အချစ်ဦး (အခ်စ္ဦး) (Complete...

By shanemann622

58.6K 5.4K 337

အချစ်ဦး သို့မဟုတ် ငယ်ချစ်ဦး အခ်စ္ဦး သို႔မဟုတ္ ငယ္ခ်စ္ဦး More

part 2(z+u)
part 3(z+u)
part 4(z+u)
part 5(z+u)
part 6(z+u)
part 7(z+u)
part8(z+u)
part 9(z+u)
part10(z+u)
part 11(z+u)
part 12(z+u)
part 13(z+u)
part 14(z+u)
part 15(z+u)
ကျေးဇူးတင်လွှာ
Extra
Extra (z+u)

part 1(z+u)

12.7K 545 20
By shanemann622



ဟေမာန်ဆောင်းရဲ့ အအေးဓာတ်သည် တောင်ပေါ်ဒေသလေးနဲ့ ပြိုင်တုလို့ အေးခဲလျက်ရှိသည်။ မြူခိုးဝေဝေ မနက်ခင်းပိုင်းတွင် အမှောင်ထုကလည်း တွဲပါလိုက်သေး၏။ ဝေလီဝေလင်းအချိန်မဟုတ်သည့်တိုင်အောင် နေရောင်ပျောက်လို့ ဆောင်းကလည်း ပိုအေးနေသည်။ ခဲလုမတတ်အေးနေသော ရေကို လက်ထိပ်ဖျားဖြင့် တို့ထိလိုက်လျှင်ပဲ တစ်ကိုယ်လုံး အေးခဲထုံကျင်သွားမတတ် ခံစားလိုက်ရသည်။ ထို့ကြောင့် လက်ထဲ၌ ကိုင်ထားသည့် သွားပွတ်တံကို စည်ပိုင်းအဖုံးပေါ် အသာတင်ကာ ရေနွေး အရင်ကျိုရသည်။ သုံးမိနစ်ခန့် စောင့်ပြီးမှ အငွေ့တစ်ထောင်းထောင်းထနေသော ရေနွေးများကို အေးစက်နေသည့် ရေများနှင့် ဇလား တစ်ခုထဲတွင် ထည့်ကာ ခပ်နွေးနွေးအနေအထားရအောင် ရောနှောလိုက်သည်။

ထို့နောက်မှာပင် ရေ၏အနွေးဓာတ်လေးနဲ့ ရေချိုးသန့်စင်ခြင်းကို အစပြုလိုက်သည်။ ပြီးနောက် ကော်ဖီမစ်တစ်ခွက်နှင့် ပါမုန့်ကြမ်းနှစ်ချက်ကိုမနက်စာအဖြစ် ဖြည့်တင်းလိုက်သည်။​ငွေမျှင်ရောင်အငွေ့လေးများတန်းနေသော ကော်ဖီခါးခါးလေးရဲ့ အပူလေးက ခန္ဓာကိုယ်ထဲသို့ အနွေးဓာတ်လေး တစိမ့်စိမ့်ဝင်သွားမှ နေသာထိုင်သာရှိသွားတော့သည်။ထို့နောက် ဆေးခန်းတံခါးလေးဖွင့်လို့ ကျွန်တော့်ရဲ့ တစ်နေ့တာကို ထုံးစံအတိုင်း စတင်လိုက်၏။

" ဗျို့ ဆရာလေး အခုမှနိုးတာလားဗျ "

နွေးထည်ခပ်ပါးပါးသာ ဝတ်ထားသည့် ရွာလူကြီး၏သားဖြစ်သူ အစ်ကိုငြိမ်းအောင်က
ဆေးခန်းရှေ့ ၌ ဆိုင်ကယ်ရပ်ကာ ကျွန်တော့်အား လှမ်းမေးသည်။ အစ်ကိုငြိမ်းအောင်ကို ကြည့်၍ အနွေးအင်္ကျီသုံးထပ်လောက်ဝတ်ထားသည့် ကျွန်တော့်ကိုယ်က ချမ်းစိမ့်စိမ့်တောင်ဖြစ်သွားရသည်။

" ဟုတ်ကဲ့ ကျွန်တော် ဒီနေ့အိပ်ယာထနောက်ကျသွားတယ် အစ်ကိုငြိမ်းအောင် "

" ဒီနေ့ စျေးနေ့လေ ဆရာလေးရဲ့။ အဲ့ဒါ ဆရာလေးဘာမှာအုံးမလဲလို့ ဝင်မေးတာ "

" သြော်.....ဟုတ်သားဗျ ။ ကျွန်တော်မေ့နေတာ ။ ဘာမှမမှာတော့ပါဘူးဗျာ ဟိုးနေ့ကမှ ဆေးကုခအဖြစ်ရထားတဲ့ အသီးအရွက်တွေရယ် အိမ်ကပို့ပေးထားတဲ့ ဟင်းအခြောက်တွေရယ် ရှိပါသေးတယ် "

" ဒါဖြင့် ကျွန်တော် သွားအုံးမယ်ဗျ ။ စျေးက နေထွက်ရင် ဘာမှရှိတော့မှမဟုတ်ဘူး "

