🤍 Unrequited Love Means 🤍

By MoMo_1030

403K 11.2K 28

မာနကြီးပြီး အချစ်ကို စိတ်မ၀င်စားတဲ့ မိုးစျေ နဲ့ အဖေသဘောမတူတဲ့ကြားကမိုးစျေကို ရအောင်လက်ထပ်ခဲ့တဲ့ ခခ... လက်ထပ်... More

🤍 အပိုင်း 1 🤍
🤍 အပိုင်း 2 🤍
🤍 အပိုင်း 3 🤍
🤍 အပိုင်း 4 🤍
🤍 အပိုင်း 5 🤍
🤍 အပိုင်း 6 🤍
🤍 အပိုင်း 7 🤍
🤍 အပိုင်း 8 🤍
🤍 အပိုင်း 9 🤍
🤍 အပိုင်း 10🤍
🤍 အပိုင်း 11 🤍
🤍 အပိုင်း 12 🤍
🤍 အပိုင်း 13 🤍
🤍 အပိုင်း 14 🤍
🤍 အပိုင်း 15 🤍
🤍 အပိုင်း 16 🤍
🤍 အပိုင်း 17 🤍
🤍 အပိုင်း 18 🤍
🤍 ဇာတ်သိမ်းပိုင်း-1 🤍
🤍 ဇာတ်သိမ်းပိုင်း- 2 🤍

🤍 အပိုင်း 19 🤍

17K 460 1
By MoMo_1030

Unicode:

Unrequited Love Means~

🤍 အပိုင်း 19 🤍

အနှီးထုပ်လေးတွေ ကိုယ်စီနှင့် ရှိနေကြသည့် ရင်ခွင်ထဲမှ သားနဲ့ သမီးကို ကြည့်နေရင်းနဲ့ ခခ ကြည်နူးမျက်ရည်၀ဲရသည် ......

ဘ၀မှာ တစ်ခါမှ မခံစားဖူးတဲ့ နာကျင်မှုမျိုးနဲ့ နာလိုက်ရတာဆိုတာ အသက်ရှူ
တောင်ရပ်မတတ် .... ထူးဆန်းဖို့ ကောင်းတာတစ်ခုက ဒီကလေးလေး၂ယောက်ရဲ့ မျက်နှာလေးတွေ မြင်လိုက်ရသည်နှင့် နာကျင်မှုတွေ အားလုံး
ယူပစ်သလို ပျောက်သွားရသည်ပင်......

အမေကတော့ ပြောသည် .... သားလေးက ကိုကိုမွေးတုန်းကနဲ့ တစ်ပုံစံထဲပဲတဲ့ .... သမီးလေးကတော့ ခခနှင့် တူတာဖြစ်ရမည် .....

မောင်နှမ၂ယောက်လုံး မျက်နှာလေးတွေ ပန်းရောင်သမ်းနေကြပြီး နည်းနည်းလေးကြီးလာတာနဲ့ အသားဘယ်လောက်ဖြူလာကြမလဲဆိုတာ မပြောတတ် .....

ကိုကို့ကို မော့ကြည့်တော့ ကိုကိုက ခခတို့ သားအမိတွေကို ပြုံးကြည့်နေသည် ....

ဖေဖေက မလှမ်းမကမ်းမှာထိုင်နေပြီး
အမေနဲ့ ကြီးကြီးကတော့ စကားလက်ဆုံ ကျနေကြသည် ......

ကိုကြီးဝေနဲ့ မိုးစွေက ခုဏလေးတင်မှ ရောက်လာကြပြီး အခုတော့ လူကြီးတွေ
စားဖို့အတွက် ဆေးရုံအောက်ဆုံးထပ်က စားသောက်ဆိုင်တွင် မုန့်ဆင်း၀ယ်နေကြသည် .....

ကိုကိုက ချစ်ရည်ရွှန်းလဲ့နေသော မျက်၀န်းများဖြင့် ကြည့်နေပြီး ဖျတ်ခနဲဆိုသလို ခခနဖူးလေးအား ငုံ့နမ်းသည်.....

