပဲ"
ဒါကပြီး ပြီးရောပြောလိုက်တယ်ပေါ့လေ။မရပါဘူးသူပဲရစ်နေလို့မရဘူး
ဟွန့်!
"မဟုတ်ပါဘူး ကိုယ်သွားယူလိုက်မယ်လေ"
"ကျွန်တော်လည်းလိုက်မယ်လေ မုန့်ဖိုးလည်းယူရအုံးမယ်"
"မုန့်ဖိုး...ကိုယ်ကအဲ့ထက်ပိုပေးမယ် နေခဲ့လိုက်"
မူကမမှန်တော့ဘူးထင်ရသည်။မသွားချင်ဘူးဆိုတုန်းကအတင်းသွားခိုင်းသည်။သွားမယ်လည်းဆိုရောမလိုက်ခိုင်းပြန်ဘူး။
"မှန်မှန်ပြောဂျွန် အိမ်ကိုဘာအတွက်မလိုက်ခိုင်းနေတာလဲ"
"ဟိုဟာကွာ အင်း"
ထယ်ယောင်းစိတ်မရှည်တော့ဘာလို့တားနေရတာလဲ။လက်ပိုက်ပြီးစိုက်ကြည့်ကာမေးလိုက်သည်။
"မြန်မြန်"
"အဘိုးတို့က US သွားတယ်"
"အော်ဒါများ.....ဘာ!"
သူ့ကိုထားခဲ့ပြီးသွားကြတာလား။အဖိုးနဲ့အဖွားသွားကြတဲ့ခရီးစဉ်တိုင်းသူမလိုက်ရပေမယ့် မေမေတို့ဆီသွားမယ့်ခရီးဆိုရင်အမြဲသူပါလိုက်နေကြလေ။
"baby လေးကလည်းမလိုက်ရလည်းဘာဖြစ်လဲ ကိုယ်နဲ့သွားမယ် မဟုတ်သေးဘူးကိုယ်လိုက်ပို့မယ်နော် အလုပ်တွေနဲနဲပါးတာနဲ့သွားကြမယ်"
"ဂျွန်ကမိဘတွေနဲ့တွေ့ပြီးပြန်လာတော့ ဒါမျိုးပြောနိုင်တာပေါ့ မေမေ့ဆီမပြန်ရတာ ၁၀လပြည့်တော့မယ် အဖိုးကဘာလို့မပြောတာလဲ!"
ပြောနေရင်းဂျောင်ဂုတို့ကားလေးကအိမ်ကိုရောက်လာခဲ့သည်။
ကားရပ်ပြီးအိမ်ပေါ်တက်လာတဲ့အထိ
စကားကမပြတ်ပြောနေတုန်း။
"အဲ့ဒါဆို babyကကိုယ့်ကိုထားပြီးသွားနိုင်တယ်ပေါ့ "
"သွားနိုင်တာပေါ့ ခဏသွားတာကိုပြန်လာမှာလေ"
ထယ်ယောင်းပြောလိုက်တော့ ခါးကနေပွေ့ဖက်ပြီးကျောပြင်လေးကိုပွတ်ပေးနေသောဂျောင်ဂု ကိုထယ်ယောင်းလည်းပြန်ပွေ့ဖက်ထားလိုက်သည်။
ကျွန်တော်ကပဲချစ်တက်နေတာလား
ခင်ဗျားကပဲချစ်ဖို့ကောင်းနေတာလားဂျွန်.....။
"ဂျွန် ကျွန်တော်လေ မေမေတို့ဆီမှာ ကျောင်းသွားတက်မလို့ ၂နှစ်လောက်ကြာမှာ"
ထယ်ယောင်းပြောပြလိုက်တော့
ပိုမိုထွေးပွေ့လာသောလက်များကြားထဲ ခန္ဓာကိုယ်လေးကအလိုက်သင့်ပါသွားသည်။ပြီးတော့ထယ်ယောင်းပုခုံးပေါ်
မေးတင်ထားပြီးပြောလာသောစကားလေးက......
