ချစ်သော...ဦး S(2)[Mother is...

By KhonNick

226K 13.9K 1K

တကယ်လို့ အရာအားလုံးမှာရွေးချယ်ခွင့်တွေရှိရင်..... More

FOR A MOTHER WHO IS A FATHER
Part(1)
Part(2)
Part(3)
Part(4)
Part(5)
Part(6)
Part(7)
Part(8)
Part(9)
Part(10)
Part(11)
Part(12)
Please, read.
Part(13)
Part(14)
Part(15)
Part(16)
Part(17)
Part(18)
Part(19)
Part(20)
Part(21)
Part(22)
Part(23)
Part(24)
Part(25)
Part (26)
Part (27)
Part(28)👥
Part(28)👥(Zawgyi)
Part(29)
Part(30)
Part(32)
Part(33)
Part(34)
Part(35)
Part(36)
Part(37)
Part(38)
Part(39)
Part(40)
Part(41)
Part(42)
Part(43)
Part(44)
Part(45)
Part(46)
Part(47)
Part(48)
Part(49)
Part(50)
Part(51)
Part(52)
Noti
Part(53)
Part(54)
Part(55)
Part(56)
Part(57)
Part(58)
Part(59)
Part(60)(ဇာတ်သိမ်းပိုင်း)
Extra....
Extra....
Attention Please🔥

Part(31)

2.4K 174 12
By KhonNick

Unicode

"အင်း "

"တကယ်နော် ဦး"

"အင်းဆိုကွာ ဘယ်လိုဖြစ်နေတာတုန်း"

ထည်လင်းက သူ့ကိုစိတ်မရှည်တော့။ခွင့်ပြုမယ်လို့ပြောပြီးသည်ကိုပဲ ထပ်တလဲလဲပြန်မေးနေသော မဟော် မဟုတ်ပေလား။မဟော့်အနေနှင့်ကလည်း သေချာချင်၍ပြန်မေးခြင်းပါပေ ။သို့သော်ငြား ထပ်မေးနေလျှင် လက်စာမိတော့မည်မို့ အကျေနပ်ဆုံးမျက်နှာထားကြီးဖြင့်ပြုံးရင်း ကွန်ပျူတာဖန်သားပြင်ကိုပင်ပြန်၍အာရုံစိုက်‌ေနလိုက်တော့၏။

အချိန်ကား 8:30။
ဖြာနေသော လရောင်သည် ဖွင့်လှစ်ထားသော ပြတင်းပေါက်မှ အခန်းအတွင်းသို့တိုးဝင်လာ၏။မြို့ပြမို့ ထိုလရောင်တိုးဝင်ခြင်းသည် မာကျူရီမီးများအောက်တွင်မထင်ရှားလှ။ခပ်ရိပ်ရိပ်ကလေးဖြစ်၏။

ထည်လင်းကိုကြည့်လျှင် မှို့ယာထူထူထက်ဝယ် ကုတင်ခေါင်းရင်းကိုမှီထားသော ခေါင်းအုံးပေါ်ဝယ် ခေါင်းမှီကာ ကုတင်းဘေးဘက် စားပွဲပေါ်တွင် မဟော် အသင့်ဖျော်ထားပေးသော ကော်ဖီတစ်ခွက်ဖြင့် ဖုန်းကြည့်ရင်း ဇိမ်ကျနေလေ၏။တစ်နေ့တစ်နေ့ သူ့အလုပ်က သိပ်မရှိလှ။ရေချိုးခန်းဝင်လျှင်ပင် ခြေချော်လဲမည်စိုးသောကြောင့်  လိုက်ပို့လိုက်ကြိုလုပ်ပေးသော ထိုကောင်လေးရှိသည်မဟုတ်လား။ကြီးလျှင်မှီငယ်လျှင်ချီဆိုသောစကားက သိပ်တော့ ဘောင်မဝင်လှ။အသက်ကြီးကြီး ငယ်ငယ် ချစ်မြတ်နိုးခြင်းထုထည်နှင့်ပဲဆိုင်သည်ဟူ၍ ထည်လင်းယူဆမိပါ၏။

ဖုန်း Screenကိုကြည့်နေပါသော်လည်း ဖုန်းထဲစိတ်မရောက်လှ ။ အတွေးနယ်ချဲ့ရင်း အကျေနပ်ကြီးကျေနပ်နေမိသည်။ဖြစ်နိုင်ရင် "ငါ‌့လောက်ဘယ်သူကံကောင်းလဲ"လို့ပါ တစ်လောကလုံးကို ကြွားရင်း ဂုဏ်ယူနေမိမည်ထင်သည် ။

ဖုန်းကို တစ်လှည့် အလုပ်ကြိုးစားနေသော ကောင်လေး၏ကျောပြင်ကိုတစ်လှည့်ကြည့်ရင်း ပြုံးမိသည်။

"ဦး ညောင်းရင်ခေါ်လိုက်နော်။ကျွန်တော်နှိပ်ပေးမယ်။ "

"အင်း"

စကားစသည်တိုတောင်းလှသော်လည်း ကျေနပ်ခြင်းပျားရည်ချိုစိမ့်စိမ့်သည် နှလုံးသွေးကြောအစုံအတွင်း ယှက်ဖြာစီးဆင်းကာ စိမ့်ဝင်လျက်ဖြစ်၏။

ညောင်းရင် သူလာပြီး ဇက်ကြောဆွဲပေးလိမ့်မည်။
တစ်ခါတလေ ထည်လင်းစဉ်းစားမိပါသည်။လောက၏စည်းစိမ်ဆိုတာ ထိုအရာများလားလို့ပါပင် ။
မည်သို့ပင်ဖြစ်စေ ထည်လင်းအတွက်ကတော့ အနိုင်ကျင့်သည်ဆိုဆို ဘာဆိုဆို သူ့ကိုအမြဲအနိုင်ရနေခြင်းနှင့် သူ့ဆီက ပြည့့်နှက်နေသော ချစ်ခြင်းတွေကို အပိုင်ရမိခြင်းက  ဘဝမှာအကြီးမားဆုံးကံကောင်းမှုဖြစ်သည်ဟူ၍ထင်မိပါ၏။

ကြည်လင်ရွှင်ပျသော မျက်နှာလေးအားကြည့်ရင်း မဟော့်နှလုံးသည်းပွတ်မှ အပျော်တွေစိမ့်လာမိသည်။အချိန်တိုင်း သူပြုံးပျော်နေတာကိုသာ မြင်လိုပါသည်လေ။

နေ့စဉ်မှတ်တမ်းတွေက ထူထဲသထက်ထူထဲလာတတ်သလို  သူ့အပြုံးတွေကလည်း ထပ်ပြီးရင်းထပ်လာကာအချိန်တိုင်းမှာ နေရာယူရင်း အပိုင်စိုးမိုးနေသည်ကိုပဲလိုချင်မိပါ၏။

*တစ်ခါတလေးများတွေးမိပါရဲ့ ဒါဟာ ကိုယ့်ရဲ့အတ္တတစ်ခုများဖြစ်နေမလားလို့လေ။*

မဟော် အလုပ်တွေပြီးသွားတော့ ည9:30သွားပေပြီ။
သူကတော့ ဖုန်းပိတ်ပြီး အိပ်ယာထက်တွင်ခွေလှဲနေပြီဖြစ်၏။မဟော် ကုတင်‌ေပါ်တက်ကာ  သူ့အနားတိုးရင်း အိပ်ပျော်မပျော် အကဲခတ်လိုက်လေ၏။သူကတော့ ရွှန်းစစမျက်ဝန်းအစုံကို ဝှက်ထားနေပြီဖြစ်၏။ဘယ်လောက်တောင်  လူလည်ကျလိုက်သလဲလေ။သေချာပြောထားပြီးကာမှ။

မဟော် တစ်ယောက် နဖူးပေါ်ညွတ်ကျနေသော ဆံပင်တွေကို လေနှင့်မှုတ်ထုတ်လိုက်၏။မထူးတော့လေ သူက အိပ်ပျော်နေပြီဆိုတော့က ကိုယ်လည်း အိပ်ရုံပဲရှိတော့သည်ပေါ့။

