ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 131K 16.3K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)

Part68(unicode)

6.6K 1.3K 138
By melieee2

Chapter 68;

ရွှယ်ပါ့ကျန်ချန်ရဲ့ယူဆချက်သည် သူ့အတွေး
နှင့်အမှန်တကယ် ဆန့်ကျင်ဘက်ဖြစ်နေသော်
လည်း ကုဖေးသည်တိတ်ဆိတ်နေခဲ့၏။အဆုံး
သတ်တွင်သူ့လုပ်ရပ်အတွက် ကျန်ချန်ဆီတွင်
သူ့ကိုယ်သူရှင်းမပြချင်ပြီး၊သူ့အတွေးကြောင့်
ကျန်ချန်စိတ်အနှောင့်အယှက်ဖြစ်မှာမလိုချင်
ခဲ့​ေပ။

ထိပ်တန်းကျောင်းသားကသူ့ကို နောက်ထပ်
တစ်ကြိမ် မညှာမတာနှင့် ထပ်ကိုက်လာမည်
ဆိုးသောကြောင့်ထိုသူ့စကားအတိုင်းပူးပေါင်းလိုက်နာပေးသည့်အနေနှင့် ကုဖေး လေးလေး
နက်နက် ခေါင်းညိတ်လိုက်၏။

ကျန်ချန်ကထိုစကားကိုပြောလာသည့်အချိန်တုန်းကပြောစရာမလိုလောက်အောင်သူ့အသံသည်ညှို့အားပြင်းပြီးအလွန်ဆွဲဆောင်နိုင်၏။

ကုဖေးသည်သူ့ကိုတမေ့တမောစိုက်ကြည့်ကာ
ထိုသူအားဘေးမှာရှိသည့် ကျောမှီကုလားထိုင်
ခင်းပေါ်သို့ တွန်းလှဲပစ်ချင်သည်။ သူ့ စိတ်တစ်
ခုလုံးသည် မလျော်ကန်သည့်အတွေးပြည့်နှက်နေ၏။သူ့အာရုံထဲတွင် တစ်စုံတစ်ရာလုပ်တမ်းကစား​ေနတဲ့အတွက်ကြောင့် လှုပ်ယမ်းနေမည့်
ကျောမှီ ကုလားထိုင်ခင်း၊ ခါယိမ်း​ေနတဲ့ခေါက်
ကုတင်အစရှိသည့်မြင်ကွင်းများအရိုင်းဆန်စွာ
ခုန်ပေါက်လျှက်ရှိသည်။

ကျန်ချန်သည်စိတ်ပါလက်ပါကိုက်ခဲနေသော
ကြောင့်ကောင်းသွားသည်ဟုဆိုရမည်။သူ သံ
လက်သီးနှင့်တအားလွဲရိုက်ခံရသည့်အချိန်ကဲ့
သို့ နာကျင်မှုကပြင်းထန်၏။သို့သော်,သူက
ငယ်ရွယ်ပြီးကျန်းမာသန်စွမ်းသည့်အရွယ်တွင်
ရှိနေသည့်အတွက်ကြောင့်၊ နာကျင်မှုသည် သူ
စိတ်ထဲမှာ တွေးနေသည့် အတွေးကို ခဏ
မောင်းထုတ်လိုက်နိုင်သည်။
.

"ဒီလောက်ဆို ရပြီထင်တယ်။ "
ကျန်ချန်က အနောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး ကိုက်ရာအားစစ်ဆေးလာသည်။
"ကြည့် ,သွားရာက ဝိုင်းစက်နေတာပဲ။ ငါ့မှာ ကောင်းမွန်တဲ့သွားတွေရှိမှန်းသဘောပေါက်
သွားပြီ "

"ဟုတ်တယ်။"
ကျန်ချန်ကိုက်ထားသည့်ညှပ်ရိုးကို ကုဖေးထိ
ကြည့်လိုက်၏။
" အဲ့ဒီသွားက ဇစ်ခေါင်းတစ်ခုလုံးကိုတောင်
ပြုတ်ထွက်သွားအောင်ကိုက်နိုင်တယ်။ "

"မင်း ပြောတာမှန်တယ် "
ကျန်ချန်သည် မျက်လုံးမှေးကျဥ်းပြီး သူ့ကို
စိုက်ကြည့်လာသည်။
"ဒါကြောင့် မင်း ကောင်းကောင်းမွန်မွန်ပြုမွန်
နေထိုင်သင့်တယ်။ မဟုတ်ရင် မင်းစိတ်ချနေလိုက် ,မင်းဖင်တစ်ခုလုံးဘာမှမကျန်တော့တဲ့
အထိ ငါ ဝါးပစ်မယ်။"

"နားလည်ပါပြီ။ "
သူ့စကားကို ကုဖေး လေးလေးနက်နက်နှင့် ခေါင်းညိတ်လိုက်၏။

.
Mr.Luကလိုအပ်သည့် ကိရိယာပစ္စည်းများပြင်
ဆင်ပြီးသွားသည့်အခါ၊ သွားရာစစ်ဆေးဖို့ရန်
အခန်းထဲသို့ပြန်ဝင်လာသည်။
"မဆိုးဘူး။မင်းတို့ကပန်းချီကာတွန်းနဲ့ပိုပြီး
တူချင်တာလား ?3D နဲ့ နည်းနည်းပိုတူတာ
လိုချင်တာလား ?။"

ကျန်ချန်က မေးလိုက်၏။
"အဲ့နှစ်ခုက ဘာကွာတာလဲ ?။"

"မင်း ပုံတစ်ချို့ကို ကြည့်,ကြည့်လို့ရတယ်။"
Mr.Luသည် notebookဖွင့်လိုက်ပြီး ရုပ်ပုံ
များ ပြသလာသည်။
" 3D နဲ့ ပိုတူအောင်လုပ်တာက ဒီလိုမျိုး။"

ပုံများကိုကြည့်ပြီးကျန်ချန်အံ့အားသင့်သွား၏
ပုံများကိုလှန်လောကြည့်​ေနချိန်တွင်လူအနည်း
သည်ရူးကြောင်ကြောင်နိုင်တဲ့သွားရာတက်တူး
များကိုသူတို့ကိုယ်ပေါ်တွင်ထိုးထားကြောင့်မြင်
ရသည်။ထို ရူးကြောင်ကြောင်နိုင်သည့် လူတစ်
ချို့နှင့်ယှဥ်လျှင် ကုဖေးနှင့် သူက သိပ်ကြောင်
သလိုမျိုးမထင်ရတော့တာဖြစ်သည်။

သို့ပေမယ့် , 3D ပုံသွားကိုက်ရာတက်တူးပုံများ
ကိုကြည့်လိုက်ချိန်တွင်ကျန်ချန်ကြက်သေသေသွား၏။ effectsနှင့်ခြယ်ထား​တဲ့​ အနက်ရောင် သွားကိုက်ရာtattooသည်နီတွတ်ဖောင်းကြွနေ
နေပြီးကျောချမ်းစရာကောင်း၏။