"Ok သွားbaby...... babyပျော်မယ်
ထင်တာကိုလုပ် အကုန်လုပ်ပြီးသွားလို့ပြန်လာရင် ပြန်လာတဲ့အိမ်က ကိုယ့်အိမ်ပဲဖြစ်ရမယ် ပြန်လာတွေ့တဲ့သူကလည်းကိုယ်ကပထမပဲဖြစ်ရမယ်
babyရဲ့အချစ်ရော အတွေးရော အလွမ်းရောက ကိုယ်ဖြစ်နေရမယ်
ကုန်ကုန်ပြောမယ်ကွာ ဘယ်ပဲရောက်နေရောက်နေ babyမှာပိုင်ရှင်ရှိတယ်
babyက ကိုယ့်အပိုင်အဖြစ်အမြဲနေပေးနိုင်မလား"
ဂျောင်ဂုက အဲ့ဒါနဲ့ပတ်သတ်လို့သူ့ကိုထားသွားမလားလို့စိုးရိမ်စိတ်အမြဲရှိသည်။သူ့အဖေနဲ့အမေက သူ့ကိုထားသွားခဲ့တယ်မလား နိုင်ငံခြားထွက်သွားပြီးသူ့ဆီကိုတော့အလည်ခဏသာလာခဲ့ကြသည်။ဘယ်လိုပဲအဖိုးတွေခေါ်ထားခဲ့ပေမယ့်လည်း မေမေတို့ကလည်းသူ့ကိုပြုစုဖို့လောက်အထိအချိန်မရှိလို့ထားခဲ့ကြတာလဲပါသည်မဟုတ်လား။
သူ့အချစ်ဆုံးအဒေါ်အငယ်ကလည်းsingaporeမှာအလုပ်လုပ်နေပြီးအဲ့မှာပဲအိမ်ထောင်ကြခဲ့ပြီးအဲ့မြို့မှာပဲနေထိုင်ပြန်တယ်။သူ့ရဲ့ရည်းစားဦးကလည်းထားသွားပြန်တာပဲ။
ဒီကောင်လေးကိုတော့ အထားခဲ့လည်း
မခံနိုင်သလို ဝေးသွားဖို့လည်းသူ့မှာသတ္တိမရှိ။သေချာပေါက် ဒီကလေးနဲ့ကတော့သူညှိယူမည်။အတက်နိုင်ဆုံးအားလုံးလိုက်လျောကာ အချိန်တန်ကသူ့ဆီကိုသာပြန်လာပေးဖို့
တောင်းဆိုနေမိတော့သည်။
"ဟင်....baby ကိုယ်ပိုင်ဆိုင်ခွင့်ရှိလား
ကိုယ့်အပိုင်ဖြစ်ပေးမလား ပြန်လာမှာလားကိုယ့်အနားကို......"
ဒီစကားကိုတော့ မျက်နှာချင်းဆိုင်ရပ်ပြီးထယ်ယောင်းမျက်လုံးထဲကိုစိုက်ကြည့်ပြီးပြောလိုက်တော့ ပြုံးသွားသောနှုတ်ခမ်းရဲရဲလေးကိုသာ ဂျောင်ဂုကြည့်မိရင်း ထိုနှုတ်ခမ်းလေးကနေပြောလာမယ့်စကားလုံးတို့ကိုလည်း အတိုင်းအဆမရှိရင်ခုန်နေခဲ့တယ်.......။
Simplicity🏝
Zante💜
သဲလေးတို့ရေ ဂရုစိုက်ကြပါနော်....
ဒီလိုအချိန်မှာupပေးရတာ
စိတ်မသက်သာပါဘူး💔 အမအိမ်မှာwifiလည်းမရှိတော့သူငယ်ချင်းဆီကလာသုံးရင်း upပေးသွားတာပါ....
နဲနဲချင်းဆီရေးထားတာလေးတွေပါ....