သူ့နဖူးပြင်လေးအား ခပ်ဖွဖွအနမ်းတစ်ချက်ခြွေချကာ
ခြေရင်းဘက်တွင်ရှိသော စောင်ကိုဆွဲကာ သူ့ကိုယ်ပေါ်လွှားလိုက်ပြီး မိမိပါ စောင်အတွင်း ဝင်ခွေရင်း သူ့ ခါးကိုဖက်ပြီး အိပ်လိုက်ရတော့၏။ဘယ်သူမြင်ခဲ့မည်နည်း။မျက်လုံးမှတ်ထားသော လူတစ်ယောက်ပြံုးစစလုပ်နေသည်ကို။

ည8နာရီလောက်ကတည်းက ဒီကောင်လေးရောက်နှင့်နေသည်။

သူ့ကိုတစ်ချက်ကြည့်မိတော့ မိမိကိုယ်အား မျက်တောင်မခတ်တမ်းကြည့်နေလေ၏။ရေချိုးရန် အင်္ကျီတောင် မည်သို့ ချွတ်ရမည်နည်းမသိတော့။ဒီကောင်လေးဟာ လူကိုအမြဲနေရခက်စေပါသည်လေ။

"ဘာလုပ်နေတာလဲ ရေချိုးမလို့မဟုတ်လား ချွတ်လေ အဝတ်တွေ"

"အင်း ရေချိုးခန်းထဲမှာပဲချွတ်တော့မယ်။"

ထိုသို့ပြောတော့ သူက မျက်ခုံးနှစ်ဖက်ကိုကျုံ့ကာ

"ကျစ် ဒီမှာချွတ်တော့ဘာဖြစ်လို့လဲ"

"အေး အေး,ပါကွာ ဒီမှာပဲချွတ်ပါ့မယ် ဟုတ်ပြီလား"

သူက ကုတင်ခေါင်းရင်းကိုကျောမှီကာ  ဒူးတစ်ဖက်ကို အပေါ်သို့အနည်းငယ်‌ကွေးညွတ်ထားပြီး မျက်လုံးများက စူးရဲစွာဖြင့်ပင် ကုတင်ခြေရင်းမှ မိမိအား မျက်လုံးမခွာနိုင်အောင်ကိုပင် စိုက်ကြည့်နေလေ၏။

ကြယ်သီးတွေကိုတစ်လုံးချင်းဖြုတ်၍အဝတ်တို့လစ်လပ်ကာပေါ်လာသည့် ဖြူဥနေသောနေမထိသည့်နေရာလေးများက ဘယ်လိုတောင်ဆွဲဆောင်မှုရှိနေပါသနည်း။ကိုယ်သေးသေးဖြူဖြူလေးကို ဖုံးအုပ်ထားသည့် အဝတ်တို့အကုန်ကွာကျသွားချိန်တွင်မူ ယောက်ျားလေးမို့ ပြေပြေသာကွေ့နေသော ရင်ဘတ်ပိုင်းတွေက ထင်းလင်းမြင်သာလာသည်လေ။ရုတ်တရက်ပင် အာခေါင်တွေခြောက်ပြီး ရေဆာလာသလိုလို ခံစားလာရ၏။

သူကတော့ ရှက်၍လား၊မနေတတ်၍လားမပြောတတ်မှန်တင်ခုံပေါ်မှ အသင့်တင်ထားသည့် တဘက်အဖြူလေးကို ကျောပေါ်လွှားတင်ရင်း ရင်ဘတ်ပိုင်းတွေကိုပါ အုပ်လိုက်လေ၏။။

ဖောင်းဖောင်းကတော့ ပြပွဲရုံတွင် ဇာတ်ကြည့်ကောင်းနေတော့မှ ကန့်လန့်ကာချသွားသကဲ့သို့ ခံစားရသောကြောင့် အားမရဟန်ဖြင့်လေပူတစ်ချက်မှုတ်ထုတ်လိုက်တော့၏။

ရေချိုးခန်းထဲမှ ရေကျသံတို့ကြားနေရသည်။ထိုအရာ‌ေလးမှရုန်းထွက်ရင်း တစ်ခြားသို့အာရုံပြောင်းရန်ကြိုးစားနေသော စိတ်တို့ကို ပို၍နစ်ဝင်စေသလို ။တစ်ခြားကိုအာရုံပြောင်းမည်ကြံတိုင်း ထိုရေကျသံတို့က မိမိကိုရုန်းထွက်ခွင့်မပေးပါပေ။

တစ်ခါတရံ အရိုင်းစိတ်ပေါက်တိုင်း ထိုမြတ်နိုးရသည့်လူသား၏အသွေးအသားတွေကို သိမ်းပိုက်ချင်လာသလိုလို။စိတ်ကို မနည်းချုပ်ထိန်းနေရသည့် အကြိမ်တွေလည်း များလှပြီ ။အဖြူထည်လေးမို့ အရောင်‌ေတွမစွန်းထင်းစေချင်ပါ။ပြီးတော့ ကိုယ်မပန်နိုင်သည့် ပန်းတစ်ပွင့်ကို အလကား စိတ်အလိုလိုက်ရုံသက်သက်အတွက် ခူးဆွတ်တာက တာဝန်မဲ့ရာကျလွန်းပါရဲ့‌ေလ။

ဒီလူသားဟာ‌ေလ သူ့ကိုဆိုရင် မြတ်နိုးရလွန်းလို့  အသွေးအသားတွေကို မသိမ်းယူရက်ခဲ့ပါဘူး ။သို့ပေမယ့် ထိုအသက်အားကိုယ့်အပိုင်လို့မှတ်ယူထားတာမို့ ကိုယ်မပန်လည်း သူများမခူးအောင် သံကွန်ချာခုနှစ်ထပ်အုပ်ရင်း တစ်သက်လုံးအတ္တကြီးစွာနှင့်သိမ်းဆည်းထားမှာမို့ ထိုအတ္တတစ်ခုကို အပြစ်လို့ မမြင်‌ေစချင်ပါလေ။

"....."

တံခါးဖွင့်သံကြားလိုက်ရသည်။
ဖောင်းဖောင်း၏မျက်လုံးများသည်  ရေချိုးခန်းမှထွက်လာသော သူ့ထံပါးသို့ပြန်ရောက်လာ၏။

ဗီရိုထဲမှ အဝတ်တစ်စုံအားထုတ်ကာ ကိုယ်ပေါ်တွင်ဆင်ယင်လိုက်၏။သူကတော့ မမှိတ်မသုန်ပင် မျက်စိအရသာခံနေလေသည်။

အဝတ်အစားလဲပြီးသည့်နောက် ကုတင်ထက်သို့တက်လာပြီး သူ့နံဘေးနားတွင်ပင် လှဲလျောင်းလိုက်မိ၏။ကျောက မှို့ယာပေါ်ကျရုံပင်ရှိသေး သူက ခါးကိုခွလာလေ၏။ခါးကိုခွထားရုံနှင့်ပင်အားမရသေး လူကို ရင်ခွင်ထဲထည့်ကာ တင်းကျပ်စွာပင်ထွေးပွေ့ထားပြန်သည်။တစ်ကိုယ်လုံးကို တင်းကျပ်စွာထွေးငုံထားသည်မှာ အသက်ရှူပင်ကျပ်လာရသည်။

"သား အသွေးလေး လွန်လွင့်ကို လွှတ်ပါဦးကွာ။အသက်ရှုကျပ်တယ်ကောင်လေးရ။"

ထိုကောင်လေးက မိမိစကားများကို မသိကျိုးကျွံပြုကာ
လက်တွေကို တင်းကျပ်မြဲတင်းကျပ်စွာပွေ့ဖက်ထားဆဲဖြစ်၏။လွန်လည်း ထပ်ပြီးပြောမနေတော့။သူဆိုသည်က သူပြုမူချင်သည့်ကိစ္စဆိုလျှင် ဒူးထောက်တောင်းပန်လျှင်‌ေတာင် ရပ်မည့်သူမျိုးမဟုတ်။

သူ့ရင်ခွင်ထဲမှနေ၍ လေကိုမနည်းရှူသွင်းနေရလေ၏။

ခဏကြာတော့ သူက သူ့လက်တွေကိုဖြေလျော့ကာ မိမိကိုယ်ကို ပက်လက်အနေအထားပြောင်းလဲ‌ေစလိုက်ပြီး သူ့ကိုယ်နှင့်အပေါ်မှ အုပ်မိုးလိုက်၏။

