မြတင့်

By Lwin_Sue_Taungoo

1.7M 202K 35.7K

Unicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်... More

မြတင့်
(၁)[Unicode]
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
မနှင်းဆီ
(၁၆)
(၁၇)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
❣️Beautiful❣️
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)Final
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
မနှင်းဆီ
(၁၆)
(၁၇)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)(Final)

(၁) [Zawgyi]

27.5K 1.2K 39
By Lwin_Sue_Taungoo

နှင်းဆီနီနီများ၏ရနံ့တို့ သင်းပျံ့ကြိုင်လှိုင်နေသော ခြံဝန်းကျယ်ကြီးထဲရှိ ဒန်းလေးတစ်ခုပေါ်တွင် အသက်ငယ်ငယ်ကောင်ငယ်လေးတစ်ယောက် ထိုင်နေလေသည်။

ထိုကောင်ငယ်လေးသည် တောင်ဘက်ခြံအပေါ်ထပ်ရှိ အခန်းငယ်လေးဆီသို့ ငေးမောကြည့်နေခဲ့သည်။ ထိုကောင်ငယ်လေးသည် တစ်စုံတစ်ရာကို ခပ်ပေါ့ပေါ့ကလေး တွေးတောနေဟန်၊ မဟုတ်သေး။ သူ ဘာတွေးနေမိသည်ကိုပင် ရေရေရာရာမသိတော့ပါချေ။

သူ၏ အတွေးတို့သည် ရောက်တတ်ရာရာဖြစ်နေ၏။ တွေးနေ၊ ငေးနေရသည်ကိုပင် ထိုကောင်ငယ်လေးက သာယာနေဟန် ခပ်ဆွေးဆွေးကလေး ဖြစ်နေပါ၏။

သူ၏လက်ထဲတွင်လည်း စီးကရက်တစ်လိပ်ကို မီးညှိထားလျက်သားဖြစ်ချေ၏။ ထို့အပြင် သူ၏ပါးစပ်မှလည်း စီးကရက်အငွေ့များ တထောင်းထောင်းထနေပါသေး၏။

သူ၏နာမည်ကား မြတင့်ဟု ခေါ်တွင်ပါ၏။ မြတင့်သည်ကား အရူးပင်ဖြစ်၏။ သို့ပါသော်လည်း ထက်မြက်သည့်အရူးပင်ဖြစ်‌ချေပါ၏။ သို့ရာတွင် အချစ်နှင့်တွေ့လျှင် အရူးကလေး မြတင့်သည် တုံးအသွားတတ်သည်။

မြတင့်ကား ပြတ်သားသည်ဟု လူအများက သတ်မှတ်ပေးကြပြန်ပါ၏။ သို့ရာတွင် ရံဖန်ရံခါ ဝေခွဲမရဖြစ်နေတတ်သည်ဟုလည်း ဆိုကြပြန်၏။ မြတင့်မှာ ခပ်ပြတ်ပြတ်ပြောဆိုတတ်သော်လည်း ရံဖန်ရံခါတွင်တော့ နူးညံ့နေတတ်ပြန်သည်ဟု သတ်မှတ်နိုင်ပါသေး၏။

လူတွေက မြတင့်အကြောင်း ဘယ်လောက်သိလို့များ မြတင့်အား ဤသို့နှယ် သတ်မှတ်နေကြရပါသနည်း။ မြတင့်က သူတို့သတ်မှတ်ချင်တိုင်း သတ်မှတ်ပစ်လို့ ရမတဲ့လား။ မြတင့်က ထာဝရအတွက် မြတင့်ပင်ဖြစ်နေမည်ဖြစ်၏။

မြတင့်က ဘယ်လိုဘယ်ပုံပါဟူ၍ သတ်မှတ်ပေးနေကြဖို့ လိုလည်း မလိုကြပါချေ။

မြတင့်ထံတွင် ခံစားတတ်သော နှလုံးသား မရှိဟုထင်ရသော်လည်း အမှန်မှာတော့ မြတင့်သည်ကား ချစ်တတ်လွန်းသူတစ်ယောက်သာ ဖြစ်ချေ၏။