BTS ARMYဆိုပြီးအလှူလှူပေးကြတဲ့အတွက်ကိုလည်း
ဒါလေးနဲ့ဂုဏ်ပြုပေးပါရစေ....🙏💜
#Zawgyi
ထယ္ေယာင္းအခန္းထဲမွာအက်ႌေတြျပန္ထားဖို႔လုပ္ေနေတာ့အန္နာကစကားတေျပာေျပာနဲ႔ကူလုပ္ေပးေနသည္။ေန႔လည္စာ စားၿပီးထဲကထယ္ေယာင္းအခန္းထဲမွာ လာေနေတာ့တာ။
"ကိုကို ဒီအိမ္မွာပဲေနမွာေပါ့ေနာ္ အန္နာေက်ာင္းပိတ္ရက္တိုင္းလာလည္မွာ"
"အန္နာလာလို႔ရတာေပါ့ ကိုကိုကဒီမွာေနအုံးမွာေလ ေနာက္က်ရင္ေတာ့ ကိုကို႔ေမေမေတြရွိတဲ့ေနရာမွာ ေက်ာင္းသြားတက္အုံးမွာ"
"ကိုကိုက ဒီမွာေက်ာင္းတက္ၿပီးရင္ၿပီးၿပီမလား"
"ကိုကိုကUSမွာ ေက်ာင္းဆက္တက္အုံးမွာေလ"
ထယ္ေယာင္းက ႏိုင္ငံျခားမွာေက်ာင္းသြားတက္အုံးမွာျဖစ္သည္။ေမေမတို႔ကိုလည္းမေျပာရေသးေပမယ့္ ဆုံးျဖတ္ၿပီးၿပီျဖစ္သည္။
"ဒယ္ဒီကေရာ ကိုကိုသြားမွာသိလား"
သူ႔ဒယ္ဒီကသေဘာတူမတူကို
စိုးရိမ္စြာနဲ႔ထယ္ေယာင္းကိုလွည့္ေမးေနေတာ့တာ။
"မသိေသးဘူး ကိုကိုေနာက္မွေျပာလိုက္မယ္"
"ကိုကိုေျပာလို႔ ဒယ္ဒီကမသြားခိုင္းရင္ဘယ္လိုလုပ္မလဲ အရင္ကဒယ္ဒီ့ရဲ႕ခ်စ္သူမမဆိုရင္ေလ...."
အန္နာက စကားအနည္းငယ္ေျပာၿပီးကာမွ ပါးစပ္ကိုလက္နဲ႔အုပ္ကာ မ်က္လုံးေလးျပဴးၿပီးထယ္ေယာင္းကိုၾကည့္ေနသည္။အန္နာက အသက္ ၁၁ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ေသာေၾကာင့္ စကားကတက္ၿပီး ေျပာသင့္မေျပာသင့္ကိုလည္းစဥ္းစားတက္တဲ့ကေလးမေလး။
"ဘာျဖစ္လဲ အန္နာ ကိုကို႔ ကိုဆက္ေျပာလို႔ရပါတယ္ သမီးဒယ္ဒီမွာ အရင္ကခ်စ္သူရွိတာ ကိုကိုသိၿပီးသားပါ"
"အဲ့အမနဲ႔ဒယ္ဒီနဲ႔ကဘာမွမဆိုင္ေတာ့ဘူးတဲ့ ႏိုင္ငံျခားကိုသြားတာဒယ္ဒီ့ကိုထားခဲ့ၿပီး လမ္းခြဲလိုက္တာတဲ့"
အန္နာကစကားေျပာတဲ့ေနရာမွာအေတာ္ပါးနပ္တာ။သူ႔ဒယ္ဒီနဲ႔ဘာမွမဆိုင္ဘူးကထည့္ေျပာေနေသးသည္။
"သမီးရဲ႕ဒယ္ဒီက သူသြားတာကိုသေဘာမတူဘူးလား"
"မတူဘူးတဲ့ အဲ့အမကသေဘာလည္းမေကာင္းပါဘူး အန္နာ ဒယ္ဒီ့ဆီလာရင္သူကမႀကိဳက္ဘူး ဒယ္ဒီနဲ႔အၿမဲရန္ျဖစ္ၾကတယ္ အဲ့ဒါေၾကာင့္ကိုကိုလည္း