" ဟုတ်ကဲ့ခင်ဗျာ "

ဒီဒေသသည် ဝေးလံခေါင်ပါးသော တောင်ပေါ်ဒေသလေးဖြစ်သည်။ အခု ကျွန်တော်ရောက်နေတဲ့နေရာလေးက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရွာလေးတစ်ရွာပါ။ ဒီရွာလေးက မြို့နဲ့လည်းဝေးပြီး ခေါင်လည်းခေါင်သည်။ စျေးဆိုလည်း ငါးရက်စျေးသာရှိပြီး ရွာသူရွာသားများက တောင်ယာလုပ်ကိုင်ကြသည်။ မိုးလင်းကနေ မိုးချုပ်အထိ အလုပ်လုပ်နိုင်သူများပင်ဖြစ်ပြီး တော်ရုံလည်း မဖျားမနာကြ။ ဒါကြောင့် ဒီနေရာလေးမှာ ကျန်းမာရေးမှူးအဖြစ် တာဝန်ကျသည့် ကျွန်တော်ကတော့ မဲဇာတောင်ချေကို ပို့ခံလိုက်ရသလိုပါပဲ။ စရောက်တုန်းကတော့ ဘယ်လိုမှမနေနိုင်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့တော့ အသားကျနေပါပြီ။ အခုလို ကျွန်တော် ဒီဒေသလေးမှာ တာဝန်ထမ်းဆောင်တာ ၃နှစ်ပင်ပြည့်တော့မည်။

အေးချမ်းပြီး တိတ်ဆိတ်တဲ့ ဒီလိုနေရာလေးက လမ်းပန်းဆက်သွယ်ရေးအဆင်မပြေတာကလွဲပြီးလျှပ်စစ်မီးတော့ ရပါသည်။ ဆက်သွယ်ရေးအတွက်ကတော့ ဟိုတစ်နှစ်ကမှ ဖုန်းလိုင်းတွေရတာဖြစ်သည်။ ကျွန်တော် စရောက်ချင်းတုန်းက ကျန်းမာရေးဗဟုသုတ ဘာမှမရှိသည်​့ ဒီရွာလေးက အခုဆို ဆေးရုံငယ်လေးရယ် စာသင်ကျောင်းလေးရယ်ပါ ရှိလာပြီ။ ရွာထိပ်က ကျွန်တော့်အိမ်ကတော့ ရွာလူကြီးဆောက်ပေးတာဖြစ်ပြီး ဆေးခန်းပါ တွဲဖွင့်နိုင်အောင် ၂ထပ်အိမ်လေးဖြစ်သည်။ ဆေးရုံကတော့ ရွာနဲ့ နည်းနည်းလှမ်းတဲ့ မြို့ပေါ်လေးမှာပါ။


ကျွန်တော့်အလုပ်က မနက်ဘက်ဆို ခြံထဲမှာ ပန်းပင်တွေရေလောင်းပြီး နေ့လည်စောင်းဆို ရွာထဲက ကလေးတွေနဲ့ ချောင်းထဲမှာရေဆင်းကူးသည်။ တစ်ခါတစ်ရံ ညနေစောင်းတွေဆို ရွာထဲက ကာလသားတစ်ချို့နှင့် ခြင်းခတ်လေ့ရှိသည်။ ညပိုင်းကတော့ ဖုန်းနဲ့ ရေဒီယိုနားထောင်ရင် နားထောင် ၊ မဟုတ်လျှင် ကော်ဖီလေးတစ်ခွက်နှင့် ကြယ်တွေကြည့်နေတတ်သည်။ ဒီလိုပါပဲ ဒီမှာက ဆေးကုရတဲ့ အချိန်က အလွန်ကိုရှားသည်။ တော်ရုံဖျားနာရုံလောက်နဲ့ ဆေးခန်းမလာကြဘူး။ ဒါကြောင့် ရံဖန်ရံခါမှ ဆေးကုရသည့် ကျွန်တော့်အဖို့ တစ်နေ့တာဟာ သိပ်ကို ပျင်းစရာကောင်းလွန်းပါသည်။



ဒီနေ့လည်း အရင်ရက်တွေကလိုပါပဲ ။ လူနာမလာတော့ ခြံရှေ့မှာ စိုက်ထားသည့် နှင်းဆီပန်းပင်တွေကို ရေလောင်းတာပေါ့။ ပြီးလျှင် အိမ်အနောက်ဖက်မှာ စိုက်ထားသည့် အာလူးတွေကိုလည်း သွားကြည့်ရအုံးမည်။



" ဆရာလေး ဆရာလေး " .