ရင်ခုန်သံတွေကပို၍ကျယ်လောင်လာသလိုခံစားရသည်။သူ့နှုတ်ခမ်းများက မိမိ၏နှုတ်ခမ်းဖျားများနှင့် မထိရံုတမယ်တိုးကပ်နေလေ၏။

နှလုံးခုန်နှုန်းတွေက အတိုင်းအဆမသိပင်မြင့်တက်လာပြန်သည် ။လူလည်း အလိုလိုနေရင်းပင် မောဟိုက်နေမိ၏။

သူ့ရဲ့ဝါးမြိုမတတ်အကြည့်တွေအောက်မှာ ဘယ်နှစ်ခါတောင် ကျရှုံးမိနေပြီမှန်းတောင် မရေတွက်နိုင်တော့ပါ ။

တလှပ်လှပ်ခုန်နေသောရင်အစုံအောက်က အသဲနှလုံးကို ဘယ်အချိန်ထိများဆွဲကိုင်လှုပ်ကာ ကစားနေဦးမည်နည်း။

တစ်ခါတည်းသတ်‌လည်းသေနိုင်ပါရဲ့။ဒီကောင်လေးကတော့ လူကိုအကြိမ်ကြိမ်ကိုပင် အညှာတာကင်းမဲ့စွာနှိပ်စက်နေပြန်၏။သူ့နှာတံထိပ်ဖျားလေးက မိမိ၏နှာခေါင်းထိပ်ဘက်ကို ထိကပ်လာ၏။ဒီအနေအထားကြီးက ရင်ကိုပို၍လှိုက်မောစေသည်။လူကို အမောဖောက်ပြီး သေအောင်သတ်နေသည့်ကောင်လေးပါပင် ။

ဒီနှုတ်ခမ်းဖျားလေးတွေလေ အညိုရောင်သန်းနေသော နှုတ်ခမ်းသားလေးတွေ စိတ်ရှိလက်ရှိသာဆို ကိုက်ဆွဲပစ်ချင်မိပါသည်။ပြီးတော့ နီမြန်းနေတဲ့ နားရွက်ဖျားလေးတွေ ငုံခဲထားချင်မိပါ၏။လည်တိုင်တွေကို Markingရာပေးရင်း တစ်ကိုယ်လုံးက အသွေးအသားတွေကို အပိုင်သိမ်းပစ်လိုက်ချင်မိသည်။

*စိတ်ထိန်း စိတ်ထိန်း *

"ရင်ခုန်လား"

ရုတ်တရက်ထွက်သွားခဲ့သော စကားလုံးတစ်လုံး။သူက ရှက်ရွံ့ဟန်ပြုကာ ခေါင်းကိုတစ်ဖက်သို့စောင်းငဲ့ရန်ပြု၏။မိမိအနေနှင့် သူ့ခေါင်းကိုတစ်ဖက်သို့စောင်းငဲ့ခွင့်မပြုနိုင်သည်မို့ သူ့ပါးပြင်ကိုကိုင်ပြီး ခုနကအနေအထားအတိုင်းဖြစ်အောင်ပြန်လှည့်ကာ

"မလှည့်နဲ့ ကျွန်တော့်အမိန့်မရပဲ လှုပ်တောင်မလှုပ်နဲ့ ။"

လူကို အဲ့အနေအထားကြီးနဲ့ပဲသတ်နေသည့်ကောင်လေးပါလေ။သူ့နှုတ်ခမ်းဖျားများနှင့်မိမိနှုတ်ခမ်းဖျားများ စင်တီမီတာဝက်လောက်ပဲ ကွာနေရသည့်အနေအထား
ဘယ်လောက်တောင် အနေခက်ရလဲဆိုတာ ဒီကောင်လေး မသိတာလား။သို့မဟုတ် မသိချင်ယောင်ပဲဆောင်နေရော့သလား။

ညစ်ပတ်တယ်ပဲဆိုဆို သူအဲ့လိုရင်ခုန်နေတာကို သဘောကျတာမို့လို့ တမင်တကာကို အဲ့အနေအထားနဲ့စကားပြောနေခြင်းပါ ။ဘယ်သူက မသိပဲနေမလဲ ။အသက်ရှူနှုန်းတွေမြန်နေပြီး လှိုက်မောဟိုက်နေသည့်
သူ့အနေအထားကို။အမြဲလိုလို သူ့ကို မိမိနှင့်တွေ့တိုင်းရင်ခုန်စေချင်ပါသည်လေ။ဒီလိုမိမိ‌ေကြာင့် သူအနေရခက်ပြီးရင်ခုန်နေတာမျိုးကို ကျေနပ်အားရမိတာမို့လို့ ဒီ့ထက်မက သူရင်ခုန်အောင်လုပ်ပါရစေလေ။

"ကျွန်တော့်ကိုရင်ခုန်နေတယ်မဟုတ်လား"

"ဟာ ပေါက်တက်ကရ ဘယ့်နှယ့် ကိုယ့်သားအရွယ်လေးကို ရင်ခုန်ရမှာတုန်း ကိုယ်နဲ့ရွယ်တူဆိုရင်တစ်မျိုးပေါ့။"

ရယ်ကျဲကျဲလုပ်ရင်း လိမ်ညာနေခြင်းက မပီပြင်လှပါ။ကောင်လေးက နှုတ်ခမ်းစွန်းတစ်ဖက်ကိုကော့တက်ကာ ပြုံးလိုက်၏။

"ကောင်းပြီလေ ရင်မခုန်ဘူးဆိုတော့ ကြည့်ရတာ ကျွန်တော့်နည်းနည်းညံ့သွားလို့ဖြစ်မယ်။"

သူဟာ စကားတွေအဆုံးမှာ လွန့်ရဲ့ လက်တစ်ဖက်စီက လက်ချောင်းတွေကို သူ့တစ်ဖက်လက်ရဲ့လက်ချောင်းတွေနှင့်ယှက်နွယ်လိုက်ပြီး ဒေါင်လိုက်အနေအထားဖြစ်နေသော လက်တွေကိုအပေါ်သို့ခေါက်ချိုးလိုက်၏။ပြီးလျှင် ခပ်ဖွဖွဆုပ်ကိုင်ထားရာမှ ရုန်းလို့မရအောင်ကို တင်းကျပ်လိုက်၏။သူ့အပြုအမူကြောင့် လွန်နားမလည်နိုင်စွာကြည့်နေမိသော်လည်း သူကတော့ ဂရုစိုက်ပုံမပေါ်တော့ပါ။သူ့နှုတ်ခမ်းတွေကို လည်တိုင်ပေါ်တင်ပြီး မထိတထိ ပွတ်ဆွဲနေတော့၏။သူ့အပြုအမူကြောင့် လွန့်မှာလည်း နေရခက်လာ၏။လက်တွေက ရုန်းကန်တော့လည်း ဒီကောင်လေးကအလွတ်မပေး။ရုန်းကန်လှုပ်ရှားရင်းကြွလာ‌ေသာလက်များကို မှို့ယာထက်‌ေပါ်ပင် ပြန်လည်ဆောင့်ဆွဲချလေ၏။

"ကောင်လေး ။ ဘယ်လိုတွေလုပ်နေတာလဲကွာ။"

"ဘာလဲ ရင်ခုန်လို့လား"

"ဟင့်အင်း...။ နေရခက်လို့"

"ဟက် ရင်မခုန်ဘူးဆို ။ရင်မခုန်ရင် ဘာအထိအတွေ့ကိုမှခံစားမနေနဲ့လေ အခုက အဲ့အထိအတွေ့ကို ခံစားမိလို့နေရခက်နေတာပေါ့"

"မဟုတ်...။ အင်း...