အန္နာလာေနတာကို မႀကိဳက္မွာစိုးရိမ္ေနတာ"
"အန္နာေလးကခ်စ္ဖို႔ေကာင္းတာကို
အၿမဲလာေနသိလား"
အန္နာေမေမက ေရာဂါေၾကာင့္အန္နာေလးအ႐ြယ္မေရာက္ခင္ဆုံးသြားမွာကို မိသားစုေတြကစိုးရိမ္ေနၾကသည္။အဘိုးအဘြားေတြကလည္းအသက္ႀကီးေနၿပီျဖစ္ေသာေၾကာင့္ အန္နာကို ဂြၽန္ ဆီမွာပဲ အပ္ထားၾကသည္။အေဖျဖစ္သူကလည္းအရင္အိမ္ေထာင္ရွိေနတာကို အန္နာအေမကမသိဘဲ ႀကိဳက္ကာ အန္နာကိုယ္ဝန္ရမွအျဖစ္မွန္သိလိုက္ရသည္။သူ႔ကေလးကို ကိုယ္တိုင္ေစာင့္ေရွာက္ကာ အဲ့လူနဲ႔အဆက္အသြယ္ျဖတ္ခဲ့သည္။အန္နာကအခုထိ သူ႔အေဖဘယ္သူမွန္းမသိခဲ့။သူသိတာက သူ႔အေဖဆိုရင္ သူ႔ဒယ္ဒီလို႔ေျပာခဲ့တာ။မူႀကိဳကအစ ေက်ာင္းတက္သည္အထိဖခင္ေနရာလိုအပ္လာရင္ ဂြၽန္ကအၿမဲသြားေပးတယ္ဟုေျပာျပခဲ့သည္။ထယ္ေယာင္းကေတြးေတာေနတုန္း အန္နာက ေဘာင္းဘီအရွည္သပ္သပ္ အတိုသပ္သပ္ အက်ႌေတြလည္းသူ႔အပုံနဲ႔သူ ကုတင္ေပၚမွာထားေပးထားသည္။
"အန္နာေလးကလည္း ဘာလို႔လုပ္ေပးထားတာလည္း ကိုကိုလုပ္မွာေပါ့"
"ရပါတယ္ အန္နာက ေတာ္ေတာ္မ်ားမ်ားလုပ္တက္တယ္ ကိုကိုရဲ႕ ေမေမကသင္ေပးထားတယ္ သူမရွိေတာ့လို႔
ဒယ္ဒီနဲ႔လာေနရင္ ကိုယ့္တာဝန္ကိုယ္ယူၿပီးေနရမယ္တဲ့"
"အန္နာ့ ေမေမက အသက္ရွည္ႀကီးေနရမွာပါ စိတ္မေကာင္းမျဖစ္နဲ႔ေနာ္ ကိုကိုကအန္နာေလးကို ကာကြယ္ေပးမယ္ ကိုကိုက စူပါမန္းႀကီးေလ အန္နာေတြ႕လား ခဏေနရင္ ပ်ံျပမယ္"
အိမ္ေနရင္းအက်ႌပြပြအျဖဴေလးကိုဝတ္ထားၿပီးလက္ႏွစ္ဖက္ဆန႔္တန္းၿပီး
ပ်ံျပေတာ့မလိုထလုပ္ေနေသာ
ထယ္ေယာင္းကို ေဂ်ာင္ဂုမွာတံခါးအကြယ္ကေနၾကည့္ၿပီးရယ္ေနရသည္။
ခ်စ္လိုက္တာ ကိုယ့္ရဲ႕လူဆိုးေလးကို။
"အား.....ကိုကိုကတကယ္ကိုခ်စ္ဖို႔ေကာင္းတာပဲ အန္နာ့ကိုခ်စ္ေပးလို႔ေက်းဇူးတင္ပါတယ္"
အန္နာကသေဘာအက်ႀကီးက်ေနၿပီးထယ္ေယာင္းကို အရမ္းခ်စ္တာပဲဆိုတဲ့စကားကိုလည္းေျပာေနသည္။ေဂ်ာင္ဂုမွာ တံခါးဝကေနရပ္ၾကည့္ရင္းအန္နာေလးအတြက္လည္းၿပဳံးေနရသည္။