​အာလူးတွေတူးနေတုန်းမှာ ​အိမ်ရှေ့က အမျိုးသမီးတစ်ယောက်၏ အလောတကြီးခေါ်သံကြောင့် ကျွန်တော်လုပ်လက်စတို့ကို ​ထားခဲ့ပြီး အိမ်ရှေ့သို့ ထွက်လာလိုက်သည်။


" သြော် မနန်းခင် ဘာဖြစ်လို့လဲဗျ "

" ဟို ရွာလူကြီးအိမ်မှာလေ အခုတာဝန်ကျလို့ပြောင်းလာတဲ့ ကျောင်းဆရာက မူးလဲသွားလို့ "


" ဟုတ်လား ဒါဆို ကျွန်တော်အနောက်ကလိုက်ခဲ့မယ်နော် "

အသင့်ဆောင်ထားသည့် ဆေးအိတ်ကိုယူပြီးနောက်မှာ ကျွန်တော့် စိတ်ထဲ၌ ပျော်ရွှင်နေသည်။ ဘာလို့လဲဆိုတော့ ဒါက ရက်၂၀လောက်ကြာမှ ဆေးကုရတာဖြစ်တာကြောင့်ပင်။ လူနာတစ်ယောက်ရလိုက်တဲ့အတွက် စိတ်ထဲ၌မပျော်သင့်ပေမယ့် ကြည်နူးသလိုလိုတော့ ဖြစ်မိသား။ဒါကြောင့် တက်ကြွတဲ့ ခြေလှမ်းတွေနဲ့သာ ရွာလူကြီးအိမ်သို့ ဦးတည်လာခဲ့သည်။


" လာပါ လာပါ ဆရာလေး "

ရွာလူ့ကြီး ခွန်ထီးနောင်ရဲ့ပုံစံက အနည်းငယ်ပျာယာခပ်နေသည်။ အခုမှရောက်လာသည့် ကျောင်းဆရာကို စိုးရိမ်စိတ်လည်းဖြစ်သည့်အပြင် သတိရလာရင် ထပြန်သွားမှာလည်းဆိုးလှသည်။ ဒီရွာလေးရဲ့ စာသင်ကျောင်းက ဘယ်ဆရာမှ ကြာကြာမနေနိုင်ဘူး။ ဒီရွာလေးကိုသံယောဇဥ်ရှိလွန်းလို့ ကျောင်းဆရာမလုပ်နေတဲ့ အသက်၄၀အရွယ် ဆရာမတစ်ဦးသာ ကျောင်းမှာမြဲသည်။ အသစ်ရောက်လာတဲ့ ဆရာ မှန်သမျှ ဒီလိုဝေးလံပြီးခေါင်တဲ့ဒေသမှာ ကြာကြာမနေနိုင်ဘူးလေ။ ဒါကြောင့် ရွာလေးက ပညာတတ်အလွန်နည်းပါးလှသည်။ ကျောင်းမှာလည်း ထိုကျောင်းဆရာမကြီးတစ်ယောက်သာ ကျောင်းအုပ်အဖြစ်ရှိနေသည်။ ဒါကြောင့် ရွာလူကြီးဟာ အခုရောက်လာတဲ့ ကျောင်းဆရာကို ပြန်သွားမည်ဆိုး၍ စိုးရိမ်နေတာဖြစ်သည်။


" ဟင် "


​ဖျာပေါ်၌လဲလျောင်းနေသည့် ကျောင်းဆရာ၏ မျက်နှာကို မြင်လိုက်ရသည့်အခါ ဟေမာန်ဆောင်းကဲ့သို့ အေးခဲနေသည်ကျွန်တော့်ရဲ့ နှလုံးသားက ခပ်ဆက်ဆက်လေး လှုပ်ရှားသွားသည်။သူ............။


" ဆရာလေး မြန်မြန်လေးကြည့်ပေးပါ ဖာထီးစိတ်ပူလှပြီ "

ဘေးမှ ရွာလူကြီးရဲ့ အလျင်စလိုထွက်သလာသည့် အသံကြောင့် ကျွန်တော့်အသိစိတ်တို့ပြန်နှိုးလာပြီး သူ့အားစမ်းသပ်မှုစလုပ်တော့သည်။ ကျွန်တော့်ရဲ့ စမ်းသပ်စစ်ဆေးနေမှုကို ရွာလူကြီးအပါအဝင် ရွာလူကြီး၏ အိမ်သာများနှင့် ရွာသားအနည်းငယ်က သိလိုစိတ်အပြည့်ရှိသော မျက်ဝန်းများနှင့် ကျွန်တော်နှင့်သူ့ကို တစ်လှည့်စီကြည့်နေကြသည်။

" စိတ်ပူစရာမရှိပါဘူး ဖာထီး ။ သွေးပေါင်ကျပြီး အားနည်းနေတာပါ ။ ခရီးအတော်ပန်းလာတာဖြစ်မယ် ။ ကျွန်တော် အခု ဆေးထိုးပေးလိုက်မယ် ခဏနေရင် သူပြန်ပြီးသတိရလာမှာပါ "


ထိုအခါမှ ရွာလူကြီးက သက်ပြင်းချပြီး ခေါင်းတငြိမ့်ငြိမ့်လုပ်သည်။ကျွန်တော်လည်း သူ့ကို ဆေးထိုးပေးပြီး စောင်ထူထူတစ်ထည်ခြုံပေးကာ ရွာလူကြီး နောက်သို့ လိုက်သွားလိုက်သည်။