"ဒီဟာကိုတော့မလုပ်ဘူးမလား?။"
ကုဖေးကို ကျန်ချန်လှည့်ကြည့်လိုက်၏။
"effect သုံးထားကိုကြည့်လိုက်တာနဲ့အဆိပ်
အတောက်နဲ့တူတယ်။ "

"You're so toxic, you're so toxic , you're
so to-o-o-oxic......"
သူ့ဘေးမှခေါက်ကုတင်ပေါ်မှာလဲနေသည့်
ကုဖေးက သီချင်းညည်းလာသည်။
" ကာတွန်းနဲ့ ဆိုရင်ဘယ်လိုလဲ?။"

"အဲ့ဟာက ဆေးသားအရောင်မစိုဘူး။မှောင်
လည်း မှောင်တယ်။ အစစ်နဲ့ မတူဘူး။ "
Mr.Luက သူတို့ကို နောက်ပုံများထပ်ပြလာသည်။
"ပင်ကိုယ်အတိုင်းဆို မင်း ချန်ခဲ့တဲ့ သွားရာကို အရောင်မစိုတဲ့ဒီဇိုင်းဖန်တီးဖို့အတွက်သုံးတာများတယ်။ဒီပုံကပိုပြီးချစ်စရာကောင်းတယ်။"

ကျန်ချန်သည် ပုံများအရင်ယူကြည့်လိုက်၏။ 3Dversionsနှင့်ယှဥ်လျှင်cartoonပုံများသည်
ပို သဘာဝဆန်သည့်အပြင် လူ့အဖွဲ့အစည်းမှ
တစ်သီးတစ်သန့်ကွဲထွက်နေသည့်လူထူးဆန်း
များရဲ့ပြင်းပြတဲ့အယူအဆများလည်းမရှိပေ။
"ဒါဆို ဒီတစ်ခုပဲလုပ်လိုက်ရအောင်။ ငါတို့ အရောင်ကိုအမည်းရောင်မသုံးလို့ရမလား?။"

"​ဘယ်အရောင်နေနေအဆင်ပြေတယ်။မင်းက
သက်တန့်ရောင်လိုမျိုးရောင်စုံလုပ်ပေးစေချင်
တယ်ဆိုရင်တောင် ငါလုပ်ပေးနိုင်တယ်။ "
Mr.Lu ကဆက်ပြောလာသည်။
"ဒါပေမယ့်; ငါ့ကိုယ်ပိုင်အတွေ့အကြုံအရ
အကြံပေးရမယ်ဆိုရင် အရောင်အရင့် သုံး
တာ ပိုကောင်းတယ်။ "

အကယ်၍ထိုအကြံပြချက်သည် တက်တူးထိုး
သူရဲ့အကြံပြုချက်မဟုတ်လျှင်သို့မဟုတ် ထို
တက်တူးအရာသည် အလွယ်တကူပျက်သည့်
အရာဖြစ်နေလျှင်၊ကျန်ချန်ကသူ့ကိုပန်းရောင်
ဖျော့ဖျော့ သို့မဟုတ် အပြာနုရောင်ဖျော့ဖျော့အရောင်များဆွဲခိုင်းချင်တာဖြစ်သည်။
ကုဖေးက" လိမ္မာသည့် ယုန်သေးသေးလေး"
ဖြစ်နေသေး၏။

အဆုံးကျ , သူတို့ကမျက်လုံးအေးမြစေသည့် အရောင်ဖျော့ဖျော့လင်းနေသည့်အနက်ရောင်
ကိုရွေးချယ်လိုက်ကြသည်။

ကုဖေးကကျောမှီကုလားထိုင်ခင်းပေါ်တွင် လဲှ
အိပ်ပြီးနောက် Mr.Lu က လက်အိတ်ကို အရင်ဝတ်ဆင်ထားပြီး သူ့ လုပ်ထုံးလုပ်နည်းအတိုင်း
အသုံးပြုမည့်တစ်ခါသုံးပစ္စည်းများတစ်ခုချင်း
ထုတ်နေ၏။ဓာတ်အပ်စက်နှင့် ဆေးရောင်ပြွန်
များအားကြည့်ပြီး ၊တက်တူးထိုးခြင်းမှာ ညှင်း
ပန်းနှိုပ်စက်မှု နှင့်မထူးခြားကြောင်း ကျန်ချန်
စဥ်းစားမိလာသည်။

နောက်တစ်ဆင့်အနေနှင့် အရင်ပိုးသတ်ရမည်
ဖြစ်ပြီး၊၎င်းနောက်မှပုံကြမ်းစတင်ဆွဲလိမ့်မည်

Mr.Luကပုံကြမ်းဆွဲပြီးသည့်အခါကျန်ချန်ကို
ထိုပုံကြမ်း အဆင်ပြေ မပြေကြည့်ဖို့အရင်မေး
လာသည်။ထို့နောက်သူက မှန်တစ်ချက်ကိုဆွဲ
ယူလိုက်ပြီး၊ကုဖေးလည်းမြင်နိုင်ဖို့အတွက် ပုံ
ကြမ်းကို မှန်​ြဖင့်ထောင်ပြသည်။
"ဒီလောက်ဆိုကြည့်လို့ကောင်းတယ်။ ဘာ
ပြသာနာမှ မရှိတော့ရင် ငါကောက်ကြောင်း
စဖော်တော့မလို့။"

Mr.Lu၏ စကားအရဆိုလျှင် ကောက်ကြောင်း
ဖော်ခြင်းသည်  ဒီဇိုင်းရဲ့ကောက်ကြောင်းအား အရေပြားပေါ်တွင်ထွင်းတာဖြစ်သည်။ဒါပေမယ့် "ထွင်း" ဆိုတဲ့စကားလုံးကြောင့် သူ့​ ပေါင်တွင်း
သားသည်ထူးထူးဆန်းဆန်းတဆစ်ဆစ်ကိုက်
ခဲလာသလိုမျိုးခံစားလိုက်ရသည်။ ထို့ကြောင့်
သူ မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
"ခင်ဗျားရဲ့ဟာက ထုံဆေး မလိုဘူးလား ?"။

"တက်တူးအရွယ်အစားက သိပ်မကြီးတော့
အားနဲ့တောင့်ခံတာ ပိုကောင်းတယ် ။ "
Mr.Lu က ဆက်ပြောသည်။
" လိမ်းဆေးအဆီကအရောင်ပေါ်သက်ရောက်
မရှိဘူး။ ဒါပေမယ့် အဆီကြောင့် အရေပြားကို
နူးညံ့သွားစေပြီးကောက်ကြောင်းဖော်တဲ့နေရာ
မှာ ပိုအရာထင်စေတယ်။"

ကျန်ချန်သည်မျက်နှာကိုကုဖေးရဲ့မျက်နှာ
ရှေ့တွင်အပ်ရင်းကုဖေးကိုစိုက်ကြည့်လိုက်သည်။
"ဒါဆို.....အားနဲ့ပဲ တောင့်ခံကြည့်မလား ?။"