"ကိုကို့ မိန်းမ အရမ်းကို ပင်ပန်းသွားရပြီ .... ရှေ့လျှောက် ကိုကိုက ခခအပေါ်ကိုရော သားနဲ့ သမီးအပေါ်မှာပါ ခင်ပွန်းကောင်းတစ်ယောက် ဖခင်ကောင်း တစ်ယောက်ဖြစ်စေရမယ်လို့ ကတိပေးပါတယ်ကွာ .... "

ခခ ကိုကို့ကိုကြည့်ပြီး ခေါင်းလေးအသာညိတ်ပြလိုက်သည် ..... ချစ်ရတဲ့ ကိုကိုရော ၀မ်းနဲ့လွယ်မွေးထားရသည့် သားနဲ့သမီးရော မိသားစုတွေရော စုံစုံလင်လင်နှင့် ခခအနားမှာ အားလုံး ရှိနေကြသည့် ဒီအချိန်လေးက ခခဘ၀မှာ ဘာမှမလိုအပ်တော့လောက်အောင် ပြည့်စုံလွန်းလှသည်.....

Nurse နှစ်ယောက် ၀င်လာပြီး သားနဲ့သမီးကို ကလေးလေးတွေချည်းပဲ ထားသည့်အခန်းဆီ ပြန်ခေါ်သွားတော့ ဆေးရုံခန်းအတွင်း ခခတို့ပဲ ကျန်ခဲ့ရသည်.....

နေ့လယ်စာ စားချိန်လဲ ရောက်နေပြီမို့ ခခကို ဆေးရုံကလာပို့သည့် နေ့လယ်စာကို စားဖို့ ပြင်ဆင်နေတုန်းရှိသေးသည် .....
အမေ့ဖုန်းမြည်သံက ပေါ်ထွက်လာသည်.....

"ဟုတ်ကဲ့ ..... ကျွန်မဒေါ်လှမြင့်ပါ ...."

"........"

"ရှင်..... ဟုတ် ဟုတ်ကဲ့ .... "

"........."

"ဘယ်လို သိန်း၅ထောင် ဟုတ်လား "

ရင်ဘတ်လေးဖိကာ သိန်း၅ထောင်ဆိုပြီး အံ့သြတကြီး တလိုက်သည့် အမေ့ကြောင့် အခန်းထဲမှ လူအားလုံး၏ အာရုံက အမေ့ဆီရောက်သွားရသည် ........

"ဟုတ်ကဲ့ရှင့် ..... ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်..... ဒါဆို ကျွန်မ ဆက်သွယ်လိုက်ပါမယ်ရှင့် ...... "

အမေက ဖုန်းချပြီးတဲ့အထိ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းနေရတုန်းမို့ မနေနိုင်သည့် မိုးစျေကပဲ .......

"အမေ ဘာဖြစ်လို့လဲ .... "

အမေက ခခကို မျက်ရည်တွေ၀ဲနေသည့် မျက်၀န်းများဖြင့်ကြည့်လာပြီး ခခအနား
ရောက်လာသည်..... ပြီးတော့ ခခလက်ကလေးကို ဆုပ်ကိုင်ကာ အသံတွေ
တုန်ရင်စွာဖြင့် ......

"သမီးရေ ..... သမီးနဲ့ အမေ ပြီးခဲ့တဲ့ လက ထိုးထားတဲ့ ထီက အခု သိန်း၅ထောင် ဆုကြီးပေါက်တယ်တဲ့ ....
အခုပဲ အမေ့ကို ထီဆိုင်က ဆက်သွယ်လာတာ..... "

"ဟင် တကယ်လား အမေ "

"ဟာ .....အမေ တကယ်ပြောတာလား "

"သိန်း ၅ထောင်တောင် ဟုတ်လား
အမေ "

အမေ့စကားကြောင့် တစ်ခန်းလုံး အာမေဍိတ်သံတွေ ပျံ့လွင့်သွားရသည်....

"ကောင်းလိုက်တာ မလှမြင့်ရယ် သိန်း၅ထောင်ဆိုတာ နည်းတဲ့ ပမာဏကြီးလား ..... "

နည်းတဲ့ ပမာဏမဟုတ်ပါဘူး ..... သိန်း၅ထောင်ဆိုသည့် ပမာဏသည်
မိုးစျေ တို့ ဘ၀တွင် တစ်ခါမှ မမြင်ဖူးခဲ့သော ငွေ amount ဖြစ်သည်.....