" ဆရာလေးကို ကျွန်တော် တစ်ခုအကူအညီတောင်းချင်လို့ပါ "

ဖာထီးက ကျွန်တော့်ကို အကြမ်းရည်ကမ်းပေးရင်း တည်ငြိမ်လေးနက်သောအသံဖြင့် ဆိုသည်။

" ဟုတ်ကဲ့ ပြောပါခင်ဗျာ "

" အခု ဒီကျောင်းဆရာလေးက ယောင်္ကျားလေးလည်းဖြစ်တော့ အရင်လို ကျောင်းအုပ်ဆရာမကြီးအိမ်မှာနေလို့မရဘူးလေ ။ ဆရာမကြီးက အပျိုကြီးဆိုတော့ အရင်က ဆရာမလေးတွေနဲ့က နေလို့ဖြစ်ပေမယ့် အခုလို ကျောင်းဆရာလေးနဲ့ကျတော့ မသင့်တော်ဘူး။ အဲ့တော့ ကျောင်းဆရာလေးကို ဆရာလေးရဲ့ အိမ်မှာ ခဏထားလို့ရမလားလို့ပါ "

ရွာလူကြီးက ကျွန်တော်တွေဝေနေသည့် မျက်နှာကို အကဲခပ်၍ ဆက်ပြောသည်။

" ခဏပါပဲ ကျွန်တော်တို့က ဒီကျောင်းဆရာလေးအတွက် အိမ်တစ်လုံးဆောက်ပေးပြီးတဲ့အထိပါပဲ ဆရာလေး "

ထိုအခါ ကျွန်တော်သည် ရွာလူကြီးကို အားနာစွာကြည့်၍

" မဟုတ်တာ ဖာထီးရဲ့ ။ ကျွန်တော်လည်း တစ်ယောက်တည်းပျင်းနေတာနဲ့ အတော်ပါပဲ ။ ကျွန်တော်က အဖော်ရှိတော့ ပျော်တောင်ပျော်သေးတယ် ။ နေလို့ရပါတယ်။ ဒါပေမယ့် သူက ကျွန်တော်နဲ့ နေချင်ပါ့မလားလို့ တွေးနေတာပါ "


" ဒါက ကျောင်းဆရာလေးနိုးလာရင် ကျွန်တော်တို့မေးကြည့်လိုက်ပါ့မယ် "


" ကျွန်တော်နေလို့ဖြစ်ပါတယ်​ဗျ "


ရွာလူကြီးနှင့် ကျွန်တော်သည် သူ၏ မကမ်းမလှမ်း၌ ဆွေးနွေးနေကြခိုက် ကျောဘက်မှထွက်လာသည့် သူ့အသံကြောင့် ကျွန်တော့် တစ်ကိုယ်လုံးတောင့်တင်းသွားတော့သည်။သူက ကျွန်တော်ရှိရာသို့ ခပ်ဖြည်းဖြည်းလျှောက်လှမ်းရင်း ကျွန်တော်၏ မျက်နှာချင်းဆိုင်၌ဝင်ထိုင်လိုက်သည်။ ထိုအခါ သူ၏လွန်းအိမ်ပုံမျက်ဝန်းများသည် ကျွန်တော်ထံသို့ ကျရောက်လာချိန်တွင် အနည်းငယ် ကျယ်သွားသည့် မျက်ဝန်းအိမ်တို့က မထင်မှတ်ထားကြောင်းသက်သေထူနေသည်။ ကျွန်တော် သတိလက်လွတ်ငေးကြည့်နေမိသော သူ့မျက်ဝန်းတွေက အဓိပ္ပါယ်အမျိုးမျိုးပါနေသည်။

" မတွေ့တာကြာပြီနော် သော်စစ် "

"အင်း မတွေ့တာကြာပြီ ဒီဇင်ဘာ "




......................................

ဒါလေးက အပိုင်းတိုလေးပါ။ ၃ပိုင်းလောက်နဲ့ ဇာတ်သိမ်းမှာပါ။








Zawgyi










ေဟမာန္ေဆာင္းရဲ႕ အေအးဓာတ္သည္ ေတာင္ေပၚေဒသေလးနဲ႕ ၿပိဳင္တုလို႔ ေအးခဲလ်က္ရွိသည္။ ျမဴခိုးေဝေဝ မနက္ခင္းပိုင္းတြင္ အေမွာင္ထုကလည္း တြဲပါလိုက္ေသး၏။ ေဝလီေဝလင္းအခ်ိန္မဟုတ္သည့္တိုင္ေအာင္ ေနေရာင္ေပ်ာက္လို႔ ေဆာင္းကလည္း ပိုေအးေနသည္။ ခဲလုမတတ္ေအးေနေသာ ေရကို လက္ထိပ္ဖ်ားျဖင့္ တို႔ထိလိုက္လွ်င္ပဲ တစ္ကိုယ္လုံး ေအးခဲထုံက်င္သြားမတတ္ ခံစားလိုက္ရသည္။ ထို႔ေၾကာင့္ လက္ထဲ၌ ကိုင္ထားသည့္ သြားပြတ္တံကို စည္ပိုင္းအဖုံးေပၚ အသာတင္ကာ ေရႏြေး အရင္က်ိဳရသည္။ သုံးမိနစ္ခန့္ ေစာင့္ၿပီးမွ အေငြ႕တစ္ေထာင္းေထာင္းထေနေသာ ေရႏြေးမ်ားကို ေအးစက္ေနသည့္ ေရမ်ားႏွင့္ ဇလား တစ္ခုထဲတြင္ ထည့္ကာ ခပ္ႏြေးႏြေးအေနအထားရေအာင္ ေရာႏွောလိုက္သည္။

