Zawgyiမရဘူးဆိုလို့ပြန်တင်ပေးတာပါဗျ။
ကျွန်တော့်ထဲမှာ ပြန်ကြည့်တော့ရတယ်ဗျ ။အဆင်မပြေဖြစ်သွားတဲ့လူတွေအတွက် တောင်းပန်ပါတယ်ဗျ။🙏🙏🙏
ခပ်ရိပ်ရိပ်ကလေးပြေးနေသော နေဝန်းနီ၏အရောင်စပ်တို့အကြား သားပျောက်ရှာပုံတော်ဖွင့်နေရသည်မှာ ထည်လင်းဖြစ်သည်။သူ့အစ်မတွေနှင့်ဆော့ဖို့လွှတ်ထားရာမှ သူတစ်ယောက်တည်းကွဲထွက်ပြီး ဘယ်ရောက်လို့ရောက်မှန်းမသိ။မဟော့်ကိုတစ်လမ်းလွှတ် သူတစ်လမ်းရှာနှင့်နေတောင်အတော်စောင်းနေပေပြီ။
သားလေး စိတ်တွေအရမ်းညစ်ပြီး လျှောက်များသွားသလား ။တစ်ယောက်တည်း အတွေးဂယက်တို့ချာချာလည်လျက်။
ထိုစဉ်
"ဖေဖေရေ ဟီး"
ငိုကြီးချက်မနှင့် တစ်ဖက်ကခြင်းတောင်းသေးသေးလေးကိုလက်မှာချိတ်လို့ နောက်တစ်ဖက်က ပုဏ္ဏားရိပ်ပန်းအဆုပ်လိုက်ကိုသေချာကိုင်ကာ တစ်ကိုယ်လုံးလည်းရွှံ့လူးနေလေပြီး ထည်လင်းဆီကို ဦးတည်ပြေးလာသောအကောင်ပေါက်လေး ။ နောက်က မဟော်က လမ်းပေါ်ကကောက်လာဟန်တူသော တုတ်နှင့်လိုက်လျက်။
"ဖေဖေရေ တားကိုကယ်ပါဦး ဟီး "
"သား သား ဘယ်တွေလျှောက်သွားနေတာလဲဟမ် သားလေး "
"တား ဈေးတွားဝယ်ရာ ဖေဖေ။"
ဖောင်းဖောင်း စကားကိုထည်လင်းသိပ်နားမလည်ပါ ။
ဘယ်တုန်းကမှလည်း ဈေးဝယ်မခိုင်းဖူးပါဘဲနဲ့ ဘယ်လိုဖြစ်လို့ ဆေးသွားဝယ်သနည်းမသိ။
"ဟိုကောင် လာစမ်း လာ "
"ဖေဖေ ဟီး ဟီး"
ထိုကောင်လေးသည် ထည်လင်းရင်ခွင်ထဲအတင်းတိုးဝင်လာ၏။သူ့Daddyလက်က အလုံခြုံဆုံးသော နေရာမဟုတ်လား။
"မဟော်ရာ ကလေးကိုမလုပ်ပါနဲ့ကွာ ။ဘယ့်နှယ့် ကလေးကို ကိုယ့်သားသမီးမဟုတ်တဲ့အတိုင်းကျွဲလိုနွားလိုလိုက်ရိုက်နေတာ "
"ကျစ် ဦး သားလုပ်ပုံလည်းကြည့်ဦးလေဗျာ။ မိဘတွေစိတ်ပူနေမယ်ဆိုတာ ဒီကောင်နားမလည်ဘူးလား"
အကောင်ပေါက်လေးက သူ့Daddyကိုကြောက်လို့ ထည်လင်းရင်ခွင်ထဲတွင် ရှိုက်နေလျက်။
"ကလေးကို ဆုံးမတာ လူလိုဆုံးမမှပေါ့ အခုတော့ မင်းဟာကမဟုတ်သေးပါဘူး ။ငါမွေးထားတာ လူလေးတွေကွ နားလည်လား ။ခံစားတတ်တယ် ပြောရင် သိတတ်
တယ် နားလည်တတ်တယ် လူစကားလည်းနားလည်တယ်ကွ "
"ဟက် ဦး အဲ့လို ကျပ်ကျပ်အလိုလိုက် ။ဒီကောင်က ..."