သားနဲ့သမီး မွေးလာသည့်နေ့တွင်မှ ဒီလို တိုက်တိုက်ဆိုင်ဆိုင် သိန်းထီဆုကြီးပေါက်သွားသည်မို့ သူတို့ရဲ့ ကလေးလေး၂ယောက်ဟာ လာခြင်းကောင်းချီး များစွာနှင့် ......

•°*  •°*  •°*  •°*  •°*  •°*  •°*  •°*

တစ်နှစ်နီးပါးခန့် ကြာပြီးနောက် ~

မိုးစျေ လျှို့၀ှက်နံပါတ်လေးရိုက်ထည့်ပြီး အခန်းတံခါးကို ဖွင့်ကာ ဖိနပ်ချွတ်တွင် ဖိနပ်ချွတ်နေရုံပဲရှိသေးသည် ဧည့်ခန်းထဲမှ သားနဲ့သမီး အသံကို ကြားနေရပြီ ဖြစ်သည် .....

တံခါးဖွင့်သံကြားသည်နှင့် သူတို့အဖေမှန်း
သိနေသည့် အမြွှာနှစ်ယောက်က ဧည့်ခန်းထဲတွင်သူတို့အတွက်ပြုလုပ်ပေးထားသည့်
Baby Playpens လေးအတွင်းမှ ၀ူး၀ူး၀ါး၀ါးတွေ ပြောပြီး ဖအေကို လှမ်းနှုတ်ဆက်နေကြသည် ......

အဖေဖြစ်သူ ခြေသံနီးလာလေလေ မောင်နှမ ၂ယောက်အသံက ပိုကျယ်လာလေ ဖြစ်သည် .....

ခခ ပြုံးလိုက်မိပြီး အခုဖျော်နေသည့် နို့ဗူးလေး နှစ်ဗူးရယ် ရေခဲသေတ္တာထဲမှ လိမ္မော်ရည်ခွက်လေးရယ်ကို ဗန်းလေးတစ်ဗန်းထဲ အတူထည့်ကာ အိမ်ရှေ့ ဧည့်ခန်းဆီ ထွက်လာခဲ့သည်.......

ခခ အိမ်ရှေ့ရောက်သည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းက ကိုကိုကပါ playpens လေးထဲ၀င်ထိုင်နေပြီး
သားနဲ့ သမီးက ရှေ့နဲ့ နောက်ကနေ လှမ်းဖက်ပြီး အာဘွားတွေပေးနေကြသည်......

"ကဲ ဖေဖေကို လွှတ်ပြီး နို့သောက်ကြရမယ် ..... ကိုကိုကလဲ ကလေးမဟုတ် သူငယ်မဟုတ် ဘာလို့ အဲ့ထဲ ၀င်နေတာလဲ ..... ပြန်ထွက်ချည် .... "

ခခ အတင်းဆွဲခေါ်မှ ကိုကိုက အပြင်ပြန်ထွက်လာသည် ..... ခခ ဖျော်ထားသည့်
လိမ္မော်ရည်ခွက်လေး ကမ်းပေးပြီး
ကိုကို့အား အမောပြေစေသည်......

ကလေး၂ယောက်ကို ကြည့်လိုက်တော့
ပက်လက်လေးလန်ပြီး နို့ဗူးလေးတွေ မော့သောက်နေကြသည်.......

ကိုကိုက သူသောက်ပြီးသား လိမ္မော်ရည်ဖန်ခွက်လေးကို စားပွဲခုံပေါ် လှမ်းတင်လိုက်ပြီး နို့သောက်နေသည့် သားနဲ့ သမီးအား ချစ်မ၀စွာ လှမ်းကြည့်သည်......

ဟိုဟာလေးတွေကလဲ သူတို့အဖေ ကြည့်နေသည်ကို တွေ့သည်နှင့် နို့သောက်နေရာကနေ နို့ဗူးကိုဖယ်ပြီး ရယ်ပြရသေးသည်.....

တနေကုန် သူတို့အဖေက အလုပ်သွားပြီး
ညနေစောင်းမှ ပြန်လာရသည်မို့ ဖအေ ပြန်ရောက်တာနဲ့ ကပ်ချွဲဖို့က သူတို့ တာ၀န်..... ခခမှာ အရင်လို ကိုကို့အနား ကပ်ချွဲချင်ရင်တောင် ကပ်ချွဲခွင့်မရတော့ပေ...... သူတို့ အိပ်ပျော်သွားမှသာ ကိုကို့ အနားကပ်ရသည် ..... သူတို့ မအိပ်မချင်း ကိုကိုက သူတို့ မောင်နှမနှင့်သာ အဖော်ပြု ကစားပေးရသည် .......