ကုဖေးက သူ့ကိုကြည့်ကာ ပြုံးပြ၏။
"အင်း။"

ကျန်ချန်သည်ကုဖေးရဲ့မျက်နှာပေါ်ရှိအပြုံးကို
မြင်လျှင်အနမ်းကြဲချင် စိတ်အားချုပ်တည်းပြီး
ထိုင်ခုံပေါ်ပြန်ထိုင်လိုက်၏။ထို့နောက်Mr.Luက ဘောပင်နှင့်တူသည့်ပစ္စည်းအားကိုင်ပြီးကုဖေး
ရဲ့ညှပ်ရိုးပေါ်တွင်ကောက်ကြောင်းဖော်နေတာကို
သူလိုက်ကြည့်နေခဲ့သည်။ဓာတ်အပ်စက်က
ကုဖေးရဲ့အရေပြားပေါ်တွင် ထိုးကာ၊ထွင်းကာ၊
တို့ကာ​ြဖင့်ပြေးလွှားနေ၏။

ကုဖေးကဘာအမူအယာမှတုံ့ပြန်လာခြင်းမရှိပေ။သူက ထိုကဲ့သို့သော နာကျင်မှုများကို အသားကျ
နေပြီဖြစ်သည်။

အချိန်တစ်ခုကုန်သွားပြီးနောက်တွင်၊ mask
တပ်ထားသည့် မျက်နှာကိုတစ်ဝက်သာဖော်
ထားပြီးခေါင်းငုံ့၍ ကုဖေးရဲ့ ညှပ်ရိုးပေါ်တွင် ကောက်ကြောင်းဖော်နေသည့် Mr.Luက ရပ်
တန့်သွား၏။ လက်ဖြင့် အနုစိတ် ကျမ်းကျွင်
စွာ ဖန်တီးရသည့်အတွက်ကြောင့် ကောက်
ကြောင်းလေးတစ်ခုတည်းကိုပင် မိနစ်လေး
ဆယ်အချိန်ယူရသည်။

"အရောင်ဖြည့်ရမယ့် အချိန်ရောက်ပြီ။ "
Mr.Luက ပစ္စည်းများလဲလှယ်ရင်း စကား
ေပြာလာ၏။
"ကောက်ကြောင်းဖော်တာက အခုလောလော
ဆယ်မနာသေးပေမယ့် ၊ငါ ဆေးအရောင်တင်
တဲ့အချိန်ကျနည်းနည်းနာလိမ့်မယ်။ဒါပေမယ့်
မျှော်လင့်ချက်ဆိုတာလည်း နာကျင်မှုနဲ့​ ဒွန့်တွဲ
နေတာပဲမလား?။နာကျင်ရလည်း ပျော်ဖို့ကိစ္စ
ဖြစ်နေတာပဲ။ "

ကျန်ချန်က ထိုင်နေရင်းနှင့် ခြေသလုံးများကို
ပွတ်သပ်ရင်း ကုဖေးကို မေးလိုက်၏။
"ကောက်ကြောင်းဖော်တာ နာလား ?။"

"အခုတော့ အဆင်ပြေနေသေးတယ်။ ငါ
ဘာမှမခံစားရဘူး။ "
ကုဖေးက သူ့ကို လှည့်ကြည့်ပြီး ပြုံးလိုက်၏။
"ညှပ်ရိုးပေါ်က အရေပြားက သိပ်မနူးညံ့တာ
ကြောင့်ဖြစ်နိုင်တယ်။ ပေါင်အတွင်းသားဆို
ရင်တော့....."

ကျန်ချန် သူ့စကားကို ဖြတ်ပြောလိုက်တယ်။
"ပါးစပ်ပိတ်စမ်း.!"

"ပေါင်အတွင်းသားက ညှပ်ရိုးနေရာလောက်
နာမှာမဟုတ်ဘူး။ပေါင်ကအသားများတယ်။
ဒါကြောင့် နှစ်ခုကိုယှဉ်ပြီး ပြောပြရရင်,
အဲ့နေရာကသိပ်နာမှာမဟုတ်ဘူး "
Mr.Lu က ကျန်ချန်ကို ကြည့်လာသည်။
" ဒါဆို မင်းက သွားကိုက်ရာ tattooကို ပေါင်အတွင်းသားပေါ်မှာထိုးမှာလား။ "

"အာ,"
ကျန်ချန်အနေခက်စွာ ခြေထောက်နှစ်ဖက်ကို
ချိတ်လိုက်၏။
"ခင်ဗျား အရောင် ဖြည့်လို့ရပြီ။ "

အရောင်ဖြည့်ခြင်းလုပ်ငန်းစဥ်သည် ပျင်းဖွယ်ကောင်း၏။ကျန်ချန်သည် Mr.Lu ကကုဖေးရဲ့
ကိုယ်ပေါ်မှာကိုင်းညွှတ်၍ သွားသန့်ရှင်းရာတွင် ဆရာဝန်များ သုံးလေ့ရှိသည့် ကိရိယာနှင့်ဆင်
တူသည့် အရာတစ်ခုကိုကိုင်ထားပြီးနည်းနည်း
စီအရောင်ဖြည့်နေတာအား ဘေးမှထိုင်ကြည့်ခဲ့
၏။အမြင်အားဖြင့် သွားသန့်ရှင်းသည့် လုပ်
ငန်းစဥ်နှင့်တူသယောင်ထင်ရပေမယ့် Mr.luက
ကုဖေးရဲ့အရေပြားပေါ်ထိုကိရိယာနှင့် အစက်ချပြီးတို့လိုက်သည့်အကြိမ်တိုင်းသွေးများစိမ့်လာသည်။

သူသည်သွေးကြောက်တတ်သည့်သူ မဟုတ်သော်လည်း ၊သူ့ကိုယ်ပေါ်တွင်ထိုကဲ့သို့တစ်ပုံ
စံတည်းဖြစ်မည့် အကြောင်းတွေးမိချိန်တွင်
ကျန်ချန်တွန့်လိမ်သွားသည်။

သူသည်အိပ်ကပ်ထဲမှဖုန်းကိုထုတ်ပြီးကုဖေးရဲ့ ဓာတ်ပုံများကိုရိုက်ခဲ့သည်။ထို့နောက် ပုံပြင်တဲ့
appထဲသို့ဝင်ပြီးကုဖေးရဲ့ပုံများကိုပြင်ခဲ့၏။ထို
အချိန် ကုဖေးက သူ့ကိုစကားလှမ်းပြော၏။
"မင်း ပျင်းနေရင် ဘာလို့ ငါ့အတွက် Craz3 levelတက်အောင်မဆော့ပေးလဲ။ငါ နောက်
ဆုံးတစ်ခေါက်ကစားခဲ့တုန်းက level တက်
ဖို့ကို မနည်းရုန်းကန်နေခဲ့ရတာ။ "