အန္နာ အိမ္ျပန္ေရာက္လာထဲက ႏွစ္ေယာက္လုံးသူ႔ကိုရွိတယ္လို႔ေတာင္မထင္ၾက။မ်ားလိုက္တဲ့စကားေတြဆိုတာ မကုန္ႏိုင္ဘူး။ေခြးအေၾကာင္းေရာ ေၾကာင္အေၾကာင္းေရာ အဝတ္အစားအေၾကာင္းေရာ မ်ိဳးစုံေျပာတာ။အခုလည္းသူအခန္းတံခါးအဝမွာ ရပ္ေနတာႏွစ္ေယာက္လုံးမသိၾက။
"ႏွစ္ေယာက္သားစကားမ်ားေနလိုက္ၾကတာ အန္နာ ဒယ္ဒီ့ကိုပစ္ထားတယ္ေပါ့ babeေရာ ကိုယ္ရွိေနတာသတိေရာထားမိရဲ႕လား"
ေဂ်ာင္ဂုေျပာၿပီးဝင္သြားေတာ့
ထယ္ေယာင္းအၾကည့္က ကေလးနဲ႔အၿပိဳင္မႏိုင္ဘူးဆိုတဲ့အၾကည့္နဲ႔ၾကည့္ေနေတာ့တာ။
"သတိထားမိပါတယ္ ခဏေနရင္ဂြၽန္က ပီဇာမွာေကြၽးမွာဆို"
"ဒယ္ဒီမွာေကြၽးမွာဆိုလို႔ သမီးတို႔က အိမ္ကမုန႔္ေတာင္မစားထားဘူး"
"မ ေကြၽး ဘူး "
တစ္လုံးခ်င္းေျပာလိုက္ကာ ကုတင္ေပၚမွာပက္လက္လွန္ခ်လိုက္ေသာ ေဂ်ာင္ဂုကိုၾကည့္ကာ အန္နာကေအာ္ရယ္ပါေလေတာ့သည္။
"ကိုကို ဒယ္ဒီကအၿမဲစိတ္ေကာက္ေနၾက သူကအငယ္ဆုံးလား ဒီအိမ္မွာ"
ထယ္ေယာင္းက မႏိုင္ဘူးဆိုတဲ့အၾကည့္နဲ႔ၾကည့္ကာအဝတ္ေတြကိုထည့္ၿပီး ဗီ႐ိုတံခါးကိုပိတ္လိုက္ေတာ့သည္။
"အန္နာ ေမေမဖုန္းဆက္တယ္ အိမ္ေရာက္ၿပီတဲ့ ညေနသမီးကိုျပန္လာခဲ့ပါတဲ့"
"ဟုတ္ကဲ့ ဒယ္ဒီ"
"ဟင္....ျပန္ေတာ့မလို႔လား ေနပါအုံးကိုကိုတို႔နဲ႔"
"ေမေမကေနသိပ္မေကာင္းေတာ့ အန္နာျပန္လိုက္အုံးမယ္ ေက်ာင္းဝတ္စုံကလည္းအိမ္မွာေလ ကိုကိုရဲ႕မနက္ျဖန္ေက်ာင္းလည္းတက္ရမွာ"
ထယ္ေယာင္းကမျပန္ဖို႔တားတာကို
အန္နာကေတာ့လူႀကီးေလးတစ္ေယာက္လိုသာျပဳမူေနျပျပန္တယ္။
"အဲ့ဒါဆို ေက်ာင္းပိတ္ရက္ေတြလာလည္ေနာ္"
အန္နာကေခါင္းတဆက္ဆက္ၿငိမ့္ျပကာ လက္ကိုဆန႔္တန္းျပေတာ့ ထယ္ေယာင္းကေျပးလာကာ အန္နာကဖက္လိုက္ေသးတာကို ေဂ်ာင္ဂုၾကည့္ေနရေတာ့သည္။ ဒီႏွစ္ေယာက္ကိုအျမင္ကကပ္လာၿပီ ေခါင္းေတြကိုသာေခါက္ပလိုက္ခ်င္ေတာ့သည္။