ခခမွေးထားသည့် သားနဲ့သမီးလို့ မပြောရဘူး .... ကိုကို့ကို ချစ်ကြသည်မှာ ခခနှင့် တစ်ပုံစံထဲ မျက်စိအောက်ကကို အပျောက်မခံပေ .......

နို့သောက်ပြီးတာနဲ့ ကိုကိုက သူ့သားနဲ့ သမီးကို သန့်ရှင်းရေး ကိုယ်တိုင်လုပ်ပေးပြီး သူပါတစ်ခါထဲ ရေချိုးလိုက်သည်....

ရေချိုးခန်းထဲမှ တော်ရုံမထွက်ကြသည့် သားအဖ ၃ယောက်ကို ခခကပဲ မနည်း ဆွဲထုတ်ရသည် .....

ကလေး ၂ယောက်မွေးထားရတာ လွယ်တော့ မလွယ်ပါ ..... သားကို အင်္ကျီ၀တ်ပေးနေတုန်း ရှိသေးသည် ..... သမီးက ဖင်တုံးလုံးလေးနှင့် အိပ်ရာပေါ် လေးဘက်ထောက်ပြေးနေလို့ ကိုကိုက ဆွဲထားရသည်......

ကလေး၂ယောက်နဲ့ ကိုကိုနဲ့ခခ မှာ အားရသည်ကို မရှိပါ ...... သားကို ဘေဘီ lotion နဲ့ powder လေး လူးပေးပြီးတာနဲ့ အင်္ကျီတစ်ခါထဲ တန်း၀တ်ပေးပြီး ကိုကို့ကို ချီခိုင်းရသည် ......

သားတာ၀န်ပြီးသွားသည်နှင့် အင်္ကျီ၀တ်ဖို့ အတင်းကို ငြင်းဆန်နေသည့် သမီးဆီသွားကာ မရရအောင် အင်္ကျီ၀တ်ပေးရသည်.......ဒါတောင် သမီးက အင်္ကျီ၀တ်ရလို့ဆိုပြီး ဒေါသတွေထွက်ကာ သူ့ကိုယ်သူ ပြန်ရိုက်နေလို့ မနည်းတားထားရသည်....

ပြီးတာနဲ့ အခန်းထဲမှ ခေါ်ထုတ်ပြီး ထမင်းစားခန်းထဲမှ သူတို့ကို ထမင်းကျွေးနေကျ ခုံလေးတွေပေါ်ထိုင်စေပြီး
အမဲသားနဲ့ အသီးအရွက်တွေ ရောကျိတ်ပြီး ပြုလုပ်ထားသည့် ညစာကို ကျွေးရသည်.....

သားနဲ့သမီးကို ခခညစာကျွေးနေတုန်း
ကိုကိုက ခခတို့ ၂ယောက် ညစာစားဖို့ ဟင်းတွေ နွှေးစရာရှိတာနွှေး ပန်းကန်ဆေးစရာရှိတာတွေ ဆေးနေသည်.....

တနေကုန် ဖေဖေ့ရဲ့ ဟိုတယ်မှာ ဦးစီးနေရသည်မို့ ပင်ပန်းနေလာမှာကို သိလို့ မလုပ်ပါနဲ့ဟု တားလဲ မရပါ ..... ကိုကို က သူ့မိန်းမ တနေကုန် ပင်ပန်းထားတာ သူ​ပြန်ရောက်တုန်း ခဏ လုပ်ပေးရတာဟူသော စကားဖြင့် ချုပ်သည် ......

သားနဲ့သမီးကို ညစာခွံ့ရတာလဲ လက်မလည်ပါ .... ၀က်ပေါက်လေးတွေက တစ်ယောက်ကို ခွံ့နေတုန်းရှိသေးသည် တစ်ယောက်က စားလို့ကုန်သွားပြီး ပါးစပ်ကလေး ဟ ထားပြီ ဖြစ်၍ အမြန်ထပ်ခွံရသည် ....