"ကောင်းပြီ ~~ "
ကုဖေးရဲ့ဘောင်းဘီအိပ်ကပ်ထဲသို့ကျန်ချန်
လက်နှိုက်လိုက်ပြီး ဖုန်းကိုမယူခင် ကုဖေးရဲ့
ပေါင်ကိုဖျစ်ညှစ်လိုက်သည်။

ကုဖေးက လျှာကိုလိပ်ရင်းညည်းတွားလာ၏။

Mr.Lu က ချက်ချင်းမေးလာသည်။
"နာလို့လား?။ "

ကုဖေးက ပြန်ဖြေလိုက်၏။
"မနာဘူး,  နာဖို့ကိုတောင် ထုံနေပြီ ။ ဘာမှကို
မခံစားရတာ။"

"ပြီးတော့မှာပါ။"
Mr.Lu က သွေးစက်များသုတ်လိုက်သည်။
"မင်းမှာကြည့်ကောင်းတဲ့ညှပ်ရိုးရှိတယ်။
အရောင်ဖြည့်ပြီးရင်ပိုကြည့်ကောင်းသွားမှာ။ "

ကျန်ချန်သည်ခန္ဓာကိုယ်ကိုအရှေ့သို့ညွှတ်ပြီး
တက်တူးကိုကြည့်လိုက်၏။ သွားရာတစ်ဝက်
အရာပေါ်နေပြီဖြစ်သည်။အရေပြားက နီရဲပြီး
ရောင်ယမ်းနေသော်လည်း 3D တက်တူးထက်
ပိုကြည့်ကောင်းကြောင်းရှင်းရှင်းလင်းလင်း
မြင်ရသည်။ထို့အပြင် ကုဖေးရဲ့ထင်းနေသည့်
ညှပ်ရိုးနှင့်တွဲဖက်လိုက်သည့်အခါ ပိုဆွဲဆောင်
ရှိသွားပြီး ဆက်ဆီကျနေသည့်အတွက်......
ကုဖေးရဲ့ပခုံးသားနှင့် ညှပ်ရိုးပေါ်မှာ အရှေ့
အနောက် ပွတ်သပ်နေသည့် Mr.Luရဲ့ လက်
ကြီးကို သူ ခွင့်လွှတ်ပေးလိုက်နိုင်သည်။

သူသည်ကုဖေးရဲ့လက်မကိုဆွဲယူပြီး ဖုန်းမျက်
နှာပြင်ကို lockဖွင့်လိုက်သည်။ ထို့နောက် level အောင်နိုင်ဖို့လုပ်ငန်းစဥ်ကိုစတင်လိုက်၏။

သူသည် Craz3 ဂိမ်းမျက်နှာပြင်အားဖွင့်ကြည့်
လိုက်လျှင်ကုဖေးမှာအသည်းနှလုံးအမှတ်300
အောက်ထက်မနည်းရှိ​ေနကြောင်း ကျန်ချန်မြင်
လိုက်ရတယ်။
"ငါရိုး,အသက်ကယ်မှတ်က ဒီလောက်များတာလား ?။"

"အင်း။"
ကုဖေးက ပြုံးပြ၏။
"ဂိမ်းမဆော့ဖြစ်တာကြာလို့ စုဆောင်းမိထားတာ။"

"ငါ လဝက်လောက် မဆော့ဘဲနေတာတောင်,
ဒီလောက်အများကြီးမစုမိဘူး။ "
ကျန်ချန်သည် သူရဲ့သူငယ်ချင်းစာရင်းထဲသို့
ဝင်ကြည့်လိုက်၏။သို့သော် ေနာက်ဆုံးကိုတော်
တော်နှင့် မရောက်ပေ။
"အာ,မင်းရဲ့သူငယ်ချင်းအရေအတွက်က
များသားပဲ။ "

"သူတို့က အတန်းဖော်တွေချည်းပဲ။အသက်
ကယ်မှတ်ပိုရအောင်လို့။ဂိမ်းထဲမှာလူအများ
ကြီးရှိလည်း ၊ငါတစ်ချိန်လုံးဆော့နေမယ်ဆိုရင် အသက်ကယ်မှတ်တွေစုမိဖို့ဆိုတာမဖြစ်နိုင်ဘူး "

ကုဖေးရဲ့အမူအကျင့်အားလုံးကို ကျန်ချန်သိပ်
ပြီးနားမလည်ပေမြင့်မား​ေသာချောက်ကမ်းပါး
ထိပ်မှာပွင့်နေသည့် ပန်းပွင့်​လေးကဲ့သို့သောသူ
သည်ဂိမ်းလေးတစ်ခုအတွက် သူမှတ်တောင်
မမှတ်မိသည့်လူအများအပြားကိုဂိမ်းထဲမှာ add ထားသည်။ရွှယ်ကျားသည် ကလေးgameတစ်
ခုအတွက်နှင့်ဆယ်စုနှစ်တစ်ခုကျော်ထိန်းသိမ်း
လာခဲ့သည့်သူစိမ်းများနှင့်ခပ်တန်းတန်းနေတတ်
သည့်စရိုက်ကို အလွယ်စွန့်ပစ်လိုက်နိုင်သည်တဲ့ .......

ကုဖေးတစ်နေသည့်level ကို လီယန်က ကျော်
သွားပြီဖြစ်သည်။အဆင့်ဇယားကိုကျန်ချန်ဝင်
ကြည့်လိုက်၏။လီယန်က အဆုံးသတ်ဖို့Level
တစ်ဆင့်တည်းကျန်တော့သည်။

မင်းက အထူးသဖြင့် အနိမ့်ဆုံး levelဟုတရား
ဝင်လက်ခံထားသည့်levelတွင်တစ်နေချိန်တွင်
မင်းရဲ့ ပြိုင်ဘက်ကထိပ်ဆုံးတွင် ရောက်နေပြီး
မင်းဆီကိုထိကပါးရိကပါးစာတစ်စောင်ပို့ထား
သည်။ယင်းကအမှန်တကယ်ပင်အလွန့်အလွန်
စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်။

ကျန်ချန်သည် ခေါင်းငုံ့ပြီးဂိမ်းထဲမှာဖြစ်နေတဲ့
ပြသာနာများပြေလည်သွားတဲ့ထိ တစ်စတစ်စ
နှင့် စတင်ဖြေရှင်းခဲ့သည်။အကယ်၍ တက်တူး
ထိုးသည့်လုပ်ငန်းစဥ်သာပိုအချိန်ကြာခဲ့လျှင်၊
နောက်Level တချို့ရောက်​ေနပြီဖြစ်သည်။

ထိပ်တန်းကျောင်းသားများသည် အာရုံစိုက်မှု
စုစည်းသည့်နေရာတွင်အတော်ကောင်းမွန်၏။ ကလေးGameဖြစ်နေလျှင်တောင် သူ့အာရုံကို
ထိုဂိမ်းထဲတွင်မြှုပ်နှံထားလိမ့်မည်။ ရွှယ်ကျား
ကုဖေးဆီတွင် သူ့ဦးနှောက်အရည်အသွေးနှင့်
အချိန်စီမံခန့်ခွဲမှုကို ယှဥ်နိုင်ဖို့မဖြစ်နိုင်ပေ။