"သမီးဒယ္ဒီ ကိုကိုတို႔ကိုစိတ္ဆိုးေနၿပီထင္တယ္ ဟားဟား လာေလဂြၽန္ဖက္ထားေပးမယ္"
"မေျပာခ်င္ဘူးေနာ္"
ဆူပုတ္ပုတ္ထလာကာအန္နာေရာ ထယ္ေယာင္းကိုပါေနာက္ကေနဖက္ထားေပးသည္။အၿမဲတမ္းလုံၿခဳံသြားသလိုခံစားလိုက္ရသည္။အန္နာေလးက ဦးေလးေကာင္းကိုရ ထားတာပဲ။ကြၽန္ေတာ္ကလည္းခ်စ္သူေကာင္းကိုရ ထားတာ။
"အန္နာ တစ္ခုခုဆိုရင္ ဒယ္ဒီကိုဖုန္းဆက္ေနာ္ ဖုန္းေတြဘာေတြမရွိရင္ဘာလုပ္ရမလဲ"
"လမ္းမွာေတြ႕တဲ့သူေတြကိုအကူညီေတာင္းၿပီး ဒယ္ဒီဆီကိုဖုန္းဆက္ရမယ္ ကားဆိုလည္းငွားလာႏိုင္ရမယ္"
ဒါကေတာ့ငယ္ငယ္ထဲက ေဂ်ာင္ဂု
အန္နာေလးကိုသင္ေပးေနၾက။
သင္လြယ္တက္လြယ္အန္နာေလးကအကုန္မွတ္ထားသည္။အခုလည္းသူ႔အိမ္ကိုေရာက္ေတာ့ျပန္ဖို႔ႏႈတ္ဆက္ေနတာျဖစ္သည္။
"Ok ကဲသမီးဝင္ေတာ့ေနာ္ အမကြၽန္ေတာ္တို႔သြားေတာ့မယ္"
"အန္နာ တာ့တာ"
"တာ့တာ ကိုကို ဒယ္ဒီခရီးသြားရင္အန္နာလာေနေပးမယ္ေနာ္"
အန္နာကိုသူ႔အိမ္ပို႔ၿပီးတာနဲ႔ႏႈတ္ဆက္ကာျပန္လာလိုက္ၾကသည္။ကားေပၚမွာၿငိမ္ၿငိမ္လိုက္လာတာမဟုတ္။EDM သီးခ်င္းျမဴးျမဴးႂကြႂကြကိုဖြင့္ကာ ေခါင္းကသံစဥ္အတိုင္း ကာရန္ညီစြာလႈပ္ေနရင္းလက္ကပါအၿငိမ္မေန။
"ဂြၽန္ ကြၽန္ေတာ္ မနက္က်ရင္အိမ္သြားၿပီး DJစက္ယူအုံးမယ္"
"ဘာလုပ္မလို႔လဲ"
"DJစက္ယူပါတယ္ဆိုမွ"
"မဟုတ္မွ အိမ္မွာဆူဆူညံညံအသံေတြလုပ္မလို႔လား"
ဘိုးေတာ္လို႔ေျပာရင္လည္းေျမာက္သြားအုံးမယ္ထင္တယ္။အသက္က တကယ္ကို၃၀မေက်ာ္ေသးဘူး။သူ႔ပုံစံက
ေဖေဖ့ရဲ႕အသက္ႏွစ္ဆေလာက္ႀကီးေနသလို။
"Babe ေျပာေနတာၾကားလား"
"အဖိုးႀကီး"
"ဘာ...."
"မဟုတ္ပါဘူး အဖိုးကိုသတိရသြားလို႔ဟီး"
ေဂ်ာင္ဂုျပန္ေတြးေနလိုက္သည္။clubလည္းမသြားခိုင္း night outလည္းမထြက္ခိုင္းနဲ႔ဆိုေတာ့ ပ်င္းေနမွာလည္းစိုးရိမ္သည္။
"သေဘာကြာ သြားယူရင္လည္းယူ"
"သေဘာကြာဆိုတာက သိပ္သေဘာမတူသလိုပဲ"
ဒါကၿပီး ၿပီးေရာေျပာလိုက္တယ္ေပါ့ေလ။မရပါဘူးသူပဲရစ္ေနလို႔မရဘူး
ဟြန႔္!
