Part(29)

2.8K 212 14
                                    

Unicode

"ဇွဲ ကိုယ့်ကိုအပျော်ကြံနေတာလားဟင်"

ဂုဏ်ရှိန်မင်းစကားကြောင့် ကျောပေးထားသော ဇွဲကို
ကြိတ်ကာ ပြုံးမိ၏။

"ဘာလို့ အဲ့လိုထင်ရတာလဲ ဟင် ခင်ဗျားက "

တစ်ဖက်သို့လှည့်လာကာ ပြောသော ဇွဲကို၏ဟန်ပန်နှင့် ရယ်ကျဲကျဲလုပ်နေသော အမူအရာတို့က သူ့ကိုလှောင်သလို ခံစားရသည်မို့ ဘုကြည့်ကြည့်ပြီး ကျောပြန်ပေးလိုက်သည် ။

"ဟက် စိတ်ဆိုးတာလားဗျဟမ် "

ဇွဲကို၏အမေးကို ဂုဏ်ရှိန်မင်း ပြန်မဖြေ။ခပ်ဆိတ်ဆိတ်ပင်နေနေလိုက်၏။

"ယူမှာပေါ့ဗျ ။ဒါပေမယ့် အခုထိ ခင်ဗျားက ကျင့်သားမှမရသေးတာ"

"ဘာကိုလဲ "

"ခင်ဗျားကို ကျွန်တော် မောင်လို့ခေါ်ခိုင်းထားတာလေ သက်တမ်းပဲငါးနှစ်ရှိပြီ အခုထိ အဲ့တစ်လုံးခေါ်တာတောင် ကျင့်သားရသေးလို့လား"

"ဟာ အဲ့လိုမခေါ်ချင်ဘူးကွာ"

စိတ်ရှုပ်ထွေးစွာဖြင့် သူ့အားပြန်ပြောလာသော ဂုဏ်ရှိန်မင်းကို ခေါင်းခါကာကြည့်လိုက်ပြီး

"ထားပါလေ အဲ့တာဆိုလည်း လက်ထပ်ကြတာပေါ့ "

"တကယ်နော် "

"ဒါပေါ့ဗျ ကျွန်တော်က ခင်ဗျားကိုညာပါ့မလားဗျ ဟမ် "

လက်ထပ်မည်ပြောပါသော်လည်း သူ့မေးကိုဆတ်ခနဲဖမ်းဆွဲကာ လှုပ်ယမ်းသော သူ့ကို မကြည်ဖြူချင် ။သို့ပေမယ့် သည်းခံရဦးမည်ပေါ့ ဟင်း ဟင်း။

သို့နှင့် မောင်ဇွဲကိုကိုအောင်နှင့် မောင်ဂုဏ်ရှိန်မင်းတို့၏
မင်္ဂလာဧည့်ခံပွဲဟူသည့် စာတန်းကြီးဖြင့် သူတို့လည်း တူနှစ်ဖြာ ဂဟေဆက်လို့ ချစ်သူရည်းစားဘဝမှ အိမ်ထောင်သည်ဘဝဆီသို့ကူးပြောင်းရင်း။

ဘယ်သူသိမှာလဲ ပန်းကြဲတဲ့‌ကောင်လေးအတွက် ထိုတစ်နေ့က စန်းပွင့်ခဲ့တဲ့နေ့ဆိုတာလေ။

______________________________________

ကော်ဖီငွေ့လေးကနှာခေါင်းဝသို့တိုးဝင်လာ၏။ပြီးလျှင်မူ ကောင်လေးတစ်ယောက်ရဲ့ ခပ်လွင်လွင် အသံလေးအား သူကြားလိုက်ရသည်။

ချစ်သော...ဦး S(2)[Mother is Father]Where stories live. Discover now