ထို႔ေနာက္မွာပင္ ေရ၏အႏြေးဓာတ္ေလးနဲ႕ ေရခ်ိဳးသန့္စင္ျခင္းကို အစျပဳလိုက္သည္။ ၿပီးေနာက္ ေကာ္ဖီမစ္တစ္ခြက္ႏွင့္ ပါမုန့္ၾကမ္းႏွစ္ခ်က္ကိုမနက္စာအျဖစ္ ျဖည့္တင္းလိုက္သည္။ေငြမွ်င္ေရာင္အေငြ႕ေလးမ်ားတန္းေနေသာ ေကာ္ဖီခါးခါးေလးရဲ႕ အပူေလးက ခႏၶာကိုယ္ထဲသို႔ အႏြေးဓာတ္ေလး တစိမ့္စိမ့္ဝင္သြားမွ ေနသာထိုင္သာရွိသြားေတာ့သည္။ထို႔ေနာက္ ေဆးခန္းတံခါးေလးဖြင့္လို႔ ကြၽန္ေတာ့္ရဲ႕ တစ္ေန႕တာကို ထုံးစံအတိုင္း စတင္လိုက္၏။

" ဗ်ိဳ႕ ဆရာေလး အခုမွနိုးတာလားဗ် "

ႏြေးထည္ခပ္ပါးပါးသာ ဝတ္ထားသည့္ ႐ြာလူႀကီး၏သားျဖစ္သူ အစ္ကိုၿငိမ္းေအာင္က
ေဆးခန္းေရွ႕ ၌ ဆိုင္ကယ္ရပ္ကာ ကြၽန္ေတာ့္အား လွမ္းေမးသည္။ အစ္ကိုၿငိမ္းေအာင္ကို ၾကည့္၍ အႏြေးအကၤ်ီသုံးထပ္ေလာက္ဝတ္ထားသည့္ ကြၽန္ေတာ့္ကိုယ္က ခ်မ္းစိမ့္စိမ့္ေတာင္ျဖစ္သြားရသည္။

" ဟုတ္ကဲ့ ကြၽန္ေတာ္ ဒီေန႕အိပ္ယာထေနာက္က်သြားတယ္ အစ္ကိုၿငိမ္းေအာင္ "

" ဒီေန႕ ေစ်းေန႕ေလ ဆရာေလးရဲ႕။ အဲ့ဒါ ဆရာေလးဘာမွာအုံးမလဲလို႔ ဝင္ေမးတာ "

" ေၾသာ္.....ဟုတ္သားဗ် ။ ကြၽန္ေတာ္ေမ့ေနတာ ။ ဘာမွမမွာေတာ့ပါဘူးဗ်ာ ဟိုးေန႕ကမွ ေဆးကုခအျဖစ္ရထားတဲ့ အသီးအ႐ြက္ေတြရယ္ အိမ္ကပို႔ေပးထားတဲ့ ဟင္းအေျခာက္ေတြရယ္ ရွိပါေသးတယ္ "

" ဒါျဖင့္ ကြၽန္ေတာ္ သြားအုံးမယ္ဗ် ။ ေစ်းက ေနထြက္ရင္ ဘာမွရွိေတာ့မွမဟုတ္ဘူး "

" ဟုတ္ကဲ့ခင္ဗ်ာ "

ဒီေဒသသည္ ေဝးလံေခါင္ပါးေသာ ေတာင္ေပၚေဒသေလးျဖစ္သည္။ အခု ကြၽန္ေတာ္ေရာက္ေနတဲ့ေနရာေလးက ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ႐ြာေလးတစ္႐ြာပါ။ ဒီ႐ြာေလးက ၿမိဳ႕နဲ႕လည္းေဝးၿပီး ေခါင္လည္းေခါင္သည္။ ေစ်းဆိုလည္း ငါးရက္ေစ်းသာရွိၿပီး ႐ြာသူ႐ြာသားမ်ားက ေတာင္ယာလုပ္ကိုင္ၾကသည္။ မိုးလင္းကေန မိုးခ်ဳပ္အထိ အလုပ္လုပ္နိုင္သူမ်ားပင္ျဖစ္ၿပီး ေတာ္႐ုံလည္း မဖ်ားမနာၾက။ ဒါေၾကာင့္ ဒီေနရာေလးမွာ က်န္းမာေရးမႉးအျဖစ္ တာဝန္က်သည့္ ကြၽန္ေတာ္ကေတာ့ မဲဇာေတာင္ေခ်ကိဳ ပို႔ခံလိုက္ရသလိုပါပဲ။ စေရာက္တုန္းကေတာ့ ဘယ္လိုမွမေနနိုင္ခဲ့ေပမယ့္ တျဖည္းျဖည္းနဲ႕ေတာ့ အသားက်ေနပါၿပီ။ အခုလို ကြၽန္ေတာ္ ဒီေဒသေလးမွာ တာဝန္ထမ္းေဆာင္တာ ၃ႏွစ္ပင္ျပည့္ေတာ့မည္။