ကုဖေးတစ်နေသည့် Level ကိုအောင်နိုင်ဖို့ရန်
ကျန်ချန် အသည်းပုံခြောက်ခု သုံးလိုက်သည်။
သူသည်နောက် Level နှစ်ခုအောင်နိုင်သွားပြီး
လီယန်ထက်Levelနှစ်ဆင့်သာနိမ့်တော့သည်။
သူရဲ့တောင့်တင်းနေသည့်လည်တိုင်ကို အညောင်းအညာဖြေလိုက်ပြီးဂိမ်းဆက်ကစားဖို့
လုပ်နေစဥ်မှာMr.Luရဲ့သွားဘက်ဆိုင်ရာ
ပစ္စည်းက ရပ်တန့်သွားသည်။

"ပြီးပြီ။"
Mr.Lu က ပြောလာသည်။
"ဘယ်လိုနေလဲကြည့်လိုက်ဦး ။လောလော
ဆယ်တော့ရောင်နေသေးပေမယ့် အရောင်
လျော့သွားရင် တက်တူးကပိုထင်းလာမှာ။"

"ငါလည်း ကြည့်မယ်။ "
ကျန်ချန်ကရုတ်ခြည်းထိုင်ခုံပေါ်မှ ခုန်ဆင်းပြီး
ကျောမှီကုလားထိုင်ခင်း ဘေးနားသို့ နီးနီးကပ်
ကပ်တိုးကြည့်လိုက်၏။

ထိုအမှတ်အသားသည်သူ့ရဲ့သွားရာ ,သူကိုယ်
တိုင်ကုဖေးရဲ့ကိုယ်ပေါ်မှာချန်ထားခဲ့သည့် အမှတ်အသားတစ်ခုဖြစ်ပြီး၊အကြာကြီးစောင့်
ဆိုင်းနေခဲ့သည့်အဆုံးတွင် သူ့အတွက် စောင့်ဆိုင်းရကျိုးနပ်ခဲ့သည်။

ကုဖေးရဲ့ညှပ်ရိုးနှင့်ပခုံးသားတွင် အနည်းငယ်
နီတွတ်ရောင်ရမ်းနေသော်လည်း၊သူ့ညှပ်ရိုးပေါ်
တွင်ထွင်းထားသည့်အနက်ရောင်သွားကိုက်ရာ
တက်တူးသည် ဘယ်လောက်ကြည့်ကောင်းနေ
လဲဆိုတာ သူမြင်နေရသည်။
ဟုတ်သည်...ထိုအရာကသူ့ရဲ့ကောင်းမွန်ထက်
မြသောညီညာစီတန်းနေသည့်သွားများနှင့်လုပ်
ထားသည့် သွားကိုက်ရာဖြစ်၏။

သွားကိုက်ရာတက်တူးသည်သူမျှော်လင့်ထား
တာထက်ပင်အလွန့်အလွန်ကြည့်ကောင်းနေခဲ့
သည်။ ကျန်ချန် မှန်တစ်ချပ်ကို ဆွဲယူလိုက်ပြီး
မှန်ထဲမှာပေါ်နေသည့်သွားကိုက်ရာတက်တူးကို
ကုဖေး မြင်သာအောင်ပြလိုက်၏။
" အရမ်းကြည့်ကောင်းတယ်လို့ထင်တယ်။
မင်းရော ဘယ်လိုထင်လဲ? ။"

ကုဖေးက မှန်ကိုကြည့်ပြီး ရယ်မောလာသည်။
"အင်း, မင်းရဲ့သွားတွေက အရမ်းကြည့်ကောင်းတယ် ။"

"ချီးပဲ,ငါကသွားတင်ကြည့်ကောင်းတာမဟုတ်
ဘူး။အဘက်ဘက်က ပြည့်စုံပြီး ကြည့်ကောင်း
တဲ့သူ။"

Mr.Lu ကနာရီဝက်နားချိန်လိုချင်သည့်အတွက်ကြောင့် ကျန်ချန်နှင့်ကုဖေးသည်အနီးတစ်ဝိုက်လျှောက်ပတ်ကြည့်ရန်အဆောက်အဦးအောက်
ထပ်ပြန်ဆင်းလာခဲ့သည်။ ထို့နောက် သူတို့သည်cafeဆိုင်တစ်ဆိုင်ရှာတွေ့သွား၍ စား
စရာတစ်ခုခုကို အော်ဒါမှာပြီး စားပွဲဝိုင်းမှာ ဝင်
ထိုင်လိုက်သည်။

ကျန်ချန်သည် ကုဖေးရဲ့ပခုံးကို တသွေမသိမ်း
စိုက်ကြည့်လိုက်၏။
"မင်းရဲ့ ကော်လံကို ဖွင့်လိုက်,ငါ တစ်ချက်
ကြည့်အုံးမယ် ။ "

"မင်း အခုတင် ကြည့်လာခဲ့ပြီးပြီမလား?။"
ကုဖေးကအင်္ကျီကော်လံကို ဆွဲချလိုက်သည်။
"အရောင်ကျသွားပြီး ရက်နည်းနည်းလောက်ကြာမှတက်တူးရဲ့တကယ့်ပုံကိုမြင်ရမယ်ထင်တယ်။ "

"တက်တူး ထိုးတာ နာလား ?။"

"စပ်ဖျင်းဖျင်း ဖြစ်တယ်။"
ကုဖေးရဲ့မျက်ခုံးက တွန့်ကွေးသွားသည်။
"ငါကနာတာအောင့်ခံပြီးအသံမထွက​်ခဲ့ပေမယ့်
နည်းနည်းတော့ နာတယ်။ နာကျင်မှုကို ထုံသွား
တဲ့အချိန်ကျရင် နာကျင်မှု ရပ်တန့်သွားမယ်လို့
ထင်ခဲ့တာ , ဒါပေမယ့်တဆစ်ဆစ်နာတာနဲ့ အဆုံးသတ်သွားတယ် ။ "

"အိုး....ငိုးတဲ့မှ! "
ကုဖေးရဲ့စကားကြောင့် ကျန်ချန်အနည်းငယ်
စိုးရိမ်လာသည်။ ကုဖေးလိုမျိုး နာကျင်မှုဒဏ်
ခံနိုင်ရည်မြင့်သည့်သူတစ်ယောက်ပင်နာလျှင်
သူဆိုရင်?။ရုတ်ရုတ်သဲသဲ အဖြစ်အပျက်တွေ ဖြစ်လာနိုင်မလား ဘယ်သူကြိုသိမှာလဲ။
" ဒါပေမယ့်, ပေါင်က အသားများလို့အရမ်း
မနာလောက်ဘူးလို့ပြောတယ်မလား?။ "

"အင်း။"
ကုဖေးက သူ့ကိုကြည့်လာသည်။
"တကယ်လို့ မင်းနာမှာကြောက်ရင် ,သူ့ဆိုင်
ထဲမှာတက်တူးstickers တွေလည်းရောင်း
တာကို ငါတွေ့ခဲ့တယ်။ သူတို့လည်း ကြည့်
လို့ကောင်းပါတယ်။မင်း အပျော်သဘောနဲ့
တစ်ခုနှစ်ခုဝယ်ရင်း ဖောက်သည်တောင်
ဖြစ်လာနိုင်...."