"ခွပ်"
စကားတောင်မဆုံးလိုက်ခင် မဟော့်ပါးပြင်ပေါ်ကျလာသည့် အားပြင်းပြင်း လက်သီးတစ်ချက်။
ထို့နောက်တွင်မူ ငြှိုးမာန်ဝေစွာဖြင့် အကြည့်တစ်ချက်
ကို ဒါတောင်ထိန်းထားလိုက်လို့ ဟူသော ပုံစံမျိုးဖြင့်ကြည့်ပြီး သားငယ်ကိုချီကာ ထည်လင်း အိမ်ပြန်ခဲ့လေသည် ။ မဟော်ကတော့ နောက်မှတရွေ့ရွေ့ပင်လိုက်ပါလာလေ၏။သူ့အတွက် ဒါက မထူးဆန်းတော့သည့်အရာမို့ ရင်မှာခံစားပြီးလည်း အတွင်းကြေမနေနိုင်တော့ပါ ။အသည်းနှလုံးက အသားမာတက်ကာထုံနေပြီမို့ ဒီ ဘာမဟုတ်တဲ့ အသေးအမွှားလေးတွေကို မဟော်လိုက်ခံစားမနေတော့ပါပေ။
သူသိပါသည်လေ ။သူ့ဦးက သားသမီးနှင့်ပတ်သက်လာလျှင် ဘယ်လိုလူမျိုးကိုမှ ခွင့်မလွှတ်တတ်သည်ဆိုတာကို။
အိမ်ပြန်ရောက်တော့ ထည်လင်းတစ်ယောက် ရွှံ့တွေပေပွနေသည့် ဖောင်းဖောင်းအား ရေချိုးသန့်စင်ရန်ရေချိုးခန်းထဲခေါ်လာလိုက်၏။
"သား ဘယ်တွေလျှောက်သွားနေတာလဲကွဟေ"
"တား ဈေးတွားဝယ်နေရာပါဆို"
"ဈေးသွားဝယ်တယ်ဟုတ်လား ဘယ်သူကခိုင်းတာလဲ သားရဲ့ ဖေဖေ့ကိုပြောစမ်းပါ"
"တာဝန်အရရေ ဖေဖေရဲ့ "
သူ့ကိုယ်သူ စစ်သားကြီးလို ရင်ကိုကော့ကာ သတိအနေအထားဖြင့် လက်နှစ်ဖက်ကိုဘေးကပ်လျက် သေချာပြောလာသော သားငယ်။အသည်းအသက်လေးလေ။
ထည်လင်းသူ့တာဝန်ကို သိချင်မိသည်နှင့်
"ဘာ တာဝန်လဲ သားရဲ့"
"တားတို့စစ်တိုက်တိုင်းဆော့နေရာရေ အဲ့မှာ မမက စစ်ဗိုလ်မကြီး ၊မမထက်နဲ့မမမြတ်က စစ်ချာဝန်တွေကို"
"ဟာ ဒါဆို ငါ့သားက စစ်ဗိုလ်ကြီးပေါ့ ဟုတ်လားသား"
ထည်လင်း သားအပြောကိုမစောင့်နိုင်ပဲ ဆီးပြီးပြောမိတော့ ထိုကောင်လေးက ခေါင်းခါရမ်းကာ
"ဟုတ်ဝူး တားက စစ်မန်မန်ချက်"
သားပြောသော စကားကို ထည်လင်းအစကနားမလည်ပါပေ သို့ပေမယ့် သေချာပြန်တွေးကြည့်တော့မှ
ရယ်ရခက်ငိုရခက်ပါလေ ။သားကတာဝန်အကြီးကြီး ထမ်းဆောင်နေရတာကို။သူထမင်းစားရင် "သားလေးရေ မန်မန်စားမယ် မန်မန်စားမယ်"ဟု ပြောတာကိုမှတ်ပြီး အံမယ် စစ်မန်မန်ချက်ဆိုပါလား ။ရာထူးအသစ်တိုးထားသည်ထင်၏။
ဪ ကစားတာတောင် စစ်ဗိုလ်မဖြစ်သောသားငယ်က မန်မန်ချက်ဘဝကိုကျေနပ်ရင်း ဈေးဝယ်ထွက်ကာ
သူ့Daddyရိုက်တာတောင်ခံခဲ့သည်ကို။
"ဖေဖေကလေ သားလေးပျောက်လို့စိတ်ပူနေတာ သားရဲ့ နောက်တစ်ခါအဲ့လိုလျှောက်မသွားရဘူးနော် သား"
"ဟုတ် နောက်တစ်ခါ အဲ့လိုလျှောက်သွားတော့ဝူးဖေဖေ"
"နောက်တစ်ခါ လျှောက်သွားရင်လည်း အသက်ပျောက်နိုင်တယ်"
မဟော့်အသံကြောင့် ထည်လင်း မျက်ခုံးတို့ကြုံ့ကာအနောက်လှည့်ကြည့်မိ၏။