ေအးခ်မ္းၿပီး တိတ္ဆိတ္တဲ့ ဒီလိုေနရာေလးက လမ္းပန္းဆက္သြယ္ေရးအဆင္မေျပတာကလြဲၿပီးလွ်ပ္စစ္မီးေတာ့ ရပါသည္။ ဆက္သြယ္ေရးအတြက္ကေတာ့ ဟိုတစ္ႏွစ္ကမွ ဖုန္းလိုင္းေတြရတာျဖစ္သည္။ ကြၽန္ေတာ္ စေရာက္ခ်င္းတုန္းက က်န္းမာေရးဗဟုသုတ ဘာမွမရွိသည့္ ဒီ႐ြာေလးက အခုဆို ေဆး႐ုံငယ္ေလးရယ္ စာသင္ေက်ာင္းေလးရယ္ပါ ရွိလာၿပီ။ ႐ြာထိပ္က ကြၽန္ေတာ့္အိမ္ကေတာ့ ႐ြာလူႀကီးေဆာက္ေပးတာျဖစ္ၿပီး ေဆးခန္းပါ တြဲဖြင့္နိုင္ေအာင္ ၂ထပ္အိမ္ေလးျဖစ္သည္။ ေဆး႐ုံကေတာ့ ႐ြာနဲ႕ နည္းနည္းလွမ္းတဲ့ ၿမိဳ႕ေပၚေလးမွာပါ။


ကြၽန္ေတာ့္အလုပ္က မနက္ဘက္ဆို ၿခံထဲမွာ ပန္းပင္ေတြေရေလာင္းၿပီး ေန႕လည္ေစာင္းဆို ႐ြာထဲက ကေလးေတြနဲ႕ ေခ်ာင္းထဲမွာေရဆင္းကူးသည္။ တစ္ခါတစ္ရံ ညေနေစာင္းေတြဆို ႐ြာထဲက ကာလသားတစ္ခ်ိဳ႕ႏွင့္ ျခင္းခတ္ေလ့ရွိသည္။ ညပိုင္းကေတာ့ ဖုန္းနဲ႕ ေရဒီယိုနားေထာင္ရင္ နားေထာင္ ၊ မဟုတ္လွ်င္ ေကာ္ဖီေလးတစ္ခြက္ႏွင့္ ၾကယ္ေတြၾကည့္ေနတတ္သည္။ ဒီလိုပါပဲ ဒီမွာက ေဆးကုရတဲ့ အခ်ိန္က အလြန္ကိုရွားသည္။ ေတာ္႐ုံဖ်ားနာ႐ုံေလာက္နဲ႕ ေဆးခန္းမလာၾကဘူး။ ဒါေၾကာင့္ ရံဖန္ရံခါမွ ေဆးကုရသည့္ ကြၽန္ေတာ့္အဖို႔ တစ္ေန႕တာဟာ သိပ္ကို ပ်င္းစရာေကာင္းလြန္းပါသည္။



ဒီေန႕လည္း အရင္ရက္ေတြကလိုပါပဲ ။ လူနာမလာေတာ့ ၿခံေရွ႕မွာ စိုက္ထားသည့္ ႏွင္းဆီပန္းပင္ေတြကို ေရေလာင္းတာေပါ့။ ၿပီးလွ်င္ အိမ္အေနာက္ဖက္မွာ စိုက္ထားသည့္ အာလူးေတြကိုလည္း သြားၾကည့္ရအုံးမည္။



" ဆရာေလး ဆရာေလး " .

အာလူးေတြတူးေနတုန္းမွာ အိမ္ေရွ႕က အမ်ိဳးသမီးတစ္ေယာက္၏ အေလာတႀကီးေခၚသံေၾကာင့္ ကြၽန္ေတာ္လုပ္လက္စတို႔ကို ထားခဲ့ၿပီး အိမ္ေရွ႕သို႔ ထြက္လာလိုက္သည္။


" ေၾသာ္ မနန္းခင္ ဘာျဖစ္လို႔လဲဗ် "

" ဟို ႐ြာလူႀကီးအိမ္မွာေလ အခုတာဝန္က်လိဳ႕ေျပာင္းလာတဲ့ ေက်ာင္းဆရာက မူးလဲသြားလို႔ "


" ဟုတ္လား ဒါဆို ကြၽန္ေတာ္အေနာက္ကလိုက္ခဲ့မယ္ေနာ္ "