ကျန်ချန် သူ့စကားကို ဖြတ်ပြောလိုက်၏။
"ဘာသောက်ရေးမပါတာ ပြောနေတာလဲ?။"

......

ကျန်ချန်နှင့်အတူထိုင်နေစဥ် ,ဘယ်သူက ဘယ်
သူဆီကမိုက်မဲတာကူးစက်သွားတာဆိုသည့်
အဆိုပါကိစ္စနှင့် စပ်လျဉ်းပြီး သူအလေးအနက်
ထား ဆွေးနွေးချင်လာသည်။ သူ အရင်ကသိခဲ့
သည့် ကျန်ချန်က ယခုကဲ့သို့ မှားယွင်းနေသည့် အကြောင်းအရာမျိုးကို ဘယ်တုန်းကမှ မပြော
ခဲ့​ေပ။ အထူးသဖြင့် သူစဥ်းစဥ်းစားစားချင့်ချိန်
သည့် ကိစ္စရပ်ဆိုလျှင် ပိုလေးနက်သေးသည်။

"မင်းပဲ နာမှာကြောက်နေတာမလား ?။"
သူ့တွင်ရွေးချယ်စရာမရှိသော်လည်းထိုကိစ္စ
ကိုအကြောင်းပြချက် ကောင်းအနေနှင့်တော့
ပေးလို့ရသည်။

"ဒါပေမယ့်,အသားများတဲ့နေရာဆိုရင် မနာ
ဘူးလို့ အဲ့လူကိုယ်တိုင် ပြောထားတာ။ "
ကျန်ချန်က သူ့ကိုကြည့်လာသည်။
"ပြီးတော့ ,ငါက နာမှာကြောက်တာနဲ့ နာကျင်
မှုဒဏ်ကိုခံနိုင်ရည်ရှိတာက မတူညီတဲ့အခြေ
အနေနှစ်ရပ်ပဲ။နားလည်လား?။တက်တူး ထိုး
တာ နာလားမနာလားဆိုတာကို ငါကိုယ်တိုင်
မကြိုးစားကြည့်ပဲ မသိနိုင်ဘူး။ "

"မင်းကိုယ်တိုင်ကြိုးစားကြည့်လို့ တက်တူးထိုး
တာကအသေနာတယ်ဆိုတာသိသွားရင် , မင်း
က သွားကိုက်ရာတစ်ဝက်တစ်ပျက်နဲ့ရပ်လိုက်
မှာလား?။"
ကျန်ချန်ကို ကြည့်ပြီး ပြုံးကာနှင့် ကုဖေး
ဆက်ပြောလိုက်၏။
" ဒါမှမဟုတ် မင်းတက်တူးထိုးမဲ့နေရာကို မင်းရဲ့
ဖင်နေရာပြောင်းမလား ?။အဲ့နေရာကအသားပို
များတယ်။ "

"မဖြစ်နိုင်ဘူး။ "
ကျန်ချန်က ကျစ်သပ်လာသည်။
"တက်တူးက ပေါင်အတွင်းသားပေါ်မှာပဲ
ဖြစ်ကိုဖြစ်ရမယ်။"

"ဘာလို့လဲ ?။"
ကုဖေး ထိုအကြောင်းကို ခဏတွေးလိုက်၏။
"လိင်ကိစ္စကို အရမ်းဇောင်းပေးလွန်းနေတာ,
မင်းရဲ့ရွှယ်ပါ့ဆိုတဲ့ဂုဏ်ပုဒ်နဲ့မလိုက်ဖက်ဘူး။"

"အဲ့ဒါက လိင်ကိစ္စကို အရမ်းဇောင်းပေးလွန်း
သလို ဖြစ်သွားလား ?။"
ကျန်ချန်ကမျက်လုံးမှေးကျဥ်းပြီးထိုအကြောင်း
ကိုတွေးတောနေ၏။
"ကောင်းပြီ....ရွှယ်ပါ့ရဲ့ ဂုဏ်ပုဒ်အရ မရိုင်းရ
ဘူးဆိုတော့လည်း မရိုင်းတော့ဘူး။ "

ကုဖေးသည်သူ့စကားကိုရယ်လိုက်၏။ကျန်ချန်အတွက်ကောင်းမွန်သည့်ကိစ္စတစ်ခုအားပြောရ
လျှင်သူ့အာရုံစူးစိုက်ရာကိုအလွယ်တ
ကူလမ်းကြောင်းပြောင်းခြင်းဖြစ်သည်။
အချိန်အများစုတွင် ထိူသူသည် သတ္တိဝီရိယရှိပြီးစိတ်ဆတ်လွယ်သူဖြစ်သော်လည်း၊ထိုသူရဲ့ နှလုံးသားသည် များစွာသောအကြောင်းအရာ
တစ်ပုံတစ်ပင်ကို သိမ်းထားသည်အထိကြီးမား
လှသည်။

ကျန်ချန်က ကိတ်မုန့်တစ်ပိုင်းကိုယူလိုက်ပြီးနည်းနည်းချင်းစီ ဝါးစားနေ၏။
"ငါ သွားကိုက်ရာကို အဲ့နေရာမှာ ဆွဲချင်ရတဲ့ အကြောင်းအရင်းကို မင်းကို ပြောပြမယ်။ "

"ကောင်းပြီ,ဘာလို့လဲ?။"

"ငါတက်တူးကို အဲ့နေရာမှာဆွဲထားရင်,ငါ့ဘာ
သာအကူအညီလိုတဲ့အချိန်မျိုးဆို ငါ အဲ့ဒါကို
မြင်ယောင်ပြီး မှန်းလို့ရတယ်။ ဟေး,ဒါက ငါ့
ကောင်လေးရဲ့ သွားကိုက်ရာပဲဆိုပြီး ။ "
ကျန်ချန် ပြုံးလိုက်သည့်အခါ သူ့မျက်လုံးများ
က တွန့်ကွေးသွားသည်။
" အဲ့တက်တူးအရာကိုမြင်တဲ့အချိန်တိုင်း မင်း
ငါ့ကို မှုတ်ပေးနေတယ်ဆိုပြီး စိတ်ကူးယဉ်လို့
ရတယ်။ "

"ငိုးတဲ့မှပဲ!။"
ကုဖေး ပြောစရာစကားပျောက်ဆုံးသွားပြီး
သူ့ကို အတန်ကြာသည်အထိစိုက်ကြည့်မိ၏။