သို့ပါသော်ငြား မြတင့်သည် ဘာကြောင့်များ အချစ်မခံခဲ့ရပါသနည်း။ သူ၏ ထူးခြားသောအကြိုက်ကြောင့်ပင် ဖြစ်မည်ဟု မြတင့်က တစ်ထစ်ချတွေးထားမိသည်။

မြတင့်က အလှကြိုက်သည်။ မြတင့်က မိန်းမအဝတ်အစားများကို နှစ်ခြိုက်သည်။ မျက်နှာချေမှုန့်များကို နှစ်ခြိုက်သည်။ ပါးနီရဲရဲများကို သူ့ပါးပြင်မို့မို့တွင် လိမ်းခြယ်ရခြင်းကို နှစ်ခြိုက်သည်။ နှုတ်ခမ်းနီရဲရဲကို နှစ်ခြိုက်သည်။

ဒါပါပဲ။ မြတင့်ကို လူတွေ မချစ်ကြသည့်အကြောင်းအရင်းမှာ ဤအရာပင်ဖြစ်ချေ၏။

မြတင့်မှာ ကျောလယ်အထိ ရှည်လျားသော နက်မှောင်သည့် ဆံပင်ရှည်များလည်း ရှိသည်။

မြတင့်သည် မိန်းမအ၀တ်အစားများကို နှစ်ခြိုက်ရုံ၊ မိန်းမအသုံးအဆောင်များကို နှစ်ခြိုက်ရုံပင်။ မိန်းမသားများက လှပသော ပန်းပွင့်များကို နှစ်ခြိုက်သကဲ့သို့၊ ယောက်ျားသားများက ပုဆိုးနှင့် တိုက်ပုံကို နှစ်ခြိုက်သကဲ့သို့ မြတင့်သည် မိန်းမအသုံးအဆောင်များကို နှစ်သက်မိသွားရုံပင်။

မြတင့်၏ အကြိုက်သည် အခြားသော ယောက်ျားများနှင့် မတူညီရုံလေးပင်။ ထို့ထက် ဘာမှပို၍ မထူးခြားပေ။

မြတင့်သည် သူရရှိထားသော ယောက်ျားဘ၀ကိုသာ ချစ်မြတ်နိုးသည်။ မြတင့်သည် သူ့ဖြစ်တည်မှုကို မြတ်နိုးသည်။ မြတင့်သည် ယောက်ျားတစ်ယောက်သာ ဖြစ်ချင်သည်။ မြတင့်သည် မိန်းမတစ်ယောက်နှယ် ၀တ်စားထားသော်ငြား မိန်းမတစ်ယောက် ဖြစ်ချင်နေခြင်းမျိုး မဟုတ်ပေ။

ဒါကို လူတွေသိဖို့ကောင်းသည်။ နားလည်ကြဖို့ကောင်းသည်။

"အို အဲ့ဒီလူတွေမှာ မြကို နားလည်နိုင်လောက်တဲ့ ဦးနှောက်မှ မရှိဘဲ" ဟူ‌၍ မြတင့်က ခပ်ကြောကြောကလေး တွေးမိပါ၏။

ရံဖန်ရံခါတွင်မူ မြတင့်သည် ပုဆိုးနှင့်တိုက်ပုံကို ဝတ်ဆင်တတ်သေးသည်။ ထိုအခါတွင်လည်း မြတင့်သည် ယောက်ျားဆန်စွာ ချောမောနေဆဲပင် ဖြစ်နေချေသေးသည်။

ထိုသို့ ဝတ်ဆင်သည်မှာလည်း ရံဖန်ရံခါမျှသာ၊ တကယ်ကို ရံဖန်ရံခါမျှသာ ဖြစ်၏။

သို့ရာတွင် မြတင့်၏ မိဘများသည် အဘယ်ကြောင့် မြတင့်အား နားမလည်ပေးနိုင်ကြပါသနည်း။

မြတင့်က မိန်းမအသုံးအဆောင်များကို နှစ်ခြိုက်မိသွားရုံလေးဖြင့်၊ နှုတ်ခမ်းနီရဲရဲကို သဘောကျမိသွားရုံလေးဖြင့်၊ မြတင့်သည် မျိုးရိုးဂုဏ်သိက္ခာကို ကျဆင်းစေသည့် သားတစ်ယောက် ဖြစ်သွားခဲ့ပါသည်တဲ့လား။ အမှန်ဆိုလျှင် မြတင့်က ယောက်ျားပဲ ဖြစ်ချင်ခဲ့တာ မဟုတ်ပါလား။