ကိုကိုရော ခခရော နဂိုထဲက အသားဖြူသူတွေမို့ သားနဲ့သမီးက ၀ါဂွမ်းလုံးလေးတွေလို ဖွေးဥနေကာ ၀၀ကစ်ကစ်လေးတွေနဲ့
မို့ မြင်တဲ့သူတိုင်း မချစ်ဘဲ မနေနိုင်ကြပါ .....

ကြီးကြီးပြောတာတော့ အဖေရော အမေရောဆီမှ ကောင်းခြင်းတွေအကုန်လာစုထားတာတဲ့ .....

အခုဆို ကိုကိုနဲ့ခခက မိသားစုလိုက် သပ်သပ်ခွဲနေကြပြီဖြစ်သည်.....

ဖေဖေပိုင်သည့် condo ဖြစ်သော်လည်း
ကိုယ့်မိသားစုဘ၀ကို ကိုယ့်ဘာသာ တည်ဆောက်ခွင့်ပေးပါဟု တောင်းဆိုလာသည့် ကိုကိုက လစဥ် သူ့လခထဲကနေ
ဖဲ့ဖဲ့ပြီး Condo ဖိုးကို ဖေဖေ့အား အရစ်ကျ ပေးသွင်းသည် .....

ဖေဖေကလဲ သူ့သမက်အကြောင်း သူသိနေ၍ လက်ခံလိုက်ပြီး ကိုကိုလစဥ်ပေးနေတဲ့ ငွေတွေအားလုံးကို သားနဲ့သမီး နာမည်ဖြင့် ​လုပ်ငန်းတစ်ခုတောင် ချဲ့ထွင်ထားပြီဖြစ်သည်.....ဒါကိုတော့ ကိုကိုမသိပါ .... ဖေဖေက ခခကိုပဲ ပြောပြထားတာ ဖြစ်သည် .....

အခုတော့ ဖေဖေက ကိုကို့ကို သားမှသား
ဆိုပြီး အားကိုးရနေပြီ ဖြစ်သည် .....

နောက်ဆို ဖေဖေအနားယူမည့် အချိန်တွင် လုပ်ငန်းတွေ အားလုံးကို ကိုကို့အား လွှဲပေးတော့မှာ ဖြစ်သည် ......

ဖေဖေ့ရဲ့ ရှေ့ဆက်ဆန္ဒက ဘုရားတရားလုပ်ရင်း သူ့မြေးလေးတွေနဲ့ ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းလိုခြင်းတဲ့ .....

အမေကတော့ ထီပေါက်သည့် သိန်း၅ထောင်နှင့် အိမ်ကို ပြန်ပြင်ဆောက်ခဲ့သည် .....

အသစ်၀ယ်လိုက်လျှင်ဖြစ်သော်လည်း
အမေက ကိုကို့အဖေ ခေါင်းချသွားသည့် နေရာတွင်ပဲ နေချင်သည်ဆို၍ အရင် ၂ထပ် ပျဥ်ထောင်အိမ်လေးကို ဖျက်ပြီး ကန်ထရိုက်နှင့် အပ်ကာ ၂ထပ်တိုက်ကြီးကို ခမ်းနားစွာ ပြန်ဆောက်ထားသည်...

ပြီးတော့ ပိုလျှံသည့် ငွေတစ်၀က်ကို အရင်းအနှီးလုပ်ကာ မြန်မာထမင်းဆိုင် အကြီးကြီး ဖွင့်ထားပြီး ကျန်တစ်၀က်ကို ဘဏ်တွင်အပ်ထားသည် ......

ကိုကိုက ဖေဖေ့အလုပ်ကို ၀င်ပြီး ဦးစီးပေးနေသလိုမျိုး ခခကလဲ အမေ့အလုပ်ကို
တစ်ခါတလေတော့ ၀ိုင်းကူဖြစ်ပါသည်....

သားနဲ့ သမီးက လက်လွှတ်လို့ မဖြစ်သေးသည့် အရွယ်လေးတွေမို့ ခခမှာ အမေ့ကို သေချာ ကူပေးချင်ပေမယ့် ကူခွင့်မရပါ....
သားနဲ့သမီး မူကြိုတက်သည့် အချိန်ရောက်မှ အမေ့ဆိုင်ကို သေချာလေး ကူပေးရတော့မည် ဖြစ်သည် .....