သူက လျှာဖျားတွေပါပါလာလေ၏။လျှာဖျားတွေနှင့် ပွတ်တိုက်ဆွဲနေတော့ လူက မခံနိုင်တော့။တစ်ခါတရံနားရွက်ဖျားတွေကိုပါရန်ရှာလာသလို တစ်ခါတလေ အပေါ်ကြယ်သီးမတွယ်ထားသောကြောင့် ဟိုက်နေသောနေရာများကိုပင်အလွတ်မပေးတော့ ။

"တော်...တော်..တော်ပါတော့ကွာ။ဟုတ်တယ် လွန်လွင် လွန်လွင် မင်း အထိအတွေ့တွေကို ရင်ခုန်မိတာ ဝန်ခံပါတယ် တော်...တော်ပါတော့။အင်း.....။"

သူက ကျေနပ်ဟန်ဖြင့် တွန့်ချိုးပြုံးသွားသည် ။ပြီးလျှင် လွန့်လက်တွေကို လွှတ်ပေးလိုက်ပြီး သူ့ကိုယ်ပေါ်မှ ပြန်ဆင်းပေးကာ နေရာမှာပင် ပြန်ဝင်လှဲလိုက်၏။

"လာ ကျွန်တော့်ရင်ခွင်ထဲကို "

သူ့အမိန့်ကြောင့်  သူ့ရင်ခွင်ထဲတိုးဝင်လိုက်မိ၏။သူက ရင်ခွင်ထဲတိုးဝင်လာသောလွန်၏ ပါးပြင်ကို အားရပါးရ နမ်းရှိုက်လိုက်၏။ပြီးလျှင်

"လွန်လွင့် ခန္ဓာကိုယ်တစ်ခုလုံးကို ကျွန်‌ေတာ်ပဲပိုင်တာမို့လို့ တစ်ခြားတစ်ယောက်ကို မပေးရဘူး ။ကြားလားလွန်လွင်။"

"အင်း"

"ပြောပြီးပြီနော် လွန်လွင်က ကျွန်တော့်အပိုင်။ဒါ့ကြောင့်မလို့ ရည်းစားမထားရဘူး ။အိမ်ထောင်မပြုရဘူး ။sexမလုပ်ရဘူး။"

"အင်း သား အိမ်ထောင်ပြုပြ‌ီးမှပဲ လွန်လွင်လည်း လက်တွဲဖော်ရှာမယ်လေနော်"

ရင်ခွင်ထဲမှ ထွက်ပေါ်လာသော အသံလေးကြောင့် ဖောင်းဖောင်းမျက်ခုံးတွေကျုံ့သွား၏။

"ဘာ!!!။မရဘူးဗျာ။ ရည်းစားမထားရဘူး အိမ်ထောင်မပြုရဘူး sexမလုပ်ရပါဘူးဆို အဲ့လက်တွဲဖော်ဆိုတာလည်းမရှာရဘူး‌ေပါ့ ရှုပ်တယ်  လူချောတွေနဲ့တွေ့ရင် စက္ကန့်ဝက်လောက်ကြာအောင်တောင် စိုက်မကြည့်ရဘူး  ဘယ်သူ့ဘယ်သူကိုမှစိတ်မဝင်စားရဘူး ဘယ်ပုရိသ ဘယ်ဣတ္ထိယကိုမှ စိတ်နဲ့တောင် မပြစ်မှားရဘူး အာ မဟုတ် ဖော်ဖော်ရွေရွေတောင်မဆက်ဆံရဘူးဗျာ အာ..ရှုပ်တယ် တစ်ခါတည်း တရားစခန်းသာဝင်နေလိုက် ကျစ် မဟုတ်ဘူး တရားစခန်းမှာဆို နည်းနည်းကြည့်ကောင်းတဲ့လူတွေရှိဦးမှာ အဲ့တော့ ခေါင်းတုံးသင်္ကန်းစီးပြီး ဘုန်းကြီးသာဝတ်လိုက် အဲ နေဦး ဘုန်းကြီးကျောင်းမှာဆိုလည်း  ဆံပင်မရှိတာတောင်ကြံဖန်ပြီး စိတ်ဝင်စားနေရင် ဘယ်လိုလုပ်မလဲ ကျစ် ရှုပ်တယ်ကွာ တောထွက်လိုက်။ကျွန်တော်အားလုံးထောက်ပံ့မယ် ပရိက္ခရာရှစ်ပါးရော လစဉ်အစားအသောက်ရော။အဲ့တာ သံသရာကူးလည်းကောင်းတယ် တစ်ခြားလူတွေနဲ့လည်းကင်းတယ်။ဘယ်လောက်မိုက်လဲ။"

ရယ်ချင်စိတ်ကို မနည်းထိန်းထားရင်း အူတိုနေသောကောင်လေးကိုကြည့်ကာ

"မတရားလိုက်တာ သူကြတော့အိမ်ထောင်ပြုသားသမီး‌ေတွသားမယား‌ေတွနဲ့‌ေပျာ်ပြီး သူများကြတော့ တောထွက်ရမယ်တဲ့လား"

"ဒါပေါ့ လွန်လွင်လည်း ငယ်တော့တာမှမဟုတ်ပဲ  ဒီလောကီကိစ္စတွေစိတ်လျှော့လိုက်တော့ ပြီးရင် နောက်ဘဝကူးကောင်းအောင် ဘုရားတရားပဲလုပ်တော့လေဗျ နော်။ အဲ့‌တာ အရမ်းကောင်းတယ် ။စိတ်လည်း ငြိမ်းချမ်းပြီး ကုသိုလ်လည်းရ ဘယ်လောက်မိုက်လဲ"

လွန်သည် နှုတ်ခမ်းတွေကိုတစ်ချက်မဲ့လိုက်ကာ

"ဟွန်း အဲ့တာ ကောင်းမှန်းသိရင်လည်း မင်းဘာ့မင်းပဲဝတ်လိုက်ပါတော့လား ။ "

ထိုသို့ပြောတော့ သူက ပြုံးရင်း

"ကျွန်တော်ကမိန်းမယူဦးမှာလေ လွန်လွင်ရဲ့ ။လွန်လွင့်ကိုသာ စိတ်မချလို့ဝတ်ခိုင်းတာ "

ဒီကောင်လေးက ဘယ်‌ေလာက်တောင်  အတ္တကြီးလိုက်လေသလဲ ။ကိုယ်ကိုယ်တိုင်လည်း မပန်ပါဘဲ သူများပန်မှာကိုလည်း သိပ်ကြောက်‌ေလသတဲ့။

လွန်တစ်ယောက် ထိုကောင်လေးမသိအောင် သက်ပြင်းရှည်တစ်ချက်ကို ခိုးချရင်း။

*******************************

(ရက်အကြာကြီးပျောက်သွားတာ တောင်းပန်ပါတယ်ဗျ ။ဒါပေမယ့် စာတော့ရေးပြီး ခွင့်တိုင်ထားတယ်နော်😁 ။ဒါနဲ့ဟိုလေ ဒီနေ့နောက်တစ်ပိုင်းထပ်upပေးရဦးမလား ။အများကြီးupပေးရင် ကိုယ့်လူတို့ဆင်မပြေမှာစိုးလို့မေးတာပါ။)




Zawgyi

"အင္း "

"တကယ္ေနာ္ ဦး"

"အင္းဆိုကြာ ဘယ္လိုျဖစ္ေနတာတုန္း"

ထည္လင္းက သူ႕ကိုစိတ္မရွည္ေတာ့။ခြင့္ျပဳမယ္လို႔ေျပာၿပီးသည္ကိုပဲ ထပ္တလဲလဲျပန္ေမးေနေသာ မေဟာ္ မဟုတ္ေပလား။မေဟာ့္အေနႏွင့္ကလည္း ေသခ်ာခ်င္၍ျပန္ေမးျခင္းပါေပ ။သို႔ေသာ္ျငား ထပ္ေမးေနလွ်င္ လက္စာမိေတာ့မည္မို႔ အေက်နပ္ဆုံးမ်က္ႏွာထားႀကီးျဖင့္ၿပဳံးရင္း ကြန္ပ်ဴတာဖန္သားျပင္ကိုပင္ျပန္၍အာ႐ုံစိုက္‌ေနလိုက္ေတာ့၏။

အခ်ိန္ကား 8:30။
ျဖာေနေသာ လေရာင္သည္ ဖြင့္လွစ္ထားေသာ ျပတင္းေပါက္မွ အခန္းအတြင္းသို႔တိုးဝင္လာ၏။ၿမိဳ႕ျပမို႔ ထိုလေရာင္တိုးဝင္ျခင္းသည္ မာက်ဴရီမီးမ်ားေအာက္တြင္မထင္ရွားလွ။ခပ္ရိပ္ရိပ္ကေလးျဖစ္၏။