မြတင့်က ခပ်ဆိုးဆိုးကလေး တွေးပစ်လိုက်မိသေးသည်။ အဖေနှင့်အမေတို့ဟာ သူ၏ ပုံမှန်မဟုတ်သော ကြိုက်နှစ်သက်မှုကို မနာလိုများ ဖြစ်နေကြသလား ဟူ၍ပင် ဖြစ်ချေ၏။

မြတင့်သည်ကား သူ့စိတ်သူ ပြုပြင်ခဲ့ပါသေးသည်။ ထမိန်အစား ပုဆိုးကို ပြောင်းလဲ၍ ကြိုက်နှစ်သက်လိုက်ပါရန်၊ ရင္ဖုံးအက်ႌအစား တိုက္ပုံအက်ႌကို ပြောင်းလဲ၍ နှစ်သက်လိုက်ပါရန် အကြိမ်ကြိမ် ကြိုးစားခဲ့ပါ၏။

သို့ရာတွင် မိန်းမအသုံးအဆောင်များကို နှစ်ခြိုက်မိသောစိတ်အား ဘယ်လိုလုပ်ပြီးများ ပြောင်းလဲပစ်လိုက်ရပါမည်နည်း။ အသွေးထဲအသားထဲကနေ‌၍ နှစ်ခြိုက်စွာ စွဲလမ်းနေမိသည်ကို ဘယ်လိုလုပ်ပြီးများ ပြောင်းလဲပစ်နိုင်မှာတဲ့လဲ။

သို့နှင့် မြတင့်သည် သူ့ဖြစ်တည်မှုကို လက်ခံခဲ့လိုက်ပါတော့သည်။

ဟုတ်သည်။ မြတင့်သည် သူ၏ ဖြစ်တည်မှုကို လက်ခံခဲ့သည်။ ဘာကြောင့်များ မြတင့်က လက်မခံရဲရပါမည်နည်း။ မြတင့်က သူများပစ္စည်းခိုးနေပါသလား၊ သူများသားမယားကို ပြစ်မှားနေပါသလား၊ ထို့ထပ်ပို၍ ဆိုရလျှင် မြတင့်၏ ဘဝက ရွံစရာတဲ့လား။

မြတင့်၏ ထိုသို့သော ကြိုက်နှစ်သက်မှုသည် မိဘများက သူ့ကို စွန့်ပစ်ရလောက်သည်အထိ အပြစ်ကြီးသွားခဲ့လေသလား၊ မြတင့်မှာ မဝေခွဲ မပိုင်းခြားနိုင်ခဲ့ပါချေ။

မြတင့်၏ ထူးခြားလှသော ကြိုက်နှစ်သက်မှုကြောင့်ပင် မြတင့်၏မိဘများ ကွဲကွာခဲ့ရသည်။ တစ်ယောက်ကိုတစ်ယောက် မြတင့်အား ကောင်းစွာ မထိန်းကျောင်းခဲ့ရကောင်းလားဟု အပြစ်တင်ဝေဖန်ရင်းဖြင့် ကွဲကွာသွားကြကာ နောက်အိမ်ထောင် အသီးသီးပြုကုန်ကြ၏။

အို...အစကတည်းက သူတို့တွေ မြကို စွန့်ပစ်ချင်နေခဲ့တာနေမှာ၊ သူတို့မှာ အစကတည်းက နောက်လူတွေရှိနေခဲ့ပြီးသားနေမှာ။ သက်သက်မဲ့ မြကို မြေစာပင်လုပ်ပစ်ခဲ့ကြတာပဲ။