"ဦးသားကလေ နယ်ကျော်ပြီးတော့ ဟိုးရထားလမ်းအနောက်ဘက်က ဟို ငါးကန်တွေရှိတဲ့ ကွင်းထဲဘက်မှာ ဗေဒါပန်းတွေခူးနေတာ"
"အယ် ဘယ်လို ။"
ထည်လင်းရင်ထဲ ထိတ်သွားရ၏။ဟုတ်ပါရဲ့လေ အဲ့တာကြောင့် ဟိုခြင်းသေးသေးလေးထဲမှာဗေဒါပန်းတွေပါလာပြီး လူတစ်ကိုယ်လုံးလည်း ရွှံ့တွေလူးနေတာကို။
"မသေကောင်းမပျောက်ကောင်း အဲ့မှာကြည့် ။ခြေချော်ပြီး ငါးကန်တွေထဲပြုတ်ကျရင်ရေနစ်ပြီးသေနေမှာ"
"ဘုရား ဘုရား"
ထည်လင်း ဘုရားတမိသည် ။ကံကောင်း၍သာ သားကို ယခုလို အသက်ရှင်လျက်တွေ့ရခြင်းပါပင်။ငါးကန်တွေက ဒူးလောက်ပေါင်လောက်နစ်တာမဟုတ်။သာမန်လူအရပ် သုံးယောက်ဆင့်နီးနီးလောက်နစ်သည့်ကန်ကြီးတွေ မတော်လို့ ဖောင်းဖောင်းလေးများပြုတ်ကျသွားရင်လေ ထည်လင်းရင်ကျိုးရမည့်ဖြစ်ခြင်း။
ထည်လင်း ကြွေဇလုံထဲမှ သားငယ်ကို ဖက်လိုက်မိသည်။
"သားရယ် ....နောက်အဲ့လို လျှောက်မသွားရဘူးနော် ကြားလားသား ဖေဖေ့ကိုကတိပေးစမ်းသားလေး ။"
"ဟုတ်ဖေဖေ တား ဖေဖေ့ကိုကတိပေးတယ် နော်။တား နောက်ဘယ်တော့မှ ဖေဖေနဲ့Daddyစိတ်ပူအောင် အဲ့ရိုလျှောက်သွားတော့ဝူးနော်ဖေဖေ ။"
ထည်လင်းသည် သားငယ်၏ကတိစကားကိုကြားနာပြီးနောက် သားငယ်လေး၏နဖူးကိုငုံ့မိုးကာနမ်းလျက်။
"မောင်ရေး ဘယ်တွေလျှောက်သွားနေတာရဲ ပူတူးရေး"
"တား ဘယ်မှ လျှောက်သွားပါဝူးမမရဲ့ ဟိုနားရေးပါပဲ "
ရေချိုးခန်းထဲဝင်လာကာ သူ့ကိုဖက်တွယ်ရင်း ပူပန်စကားဆိုလာသော အစ်မဖြစ်သူကို စိတ်သက်သာစေရန်အတွက် ဖောင်းဖောင်းငယ်သည် အလှဆုံးအပြုံးတွေဖြင့်ပြုံးလျက် ။လုပ်ချင်တာလုပ်ပြီးလျှင် အလှဆုံးအပြုံးတွေဖြင့်ပြုံးပြနေတတ်သည့်ကောင်လေးလေ။
"နောက် မောင်ရေး စစ်မန်မန်ချက် လုပ်ရတော့ဝူး မမ စစ်တိုက်နေတုန်းနေတုန်းမောင်ရေးက လျှောက်ထွက်သွားရယ် ။မမဆီပြန်ရာရို့မရရင် ဘယ်ရိုလုပ်မလဲ မောင်ရေးရဲ့ ဟင်"
"တားက ပြန်ရာခဲ့မှာပေါ့မမကရဲယ် အချိန်တန်ရင်ရေ တားကိုမျှော်နေတဲ့ Daddyရယ် ဖေဖေရယ် မမရယ်ဆီ တားပြန်ရာခဲ့မှာပေါ့ "
______________________________________
သားတစ်ယောက်အနေနဲ့ ပြီးတော့ မောင်တစ်ယောက်အနေနဲ့ ပေးခဲ့တဲ့ကတိလေးတစ်ခုက အမြဲတမ်း ဟိုးရင်ဘတ်ရဲ့အနက်ရှိုင်းဆုံးတစ်နေရာကို အချိန်တန်ရင် အိမ်ပြန်လမ်းကိုရှာဖို့အတွက် သတိပေးရိုက်ခတ်နေခဲ့သည်လေ။
______________________________________
(Thank for reading 😊
ပြီးတာတော့ ပြီးတော့မယ်ထင်တယ် ။နောက်တစ်ခန်းမှာတင် အဖောင်းလေး လူကြီးဖြစ်နိုင်ပြီ။)
_______________________________