ကျန်ချန်က ပြုံးရွှင်နေသည့်မျက်ဝန်းများနှင့်
သူ့ကို ပြန်ကြည့်လာသည်။
"ဆိုတော့ ဘာဖြစ်လို့လဲ? ။"

"မဟုတ်ဘူး, ငါ ပြောချင်တာက.."
ကုဖေး ရယ်လိုက်တယ်။
"မင်းတကယ်ပဲ ငါ့ကို မှုတ်စေချင်တယ်ဆိုရင်
ငါ့ကိုဖုန်းတစ်ချက်ပဲဆက်လိုက်။ ငါလာခဲ့မှာ ,
ဒါမှမဟုတ် မင်း ငါ့ဆီကို လာခဲ့လို့ရတယ်။ "

"သွားစမ်း။ "
ကျန်ချန်က သူ့ကို မကျေမနပ်ကြည့်လာသည်။
"မင်း ဘာလို့အခုချက်ချင်း ထပြီးထွက်မပြေးသေးတာလဲ , မြန်မြန်လစ်တော့။ "

"ငါ အတည်ပြောနေတာ။ "

"မင်း ရန်ဖြစ်ချင်နေတာလား ?။"
ကျန်ချန်က စကားပြောနေရင်းနှင့်ကိတ်မုန့်ကို
ကြမ်းကြမ်းတမ်းတမ်းကိုက်ချလိုက်သည်။
..........

မဖွယ်မရာစကားဝိုင်းပြောပြီးသည့်နောက်တွင်
သူတို့နှစ်ယောက်သားMr.Luရဲ့စတူဒီယိုဆီပြန်
လာခဲ့သည်။Mr.Luစတူဒီယိုဆီပြန်လာနေသည့် လမ်းတွင်သူက ကုဖေးကိုပိုက်ဆံပေး ခေါ်ထား
သလိုမျိုး ကျန်ချန် ခံစားနေရသည်။ ထို့နောက်
သူက ကုဖေးကိုတစ်စုံတစ်ရာ လုပ်တမ်းကစားဖို့မှောင်မည်းနေသည့်အခန်းငယ်လေးထဲသို့ ဆွဲခေါ်သွားသည့်အတွက်ကြောင့် ကုဖေးက ရဲအရာရှိများကို ခေါ်လိုက်နိုင်ကြောင်း တွေးမိသည်။

"သွားပြီး အသင့်ပြင်ထားလိုက်တော့။"
Mr.Lu က တူညီသည့် ညွှန်ကြားချက်ကိုသာ ထပ်ပြောလာသည်။
"ငါ ပစ္စည်းသွားပြင်လိုက်အုံးမယ်။အကုန်လုံးကို အသစ်ပြန်လဲဖို့လိုသေးတယ်။"

"ကောင်းပြီ။"
ကုဖေးက အခန်းထဲသို့ လျှောက်သွားသည်။

ကျန်ချန်သည်သူ့နောက်ကလိုက်ပြီး အခန်းထဲ
သို့ ဝင်လာသည့်အချိန်တွင် ကုဖေးက ကျောမှီကုလားထိုင်ခင်ဘေးမှာမတ်တပ်ရပ်နေပြီး လက်
နှစ်ဖက်ကိုပွတ်သပ်ကာသူ့ကို ပြုံးပြလာသည်။

"မင်း ငါ့ကို လက်စားချေရဲ ချေကြည့်။ "
ကျန်ချန် သူ့ကိုလက်ညိုးထိုးလိုက်၏။
"ငါ မင်းကို ထိုးပစ်မယ်။ "

"မြန်မြန် , ချွတ်​။ "
ကုဖေးက လက်နှစ်ဖက်ကို ဆက်ပြီး ပွတ်သတ်နေသည်။

ကျန်ချန်သည်ရုတ်တရက်သူ့စကားကိုနား
မလည်ပေ။
"ဘာကို ....ချွတ်ရမှာလဲ?။"

"မင်းရဲ့ဘောင်းဘီ , မင်း ငါ့ကို မှုတ်ပေးစေ
ချင်နေမယ်လို့ ထင်တာ။"

"ငိုးတဲ့မှ! "
ကျန်ချန် အခန်းအပြင်ဘက်သို့ အရင်လှမ်း
ကြည့်လိုက်၏။
"မင်းထိန်းထိန်းသိမ်းသိမ်းနေလို့ရမလား ။မင်းရဲ့မျက်နှာအရေထူချက်ကသုံးထပ်တိုက်ရဲ့ အောက်ထပ်ပါကင်ကိုဖို့ဘို့လုံလောက်တယ်။ "

ရိုးရိုးသားသားဆိုရလျှင်, သူ ထိုနေရာမှာတက်
တူးထိုးမည့်အချက်နှင့်ပတ်သတ်လို့ ထိပ်တိုက်ရင်ဆိုင်ဖူးတာဖြစ်သည်။ ကုဖေးက သူ့ရဲ့ပေါင်
တွင်းသားနေရာကိုကိုက်တာပြသာနာမဟုတ်သော်လည်း၊ထိုတစ်ဝိုက်တွင်အချိန်အတန်​ကြာ
အောင်Mr Luတဝဲဝဲလည်လည်လုပ်နေမည့်ကိစ္စ
က သူ့အတွက် ပြသာနာကြီးဖြစ်သည်။

ကုဖေးကရယ်မောရင်း မေးလာသည်။
"မင်း နေရာပြောင်းချင်သေးလား?။"

ကျန်ချန် သူ့ကိုပြန်ဖြေမနေတော့ပဲအုတ်နံရံကို
မှီပြီးအတန်ကြာအောင်လေးလေးနက်နက် တွေးတောပြီးနောက်တွင် ၊အံတင်းတင်းကြိတ်
ပြီး သူ့ဘောင်းဘီကို ဆွဲချွတ်လိုက်၏။
"မပြောင်းဘူး။"

"အာ!."
ကုဖေးက သူ့ရဲ့ ရုတ်တရက်ဆန်တဲ့အပြုအမူ
ကြောင့်ကြက်သေသေသွားပြီး၊အလိုအလျောက်
ပင် သူရှေ့သို့လျှောက်လာပြီး သူ့ကို ဘယ်သူမှ
မမြင်အောင်ကာထားပေးလာသည်။
"မင်း ဘာလုပ်နေတာလဲ?။"

"လာ , ငါ့ကိုကိုက်လိုက်။ "
ကျန်ချန်က ဘောင်းဘီကို ဘေးဖက်သို့ လွှင့်ပစ်
လိုက်ပြီး၊ကျော်မှီကုလားထိုင်ခင်းပေါ်မှာထိုင်ကာ
ရှုးဖိနပ်ချွတ်ထားသည့်ဘယ်ခြေထောက်ကို
တန်းပေါ်မှာ တင်လိုက်သည်။
"လုပ်စမ်းပါ, ယောက်ျားပဲ!။ "