ထည္လင္းကိုၾကည့္လွ်င္ မွို႔ယာထူထူထက္ဝယ္ ကုတင္ေခါင္းရင္းကိုမွီထားေသာ ေခါင္းအုံးေပၚဝယ္ ေခါင္းမွီကာ ကုတင္းေဘးဘက္ စားပြဲေပၚတြင္ မေဟာ္ အသင့္ေဖ်ာ္ထားေပးေသာ ေကာ္ဖီတစ္ခြက္ျဖင့္ ဖုန္းၾကည့္ရင္း ဇိမ္က်ေနေလ၏။တစ္ေန႕တစ္ေန႕ သူ႕အလုပ္က သိပ္မရွိလွ။ေရခ်ိဳးခန္းဝင္လွ်င္ပင္ ေျခေခ်ာ္လဲမည္စိုးေသာေၾကာင့္  လိုက္ပို႔လိုက္ႀကိဳလုပ္ေပးေသာ ထိုေကာင္ေလးရွိသည္မဟုတ္လား။ႀကီးလွ်င္မွီငယ္လွ်င္ခ်ီဆိုေသာစကားက သိပ္ေတာ့ ေဘာင္မဝင္လွ။အသက္ႀကီးႀကီး ငယ္ငယ္ ခ်စ္ျမတ္နိုးျခင္းထုထည္ႏွင့္ပဲဆိုင္သည္ဟူ၍ ထည္လင္းယူဆမိပါ၏။

ဖုန္း Screenကိုၾကည့္ေနပါေသာ္လည္း ဖုန္းထဲစိတ္မေရာက္လွ ။ အေတြးနယ္ခ်ဲ့ရင္း အေက်နပ္ႀကီးေက်နပ္ေနမိသည္။ျဖစ္နိုင္ရင္ "ငါ‌့ေလာက္ဘယ္သူကံေကာင္းလဲ"လို႔ပါ တစ္ေလာကလုံးကို ႂကြားရင္း ဂုဏ္ယူေနမိမည္ထင္သည္ ။

ဖုန္းကို တစ္လွည့္ အလုပ္ႀကိဳးစားေနေသာ ေကာင္ေလး၏ေက်ာျပင္ကိုတစ္လွည့္ၾကည့္ရင္း ၿပဳံးမိသည္။

"ဦး ေညာင္းရင္ေခၚလိုက္ေနာ္။ကြၽန္ေတာ္ႏွိပ္ေပးမယ္။ "

"အင္း"

စကားစသည္တိုေတာင္းလွေသာ္လည္း ေက်နပ္ျခင္းပ်ားရည္ခ်ိဳစိမ့္စိမ့္သည္ ႏွလုံးေသြးေၾကာအစုံအတြင္း ယွက္ျဖာစီးဆင္းကာ စိမ့္ဝင္လ်က္ျဖစ္၏။

ေညာင္းရင္ သူလာၿပီး ဇက္ေၾကာဆြဲေပးလိမ့္မည္။
တစ္ခါတေလ ထည္လင္းစဥ္းစားမိပါသည္။ေလာက၏စည္းစိမ္ဆိုတာ ထိုအရာမ်ားလားလို႔ပါပင္ ။
မည္သို႔ပင္ျဖစ္ေစ ထည္လင္းအတြက္ကေတာ့ အနိုင္က်င့္သည္ဆိုဆို ဘာဆိုဆို သူ႕ကိုအၿမဲအနိုင္ရေနျခင္းႏွင့္ သူ႕ဆီက ျပည့့္ႏွက္ေနေသာ ခ်စ္ျခင္းေတြကို အပိုင္ရမိျခင္းက  ဘဝမွာအႀကီးမားဆုံးကံေကာင္းမႈျဖစ္သည္ဟူ၍ထင္မိပါ၏။

ၾကည္လင္႐ႊင္ပ်ေသာ မ်က္ႏွာေလးအားၾကည့္ရင္း မေဟာ့္ႏွလုံးသည္းပြတ္မွ အေပ်ာ္ေတြစိမ့္လာမိသည္။အခ်ိန္တိုင္း သူၿပဳံးေပ်ာ္ေနတာကိုသာ ျမင္လိုပါသည္ေလ။

ေန႕စဥ္မွတ္တမ္းေတြက ထူထဲသထက္ထူထဲလာတတ္သလို  သူ႕အၿပဳံးေတြကလည္း ထပ္ၿပီးရင္းထပ္လာကာအခ်ိန္တိုင္းမွာ ေနရာယူရင္း အပိုင္စိုးမိုးေနသည္ကိုပဲလိုခ်င္မိပါ၏။

*တစ္ခါတေလးမ်ားေတြးမိပါရဲ႕ ဒါဟာ ကိုယ့္ရဲ႕အတၱတစ္ခုမ်ားျဖစ္ေနမလားလို႔ေလ။*

မေဟာ္ အလုပ္ေတြၿပီးသြားေတာ့ ည9:30သြားေပၿပီ။
သူကေတာ့ ဖုန္းပိတ္ၿပီး အိပ္ယာထက္တြင္ေခြလွဲေနၿပီျဖစ္၏။မေဟာ္ ကုတင္‌ေပၚတက္ကာ  သူ႕အနားတိုးရင္း အိပ္ေပ်ာ္မေပ်ာ္ အကဲခတ္လိုက္ေလ၏။သူကေတာ့ ႐ႊန္းစစမ်က္ဝန္းအစုံကို ဝွက္ထားေနၿပီျဖစ္၏။ဘယ္ေလာက္ေတာင္  လူလည္က်လိဳက္သလဲေလ။ေသခ်ာေျပာထားၿပီးကာမွ။

မေဟာ္ တစ္ေယာက္ နဖူးေပၚၫြတ္က်ေနေသာ ဆံပင္ေတြကို ေလႏွင့္မႈတ္ထုတ္လိုက္၏။မထူးေတာ့ေလ သူက အိပ္ေပ်ာ္ေနၿပီဆိုေတာ့က ကိုယ္လည္း အိပ္႐ုံပဲရွိေတာ့သည္ေပါ့။

သူ႕နဖူးျပင္ေလးအား ခပ္ဖြဖြအနမ္းတစ္ခ်က္ေႁခြခ်ကာ
ေျခရင္းဘက္တြင္ရွိေသာ ေစာင္ကိုဆြဲကာ သူ႕ကိုယ္ေပၚလႊားလိုက္ၿပီး မိမိပါ ေစာင္အတြင္း ဝင္ေခြရင္း သူ႕ ခါးကိုဖက္ၿပီး အိပ္လိုက္ရေတာ့၏။ဘယ္သူျမင္ခဲ့မည္နည္း။မ်က္လုံးမွတ္ထားေသာ လူတစ္ေယာက္ၿပံဳးစစလုပ္ေနသည္ကို။

ည8နာရီေလာက္ကတည္းက ဒီေကာင္ေလးေရာက္ႏွင့္ေနသည္။

သူ႕ကိုတစ္ခ်က္ၾကည့္မိေတာ့ မိမိကိုယ္အား မ်က္ေတာင္မခတ္တမ္းၾကည့္ေနေလ၏။ေရခ်ိဳးရန္ အကၤ်ီေတာင္ မည္သို႔ ခြၽတ္ရမည္နည္းမသိေတာ့။ဒီေကာင္ေလးဟာ လူကိုအၿမဲေနရခက္ေစပါသည္ေလ။

"ဘာလုပ္ေနတာလဲ ေရခ်ိဳးမလို႔မဟုတ္လား ခြၽတ္ေလ အဝတ္ေတြ"

"အင္း ေရခ်ိဳးခန္းထဲမွာပဲခြၽတ္ေတာ့မယ္။"

ထိုသို႔ေျပာေတာ့ သူက မ်က္ခုံးႏွစ္ဖက္ကိုက်ဳံ႕ကာ

"က်စ္ ဒီမွာခြၽတ္ေတာ့ဘာျဖစ္လို႔လဲ"

"ေအး ေအး,ပါကြာ ဒီမွာပဲခြၽတ္ပါ့မယ္ ဟုတ္ၿပီလား"