ထိုကဲ့သို့ မြတင့်သည် ခပ်ရွတ်ရွတ် အတွေးဆိုးဆိုးကလေးများကို တွေးမိတတ်သေးသည်။

မြတင့်သည် သူ့မိဘများပြောဆိုနေသကဲ့သို့ ဆိုးရွားပျက်စီးနေခဲ့ခြင်း မရှိခဲ့ပါချေ။ မြတင့်က အရက်လည်းမသောက်တတ်၊ ဆေးလိပ်လည်း မသောက်တတ်၊ ဘယ်သောအခါမှ ခိုက်ရန်ဖြစ်ပွားခြင်းမျိုး မရှိခဲ့ဖူးပါချေ။ သို့ပါသော်လည်း အဘယ်ကြောင့်များ မြတင့်သည် သူ၏မိဘတို့ပါးစပ်ဖျားတွင် ရွံစရာသတ္တိဝါတစ်ကောင်နှယ် ဖြစ်သွားရပါသနည်း။

မြတင့်အား မိဘများက ထားရစ်ခဲ့ကြသည်။ မြတင့်နှင့် အတူရှိခဲ့သူများမှာ ကြီးမေသောင်းနှင့် အိမ်အကူမလေး ခိုင်တို့သာရှိသည်။ ခြံစောင့် မြတ်သိန်းကိုလည်း ချန်ထား၍ မဖြစ်ပေ။ မြတင့်အနားတွင် ကျန်ရစ်ခဲ့သူများမှာ ဤသုံးယောက်သာရှိခဲ့သည်။

ဤသုံးယောက်သာဖြစ်ရ၏။ ဤသုံးယောက်အား မြတင့်သည် ရင်နှင့်အမျှဖြစ်ရ၏။

"မြ အိမ်ထဲ ဝင်သင့်ပြီကွယ်"

ကြီးမေသောင်းက အိမ်ပေါက်ဝမှာ မတ်တပ်ရပ်၍ လှမ်းခေါ်သည်။ လှမ်းခေါ်သည်ဟု သုံး၍ပင်မလိုအပ်ပေ။ ကြီးမေသောင်းက အသံပြုလိုက်ရုံသာ။ မြတင့်မှာ အထဲဝင်ချင်မှ ဝင်မည်။ ဤဒန်းလေးပေါ်တွင် ဆက်ထိုင်ချင် ထိုင်နေမည်။ မြတင့်က သူဆန္ဒရှိရာ၊ သူ လုပ်ချင်တာကိုသာ လုပ်မည်ဖြစ်၏။

ကြီးမေသောင်းသည် ပြောပြီးသည်နှင့် အိမ်ထဲ ပြန်ဝင်သွားသည်။ မြတင့်သည် သူခြုံထားသော သိုးမွေးခြုံထည်ကို ပခုံးအထိရောက်အောင် ဆွဲတင်လိုက်ပြီး အနှီဒန်းပေါ်မှ ထလိုက်သည်။ ထို့နောက် တောင်ဘက်ခြံ အိမ်အပေါ်ထပ်ရှိ မီးလင်းနေဆဲဖြစ်သော အခန်းလေးကို မြတင့်က တစ်ချက်မျှ ထပ်မံ၍ ငေးကြည့်မိသည်။

အစကနဦးကမူ မြတင့်သည် ထိုအခန်းလေးမှ မီးရောင်ပိတ်သွားသည့်အထိ ထိုင်ကြည့်နေရန် ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဤညအတွက်မူ ထိုအခန်းထဲရှိလူသားသည် မီးမပိတ်ဘဲ အိပ်ပျော်သွားလေဟန်ရှိသည်။ သို့ဖြစ်၍ မြတင့် မိုးလင်းသည်အထိ ထိုင်စောင့်လျှင်ပင် ထိုအခန်းလေးသည် မီးပိတ်မည့်ပုံ မပေါ်ချေ။

မြတင့်သည် မထီသလို ပြုံး၍ အိမ်ထဲ ဝင်လာခဲ့လိုက်သည်။ ဆောင်းတွင်းမို့ အပြင်မှာ ချမ်းလွန်းလှသည်။ မြတင့်တစ်ယောက် အိမ်ထဲသွားသည်မှာ သေချာသည့်အခါမှသာ ခြံစောင့် မြတ်သိန်းသည် သူနေထိုင်ရာ ခြံစောင့်အိမ်ကလေးထဲသို့ ၀င်သွားတော့သည်။