ကုဖေးက အပြင်သို့တစ်ချက်လှမ်းကြည့်
လိုက်ပြီး ၊ သူ့လည်ချောင်းသူ ရှင်းလာ၏။

"မြန်မြန်လုပ်လေ။ "
Mr.Lu က သူတို့ကိုက်ရာပေးနေတုန်းတစ်ဝက်
တစ်ပျက်တွင်ဝင်လာပြီး ၊သူ့လက်ရှိအနေအ
ထားကို မြင်သွားမည့်အကြောင်းကို ကျန်ချန်
စိုးရိမ်မိသည်။
"မင်း ဘာအတွက် လည်ချောင်းရှင်းနေတာလဲ , သီချင်းတင်ဆက်ဖို့ လိုသေးလို့လား ?။"

"လာပြီ။"
ကုဖေးက သူ့ကိုကြည့်ကာခြေလှမ်းကျဲကျဲနှင့်
လှမ်းလာပြီး ကျန်ချန်ကို အနောက်သို့ တွန်းချ
လာသည်။ ထို့နောက် သူက လက်တစ်ဖက်နှင့်
ကျန်ချန်၏ ဒူးခေါင်း ကို ဖိထားပြီး ခန္ဓာကိုယ်
ကို ကိုင်းညွှတ်ကာ ကျန်ချန်ရဲ့ ပေါင်တွင်းသား
ကို ကိုက်ခဲလာ၏။

ကုဖေးရဲ့အရှိန်ကြောင့်ကျန်ချန်အထိတ်တလန့်
ဖြစ်သွားသည်။ကုဖေးရဲ့ဦးခေါင်းသည် ယခုလို
မျိုး သူ့ခြေထောက် နှစ်ချောင်းကြားမှာ နစ်မြှုပ်
နေသည့်မြင်ကွင်းကိုထပ်ပေါင်းလိုက်လျှင်  သူ့
တစ်ကိုယ်လုံးမှာ ငုပ်လျှိုးပျောက်ကွယ်နေခဲ့သည့်ညစ်ညမ်း ဗီဒီယိုများရုတ်ခြည်းနိုးကြားလာမှုကို
ခံစားလိုက်ရသည်။
သူ့စိတ်အာရုံတစ်ခုလုံးသည် 18+နှင့်ဆက်နွယ်
နေသည့် ထောင်ပေါင်းများစွာသော ညစ်ညမ်း
ပုံရိပ်တွေနှင့်သာ ပြည့်လျှက်ရှိသည်။

အချိန်ငါးစက္ကန့်လောက်သတိလက်လွတ်တွေ
ဝေငေးမောနေပြီးသည့်နောက်တွင် ၊တစ်လိပ်လိပ်တက်လာသည့် နာကျင်မှုကြောင့် ပျံ့ကျဲ
နေသည့်အတွေးများကို ကျန်ချန်စုစည်းလိုက်နိုင်သည်။

"အိုး...Fuck...အို့ ..အို့...အိုး...အိုး..."
ကျန်ချန် ကုဖေးရဲ့ ခေါင်းကို အလောတကော
နှင့် တွန်းထုတ်ပစ်လိုက်၏။

ကုဖေးရဲ့သွားတွေက သူ့ပေါင်တွင်းသားကို
မြဲမြံစွာကိုက်ခဲထားပြီးလွှတ်ပေးမည့် ရည်
ရွယ်ချက်မရှိချေ။

"ငါရိုးပဲကုဖေး , အရသာခံလို့ကောင်းနေတာ
လား ?။"
ကုဖေးရဲ့ခေါင်းကို ကျန်ချန် နောက်ထပ်တစ်ကြိမ် ထပ်ရိုက်ပစ်လိုက်၏။ ထို့နောက် ချုပ်
တည်းထားရသည့်အသံနှင့်
"ဒါနဲ့အတူတူ တစ်ခြားချွဲကျိကျိ အရည်တွေ
လည်း မင်း ကြိုက်တယ်မလား ဟမ် , ဆရာကြီး..."

ကုဖေးကကိုက်ခဲထားသည်ကို လွှတ်ပေးလာ
ရမည့်အစား လက်တစ်ဖက်မြှောက်ပြီး ကျန်
ချန်ရဲ့ခါးကို ဆုပ်ကိုင်လာ၏။နောက်ထပ်
စက္ကန့်ပေါင်းများစွာကုန်လွန်သွားမှ ကုဖေးက
ခေါင်းပြန်မော့လာခဲ့သည်။

"အာ့ ..Fuck!"
ကျောမှီကုလားထိုင်ခင်းပေါ်မှာ ကျန်ချန် လဲ
ချလိုက်ပြီးမှ စိတ်သက်သာစွာ သက်ပြင်းချ
လိုက်သည်။။
"ကုဖေး , မင်းလုပ်ရဲတယ်ပေါ့ဟမ် !ဒီနေ့အဖြစ်
အပျက်ကို ငါ လုံးဝလျှော်ပေးမှာမဟုတ်ဘူး။
မင်း ငါ့ကို ကောင်းအောင် လုပ်ပေးရင်တောင်
အသုံးမဝင်ဘူး ,ငါက..."

" မင်းသိလား , တစ်ချို့လူတွေက။ "
ကုဖေးက သူ့ပေါ်သို့ ခန္ဓာကိုယ်ကိုင်းညွှတ်လာ
ပြီး ၊ သူ့နားရွက်ဖျားနားမှာ ညင်သာစွာ ရေရွတ်
လာသည်။
" မင်း သူတို့ကိုလိုချင်သည်ဖြစ်စေ၊ မလိုချင်
သည်ဖြစ်စေနည်းအမျိုးမျိုးနဲ့ မင်းရဲ့မှတ်
ဉာဏ်တွေထဲမှာ ရှင်သန်နေလိမ့်မယ်။ ဥပမာ,
ငါ့လိုမျိုး။"

သူ့စကားကြောင့် ကျန်ချန် ရယ်လိုက်၏။
" ကဗျာတွေလာရေးနေတာလား?။"

"ငါက မင်းကို စိတ်ပေါ့ပါးစေချင်တာ။"
ကုဖေးကအနောက်သို့လှည့်သွားပြီး အပြင်သို့
တစ်ချက်ချောင်းကြည့်လိုက်ပြီးမှ ကျန်ချန်ရဲ့ နှုတ်ခမ်းပေါ်သို့အနမ်းတစ်ပွင့်ချွေလာသည်။

............

TN;
Song : You're so toxic by Zhang Xueyou

Continue Reading

You'll Also Like

782K 111K 157
​Original Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and...
336K 27.9K 21
Original Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation - ©® keztranslations ကျိုးယွင်​ရှန့်​ဆိ...
252K 15.3K 17
(Zawgyi+Unicode Ver) Another beautiful powerful Prince is attracted to Lu Cang The one who owns characters-Xin Bao Er Original author-Luxiufer (Luxiu...
399K 4.1K 20
Daddy type မို့ roလဲ ro ကြမ်းလဲကြမ်းပါမယ်နော် 🌚🔞 warning 18+မို့ 18အထက်‌တွေ ဖတ်ပေးနော်.. ...Author/Writer by ivy🐻‍❄️...