အမေတစ်ယောက်ထဲ ဆိုင်ကို ဦးစီးနေရသည်ကို ခခစိတ်မချတာ သိလို့လားမသိ
အမေကလဲ တွေ့တာနဲ့ အလုပ်သမားတွေ အများကြီးရှိပါတယ်အေ .... ဘာမှ စိတ်မပူနဲ့ ငါ့မြေးလေးတွေ အနားမှာပဲ နေဟု
အမြဲ ပြောလေ့ရှိသည် ....

ကိုကြီးဝေနဲ့ မမမေပယ်လ်က ပြန်ပေါင်းထုတ်ပြီး အမေနဲ့ အတူနေလို့ တကယ် တော်သေးတာဖြစ်သည် .....

မိုးစွေလေးကတော့ ကိုးတန်းတက်နေပြီဖြစ်သည်......

"မိန်းမ စားလို့ရပြီ .... အဲ့ပေါက်စတွေ ကုန်နေပြီမလား .... သူတို့ကို playpens ထဲ ပြန်ထည့်ထားပြီး ဆော့ခိုင်းလိုက်တော့ ..... အဲ့တာမှ ကိုကိုနဲ့ မိန်းမ အေးဆေး ညစာစားရမှာ "

ကိုကိုက သူတို့ကို အိမ်ရှေ့ပို့တော့မယ်လို့ ပြောတာကို နားလည်သည်ဟန်နှင့် မောင်နှမနှစ်ယောက်လုံး ဖအေကို စူးစူးစိုက်စိုက်ကြည့်ပြီး ပေကျံနေသည့် ပါးစပ်လေးတွေဖြင့် နားမလည်သော စကားတွေဖြင့် ရန်တွေ့တော့သည်......

ကိုကိုက သူ့သားနဲ့သမီး သူ့ကို ရန်တွေ့နေတာကို သဘောကျစွာဖြင့် တဟားဟား အော်ရယ်နေသည် .....

နောက်ဆုံးတော့ သားနဲ့သမီးက Playpens လေးထဲ ရောက်သွားရပြီး
ကိုကိုနဲ့ ခခ ညစာ အေးဆေးစားရသည်....

ညစာစားပြီးသွားတော့ သားသားနဲ့ မီးမီးက playpens လေးတွေထဲမှာ ဆော့နေဆဲဖြစ်ပြီး ကိုကိုနဲ့ ခခကတော့ TV ဖွင့်ကာ ကြုံရာ Channel တစ်ခုကို ကောက်ဖွင့်ထားပြီး ညဦးပိုင်း မိသားစု အပန်းဖြေဖြစ်သည်.....

ကိုကိုက ခခကို ဖက်လျက်အနေအထားဖြင့် ခခအား မက်မက်မောမော နမ်းရှိုက်လာတာမို့ ခခကလဲ ကြည်ကြည်ဖြူဖြူဖြင့် ကိုကို့ အနမ်းတွေအား ပြန်လည်တုံ့ပြန်ဖြစ် သည် ......

"ကိုကို "

"ဟင် "

"ဖေဖေက သူ့မြေးတွေ တစ်နှစ်ပြည့် မွေးနေ့ကိုပြင်ဦးလွင်က ခြံကြီးထဲမှာ လုပ်ကြမယ်တဲ့ .... ဟိုနေ့က ခခအိမ်ကို သွားတော့ တစ်ခါထဲ ပြောလိုက်တယ် ....  အဲ့တာ ကိုကို့သဘောကရော ဘယ်လိုရှိလဲဟင် "

"ကောင်းသားပဲ ခခရဲ့ ကိုကိုတို့ မိသားစု ခရီးထွက်ပြီးသားလဲ ဖြစ်သွားတာပေါ့ .... ဒါနဲ့ အဲ့ခြံကြီးထဲမှာ ရေကူးကန်လဲရှိတယ်ဆို ..... "

"အွန်း ၀ယ်လိုက်ထဲက ပါတာလို့ပြောတယ် ကိုကို ..... "

"အတော်ပဲ ... ကိုကိုတို့ သားနဲ့သမီးကို Baby Spa လေးမှာပဲ ရေကူးခိုင်းရတာလေ .... ကျယ်ကျယ်၀န်း၀န်းနဲ့ဆိုတော့အဲ့မှာ ရောက်တုန်းရောက်ခိုက် တစ်ခါထဲ ရေကူးလေ့ကျင့်ပေးရမယ် "

"ကိုကို့ခေါင်းထဲမှာလေ အမြဲ သားနဲ့သမီးပဲပြည့်နေတော့တာပဲ ..... ခခ အတွက်နေရာရော ရှိသေးရဲ့လား "

ကိုကို က ခခကို ချစ်စနိုးအကြည့်ဖြင့် ပြုံးပြီး ......