မြတင့်တစ်ယောက် ညဘက် အပြင်ထွက်ထိုင်သည့် အခါတိုင်း မြတ်သိန်းက ချောင်ကျကျ‌နေရာ‌လေးတစ်ခုတွင် ခြင်ကိုက်ခံ၍ မြတင့် အိမ်ထဲဝင်သွားသည်အထိ ထိုင်စောင့်နေတတ်သည်။ ကြီးမေသောင်းမှ သူ့အား မြတင့် မသိခင် ပေးအပ်ထားသော တာဝန်တစ်ခုပေဖြစ်၏။

သို့ပါသော်လည်း သူကိုယ်တိုင်ကိုက စိတ်လိုလက်ရ စောင့်ဆိုင်းနေတတ်ခြင်း ဖြစ်၏။ တာဝန်ကြောင့် မဟုတ်ပါဘဲ စိတ်အရင်းခံကြောင့်သာ ဖြစ်၏။ မြတင့်ကတော့ သူ့အား သတိထားမိမည်ပင် မဟုတ်ပါချေ။

"ခိုင်၊ တို့အခန်းထဲကို နွားနို့တစ်ခွက်လောက် လာပို့ပေးစမ်းပါကွယ်"

မြတင့်သည် သိုးမွေးခြုံထည်ကြီးကို ပခုံးပေါ်မှ ဖယ်ယူလိုက်ပြီးနောက် လက်ထဲတွင် ကိုင်ပြီး အိမ်အပေါ်ထပ်သို့ ဖြေးညင်းညင်သာစွာ တက်သွားတော့သည်။

မြတင့်သည် သူ့အခန်းထဲတွင် ဆေးလိပ်တစ်လိပ်ကို ပြင်းပြင်းပြပြ ဖွာချင် ဖွာနေမည်။ ဗြိတိသျှပြည်မှ တင်သွင်းသော ဝီစကီတစ်ခွက်ကို သောက်ချင်သောက်နေမည်။

ပြီးလျှင် ဂန္တဝင်တေးဂီတဓာတ်ပြားတစ်ခုခုကို ဖွင့်ကာ နားထောင်ချင် နားထောင်နေလိမ့်မည်။ ခိုင့်ကို လာပို့ခိုင်းသော နွားနို့ကို မြတင့် သောက်ချင်မှ သောက်မည်။ မြတင့်၏ အစွန့်ပစ်ခံဘဝတွင် မည်သူ့ကိုများ ဂရုစိုက်နေရအုန်းမည်နည်း။

မြတင့် အရက်သေစာ မသောက်မစားပဲ နေတော့ရော မြတင့်က လူတကာအမြင်မှာ ရွံစရာသတ္တိဝါတစ်ကောင်နှယ် မဖြစ်တော့ပါဘူးတဲ့လား။

အမှန်တော့ မြတင့် လိမ္မာကြည့်ခဲ့ပါသေးသည်။ သို့ရာတွင် အသိအမှတ်ပြုပေးသူ ရှိခဲ့ပါရဲ့လား။ သို့ကြောင့် ယခုအခါများတွင်တော့ မြတင့်သည် ဆိုးကြည့်ချင်လာသည်။ မြတင့် မိုက်မဲကြည့်ချင်လာသည်။ မြတင့်မှာ အများသူငါ ချစ်ခင်သဘောကျလာပါစေရန် လိမ္မာပေးနေရခြင်းကို စိတ်ကုန်လာပါ၏။ အချစ်ခံရပါစေရန် လိမ္မာပေးနေရခြင်းသည် ရယ်ချပစ်ချင်စရာသက်သက်သာ ဖြစ်သည်ဟု တွေးမိလာသည်။

လိမ္မာမှ အချစ်ခံရမည်တဲ့လား။ ဒါဆိုရင်လည်း မုန်းနိုင်သလောက်သာ မုန်းကြပါတော့ကွယ်။

ထို့အပြင် လူတွေက ခက်သည်။ မြတင့်က ဆိုးသည်၊ မိုက်သည်ကိုသာ ရိုးမယ်ဖွဲ့ကာ အပြစ်ဆိုချင်ကြသည်။ မြတင့်က ဘာကြောင့်များ ဆိုးနေရသလဲ၊ ဘာကြောင့်များ မိုက်မဲနေရသလဲဆိုတာကိုတော့ ဘယ်သူကမှ အရေးတယူပြုပြီး မတွေးပေးကြပါချေ။

