Rebirth for (BL) (completed)
By fujoshipmama
152K 13.9K 232
Both Uni and Zawgyi အမွေကိုလောဘတက်တဲ့ဆွေမျိုးတွေရဲ့သွေးထိုးစကားကြောင့်ကျေးဇူးရှင်တွေကို ဒုက္ခ ရောက်စေမိတဲ့ပိ... More
ဖတ်ပေးပါ
Part. 2
Special part
Characters
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Update အကြောင်း
Part (10)
Part (11)
Part (12)
Part (13)
Part (14)
Part (15)
ဒီနေ့updateမရှိ
Part (16)
Part (17)
Part (18)
Part (19)
Final Part
Part. 1
12.2K 840 7
By fujoshipmama
(Uni)
Mနိုင်ငံYမြို့တော်
Yမြို့တော်ဟာMနိုင်ငံရဲ့အကြီးဆုံးမြို့တော်
ဖြစ်ပြီးစီးပွားရေးလောကတွင်လွှမ်းမိုးနိုင်သူတို့သာအများဆုံးနေထိုင်ကြသည်။
သင်ဟာတစ်ခြားမြို့မှာချမ်းသာကောင်းချမ်းသာနိုင်ပေမဲ့Yမြို့တော်မှာတော့
ခပ်ကုပ်ကုပ်လေးနေတာကအကောင်းဆုံးပင်။
မဟုတ်ရင်မျက်စိရှုပ်သည့်ပုဒ်မဖြင့်
ထောင်ထဲသို့မည်ကဲ့သို့ရောက်မှန်းမသိဖြစ်သွားနိုင်သည်။
ညအချိန်တွင်နေမပူမိုးမရွာရာသီဉတုကြောင့်
မြို့အတွင်းရှုပ်ရှက်ခပ်နေရာလျှပ်စစ်မီးရောင်တို့နှင့်ဖုံးလွှမ်းနေသောမြို့တော်ကြီးမှာဆူညံသံတို့နှင့်သက်ဝင်လှုပ်ရှားလျက်...
"ဟက်...ဆူလိုက်တာ"
ငွေဖြူရောင်ဆံနွယ်လေးများဖြင့်ထိုကေင်လေးကမဲ့ပြုံးပြုံးရင်းဆိုသည်။ငယ်ရွယ်နုပျိုလျှက်ရှိသောမျက်နှာနုနုတွင်မျက်ရည်စက်တို့တွဲခိုလျက်ရှိ၏10ထပ်တိုက်ခေါင်မိုးထပ်အစွန်းတွင်သူတစ်ယောက်မှလွဲ၍မရှိ။
"အန်ကယ် ၊အန်တီကျွန်တော့်ရဲ့အမှားတွေကို
နောင်ဘဝကျ ရင်သေချာပြန်ဆက်ပါ့မယ်"
ထို့နောက်လစ်ဟာသွားသောခံစားချက်
နှင့်အတူစိတ်အစဉ်တို့ကားမှောင်မိုက်သွား၏
***********
*********
နွေးထွေးလှသောနေရောင်ခြည်အောက်တွင်ကျေးငှက်ကလေးများတေးသီနေကြသည်။
သစ်ပင်ပန်းပင်များနှင့်အုပ်ဆိုင်းနေကာ
အလုပ်သမားများစွာတို့နှင့်သက်ဝင်လှုပ်ရှားနေသော3ထပ်တိုက်ကြီးများကားYမြို့တော်
၏လူကုံထံရပ်ကွက်တွင်ကျယ်ဝန်းသောခြံဝင်းများနှင့်ဝေးကွာစွာတည်ရှိ​ြကသည်။
ထိုရပ်ကွက်ရှိအိမ်တစ်အိမ်တွင်..
မျက်ဝန်းထဲသို့တိုးဝင်လာသောအလင်းတစ်ချို့ကြောင့်ပိုင်စိုးဆက်စိတ်ပျက်စွာရေရွတ်မိသည်။
"ကျစ်...မသေသေးဘူးလားကွာ"
သို့သော်မိမိကိုစိုက်ကြည့်နေသောကောင်လေးတစ်ယောက်ကြောင့်မျက်ဝန်းအစုံတို့ပြူးကျယ်သွားရ၏
*မဖြစ်နိုင်တာ..အာဏာကဘာလို့ဒီလောက်ငယ်နေတာလဲ*
အတွေးတို့ကပို၍ပင်ရှုပ်ထွေးသွားရသည်။
သူသေကြောင်းကြံစည်စဉ်ကအသက်၃၀
အာဏာက၂၉ပင်ရှိပြီ။ဒါဆို.....
အတွေးတစ်ချို့ကြောင့်မျက်ဝန်းတို့
လက်ကနဲဖြစ်သွား၏မဖြစ်နိုင်ပါဟုအရင်က
ငြင်းခဲ့သော်လည်းအခုအခြေအနေမှာ
ပြန်လည်မွေးဖွားခြင်းမှလွဲ၍မဖြစ်နိုင်ချေ။
"ဟေ့..ဟေ့.."
အတွေးထဲဘယ်လောက်နှစ်​ေမျ​ာသွား မှန်းမသိ။အာဏာ၏ခေါ်သံကြားမှသာအသိဝင်လာ
သည်။
ဒါဟာသူ့အတွက်ဒုတိယအခွင့်အရေး
*ဘယ်သူမှန်းမသိပေမဲ့အခွင့်အရေးအတွက်ကျေးဇူးပါ*
"အွင်း... အာဏာပြောလေ.."
"ဖေဖေနဲ့ မေမေကမနက်စာစားရအောင်ခေါ်ခိုင်းလို့.."
"အင်း..ကိုကို လာခဲ့မယ်"
ပြောပြီးသည်နှင့်အခန်းထဲမှခပ်သွက်သွက်
ထွက်သွားသောအကေင်ပေါက်။
*အားယား..အရင်ဘဝကဒီလောက်ချစ်ဖို့ကောင်းတဲ့ကောင်လေးကိုမုန်းခဲ့ရတယ်လို့*
အိပ်ရာပေါ်မှထကာရေချိုးခန်းထဲသို့
ဝင်သွားလိုက်၏
မှန်ပေါ်တွင်ငွေရောင်ဆံနွယ်၊နို့နှစ်ရောင်အသားအရေ၊ကော့စင်းနေသောမျက်တောင်ရှည်တို့နှင့်အသက်၇နှစ်အရွယ်ကလေးတစ်ယောက်၏ပုံရိပ်..
သူ၏အသက်၇နှစ်အရွယ် မားနှင့်ပါးတို့
accidentကြောင့်ဆုံးပါးသွားချိန်တွင်ပြန်လည်မွေးဖွားလာခြင်းပင်။
အရင်ဘဝကအသက်၈နှစ်အရွယ်တွင်ပါးနှင့်မား တို့၏ဆွေမျိုးဝေး၂ဝမ်းကွဲ၃ဝမ်းကွဲအစ်ကိုအမများရောက်လာကာ
ပိုင်စိုးဆက်အားမွေးစားရန်ကြံစည်ကြသည်။
သူတို့၏အပြောချိုချိုများကြောင့်၈နှစ်အရွယ်ကလေးတစ်ယောက်အနေနှင့်အမှန်ပင်ယုံခဲ့မိသည်။အဖိုး၊အဖွား များကလည်းစောစောကွယ်လွန်သွားသဖြင့်ဉီးလေး၊ဒေါ်လေးတို့သာဆွေမျိုးနီးစပ်ရှိတော့သဖြင့်
ဆွေမျိုးများနောက်လိုက်ရန် ဆန္ဒ ရှိခဲ့သည်။
အန်တီလဲ့လဲ့ရီနှင့်အန်ကယ်ရှိန်သာတို့ကသူတို့ရဲ့အမွေလိုချင်စိတ်​​ေတွကိုသိတာကြောင့်
သူ့အားတားခဲ့ကြသည်။
မားနှင့်ပါးတို့မှာY​ြမို့​ေတာ်၏Top3စီးပွားရေး လုပ်ငန်းရှင်ဖြစ်သဖြင့်'ဆက်'အတွက်ဗီလာ္၁၀လုံး၊လက်ဝတ်လက်စား၊fashion shop၊ကိုယ်ပိုင်လေယာဉ်ကွင်းများ၊Top3ကုမ္ပဏီ ဖြစ်တဲ့YU ကုမ္ပဏီ များအမွေအဖြစ်ချန်ထားခဲ့သဖြင့် ချမ်းသာမှုTop10မဝင်သောဆွေမျိုးများအတွက်သရေ ကျစရာင်။
ဒါတွေကိုသိတာကြောင့်မားနဲ့ပါးတို့က ဆက်အရွယ်မရောက်ခင် အမွေ​​​ေတွွကိုထိန်းသိမ်းဖို့
သူငယ်ချင်းဖြစ်သောအန်တီနှင့်အန်ကယ်တို့အားအုပ်ထိန်းခွင့်ပေးခဲ့သည်။
ဒါကိုမကျေနပ်တဲ့ဆွေမျိုးတွေကဆက်ကို
သွေးထိုးစကားဆိုခဲ့သည်။ငယ်သေးသဖြင့်
ထိုဆွေမျိုးများ ၏အမွေလိုချင်လို့မွေးစားတာဟူသောသွေးထိုးစကားများအား
ယုံခဲ့မိသည်။
နောက်တွင်ထိုဆွေမျိုးများပေါင်းပြီး
ပိုင်စိုးဆက်အားလူ့အသိုင်းအဝိုင်းတွင်နာမည်ကျအောင်၊မကောင်းသတင်းပြန့်အောင်၊နောက်ဆုံးဆေးစွဲအောင်ပင်ပြုလုပ်ခဲ့ကြသည်။
အမှားတွေကိုသိချန်မှာတော့နောက်ကျလေပြီ။
Top4တွင်ရပ်တည်ခဲ့သောအန်ကယ်၏ ကုမ္ပဏီ ဒေဝါလီခံရသဖြင့်အန်ကယ်ကနှလုံးဖောက်၍ဆုံးသွားသလိုအန်တီကည်းအာဏာက်ုခေါ်ပြီးခြေရာဖျောက်သွားလေပြီ။
ဆက်အမွေရခဲ့သမျှလည်းထိုမကောင်းသောဆွေမျိုးများလက်ဝါး​ကြီးအုပ်ပိုင်စိုးသွားသည်။ထိုလူများ၏လုပ်ကြံမှုကြောင့်
မိန်းကလေးတစ် ယောက်အား အဓမ္မ ကျင့်သည်ဟုစွပ်စွဲခံရကာ​ထောင်ကျခဲ့ရပြန်သည်။
လွတ်လာတဲ့အချိန်မှာအရာအားလုံးပြီးဆုံးသွားချေပြီ။
သူယုံခဲ့သောအစ်ကို၊အစ်မများမှာသူ့အားကဲ့ရဲ့ကာလှောင်ပြောင်ကြသည်။လူယုံဟုသတ်မှတ်မိသူများက သစ္စာ ဖောက်ကြသည်။နောက်ဆုံးသူအသက်30တွင်
သတ်သေခဲ့သည်။
ယခုကားအရာအားလုံး၏အစသို့ပြန်​ကေ်လာချေပြီ။
*ဒီဘဝမှာတော့အရာအားလုံးကိုကာကွယ်ဖို့ငါအင်အားကြီးရမယ်..မား၊ပါး.ဒီဘဝမှာတော့သားသေချာပေါက်လက်စားချေပေးမယ်*
မှန်ထဲရှိနှစ်လိုဖွယ်မျက်နှာလေးကားအမုန်းမျက်ဝနးတို့နှင့်စူးရဲလျက်....
*************
*****************
"သားဆက်..လာထိုင်လေ.."
ထမင်းစားခန်း သို့ဝင်လိုက်သည်နှင့် အန်တီလဲ့ကနွေးထွေးစွာပြုံးပြလာသည်။အန်ကယ်ကလည်းသတင်းစာဖတ်နေရင်မှကြည့်ပြီးပြုံးပြလာသည်။
အာဏာကိုကြည့်လိုက်တော့စူပုပ်ပုပ်နှင့်မို
ဆက်ရယ်ချင်သွားရသည်။
အာဏာလေးကမျက်နှာသာတည်တာ
အန်ကယ်နှင့်အန်တီကိုတော့သူ့တစ်ယောက်
တည်းသာအရေးပေးစေချင်သူ..
အရင်ဘဝကဆိုလျှင်ဆက်ကိုမျက်နှာသာပေးတာနှင် ့မျက်နှာကစူပုပ်သွားလေ့ရှိသည်။
ဆက်ပြုံးစိစိဖြစ်နေတာမြင်တော့အန်တီလဲ့ကအာဏာကိုလှည့်ကြည့်သည်
"အာဏာ..မျက်နှာကဘယ်လိုဖြစ်နေတာလည်း..ဒါသားကိုကိုနော်"
အန်တီပြောမှမျက်နှာကပို၍ပင်စူပုပ်သွားသည်။
"အာဏာ..ကိုကိုလို့ခေါ်လိုက်လေ.."