သူက ကုတင္ေခါင္းရင္းကိုေက်ာမွီကာ  ဒူးတစ္ဖက္ကို အေပၚသို႔အနည္းငယ္‌ေကြးၫြတ္ထားၿပီး မ်က္လုံးမ်ားက စူးရဲစြာျဖင့္ပင္ ကုတင္ေျခရင္းမွ မိမိအား မ်က္လုံးမခြာနိုင္ေအာင္ကိုပင္ စိုက္ၾကည့္ေနေလ၏။

ၾကယ္သီးေတြကိုတစ္လုံးခ်င္းျဖဳတ္၍အဝတ္တို႔လစ္လပ္ကာေပၚလာသည့္ ျဖဴဥေနေသာေနမထိသည့္ေနရာေလးမ်ားက ဘယ္လိုေတာင္ဆြဲေဆာင္မႈရွိေနပါသနည္း။ကိုယ္ေသးေသးျဖဴျဖဴေလးကို ဖုံးအုပ္ထားသည့္ အဝတ္တို႔အကုန္ကြာက်သြားခ်ိန္တြင္မူ ေယာက္်ားေလးမို႔ ေျပေျပသာေကြ႕ေနေသာ ရင္ဘတ္ပိုင္းေတြက ထင္းလင္းျမင္သာလာသည္ေလ။႐ုတ္တရက္ပင္ အာေခါင္ေတြေျခာက္ၿပီး ေရဆာလာသလိုလို ခံစားလာရ၏။

သူကေတာ့ ရွက္၍လား၊မေနတတ္၍လားမေျပာတတ္မွန္တင္ခုံေပၚမွ အသင့္တင္ထားသည့္ တဘက္အျဖဴေလးကို ေက်ာေပၚလႊားတင္ရင္း ရင္ဘတ္ပိုင္းေတြကိုပါ အုပ္လိုက္ေလ၏။။

ေဖာင္းေဖာင္းကေတာ့ ျပပြဲ႐ုံတြင္ ဇာတ္ၾကည့္ေကာင္းေနေတာ့မွ ကန႔္လန႔္ကာခ်သြားသကဲ့သို႔ ခံစားရေသာေၾကာင့္ အားမရဟန္ျဖင့္ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္ေတာ့၏။

ေရခ်ိဳးခန္းထဲမွ ေရက်သံတို႔ၾကားေနရသည္။ထိုအရာ‌ေလးမွ႐ုန္းထြက္ရင္း တစ္ျခားသို႔အာ႐ုံေျပာင္းရန္ႀကိဳးစားေနေသာ စိတ္တို႔ကို ပို၍နစ္ဝင္ေစသလို ။တစ္ျခားကိုအာ႐ုံေျပာင္းမည္ႀကံတိုင္း ထိုေရက်သံတို႔က မိမိကို႐ုန္းထြက္ခြင့္မေပးပါေပ။

တစ္ခါတရံ အရိုင္းစိတ္ေပါက္တိုင္း ထိုျမတ္နိုးရသည့္လူသား၏အေသြးအသားေတြကို သိမ္းပိုက္ခ်င္လာသလိုလို။စိတ္ကို မနည္းခ်ဳပ္ထိန္းေနရသည့္ အႀကိမ္ေတြလည္း မ်ားလွၿပီ ။အျဖဴထည္ေလးမို႔ အေရာင္‌ေတြမစြန္းထင္းေစခ်င္ပါ။ၿပီးေတာ့ ကိုယ္မပန္နိုင္သည့္ ပန္းတစ္ပြင့္ကို အလကား စိတ္အလိုလိုက္႐ုံသက္သက္အတြက္ ခူးဆြတ္တာက တာဝန္မဲ့ရာက်လြန္းပါရဲ႕‌ေလ။

ဒီလူသားဟာ‌ေလ သူ႕ကိုဆိုရင္ ျမတ္နိုးရလြန္းလို႔  အေသြးအသားေတြကို မသိမ္းယူရက္ခဲ့ပါဘူး ။သို႔ေပမယ့္ ထိုအသက္အားကိုယ့္အပိုင္လို႔မွတ္ယူထားတာမို႔ ကိုယ္မပန္လည္း သူမ်ားမခူးေအာင္ သံကြန္ခ်ာခုႏွစ္ထပ္အုပ္ရင္း တစ္သက္လုံးအတၱႀကီးစြာႏွင့္သိမ္းဆည္းထားမွာမို႔ ထိုအတၱတစ္ခုကို အျပစ္လို႔ မျမင္‌ေစခ်င္ပါေလ။

"....."

တံခါးဖြင့္သံၾကားလိုက္ရသည္။
ေဖာင္းေဖာင္း၏မ်က္လုံးမ်ားသည္  ေရခ်ိဳးခန္းမွထြက္လာေသာ သူ႕ထံပါးသို႔ျပန္ေရာက္လာ၏။

ဗီရိုထဲမွ အဝတ္တစ္စုံအားထုတ္ကာ ကိုယ္ေပၚတြင္ဆင္ယင္လိုက္၏။သူကေတာ့ မမွိတ္မသုန္ပင္ မ်က္စိအရသာခံေနေလသည္။

အဝတ္အစားလဲၿပီးသည့္ေနာက္ ကုတင္ထက္သို႔တက္လာၿပီး သူ႕နံေဘးနားတြင္ပင္ လွဲေလ်ာင္းလိုက္မိ၏။ေက်ာက မွို႔ယာေပၚက်႐ုံပင္ရွိေသး သူက ခါးကိုခြလာေလ၏။ခါးကိုခြထား႐ုံႏွင့္ပင္အားမရေသး လူကို ရင္ခြင္ထဲထည့္ကာ တင္းက်ပ္စြာပင္ေထြးေပြ႕ထားျပန္သည္။တစ္ကိုယ္လုံးကို တင္းက်ပ္စြာေထြးငုံထားသည္မွာ အသက္ရႉပင္က်ပ္လာရသည္။

"သား အေသြးေလး လြန္လြင့္ကို လႊတ္ပါဦးကြာ။အသက္ရႈက်ပ္တယ္ေကာင္ေလးရ။"

ထိုေကာင္ေလးက မိမိစကားမ်ားကို မသိက်ိဳးကြၽံျပဳကာ
လက္ေတြကို တင္းက်ပ္ၿမဲတင္းက်ပ္စြာေပြ႕ဖက္ထားဆဲျဖစ္၏။လြန္လည္း ထပ္ၿပီးေျပာမေနေတာ့။သူဆိုသည္က သူျပဳမူခ်င္သည့္ကိစၥဆိုလွ်င္ ဒူးေထာက္ေတာင္းပန္လွ်င္‌ေတာင္ ရပ္မည့္သူမ်ိဳးမဟုတ္။

သူ႕ရင္ခြင္ထဲမွေန၍ ေလကိုမနည္းရႉသြင္းေနရေလ၏။

ခဏၾကာေတာ့ သူက သူ႕လက္ေတြကိုေျဖေလ်ာ့ကာ မိမိကိုယ္ကို ပက္လက္အေနအထားေျပာင္းလဲ‌ေစလိုက္ၿပီး သူ႕ကိုယ္ႏွင့္အေပၚမွ အုပ္မိုးလိုက္၏။

ရင္ခုန္သံေတြကပို၍က်ယ္ေလာင္လာသလိုခံစားရသည္။သူ႕ႏႈတ္ခမ္းမ်ားက မိမိ၏ႏႈတ္ခမ္းဖ်ားမ်ားႏွင့္ မထိရံုတမယ္တိုးကပ္ေနေလ၏။

ႏွလုံးခုန္ႏႈန္းေတြက အတိုင္းအဆမသိပင္ျမင့္တက္လာျပန္သည္ ။လူလည္း အလိုလိုေနရင္းပင္ ေမာဟိုက္ေနမိ၏။

သူ႕ရဲ႕ဝါးၿမိဳမတတ္အၾကည့္ေတြေအာက္မွာ ဘယ္ႏွစ္ခါေတာင္ က်ရႈံးမိေနၿပီမွန္းေတာင္ မေရတြက္နိုင္ေတာ့ပါ ။