အသင့္ေဆာင္ထားသည့္ ေဆးအိတ္ကိုယူၿပီးေနာက္မွာ ကြၽန္ေတာ့္ စိတ္ထဲ၌ ေပ်ာ္႐ႊင္ေနသည္။ ဘာလို႔လဲဆိုေတာ့ ဒါက ရက္၂၀ေလာက္ၾကာမွ ေဆးကုရတာျဖစ္တာေၾကာင့္ပင္။ လူနာတစ္ေယာက္ရလိုက္တဲ့အတြက္ စိတ္ထဲ၌မေပ်ာ္သင့္ေပမယ့္ ၾကည္ႏူးသလိုလိုေတာ့ ျဖစ္မိသား။ဒါေၾကာင့္ တက္ႂကြတဲ့ ေျခလွမ္းေတြနဲ႕သာ ႐ြာလူႀကီးအိမ္သို႔ ဦးတည္လာခဲ့သည္။


" လာပါ လာပါ ဆရာေလး "

႐ြာလူ႕ႀကီး ခြန္ထီးေနာင္ရဲ႕ပုံစံက အနည္းငယ္ပ်ာယာခပ္ေနသည္။ အခုမွေရာက္လာသည့္ ေက်ာင္းဆရာကို စိုးရိမ္စိတ္လည္းျဖစ္သည့္အျပင္ သတိရလာရင္ ထျပန္သြားမွာလည္းဆိုးလွသည္။ ဒီ႐ြာေလးရဲ႕ စာသင္ေက်ာင္းက ဘယ္ဆရာမွ ၾကာၾကာမေနနိုင္ဘူး။ ဒီ႐ြာေလးကိုသံေယာဇဥ္ရွိလြန္းလို႔ ေက်ာင္းဆရာမလုပ္ေနတဲ့ အသက္၄၀အ႐ြယ္ ဆရာမတစ္ဦးသာ ေက်ာင္းမွာၿမဲသည္။ အသစ္ေရာက္လာတဲ့ ဆရာ မွန္သမွ် ဒီလိုေဝးလံၿပီးေခါင္တဲ့ေဒသမွာ ၾကာၾကာမေနနိုင္ဘူးေလ။ ဒါေၾကာင့္ ႐ြာေလးက ပညာတတ္အလြန္နည္းပါးလွသည္။ ေက်ာင္းမွာလည္း ထိုေက်ာင္းဆရာမႀကီးတစ္ေယာက္သာ ေက်ာင္းအုပ္အျဖစ္ရွိေနသည္။ ဒါေၾကာင့္ ႐ြာလူႀကီးဟာ အခုေရာက္လာတဲ့ ေက်ာင္းဆရာကို ျပန္သြားမည္ဆိုး၍ စိုးရိမ္ေနတာျဖစ္သည္။


" ဟင္ "


ဖ်ာေပၚ၌လဲေလ်ာင္းေနသည့္ ေက်ာင္းဆရာ၏ မ်က္ႏွာကို ျမင္လိုက္ရသည့္အခါ ေဟမာန္ေဆာင္းကဲ့သို႔ ေအးခဲေနသည္ကြၽန္ေတာ့္ရဲ႕ ႏွလုံးသားက ခပ္ဆက္ဆက္ေလး လႈပ္ရွားသြားသည္။သူ............။


" ဆရာေလး ျမန္ျမန္ေလးၾကည့္ေပးပါ ဖာထီးစိတ္ပူလွၿပီ "

ေဘးမွ ႐ြာလူႀကီးရဲ႕ အလ်င္စလိုထြက္သလာသည့္ အသံေၾကာင့္ ကြၽန္ေတာ့္အသိစိတ္တို႔ျပန္ႏွိုးလာၿပီး သူ႕အားစမ္းသပ္မႈစလုပ္ေတာ့သည္။ ကြၽန္ေတာ့္ရဲ႕ စမ္းသပ္စစ္ေဆးေနမႈကို ႐ြာလူႀကီးအပါအဝင္ ႐ြာလူႀကီး၏ အိမ္သာမ်ားႏွင့္ ႐ြာသားအနည္းငယ္က သိလိုစိတ္အျပည့္ရွိေသာ မ်က္ဝန္းမ်ားႏွင့္ ကြၽန္ေတာ္ႏွင့္သူ႕ကို တစ္လွည့္စီၾကည့္ေနၾကသည္။

" စိတ္ပူစရာမရွိပါဘူး ဖာထီး ။ ေသြးေပါင္က်ၿပီး အားနည္းေနတာပါ ။ ခရီးအေတာ္ပန္းလာတာျဖစ္မယ္ ။ ကြၽန္ေတာ္ အခု ေဆးထိုးေပးလိုက္မယ္ ခဏေနရင္ သူျပန္ၿပီးသတိရလာမွာပါ "