ထို့ကြောင့် မြတင့်၏စိတ်ထဲတွင် ပတ်ဝန်းကျင်အား အရွဲ့တိုက်ချင်စိတ်ကလေး ဖြစ်တည်လာခဲ့သည်။

ထိုညက မြတင့်သည် အခန်းဂျက်ထိုး၍ အိပ်ပစ်လိုက်သည်။ နွားနို့လာပို့ပေးသော ခိုင့်ကိုလည်း တံခါးသွားမဖွင့်ပေးဖြစ်ပေ။ သို့ရာတွင် မြတင့်က ခိုင့်ကို အားနာနေရမည်လား။ မြတင့်မှာ အားနာရခြင်းဟူသည် ဘာမှန်းပင် မသိတော့သည်ဖြစ်ရာ ဘယ်လိုမှအားမနာတတ်တော့ပေ။

မြက ဘာကြောင့်များ လူတွေကို အားနာနေရမှာတဲ့လဲ။ ဘယ်သူတွေကများ မြကို အားနာခဲ့ဖူးကြလို့လဲ။ မြကိုဆို အပြစ်ဆိုချင်နေကြတာ မဟုတ်ပါလား။ အားနာပေးနေဖို့ရော ထိုက်တန်ကြပါလို့လား။

နောက်တစ်နေ့မနက်တွင်မူ မြတင့်သည် ခြံဝန်းထဲရှိ နှင်းဆီနီနီများကြားဝယ် အသက်ဝအောင် လေရှူသွင်းလိုက်မိပါ၏။ သင်းပျံ့ပျံ့နှင်းဆီရနံ့များကြောင့် မြတင့်၏ စိတ်ကလေးမှာ ကြည်လင်လို့သွားပါ၏။

မြတင့်မှာ နှင်းဆီတွေကို အတော်လေးချစ်သည်။ နှင်းဆီတောင်မှ မြတင့်က အနီရောင်မှ ကြိုက်သည်။ ဆူးတွေ အများကြီးရှိနေမှ ကြိုက်သည်။

"မြ ကောလိပ်မတက်ချင်ဘူးလား"

မြတင့်မှာ ခြံထဲရှိ နှင်းဆီပန်းများကို နမ်းရှိုက်နေစဉ် ကိုကြည်ဆောင်က နံဘေးမှနေ၍ ပြောလာခဲ့သည်။ ကိုကြည်ဆောင်သည် ညက မီးမပိတ်ပါဘဲ စောစီးစွာအိပ်ပျော်သွားခဲ့၍ ထင်သည်။ မြတင့်၏အမြင်တွင် ကိုကြည်ဆောင်၏ မျက်နှာသည် ယနေ့နံနက်တွင် ကြည်လင်လို့နေသည်။

"အို..ဗြိတိသျှတွေ ဖွင့်ပေးထားတဲ့ကောလိပ်ဆိုတဲ့နေရာကြီးမှာ မြတော့ စာမသင်ချင်ပါဘူးကွာ"

ဤသို့သောစကားများမှာ ကိုကြည်ဆောင် မြတင့်ကို ကောလိပ်တက်ဖို့ ပြောသည့်အခါတိုင်း မြတင့် ပြန်ပြောနေကျစကားပင် ဖြစ်ချေသည်။ ပြီးလျှင် "မြ ဗြိတိသျှတွေကို အထင်မကြီးဘူး ကိုကြည်ဆောင်" ဟု ထပ်ပြောလိမ့်မည် ဖြစ်၏။

"မြ ဗြိတိသျှတွေကို အထင်မကြီးဘူး ကိုကြည်ဆောင်"

"ဒီမယ် မြ၊ 'ပညာရှာ ပမာ သူတောင်းစား' ဆိုတဲ့ စကားပုံတောင် ရှိသေးတာပဲ၊ မြ ပညာရှာဖို့ မရှက်ပါနဲ့ကွယ်"

မြတင့်က နှင်းဆီနီနီတစ်ပွင့်ကို ပွတ်သက်လိုက်ပြီး နှုတ်ခမ်းနီကြောင့် နီဆွေးနေသည့် နှုတ်ခမ်းတစ်စုံကို ကော့ညွတ်သည်အထိ မဲ့ပြုံး ပြုံးလိုက်သည်။