တလွပ္လွပ္ခုန္ေနေသာရင္အစုံေအာက္က အသဲႏွလုံးကို ဘယ္အခ်ိန္ထိမ်ားဆြဲကိုင္လႈပ္ကာ ကစားေနဦးမည္နည္း။

တစ္ခါတည္းသတ္‌လည္းေသနိုင္ပါရဲ႕။ဒီေကာင္ေလးကေတာ့ လူကိုအႀကိမ္ႀကိမ္ကိုပင္ အညွာတာကင္းမဲ့စြာႏွိပ္စက္ေနျပန္၏။သူ႕ႏွာတံထိပ္ဖ်ားေလးက မိမိ၏ႏွာေခါင္းထိပ္ဘက္ကို ထိကပ္လာ၏။ဒီအေနအထားႀကီးက ရင္ကိုပို၍လွိုက္ေမာေစသည္။လူကို အေမာေဖာက္ၿပီး ေသေအာင္သတ္ေနသည့္ေကာင္ေလးပါပင္ ။

ဒီႏႈတ္ခမ္းဖ်ားေလးေတြေလ အညိုေရာင္သန္းေနေသာ ႏႈတ္ခမ္းသားေလးေတြ စိတ္ရွိလက္ရွိသာဆို ကိုက္ဆြဲပစ္ခ်င္မိပါသည္။ၿပီးေတာ့ နီျမန္းေနတဲ့ နား႐ြက္ဖ်ားေလးေတြ ငုံခဲထားခ်င္မိပါ၏။လည္တိုင္ေတြကို Markingရာေပးရင္း တစ္ကိုယ္လုံးက အေသြးအသားေတြကို အပိုင္သိမ္းပစ္လိုက္ခ်င္မိသည္။

*စိတ္ထိန္း စိတ္ထိန္း *

"ရင္ခုန္လား"

႐ုတ္တရက္ထြက္သြားခဲ့ေသာ စကားလုံးတစ္လုံး။သူက ရွက္႐ြံ႕ဟန္ျပဳကာ ေခါင္းကိုတစ္ဖက္သို႔ေစာင္းငဲ့ရန္ျပဳ၏။မိမိအေနႏွင့္ သူ႕ေခါင္းကိုတစ္ဖက္သို႔ေစာင္းငဲ့ခြင့္မျပဳနိုင္သည္မို႔ သူ႕ပါးျပင္ကိုကိုင္ၿပီး ခုနကအေနအထားအတိုင္းျဖစ္ေအာင္ျပန္လွည့္ကာ

"မလွည့္နဲ႕ ကြၽန္ေတာ့္အမိန႔္မရပဲ လႈပ္ေတာင္မလႈပ္နဲ႕ ။"

လူကို အဲ့အေနအထားႀကီးနဲ႕ပဲသတ္ေနသည့္ေကာင္ေလးပါေလ။သူ႕ႏႈတ္ခမ္းဖ်ားမ်ားႏွင့္မိမိႏႈတ္ခမ္းဖ်ားမ်ား စင္တီမီတာဝက္ေလာက္ပဲ ကြာေနရသည့္အေနအထား
ဘယ္ေလာက္ေတာင္ အေနခက္ရလဲဆိုတာ ဒီေကာင္ေလး မသိတာလား။သို႔မဟုတ္ မသိခ်င္ေယာင္ပဲေဆာင္ေနေရာ့သလား။

ညစ္ပတ္တယ္ပဲဆိုဆို သူအဲ့လိုရင္ခုန္ေနတာကို သေဘာက်တာမို႔လို႔ တမင္တကာကို အဲ့အေနအထားနဲ႕စကားေျပာေနျခင္းပါ ။ဘယ္သူက မသိပဲေနမလဲ ။အသက္ရႉႏႈန္းေတြျမန္ေနၿပီး လွိုက္ေမာဟိုက္ေနသည့္
သူ႕အေနအထားကို။အၿမဲလိုလို သူ႕ကို မိမိႏွင့္ေတြ႕တိုင္းရင္ခုန္ေစခ်င္ပါသည္ေလ။ဒီလိုမိမိ‌ေၾကာင့္ သူအေနရခက္ၿပီးရင္ခုန္ေနတာမ်ိဳးကို ေက်နပ္အားရမိတာမို႔လို႔ ဒီ့ထက္မက သူရင္ခုန္ေအာင္လုပ္ပါရေစေလ။

"ကြၽန္ေတာ့္ကိုရင္ခုန္ေနတယ္မဟုတ္လား"

"ဟာ ေပါက္တက္ကရ ဘယ့္ႏွယ့္ ကိုယ့္သားအ႐ြယ္ေလးကို ရင္ခုန္ရမွာတုန္း ကိုယ္နဲ႕႐ြယ္တူဆိုရင္တစ္မ်ိဳးေပါ့။"

ရယ္က်ဲက်ဲလုပ္ရင္း လိမ္ညာေနျခင္းက မပီျပင္လွပါ။ေကာင္ေလးက ႏႈတ္ခမ္းစြန္းတစ္ဖက္ကိုေကာ့တက္ကာ ၿပဳံးလိုက္၏။

"ေကာင္းၿပီေလ ရင္မခုန္ဘူးဆိုေတာ့ ၾကည့္ရတာ ကြၽန္ေတာ့္နည္းနည္းညံ့သြားလို႔ျဖစ္မယ္။"

သူဟာ စကားေတြအဆုံးမွာ လြန႔္ရဲ႕ လက္တစ္ဖက္စီက လက္ေခ်ာင္းေတြကို သူ႕တစ္ဖက္လက္ရဲ႕လက္ေခ်ာင္းေတြႏွင့္ယွက္ႏြယ္လိုက္ၿပီး ေဒါင္လိုက္အေနအထားျဖစ္ေနေသာ လက္ေတြကိုအေပၚသို႔ေခါက္ခ်ိဳးလိုက္၏။ၿပီးလွ်င္ ခပ္ဖြဖြဆုပ္ကိုင္ထားရာမွ ႐ုန္းလို႔မရေအာင္ကို တင္းက်ပ္လိုက္၏။သူ႕အျပဳအမူေၾကာင့္ လြန္နားမလည္နိုင္စြာၾကည့္ေနမိေသာ္လည္း သူကေတာ့ ဂ႐ုစိုက္ပုံမေပၚေတာ့ပါ။သူ႕ႏႈတ္ခမ္းေတြကို လည္တိုင္ေပၚတင္ၿပီး မထိတထိ ပြတ္ဆြဲေနေတာ့၏။သူ႕အျပဳအမူေၾကာင့္ လြန့္မွာလည္း ေနရခက္လာ၏။လက္ေတြက ႐ုန္းကန္ေတာ့လည္း ဒီေကာင္ေလးကအလြတ္မေပး။႐ုန္းကန္လႈပ္ရွားရင္းႂကြလာ‌ေသာလက္မ်ားကို မွို႔ယာထက္‌ေပၚပင္ ျပန္လည္ေဆာင့္ဆြဲခ်ေလ၏။

"ေကာင္ေလး ။ ဘယ္လိုေတြလုပ္ေနတာလဲကြာ။"

"ဘာလဲ ရင္ခုန္လို႔လား"

"ဟင့္အင္း...။ ေနရခက္လို႔"

"ဟက္ ရင္မခုန္ဘူးဆို ။ရင္မခုန္ရင္ ဘာအထိအေတြ႕ကိုမွခံစားမေနနဲ႕ေလ အခုက အဲ့အထိအေတြ႕ကို ခံစားမိလို႔ေနရခက္ေနတာေပါ့"

"မဟုတ္...။ အင္း...

သူက လွ်ာဖ်ားေတြပါပါလာေလ၏။လွ်ာဖ်ားေတြႏွင့္ ပြတ္တိုက္ဆြဲေနေတာ့ လူက မခံနိုင္ေတာ့။တစ္ခါတရံနား႐ြက္ဖ်ားေတြကိုပါရန္ရွာလာသလို တစ္ခါတေလ အေပၚၾကယ္သီးမတြယ္ထားေသာေၾကာင့္ ဟိုက္ေနေသာေနရာမ်ားကိုပင္အလြတ္မေပးေတာ့ ။

"ေတာ္...ေတာ္..ေတာ္ပါေတာ့ကြာ။ဟုတ္တယ္ လြန္လြင္ လြန္လြင္ မင္း အထိအေတြ႕ေတြကို ရင္ခုန္မိတာ ဝန္ခံပါတယ္ ေတာ္...ေတာ္ပါေတာ့။အင္း.....။"

သူက ေက်နပ္ဟန္ျဖင့္ တြန႔္ခ်ိဳးၿပဳံးသြားသည္ ။ၿပီးလွ်င္ လြန႔္လက္ေတြကို လႊတ္ေပးလိုက္ၿပီး သူ႕ကိုယ္ေပၚမွ ျပန္ဆင္းေပးကာ ေနရာမွာပင္ ျပန္ဝင္လွဲလိုက္၏။

"လာ ကြၽန္ေတာ့္ရင္ခြင္ထဲကို "

သူ႕အမိန႔္ေၾကာင့္  သူ႕ရင္ခြင္ထဲတိုးဝင္လိုက္မိ၏။သူက ရင္ခြင္ထဲတိုးဝင္လာေသာလြန္၏ ပါးျပင္ကို အားရပါးရ နမ္းရွိုက္လိုက္၏။ၿပီးလွ်င္

"လြန္လြင့္ ခႏၶာကိုယ္တစ္ခုလုံးကို ကြၽန္‌ေတာ္ပဲပိုင္တာမို႔လို႔ တစ္ျခားတစ္ေယာက္ကို မေပးရဘူး ။ၾကားလားလြန္လြင္။"

"အင္း"

"ေျပာၿပီးၿပီေနာ္ လြန္လြင္က ကြၽန္ေတာ့္အပိုင္။ဒါ့ေၾကာင့္မလို႔ ရည္းစားမထားရဘူး ။အိမ္ေထာင္မျပဳရဘူး ။sexမလုပ္ရဘူး။"

"အင္း သား အိမ္ေထာင္ျပဳျပ‌ီးမွပဲ လြန္လြင္လည္း လက္တြဲေဖာ္ရွာမယ္ေလေနာ္"

ရင္ခြင္ထဲမွ ထြက္ေပၚလာေသာ အသံေလးေၾကာင့္ ေဖာင္းေဖာင္းမ်က္ခုံးေတြက်ဳံ႕သြား၏။

"ဘာ!!!။မရဘူးဗ်ာ။ ရည္းစားမထားရဘူး အိမ္ေထာင္မျပဳရဘူး sexမလုပ္ရပါဘူးဆို အဲ့လက္တြဲေဖာ္ဆိုတာလည္းမရွာရဘူး‌ေပါ့ ရႈပ္တယ္  လူေခ်ာေတြနဲ႕ေတြ႕ရင္ စကၠန႔္ဝက္ေလာက္ၾကာေအာင္ေတာင္ စိုက္မၾကည့္ရဘူး  ဘယ္သူ႕ဘယ္သူကိုမွစိတ္မဝင္စားရဘူး ဘယ္ပုရိသ ဘယ္ဣတၳိယကိုမွ စိတ္နဲ႕ေတာင္ မျပစ္မွားရဘူး အာ မဟုတ္ ေဖာ္ေဖာ္ေ႐ြေ႐ြေတာင္မဆက္ဆံရဘူးဗ်ာ အာ..ရႈပ္တယ္ တစ္ခါတည္း တရားစခန္းသာဝင္ေနလိုက္ က်စ္ မဟုတ္ဘူး တရားစခန္းမွာဆို နည္းနည္းၾကည့္ေကာင္းတဲ့လူေတြရွိဦးမွာ အဲ့ေတာ့ ေခါင္းတုံးသကၤန္းစီးၿပီး ဘုန္းႀကီးသာဝတ္လိုက္ အဲ ေနဦး ဘုန္းႀကီးေက်ာင္းမွာဆိုလည္း  ဆံပင္မရွိတာေတာင္ႀကံဖန္ၿပီး စိတ္ဝင္စားေနရင္ ဘယ္လိုလုပ္မလဲ က်စ္ ရႈပ္တယ္ကြာ ေတာထြက္လိုက္။ကြၽန္ေတာ္အားလုံးေထာက္ပံ့မယ္ ပရိကၡရာရွစ္ပါးေရာ လစဥ္အစားအေသာက္ေရာ။အဲ့တာ သံသရာကူးလည္းေကာင္းတယ္ တစ္ျခားလူေတြနဲ႕လည္းကင္းတယ္။ဘယ္ေလာက္မိုက္လဲ။"

ရယ္ခ်င္စိတ္ကို မနည္းထိန္းထားရင္း အူတိုေနေသာေကာင္ေလးကိုၾကည့္ကာ

"မတရားလိုက္တာ သူၾကေတာ့အိမ္ေထာင္ျပဳသားသမီး‌ေတြသားမယား‌ေတြနဲ႕‌ေပ်ာ္ၿပီး သူမ်ားၾကေတာ့ ေတာထြက္ရမယ္တဲ့လား"

"ဒါေပါ့ လြန္လြင္လည္း ငယ္ေတာ့တာမွမဟုတ္ပဲ  ဒီေလာကီကိစၥေတြစိတ္ေလွ်ာ့လိုက္ေတာ့ ၿပီးရင္ ေနာက္ဘဝကူးေကာင္းေအာင္ ဘုရားတရားပဲလုပ္ေတာ့ေလဗ် ေနာ္။ အဲ့‌တာ အရမ္းေကာင္းတယ္ ။စိတ္လည္း ၿငိမ္းခ်မ္းၿပီး ကုသိုလ္လည္းရ ဘယ္ေလာက္မိုက္လဲ"

လြန္သည္ ႏႈတ္ခမ္းေတြကိုတစ္ခ်က္မဲ့လိုက္ကာ

"ဟြန္း အဲ့တာ ေကာင္းမွန္းသိရင္လည္း မင္းဘာ့မင္းပဲဝတ္လိုက္ပါေတာ့လား ။ "

ထိုသို႔ေျပာေတာ့ သူက ၿပဳံးရင္း

"ကြၽန္ေတာ္ကမိန္းမယူဦးမွာေလ လြန္လြင္ရဲ႕ ။လြန္လြင့္ကိုသာ စိတ္မခ်လိဳ႕ဝတ္ခိုင္းတာ "

ဒီေကာင္ေလးက ဘယ္‌ေလာက္ေတာင္  အတၱႀကီးလိုက္ေလသလဲ ။ကိုယ္ကိုယ္တိုင္လည္း မပန္ပါဘဲ သူမ်ားပန္မွာကိုလည္း သိပ္ေၾကာက္‌ေလသတဲ့။

လြန္တစ္ေယာက္ ထိုေကာင္ေလးမသိေအာင္ သက္ျပင္းရွည္တစ္ခ်က္ကို ခိုးခ်ရင္း။

*******************************

(ရက္အၾကာႀကီးေပ်ာက္သြားတာ ေတာင္းပန္ပါတယ္ဗ် ။ဒါေပမယ့္ စာေတာ့ေရးၿပီး ခြင့္တိုင္ထားတယ္ေနာ္😁 ။ဒါနဲ႕ဟိုေလ ဒီေန႕ေနာက္တစ္ပိုင္းထပ္upေပးရဦးမလား ။အမ်ားႀကီးupေပးရင္ ကိုယ့္လူတို႔ဆင္မေျပမွာစိုးလို႔ေမးတာပါ။)


Continue Reading

You'll Also Like

150K 15K 11
ကိုယ့္ထက္ငယ္ၿပီး ကေလးကြက္မ်ားစြာႏွင့္ ေလာကထဲဝင္ဖို႔ႀကိဳးစားရင္း ကိုယ့္ကို ဒုကၡအေပးႏိုင္ဆံုး လူသားကို ေစာင္ခေလးဟုေခၚသည္။
963K 51.5K 46
12.12.2021 >>> 1.4.2022
1M 96.6K 68
တစ်ချို့သော ငြိတွယ်မှုတွေက စောစောစီးစီးသိရတယ် တစ်ချို့ ခံစားချက်တွေက နောက်ကျမှသိရတယ် တစ်ချို့ အချစ်တွေကိုတော့ အချိန်လွန်မှသိရတယ် 2nd person Cover...
844K 130K 153
Guide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 E...