"ခေါ်ချင်..."
ပြောမည့်စကားများမှာမွေးသမိခင်၏အကြည့်စူးစူးအောက်တွင်ပျောက်ရှသွားသည်။
"ကို....ကိုကို"
"အင်း..လိမ်မာတယ်.. "
အန်တီလဲ့၏ချီူးစကးကြောင့်အာဏာ၏နားရွက်ဖျားများရဲတက်သွားသည်ကိုမြင်လိုက်ရသဖြင့်ဆက်ကြိတ်ရီသည်။
အန်ကယ်ကလည်းဘေးကနေတစ်ခွီးခွီးနှင့်ပွဲကျနေသည်။
ပြန်လည်မွေးဖွားချိန်တွင်ပထမဆုံးအဖြစ်ပြုံးရယ်ခဲ့သည်။ဒါသူတန်ဖိုးထားကာကွယ်ရမည့်မိသားစုလေး...
(Zawgyi)
Mနိုင်ငံYမြို့တော်
"ဟက်...ဆူလိုက်တာ"
***********
*********
၏လူကုံထံရပ်ကွက်တွင်ကျယ်ဝန်းသောခြံဝင်းများနှင့်ဝေးကွာစွာတည်ရှိ​ကြသည်။
"ကျစ်...မသေသေးဘူးလားကွာ"
အာဏာက၂၉ပင်ရှိပြီ။ဒါဆို.....
"ဟေ့..ဟေ့.."
သည်။
"အွင်း... အာဏာပြောလေ.."
"အင်း..ကိုကို လာခဲ့မယ်"
ဝင်သွားလိုက်၏
အန်တီလဲ့လဲ့ရီနှင့်အန်ကယ်ရှိန်သာတို့ကသူတို့ရဲ့အမွေလိုချင်စိတ်​​တွေကိုသိတာကြောင့်
သူ့အားတားခဲ့ကြသည်။
မားနှင့်ပါးတို့မှာY​မြို့​တော်၏Top3စီးပွားရေး လုပ်ငန်းရှင်ဖြစ်သဖြင့်'ဆက်'အတွက်ဗီလာ်၁၀လုံး၊လက်ဝတ်လက်စား၊fashion shop၊ကိုယ်ပိုင်လေယာဉ်ကွင်းများ၊Top3ကုမ္ပဏီ ဖြစ်တဲ့YU ကုမ္ပဏီ များအမွေအဖြစ်ချန်ထားခဲ့သဖြင့် ချမ်းသာမှုTop10မဝင်သောဆွေမျိုးများအတွက်သရေ ကျစရာင်။
ဒါတွေကိုသိတာကြောင့်မားနဲ့ပါးတို့က ဆက်အရွယ်မရောက်ခင် အမွေ​​​တွေကိုထိန်းသိမ်းဖို့
ယုံခဲ့မိသည်။
သတ်သေခဲ့သည်။
ယခုကားအရာအားလုံး၏အစသို့ပြန်​က်ေလာချေပြီ။
*************
*****************
"သားဆက်..လာထိုင်လေ.."
ဆက်ရယ်ချင်သွားရသည်။
"ခေါ်ချင်..."
"ကို....ကိုကို"
"အင်း..လိမ်မာတယ်.. "
Continue Reading
You'll Also Like
131K 12K 47
ဒါကUnicodeမရခဲ့တဲ့အပိုင်း​တွေအတွက်​ပြန်​​ရေး​ပေးတာပါဒီထဲမှာunicodeပဲပါမှာမယ်​အစကဟိုအထဲမှာပဲတင်​​ပေးဖို့ဒါ​ပေမဲ့လဲအခုဖတ်​​နေတဲ့သူ​တွေကရ​ရောကုန်​မှာဆိ...
1.3M 46.3K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
3.8K 571 10
ဝင်ဖတ်လို့လည်းရတယ် လစ်လျူရှုလို့လည်းရတယ်...တစ်ခါတလေ စိတ်ကျဥ်းကျပ်သည့်အခါမှာ... ငါ စာတိုတွေ ရေးတတ်လာတယ်... စိတ်ခံစားချက်တွေ တိုက်မိသွားရင် ငါ့စာတိုတွေ...