"မြ စာရေးတတ် ဖတ်တတ်ပါတယ် ကိုကြည်ဆောင်၊ မြအတွက် ပညာမလိုအပ်ပါဘူး၊ မြ ပညာတတ်တော့ရော မြပညာတွေကို ဘယ်သူတွေက အသိအမှတ်ပြုကြမှာမို့လို့လဲလေ၊ အို..လူတွေ လူတွေဆိုတာကလည်း စိတ်ပျက်စရာတွေပါလေ"

ကိုကြည်ဆောင်သည် အတော်ကြာသည်အထိ မြတင့်အား ပြောစရာစကား ရှာမတွေ့နိုင်ခဲ့ပါချေ။ မြတင့်သည် တဇွတ်ထိုးဆန်လွန်းလှသည်ဟု ကိုကြည်ဆောင် တွေးထင်မိသည်။ မြတင့်ဟူသည့် ကောင်ငယ်ကလေးသည် ယဉ်ယဉ်ကလေးနှင့် ရူးနေပါသည်များလားဟူ၍ပင် တွေးမိပါသေးသည်။ ကုန်ကုန်ပြောရလျှင် မြတင့်သည် အတော်ကို ထိန်းကျောင်းရခက်လှသော ကောင်လေးတစ်ယောက်ပင် ဖြစ်ချေ၏။

"ကိုယ်တို့ ကောလိပ်ကျောင်းတွေ နွေရာသီပိတ်ထားတဲ့အခါ မြကို ကိုယ် စာလာသင်ပေးပါ့မယ်၊ မြ သင်မယ်မလား"

မြတင့်၏ မျက်ဝန်းအတွင်းမှ မျက်ဆံနက်နက်များသည် လဲ့ခနဲဖြစ်သွားခဲ့သည်။ သို့ရာတွင် ကိုကြည်ဆောင် မြင်နိုင်လောက်သည်အထိတော့ မကြာရှည်ခဲ့ပေ။ ဤသို့ မမြင်နိုင်ရခြင်းမှာ ကိုကြည်ဆောင်ကိုက တုံးအနေခဲ့ခြင်းလည်း ဖြစ်နိုင်ပါသေးသည်။

"ကိုကြည်ဆောင် မြကို သင်ပေးမယ်ဆိုရင်တော့ မြ သင်မှာပါလေ၊ ဒါပေမယ့် မြကို စိတ်တော့ရှည်ရမယ်နော် "

မြတင့်က မဲ့တဲ့တဲ့ကလေးပြုံးကာ ပြန်ပြောလိုက်ချေ၏။

ကိုကြည်ဆောင်သည် နောက်ဆုံးတွင်တော့ မြတင့်အား စာသင်ပေးရန် အခွင့်အရေးရခဲ့ချေပြီ။

ဤအရူးငယ်လေး မြတင့်အား စာသင်ပေးရသည့်အခါ အရူးလေး၏ အရူးအတွေးကလေးများကို ပြုပြင်ပေးပါဦးမည်ဟု ကိုကြည်ဆောင်သည် တွေး၍ နေမိပါ၏။

ဤအရူးလေးအား ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ကာ ပျော်ပျော်ရွှင်ရွှင်လေး နေသွားရသည်ကို ကိုကြည်ဆောင်သည် မြင်ချင်လွန်းပါ၏။

မြတင့်အား အရူးလေးမြတင့်ဘဝမှ သာမန်လူသားလေးမြတင့်အဖြစ် ပျော်ရွှင်နေသည်ကို ကိုကြည်ဆောင်သည် ငေး၍ကြည့်ချင်ပါ၏။

Continue Reading

You'll Also Like

3.3K 249 14
namtaejin ပါ Taeဖောက်ပြန်တဲ့ အခန်းပေါ့ njက အဓိကဇာတ်ကောင်လို့ပြောရမယ် bottom Namjoon par အပျော်သက်သက်ရေးတာပါနော် Namjin taejin vmon fanတို့စိတ်မဆိုးက...
227K 23.4K 106
ဘာသာပြန်သူ - စွဲညို့အသင်း
496K 50K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
2M 339K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...