ထိုအခါမွ ႐ြာလူႀကီးက သက္ျပင္းခ်ၿပီး ေခါင္းတၿငိမ့္ၿငိမ့္လုပ္သည္။ကြၽန္ေတာ္လည္း သူ႕ကို ေဆးထိုးေပးၿပီး ေစာင္ထူထူတစ္ထည္ၿခဳံေပးကာ ႐ြာလူႀကီး ေနာက္သို႔ လိုက္သြားလိုက္သည္။

" ဆရာေလးကို ကြၽန္ေတာ္ တစ္ခုအကူအညီေတာင္းခ်င္လို႔ပါ "

ဖာထီးက ကြၽန္ေတာ့္ကို အၾကမ္းရည္ကမ္းေပးရင္း တည္ၿငိမ္ေလးနက္ေသာအသံျဖင့္ ဆိုသည္။

" ဟုတ္ကဲ့ ေျပာပါခင္ဗ်ာ "

" အခု ဒီေက်ာင္းဆရာေလးက ေယာကၤ်ားေလးလည္းျဖစ္ေတာ့ အရင္လို ေက်ာင္းအုပ္ဆရာမႀကီးအိမ္မွာေနလို႔မရဘူးေလ ။ ဆရာမႀကီးက အပ်ိဳႀကီးဆိုေတာ့ အရင္က ဆရာမေလးေတြနဲ႕က ေနလို႔ျဖစ္ေပမယ့္ အခုလို ေက်ာင္းဆရာေလးနဲ႕က်ေတာ့ မသင့္ေတာ္ဘူး။ အဲ့ေတာ့ ေက်ာင္းဆရာေလးကို ဆရာေလးရဲ႕ အိမ္မွာ ခဏထားလို႔ရမလားလို႔ပါ "

႐ြာလူႀကီးက ကြၽန္ေတာ္ေတြေဝေနသည့္ မ်က္ႏွာကို အကဲခပ္၍ ဆက္ေျပာသည္။

" ခဏပါပဲ ကြၽန္ေတာ္တို႔က ဒီေက်ာင္းဆရာေလးအတြက္ အိမ္တစ္လုံးေဆာက္ေပးၿပီးတဲ့အထိပါပဲ ဆရာေလး "

ထိုအခါ ကြၽန္ေတာ္သည္ ႐ြာလူႀကီးကို အားနာစြာၾကည့္၍

" မဟုတ္တာ ဖာထီးရဲ႕ ။ ကြၽန္ေတာ္လည္း တစ္ေယာက္တည္းပ်င္းေနတာနဲ႕ အေတာ္ပါပဲ ။ ကြၽန္ေတာ္က အေဖာ္ရွိေတာ့ ေပ်ာ္ေတာင္ေပ်ာ္ေသးတယ္ ။ ေနလို႔ရပါတယ္။ ဒါေပမယ့္ သူက ကြၽန္ေတာ္နဲ႕ ေနခ်င္ပါ့မလားလို႔ ေတြးေနတာပါ "


" ဒါက ေက်ာင္းဆရာေလးနိုးလာရင္ ကြၽန္ေတာ္တို႔ေမးၾကည့္လိုက္ပါ့မယ္ "


" ကြၽန္ေတာ္ေနလို႔ျဖစ္ပါတယ္ဗ် "


႐ြာလူႀကီးႏွင့္ ကြၽန္ေတာ္သည္ သူ၏ မကမ္းမလွမ္း၌ ေဆြးႏြေးေနၾကခိုက္ ေက်ာဘက္မွထြက္လာသည့္ သူ႕အသံေၾကာင့္ ကြၽန္ေတာ့္ တစ္ကိုယ္လုံးေတာင့္တင္းသြားေတာ့သည္။သူက ကြၽန္ေတာ္ရွိရာသို႔ ခပ္ျဖည္းျဖည္းေလွ်ာက္လွမ္းရင္း ကြၽန္ေတာ္၏ မ်က္ႏွာခ်င္းဆိုင္၌ဝင္ထိုင္လိုက္သည္။ ထိုအခါ သူ၏လြန္းအိမ္ပုံမ်က္ဝန္းမ်ားသည္ ကြၽန္ေတာ္ထံသို႔ က်ေရာက္လာခ်ိန္တြင္ အနည္းငယ္ က်ယ္သြားသည့္ မ်က္ဝန္းအိမ္တို႔က မထင္မွတ္ထားေၾကာင္းသက္ေသထူေနသည္။ ကြၽန္ေတာ္ သတိလက္လြတ္ေငးၾကည့္ေနမိေသာ သူ႕မ်က္ဝန္းေတြက အဓိပ္ပါယ်အမျိုးမျိုးပါနေသည်။

" မေတြ႕တာၾကာၿပီေနာ္ ေသာ္စစ္ "

"အင္း မေတြ႕တာၾကာၿပီ ဒီဇင္ဘာ "




......................................

ဒါေလးက အပိုင္းတိုေလးပါ။ ၃ပိုင္းေလာက္နဲ႕ ဇာတ္သိမ္းမွာပါ။





Continue Reading

You'll Also Like

273K 6.6K 74
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
273K 9.9K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
2.3M 151K 96
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.4M 47.6K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd