Rebirth for (BL) (completed)
By fujoshipmama
152K 13.9K 232
Both Uni and Zawgyi အမွေကိုလောဘတက်တဲ့ဆွေမျိုးတွေရဲ့သွေးထိုးစကားကြောင့်ကျေးဇူးရှင်တွေကို ဒုက္ခ ရောက်စေမိတဲ့ပိ... More
ဖတ်ပေးပါ
Part. 1
Part. 2
Special part
Characters
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Update အကြောင်း
Part (10)
Part (11)
Part (12)
Part (13)
Part (14)
Part (15)
ဒီနေ့updateမရှိ
Part (16)
Part (17)
Part (18)
Part (19)
Final Part
Part 3
7K 704 13
By fujoshipmama
(Uni)
ဒီနေ့အာဏာကသူ့ကိုရှောင်နေသလိုပင်။
သေသေချာချာစဉ်းစားလည်းသူအမှားမလုပ်ထားတာတော့သေချာပါတယ်။ထိုသို့စဉ်းစားနေချိန်....
"ဆက်...ရေငါလာတယ်"
"ေဩာ်... တိမ်ယံလာလေ"
တိမ်ယံကအရင်ဘဝကတည်းကဆက်အပေါ်ကောင်းတဲ့တစ်ဉီးတည်းသောသူ။
Rayကျောင်းတော်မှာပြန်တွေ့တော့အပျော်လွန်ပြီးသွားလို့ဖက်မိသည်အထိ...
အဟမ်း....သေချာပေါက်နောက်ကနေရှာလကာရည်သောက်ထားတဲ့အာဏာကိုတော့မမြင်ဘူးပေါ့.....
အဲ့အချိန်ကဆိုတိမ်ယံမှာသူ့ကိုသတ်ဖြတ်မလိုကြည့်နေတဲ့အာဏာကြောင့်လိပ်ပြာလေးကလူကလူ...ဖြစ်သွားရသည်
ပိတ်ရက်မို့သာလာလည်ရတာစိတ်ထဲကကြောက်ကြောက်လန့်လန့်....
"ဆက်... အာဏာကကော"
"ရေချိုးနေတယ်ထင်တယ်...လာလာဒီနေ့ငါသင်တန်းကနေသင်လာတဲ့မုန့်လုပ်ကျွေးမယ်..."
ဆက်သင်တန်းတက်နေတာတစ်ပတ်ပင်ရှိနေပြီ။Englishကအရင်ဘဝကသင်ထားတာမို့Japan သင်တန်းကိုသာတက်ဖြစ်သည်။အချက်အပြုတ်သင်တန်းကိုတော့အခြားသူများသံသယမဝင်အောင်သာတက်နေခြင်းဖြစ်သည်။
"ကိုကိုမုန့်လုပ်နေတာလား"
ခေါင်းပါလျှော်ထားသောကြောင့်ထင့်ခေါင်းစိုစိုနှင့်အပေါ်ထပ်မှဆင်းလာသောအာဏာကဆက်တို့နားရောက်လာပြီးပန်ကိတ်ကိုကြည့်ကာမေး၏။
" အာဏာရာ ဆံပင်ကိုခြောက်အောင်မသုတ်ပြန်ဘူး"
"ဟီး..ကိုကိုသုတ်ပေး"
အနှီ ဘင်္ဂလား ညီအစ်ကိုနှစ်ယောက်အပေါ်တက်သွားချိန်ထိအာဏာမျက်နှာပေါ်မှာဒါငါ့အပိုင်ဟူသောဂုဏ်ဆာမှုကြီးကိုတွေ့လိုက်ရသေးသည်။
တစ်ကိုယ်တည်းသမားလေးတိမ်ယံ။ ။
". ........."
#ငါလေးက7နှစ်အရွယ်ကလေးလေးပါနော်
       ငါ့ရှေ့ဆင်ခြင် ကြပါလို့#
***************
******************
ဆက်ဘဝလေးပုံမှန်အတိုင်းလည်ပတ်နေသည်မှာတစ်နှစ်ပင်ရှိပြီ။
ဒီအတောအတွင်းအဒေါ်နဲ့ဉီးလေးဘက်ကလည်းဆက်ကိုခေါ်ရန်အမျိုးမျိုးကြိုးစားကြသည်။
သူတို့ရဲ့လောဘဇွဲကတော့ဆက်ပင် ဩချရသည်အထိ။
အာဏာရဲ့ဆက်အပေါ်ချုပ်ချယ်မှုကလည်းသိသိသာသာပင်
ဘယ်သူနဲ့မှသူငယ်ချင်းမလုပ်ရ၊မပြုံးပြရမခင်ရဟူ၍
တိမ်ယံကိုတောင်သိပ်ကြည်ပုံမရ
ဆက်အတွေးထဲမှာတော့အစ်ကိုရဲ့အချစ်ကိုမျှဝေမပေးချင်သည့်ဂျစ်ကန်ကန်ကောင်လေးဟုသာ
(Me. ..အေးပါဟယ်နောက်ဆုံးအထိတွေးနိုင်ပါစေ)
ဆက်နဲ့အာဏာရဲ့ပုံစံကတစ်နှစ်အတွင်းပိုမိုထင်ရှားလာသည်။ဆံနွယ်​ြဖူဖြူ​တွေနှင့်ဆက်က​ေယာက်ျားလေးတွေရောမိန်းကလေးတွေကြားမှာပါရေပန်စားလှသည်။အာဏာကတော့မျက်ခုံးထင်းထင်း၊ဇာမဏိလိုမျက်ဝန်းနှင့်ဖွ့ံဖြိုးကြီးထွားမှုမြန်ဆန်သောကြောင့်ရွယ်တူများထဲထင်းထွက်နေသည်။
ဆက်ကိုတော့ခင်ကြပေမယ့်အာဏာကိုတော့ဘယ်သူမှမကပ်ရဲကြချေ။ကပ်လာသူများမှာလည်းနောက်ခံ
ကြောင့်မှန်းသိသာနေသောကြောင့်ခပ်တန်းတန်းသာဆက်ဆံသည်။
တိမ်ယံရဲ့မိဘတွေကTop6တွင်ရပ်တည်နေသော စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တာကြောင့်ကျောင်းတွင်သူတို့အဖွဲ့ကိုလာမစရဲကြ။
ပုံမှန်အားဖြင့်Top10ဝင်သောစီးပွားရေးလုပ်ငန်းရှင်များသည်ကွာဟချက်မများလှသည့်အတွက်နေရာကအချိန်နှင့်အမျှပြောင်းလဲနေသည်။ယခုအချိန်တွင်ပိုင်ဆိုင်မှုများပြားလှသောဆက်ကများ​​ြပားလှ​သော
စီးပွား​​ရေးသမားများ၏ပစ်မှတ်ဖြစ်နေသည်။
အန်ကယ်ကတွေ့ဆုံပွဲတွေကိုမခေါ်သွား၍သာတော်တော့သည်။မဟုတ်လျှင်
စေ့စပ်ပွဲများတောင်လိုပုံနေမည်မှာမလွဲ။
တစ်နေ့နေသားကျနေသောဘဝထဲမုန်တိုင်တစ်ခုဝင်ရောက်လာသည်။
**************
*****************
ဉီးရှိန်သာတောင်လိုပုံနေသောအလုပ်များကြောင့်ပုံမှန်ထက်နောက်ကျနေသည်။.အခု project မှာအမြတ်ငွေများများရမည်မှာသေချာသဖြင့်ထိပ်သီးပိုင်းတော်တော်များများကလိုချင်ကြသည်မို့projectရရန်ပုံမှန်ထက်ကြိုးစားနေရသည်။
*ပြန်ရောက်ရင်အသက်ကိုအရင်ချော့ရမယ်*
'တီ...တီ.....'
ထိုစဉ်ဝင်လာသောဖုန်းကြောင့်contact name ကိုကြည့်လိုက်တော့အသက်....
"Hello အသက်ဘာဖြစ်...."
"ဟင့်..ဟင့်.အစ်ကိုရယ်လုပ်ပါဉီးသားဆက်နဲ့အာဏာပြန်ပေးဆွဲခံရလို့တဲ့..ဟင့်..."
ဖုန်းကိုင်လိုက်သည်နှင့်ကြားလိုက်ရသောသတင်းစကားတို့ကြောင့်စိတ်အစဉ်တို့ထူပူသွားကာထိုင်ခုံလက်ကိုင်ကိုကိုင်ထားသောလက်တို့တင်းကြပ်သွားရသည်။
"အသက်...သေချာပြောဘယ်လိုဖြစ်တာလည်း"
တစ်ဖက်ကလည်းရှိုက်သံများထွက်ပေါ်နေပြီးခဏကြာမှ
"တစ်ဖက်ကကာကိုတူအောင်လုပ်ပြီးပြန်ပေးဆွဲသွားတာ..ကလေးတွေကလည်းအငိုက်မိသွားတာကြောင့်ဘာမှမလုပ်နိုင်လိုက်ဘူး....ဟင့်...အစ်ကိုသားတို့ကိုသေချာရှာပေးပါနော်...ဟင့်သူတိုကြောက်နေရှာမှာ"
"အသက်စိတ်အေးအေးထားနော်...သားတို့ကိုသေချာပေါက်ရှာတွေ့မှာပါ...စိတ်ကိုအေးအေးထား..."
ဖုန်းချလိုက်ပြီးနောက်တွင် သက်တော်စောင့်ဌာနတစ်ခုလုံးအလုပ်ရှုပ်သွားတော့သည်။ထိုအချိန်ဝင်လာသောဖုန်းနံပါတ်အစိမ်းကြောင့်သားတို့ ကိစ္စ နှင့်ပက်သက်နေမှန်းရိပ်မိလိုက်သည်။
"Hello. .."
"project ကိုလက်လျှော့လိုက်..ဒါဆိုကြည်ကြည်သာသာပြန်လွှတ်ပေးမယ်..."
အားမတန်လို့မာန်လျှော့ရတော့မည်..
"ကောင်းပြီလေ.."
ဖုန်းကျသွားသည်နှင့်လေပူတို့ကိုမှုတ်ထုတ်ကာသက်ပြင်းတစ်ချက်ချလိုက်မိသည်။
*သားတို့အဆင်ပြေပါစေ*
******************
**********************
ဆက်နိုးလာတော့ခေါင်းကထိုးကိုက်နေသည်။ဘေးကိုကြည့်လိုက်တော့အာဏာကမနှိုးသေးချေ။ကျောင်းဆင်းချိန်အိမ်ဿားလာကြိုတာကြောင့်ထွေထွေထူးထူးမစဉ်းစားဘဲတက်လိုက်ချိန်တစ်ခုခုမှားနေမှန်းသိချိန်တွင်အရာအားလုံးအမှောင်ကျသွား၏။
"အ့ာ......"
"အာဏာ..နှိုးပြီလား...အဆင်ပြေရဲ့လား.."
အာဏာကိုကို..ကိုလှည့်ပတ်ကြည့်ပြီးဘာမှမဖြစ်တာသေချာမှ​ခေါင်းညိမ့်​​​​ပြရင်းသက်ပြင်းချမိသည်။
"ကောင်လေးတွေကနှိုးပြီကို.."