"ရှိတာပေါ့ ..... ကိုကို့ ဦးနှောက်ထဲမှာ အမြဲ သားနဲ့ သမီးအတွက် တွေးနေတာဆိုရင် ခခက ကိုကို့ နှလုံးသားထဲမှာ အမြဲ ရှိနေပြီး ချစ်နေရတာ ..... ကိုကို့ တစ်ကိုယ်လုံး မင်းတို့သားအမိတွေ အပိုင်..... "

"ဟွန်း ကိုကို တော်တော်စကားတတ် "

ခခ ရှက်ပြုံးလေးနဲ့ ကိုကို့ ရင်ခွင်ထဲ၀င်တော့ ကိုကိုက တင်းတင်းကျပ်ကျပ်ကို
ပြန်ဖက်ထားသည်.... ဒါကို သားနဲ့သမီးက ဘာတွေ သဘောကျသွားလဲ မပြောတတ် ၂ယောက်သား လက်ခုပ်တွေတီးပြီး တခစ်ခစ်ကို ရယ်နေကြသည်.......

"ဟားဟား ဖေဖေ့သားနဲ့ သမီးက ဘာတွေ အဲ့လောက်တောင် သဘောကျနေတာလဲ .... ပြောပါဦးကွ "

ကိုကိုက လှမ်းချီမယ်ပြုတော့ လက်လေးတွေ ကမ်းပေးထားကြတာမှ အပြိုင်အဆိုင်.....

ကိုကိုက သမီးလေးကို ပွေ့ချီပြီး ခခက သားလေးကို ပွေ့ချီလိုက်ရသည် .....

သားနဲ့ သမီးက ကိုကိုနဲ့ ခခရဲ့ မျက်နှာကို သူတို့လက်သေးသေးလေးတွေနဲ့ ကိုင်ပြီး အာဘွားတွေ ပေးကြပြန်တော့ ကိုကိုနဲ့ ခခမှာ အချစ်တွေပိုပြီးရင်း ပိုရသည် .....

ဪ ချွဲတတ်လိုက်တာ မေမေ့သားနဲ့သမီးရယ် ......

•°*  •°*  •°*  •°*  •°*  •°*  •°*  •°* 

ဇာတ်သိမ်းပိုင်း-1 မျှော် ~

Zawgyi:

Unrequited Love Means~

🤍 အပိုင်း 19 🤍













"ဟုတ်ကဲ့ ..... ကျွန်မဒေါ်လြှမင့်ပါ ...."

"........"

"ရှင်..... ဟုတ် ဟုတ်ကဲ့ .... "

"........."




အမေက ဖုန်းချပြီးတဲ့အထိ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းနေရတုန်းမို့ မနေနိုင်သည့် မိုးဈေကပဲ .......

"အမေ ဘာဖြစ်လို့လဲ .... "

တုန်ရင်စွာဖြင့် ......


"ဟင် တကယ်လား အမေ "

"ဟာ .....အမေ တကယ်ပြောတာလား "

အမေ "


"ကောင်းလိုက်တာ မလြှမင့်ရယ် သိန်း၅ထောင်ဆိုတာ နည်းတဲ့ ပမာဏကြီးလား ..... "

မိုးဈေ တို့ ဘ၀တွင် တစ်ခါမှ မမြင်ဖူးခဲ့သော ငွေ amount ဖြစ်သည်.....


•°*  •°*  •°*  •°*  •°*  •°*  •°*  •°*


မိုးဈေ လျှို့ဝှက်နံပါတ်လေးရိုက်ထည့်ပြီး အခန်းတံခါးကို ဖွင့်ကာ ဖိနပ်ချွတ်တွင် ဖိနပ်ချွတ်နေရုံပဲရှိသေးသည် ဧည့်ခန်းထဲမှ သားနဲ့သမီး အသံကို ကြားနေရပြီ ဖြစ်သည် .....



