"မဟုတ္ပါဘူး ကိုယ္သြားယူလိုက္မယ္ေလ"
"ကြၽန္ေတာ္လည္းလိုက္မယ္ေလ မုန႔္ဖိုးလည္းယူရအုံးမယ္"
"မုန႔္ဖိုး...ကိုယ္ကအဲ့ထက္ပိုေပးမယ္ ေနခဲ့လိုက္"
မူကမမွန္ေတာ့ဘူးထင္ရသည္။မသြားခ်င္ဘူးဆိုတုန္းကအတင္းသြားခိုင္းသည္။သြားမယ္လည္းဆိုေရာမလိုက္ခိုင္းျပန္ဘူး။
"မွန္မွန္ေျပာဂြၽန္ အိမ္ကိုဘာအတြက္မလိုက္ခိုင္းေနတာလဲ"
"ဟိုဟာကြာ အင္း"
ထယ္ေယာင္းစိတ္မရွည္ေတာ့ဘာလို႔တားေနရတာလဲ။လက္ပိုက္ၿပီးစိုက္ၾကည့္ကာေမးလိုက္သည္။
"ျမန္ျမန္"
"အဘိုးတို႔က US သြားတယ္"
"ေအာ္ဒါမ်ား.....ဘာ!"
သူ႔ကိုထားခဲ့ၿပီးသြားၾကတာလား။အဖိုးနဲ႔အဖြားသြားၾကတဲ့ခရီးစဥ္တိုင္းသူမလိုက္ရေပမယ့္ ေမေမတို႔ဆီသြားမယ့္ခရီးဆိုရင္အၿမဲသူပါလိုက္ေနၾကေလ။
"baby ေလးကလည္းမလိုက္ရလည္းဘာျဖစ္လဲ ကိုယ္နဲ႔သြားမယ္ မဟုတ္ေသးဘူးကိုယ္လိုက္ပို႔မယ္ေနာ္ အလုပ္ေတြနဲနဲပါးတာနဲ႔သြားၾကမယ္"
"ဂြၽန္ကမိဘေတြနဲ႔ေတြ႕ၿပီးျပန္လာေတာ့ ဒါမ်ိဳးေျပာႏိုင္တာေပါ့ ေမေမ့ဆီမျပန္ရတာ ၁၀လျပည့္ေတာ့မယ္ အဖိုးကဘာလို႔မေျပာတာလဲ!"
ေျပာေနရင္းေဂ်ာင္ဂုတို႔ကားေလးကအိမ္ကိုေရာက္လာခဲ့သည္။
ကားရပ္ၿပီးအိမ္ေပၚတက္လာတဲ့အထိ
စကားကမျပတ္ေျပာေနတုန္း။
"အဲ့ဒါဆို babyကကိုယ့္ကိုထားၿပီးသြားႏိုင္တယ္ေပါ့ "
"သြားႏိုင္တာေပါ့ ခဏသြားတာကိုျပန္လာမွာေလ"
ထယ္ေယာင္းေျပာလိုက္ေတာ့ ခါးကေနေပြ႕ဖက္ၿပီးေက်ာျပင္ေလးကိုပြတ္ေပးေနေသာေဂ်ာင္ဂု ကိုထယ္ေယာင္းလည္းျပန္ေပြ႕ဖက္ထားလိုက္သည္။
ကြၽန္ေတာ္ကပဲခ်စ္တက္ေနတာလား
ခင္ဗ်ားကပဲခ်စ္ဖို႔ေကာင္းေနတာလားဂြၽန္.....။
"ဂြၽန္ ကြၽန္ေတာ္ေလ ေမေမတို႔ဆီမွာ ေက်ာင္းသြားတက္မလို႔ ၂ႏွစ္ေလာက္ၾကာမွာ"
ထယ္ေယာင္းေျပာျပလိုက္ေတာ့
ပိုမိုေထြးေပြ႕လာေသာလက္မ်ားၾကားထဲ ခႏၶာကိုယ္ေလးကအလိုက္သင့္ပါသြားသည္။ၿပီးေတာ့ထယ္ေယာင္းပုခုံးေပၚ
ေမးတင္ထားၿပီးေျပာလာေသာစကားေလးက......
