Part(32)

2.3K 174 19
                                    

Unicode

မနက်လင်းရောင်ခြည်တို့က ပြတင်းပေါက်မှန်မှဖြတ်သန်းဝင်ရောက်လာသည်။

အားလုံးဟာလည်း နိစ္စဓူဝလုပ်ငန်းများကို ကိုယ်စီလုပ်ကိုင်နေကြ၏။

ထည်လင်းကတော့ မိမိ အချိုးအစားပြင်ဆင်ပေးပြီး အစပျိုးချက်ထားပေးခဲ့သော ဟင်းလျာများကို ပြီးစီးအောင်ချက်ပြုတ်နေသည့် မဟော့်အား ဧည့်ခန်းအတွင်းမှပင် ထိုင်စောင့်နေလေ၏။

"ဦး ပြီးပြီ သွားမယ် ။လာဗျာ ကျွန်တော့်ကလေး
လေး အား ချစ်လိုက်တာဗျာ"

မဟော်က ထည်လင်းကို ထူမပေးရင်း စကားတပြောပြောနှင့် ပါးပြင်တွေကိုအနမ်းပေးလိုက်လေ၏။ထည်လင်း ထိုလူသား၏အပြုအမူကြောင့်ကြည်နူးရပါ၏။ ကိုယ့်ကို သူစိမ်းတစ်ယောက်က ဟောဒိလို အသက်အရွယ်အထိ စိတ်ရှည်သည်းခံပြီး အားလုံး အသေးစိတ်ကလေးကအစ လိုပ်လံဂရုစိုက်ရင်း အချစ်မပြတ်သည်မှာ ဘယ်လောက်တောင် ကျေနပ်စရာကောင်းတဲ့ကိစ္စလဲ။တစ်ချို့ဆို အိမ်ကလူ အသက်လေးဆယ်လောက်ရောက်တာနဲ့ အပြင်မှာ အငယ်ထားချင်နေပြီ။အရင်က ချစ်တယ်ဆိုတဲ့စကားကို ကိုယ်စောင့်နတ်နားမခံသာတဲ့အထိ တဖွဖွပြောတတ်တဲ့ တစ်ချို့က အသက်တွေများကြီးလာရင် စိတ်မရှည်ရတာနဲ့ ဝဋ်တစ်ခုလိုသဘောထားရတာနဲ့ ။ဟိုးအရွယ်ကောင်းတုန်း နုပျိုမြစ်‌ေနတုန်းကများဆို မင်း အသံလေးက ပျားရည်လေးလိုပဲ ချိုမြတယ်လို့ဆိုတဲ့လူတွေက အသက်တွေကြီးလာပြီး အထီးကျန်ဆန်လို့ စကားများများပြောမိတော့ စကားကိုများတယ်ဆိုတာမျိုး။အနာရောဂါများမသည်းမိလိုက်နဲ့ သည်းမိတာနဲ့တင် လူပိုကြီး မိသားစုပိုက်ဆံကိုထိုင်ဖြုန်းနေတဲ့လူကြီးလို မကြည်မသဒ္ဒါတဲ့အကြည့်တွေနဲ့ကြည့်နေကြတဲ့တစ်ချို့လူတွေ။ဪ တစ်ခါတလေကြတော့လည်း လောကကြီးက အသက်တွေကြီးလာလေလေ ပိုပြီးကြောက်စရာကောင်းလာလေလေပါပဲလား ။ ချစ်တယ်ဆိုတဲ့စကားက ယုံရခက်ခက်ရယ်။အချစ်စစ်ဆိုတာ ကံစမ်းမဲနှိုက်ရသလိုပါပဲ။ဗလာမဲချည်းများနေပြီး ပေါက်မဲ တစ်လိပ်လောက်ပဲပါတာမျိုး ။

အခု ဒီကံစမ်းမဲမှာတော့ ထည်လင်း ကံကောင်းခဲ့သည်ပေါ့။

မဟော့်မှာ ထည်လင်း၏ကိုယ်လေးကို ဖက်ထားပြီး လမ်းလျှောက်ထွက်လာလေ၏။ဟိုးအရင်က ဒီလိုလမ်းမလျှောက်ဖြစ်ပေမယ့် အခုနောက်ပိုင်းတော့ ထည်လင်းကျန်းမာရေးအတွက် မနက်အစောပိုင်းလမ်းအတူလျှောက်ပေးဖြစ်၏။ညနေပိုင်းဆိုလည်း ဈေးသွားဝယ်
လျှင် သူ့ကိုပါတစ်ခါတည်းခေါ်ရင်း လမ်းလျှာက်တတ်၏။ကိုယ်ကတော့ ဘေးဘက်ကထိန်းပေးရင်း။

ချစ်သော...ဦး S(2)[Mother is Father]Where stories live. Discover now