တံခါးဖွင့်သံနှင့်အတူပြီတီတီမျက်နှာနှင့်ဝင်လာသူကြောင့်ဆက်ရဲ့ကိုယ်လုံးလေးကအာဏာရှေ့ကိုကွယ်လိုက်သည်။အတိုက်အခိုက်တတ်ပေမယ့် 8နှစ်အရွယ်
ကိုယ်နဲ့ ဘာမှလုပ်လို့မရတာကြောင့်အာဏာရှေ့ကကွယ်ရပ်လိုက်ခြင်းပင်။ထိုလူကတော့သူတို့ကိုဂရုမစိုက်ဘဲ
"မင်းတို့နှစ်ကောင်ကတစ်ကယ်လာဘ်ကောင်လေးတွေဘဲ...ဟိုအဘိုးကြီးရဲ့အညှာကိုကိုင်မိသွားတော့အလုပ်ကလည်းအဆင်ကိုပြေလို့..ဟား..ဟား..ဟား..ကောင်းကောင်းနေကြမနက်ဖြန်ကျရင်လွတ်ပေးမယ်..."
အခုမှဆက်အခြေအနေကိုသဘောပေါက်သွားသည်။အရင်ဘဝကလည်းပြန်ပေးဆွဲခံရပေမဲ့ဆက်မပါပေ။အာဏာကိုဗန်းပြပြီးချိန်းခြောက်တာကြောင့်အန်ကယ်ကအရေးကြီးသည့်projectတစ်ခုကိုလက်လွှတ်ပေးခဲ့ရသည်။ယခုနှစ်ပိုင်းအတွင်းအေးချမ်းနေခဲ့သောကြောင့်ဆက်သတိလက်လွတ်ဖြစ်သွားခြင်း...
ထိုလူကြီးထွက်သွားမှအခြေအနေကိုသေချာကြည့်ကာအာဏာကိုဆွဲခေါ်၍ထွက်ပြေးခဲ့သည်။အစောင့်နည်းနည်းသာချထားသောကြောင့်အလွယ်တကူထွက်ပြေးနိုင်ခဲ့ပေမဲ့ခဏအတွင်းမှာပင်​ပျောက်သွားမှန်းသိသွားကြသည်..
"ဟ..ဟိုကောင်လေးတွေထွက်ပြေးသွားပြီ..လိုက်ကြ.."
လူကထူပူနေပြီးဘယ်သို့ရောက်ခဲ့မှန်းပင်မသိတော့။သူသိတာတစ်ခုကလွတ်အောင်ပြေးရန်သာ...
မှောင်ရီပျိုးနေပြီဖြစ်သောကြောင့်ရင်းနှီးသောပုံစံများကိုတွေ့လိုက်ရ၍စိတ်ချလိုက်စဉ်....
ပခုံးတစ်ဖက်ကပူကနဲ့ဖြစ်သွားပြီးမြင်ကွင်းတစ်ခုလုံးမှောင်မည်းသွား၏။အာဏာ၏ 'ကိုကို' ဟူသောအသံကိုလည်းတိုးညှင်းစွာကြားလိုက်ရသည်။
သက်တော်စောင့်များမှာသခင်လေးဆက်မေ့လဲသွားပြီးနောက်သခင်လေးအာဏာပါမေ့လဲသွားသော​ကြောင့်နီးစပ်ရာဆေးရုံသို့လျှင်မြန်စွာပို့ရတော့သည်။
***************
*****************
Tbc. .......
(Zawgyi)
"ဆက်...ရေငါလာတယ်"
"ဩော်... တိမ်ယံလာလေ"
"ဆက်... အာဏာကကော"
"ဟီး..ကိုကိုသုတ်ပေး"
". ........."
***************
******************
**************
*****************
'တီ...တီ.....'
"Hello အသက်ဘာဖြစ်...."
"Hello. .."
"ကောင်းပြီလေ.."
*သားတို့အဆင်ပြေပါစေ*
******************
**********************
"အ့ာ......"
***************
*****************
Tbc. .......
Continue Reading
You'll Also Like
820 106 3
451K 23.4K 51
632K 60.2K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
3.8K 571 10
ဝင်ဖတ်လို့လည်းရတယ် လစ်လျူရှုလို့လည်းရတယ်...တစ်ခါတလေ စိတ်ကျဥ်းကျပ်သည့်အခါမှာ... ငါ စာတိုတွေ ရေးတတ်လာတယ်... စိတ်ခံစားချက်တွေ တိုက်မိသွားရင် ငါ့စာတိုတွေ...