"Ok သြားbaby...... babyေပ်ာ္မယ္
ထင္တာကိုလုပ္ အကုန္လုပ္ၿပီးသြားလို႔ျပန္လာရင္ ျပန္လာတဲ့အိမ္က ကိုယ့္အိမ္ပဲျဖစ္ရမယ္ ျပန္လာေတြ႕တဲ့သူကလည္းကိုယ္ကပထမပဲျဖစ္ရမယ္
babyရဲ႕အခ်စ္ေရာ အေတြးေရာ အလြမ္းေရာက ကိုယ္ျဖစ္ေနရမယ္
ကုန္ကုန္ေျပာမယ္ကြာ ဘယ္ပဲေရာက္ေနေရာက္ေန babyမွာပိုင္ရွင္ရွိတယ္
babyက ကိုယ့္အပိုင္အျဖစ္အၿမဲေနေပးႏိုင္မလား"
ေဂ်ာင္ဂုက အဲ့ဒါနဲ႔ပတ္သတ္လို႔သူ႔ကိုထားသြားမလားလို႔စိုးရိမ္စိတ္အၿမဲရွိသည္။သူ႔အေဖနဲ႔အေမက သူ႔ကိုထားသြားခဲ့တယ္မလား ႏိုင္ငံျခားထြက္သြားၿပီးသူ႔ဆီကိုေတာ့အလည္ခဏသာလာခဲ့ၾကသည္။ဘယ္လိုပဲအဖိုးေတြေခၚထားခဲ့ေပမယ့္လည္း ေမေမတို႔ကလည္းသူ႔ကိုျပဳစုဖို႔ေလာက္အထိအခ်ိန္မရွိလို႔ထားခဲ့ၾကတာလဲပါသည္မဟုတ္လား။
သူ႔အခ်စ္ဆုံးအေဒၚအငယ္ကလည္းsingaporeမွာအလုပ္လုပ္ေနၿပီးအဲ့မွာပဲအိမ္ေထာင္ၾကခဲ့ၿပီးအဲ့ၿမိဳ႕မွာပဲေနထိုင္ျပန္တယ္။သူ႔ရဲ႕ရည္းစားဦးကလည္းထားသြားျပန္တာပဲ။
ဒီေကာင္ေလးကိုေတာ့ အထားခဲ့လည္း
မခံႏိုင္သလို ေဝးသြားဖို႔လည္းသူ႔မွာသတၱိမရွိ။ေသခ်ာေပါက္ ဒီကေလးနဲ႔ကေတာ့သူညႇိယူမည္။အတက္ႏိုင္ဆုံးအားလုံးလိုက္ေလ်ာကာ အခ်ိန္တန္ကသူ႔ဆီကိုသာျပန္လာေပးဖို႔
ေတာင္းဆိုေနမိေတာ့သည္။
"ဟင္....baby ကိုယ္ပိုင္ဆိုင္ခြင့္ရွိလား
ကိုယ့္အပိုင္ျဖစ္ေပးမလား ျပန္လာမွာလားကိုယ့္အနားကို......"
ဒီစကားကိုေတာ့ မ်က္ႏွာခ်င္းဆိုင္ရပ္ၿပီးထယ္ေယာင္းမ်က္လုံးထဲကိုစိုက္ၾကည့္ၿပီးေျပာလိုက္ေတာ့ ၿပဳံးသြားေသာႏႈတ္ခမ္းရဲရဲေလးကိုသာ ေဂ်ာင္ဂုၾကည့္မိရင္း ထိုႏႈတ္ခမ္းေလးကေနေျပာလာမယ့္စကားလုံးတို႔ကိုလည္း အတိုင္းအဆမရွိရင္ခုန္ေနခဲ့တယ္.......။
Simplicity🏝
Zante💜
သဲေလးတို႔ေရ ဂ႐ုစိုက္ၾကပါေနာ္....
ဒီလိုအခ်ိန္မွာupေပးရတာ
စိတ္မသက္သာပါဘူး💔 အမအိမ္မွာwifiလည္းမရွိေတာ့သူငယ္ခ်င္းဆီကလာသုံးရင္း upေပးသြားတာပါ....
နဲနဲခ်င္းဆီေရးထားတာေလးေတြပါ....
BTS ARMYဆိုၿပီးအလႉလႉေပးၾကတဲ့အတြက္ကိုလည္း
ဒါေလးနဲ႔ဂုဏ္ျပဳေပးပါရေစ....🙏💜