တနေကုန် ဖေဖေ့ရဲ့ ဟိုတယ်မှာ ဉီးစီးနေရသည်မို့ ပင်ပန်းနေလာမှာကို သိလို့ မလုပ်ပါနဲ့ဟု တားလဲ မရပါ ..... ကိုကို က သူ့မိန်းမ တနေကုန် ပင်ပန်းထားတာ သူ​ပြန်ရောက်တုန်း ခဏ လုပ်ပေးရတာဟူသော စကားဖြင့် ချုပ်သည် ......













ကိုကိုက ဖေဖေ့အလုပ်ကို ၀င်ပြီး ဉီးစီးပေးနေသလိုမျိုး ခခကလဲ အမေ့အလုပ်ကို


အမေတစ်ယောက်ထဲ ဆိုင်ကို ဉီးစီးနေရသည်ကို ခခစိတ်မချတာ သိလို့လားမသိ
အမြဲ ပြောလေ့ရှိသည် ....




ကိုကိုက သူတို့ကို အိမ်ရှေ့ပို့တော့မယ်လို့ ပြောတာကို နားလည်သည်ဟန်နှင့် မောင်နှမနှစ်ယောက်လုံး ဖအေကို စူးစူးစိုက်စိုက်ကြည့်ပြီး ပေကျံနေသည့် ပါးစပ်လေးတြွေဖင့် နားမလည်သော စကားတြွေဖင့် ရန်တွေ့တော့သည်......



ညစာစားပြီးသွားတော့ သားသားနဲ့ မီးမီးက playpens လေးတွေထဲမှာ ဆော့နေဆဲဖြစ်ပြီး ကိုကိုနဲ့ ခခကတော့ TV ဖွင့်ကာ ကြုံရာ Channel တစ်ခုကို ကောက်ဖွင့်ထားပြီး ညဉီးပိုင်း မိသားစု အပန်းဖြေဖြစ်သည်.....


"ကိုကို "

"ဟင် "

"ဖေဖေက သူ့မြေးတွေ တစ်နှစ်ပြည့် မွေးနေ့ကိုပြင်ဉီးလွင်က ခြံကြီးထဲမှာ လုပ်ကြမယ်တဲ့ .... ဟိုနေ့က ခခအိမ်ကို သွားတော့ တစ်ခါထဲ ပြောလိုက်တယ် ....  အဲ့တာ ကိုကို့သဘောကရော ဘယ်လိုရှိလဲဟင် "






"ရှိတာပေါ့ ..... ကိုကို့ ဉီးနှောက်ထဲမှာ အမြဲ သားနဲ့ သမီးအတွက် တွေးနေတာဆိုရင် ခခက ကိုကို့ နှလုံးသားထဲမှာ အမြဲ ရှိနေပြီး ချစ်နေရတာ ..... ကိုကို့ တစ်ကိုယ်လုံး မင်းတို့သားအမိတွေ အပိုင်..... "



"ဟားဟား ဖေဖေ့သားနဲ့ သမီးက ဘာတွေ အဲ့လောက်တောင် သဘောကျနေတာလဲ .... ပြောပါဉီးကွ "





•°*  •°*  •°*  •°*  •°*  •°*  •°*  •°* 

ဇာတ်သိမ်းပိုင်းမျှော်~

Continue Reading

You'll Also Like

177K 5.4K 70
တောင်ပေါ်ဒေသကအုပ်ချုပ်သူလူတန်းစား‌ေတာင်ပိုင်းအကြီးအကဲရဲ့သား ဖြစ်သူမျိုးရိုးမြင့်သခင်လေး..ဆောင်းဦးခိုက်..... ‌မြောက်ပိုင်းသူ‌‌ေလးမိန်းမပျိုလေးခဂါဦး ...
6.4K 734 42
သစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာ...
146K 5.1K 34
"ချစ်မိတာ မှားလား....နှလုံးသားထဲ သူ့ဟာသူ ရောက်လာတာ အပြစ်လား.." "ချစ်တာ နေရာမကျဘူး ပုံစံလွဲနေတယ်လေ....အချစ်မှာလည်း ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းတွေ...
633K 60.3K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...